၉၁၅ ဖန်ဆင်းရှင်၏ အာဏာအောက်၌ ရှိသမျှသည် လုံးလုံးလျားလျား စုံလင်၏

၁ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးဖြစ်သော ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့် သတ္တဝါများနှင့် မလှုပ်ရှားနိုင်သည့် သတ္တဝါများ အပါအဝင်၊ ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ ခြံမွေးတိရစ္ဆာန်များစသည့် ဤအရာများ အားလုံးသည် ဘုရားသခင်၏အမြင်တွင် ကောင်းမွန်ကြ၏၊ ထို့အပြင် ဘုရားသခင်၏အမြင်တွင် ဤအရာများသည် သူ၏အစီအစဉ်နှင့်အညီ အမြင့်ဆုံးစုံလင်မှုကို ရရှိခဲ့ပြီး ဘုရားသခင် ပြီးမြောက်လိုသည့် စံသတ်မှတ်ချက်များကို ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်သည် တစ်ဆင့်ပြီးတစ်ဆင့် သူရည်မှန်းထားသည့် အလုပ်များကို သူ၏အစီအစဉ်နှင့်အညီ လုပ်ခဲ့သည်။ သူဖန်ဆင်းရန်ရည်မှန်းခဲ့သည့် အရာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၏ ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ သြဇာအာဏာဆိုင်ရာ ထင်ဟပ်မှုဖြစ်ကာ သူ၏သြဇာအာဏာ ပုံပေါ်လာခြင်းဖြစ်သည်။ ဤပုံပေါ်လာမှုများကြောင့် သတ္တဝါအားလုံးသည် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို၊ ဖန်ဆင်းရှင်၏ ပံ့ပိုးမှုကို ကျေးဇူးမတင်ဘဲ မနေနိုင်ကြတော့ပေ။

၂ ဘုရားသခင်၏ ဆန်းကြယ်သည့် လုပ်ဆောင်မှုများသည် ထင်ရှားခဲ့သည့်အတွက် ဤကမ္ဘာသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးနှင့် တစ်စပြီးတစ်စ ပြည့်ဖောင်းလာခဲ့ပြီး ကမ္ဘာသည် ပရမ်းပတာဖြစ်ခြင်း၊ အမှောင်ထုဖြစ်ခြင်းမှ ကြည်လင်ခြင်းနှင့် တောက်ပခြင်းဆီသို့၊ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက်နေရာမှ ရှင်သန်လာခြင်းနှင့် အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုဆီသို့ ကူးပြောင်းလာခဲ့သည်။ ဖန်ဆင်းထားသည့် အရာအားလုံးအထဲတွင်၊ အကြီးမှ အသေး၊ အသေးမှ သေးငယ်မှုန်မွှားသည့် အရာအထိ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးအားဖြင့် ဖန်ဆင်းခြင်းမခံထားရသည့်အရာ တစ်ခုမျှမရှိဘဲ သတ္တဝါတိုင်း၏ ဖြစ်တည်မှုတွင် ထူးခြားသည့်၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုးရှိသည်။ သူတို့၏ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံတို့ ကွဲပြားနေစေကာမူ သူတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် ဖြစ်တည်ရန်အတွက် ဖန်ဆင်းရှင်၏ ပြုလုပ်ခြင်းကို ခံရသည်။

၃ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိသော အရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအတွက် သံစုံသီချင်းများ သီဆိုကြရမည်။ နေ့သစ်တွင် သူ၏လုပ်ဆောင်မှုအတွက် အလွန်ကောင်းမွန်သည့် နိဒါန်းသီချင်းများကို စတင်ကြရမည်။ ဤအချိန်တွင် ဖန်ဆင်းရှင်သည်လည်း သူ၏စီမံခန့်ခွဲမှု အမှုတော်အတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်မည်။ ဘုရားသခင် သတ်မှတ်ပေးထားသည့် နွေဦးရာသီ၏ လတ်ဆတ်သော အညွှန့်အဖူးပေါက်ခြင်း၊ နွေရာသီ၏ ရင့်မှည့်ခြင်း၊ ဆောင်းဦးရာသီ၏ ရိတ်သိမ်းခြင်း၊ ဆောင်းရာသီ၏ သိုလှောင်ခြင်းဆိုင်ရာ နိယာမသဘောတရားအရ အရာအားလုံးသည် ဖန်ဆင်းရှင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် လိုက်ဖက်ညီလျက်ရှိပြီး သူတို့၏ ကိုယ်ပိုင်နေ့သစ်၊ အသစ်စတင်ခြင်းနှင့် ဘဝသစ်ပုံစံတို့ကို ကြိုဆိုကြမည်။ ဖန်းဆင်ရှင်၏ သြဇာအာဏာဆိုင်ရာ အချုပ်အခြာအာဏာအောက်တွင် နေ့ရက်တိုင်းကို ကြိုဆိုကြရန် သူတို့သည် အသက်ရှင်သွားကြမည်ဖြစ်ပြီး အဆုံးမရှိသည့် ဆက်တိုက်ဖြစ်ပေါ်မှုနှင့် မျိုးပွားကြလိမ့်မည်...

“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၉၁၄ အရာခပ်သိမ်းသည် ဖန်ဆင်းရှင်ရဲ့ အာဏာ ထင်ရှားဖော်ပြမှု

နောက်တစ်ခုသို့- ၉၁၆ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။