၄၉၂ လူတို့အတွက် ဘုရား၏ အကြံပေးချက်

၁ သင်တို့ အသီးသီးအနေဖြင့် အယူအဆများနှင့် ပတ်သက်၍ ပါးစပ်ပိတ်ကာ၊ လက်တွေ့ကျသည့်အရာ တစ်ခု၊ စစ်မှန်သည့် အရာတစ်ခုနှင့် အနှစ်သာရရှိသော အရာတစ်ခုအကြောင်းကို ပြောဆိုဆွေးနွေးရန် ငါ တိုက်တွန်း၏။ “ခေတ်သစ်အနုပညာ” အချို့ကို လေ့လာလော့၊ လက်တွေ့ကျသော အရာတစ်ခုကို ပြောဆိုလော့၊ တကယ်ဖြစ်သော အရာတစ်ခုကို ပံ့ပိုးပေးပြီး ဆက်ကပ်သော စိတ်ဝိညာဉ်တစ်ခု ရှိလော့။ စကားပြောသည့်အခါ စစ်မှန်မှုကို ရင်ဆိုင်လော့။ လူတို့ကို ပျော်ရွှင်စေဖို့ သို့မဟုတ် ရုတ်တရက် သင့်ကို သတိပြုမိစေဖို့၊ စစ်မှန်မှုမရှိဘဲ ချဲ့ကားသော ပြောဆိုမှုတွင် မမွေ့လျော်နှင့်။ ယင်းတွင် အဘယ်မှာ တန်ဖိုးရှိသနည်း။ လူတို့အား သင့်ကို နွေးထွေးစွာ ဆက်ဆံစေရာတွင် မည်သည့် အဓိပ္ပါယ်ရှိသနည်း။ သင်၏ ပြောဆိုချက်တွင် အနည်းငယ် “ကျွမ်းကျင်လှပစွာ ဖန်တီး” လော့၊ သင်၏ အပြုအမူတွင် အနည်းငယ်ပို၍ တရားမျှတမှု ရှိလော့၊ အမှုအရာများကို ကိုင်တွယ်ရာတွင် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားနှင့် ကိုက်ညီစေလော့၊ သင်ပြောဆိုသည့်အရာတွင် အနည်းငယ်ပို၍ လက်တွေ့ကျလော့၊ သင်လုပ်ဆောင်ချက်တိုင်းဖြင့် ဘုရားသခင်၏ အိမ်တော်ကို အကျိုးရှိစေရန် စဉ်းစားလော့၊ သင် စိတ်လှုပ်ရှားလာသည့်အခါ သင်၏ အသိစိတ်ကို နာခံလော့၊ ကြင်နာခြင်းကို အမုန်းတရားဖြင့် ပြန်လည် မဆပ်ပေးနှင့် သို့မဟုတ် ကြင်နာမှုအတွက် ကျေးဇူးမကန်းလေနှင့်၊ ပြီးလျှင် သင်သည် မကောင်းသော လွှမ်းမိုးမှုတစ်ခု ဖြစ်သွားမည်စိုးသဖြင့် သူတော်ကောင်း ယောင်ဆောင်သောသူ မဖြစ်စေနှင့်။

၂ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အခါ၊ ၎င်းတို့ကို စစ်မှန်မှုနှင့် ပို၍နီးကပ်စွာ ချိတ်ဆက်ပြီး၊ သင်မိတ်သဟာယဖွဲ့သည့်အခါ ပို၍လက်တွေ့ကျသော အရာများအကြောင်းကို ပြောလော့။ မတင်စီးလေနှင့်။ ဤအရာက ဘုရားသခင်ကို စိတ်ကျေနပ်စေမည် မဟုတ်။ အခြားသူများနှင့် သင်၏ အပြန်အလှန်ဆက်ဆံမှုများတွင် အနည်းငယ်ပို၍ စိတ်ရှည်လော့၊ အနည်းငယ်ပို၍ လိုက်လျောလော့၊ အနည်းငယ်ပို၍ သဘောထားကြီးပြီး၊ “ဝန်ကြီးချုပ်၏ စိတ်ဓါတ်”က မှ သင်ယူလော့။ မကောင်းသောအတွေးများ သင်၌ ရှိသည့်အခါ၊ ဇာတိပကတိကို စွန့်လွှတ်ခြင်းအား ပိုမိုလက်တွေ့လုပ်ဆောင်လော့။ သင်အလုပ်လုပ်နေချိန်တွင် လက်တွေ့ကျသော လမ်းကြောင်းများနှင့်သက်ဆိုင်၍ ပိုမိုပြောဆိုကာ၊ မမြင့်မားလွန်းနှင့်၊ သို့မဟုတ်ပါက သင်ပြောသည့်အရာများကို လူတို့ရယူနိုင်ခြင်း မရှိဘဲ နေလိမ့်မည်။ ပျော်ရွှင်မှုကိုလျှော့ကာ ပံ့ပိုးမှုကို ပိုစေလော့- သင်၏ ဆက်ကပ်မှုရှိသော တစ်ကိုယ်ကောင်းမဆန်သည့် စိတ်ဝိညာဉ်ကို ပြလော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပိုမို အလေးထားလော့၊ သင်၏ အသိစိတ်ကို ပိုမို နာခံလော့၊ ပိုမို သတိရှိကာ ဘုရားသခင်သည် သင်တို့ကို နေ့စဉ် စိတ်ရှည်စွာနှင့် လေးနက်စွာ မည်သို့ စကားပြောဆိုသည်ကို မမေ့လျော့နှင့်။ မကြာခဏ ပို၍ဆုတောင်းပြီး၊ ပို၍မိတ်သဟာယဖွဲ့လော့။ အလွန် မရေမရာဖြစ်ခြင်းကို ရပ်လော့၊ အသိဉာဏ် အနည်းငယ်ပြပြီး ထိုးထွင်းသိမြင်မှုတစ်ချို့ကို ရယူလော့။ သင်၏အပြစ်ပြုတတ်သော လက်ကို ဆန့်မိသောအခါ ပြန်၍ရုပ်လော့။ ဘုရားသခင်ထံမှ သင်ရရှိသည့်အရာသည် ကျိန်ခြင်းသာ ဖြစ်လိမ့်မည်၊ ထို့ကြောင့် သတိပြုလော့။

၃ သင့်စိတ်နှလုံးအား အခြားသူများအပေါ် ကြင်နာသနားခြင်း ရှိစေပြီး၊ လက်ထဲက လက်နက်များဖြင့် အမြဲမထိုးနှက်နှင့်။ သမ္မာတရားနှင့်ဆိုင်သော အသိပညာအကြောင်းကို ပို၍ မိတ်သဟာယပြုပြီး၊ အခြားသူများအား အကူအညီပေးသောစိတ်ကို ထိန်းသိမ်းလျက် အသက်တာအကြောင်းကို ပို၍ပြောဆိုလော့။ အလုပ်ပိုလုပ်ပြီး အပြောလျှော့လော့။ ပိုမို၍ လက်တွေ့လုပ်ဆောင်ပြီး သုတေသနပြုခြင်းနှင့် စိစစ်ခြင်းတို့ကို လျှော့လော့။ သင်တို့ကိုယ်သင်တို့ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သာ၍တို့ထိခွင့်ပေးကာ ဘုရားသခင်အား သင့်ကို စုံလင်စေဖို့ အခွင့်အရေးများ သာ၍ပေးလော့။ လူသားအရိပ်လက္ခဏာများကို ပိုမိုဖယ်ရှားလော့။ သင်သည် အမှုအရာများ လုပ်ဆောင်သည့် လူ့နည်းလမ်းများ ပိုင်ဆိုင်လွန်းသေးသကဲ့သို့၊ သင်၏ အပေါ်ယံအားဖြင့် အမှုအရာများကိုလုပ်ဆောင်ပုံနှင့် အပြုအမူတို့သည် အခြားသူတို့အဖို့ မနှစ်မြို့စရာ ဖြစ်နေဆဲဖြစ်သည်။ ဤအရာများကို ပိုမို ဖယ်ရှားလော့။ သင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် အလွန် မုန်းတီးစက်ဆုပ်ဖွယ်ကောင်းဆဲ ဖြစ်သည်။ အချိန်ကို ထိုအရာကို ပြုပြင်ခြင်းဖြင့် ပိုမိုကုန်ဆုံးလော့။ သင်သည် လူတို့ကို အဆင့်အတန်းများစွာ ပေးလွန်းသေး၏။ ဘုရားသခင်ကို အဆင့်အတန်း သာ၍ပေးကာ မလျော်ကန်လွန်းခြင်း မဖြစ်စေနှင့်။ “ဗိမာန်တော်” သည် ဘုရားသခင်နှင့် အစဉ် သက်ဆိုင်ပြီး၊ လူတို့၏ သိမ်းယူခြင်း မခံသင့်ပေ။ အတိုချုပ်အားဖြင့်၊ ဖြောင့်မတ်ခြင်းတရားအပေါ် ပိုမို အာရုံစိုက်ကာ စိတ်ခံစားချက်များအပေါ် နည်းစေလော့။ ဇာတိပကတိကို ဖယ်ရှားခြင်းသည် အကောင်းဆုံးဖြစ်၏။ စစ်မှန်မှုကို ပို၍ပြောဆိုကာ အသိပညာအကြောင်းကို လျှော့ပြောလော့။ အကောင်းဆုံးမှာ နှုတ်ပိတ်ပြီး မည်သည့်အရာမျှ မပြောဖို့ ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ပိုမိုပြောဆိုကာ တန်ဖိုးမဲ့သည့် ကြွားဝါမှုများကို နည်းစေလော့။ ယခုပင် စတင် လက်တွေ့လုပ်ဆောင်ခြင်းသည် အကောင်းဆုံးဖြစ်၏။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်မှုအပေါ် သာ၍အာရုံစိုက်လော့” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၉၁ အသိပညာသည် လက်တွေ့အရှိတရားအတွက် အစားထိုးမဟုတ်

နောက်တစ်ခုသို့- ၄၉၃ ဘုရားပျော်မွေ့ဖွယ်ရာ သစ်သီးဖြစ်ရန် သင်အလိုရှိသလောကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။