၂၈၃ နောက်ဆုံးတွင် ဘုရားသခင်ကို ကျွန်ုပ် ချစ်နိုင်

၁ ကိုယ်တော်၏ ချစ်ခြင်းက စစ်မှန်ကာ ဖြူစင်ပေ၊ ကြင်နာကာ ရိုးသားသော စိတ်နှလုံး ကိုယ်တော်ရှိကာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော် လူ့ဇာတိ ဖြစ်လာခဲ့။ ကိုယ်တော်၏ နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ အလွန်ချစ်ဖွယ်ဖြစ်သည်ကို ကျွန်ုပ် မြင်ရ၊ ကိုယ်တော် မည်မျှ အတိုင်းမသိဖြစ်သည်ကို ကျွန်ုပ် သတိမူမိပေ။ ကြောက်ရွံ့မှုနှင့် ထိတ်လန့်ခြင်းတို့ဖြင့် ကိုယ်တော့်နောက် နီးကပ်စွာ ကျွန်ုပ်လိုက်လျှောက်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို နှစ်သိမ့်မှု ဆောင်ကျဉ်းပေ။ ဆင်းရဲဒုက္ခများတစ်လျှောက် ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရပ်တည်၊ ကိုယ်တော်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များအားဖြင့် ကျွန်ုပ်ကို သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်းခံရပေ။ နောက်ဆုံးတွင် ကိုယ်တော်ကို ကျွန်ုပ် ချစ်နိုင်ကာ နေ့နေ့ညည ကိုယ်တော်နှင့်အတူ ကျွန်ုပ်ရှိပြီး ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် နားလည်ပေ။ ကိုယ်တော်၏ ချစ်ဖွယ်ကောင်းခြင်းကို သာ၍သာ၍ ကျွန်ုပ် မြင်ရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယ်တော့်ကို ကျွန်ုပ် သိကျွမ်းလာရပေ။ ကိုယ်တော် ကျွန်ုပ်နှင့်အတူရှိကာ ကျွန်ုပ် များစွာ ရရှိလေပြီ၊ ကျွန်ုပ် အမြဲအားရကျေနပ်ဖွယ် အံ့အားသင့်ရပေ။ ကိုယ်တော်၏ ချစ်ခြင်းအားလုံးကို ကိုယ်တော် ကျွန်ုပ်အားပေးကာ ကိုယ်တော်နှင့်အတူရှိသည့် ကျွန်ုပ်၏ အချိန်က အလွန်အဖိုးတန်လှပေ။

၂ ကိုယ်တော်၏ ချစ်ခြင်းက ကျွန်ုပ်ကို နိုးထစေခဲ့ပြီး ကျွန်ုပ်၏ စိတ်နှလုံးကို နိုးဆော်ကာ ကိုယ်တော့်ကို ချစ်ပြီး သစ္စာရှိရန် ကျွန်ုပ် ဆန္ဒရှိပေ။ ကျွန်ုပ်ကို တရားစီရင်ကာ သန့်စင်စေဖို့ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ကိုယ်တော် အသုံးပြုကာ စာတန်၏ စွမ်းအားမှ ကျွန်ုပ်ကို ကိုယ်တော် ကယ်တင်ပေ။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို များစွာ ကျွန်ုပ် ပျော်မွေ့ပြီ၊ သမ္မာတရားကို ကျွန်ုပ် နားလည်ကာ ကိုယ်တော့်ကို လှိုက်လှိုက်လှဲလှဲ ရိုသေလေးမြတ်လေသည်။ နာကျင်မှုနှင့် စစ်ဆေးခြင်းက ကိုယ်တော်နှင့် ကျွန်ုပ်ကို နီးစေကာ ကိုယ်တော့်ကို ဘုန်းထင်ရှားစေဖို့ လှပသော သက်သေကိုခံရန် ကျွန်ုပ်၏ အသက်တာကို ကတိပြုသည်။ သမ္မာတရားနှင့် အသက်ကို ရရှိလျက်၊ ကိုယ်တော့်နောက် ယနေ့ထိ ကျွန်ုပ် လိုက်လျှောက်ပြီ၊ လမ်းက သာ၍ပင် တောက်ပလာပေ။ ကိုယ်တော်၏ ဖြောင့်မတ်ပြီး သန့်ရှင်းသော စိတ်သဘောထားကို မြင်လျက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် သိကျွမ်းလာပြီ။ ယခု ကျွန်ုပ် သန့်စင်ခံရကာ ကယ်တင်ခံရသည်မှာ ကိုယ်တော်၏ ကျေးဇူးတော်ကြောင့်ဖြစ်ပေ၊ ကိုယ်တော့်ကို မည်သို့ ကျေးဇူးတင်ရမည်ကို ကျွန်ုပ် မသိ။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရင်း၊ အလင်းတွင် ကျွန်ုပ် ယခု အသက်ရှင်ကာ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ်၏ အားထုတ်မှုတွင် သာ၍ပင် ကျွန်ုပ် ကြိုးပမ်းသင့်ပေ။

အရှေ့သို့- ၂၈၂ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုင်ရာ ခံယူထွက်ဆိုချက်များ

နောက်တစ်ခုသို့- ၂၈၄ ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းပေါ် ချီတက်နေခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။