လူသား ပေါ်ထွန်းလာခဲ့ပြီ
ကမ္ဘာမြေကြီး၏ အရှေ့အရပ်မှ
လင်းရောင်ခြည်တစ်ခု ထွက်ပေါ်ပြီ
အနောက်အရပ်ဘက် တစ်လျှောက်လုံး ထွန်းလင်းလျက်နေ။
မြေကြီးပေါ် လူသား ဆင်းကြွခဲ့လေပြီ။
၁
ကယ်တင်ရှင် တဖန်ကြွခဲ့ပြီ၊
သူသည် အနန္တတန်ခိုးရှင် ဘုရာသခင်ပေတည်း။
သမ္မာတရားကို ဖော်ပြလျက် ခေတ်သစ်တစ်ခုကို သူ အစပျိုးခဲ့ပြီ။
လူသား ပေါ်လာခဲ့ပြီ။ (ထိုအရာ မှန်သလော)
ဘုရားသခင် ကြွလာခဲ့ပြီ။ (အို)
လူသားမျိုးနွယ်ထံ သူ ထာဝရအသက်လမ်း ဆောင်ကျဉ်းလာသည်
ကောင်းကင်သစ်၊ မြေကြီးသစ်၊ ခေတ်ကာလသစ်၊
လူ့သဘာဝသစ်၊ လမ်းခရီးသစ်၊ အသက်သစ် ဆောင်လာပြီ။
ယေရုရှလင်မြို့သစ် ကမ္ဘာမြေပေါ် ဆင်းသက်ပြီ။
၂
ဘုရားသခင်၏ မိသားစုထံ ကျွန်ုပ်တို့ ပြန်ခဲ့ပြီး
အသင်းတော် အသက်တာဖြင့် ရှင်ပြီ၊
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် စားသောက်လျက်၊
သူ၏ ချစ်ခြင်းမေတ္တာ၌ ကြီးထွားလျက်နေ။
မိတ်ဆွေ လာ၍ သီဆိုလေ။ (ဟုတ်ပြီ)
ကျွန်ုပ် ကခုန်မည်။ (ကခုန်မည်)
ကျွန်ုပ်တို့ဘဝ အမှန်တကယ် ပျော်ရွှင်လေပြီ (ပျော်ရွှင်လေပြီ)။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အပေါင်းအသင်းများဖြစ်ကြသည်။
(ကျွန်ုပ်တို့ အမှန်တကယ် ပျော်မွေ့ကြလေ။)
ကျွန်ုပ်တို့၌ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ရှိပေ။
(ကျွန်ုပ်တို့ လွန်စွာ ပျော်ရွှင်လေ။)
ခရစ်တော်၏နိုင်ငံတော်မှာ နွေးထွေးသော နေအိမ်ပေ။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်၊
ကျွန်ုပ်တို့ ချစ်ခင်မြတ်နိုးရသူ။
သူ မိန့်မြွက်လေသမျှ စာကြောင်းတိုင်း သမ္မာတရား ဖြစ်ပေ၊
ကျွန်ုပ်တို့အပေါ် ရေလောင်းပြီ။
အဘယ်သို့ ပြုမူရမည်၊ အဘယ်သို့ ရိုးဖြောင့်ရမည်ကို
ကျွန်ုပ်တို့အား သူ သွန်သင်လေ။
ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအကြား၌ အသက်ရှင်လျက်
စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချစ်ပေ။
၃
လူအပေါင်း၏ စိတ်နှလုံးများကို ဘုရားသခင်၏နှုတ်ကပတ်တော်
တရားစီရင်ခြင်းက သိမ်းပိုက်လေ။
သန့်စင်စေခဲ့သော ဘုရားသခင်၏ လူအများ
ကိုယ်တော့်အတွက် သက်သေခံကြပေ
ကျွန်ုပ်တို့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပါစေ
(ကျွန်ုပ်တို့၏ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်မလေ)၊
ဘုရားသခင်၏ ချစ်မေတ္တာကို တုံ့ပြန်လျက်
(ဘုရားသခင်အတွက် သက်သေခံရပ်တည်လျက်)၊
ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂလိတရားကို ပျံ့နှံ့စေမလေ
(ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂလိတရား)။
ဘုရားသခင်၏နှုတ်ကပတ်တော် တစ်ကမ္ဘာလုံး ကူးစက်ပျံ့နှံ့လေပြီ။
ဘုရားသခင်၏သန့်ရှင်းသော နာမတော်ကို လူအပေါင်း ချီးမွမ်းပြီ။
ခရစ်တော်၏နိုင်ငံတော် ကမ္ဘာမြေကြီးပေါ်၌ တည်လေပြီ။
ကျွန်ုပ်တို့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပါစေ
(ကျွန်ုပ် တို့၏ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်မလေ)၊
ဘုရားသခင်၏ ချစ်မေတ္တာကို တုံ့ပြန်လျက်
(ဘုရားသခင်အတွက် သက်သေခံရပ်တည်လျက်)၊
ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂလိတရားကို ပျံ့နှံ့စေမလေ
(ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂလိတရား)။
ဘုရားသခင်၏နှုတ်ကပတ်တော် တစ်ကမ္ဘာလုံး ကူးစက်ပျံ့နှံ့လေပြီ။
ဘုရားသခင်၏သန့်ရှင်းသော နာမတော်ကို လူအပေါင်း ချီးမွမ်းပြီ။
ခရစ်တော်၏နိုင်ငံတော် ကမ္ဘာမြေကြီးပေါ်၌ တည်လေပြီ။
ခရစ်တော်၏နိုင်ငံတော် ကမ္ဘာမြေကြီးပေါ်၌ တည်လေပြီ။