မောဘအမျိုးအနွယ်များအပေါ် ဘုရားသခင်၏အလုပ်၏ အဓိပ္ပာယ်
၁
အမှောင်မိုက်ဆုံး နေရာမှ ကျဆင်းသူများကို ကယ်တင်ရန်
မောဘအမျိုးအနွယ်များအပေါ် ဘုရားသခင် အလုပ်လုပ်လေ၏။
၎င်းတို့သည် ကျိန်ဆဲခြင်းကို ခံရသော်လည်း ဘုရားသခင်သည် ၎င်းတို့ထံမှ ဘုန်းတော်ကို ရလို၏၊
အဘယ်ကြောင့်ဆိုသော် အစအဦးတွင် ၎င်းတို့သည်၊
မိမိတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင် ကင်းမဲ့နေကြသော လူများ ဖြစ်ခဲ့ခြင်းကြောင့်ပေတည်း။
စစ်မှန်သော သိမ်းပိုက်ခြင်းမှာ ဘုရားသခင် မရှိသူများအား
ကိုယ်တော့်ကို ချစ်သောသူများအဖြစ် ပြောင်းလဲရန်ပေတည်း။
အသီးအပွင့်မှာ တန်ဖိုးမဖြတ်နိုင်၍ လက်ခံယုံကြည်ဖွယ်ကောင်း၏။
ဤသည်မှာ ဘုန်းတော် တိုးပွားခြင်းပေတည်း၊
နောက်ဆုံးသောကာလ၌ ဘုရားသခင် ရလိုသော ဘုန်းတော်ပေတည်း။
ဤသည်မှာ မောဘအမျိုးအနွယ်များအပေါ်
ပြုသောအလုပ်၏ အဓိပ္ပာယ်ပင်ဖြစ်သည်။
၂
၎င်းတို့ နိမ့်ကျသော်လည်း ကယ်တင်ခြင်းရနိုင်၏။
၎င်းမှာ ဘုရားသခင်၏ ချီးမြှောက်ခြင်းပေတည်း။
ဤအလုပ်၌ လေးနက်သော အဓိပ္ပာယ်ရှိပေ။
တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို ဘုရားသခင် ရမူ၏။
၎င်းတို့အား အပြစ်ဒဏ်ပေးရန် သူ မရည်ရွယ်ဘဲ
ကယ်တင်ရန် ကြွလာခြင်းပေတည်း။
အကယ်၍ သူသည် ဣသရေလကို နောက်ဆုံးသောကာလတွင် သိမ်းပိုက်ခဲ့သော်
၎င်းမှာ တန်ဖိုးမဲ့ပေမည်။
အကယ်၍ အသီးအပွင့်ဖြစ်ထွန်းလျှင်ပင် တန်ဖိုး မရှိပေ၊
ဘုန်းတော်အလုံးစုံကို ဘုရားသခင် ရရန် အကြောင်းမရှိပေ။
အမှောင်ထဲမှ ကျဆင်းသောသူများ ဖြစ်၍
တိုးတက်ခြင်းမရှိဆုံးသော သင်တို့အပေါ် သူ အလုပ်လုပ်မူ၏။
စစ်မှန်သော သိမ်းပိုက်ခြင်းမှာ ဘုရားသခင် မရှိသူများအား
ကိုယ်တော့်ကို ချစ်သောသူများအဖြစ် ပြောင်းလဲရန်ပေတည်း။
အသီးအပွင့်မှာ တန်ဖိုးမဖြတ်နိုင်၍ လက်ခံယုံကြည်ဖွယ်ကောင်း၏။
ဤသည်မှာ ဘုန်းတော် တိုးပွားခြင်းပေတည်း၊
နောက်ဆုံးသောကာလ၌ ဘုရားသခင် ရလိုသော ဘုန်းတော်ပေတည်း။
ဤသည်မှာ မောဘအမျိုးအနွယ်များအပေါ်
ပြုသောအလုပ်၏ အဓိပ္ပာယ်ပင်ဖြစ်သည်။
၃
ဤလူများသည် ဘုရားသခင် တည်ရှိကြောင်း လက်မခံကြပေ၊ သို့မဟုတ် မသိကြပေ။
စာတန်၏ ဖျက်ဆီးခြင်းကို ယခုတိုင် ခံခဲ့ရသဖြင့် ကိုယ်တော့်ကို ၎င်းတို့ မေ့လျော့ခဲ့ကြပြီ၊
စာတန်၏ အမှောင်ချထားခြင်းကြောင့် ကောင်းကင်ဘုံ၌ ဘုရားသခင် တစ်ဆူ ရှိကြောင်းကို ဘယ်သောအခါမျှ မသိကြပေ။
သင်သည် စာတန်ကို ကိုးကွယ်သည်၊ ရုပ်တုဆင်းတုများကို ကိုးကွယ်သည်၊
သင်သည် ဇာတိပကတိ၌ အနိမ့်ကျဆုံးသူ ဖြစ်သည်မဟုတ်လော။
သင်၌ လွတ်မြောက်ခြင်းမရှိ၊ ဒုက္ခဆင်းရဲကို ခံရ၍၊
လူ့အသိုင်းအဝိုင်းတွင် အောက်ခြေတန်စား ဖြစ်ပြီး
လွတ်လပ်စွာ ယုံကြည်ခွင့်ပင် မရှိကြချေ။
ဤအကြောင်းကြောင့် သင်အပေါ် ဘုရားသခင် အလုပ်လုပ်ခြင်း ဖြစ်သည်၊ မှန်ပေသည်။
စစ်မှန်သော သိမ်းပိုက်ခြင်းမှာ ဘုရားသခင် မရှိသူများအား
ကိုယ်တော့်ကို ချစ်သောသူများအဖြစ် ပြောင်းလဲရန်ပေတည်း။
အသီးအပွင့်မှာ တန်ဖိုးမဖြတ်နိုင်၍ လက်ခံယုံကြည်ဖွယ်ကောင်း၏။
ဤသည်မှာ ဘုန်းတော် တိုးပွားခြင်းပေတည်း၊
နောက်ဆုံးသောကာလ၌ ဘုရားသခင် ရလိုသော ဘုန်းတော်ပေတည်း။
ဤသည်မှာ မောဘအမျိုးအနွယ်များအပေါ်
ပြုသောအလုပ်၏ အဓိပ္ပာယ်ပင်ဖြစ်သည်။
ဤသည်မှာ မောဘအမျိုးအနွယ်များအပေါ်
ပြုသောအလုပ်၏ အဓိပ္ပာယ်ပင်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မောဘအမျိုးအနွယ်တို့အား ကယ်တင်ခြင်း၏ ရည်ရွယ်ချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။