၄၄ ဘုရား၏အမှုတော်များ စကြဝဠာပြင်ကျယ်ကြီးအား ဖြည့်ဆည်ဆည်း
၁ အရာအားအလုံးကို ငါသည် အမြင့်မှ အောက်သို့ ငုံ့ကြည့်ပြီး အရာအားလုံးအပေါ်သို့ အမြင့်မှ အုပ်စိုးမှုကို ငါ ကျင့်သုံး၏။ ထိုနည်းတူ၊ ငါ၏ ကယ်တင်ခြင်းကို ကမ္ဘာမြေပေါ်သို့ ငါ နေရာချထားပြီးဖြစ်သည်။ လူသားများ၏ လှုပ်ရှားမှုတိုင်းနှင့် ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သည့် အရာတိုင်းကို ငါ၏လျှို့ဝှက်သော နေရာမှ ငါ စောင့်ကြည့်နေခြင်း မရှိသည့် အခိုက်အတန့်ဟူ၍ လုံးဝမရှိပေ။ ငါ့အဖို့ လူသားများသည် ခန့်မှန်းရလွယ်သောသူများ ဖြစ်သည်- ငါသည် ၎င်းတို့ တစ်ဦးစီနှင့် အားလုံးကို မြင်ကာ သိ၏။ လျှို့ဝှက်သော နေရာသည် ငါ၏ဘုံဗိမာန်ဖြစ်ပြီး၊ ကောင်းကင် အမိုး တစ်ခုလုံးသည် ငါ လဲလျောင်းရာ အိပ်ယာဖြစ်သည်။ ငါသည် ဘုန်းအာနုဘော်၊ ဖြောင့်မတ်ခြင်းနှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်လျှံလျက် ရှိသည့်အတွက်၊ စာတန်၏ အင်အားစုများသည် ငါ့ထံသို့မရောက်နိုင်။
၂ လူသားအလယ် ချိုမြိန်မှု နှင့် ခါးသီးမှုတို့ကို မြည်းစမ်းရင်း၊ ငါသည် ခြေချစရာ အားလုံးအပေါ် ခြေချပြီးဖြစ်သည်၊ ကျယ်ပြောသော စကြဝဠာတစ်ခွင်လုံးကို ငါသည် ကြည့်ခဲ့၊ ပြီးလျှင် လူတို့အကြား ငါလျှောက်ခဲ့ပြီးဖြစ်သော်လည်း၊ လူသားသည် ငါ့ကို မည်သည့်အခါမျှ အမှန်တကယ် မသိကျွမ်းခဲ့ပေ၊ ငါ၏ လှည့်လည်သွားလာခြင်းများ အတောအတွင်းတွင် မည်သည့်အခါမျှ ငါ့ကို အလေးထားခြင်းလည်း မရှိခဲ့ပေ။ ငါသည် တိတ်ဆိတ်နေခဲ့ပြီး သဘာဝလွန်သော လုပ်ဆောင်ချက်များကို မည်သည့်အခါမျှ မဆောင်ရွက်ခဲ့သောကြောင့်၊ မည်သူတစ်ဦးကမျှ ငါ့ကို အမှန် တွေ့မြင်ဖူးခြင်း မရှိချေ။ မျက်မှောက်ကာလသည် ယခင်ကကဲ့သို့ မဟုတ်ပေ။ ဖန်ဆင်းခြင်း အချိန်ကတည်းက မည်သည့်အခါမျှ မမြင်ဖူးသည့် အမှုအရာများကို ငါပြုမည်၊ ခေတ်ကာလများ တစ်လျှောက်တွင် လုံးဝမကြားဖူးသော နှုတ်ကပတ်တော်များကို ငါပြောကြားမည်၊ အဘယ်ကြောင့်ဆိုသော် လူများအားလုံးသည် ငါ့ကို ဇာတိပကတိ၌ သိကျွမ်းလာစေရန် ငါတောင်းဆိုသောကြောင့်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၅” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်