၆၉၈ ဘုရား၏တရားစီရင်ခြင်းသည် ငါတို့ကို အသက်ပေး၏ကျူး

၁ ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုစီသည် ငါတို့အား ဒဏ်ရာရစေပြီး ထိတ်လန့်မှုဖြင့် ပြည့်စေရစ်လျက်၊ ငါတို့၏ သေကွင်း သေကွက်များကို ထိုးနှက်လေသည်။ သူသည် ငါတို့၏ အယူအဆများ၊ ငါတို့၏ စိတ်ကူးများနှင့် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်သည်။ ငါတို့ ပြောသမျှနှင့် လုပ်သမျှမှသည် ငါတို့၏ အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းအထိ၊ ငါတို့၏ သဘာဝအနှစ်သာရသည် ငါတို့ကို ကြောက်ရွံ့စရာအခြေအနေတစ်ခုထဲ ထားရှိကာ ငါတို့၏ အရှက်ကို ကွယ်ဝှက်စရာနေရာမရှိအောင် တုန်လှုပ်စေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြခံရလေသည်။ သူသည် ငါတို့၏ စိတ်ပျက်ဖွယ် မပြည့်စုံမှုများ အားလုံးဖြင့် ငါတို့ အဖော်ထုတ်ခံရသကဲ့သို့ ခံစားရစေလျက်၊ လုံးဝ သိမ်းသွင်းခံလိုက်ရသကဲ့သို့ သာ၍ပင် ခံစားရစေရင်း၊ ငါတို့၏ လုပ်ရပ်များ၊ ငါတို့၏ ရည်မှန်းချက် ပန်းတိုင်များနှင့် ရည်ရွယ်ချက်များ၊ ငါတို့ကိုယ်တိုင်ပင် မည်သည့်အခါမျှ မတွေ့ရှိသေးသည့် ဖောက်ပြန်သော စိတ်သဘောထားကိုပင် တစ်ခုပြီးတစ်ခု ငါတို့အား သူ ပြောပြလေသည်။ သူ့ကို ဆန့်ကျင်ခြင်းအတွက် သူသည် ငါတို့ကို တရားစီရင်သည်၊ သူ့ကို ပြစ်မှားစော်ကားခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းအတွက် ငါတို့ကို သူပြစ်တင်ဆုံးမပြီး၊ သူ၏ အမြင်တွင် ငါတို့၌ ရွေးနုတ်ထိုက်သော အင်္ဂါရပ် တစ်ခုမျှမရှိ၊ ငါတို့သည် ရှင်သန်နေသော စာတန်ဖြစ်သည်ဟု ငါတို့အား ခံစားစေလေသည်။

၂ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ဘုရားသခင်၏ ဂုဏ်သရေနှင့် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းအား ငါတို့ကို အမှန်တကယ် နားလည်စေသည်၊ ယင်းနှင့်ယှဉ်ရာတွင် ငါတို့သည် အလွန့်အလွန် နိမ့်ကျပြီး အလွန့်အလွန် မစင်ကြယ်ကြပေ။ သူ၏တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုက ငါတို့ မည်မျှ မာနထောင်လွှားပြီး ခမ်းကြီးနားကြီးနိုင်သည်၊ ပြီးလျှင် လူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ ယှဉ်နိုင်မည် မဟုတ်သည်ကို သို့မဟုတ် ဘုရားသခင်နှင့် တန်းတူဖြစ်မည် မဟုတ်သည်ကို ငါတို့အား ပထမဦးဆုံးအကြိမ် နားလည်စေသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြင့် နောက်ထပ် အသက်မရှင်ဖို့၊ ဤသဘာဝနှင့် အနှစ်သာရကို အမြန်ဆုံး ဖယ်ရှားဖို့နှင့် ဘုရားသခင်အဖို့ ဆိုးယုတ်သောသူဖြစ်ခြင်းနှင့် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်ခြင်းကို ရပ်စဲရန် တမ်းတမိစေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့အား သူ၏စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ပုန်ကန်လိုစိတ် မရှိတော့ဘဲ၊ သူ၏နှုတ်ကပတ်တော်များကို ပျော်ရွှင်စွာ နာခံစေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် အသက်ဆက်လက်ရှင်သန်ရန် စိတ်ဆန္ဒအား ငါတို့ကို နောက်တစ်ကြိမ် ပေးပြီးဖြစ်သကဲ့သို့၊ သူ့ကို ငါတို့၏ ကယ်တင်ရှင်အဖြစ် ပျော်ရွှင်စွာ လက်ခံစေပြီး ဖြစ်သည်။

၃ ငါတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်သည့် ထိုသို့သော သာမန် လူတစ်စုသာဖြစ်သည်၊ ခေတ်များ မတိုင်မီ ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံထားရသူများ ဖြစ်ပြီး နောက်ချေးပုံထဲမှ ဘုရားသခင် ချီမပြီးသော ချို့တဲ့သူများ ဖြစ်သည်။ တစ်ခါက ငါတို့သည် ဘုရားသခင်ကို ငြင်းပယ်ကာ ပြစ်တင်ရှုတ်ချ ခဲ့ကြသော်လည်း၊ ယခု၌ ငါတို့သည် သူ၏ သိမ်းပိုက်ခြင်း ခံရပြီးဖြစ်သည်။ ဘုရားသခင်ထံမှ ငါတို့သည် အသက်၊ ထာဝရအသက်၏လမ်းခရီးကို ရရှိပြီးဖြစ်သည်။ ကမ္ဘာပေါ်၌ ငါတို့ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ၊ မည်သို့သော နှိပ်စက်ညှဉ်းပန်းမှုများနှင့် ကပ်ဘေးဒုက္ခများကို ကြံ့ကြံ့ခံရသည် ဖြစ်စေ၊ ငါတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဝေးကွာ၍မရနိုင်ပေ။ အကြောင်းမှာ သူသည် ငါတို့၏ ဖန်ဆင်းရှင်နှင့် ငါတို့၏ တစ်ခုတည်းသော ရွေးနုတ်ခြင်း ဖြစ်သောကြောင့်တည်း။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စမ်းရေတွင်းမှ ရေကဲ့သို့ တိုးထွက်လာပြီး သင်နှင့် ငါ ပြီးလျှင် အခြားသူတို့နှင့် သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေသူ အားလုံးအဖို့ ပေးထားလေသည်။ မဆုံးနိုင်သော တစ်လှည့်စီဖြစ်ပေါ်မှုဖြင့် နေသာပြီးနောက် လထွက်လာသကဲ့သို့ပင်၊ ဘုရားသခင်၏ အမှုသည် မည်သည့်အခါမျှ မရပ်တန့်သကဲ့သို့၊ သင့်အပေါ်၊ ငါ့အပေါ်နှင့် အခြားသူများအပေါ်၊ ပြီးလျှင် ဘုရားသခင်၏ ခြေရာများနောက် လိုက်ပြီး သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံသော သူအားလုံးအပေါ် ဆောင်ရွက်လေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၉၇ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် ရသည့် အကျိုးကြီးမားလေ

နောက်တစ်ခုသို့- ၆၉၉ အကောင်းဆုံးယဇ်ကို ဘုရားအား ပူဇော်ခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။