၈၆၆ ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုပေါ်လာခြင်း၏ အဓိပ္ပာယ်ကျူး

၁ လူတို့က သူ့ကို ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် သူ့ထံမှ ဖယ်ရှားခြင်းကို သူမမြင်လိုပေ။ သူသည် လူတို့က သူ့ကိုနားလည်ရန်၊ သူ့အနီးသို့လာရန်နှင့် သူ၏မိသားစု ဖြစ်ရန်သာ အလိုရှိ၏။ ထို့ကြောင့် သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင်၊ သခင်ယေရှုသည် သူ၏ လူ့ဇာတိပုံသဏ္ဌာန်ဖြင့် လူတို့ရှေ့၌ ပေါ်ထွန်းလာဆဲဖြစ်ပြီး ၎င်းတို့နှင့်အတူ စားသောက်ဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကို မိသားစုအဖြစ် မြင်သကဲ့သို့၊ လူသားမျိုးနွယ်ကိုလည်း သူ့အား ၎င်းတို့ကို အချစ်မြတ်နိုးဆုံးသော သူတစ်ဦးအဖြစ် မြင်စေလိုသည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် လူတို့ကို အမှန်တကယ် ရရှိနိုင်ပြီး၊ ဤနည်းဖြင့်သာ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ကာ ကိုးကွယ်နိုင်ပေသည်။ သခင်ယေရှုသည် သူ၏ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သူပြောဆိုကာ လုပ်ဆောင်ခဲ့သည့်အရာ တသီတတန်းတို့တွင် အလွန်အလေးအနက်ထားသည့် အတွေး ထားရှိခဲ့သည်ဟု ဆိုနိုင်သည်။ ဤအရာများသည် လူသားမျိုးနွယ်အပေါ် ဘုရားသခင် ကိုင်စွဲထားခဲ့သည့် ကြင်နာခြင်းနှင့် ချစ်ခင်ခြင်းတို့ဖြင့် ပြည့်ခဲ့သကဲ့သို့၊ လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏အချိန်အတောအတွင်း လူသားမျိုးနွယ်နှင့် သူတည်ထောင် ခဲ့ဖူးသည့် ရင်းနှီးသော ဆက်ဆံရေးအတွက် သူထားရှိခဲ့သော ချစ်ခင်မြတ်နိုးမှုနှင့် တိကျစေ့စပ်သော စောင့်ရှောက်မှုတို့နှင့်လည်း ပြည့်ခဲ့ပေသည်။ ထို့အပြင် ၎င်းတို့သည် လူ့ဇာတိ၌ ရှိခဲ့သည့် သူ၏အချိန် အတောအတွင်းတွင် သူ၏နောက်လိုက်တို့နှင့်အတူ စားသောက်ခြင်းနှင့် အသက်ရှင်ခြင်းနှင့်ဆိုင်သည့် သူ၏ အသက်တာအတွက် သူခံစားခဲ့ရသော တသလွမ်းဆွတ်ခြင်းနှင့် တောင့်တမှုတို့နှင့် ပြည့်ခဲ့ပေသည်။

၂ ဘုရားသခင်သည် လူသားနှင့် ဘုရားသခင်အကြား ဝေးကွာခြင်းကို လူတို့အား မခံစားစေလိုခဲ့သကဲ့သို့၊ လူသားမျိုးနွယ်အား မိမိတို့ကိုယ်ကိုယ် ဘုရားနှင့် ဝေးကွာအောင်ပြုလုပ်ရန်လည်း အလိုမရှိခဲ့ပေ။ ထို့ထက်ပင်ပို၍ သူ၏ ရှင်ပြန်ထမြောက်ခြင်းနောက်တွင် သခင်ယေရှုသည် လူတို့နှင့် အလွန်ရင်းနှီးခဲ့သော သခင် မဟုတ်တော့ကြောင်း၊ သူသည် ဝိညာဉ်လောကကို ပြန်သွားခဲ့ပြီးဖြစ်သောကြောင့်၊ လူတို့ လုံးဝ မမြင်နိုင်၊ သို့မဟုတ် လက်လှမ်းမမီနိုင်သော ခမည်းတော်ဆီသို့ ပြန်သွားခဲ့ပြီး ဖြစ်သောကြောင့် လူသားမျိုးနွယ် နှင့်အတူ မရှိတော့ကြောင်းကို လူသားမျိုးနွယ်အား သူ မခံစားစေလိုခဲ့ပေ။ သူနှင့် လူသားမျိုးနွယ်ကြားတွင် အဆင့်အတန်း၌ ကွာခြားမှု တစ်ခုတစ်လေ ထွက်ပေါ်သည်ကို လူတို့အား မခံစားစေလိုခဲ့ပေ။ သူ့နောက်ကိုလိုက်လိုသော်လည်း၊ သူ့ကို လေးစားသမှုဖြင့် ခပ်တန်းတန်း ဆက်ဆံကြသည့် လူတို့ကို ဘုရားသခင် မြင်သောအခါ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် သူ့ထံမှ အလွန်ဝေးကွာပြီး၊ ၎င်းတို့၏ စိတ်နှလုံးများကို ရရှိဖို့ သူ့အတွက် အလွန်ခက်ခဲမည်ဟု အဓိပ္ပာယ်ရသောကြောင့်၊ သူ့နှလုံးသားသည် နာကျင်ရလေသည်။

၃ သခင်ယေရှုလုပ်ဆောင်ခဲ့သော ဤအရာ အားလုံးသည် သူ့ကို မြင်ခဲ့သည့် လူတိုင်းကို သခင်သည် ပြောင်းလဲမသွားကြောင်းကို ခံစားစေခဲ့သည်။ သူသည် ကားတိုင်၌ သံမှိုရိုက်ခံခဲ့ရပြီး သေခြင်းကို ကြုံတွေ့ခဲ့ရပြီးဖြစ်သော်လည်း၊ သူသည် ရှင်ပြန်ထမြောက်ခဲ့ပြီးဖြစ်ကာ လူသားမျိုးနွယ်ကို ထားမသွားခဲ့ပေ။ သူသည် လူသားများအလယ်တွင်ရှိဖို့ ပြန်လာခဲ့ပြီးဖြစ်ကာ သူနှင့် ပတ်သက်သည့် မည်သည့်အရာမျှ ပြောင်းလဲမသွားခဲ့ပေ။ သူဖြစ်ခဲ့သည့်အတိုင်း လူသားသည် ရင်းနှီးမှုကို လူတို့အား ခံစားခွင့်ပေးခဲ့သည်၊ လူတို့ကို စိတ်အေးသက်သာ ခံစားခွင့်ပေးခဲ့ပြီး၊ ပျောက်ဆုံးသွားခဲ့ပြီး ဖြစ်သည့် အရာတစ်ခုကို ပြန်လည်ရရှိခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို ခံစားခွင့်ပေးခဲ့သည်။ ကြီးမားသည့် စိတ်အေးချမ်းသာမှုဖြင့်၊ ၎င်းတို့သည် လူသားမျိုးနွယ်အား ၎င်းတို့၏အပြစ်များမှ ခွင့်လွှတ်နိုင်သော ဤလူသားကို ရဲဝံ့စွာနှင့် စိတ်ချယုံကြည်မှုရှိစွာ စတင် ကိုးစားကာ ကြည်ညိုခဲ့ကြသည်။ ၎င်းတို့သည် နှောင့်နှေးခြင်းမရှိဘဲ သခင်ယေရှု၏ အမည်နာမ၌လည်း စတင်ဆုတောင်းခဲ့ကြသည်၊ သူ၏ ကျေးဇူးတော်၊ သူ၏ကောင်းချီးမင်္ဂလာကို ရရှိရန်နှင့် သူထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိရန်၊ သူ့ထံမှ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုကို ရရှိရန် စတင် ဆုတောင်း ခဲ့ကြသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၆၅ လူသားမျိုးနွယ်၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်မှုကြောင့် ဘုရားဝမ်းနည်းကြေကွဲ၏ကျူး

နောက်တစ်ခုသို့- ၈၆၇ ဘုရားသခင်သည် လူသား၏ထာဝရ အထောက်အပံ့ ဖြစ်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။