အင်မတန် ကြီးမားသော အဖိုးအခတစ်ခု ကိုယ်တော်ပေးပြီ
၁
နောက်ဆုံးသော ကာလတွင် ကိုယ်တော် လူ့ဇာတိဖြစ်လာပြီ၊ နှိမ့်ချကာ လူသားကြား ကွယ်ဝှက်ပေ။
သူ၏ အရာအားလုံးကို ညည်းညူခြင်းမရှိဘဲ ပေးရင်း၊ လူကို ကယ်တင်ရန် သမ္မာတရားကို ကိုယ်တော် ဖော်ပြပေ။
သူ၏ စိတ်နှလုံး ကြင်နာသော်လည်း၊ အေးစက်သော အကြည့်များဖြင့် သူ ရင်ဆိုင်ရပေ။
အင်မတန် ကြီးမားသော အဖိုးအခတစ်ခု ဘုရားသခင် ပေးသော်လည်း၊ သူ့ကို အပြုံးဖြင့် အဘယ်သူ ကြုံဆိုပြီနည်း။
လူကို ကယ်တင်ဖို့ အစွမ်းကုန် သူအားထုတ်လေပြီ။
ကိုယ်တော်၏ စိတ်နှလုံးကို လူတို့ အဘယ်ကြောင့် နားမလည်ကြသနည်း။
၂
ကျွန်ုပ်ကို နှုတ်ကပတ်တော်များဖြင့် ဘုရားသခင် ခေါ်ကာ သူ၏ ပလ္လင်တော်ရှေ့မှောက် ကျွန်ုပ်ကို ချီမလေသည်။
ကျွန်ုပ် အသိမဲ့ကာ ချို့တဲ့ပြီး၊ ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းပေးသည်။ ကျွန်ုပ် ဝမ်းနည်းကာ အားနည်းပြီး၊ ဘုရားသခင်က ကျွန်ုပ်ကို နှစ်သိမ့်ပေ။
ကျွန်ုပ် စိတ်ကြီးဝင်သည့်အခါ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူကာ၊ ပုန်ကန်တတ်သည့်အခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပေ။
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်မခံရခင်ထိ ဘုရားသခင် ကျွန်ုပ်ကို ဘယ်သောအခါမျှ စွန့်ခွာမည်မဟုတ်ပေ။
ချစ်ခြင်း မည်မျှ ဘုရားသခင် ပေးပြီးသည်ကို မြင်ရင်းဖြင့်၊
ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ကျွန်ုပ် ပေးမည်။
၃
အခက်အခဲ၊ ချိုမြိန်မှုနှင့် နာကျင်မှုတို့ကို ဝေမျှရင်း ဘုရားသခင် ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်ပေ။
ကောင်းကင်နိုင်ငံတော်သို့သွားရာ လမ်းကြောင်းပေါ် ကိုယ်တော် ကျွန်ုပ်ကို ဦးဆောင်ကာ၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ များစွာ ကျွန်ုပ် တွေ့ကြုံပြီးဖြစ်ပေ။
ကိုယ်တော်သည် ဇိအုန်ထံ ပြန်သွားရန် ဖြစ်သည်။ သာ၍ ကြာရှည်စွာ ကျွန်ုပ်တို့ စည်းဝေးနိုင်မည်ဆိုလျှင်ဖြစ်ပေ။
မည်သည့်အချိန်တွင် ကျွန်ုပ်တို့ ပြန်ပေါင်းစည်းမည်ကို မသိဘဲ၊ ဝမ်းနည်းမှုနှင့် ဝန်လေးခြင်းတို့ဖြင့် ကျွန်ုပ်ပြည့်ပေ။
ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်ုပ် ပြန်အမှတ်ရမိ၊ အတိတ်က မြင်ကွင်းများ မေ့ပျောက်ဖို့ခက်ပေ။
ကိုယ်တော်၏ ချည်းကပ်၍ရနိုင်ခြင်း၊ ကြည်ညိုကိုင်းရှိုင်းမှုနှင့် ထိုက်တန်ခြင်းအပြင်၊ ချစ်ဖွယ်ဖြစ်ခြင်းတို့ကို ကျွန်ုပ် နက်နက်ရှိုင်းရှိုင်း ခံစားရပေ။
ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာက ကျွန်ုပ် နှလုံးသားပေါ် ထင်ကျန်ပေ။
အစဉ်အမြဲ၊ ကိုယ်တော်နောက် မဆုတ်မနှစ် ကျွန်ုပ်လိုက်မည်။
ကျွန်ုပ် ဘဝတစ်ခုလုံး ဘုရားသခင်ကို ကျွန်ုပ်ချစ်ကာ သူ၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်မည်။