၂၇၀ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အလွန်စစ်မှန်လှ

အို ဘုရားရှင်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြရင်း နှိမ့်ချကာ ကွယ်ဝှက်လျက် ကိုယ်တော် လူ့ဇာတိခံလေပြီ။

လူသားမျိုးနွယ်က ကိုယ်တော့်ကို ဆန့်ကျင်၍ပင် ဝေဖန်ပြီး၊ ကိုယ်တော်၏ စိတ်နှလုံးကို နက်ရှိုင်းစွာ ထိခိုက်စေသော်လည်း၊ ကိုယ်တော့်ကို မသိပေ။

အို ဘုရားရှင်။ မည်သူ့အတွက် ကိုယ်တော် ငိုကြွေးသနည်း။ ကိုယ်တော်၏ ပူဆွေးမှုကို အဘယ်သူ ခံစားနိုင်သနည်း။

အို ဘုရားရှင်။ မည်သူ့အတွက် ကိုယ်တော် ဝမ်းနည်းပူဆွေးသနည်း။ ကိုယ်တော်၏ စိတ်နှလုံးကို အဘယ်သူ နားလည်နိုင်သနည်း။

လူသားမျိုးနွယ်၏ ထိုးနှက်မှုများကို ကိုယ်တော်တစ်ပါးတည်း ခံသော်လည်း၊ ကျွန်ုပ်တို့ကို ကယ်တင်ရာတွင် ဘယ်သောအခါမျှ မရပ်သည့်အပြင်၊ မထင်မရှားနှင့် လူမသိသူမသိရှိပေ။

ကျွန်ုပ်တို့၏ ပုန်ကန်မှုက ကိုယ်တော်၏ စိတ်နှလုံးကို ကြေကွဲစေ၊ ကျွန်ုပ်တို့၏ ခံစားချက်မဲ့ခြင်းက ကိုယ်တော့်ကို နာကျင်စေ။

အို၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ ယုံကြည်သော်လည်း အဘယ်ကြောင့် ဆန့်ကျင်ကာ ဘေးဖယ်ထားကြသနည်း။

အို၊ ကိုယ်တော့်နောက် ကျွန်ုပ်တို့ လိုက်ကြသော်လည်း ကိုယ်တော်၏ ကျေးဇူးတော်ကိုသာ ဖမ်းဆုပ်ရင်း အဘယ်ကြောင့် ကိုယ်တော့်ကို မချစ်ကြသနည်း။

တရားစီရင်ခြင်းမှတဆင့်သာ ကျွန်ုပ်တို့ နိုးထပြီ၊ ကျွန်ုပ်တို့ အမှန်တကယ် သတိမပြုမိကြကာ ကိုယ်တော်ကို မသိကြပေ။

ကိုယ်တော်၏ တရားစီရင်ခြင်းကို မွေ့ပျော်ဖို့ ကျွန်ုပ်တို့၏ အခွင့်အလမ်းကောင်းမှာ အမှန်တကယ် ကိုယ်တော်၏ ကြီးမြတ်သော ကယ်တင်ခြင်းပေ။


အို ဘုရားရှင်။ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်တို့ကို သန့်ရှင်းစေဖို့ သက်သက်ဖြစ်ပေ။

သို့သော် ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ်တို့ နားမလည်သေး၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ နားလည်မှုလွဲကာ အပြစ်တင်ပေ။

အို ဘုရားရှင်။ မည်သူ့အတွက် ကိုယ်တော် အားထုတ်ကြိုးပမ်းသနည်း။ အိပ်စက်ခြင်းနှင့် အစားအစာတို့ကို မည်သူ့အတွက် ကိုယ်တော် စွန့်လွှတ်သနည်း။

အို ဘုရားရှင်။ မည်သူ့အတွက် သင် စိုးရိမ်မိပါသနည်း။ မည်သူ့ကို သင် စိတ်ရှည်ရှည် စကားပြောဆိုပါသနည်း။

စာတန်အားဖြင့် ကျွန်ုပ်တို့ အန္တရာယ်ပြုခံရကာ နင်းခြေခံရ၊ ကိုယ်တော်၏ မျက်လုံးများဖြင့် ဤအရာကို ကိုယ်တော် မြင်ကာ စိတ်ထဲ မှတ်သည်။

တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ်တို့ထဲ ကယ်တင်ခြင်းကို ကိုယ်တော် ဆောင်ရွက်ပေ။

အို၊ ကျွန်ုပ်တို့က မြေမှုန်သာ ဖြစ်ပေ၊ ကိုယ်တော်၏ ချစ်မြတ်နိုးခြင်းနှင့် ပူပန်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ အဘယ်သို့ ထိုက်တန်သနည်း။

အို၊ မစင်ကဲ့သို့ ကျွန်ုပ်တို့ ညစ်ညမ်းကြပေ၊ ကိုယ်တော်ထံမှ ထိုသို့သော ချီးမြှောက်ခြင်းနှင့် ချစ်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ အဘယ်သို့ ထိုက်တန်သနည်း။

ကျွန်ုပ်တို့၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ်တို့ စက်ဆုပ်မိ၊ ကိုယ်တော်၏ ချစ်ဖွယ်ကောင်းခြင်းနှင့် စေတနာတို့ကို ကျွန်ုပ်တို့ မမြင်နိုင်ပေ။

ကိုယ်တော့်ထံမှ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းတို့ကို ကျွန်ုပ် ယခု ရရှိနိုင်၊ ကိုယ်တော်ကို ကျွန်ုပ်တို့ အမြဲ ချစ်ကာ သစ္စာရှိပါမည်။

အရှေ့သို့- ဘုရားသခင်ကို ထာဝရထိ ကျွန်ုပ် ချစ်မည်

နောက်တစ်ခုသို့- အနန္တတန်ခိုးရှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အဖြူစင်ဆုံးဖြစ်ပေ

သင်သည် သခင် ပြန်ကြွလာခြင်းကို ကြိုဆိုသည့်နည်းလမ်း၊ ဘုရားသခင်နှင့် သာ၍ နီးစပ်သော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို တည်ထောင်သည့်နည်းလမ်း၊ ဘုရားသခင်ထံ ဆုတောင်းသည့်နည်းလမ်း စသည်တို့ကို သင်ယူလေ့လာ လိုပါသလား။ ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ဖို့ အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ့ဇာတိခံယူထားသောဘုရားသာ လူကို အပြည့်အဝကယ်တင်နိုင်

၁ဝိညာဉ်တော်အားဖြင့်လည်းမဟုတ်၊ဝိညာဉ်တော်အနေဖြင့်လည်းမဟုတ်၊ဘုရား လူသားကိုကယ်တင်ဖို့ လာသည်ဝိညာဉ်တော်ကို ဘယ်သူမှမမြင်နိုင်၊...

အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာ ဘုရားသခင်ရဲ့အနှစ်သာရနှင့် စိတ်သဘောထား အလုံးစုံကို အမှုတော်ဆောင်ရွက်ချိန်တိုင်း ထင်ရှားသည်...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်