၇၂၀ လူ၏ စစ်မှန်သော နာခံခြင်းကို ဘုရားအလိုရှိ၏ကျူး

၁ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ နာခံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် မွေ့လျော်ခြင်းတို့မှတစ်ဆင့်၊ ပြီးလျှင် ၎င်းတို့၏ အသက်တာများတွင် ဆင်းရဲဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့မှတစ်ဆင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းမှ တစ်ဆင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာကို ၎င်းတို့ ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များအလယ်တွင် အသက်ရှင်ရခြင်းကို စိတ်ကျေနပ်ခြင်းမရှိဘဲလျက်၊ သမ္မာတရားကို တက်ကြွစွာ တမ်းတပြီး ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ ကြိုးစားခြင်း- ဤသည်မှာ ဘုရားသခင်ကို သတိရှိစွာ နာခံခြင်းဟု ဆိုလိုသည့်အရာဖြစ်ပြီး၊ ဤသည်မှာ သူလိုချင်သည့် ယုံကြည်ခြင်း အတိအကျ ဖြစ်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို မွေ့လျော်သည်မှအပ မည်သည့်အရာမျှ မလုပ်ဆောင်သည့် လူများသည် စုံလင်စေခြင်း မခံရနိုင်၊ သို့မဟုတ် မပြောင်းလဲနိုင်ပေ။ ပြီးလျှင် ၎င်းတို့၏ နာခံမှု၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်းများ အားလုံးသည် အပေါ်ယံသာ ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်သကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ သိသည့်အခါတွင်ပင်၊ ၎င်းတို့၏အသိပညာသည် အပေါ်ယံဖြစ်ပြီး၊ “ဘုရားသခင်က လူသားကို ချစ်သည်” သို့မဟုတ် “ဘုရားသခင်သည် လူသားအပေါ် သနားကရုဏာရှိသည်” ဆိုသကဲ့သို့သော အရာများကို ၎င်းတို့ပြောကြ၏။ ဤသည်မှာ လူသား၏ အသက်တာကို ကိုယ်စားမပြုသကဲ့သို့၊ လူတို့က ဘုရားသခင်ကို အမှန်တကယ် သိသည်ကိုလည်း မပြပေ။

၂ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို စစ်ဆေးသောအခါ သို့မဟုတ် ဘုရားသခင်၏ စမ်းသပ်မှုများသည် ၎င်းတို့အပေါ် ကျရောက် သောအခါတွင်၊ လူတို့သည် ဘုရားသခင်ကို မနာခံနိုင်ပါက- ယင်းအစား ၎င်းတို့သည် သံသယဖြစ်လာပြီး ပြိုလဲကျပါက- ၎င်းတို့သည် အနည်းငယ်မှ နာခံခြင်းမရှိကြပေ။ ၎င်းတို့အတွင်းတွင်၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စည်းမျဉ်းများနှင့် ကန့်သတ်ချက်များစွာ ရှိသည်။ နှစ်ပေါင်းများစွာ ယုံကြည်ခြင်း၏ အကျိုးဆက်ဖြစ်သည့် အတွေ့အကြုံဟောင်းများ သို့မဟုတ် ကျမ်းစာပေါ် အခြေခံသည့် အယူဝါဒ အမျိုးမျိုး ရှိကြလေသည်။ ဤကဲ့သို့သော လူများက ဘုရားသခင်ကို နာခံနိုင်မည်လော။ ဤလူများသည် လူသား အရာများဖြင့် ပြည့်နေသည်- ၎င်းတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ နာခံနိုင်မည်နည်း။ ၎င်းတို့၏ “နာခံခြင်း” သည် ၎င်းတို့ကိုယ်တိုင်၏ ကြိုက်နှစ်သက်မှုများအရ ဖြစ်သည်- ဘုရားသခင်သည် ဤသို့သော နာခံမှုကို လိုချင်မည်လော။ ဤသည်မှာ ဘုရားသခင်ကို နာခံခြင်း မဟုတ်ဘဲ အယူဝါဒကို လိုက်နာခြင်းဖြစ်သည်။ ယင်းသည် မိမိကိုယ်ကိုယ် ကျေနပ်စေခြင်းနှင့် မိမိကိုယ်ကိုယ် နှစ်သိမ့်စေခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင်ကို နာခံခြင်းဖြစ်သည်ဟု သင် ပြောပါက၊ သင်သည် သူ့ကို ပြစ်မှားစော်ကားသည် မဟုတ်လော။ သင်သည် အဲဂုတ္တုပြည်သား ဖာရောဘုရင်တစ်ပါးဖြစ်သည်။ သင်သည် မကောင်းမှု ကျူးလွန်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းအလုပ်တွင် အထူးရည်ရွယ်ချက်ဖြင့် ပါဝင်ပတ်သက်ပေသည်- ဤသည်မှာ သင့်ကို ဘုရားသခင် အစေခံစေလိုသည့်ပုံလော။ သင် အမြန်နောင်တရပြီး မိမိကိုယ်ကိုယ် သိမြင်မှုအချို့ရှိဖို့ ကြိုးစားသည်က အကောင်းဆုံး ဖြစ်မည်။ သင်သည် ကြားဖြတ်မည် မဟုတ်သကဲ့သို့ နှောင့်ယှက်မည်မဟုတ်။ သင်၏နေရာကို သင်သိမည် ဖြစ်သည်၊ ဤနည်းဖြင့် သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း အတွက် အပြစ်ပေးခံရမည်မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၁၉ ဘုရား၏အမှုကို ဧကန်အမှန် နာခံသူတို့သည် သူ၏ရယူခြင်းကို ခံရနိုင်၏ကျူး

နောက်တစ်ခုသို့- ၇၂၁ ဘုရားကို မနာခံသူတို့သည် ဘုရားကို ဆန့်ကျင်သူများတည်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၄၃ အရာအားလုံး ဘုရား၏လက်ထဲမှာ

၁ တစ်ချိန်ကဘုရားသခင် က ဒီလိုပြောခဲ့တယ်ဘုရားသခင်ပြောသမျှသည် အတည်ဖြစ်ပြီး၊ ဖြစ်လာလိမ့်မယ်။ဘယ်သူမှ ပြောင်းလဲလို့မရပါ။ပြောခဲ့တဲ့စကားဖြစ်ဖြစ်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။