၁၉၃ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အသစ်တစ်ဖန် ကျွေးမွေးပြုစုသည်

၁ နှစ်ပေါင်းများစွာကြာ သခင့်ကို ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ တစ်လျှောက်လုံး ကျွန်ုပ် လိမ်ညာခဲ့သည်၊ အပြစ်ပြုခဲ့ပြီး အပြစ်တရား၏ ချည်နှောင်မှုများကို မည်သည့်အခါတွင်မျှ မလွတ်မြောက်ဘဲ ကျွန်ုပ်၏ အပြစ်များကို ဝန်ချခဲ့သည်။ သခင့်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံရင်းနှင့် ဆင်းရဲဒုက္ခခံရင်း၊ ကျွန်ုပ်သည် သူ ကြွလာခဲ့ချိန် ကောင်းကင်ဘုံထဲသို့ ချီဆောင်ခံရခွင့်ရှိသည်ဟု မိမိကိုယ်ကိုယ် တွေးခဲ့သည်။ သို့သော် ဘုရားသခင်၏ အသံတော်ကို ကြားပြီးနောက်တွင်၊ ကျွန်ုပ်သည် ကျိုးကြောင်းမမြင်ဘဲ ဝေဖန်မှုကို ချမှတ်ခဲ့သည်၊ ကျွန်ုပ်သည် မရှာဖွေ သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မရှိခဲ့၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို ဝေဖန်မှု ချမှတ်ရန်နှင့် ရှုတ်ချရန် သမ္မာကျမ်းစာ၏ စကားများနှင့် စကားရပ်များကို အသုံးပြုရင်း သင်းအုပ်ဆရာများနောက် လိုက်ခဲ့သည်။ သတိလစ်လျက်၊ အမှောင်ထဲသို့ ကျွန်ုပ်လဲကျခဲ့ပြီး၊ ကပ်ဘေးများမတိုင်မီ ချီဆောင်ခံရဖို့ အခွင့်အရေး လွဲလုနီးပါး ဖြစ်ခဲ့သည်။ အကြိမ်ကြိမ်၊ ဘုရားသခင်သည် ကျွန်ုပ်ထံ ဧဝံဂေလိတရား ဟောဖို့ လူတို့ကို စေလွှတ်ခဲ့ပြီး၊ ၎င်းတို့သည် ကျွန်ုပ်၏ နှလုံးသား တံခါးကို နောက်ဆုံးတွင် ဖွင့်ပေးခဲ့ကြသည်- အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်တွင်၊ ကျွန်ုပ် နိုးထခဲ့သည်- ဤသည်မှာ ဘုရားသခင်၏ အသံတော်ဖြစ်သည်။ ကျွန်ုပ်၏ နှလုံးသားသည် နောင်တဖြင့် ဝန်းရံဖိစီးခံခဲ့ရကာ ဘုရားသခင်၏ မျက်နှာပေါ် ကြည့်ရန် အလွန် ရှက်ရွံ့ခဲ့သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ အင်မတန် ကြီးမားသော ချစ်ခြင်းကို မွေ့လျော်ရန် အမှန်တကယ် မသင့်တော်ပေ။

၂ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ဘုရားသခင်၏ ပြုစုပျိုးထောင်ခြင်း ကျွန်ုပ် ခံခဲ့ရပြီးဖြစ်သော်လည်း၊ သမ္မာတရားကို ကျွန်ုပ် မလိုက်စားခဲ့၊ ရာထူးအဆင့်အတန်း၏ ကောင်းချီးမင်္ဂလာများကို ကျွန်ုပ် တပ်မက်ခဲ့ပြီး ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် စစ်မှန်သော အကျိုးတရား တစ်ခုတစ်လေရှိရန် မကြိုးပမ်းခဲ့။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဟုတ်လှပြီဟု အလွန်ဘဝင်ခိုက်လျက် ခံစားရင်း၊ စကားများနှင့် အယူဝါဒများကို အမြဲ ဟောပြောရင်းနှင့် ကြွားဝါရင်း၊ ကျွန်ုပ်ကို ချီးမြှောက်ခြင်းနှင့် ကြည်ညိုလေးစားခြင်းအဖြစ်သို့ အခြားသူတို့အား လိမ်လည်လှည့်ဖြား၍ ခိုင်းရင်း၊ ကျွန်ုပ်၏ တာဝန်ကို လုပ်ချင်ကိုင်ချင် စိတ်မရှိ ဖြစ်တတ်သည်။ ပြဿနာတစ်ခု ဖြစ်ပေါ်သည့်အချိန်တိုင်း၊ ကျွန်ုပ်သည် ယင်းကို အခြားသူတို့နှင့်အတူ မဆွေးနွေးခဲ့။ ကျွန်ုပ်သည် အမြဲ အဆုံးအဖြတ်ပေးချင်ခဲ့ပြီး၊ မသိလိုက်ဘဲနှင့် ဘုရားသခင်ကို ခုခံတတ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကို ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့် ဖော်ထုတ်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်၊ သို့သော် ကျွန်ုပ်သည် သူ၏ တရားစီရင်ခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့သည်။ ဘုရားသခင်ကို ကျွန်ုပ်၏ ခေါင်းမာသော ဆန့်ကျင်ပုန်ကန်မှုက သူ၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး၊ စုံလင်စေခြင်းခံရဇို့ အခွင့်အရေးများစွာ ကျွန်ုပ် လွဲချော်ခဲ့သည်။ ယနေ့တွင်ပင်၊ ကျွန်ုပ်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်ရသေးပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန်နှင့် ဘုရားသခင်ကို သက်သေခံရန် မည်သည့်အရာကို ကျွန်ုပ် အသုံးပြုနိုင်သနည်း။ အို ဘုရားသခင်၊ ကျွန်ုပ် နောင်တရကာ အသစ်တစ်ဖန် စတင်ပြီး သမ္မာတရားကို လိုက်စားရန် ဆန္ဒရှိပါသည်။ အားလုံးကို တစ်ဖန် လုပ်ဆောင်ရန် ကျွန်ုပ် ဆန္ဒရှိပါသည်။

၃ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားအဖို့ ဓားတစ်စင်းကဲ့သို့ တရားစီရင်ခဲ့ပြီး ကျွန်ုပ် မည်သို့ အကြီးအကျယ် ဖော်ပြန်ပျက်စီးခဲ့ပြီးဖြစ်သည်ကို ကျွန်ုပ် မြင်ခဲ့ရ။ ကျွန်ုပ်သည် လူသားနှင့် မည်သည့်အရာမျှ မတူခဲ့။ကျွန်ုပ်သည် အလွန် မာနထောင်လွှားခဲ့သည်မှာ မည်သည့် ဆင်ခြင်တုံတရား တစ်စက်မျှ သို့မဟုတ် ဘုရားသခင်အပေါ် မည်သည့် ကြောက်ရွံ့မှုနှင့် နာခံမှုမျှမရှိခဲ့ပေ။ ကျွန်ုပ်၏ စိတ်သဘောထား မပြောင်းလဲ့ခဲ့သေးပေ၊ ကျွန်ုပ်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ခဲ့သည်၊ ကျွန်ုပ်သည် ဘုရားသခင်ကို ခုခံသည့် အမျိုးအစား အမှန်တကယ် ဖြစ်ခဲ့သည်။ ထပ်သလဲလဲဖြစ်သော တရားစီရင်ခြင်းနောက်တွင်မှ ကျွန်ုပ် နိုးထခဲ့သည်။ ထိုအခါမှ ကျွန်ုပ်၏ စိတ်နှလုံးတွင် နောင်တနှင့် မိမိကိုယ်ကိုယ် စက်ဆုပ်မှု ရှိခဲ့သည်။ နာကျင်မှုအလယ်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ လဲကျသည့် အခြေအနေမှ နောက်တစ်ကြိမ် ထရပ်နိုင်စေရင်း၊ ကျွန်ုပ်ကို နှစ်သိမ့်ကာ ခွန်အားပေးခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ လူသား၏ တာဝန်ကို‌ ထမ်းဆောင်ရန် သစ္စာရှိကာ နာခံဖို့ ကျွန်ုပ် ဆန္ဒရှိသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို တရားစီရင်ခြင်းနှင့် သန့်ရှင်းခြင်းတို့အတွက် ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းပါသည်။ သူ၏ ချစ်ခြင်းမေတ္တာ မည်မျှ ကြီးမြတ်သည်ကိုသာ ကျွန်ုပ် တွေ့ကြုံရလေပြီ- အို ဘုရားသခင်။ သမ္မာတရားကို ကောင်းမွန်စွာ လိုက်စားရန်၊ အသစ်သော ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ဖို့နှင့် ကိုယ်တော်၏ စိတ်နှလုံးကို နှစ်သိမ့်မှု ဆောင်ကြဉ်းရန် ကျွန်ုပ် ဆန္ဒရှိသည်။

အရှေ့သို့- ၁၉၂ ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို အပြစ်မှ ကယ်တင်သည်

နောက်တစ်ခုသို့- ၁၉၄ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် သန့်စင်ခံရခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။