၁၈၅ ဘုရားသခင်ကို ကျွန်ုပ် မြင်ပြီ

၁ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားကာ သူ့ရှေ့မှောက် လာသည်။ ကျွန်ုပ်၏ မိခင်ထံ ပြန်လာသကဲ့သို့ ကိုယ်တော်၏ နာမတော်ကို ဆုဆောင်းခြင်း၌ ကျွန်ုပ် ဟစ်ကြော်သည်။ ကျွန်ုပ်စိတ်နှလုံးထဲရှိ နာကျင်မှုကို ဘုရားသခင်သိခဲ့။ ကျွန်ုပ် တောင့်တသည့်အရာကို သူသိခဲ့။ ကျွန်ုပ်၏ ဆာငတ်သည့် နှလုံးသားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရေလောင်းခဲ့၊ သူ့မိသားစု၏ ချိုမြိန်မှုကို ကျွန်ုပ် မြည်းစမ်းခဲ့ပြီး၊ ၎င်းတို့၏ နွေးထွေးမှုကို ကျွန်ုပ် တွေ့ကြုံရ။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းက လူ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ထုတ်ဖော်ပြပြီး ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြင့် ကျွန်ုပ် ပြည့်ခဲ့ပြီး ဇာတိပကတိအတွက်သာ အသက်ရှင်ခဲ့သည်ကို နောက်ဆုံးတွင် ကျွန်ုပ် မြင်ခဲ့ရ။ ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ကိုရှာဖွေရာ၌ ကောင်းချီးမင်္ဂလာ ခံစားရဖို့အလို့ငှာသာ သခင်၌ ကျွန်ုပ် ယုံကြည်ခဲ့ပေသည်။ ကြာမြင့်သော အချိန်ကတည်းက လူသားတစ်ဦးအဖြစ် ကျွန်ုပ်၏ အသိစိတ် ပျောက်ဆုံးခဲ့ပေပြီ။ တရားစီရင်ခြင်းနှုတ်ကပတ်တော်များက ကျွန်ုပ်ကို နိုးထစေပြီး၊ ထို့နောက်မှသာ ဘဝတွင် ဦးတည်ရာကို ကျွန်ုပ် ရှာတွေ့ခဲ့။ ခရစ်တော်သည် ကျွန်ုပ်နှလုံးသား၏ချစ်ရသောသူဖြစ်ပြီး၊ သူ့နောက်ကို နီးကပ်စွာလိုက်ဖို့ ကျွန်ုပ်စိတ်နှလုံးထဲ၌ ဆန္ဒရှိသည်။

၂ ဘုရားသခင်၏တရားစီရင်ခြင်းကို ကြုံတွေ့ရခြင်းမှ ကျွန်ုပ် များစွာ ရရှိပြီး သူ့နှုတ်ကပတ်တော်တိုင်းက ကျွန်ုပ်၏နှလုံးသားကို ဓားရှည်တစ်ချောင်းကဲ့သို့ ထိုးဖောက်လေသည်။ မာနထောင်လွှားခဲ့သည့် ကျွန်ုပ်သည် ခေါင်းစိုက်ဦးငိုက်ပြီး အလွန် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် လူ့သဘာဝမရှိခြင်းတို့အတွက် မိမိကိုယ်ကိုယ် မုန်းတီးပေ။ ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့်သာ ကျွန်ုပ် ပြောင်းလဲလေပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ကျွန်ုပ်ကို သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းတို့အတွက် ကျွန်ုပ် ကျေးဇူးတင်မိ။ သူ၏နှုတ်ကပတ်တော်များသည် ခက်ထန်သော်လည်း၊ လူသားကို ကယ်တင်ဖို့သာ ယင်းတို့ကို ပြောခြင်းဖြစ်သည်။ သူ၏ စိတ်နှလုံးသည် အလွန်ကြင်နာပြီး ကောင်းမြတ်သည်။ သူ့နှုတ်ကပတ်တော်တစ်လုံးချင်းစီက သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်ပြပြီး ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ရိုသေလေးမြတ်ခြင်းကို ဖြစ်ပေါ်စေသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်ခြင်း ခံရပြီး ကျွန်ုပ် ဘုရားသခင်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ပြီ။ သူ၏ နှုတ်ကပတ်တော်များကို နေ့တိုင်း ကျွန်ုပ် အရသာခံသည်၊ သူ၏ ရှေ့မှောက် ကျွန်ုပ် အသက်ရှင်ပြီး၊ ကျွန်ုပ်၏ နှလုံးသားက ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း ပြည့်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အလွန်တိကျကာ အလွန် စစ်မှန်ပေ၊ လူ၏ ချီးမွမ်းမှုကိုဖြင့် ကိုယ်တော် ထိုက်တန်။ ဘုရားသခင်ကို ချစ်ကာ သက်သေခံရန်၊ သူ၏နံဘေးတွင် အစဉ်အမြဲ ရှိရန် ကျွန်ုပ် ဆန္ဒရှိပေ။

အရှေ့သို့- ၁၈၄ နိုင်ငံတော်

နောက်တစ်ခုသို့- ၁၈၆ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ မည်မျှပင်စစ်မှန်သည်ကို ကျွန်ုပ် မြင်ရပြီ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။