၈၃၁ ဘုရားသည် လူကို ဧကန်မုချစုံလင်စေမည်ဟု ယုံကြည်လော့ကျူး

ယနေ့ သင်တို့လုပ်ဆောင်သည့် လုပ်ရပ်များနှင့် အပြုအမူများ အပေါ် အခြေခံကာ သင်သည် အနာဂတ်တွင် ကောင်းချီး ပေးခံရမည် သို့မဟုတ် ကျိန်ဆဲခြင်း ခံရမည် ဟူသည်ကို အဆုံးအဖြတ် ပေးလိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရမည်ဆိုပါက၊ ၎င်းသည် ယခုခေတ် ယခုအချိန် ဖြစ်ရမည်၊ အနာဂတ်တွင် အခြားအခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ယခုလက်ရှိအချိန်တွင် ဘုရားသခင်သည် သင်တို့ကို အမှန်တကယ် စုံလင်စေလိုပြီး၊ ဤအရာသည် အပြောသက်သက် မဟုတ်ပေ။ အနာဂတ်တွင် မည်ကဲ့သို့သော စမ်းသပ်မှုများ သင်တို့ အပေါ် ကျရောက်သည်ဖြစ်စေ၊ မည်သည့်ဖြစ်ရပ်များ ရှိလာသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်ဘေးဒုက္ခများ သင်တို့ကြုံတွေ့ရသည် ဖြစ်စေ၊ ဘုရားသခင်သည် သင်တို့ကို စုံလင်စေလိုသည်၊ ဤအရာသည် တိကျသေချာပြီး မငြင်းနိုင်သည့် အချက်တစ်ခုပင် ဖြစ်သည်။ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်သည် နှစ်ပေါင်းများစွာနှင့် မျိုးဆက်ပေါင်း များစွာတို့ တစ်လျှောက်တွင် ယနေ့ရရှိခဲ့သကဲ့သို့ ကြီးမြတ်သည့်အထွတ်အထိပ်ကို မရရှိခဲ့ဖူးဟူသည့် အချက်တွင် မြင်နိုင်သည်။ ၎င်းသည် အမြင့်ဆုံးသော လောကထဲ ဝင်ရောက်ပြီး ဖြစ်ပြီး၊ ယနေ့တွင် လူသားမျိုးနွယ် အားလုံး အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် မကြုံစဖူးအောင်ပင် ဖြစ်သည်။ အတိတ်ကာလ မျိုးဆက်များထဲမှ မည်သူမျှ ဤကဲ့သို့သော အတွေ့အကြုံကို မရရှိခဲ့ပေ။ ယေရှု၏ ခေတ်ကာလ အချိန်တွင်ပင်လျှင်၊ မျက်မှောက်ကာလ၏ ဗျာဒိတ်တော်များ မရှိခဲ့ပေ။ သင်တို့အား ပြောခဲ့သည့် နှုတ်ကပတ်တော်များ၊ သင်တို့ နားလည်သည့် အရာများနှင့် သင်တို့၏ အတွေ့အကြုံတို့ အားလုံးတို့သည် အထွတ်အထိပ် အသစ်တစ်ခုသို့ ရောက်ရှိပြီးဖြစ်သည်။ စမ်းသပ်မှုများနှင့် ပြစ်တင်ဆုံးမမှုများ အလယ်တွင် အသင်လူတို့သည် ထွက်ခွာမသွားကြပေ၊ ပြီးလျှင် ဤကား ဘုရားသခင်၏ အမှုတော်သည် မကြုံစဖူး ခမ်းနားထည်ဝါမှုကို ရရှိပြီးဖြစ်ကြောင်း သက်သေပြရန် လုံလောက်သည်။ ဤအရာသည် လူသားက ပြုလုပ်နိုင်သည့် အရာတစ်စုံတစ်ရာ မဟုတ်သကဲ့သို့၊ လူသားက ထိန်းသိမ်းထားသည့် အရာ တစ်စုံတစ်ခုလည်း မဟုတ်ပေ၊ ယင်းအစား ၎င်းသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အမှုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် စစ်မှန်သည့် အကြောင်းအရာများစွာမှ၊ ဘုရားသခင်သည် လူသားကို စုံလင်စေဖို ဆန္ဒရှိကြောင်း မြင်တွေ့နိုင်ပြီး၊ ကိုယ်တော်သည် ဧကန်အမှန်ပင် သင်တို့ကို စုံလင်စေနိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ အလုပ်တာဝန်ကို ထမ်းဆောင်ကြသော အယောက်တိုင်းနှင့်ပတ်သက်၍” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၃၀ ယောဘနှင့် ပေတရုကဲ့သို့ သက်သေခံများ ဖြစ်လော့

နောက်တစ်ခုသို့- ၈၃၂ ဤလူစုကို စုံလင်စေရန် ဘုရားသခင် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။