အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

ဘုရားသခင် စိတ်တော်နှင့် ထိတွေ့သူကို စုံလင်စေသည်

ယနေ့ ထာဝရဘုရားသခင်သည် သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလိုသူ၊ သူ၏အလုပ်ကိုနာခံလိုက်နာ နိုင်သူ၊ ဘုရားသခင်ပြောသောစကားများကို အမှန်ဖြစ်သည်ဟု ယုံကြည်သူနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို လက်တွေ့ကျင့်ကြံနိုင်သော လူတစ်စုကို ရွေးနှုတ်လိုသည်။ ထိုသူတို့သည် သူတို့၏စိတ်နှလုံးတွင် စစ်မှန်သောနားလည်မှုရှိသူများ ဖြစ်ကြသည်။ ထိုသူတို့သည် စုံလင်နိုင်သည့် သူများဖြစ်ပြီး ထိုသူတို့သာလျှင် ပြည့်ဝ စုံလင်ခြင်းလမ်းကို မလွဲဧကန် လျှောက်လှမ်းရမည့်သူများ ဖြစ်ပါသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှင်းလင်းစွာနားမလည်သူ၊ ဘုရားသခင်၏ စကားတော်များကို မစားသောက်သောသူများ၊ သူ၏စကားများကို အလေးမထားသူနှင့် သူတို့၏စိတ်တွင် ဘုရားသခင်ကို လုံးဝမချစ်ခင်သူများကဲ့သို့သောသူများသည် မစုံလင်နိုင်ပေ။ လူ့ဇာတိခံဘုရားသခင်ကို သံသယရှိသူ၊ သူ့ကိုရေရေရာရာမသိသူ၊ သူ၏စကားကို လုံးဝအလေးအနက်မထားသူနှင့် သူ့ကိုအမြဲလှည့်ဖြားနေသူများသည် ဘုရားသခင်ကို အတိုက်အခံလုပ်သော စာတန်၏ လူများ ဖြစ်သောကြောင့် ထိုသူများကို စုံလင်စေရန် လုံးဝမဖြစ်နိုင်ပေ။

ပြည့်ဝစုံလင်သူဖြစ်လိုသည့်ဆန္ဒရှိလျှင် ရှေးဦးစွာ သင်သည် ဘုရားသခင်၏မျက်နှာသာ ပေးခြင်းကိုရရန် လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူ၏စိတ်နှင့်တွေ့သောသူနှင့် သူ၏ဆန္ဒအတိုင်း အသက်ရှင်သောသူကိုသာ စုံလင်စေပါသည်။ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့လိုလျှင် သင်သည် ဘုရားသခင်၏လုပ်ဆောင်ချက်များကို နာခံလိုက်လျှောက်ရမည်၊ အမှန်တရားကို ကြိုးစားလုပ်ဆောင်ပြီး ဘုရားသခင်၏ စမ်းသပ်အကဲခတ်မှုများအားလုံးကို အရာရာ၌ ဘုရားသခင်၏ အကဲဖြတ်မှုကို လက်ခံရပါမည်။ သင်၏လုပ်ဆောင်မှုအားလုံး ဘုရားသခင်ရဲ့ အကဲဖြတ်မှုကို ခံယူပြီးပြီလား။ သင်၏ ရည်ရွယ်ချက် များသည် မှန်ကန်ပါသလား။ သင်၏ ရည်ရွယ်ချက် များမှန်ကန်ပါက ဘုရားသခင်က လက်ခံပေးမည်ဖြစ်ပြီး သင်၏လုပ်ဆောင်မှုများ မမှန်ကန်ပါက သင်၏နှလုံးသားတွင် တကယ် ချစ်မြတ်နိုးနေသည်မှာ ဘုရားသခင်ကိုမဟုတ်ပဲ စာတန်နှင့် အသွေးအသားကိုသာဖြစ်ကြောင်း ပြသနေမည် ဖြစ်ပါတယ်။ ထို့ကြောင့် သင်သည် အရာရာကို ဆုတောင်းခြင်းဖြင့်သာ ဘုရားသခင်၏ အကဲဖြတ်ခြင်းကို လက်ခံရပါမည်။ သင်သည် ဆုတောင်းသောအခါ ငါ၏ ပုဂ္ဂိုလ်သည် သင်၏ရှေ့တွင် မရှိသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူရှိမည်ဖြစ်ပြီး ထိုပုဂ္ဂိုလ်ထံသို့ သင်ဆုတောင်းခြင်းသည် ဝိညာဉ်တော်ဘုရားထံသို့လည်း ဆုတောင်းခြင်းပင်ဖြစ်သည်။ ဤခန္ဓာကို အဘယ့်ကြောင့် သင်ယုံကြည်သနည်း။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် ဘုရားသခင်၏ ဝိညာဉ်တော် ရှိသောကြောင့်ပင် ဖြစ်ပါသည်။ ဘုရားသခင်၏ဝိညာဉ်တော်မရှိလျှင် ဤပုဂ္ဂိုလ်ကို သင် ယုံကြည်နိုင်မည်လား။ ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို ကြောက်ရွံ့ခြင်းသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းသည် ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ပြီး ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းသည်လည်း ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်ပါသည်။ သင်ဆုတောင်းသောအခါ ဘုရားသခင်သည် သင်နှင့်အတူရှိပြီး ဝိညာဉ်တော်ရှိသည်ကို သင်ခံစားရသောကြောင့်သာ ဘုရားသခင်၏ဝိညာဉ်တော်ကို သင်ဆုတောင်းပဌနာပြုခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူးကြောက်ရွံ့နေကြသော်လည်း သင့်အနေဖြင့် လူကိုသာလှည့်ဖြား၍ရနိုင်ပြီး ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပါ။ ဘုရားသခင်၏ အကဲဖြတ်ခြင်းကို မခံနိုင်သည့် မည်သည့်အရာကိုမဆို အမှန်တရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထား သင့်သည်။ သို့မဟုတ်ပါက ဘုရားသခင်ကို ဆန့်ကျင် သည့် အပြစ်ဒုစရိုက်ပင် ဖြစ်သည်။ ထိုကြောင့် သင်ဆုတောင်းသည့်အခါဖြစ်ပါစေ၊ သင်၏ညီအစ်ကို၊ညီအစ်မများနှင့် မိဿဟာယပြုသည့်အခါတွင် ဖြစ်ပါစေ၊ သို့မဟုတ် သင်၏လုပ်ငန်းကို ဆောင်ရွက်သည့်အခါနှင့် သင်၏တာဝန်များကို လုပ်ဆောင်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် ဆက်ကပ်သင့်သည်။ ထိုသို့ပြုလျှင် သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်စဉ်တွင် ဘုရားသခင်သည် သင်နှင့်အတူရှိမည်ဖြစ်ပြီး သင်၏ရည်ရွယ်လုပ်ဆောင်သည်များ မှန်ကန်လျှင် ဘုရားသခင်အိမ်တော်အတွက် လုပ်ဆောင်ခြင်းဖြစ်လျှင် သင်၏လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေးမည် ဖြစ်သောကြောင့် သင်၏လုပ်ငန်းဆောင်တာများကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်အားထက်သန်စွာ ဆက်ကပ်အပ်နှံသင့်ပေသည်။ သင်ဆုတောင်းသည့်အခါ သင်၏စိတ်နှလုံးတွင် ဘုရားသခင်ကိုချစ်ပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို အရယူပြီး အကယ်၍ ထိုအရာများသည် သင်၏စိတ်ရင်းမှန်ဖြစ်လျှင် သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင်ဆုတောင်းသည့်အခါ မုသားကိုမသုံးပဲ သင်၏စိတ်နှလုံး တံခါးကိုဖွင့်၍ သင်၏စိတ်ထဲရှိသမျှကို တောင်းဆိုလျှင် သင်၏ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ သင်၏စိတ်နှလုံးထဲမှ ဘုရား သခင်ကို လေးလေးနက်နက်ချစ်သည်ဆိုပါက ဘုရားသခင်ထံတော်မှာ "ကောင်းကင်၊မြေကြီးနှင့် ခပ်သိမ်းသောအရာတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်၊ အကျွန်ုပ် ပြုသမျှသော အရာအားလုံး တို့ကို စစ်ကြော၍ အကျွန်ုပ်ကို အမြဲကာကွယ် စောင့်ရှောက်တော်မူပါ မည့်အကြောင်း တိုင်တည် သစ္စာဆိုပါသည်။ ထိုသို့ ပြုခြင်းဖြင့် အကျွန်ုပ်ပြုသမျှအရာတို့သည် သင်၏ မျက်မှောက်တော်ရှေ့သို့ ရောက်ရှိပေလိမ့်မည်။ အကျွန်ုပ် စိတ်နှလုံးသည် သခင့်ကို ချစ်မြတ်နိုးမှု လျော့ခဲ့သည်သော်လည်းကောင်း၊ သခင့်ကို သစ္စာဖောက်ခဲ့သည်သော်လည်းကောင်း အကျွန်ုပ်ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမ ၍ ကျိန်ဆိုတော်မူပါ။ ဤကမ္ဘာတွင် သာမက နောင်လာမည့် ကပ်ကမ္ဘာတိုင် အောင် ကျွန်ုပ်ကို ခွင့်လွှတ်တော် မမူပါနှင့်" ဟု ကျမ်းသစ္စာ ကျိန်ဆိုပါ။ ထိုသို့သော ကျိန်ဆိုမှုကို သင် ကျိန်ဆိုဝံ့ပါသလား။ သင်မကျိန်ဆိုဝံ့ပါက သင်သည် သင့်ကိုယ်သင်သာ ချစ်မြတ်နိုးသည့် သတ္တိနည်းသော၊ သူရဲဘောကြောင်သူသာ ဖြစ်သည်။ သင်တို့အနေဖြင့် ထို့သို့ပြုရန် စိတ်ဆုံး ဖြတ်ပြီးပြီလား။ ထိုသို့ပြုရန် သင်ဆုံးဖြတ်ပြီးပါက ဤကဲ့သို့သောကျိန်ဆိုမှုကို သင်ပြုရမည်။ ထိုသို့ ကျိန်ဆိုရန် သင်သန္နိဌာန် ချထားပြီးပါက သင်၏ စိတ်ဆုံးဖြတ်ချက်ကို ဘုရားသခင်က ဖြည့်စွမ်းပေးပါလိမ့်မည်။ ဘုရားသခင်ထံသို့ ကျိန်ဆိုမှုတစ်ခုပြုတိုင်း သူနားထောင်ပေးသည်။ သင်သည် ဒုစရိုက်နှင့် ပြည့်ဝသူလား၊ ဖြောင့်မတ်သူလား ဆိုတာကို သင်၏ဆုတောင်းခြင်းနှင့်အမူအကျင့်များအပေါ်တွင် မူတည်၍ ဘုရားသခင် ဆုံးဖြတ်သည်။ ဤအမှုအရာတို့သည် သင်တို့ကို ပြည့်ဝစုံလင်စေမည့် ဖြစ်စဉ်များ ဖြစ်ပြီး သင့်ကိုယ် သင် စုံလင်ခံရမည့်သူအဖြစ် ယုံကြည်မှုရှိလျှင် သင်၏လုပ်ဆောင်ပြုမူချက်များ အားလုံးကို ဘုရားသခင်ရှေ့တွင် ချပြ၍ သူ၏စစ်ကြောခြင်းကို ခံယူရမည်။ အကယ်၍ သင်သည် မဖွယ်မရာ တစ်ခုခု ကိုလုပ်မိသည် (သို့မဟုတ်) ဘုရားသခင်ကိုသစ္စာဖောက်မိပါက ဘုရားသခင်သည် သင်ကျိန်ဆိုထားသည့်အတိုင်းနှင့် သင့်ကိုစုံလင်စေလိမ့်မည်ဖြစ်ပြီး သင်၌ သေပြီးနောက်ရရှိမည့် ထာဝရအပြစ်ဒဏ်ဖြစ်စေ၊ ရိုက်နှက်ဆုံးမဒဏ်ဖြစ်စေသည် သင်နှင့် သက်ဆိုင်ပါသည်။ ကျိန်ဆိုခြင်း ကို သင်ပြုပြီးလျှင် ကျိန်ဆိုကတိ ပေးထားသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ကျိန်ဆိုခြင်းကို ပြုထားပြီး မလိုက်နာမလုပ်ဆောင်ပါက သေလွန်ပြီးသည့်တိုင် ထာဝရပြစ်ဒဏ်ကို ခံရပါမည်။ သင် ကျိန်ဆိုမှုပြုထားသည့်အတိုင်း ဘုရားသခင်က ပြည့်ဝစုံလင်စေမှာ ဖြစ်ပေသည်။ အချို့သောသူများ သည် ဆုတောင်းခြင်းအမှုကိုပြုပြီးမှ "အိုး … ငါ့ရဲ့ကာမရာဂလိုက်စားဖို့နဲ့ စားသောက်ပျော်ပါးဖို့ အခွင့်အရေးလေးတော့သွားပါပြီ၊ ကောက်ကျစ်ယုတ်မာဖို့အခွင့်အရေးတွေလည်းသွားပါပြီ၊ လောကကြီးမှာ လောဘတကြီးနဲ့ပျော်မွေ့ရမယ့်အရာတွေလည်း သွားပါပြီ" လို့ ရေရွတ်နေကြသေးသည်။ ဤကဲ့သို့သောသူများသည် လောကကြီးနှင့် အပြစ်တရားဒုစရိုက်ကို ခင်တွယ်နေသေး သောသူများဖြစ်သောကြောင့် ထာဝရပြစ်ဒဏ်ကို မလွှဲမသေခံရမည့်သူများ ဖြစ်ပါသည်။

ဘုရားသခင်ကို ယုံကြည်သက်ဝင်သူတစ်ဦးဟု ဆိုရာဝယ် သင်ပြုသမျှသောအချင်းအရာ အလုံးစုံကို ဘုရားသခင်ရှေ့တော်မှောက်သို့ချပြ၍ သူ၏အကဲဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။ အကယ်၍ သင်ပြုသမျှသည် ဘုရားသခင်၏ဝိညာဉ်တော်ရှေ့သို့ချပြနိုင်သော်လည်း ဘုရားသခင်၏ ခန္ဓာရှေ့ချမပြနိုင်လျှင် ဘုရားသခင်ဝိညာဉ်တော်၏ စစ်ဆေးခြင်းကို သင်ခံယူသည်ဟု မမည်ပေ။ ဝိညာဉ်တော်ဘုရားကား မည်သူနည်း။ ဘုရားသခင်၏ သက်သေခံခြင်းကို ခံရသော ပုဂ္ဂိုလ်ကား အဘယ်သူနည်း။ သူတို့နှစ်ဦးသည် အတူတူ တစ်လုံးတစ်ဝတည်းဖြစ်သည် မဟုတ်လော။ အများစု၏အမြင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားတစ်ပါးဖြစ်ပြီး ဘုရားသခင်၏ သက်သေခံခြင်းကို ရသောသူမှာ လူသားတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုသို့မြင်ခြင်းသည် မှားယွင်းနေသည် မဟုတ်ပါလော။ ဤပုဂ္ဂိုလ်သည် မည်သူ့ကို ကိုယ်စားပြု၍ လုပ်ဆောင်နေသနည်း။ လူ့ဇာတိခံယူသော ဘုရားသခင်ကို၊ ဘုရားသခင်၏လူယောင်ဖန်ဆင်းလုပ်ဆောင်ချက်ကို မသိသောသူသည် ဝိညာဉ်ရေးရာကို နားမလည်သောသူပင် ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်နှင့် လူ့ဇာတိခံယူသော သူ၏ခန္ဓာမှာ တစ်သားတည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဉ်တော်သည် ထိုခန္ဓာတွင် ကိုယ်ထင်ပြခြင်း ဖြစ်ပါသည်။ အကယ်၍ ဤပုဂ္ဂိုလ်သည် သင် ၏အပေါ် ကြင်နာမှုမရှိလျင် ဘုရားသခင်၏ဝိညာဉ်သည်လည်း သင့်အပေါ် သနားကြင်နာနိုင်မည်လော။ သင့်စိတ် ရှုပ်ထွေးသွားပြီမဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ စစ်ကြောခြင်းကို လက်မခံသောသူသည် ဘုရားသခင်၏ထောက်ခံမှုကို ရရှိမည်မဟုတ်သလို လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူသည် စုံလင်ခြင်းမခံရနိုင်ပါ။ သင်၏လုပ်ဆောင်ချက်များအားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ချပြနိုင်မည်လားကို ပြန်ကြည့်ပါ။ သင်၏လုပ်ဆောင်ချက်များအားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ ချမပြနိုင်ပါက သင်သည် ဒုစရိုက်သမားတစ်ဦးပင် ဖြစ်သည်။ ဒုစရိုက်သမားတစ်ဦးသည် စုံလင်ခြင်းခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်စူးသမျှအားလုံး၊ တုံ့ပြန်မှုများ အားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာများဖြစ်သော ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားစကားတော်များကို စားသောက်ခြင်းအမှုများ၊ သင်၏ ညီအစ်ကိုညီအစ်မများနှင့် မိဿဟာယပြုခြင်းများ၊ အသင်းတော်တွင် ဆက်ကပ်မှုများနှင့် သင်၏ တွဲဖက်ဆောင်ရွက်မှုများအားလုံးကို ဘုရားသခင်၏ ရှေ့တော် မှောက်သို့ချပြ၍ သူ၏အကဲဖြတ်ခြင်းကိုခံရမည်။ ထိုသို့သော လုပ်ဆောင်မှု အလေ့အထများက သင့်အား ရင့်ကျက်သူတစ်ဦးဖြစ်လာစေရန် ကူညီပေးပါလိမ့်မည်။ ဘုရားသခင်၏စစ်ကြောခြင်း အမှုကို လက်ခံသောဖြစ်စဉ်သည် ဒုစရိုက်ကို ခဝါချခြင်းဖြစ်စဉ်ဖြစ်သည်။ ဘုရားသခင်၏ စစ်ကြောခြင်းကို များများလက်ခံလေ၊ သင်စင်ကြယ်လေပင် ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့်ကိုက်ညီလေ၊ ကာမရာဂသောက်စားပျော်ပါး ကြူးရစ်ခြင်း၏ခေါ်သံကို မကြားရလေ ဖြစ်ကာ သင်၏စိတ်နှလုံးသည်လည်း အထံတော်ပါးတွင် အမြဲကျင်လည်နေပေလိမ့်မည်။ ဘုရားသခင်၏ စစ်ကြောခြင်းကို လက်ခံလေလေ၊ စာတန်အရှက်ရ လေလေဖြစ်ပြီး သင်၏သွေးသား လိုအင်ဆန္ဒကို ပစ်ပယ်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲဖြတ်မှုကို လက်ခံခြင်းသည် လူတို့လက်တွေ့ကျင့်သုံးရမည့် လမ်းစဉ်တစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ သင်၏ညီအစ်ကို၊ညီအစ်မများနှင့် မိဿဟာယပြုသည့် အခါ၌ပင် ဘုရားသခင်ရှေ့တွင်စစ်ကြောခံ၍ သင်၏ရည်ရွယ်ချက်သည် ဘုရားစကားကို နားထောင်ရန်ဖြစ်လျှင် သင်လက်တွေ့လုပ်ဆောင်သည့် အရာများသည် ပိုမိုမှန်ကန်ပေလိမ့်မည်။ သင်ပြုမူဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့တွင်ချပြ၍ ဘုရားသခင်၏စစ်ကြောမှုကို ခံယူနိုင်မှ သာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ လျှောက်လှမ်းအသက်ရှင်နေသူတစ်ဦး ဖြစ်ပေလိမ့်မည်။

ဘုရားသခင်ကိုနားမလည်နိုင်သောသူတို့သည် နာခံခြင်းကို ဘယ်သောအခါမျှ အပြည့်အဝ မပြုနိုင်ကြပေ။ ထိုသူတို့သည် မနာခံမှု၏ သားသမီးများပင် ဖြစ်ပါသည်။ သူတို့သည် ရည်မှန်းချက်အလွန် ကြီးမားကြပြီး ၎င်းတို့အတွင်း၌ ပုန်ကန်လိုစိတ်များစွာ ရှိနေသောကြောင့် ဘုရားသခင်၏ စစ်ကြောခြင်းကို လက်မခံလိုကြဘဲ ဘုရားနဲ့ဝေးရာသို့ ရှောင်ရှားနေတတ်ကြပါသည်။ ထိုကဲ့သို့သော သူတို့သည် အလွယ်တကူ စုံလင်ခြင်း မခံရနိုင်ပါ။ အချို့သောသူများက ဘုရားသခင်၏စကားကို မည်ကဲ့သို့ လိုက်နာကျင့်ဆောင်ကြမည်ကို ရွေးချယ်ကာ လက်ခံ လုပ်ဆောင်ကြသည်။ သူတို့သည် ဘုရားသခင်၏စကားကို သူတို့နှင့်ကိုက်ညီသည်များကို လက်ခံ လုပ်ဆောင်၍ မကိုက်ညီသည်များကို ငြင်းပယ်ကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို ဗြောင်ကျကျ ငြင်းပယ်ကာ အတိုက်အခံပြုနေခြင်းပင် မဟုတ်ပါလား။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်သက်ဝင်သော်လည်း ဘုရားသခင်အပေါ် အနည်းငယ်မျှသော နားလည်မှုမရှိပါမူ ထိုသူသည် မယုံကြည်သူတစ်ဦးသာ ဖြစ်သည်။ ဘုရားသခင်၏အကဲဖြတ်မှုကို လက်ခံသော သူသာလျှင် ဘုရားသခင်ကို နားလည်နိုင်ရန် ကြိုးစားနေသူဖြစ်ပြီး ဘုရားသခင်၏စကားများကို နာခံ လိုက်လျှောက်လိုသူများ ဖြစ်ကြသည်။ ထိုသူတို့သည်သာ ဘုရားသခင်၏အမွေနှင့် ကောင်းချီး မင်္ဂလာများကို လက်ခံရရှိမည့်သူများဖြစ်ကြပြီး ထိုသူတို့သည် ကောင်းချီးမင်္ဂလာအများဆုံးရကြသည်။ ဘုရားသခင်သည် စိတ်နှလုံးထဲ၌ သူ့ကို နေရာမပေးသောသူတို့ကို ကျိန်စာတိုက်လေ့ ရှိသည်။ ထိုသို့သော သူတို့ကို ဒဏ်ခတ်ဆုံးမ၍ စွန့်ပစ်ထားတတ်သည်။ ဘုရားသခင်ကို သင်မချစ်လျှင် သူသည် သင့်ကို စွန့်ပစ်ထားလိမ့်မည်ဖြစ်ပြီး ငါပြောသောစကားကို သင်နားမထောင်လျှင် ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်ထားလိမ့်မည်ကို ငါသင့်ကို ပြောရဲသည်။ သင်မယုံကြည်ပါက စမ်းကြည့်နိုင်သည်။ ယနေ့ သင်လိုက်နာလျှောက်လှမ်းရမည့် လမ်းကို ငါပြောပြပြီးပြီဖြစ်သော်လည်း လက်တွေ့ လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်မှာ သင့်သဘောအတိုင်းပင် ဖြစ်ပါသည်။ မယုံကြည်၊ မလိုက်လျှောက်လျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၌ အလုပ်လုပ်သည်၊ မလုပ်သည်ကို သင်မမြင်တွေ့နိုင်ပါ။ ဘုရားသခင်ကို နားလည်ရန် မရှာဖွေမကြိုးစားလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၌ အလုပ်မလုပ်နိုင်ပါ။ သူ့အား ရှာဖွေသူနှင့် သူ့စကားကို တန်ဖိုးထားသူများတွင်သာ ဘုရားသခင် အလုပ်လုပ်သည်။ ဘုရားသခင်၏ စကားများကို တန်ဖိုးထားသောသူ ဖြစ်လေလေ ဘုရားသခင် စုံလင်စေသောသူဖြစ်ဖို့ အခွင့်အရေးများလေလေ ဖြစ်ပါသည်။ ဘုရားသခင်သည် သူ့အား အမှန်တကယ် ချစ်မြတ်နိုးသူကိုသာ ပြည့်ဝစုံလင်စေမည်။ သူ၏ရှေ့မှောက်တွင် အမှန်တကယ်ငြိမ်းချမ်းသော နှလုံးသားရှိသူ ကိုသာ ပြည့်ဝစုံလင်စေပါမည်။ ဘုရားသခင်၏လုပ်ဆောင်မှုများကို တန်ဖိုးထားလျှင်၊ ဉာဏ်အလင်းပြမှုများကို တန်ဖိုးထားလျှင်၊ ဘုရားသခင်တည်ရှိနေမှုကို တန်ဖိုးထားလျှင်၊ ဘုရားသခင်၏ ဖေးမမှုနှင့် ကွယ်ကာစောင့်ရှောက်မှုကို တန်ဖိုးထားလျှင်၊ ဘုရားသခင်၏နူတ်ထွက်စကားသည် သင်၏ဘဝတွင် မည်ကဲ့သို့ စစ်မှန်မှု နှင့် ပြဌာန်းချက်များဖြစ်လာသည်ကို တန်ဖိုးထားလျှင် သင်သည် ဘုရားသခင်၏စိတ်တော်နှင့် အများဆုံးတွေ့သောသူပင် ဖြစ်သည်။ သင့်အတွက် ဘုရား သခင် လုပ်ဆောင်ပေးခဲ့သမျှကို တန်ဖိုးထားလျှင် သူသည် သင့်အား ကောင်းချီးပေး၍ သင်၌ ရှိသမျှ ကိုလည်း ဆထက်တန်ဖိုး တိုးပွားစေပါလိမ့်မည်။ ဘုရားစကားကို တန်ဖိုးမထားလျှင် သူသည် သင်၌ အလုပ်မလုပ်ဘဲ သင်၏ယုံကြည် သက်ဝင်မှုအတွက် အနည်းငယ်သောကျေးဇူးတော်ကိုချပေးခြင်း၊ (သို့) အနည်းငယ်သော ဥစ္စာပစ္စည်းကြွယ်ဝမှု ကို ကောင်းချီးပေးခြင်း၊ (သို့) သင့်မိသားစု၏ လုံခြုံခြင်းကိုသာ ပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရုံလောက်သာ မလုပ်ဆောင် သင့်ဘဲ ဘုရားနှုတ်ထွက်စကားသည် သင်၏ စစ်မှန်မှု ဖြစ်စေ၍ သူ့ကို ကျေနပ်နှစ်သိမ့်စေပြီး သူ၏စိတ်တော်အတိုင်း လိုက်လျှောက်သူဖြစ်အောင်လည်း ကြိုးစားလုပ်ဆောင်သင့်သည်။ ယုံကြည်သူတစ်ဦးအဖို့ ဘုရားသခင်၏အလုပ်ကို လက်ခံရရှိရန်၊ ပြည့်ဝစုံလင်ခြင်းကိုရရှိရန်နှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းလုပ်ဆောင်ပေးရသူ တစ်ဦးဖြစ်ရန်ထက် ပို၍အရေးကြီးသည့်အရာမရှိပေ။ ထိုအရာသည် သင်ကြိုးပမ်း လုပ်ဆောင်သင့်သည့် ပန်းတိုင်ပင် ဖြစ်သည်။

ကျေးဇူးတော်ကာလမှ သူတို့၏ ရှာမှီးကျင့်ကြံမှုများအားလုံးသည် ယခု ခေတ်ကုန်သွားပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ်ကာလတွင် ယခင်ကာလထက် ပိုမို အဆင့်မြင့်သော၊ ပိုမိုလက်တွေ့ကျသော၊ လူတို့အတွင်းစိတ်မှ လိုအပ်ချက်များကို ပို၍နှစ်သိမ့်စေနိုင်သော ကျင့်ဆောင်မှုရှိလာသောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်သည် အတိတ်ကာလမှ လူများကို ယနေ့ခေတ်ရှိ လူများနည်းတူ မလုပ်ဆောင်ပေ။ ဘုရားသခင်သည် ထိုသူများကို ယနေ့ခေတ်ရှိလူများကို စကားပြောသလောက်လည်း မပြောခဲ့ပေ။ ယနေ့ခေတ်ရှိ လူများအပေါ်တွင်ရှိသော သူ၏သတ်မှတ်ချက်များလောက်လည်း မများပေ။ ဤအရာများကို သင်တို့ထံ ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ အဆုံးစွန်သော ရည်ရွယ်ချက်သည် သင်တို့အုပ်စုကိုသာ ဦးတည်ကြောင်းကို ပြသည်။ သင်သည် ထာဝရဘုရားအားဖြင့် စုံလင်စေခြင်းခံရလိုလျှင် ထိုအရာများကို သင်၏ဗဟိုပန်းတိုင်အဖြစ်ထား၍ လိုက်နာကျင့်ကြံပါ။ ပြေးလွှားလှုပ်ရှား နေရသည့်အခါတွင်ဖြစ်စေ၊ သင်၏အချိန်ကို ဖြုန်းတီးနေသည့်အခါတွင်ဖြစ်စေ၊ လုပ်ငန်းဆောင်တာ များကို ဆောင်ရွက်နေသည့်အခါတွင်ဖြစ်စေ၊ (သို့မဟုတ်) ဘုရားသခင်ထံမှ တာဝန်ပေးအပ်ခြင်း ခံရသည့်အခါတွင်ဖြစ်ပါစေ မည်သည့်အချိန်တွင်မဆို ပြီးပြည့်စုံအောင် ကြိုးစားပြီး ထာဝရဘုရား၏အလိုတော်ကို ဖြည့်ဆည်းပေးသင့်သည်။ သင်ပြုလေသမျှတို့တွင် ဤအရာများကို ကြိုးစားရှာဖွေသင့်ပါသည်။ အကယ်၍ တစ်စုံတစ်ဦးက "သူသည် လူ့ဘဝသို့ရောက်ရှိလာသည်မှာ ထာဝရဘုရား ၏ ပြည့်ဝစုံလင်ခြင်းကို လိုက်နာကျင့်ဆောင်ရန်၊ သို့မဟုတ် အသက်တာတွင်းသို့ ဝင် ရောက်ရန် လာခဲ့သည်မဟုတ်၊ လောကီရေးဆိုင်ရာ ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းအတွက်သာ လာသည်" ဟု ဆိုလျှင် ထိုသူသည် စုံလုံးကန်းနေသူသာ ဖြစ်ပါသည်။ လူ့ဘဝ၏ စစ်မှန်မှုကို ရှာဖွေရန်မဟုတ်ဘဲ နောင်လာမည့်ကမ္ဘာမှ ထာဝရအသက်တာနှင့် ဤလောကီအတွင်းရှိ ဘေးကင်း လုံခြုံမှုကိုသာ ရှာသောသူသည် စုံလုံးကန်းသူသာဖြစ်သည်။ သို့ဖြစ်ပါ၍ သင်လုပ်ဆောင်သောအရာ ဟူသမျှသည် ထာဝရဘုရားသခင်၏စုံလင်စေသူနှင့် ရွေးနှုတ်စေသူဖြစ်စေရန်ကိုသာ ရည်စူးလုပ်ဆောင်သင့်ပါသည်။

လူတို့တွင် ထာဝရဘုရားလုပ်ဆောင်သည့်အရာတို့မှာ သူတို့၏ မတူညီသော လိုအပ်ချက်များအတိုင်း စီမံဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။ လူတစ်ယောက်၏ဘဝသည် ကြီးမားကျယ်ပြန့်လေလေ သူ၏လိုအပ်ချက်များလေလေဖြစ်ပြီး၊ ပိုမိုရှာဖွေသိုမှီးရလေလေ ဖြစ်သည်။ ဤအဆင့်၌ သင်သည် ရှာဖွေသိုမှီးမှုမရှိဘူးဆိုလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကိုစွန့်ပစ်ထားကြောင်း ထင်ရှားသည်။ ဘဝအတွက် ရှာဖွေသိုမှီးသူအားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏စွန့်ပစ်ခြင်းကို မည်သည့်အခါမှ ခံရမည်မဟုတ်ဘဲ သူတို့သည်အမြဲတစေ မွတ်သိပ်တောင့်တစွာ ရှာဖွေသိုမှီးများကို ပြုပေလိမ့်မည်။ ထိုသူတို့သည် ဘယ်သောအခါမှ သူတို့ရှိသမျှဖြင့် ရောင့်ရဲတင်းတိမ်လိမ့်မည်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအဆင့်တိုင်းသည် သင်၌ အကျိုးသက်ရောက်မှုတစ်ခု ရရှိရန် ရည်ရွယ်သော်လည်း သင်သည် မိမိဘာသာ အားရကျေနပ်နေလျှင်၊ သင်အနေဖြင့် မလိုအပ်တော့ ဘူးဟုထင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုကို သင်လက်မခံတော့လျှင် သူသည် သင့်ကို စွန့်ပယ်သွားပေလိမ့်မည်။ လူတိုင်းသည် ဘုရားသခင်၏ အကဲဖြတ်ဆန်းစစ်မှုကို နေ့စဉ်နေ့တိုင်း လိုအပ်သည်။ သူတို့သည် ထာဝရဘုရားထံမှ မြောက်မြားစွာသော ထောက်ပံ့ပေးမှုကို နေ့စဉ်နေ့တိုင်း လိုအပ်သည်။ လူတို့သည် ဘုရားသခင်၏စကားတော်ကို မစားမသောက်ဘဲ နေ့တိုင်း နေထိုင်အသက်ရှင်နိုင်ပါသလော။ တစ်စုံတစ်ဦးက ထာဝရဘုရား၏စကားတော်ကို စားသောက်နေရုံဖြင့် အားမရဘဲ အမြဲတစေ ဆာလောင်မွတ်သိပ်စွာ ရှာဖွေနေလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အပေါ်၌ အမြဲအလုပ်လုပ်ပါလိမ့်မည်။ တစ်စုံတစ်ဦးက ပိုမိုမွတ်သိပ်စွာ ရှာဖွေလေလေ သူ၏ မိဿဟာယပြုခြင်းမှ ပိုမိုလက်တွေ့ကျသောအရာများ ပေါ်ထွက်လာလေလေ ဖြစ်ပါသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို အလွန်အမင်းရှာဖွေလေလေ၊ သူ၏ဘဝ မြန်မြန်ကြီးထွားလေလေဖြစ်ပြီး အတွေ့အကြုံများနှင့်ပြည့်ဝစေကာ ထာဝရဘုရား၏အိမ်တော်တွင် ကြွယ်ဝချမ်းသာသောသူတစ်ဦး ဖြစ်စေပါလိမ့်မည်။

ယခင်က:စုံလင်ခြင်းကိုရယူနိုင်ရန် ဘုရားသခင်၏ အလိုတော်ကို သတိပြုကြလော့။

နောက်တစ်ခုသို့:ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်အမှန် ဖြစ်ကြလိမ့်မည်

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စစ်မှန်သော လမ်းခရီးကို စုံစမ်းခြင်းအပေါ် အမေးအဖြေတစ်ရာ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ