သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

ဘုရားသခင်ကို သင် ယုံကြည်ခြင်း လမ်းကြောင်းကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကျော်ကြာ လျှောက်လှမ်းပြီးဖြစ်ကောင်း ဖြစ်နိုင်သကဲ့သို့၊ သင့်ဘဝတွင် ဤနှစ်ကာလများအတောအတွင်း အခက်အခဲများစွာ ကြံ့ကြံ့ခံရပြီး ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် သင့်အနေဖြင့် အခက်အခဲများစွာ ကြံ့ကြံ့မခံရဘဲ၊ ယင်းအစား ကျေးဇူးတော် များစွာကို လက်ခံရရှိပြီး ဖြစ်ကောင်းဖြစ်မည်။ သင်သည် အခက်အခဲဖြစ်စေ ကျေးဇူးတော်ဖြစ်စေ မတွေ့ကြုံရလေဘဲ၊ ယင်းထက် မထူးခြားသော အသက်တာတစ်ခု အသက်ရှင်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်နေဆဲဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်နောက်လိုက်ခြင်း အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုကြစို့။ သို့ရာတွင် ဘုရားသခင်၏နှုတ်ကပတ်တော်သည် သူ့ကို အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ လူအားလုံးဆီသို့ ရည်ရွယ်သည် မဟုတ်ဘဲ၊ ဘုရားသခင်ကို အသိအမှတ်ပြုပြီး ဘုရားသခင်နောက်သို့ လိုက်သောသူအားလုံး အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ဤစကားများကို ဖတ်ရှုသောသူတို့အားလုံးကို ငါ သတိပေးရမည်။ အကယ်၍ ဘုရားသခင်သည် မြောက်မြားစွာသောလူထုထံ၊ ကမ္ဘာလောကရှိ လူအားလုံးထံသို့ စကားပြောဆိုသည်ဟု သင် ယုံကြည်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင့်အပေါ်၌ အကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဤနှုတ်ကပတ်တော်များ အားလုံးကို သင်၏စိတ်နှလုံးထဲတွင် အောက်မေ့သင့်ပြီး၊ ယင်းတို့မှ သင့်ကိုယ်သင် အမြဲမချန်လှပ်သင့်ပေ။ မည်သို့ပင်ဖြစ်စေ ငါတို့အိမ်၌ မည်သည့်အရာ ဖြစ်ပျက်နေသည်နှင့်ပတ်သက်၍ ပြောဆိုကြပါစို့။

သင်တို့အားလုံးသည် ဘုရားသခင်၌ ယုံကြည်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို ယခု သဘောပေါက်သင့်ပေသည်။ ယခင်က ငါပြောခဲ့သည့် ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် သင်တို့၏ အပြုသဘောဆောင်သော ဝင်ရောက်မှုနှင့် ဆက်စပ်ပေသည်။ ယနေ့သည် ကွဲပြားခြားနားသည်- ယနေ့ သင်တို့၏ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အနှစ်သာရကို ငါ စိစစ်လိုသည်။ ဟုတ်ပေ၏၊ ဤသည်မှာ သင်တို့ကို အပျက်သဘောဆောင်သည့် ရှုထောင့်တစ်ခုမှ လမ်းပြနေခြင်း ဖြစ်သည်။ အကယ်၍ ငါသည် လမ်းမပြခဲ့ပါက၊ သင်တို့သည် သင်တို့၏ စစ်မှန်သော မျက်နှာကို မည်သည့်အခါမျှ သိရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့၏ ဘုရားတရား ကိုင်းရှိုင်းမှုနှင့် သစ္စာရှိမှုတို့နှင့် ပတ်သက်၍ သင်တို့ အစဉ်အမြဲ ကြွားဝါမည် ဖြစ်သည်။ သင်တို့၏ နှလုံးသား အတွင်းနက်နက်ရှိ အကျည်းတန်မှုကို ငါဖော်ထုတ်မပြပါက၊ သင်တို့ အသီးသီးသည် သင်တို့၏ ခေါင်းပေါ်တွင် သရဖူထားရှိကာ မိမိကိုယ်ကိုယ်အတွက် ဂုဏ်အသရေကို ထိန်းသိမ်းကြမည် ဖြစ်သည်။ သင်တို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့် သဘာဝသည် သင်တို့၏ ကိုယ်ပိုင်အသိစိတ်များကို သစ္စာဖောက်ရန်၊ ခရစ်တော်ကို ပုန်ကန်ပြီး ခုခံမိစေရန်နှင့်၊ သင်တို့၏အကျည်းတန်မှုကို ထုတ်ဖော်ပြသရန်၊ ထိုသို့ဖြင့် သင်တို့၏ရည်ရွယ်ချက်များ၊ အယူအဆများ၊ လွန်ကျူးသော အလိုဆန္ဒများနှင့် လောဘနှင့်ပြည့်သော မျက်လုံးများကို ဖော်ထုတ်ဖို့ တိုက်တွန်းလေသည်။ သို့သော် သင်တို့သည် ခရစ်တော်၏ အမှုအတွက် သင်တို့၏ ရာသက်ပန် စိတ်ထက်သန်မှု အကြောင်းနှင့်ပတ်သက်၍ ဆက်လက် တတွတ်တွတ်ပြောကြပြီး၊ အချိန်ကြာမြင့်စွာက ခရစ်တော်ပြောခဲ့သော သမ္မာတရားများကို ထပ်ခါတလဲလဲ ပြန်လည်ပြောဆိုကြသည်။ ဤသည်မှာ သင်တို့၏ “ယုံကြည်ခြင်း”- “အညစ်အကြေး မရှိသော သင်တို့၏ ယုံကြည်ခြင်း” ဖြစ်သည်။ ငါသည် တစ်လျှောက်လုံး လူသားကို တင်းကျပ်သော စံနှုန်းတစ်ခု သတ်မှတ်ထားပြီးဖြစ်သည်။ အကယ်၍ သင်၏ သစ္စာစောင့်သိမှုသည် ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များဖြင့် လာပါက၊ ၎င်းတို့၏ ရည်ရွယ်ချက်များမှတစ်ဆင့် ငါ့ကို လှည့်ဖြားပြီး၊ သတ်မှတ်ချက်များဖြင့် ငါ့ကို ခြိမ်းခြောက်ညှစ်ယူသောသူတို့ကို ငါ စက်ဆုပ်သည့်အတွက်၊ သင်၏ သစ္စာစောင့်သိမှုဟု ခေါ်သောအရာမရှိဘဲသာ နေလိုက်ချင်သည်။ လူ့အနေဖြင့် ငါ့အား လုံးဝ သစ္စာစောင့်သိကြရန်နှင့်- ယုံကြည်ခြင်း- ဟူသော စကားလုံး တစ်လုံးအတွက်- သက်သေပြရန်အလို့ငှာ- အရာခပ်သိမ်းကို လုပ်ဆောင်ဖို့ကိုသာ ငါ အလိုရှိသည်။ ငါသည် သင်တို့ကို စစ်မှန်ရိုးသားမှုဖြင့် အမြဲ ဆက်ဆံခဲ့ပြီး၊ ထို့ကြောင့် သင်တို့သည်လည်း ငါ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြင့် ပြုမူရန် ငါ ဆန္ဒရှိသည့်အတွက်၊ ငါကို ဝမ်းမြောက်စေရန် ကြိုးစားဖို့ သင်တို့၏ ချော့လုံးမြောက်လုံးများ အသုံးပြုခြင်းကို ငါ စက်ဆုပ်ရွံရှာသည်။ ယုံကြည်ခြင်းနှင့်ပတ်သက် လာသည့်အခါ၊ လူများစွာက ၎င်းတို့သည် ယုံကြည်ခြင်းရှိသောကြောင့် ဘုရားသခင်နောက်သို့ ၎င်းတို့ လိုက်ကြသည်ဟု တွေးထင်ကြပြီး တစ်နည်းအားဖြင့် ထိုသို့သော ဆင်းရဲဒုက္ခကို ၎င်းတို့ သည်းခံကြမည် မဟုတ်ပေ။ ထို့ကြောင့် ငါသည် သင့်ကို ဤသို့မေးသည်- ဘုရားသခင်၏ တည်ရှိခြင်းကို သင်ယုံကြည်လျှင်၊ သူ့ကို အဘယ်ကြောင့် မကြောက်ရွံ့သနည်း။ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ယုံကြည်လျှင်၊ သင့်စိတ်နှလုံးထဲ၌ အဘယ်ကြောင့် သူ့ကိုကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိသနည်း။ ခရစ်တော်သည် ဘုရား၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို သင်လက်ခံသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် သူ့ကို မထီမဲ့မြင်ပြုသနည်း။ အဘယ်ကြောင့် သင်သည် သူ့အပေါ် မလေးမခန့် ပြုမူသနည်း။ သူ့ကို အဘယ်ကြောင့် ပေါ်ပေါ်တင်တင် ဝေဖန်အကဲဖြတ်သနည်း။ သူ၏လှုပ်ရှားမှုများ အပေါ် အဘယ်ကြောင့် သင် အမြဲ စောင့်ကြည့်ရသနည်း။ သူ၏အစီအစဉ်များကို အဘယ်ကြောင့် မကျိုးနွံမနာခံသနည်း။ အဘယ်ကြောင့် သင်သည် သူ၏ နှုတ်ကပတ်တော်နှင့်အညီ မပြုမူသနည်း။ သူ၏ လှူဖွယ်ပစ္စည်းများကို အဘယ်ကြောင့် သူ့ထံမှ ခြိမ်းခြောက်ညှစ်ယူပြီး လုယက်ဖို့ ကြိုးစားသနည်း။ အဘယ်ကြောင့် သင်သည် ခရစ်တော်၏နေရာမှ စကားပြောသနည်း။ သူ၏အမှုနှင့် နှုတ်ကပတ်တော်တို့က မှန်သည်၊ မမှန်သည်ကို အဘယ်ကြောင့် သင်ဝေဖန်အကဲဖြတ်သနည်း။ သူ၏ နောက်ကွယ်တွင် အဘယ်ကြောင့် သူ့ကို ပြစ်မှားစော်ကားဝံ့သနည်း။ ဤအရာများနှင့် အခြားအရာများသည် သင်တို့၏ ယုံကြည်ခြင်းတွင် ပါဝင်သည့်အရာများ ဖြစ်သည် မဟုတ်လော။

သင်တို့၏စကားများနှင့် အပြုအမူတွင် သင်တို့၏ ခရစ်တော်၌ မယုံကြည်မှု အရိပ်လက္ခဏာများ ထုတ်ဖော်ပြလေသည်။ သင်တို့ လုပ်ဆောင်သည့်အရာအားလုံး၏ ကြံရွယ်ချက်များနှင့် ရည်မှန်းများသည် မယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။ သင်တို့ အကြည့်၏ ဝိသေသလက္ခဏာသည်ပင် ခရစ်တော်ကို မယုံကြည်မှု ပါဝင်နေသည်။ မိနစ်တိုင်းတွင် သင်တို့ အသီးသီးသည် မယုံကြည်မှု အရိပ်လက္ခဏာများ သိုထားကြသည်ဟု ဆိုနိုင်ပေသည်။ ဤသည်မှာ သင်တို့၏ ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းသည့် သွေးများသည် လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်မှုဖြင့် စိမ်ထားလျက်ရှိသည့်အတွက်၊ အခိုက်အတန့်တိုင်းတွင် သင်တို့သည် ခရစ်တော်အား သစ္စာဖောက်သွားနိုင်သည့် အန္တရာယ် ရှိသည်ကို ဆိုလိုပေသည်။ ထို့ကြောင့် ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်း ပေါ်တွင် သင်တို့ ချန်ထားသော ခြေရာတို့သည် စစ်မှန်မှု မရှိဟု ငါပြော၏။ ဘုရားသခင်၌ ယုံကြည်ခြင်းလမ်းကြောင်းကို သင်တို့ လျှောက်လှမ်းသည်နှင့်အမျှ၊ သင်တို့သည် သင်တို့၏ ခြေများကို မြေပြင်ပေါ် ခိုင်မာစွာ ချမထားကြချေ- သင်တို့သည် ဟန်ဆောင်လုပ်ပြကြခြင်းမျှ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်ကို မည်သည့်အခါမျှ အပြည့်အဝ မယုံကြည်ကြသကဲ့သို့၊ ယင်းတို့ကို ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြချေ။ ဤသည်မှာ ခရစ်တော်၌ သင်တို့ ယုံကြည်ခြင်း မရှိကြသည့် အကြောင်းရင်း ဖြစ်သည်။ သူနှင့်ပတ်သက်၍ အယူအဆများ အမြဲရှိခြင်းသည် သူ့ကို သင်တို့ ယုံကြည်မှု မရှိခြင်း၏ နောက်ထပ် အကြောင်းရင်း ဖြစ်သည်။ ခရစ်တော်၏ အမှုနှင့်ပတ်သက်၍ အစဉ် ယုံကြည်မှုကင်းမဲ့ခြင်း၊ ခရစ်တော်၏ နှုတ်ကပတ်တော်များကို နားမထောင်ခြင်း၊ ခရစ်တော်ပြုသော မည်သည့်အမှုမဆိုနှင့်ပတ်သက်၍ အယူအဆများ ရှိခြင်းနှင့် ဤအမှုကို မှန်ကန်စွာ နားမလည်နိုင်ခြင်း၊ မည်သည့် ရှင်းပြချက်ကိုမဆို သင် ရရှိသည်ဖြစ်စေ သင်၏ အယူအဆများကို ဘေးဖယ်ထားရန် အပြင်းအထန် ကြိုးပမ်းရခြင်း စသဖြင့်- ဤအရာများသည် သင်တို့၏နှလုံးသားများထဲ၌ ရောနှောနေသော မယုံကြည်မှု၏ အရိပ်လက္ခဏာများ အားလုံး ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ အမှုနောက်သို့လိုက်ပြီး၊ မည်သည့်အခါမျှ နောက်မကျန်ရစ်ဖူးသော်လည်း၊ သင်တို့၏နှလုံးသားများထဲ၌ ရောနှောထားသည့် ပုန်ကန်မှုများ အလွန်များလှသည်။ ဤပုန်ကန်မှုသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုထဲက အညစ်အကြေးတစ်ခု ဖြစ်သည်။ သင်တို့အနေနှင့် ဤအရာ မှန်သည်ဟု တွေးထင်ကောင်း တွေးထင်မည် မဟုတ်သော်လည်း၊ ဤအရာအတွင်းမှ သင်၏ရည်ရွယ်ချက်များကို သတိပြုနိုင်စွမ်း သင်မရှိပါက၊ ဘုရားသခင်သည် သူနှင့်သက်ဆိုင်၍ အယုံအကြည် ကင်းမဲ့သူများနှင့် အနည်းဆုံးအနေဖြင့် သူသည် ဘုရားသခင် ဖြစ်သည်ဟု မည်သည့်အခါတွင်မျှ မယုံကြည်ဖူးဘဲလျက် သူ့နောက် အင်တင်တင်ဖြင့် လိုက်သောသူအားလုံးကို မစုံလင်စေဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သူများကိုသာ စုံလင်စေသည့်အတွက်၊ သင်သည် ပျက်စီးသည့်သူများထဲတွင် ပါဝင်ဖို့ သေချာပေသည်။

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည့်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု မည်မျှရှိသည်ကို ယခု သင်ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

ယနေ့တွင်၊ သင်တို့အတွင်းတွင် မယုံကြည်မှုများစွာ ကျန်ရှိနေသည်။ မိမိတို့ကိုယ်ကိုယ်အတွင်းသို့ ကြိုးကြိုးစားစားကြည့်လော့၊ ပြီးလျှင် သင်တို့၏အဖြေကို သင်တို့ ဧကန်မုချ တွေ့ကြလိမ့်မည်။ စစ်မှန်သောအဖြေကို သင်တွေ့ရှိသောအခါတွင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး မဟုတ်ဘဲ၊ ယင်းထက် သူ့ကို လှည့်ဖြားသူ၊ စော်ကားပြောဆိုသူ၊ သူ့ကို သစ္စာဖောက်သောသူနှင့် သူ့ကို သစ္စာမစောင့်သိသောသူ ဖြစ်သည်ကို သင် ဝန်ခံလိမ့်မည် ဖြစ်သည်။ ထို့နောက် ခရစ်တော်သည် လူမဟုတ်ဘဲ၊ ဘုရားဖြစ်သည်ကို သင် သဘောပေါက်လိမ့်မည်။ ထိုနေ့ရက် ရောက်လာသည့်အခါ၊ သင်သည် ခရစ်တော်ကို ကြည်ညို၊ ကြောက်ရွံ့ကာ အမှန်တကယ် ချစ်လိမ့်မည်။ လက်ရှိတွင် သင်တို့နှလုံးသား၏ သုံးဆယ်ရာခိုင်နှုန်းသာ ယုံကြည်ခြင်းနှင့် ပြည့်သော်လည်း၊ အခြားခုနစ်ဆယ်ရာခိုင်နှုန်းသည် သံသယနှင့် ပြည့်လေသည်။ ခရစ်တော် လုပ်ဆောင်ခဲ့ပြီး ပြောဆိုခဲ့သမျှတိုင်းသည် သင်တို့အား သူနှင့်ပတ်သက်သည့် အယူအဆများနှင့် အမြင်များ၊ သူ၌ သင်တို့၏ လုံးဝ မယုံကြည်မှုမှ အရင်းခံသည့် အယူအဆများနှင့် အမြင်များကို ပေးဖွယ်ရှိလေသည်။ သင်သည် ကောင်းကင်ဘုံရှိ မမြင်ရသော ဘုရားသခင်ကိုသာ ကြည်ညိုပြီး ကြောက်ရွံ့ကာ၊ မြေကြီးပေါ် အသက်ရှင်လျက်ရှိသော ခရစ်တော်ကို အလေးမထားပေ။ ဤအရာသည်လည်း သင်တို့၏ မယုံကြည်မှုဖြစ်သည် မဟုတ်လော။ သင်တို့သည် အတိတ်တွင် အမှုပြုခဲ့သော ဘုရားသခင်ကိုသာ တမ်းတသော်လည်း၊ ယနေ့၏ ခရစ်တော်ကို မရင်ဆိုင်ကြပေ။ ဤအရာအားလုံးသည် သင်တို့၏ စိတ်နှလုံးများတွင် အစဉ်အမြဲ ရောနှောထားသည့်၊ ယနေ့၏ ခရစ်တော်ကို မယုံကြည်သော “ယုံကြည်ခြင်း” ဖြစ်ပေသည်။ သင်တို့အတွင်းတွင် မယုံကြည်မှု များလွန်းသည့်အတွက်၊ သင်တို့ထဲတွင် မစင်ကြယ်သကဲ့သို့ စိတ်ဖြာဆန်းစစ် ရမည့်အရာ အလွန်များလှသည့်အတွက်၊ ငါသည် သင်တို့ကို လျှော့တွက်နေခြင်း မဟုတ်ပေ။ ဤမစင်ကြယ်မှုများသည် သင်တို့ ယုံကြည်ခြင်း လုံးဝ မရှိသည့် အမှတ်လက္ခဏာ ဖြစ်သည်။ ယင်းတို့သည် ခရစ်တော်ကို သင်တို့ စွန့်လွှတ်ခြင်းနှင့်ဆိုင်သည့် အမှတ်အသား ဖြစ်ပြီး သင်တို့ကို ခရစ်တော်အား သစ္စာဖောက်သူအဖြစ် တံဆိပ်ခတ်လေသည်။ ယင်းတို့သည် ခရစ်တော်နှင့် ပတ်သက်သော သင်တို့၏အသိပညာကို ဖုံးကွယ်မှုတစ်ခု ဖြစ်ပြီး၊ ခရစ်တော်၏ရယူခြင်းကို သင်တို့ ခံရခြင်းအဖို့ အတားအဆီးတစ်ခု ဖြစ်ကာ၊ ခရစ်တော်နှင့် သင်တို့ သဟဇာတ ဖြစ်ခြင်းအဖို့ အဟန့်အတားတစ်ခု ဖြစ်ပြီး၊ ခရစ်တော်က သင်တို့ကို လက်မခံသည့် သက်သေ ဖြစ်သည်။ ယခုသည် သင်တို့အသက်တာ၏ အစိတ်အပိုင်းအားလုံးကို ဆန်းစစ်ရမည့် အချိန် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်တို့ကို ဘက်ပေါင်းစုံဖြင့် အကျိုးပြုလိမ့်မည်။

အရှေ့သို့- သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

နောက်တစ်ခုသို့- ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။