၈၃၄ သူ့ကို အမှန်တကယ် ချစ်သောသူတို့ကို ဘုရားသခင် စုံလင်စေသည်
၁
ဘုရား ဤသို့သော လူတစ်စုကို ရရှိလိုသည်၊
သူနှင့်အတူ ကြိုးပမ်း အလုပ်လုပ်သူများ၊
သူ့အလုပ်ကို နာခံသူများ၊
သူ့နှုတ်ကပတ်တော်ကို ယုံကြည်သူများနှင့်
ဘုရားသတ်မှတ်ချက်အတိုင်း လက်တွေ့လုပ်ဆောင်သူများ။
ထိုသူတို့ စိတ်တွင် စစ်မှန်သော နားလည်ခြင်းရှိ
စုံလင်ခြင်းလမ်းကို သူတို့ လျှောက်နိုင်ကြသည်။
ထိုသူတို့သည် စုံလင်သူများဖြစ်နိုင်သောကြောင့်
စုံလင်ခြင်းလမ်းကို သူတို့ လျှောက်နိုင်မှာ မုချပင်။
ဘုရားစကားကို လိုက်စား၍ တန်ဖိုးထားလျှင်
သင်၌ ဘုရားအလုပ်လုပ်မည်
သူ့စကားတော်ကို သင် တန်ဖိုးထားလေ၊
သူ့ဝိညာဉ်တော် သင်၌ အလုပ်လုပ်လေ၊
ဘုရား သင့်ကို စုံလင်စေရန်
သာ၍ အခွင့်များလေ ဝိုး
ဘုရားအား ချစ်မြတ်နိုးသူများ၊
သူ့ရှေ့တွင် စိတ်နှလုံးငြိမ်ဝပ်သူများ ဘုရား စုံလင်စေ။
၂
စုံလင်ခြင်းကို မရနိုင်သူများမှာ
ဘုရားအလုပ်ကို ရှင်းလင်းစွာ မသိသူများ၊
သူ့နှုတ်ကပတ်တော်ကို မစားသောက်သောသူများနှင့်
နှုတ်ကပတ်တော်ကို အလေးမထားသူများအပြင်
စိတ်နှလုံး၌ ဘုရားကို မချစ်သောသူများ ပေ
လူ့ဇာတိခံ ဘုရားကို သံသယရှိကာ လှည့်ဖြားသူများသာ
နှုတ်ကပတ်တော်ကို ဂရုမစိုက်ဘဲ ဆန့်ကျင်ကြသည်၊
သူတို့ စာတန်ပိုင်များဖြစ်ကြပြီး မစုံလင်နိုင်ပါ။
ဘုရားစကားကို လိုက်စား၍ တန်ဖိုးထားလျှင်
သင်၌ ဘုရားအလုပ်လုပ်မည်
သူ့စကားတော်ကို သင် တန်ဖိုးထားလေ၊
သူ့ဝိညာဉ်တော် သင်၌ အလုပ်လုပ်လေ၊
ဘုရား သင့်ကို စုံလင်စေရန်
သာ၍ အခွင့်များလေ ဝိုး
ဘုရားအား ချစ်မြတ်နိုးသူများ၊
သူ့ရှေ့တွင် စိတ်နှလုံးငြိမ်ဝပ်သူများ ဘုရား စုံလင်စေ။
၃
ဘုရားအလုပ်နှင့် ဉာဏ်အလင်းပေးခြင်းကို တန်ဖိုးထားခြင်း၊
သူ့ရှိနေခြင်း၊ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို တန်ဖိုးထားခြင်း၊
ဘုရားစကားများ လက်တွေ့ဖြစ်လာပုံကို တန်ဖိုးထားခြင်း၊
၎င်းတို့ အသက်ထောက်ပံ့ပုံကို အမှန်တကယ် တန်ဖိုးထားခြင်း၊
ဒါတွေအားလုံး ဘုရားစိတ်နှင့် အကိုက်ညီဆုံးဖြစ်သည်။
ယုံကြည်သူအဖို့ ဘုရားအမှုကို လက်ခံရန်နှင့် စုံလင်ခြင်းရရန်၊
ဘုရားအလိုတော်ဆောင်ရွက်သူများ ဖြစ်လာရန်ထက်
ပိုအရေးကြီးသောအရာ မရှိပေ။
ဒါ သင်အပြည့်အဝ လိုက်သင့်သည့် ပန်းတိုင်ပါ
ဘုရားစကားကို လိုက်စား၍ တန်ဖိုးထားလျှင်
သင်၌ ဘုရားအလုပ်လုပ်မည်
သူ့စကားတော်ကို သင် တန်ဖိုးထားလေ၊
သူ့ဝိညာဉ်တော် သင်၌ အလုပ်လုပ်လေ၊
ဘုရား သင့်ကို စုံလင်စေရန်
သာ၍ အခွင့်များလေ ဝိုး
ဘုရားအား ချစ်မြတ်နိုးသူများ၊
သူ့ရှေ့တွင် စိတ်နှလုံးငြိမ်ဝပ်သူများ ဘုရား စုံလင်စေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်