၄၅၇ သန့်ရှင်းသောဝိညာဉ်တော်၏အမှုသည် လူကို တက်တက်ကြွကြွ တိုးတက်စေ၏ကျူး

၁ လောလောဆယ်တွင်၊ လူတို့ကို အသုံးပြုရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အမှုအရာများ ပြီးစီးရန်အလို့ငှာ ၎င်းတို့၏ လိုလားအပ်သော အစိတ်အပိုင်းများကို အသုံးပြုသည်သာမက၊ ၎င်းတို့၏ မလိုလားအပ်သော အစိတ်အပိုင်းများကိုလည်း စုံလင်စေပြီး ပြောင်းလဲစေသည်။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။

၂ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏စိတ်နှလုံးကို ငြိမ်သက်စေနိုင်သည်ဟု ယူဆပါစို့၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ ချီးမွမ်းမှုကို သင် ရရှိခြင်း ရှိ မရှိဆိုသည်နှင့် ဘုရားသခင်ကို သင် ကျေနပ်စေခြင်း ရှိ မရှိ ဆိုသည်အတွက် အဓိကသော့ချက်မှာ သင် တက်တက်ကြွကြွ ဝင်ရောက်နိုင်ခြင်း ရှိ မရှိဆိုသည့်အရာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က လူတစ်ဦးကို ဉာဏ်အလင်းဖွင့်ပေးပြီး ၎င်းတို့ကို အသုံးပြုသောအခါ ယင်းက ၎င်းတို့အား ဘယ်သောအခါမျှ အပျက်သဘော မဆောင်စေဘဲ အမြဲတစေ တက်တက်ကြွကြွ တိုးတက်စေသည်။ ဤလူသည် အားနည်းချက်များ ရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ဘဝများကို အသက်ရှင် နေထိုင်ပုံအား ထိုအားနည်းချက်များအပေါ် အခြေခံခြင်းကို ရှောင်ရှားနိုင်သည်။ ၎င်းတို့၏အသက်တာ၌ ကြီးထွားမှုနှောင့်နှေးခြင်းကို ရှောင်ရှားနိုင်ကာ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းဖို့ ဆက်လက် ကြိုးစားနိုင်ပေသည်။ ဤသည်မှာ စံနှုန်းတစ်ခုပေတည်း။ ဤအရာကို သင် ရယူနိုင်ပါက ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင်ရရှိပြီးဖြစ်ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် လူတစ်ဦးအား တက်ကြွစွာ ဝင်ရောက်လာစေနိုင်သကဲ့သို့ အပျက်သဘောဆောင်သော ကဏ္ဍများအကြောင်း သိရှိလာပြီးနောက် ၎င်းတို့ကို ထုတ်ပယ်နိုင်စွမ်း ရှိစေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၄၅၆ သင်၏ဝင်ရောက်မှု၌ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကို ဆောင်ထားလော့ကျူး

နောက်တစ်ခုသို့- ၄၅၈ လူအပေါ် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုသည့်အခါကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။