၁၁ မြေကြီးပေါ်တွင် ဘုရား၏နိုင်ငံတော်တည်ပြီ
၁ အရှေ့အရပ်မှ လျှပ်စီးသည် လင်းလက်လို့လာပြီ။ လူသားသည် သမ္မာတရားကိုဖော်ပြရန်နှင့် လူသားများအားလုံး ကို ကယ်တင်ရန် လူ့အသွင်ဖြင့် ပေါ်လာပြီ။ မြေကြီးပေါ်တွင် ဘုရား၏နိုင်ငံတော်တည်ပြီ ခေတ် အဆက်ဆက် လူတို့ စောင့်မျှော်ခဲ့ပြီး၊ အချိန်တိုင်းရှာဖွေခဲ့သော ဘုရား အရှေ့တိုင်းတွင် ပေါ်ထွန်းကာ၊ မြေကြီးပေါ်တွင်တောက်ပ။ ဖြောင့်မတ်ခြင်း၏နေမင်း၊ လူသားတို့ မျှော်လင့်ခြင်း ဖြစ်သော ဘုရားသည် အရှေ့အရပ်တွင် ပေါ်ထွန်းပြီ။ သင်တောင့်တနေခဲ့ရသော၊ ကျွန်ုပ်မျှော်လင့်ခဲ့ရသောဘုရား လူ့ဇာတိခံပြီး ကျွန်ုပ်တို့အတွက် ပေါ်ထွက်ပြီး သမ္မာတရားကို ဖွင့်ပြကာ အလင်းအားဆောင်ယူ။ ဘုရားကြွလာပြီ၊ သူသည် ယခုရှင်ဘုရင်ဖြစ်ပြီ။ ဖြောင့်မတ်၊ ဘုန်းအာနုဘော်၊ ချစ်ခြင်း၊ ကရုဏာနှင့် ပြည့်ဝသောဘုရား လူဇာတိဖြင့် လူတို့ ကြားတွင် နှိမ့်ချ သိုသိပ်စွာနေသည်။ လူတို ကို စစ်ကြော၊ စင်ကြယ်၊ စုံလင်စေ ရန် သမ္မာတရားကို သူ ဖွင့်ပြ။ တရုတ်ပြည်တွင်လည်း အောင်မြင်သောလူစုအား သူ ရရှိခဲ့သည်။
၂ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူတို့ကြားတွင် ပေါ်ထွန်းပြီး အမှုပြုသည်။ သူသည် ထာဝ ရအသက် လမ်း ကို လူတို့ထံ ယူဆောင် လာခဲ့ပြီ။ လူသားအားလုံး ကျိုးနွံကြ တိုင်းနိုင်ငံအားလုံး ကိုးကွယ်ကြ။ ဘုရားနိုင်ငံတော်သည် မြေကြီးပေါ်တွင် တည်ပြီ။ သန့်ရှင်းသော တန်ပိုးခရာမြည်လာပြီး ဘုရား၏ဖြောင့်မတ်ခြင်းကို မြင်တွေ့ရပြီ။ မဖြောင့်မတ်သောအရာများကို စင်ကြယ်စေကာ ဘေးဒုက္ခများဖြင့် စာတန်နိုင်ငံပျက်စီး။ ဂုဏ်ယူဝင့်ကြွားခြင်းနှင့် လူအားလုံး ဝမ်းမြောက်။ လူသားတို့တွင် အနှစ်တစ်ထောင်နိုင်ငံတော် ပေါ်ထွန်းလာပြီ။ တိုင်းနိုင်ငံအားလုံး ၏ ကိုးကွယ် ချီးမြှောက်ခြင်း မြေပေါ်တွင်ပြည့်လျှံ။ ယခု လောကနိုင်ငံသည် ခရစ်တော်၏နိုင်ငံဖြစ်လာပြီ။