ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်သည် စုံလင်ခဲ့ပြီ
တွဲဖက်သီချင်းပိုဒ်- နောက်ဆုံးသောကာလ၏ ခရစ်တော် နောက်လိုက်သော ကျွန်ုပ်တို့သည် စကြဝဠာ တစ်ခုလုံးကို သက်သေခံပါသည်၊
ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်စုံလင်ခဲ့ပြီ။
၁။ အနန္တတန်ခိုးရှင်ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားများကို ဖော်ပြရင်း ဇာတိပကတိတွင် ပေါ်ထွန်းလေပြီ။
ကျွန်ုပ်တို့သည် မင်္ဂလာဆောင်လုလင်၏ အသံကို ကြားရလေပြီ၊ ဘုရားသခင် ရှေ့တော်မှောက်သို့ ကျွန်ုပ်တို့ ချီမခံခဲ့ရပြီ။ ကျွန်ုပ်တို့သည်
နောက်ဆုံးတွင် သိုးသငယ်၏ မင်္ဂလာဆောင် စားတော်ပွဲ ကြီးကို တက်ရောက်ခဲ့ပြီ၊ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခဲ့ပြီ။
တရားစီရင်မှုသည် ဘုရားသခင်၏ အိမ်တော်မှ စတင်ခဲ့ပြီ၊ သူ၏ စိတ်သဘောထား အလုံးစုံ ထုတ်ဖော်ပြခဲ့ပြီ။ ဘုရားသခင့်
နှုတ်ကပတ်တော်များ၏ သမ္မာတရားက ကျွန်ုပ်တို့ကို သိမ်းပိုက်သည်။ ဘုရားသခင် ရှေ့တော်မှောက်သို့ ကျွန်ုပ်တို့ ပြိုလဲပြီး၊ သူ့ကို
ကိုးကွယ်ကြသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ဘုရားသခင့်နှုတ်ကပတ်တော်များအားဖြင့် အပြည့်အဝ ဖွင့်ချခံရသည်။ ဘုရားသခင်၏
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကို ကြုံရရင်း၊ ကျွန်ုပ်တို့၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရသည်။
ဘုရားသခင်၏ တရားစီရင်မှုမှတစ်ဆင့် သူ၏ ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းခြင်းကို ကျွန်ုပ်တို့ မြင်ကြသည်။ ဘုရားသခင်၏ လူများသည် သူ့
ရှေ့တော်မှောက်တွင် နာခံကြသည်၊ ပြီးလျှင် ဘုရားသခင်ကို သေသည်အထိ သစ္စာရှိကြသည်။ ဘုရားသခင်သည် အောင်မြင်သောသူတစ်စုကို
ပြုလုပ်ရင်းဖြင့် စာတန်ကို လုံးလုံးလျားလျား အနိုင်ယူလေပြီ။ နောက်ဆုံးသောကာလ၏ ခရစ်တော် နောက်လိုက်သော ကျွန်ုပ်တို့သည် စကြဝဠာ
တစ်ခုလုံးကို သက်သေခံပါသည်၊ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် စုံလင်ခဲ့ပြီ၊ ပြည့်ဝသော ဘုန်းတော်ကို သူရရှိလေပြီ။
၂။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နိုင်ငံတော် ခေတ်ကို အစပျိုးရင်း နောက်ဆုံးသော ကာလ၏ တရားစီရင်မှုကို
ထုတ်ဖော်ဖွင့်ဟလေပြီ။ ဂိုဏ်းဂဏအားလုံး သည် ပြင်းထန်သော ငတ်မွတ်ခြင်းကို ခံစားကြရသည်၊ လူများသည် စစ်မှန်သော လမ်းခရီးကို
မဖြစ်မနေ ရှာဖွေခဲ့ကြရသည်။ ဘုရားသခင်၏ အသံတော်ကို ပညာရှိသတို့သမီးများ ကြားပြီး၊ ဘေးဒုက္ခ မတိုင်မီ ဘုရားသခင်
ရှေ့တော်မှောက်သို့ ချီဆောင်ခြင်းခံရသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လက်ခံရန် ငြင်းဆန်သူများအားလုံးသည် ဘေးဒုက္ခထဲသို့
နှစ်မွန်းကြရလေမည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ သူ၏ အမှုတော်တွင် ဉာဏ်ပညာရှိသည်၊ သူသည် လူများအားလုံးကို
အမျိုးအစားအလိုက် ခွဲခြားသည်။ တိုင်းနိုင်ငံများနှင့် လူများ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့တွင် ဆက်ကပ် အပ်နှံကြလျက်
အလင်းထဲသို့ လာရောက်ကာ၊ နိုင်ငံတော်၏ အလားအလာသည် စိတ်ပြင်းပြထက်သန်သည့် မြင်ကွင်းတစ်ခုကို သရုပ်ပြလျက် အဆုံးမရှိ
တောက်ပနေ သည်။ ထိုဘေးဒုက္ခသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း နှင့် ဘုန်းအာနုဘော်တို့ကို ထုတ်ဖော်လျက် ဆိုးယုတ်သော
လူသားမျိုးနွယ်ကို ချေဖျက်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်း ပြည့်စုံခဲ့ပြီ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည်
အရာအားလုံးကို စုံလင်စေမည်။ ခရစ်တော်၏ နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ပေါ်ထွန်းခဲ့ပြီ၊ ဘုရားသခင်သည် သူ့လူများနှင့်အတူ
နေထိုင်လေသည်။ နောက်ဆုံးသောကာလ၏ ခရစ်တော် နောက်လိုက်သော ကျွန်ုပ်တို့သည် စကြဝဠာ တစ်ခုလုံးကို သက်သေခံပါသည်၊
ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် စုံလင်ခဲ့ပြီ၊ ပြည့်ဝသော ဘုန်းတော်ကို သူရရှိလေပြီ။