၁၈၂ ဘုရားလူ့ဇာတိခံယူခြင်း၏ သြဇာအာဏာကျူး
ဘုရား လူ့အဖြစ်ခံယူချိန် သူ အခြားလူတွေ လိုပါပဲ
သို့သော် နှုတ်ကပတ်တော် စွမ်းဆောင်သော ရလဒ်တွေဟာ
သူသည် ဘုရားကိုယ်တိုင်၊ အခွင့်အာဏာနဲ့ပြည့်စုံသူ၊
သူ့စကားများ ဘုရားကိုယ်တိုင်၏ ဖော်ပြချက်ဖြစ်ကြောင်း ပြ
၁
သူ့အား ဘယ်တော့မှ ပုန်ကန်မပြစ်မှားသင့်
နှုတ်ကပတ်တော်၏ စီရင်ခြင်းကို လွန်ဆန်၍မရ
သူ့တန်ခိုးကို အမှောင်စွမ်းအား က မအောင်နိုင်တာ လူတို့ သိ
လူတို့ သူ့အား အကြွင်းမဲ့နာခံ တယ် ဆိုတာ
သူ၏ ဩဇာအာဏာ၊ နှုတ်ကပတ်တော်၏ စီရင်ခြင်းကြောင့်
နှုတ်ကပတ်တော်သည် လူ့ဇာတိဖြစ်လာ
လူ့အဖြစ်ယူသည့် ခန္ဓာဖြင့် ဆောင်ရွက်သောအမှုမှာ
သူ၏ အခွင့်အာဏာဖြစ်ပေ
သူ့ ဇာတိသည်လည်း သြဇာအာဏာကို ပိုင်ဆိုင်နိုင်သည်
သူ လူတို့အကြား ရှိနေစဉ် မြင်တွေ့ ထိတွေ့နိုင်သော
လက်တွေ့ကျသည့် အမှုကို ဆောင်ရွက်နိုင်
ဒါဘုရား လူ့ဇာတိခံရသည့် အကြောင်းဖြစ်ပေ
၂
လူ့ခန္ဓာ၌ ဘုရား၏အမှုသည်
အခွင့်အာဏာအားလုံး ပိုင်ဆိုင်သော ဘုရား၏ ဝိညာဉ်တော်
တိုက်ရိုက်ဆောင်ရွက်သော အမှုထက် လက်တွေ့ကျပြီး
ဘုရား၏ အမှုရလဒ်များ ပိုမိုရှင်းလင်းစွာ မြင်ရ
အကြောင်းမှာ လူ့ဇာတိ၌ ရှိသော ဘုရားသည်
လက်တွေ့ကျစွာ ပြောဆို ဆောင်ရွက်သည်
သူ့ဇာတိခန္ဓာ ပြင်ပသွင်ပြင်တွင် ဩဇာအာဏာ မရှိဘူး
သူ့အား လူတို့ ချဉ်းကပ်နိုင်သည်
သူ့အနှစ်သာရသည် သူ၏ ဩဇာအာဏာ ဆက်လက်ကိုင်စွဲထားလည်း
ဒါ ဘယ်သူမှ မမြင်ရသည့် ဩဇာအာဏာ
လူ့ဇာတိလို စကားဆိုကာ အမှုဆောင်ရွက်စဉ်
သူ့အခွင့်အာဏာကို လူတို့မမြင်တတ်
ဒါကြောင့် လက်တွေ့ကျသော အမှု သူပြုနိုင်
၃
လူ့ဇာတိခံဘုရား၏ လက်တွေ့ဆန်သော အမှု
ရည်ရွယ်ထားသည့်အတိုင်း ရလဒ်များ ရရှိ
ဤအခွင့်အာဏာ သူကိုင်စွဲတာ မည်သူမှ မသိ
သူအား မပုန်ကန်သင့်တာလည်း မည်သူမှ မသိ
သူ့အမျက်ဒေါသကို လူတို့ မမြင်နိုင်လည်း
သူ့စကားများ အရာအားလုံးကို စွမ်းဆောင်ရရှိ
လျို့ဝှက်သော အမျက်တော်နှင့် အခွင့်အာဏာအားဖြင့်
လူ့အဖြစ်ယူသည့် ခန္ဓာဖြင့် ဆောင်ရွက်သောအမှုမှာ
သူ၏ အခွင့်အာဏာဖြစ်ပေ
သူ့ ဇာတိသည်လည်း ဩဇာအာဏာကို ပိုင်ဆိုင်နိုင် သည်
သူ လူတို့အကြား ရှိနေစဉ် မြင်တွေ့ ထိတွေ့နိုင်သော
လက်တွေ့ကျသည့် အမှုကို ဆောင်ရွက်နိုင်
ဒါဘုရား လူ့ဇာတိခံရသည့် အကြောင်းဖြစ်ပေ
၄
သူ စကားပြောသည့်အခါ သူ၏လေသံ၊
ဉာဏ်ပညာစကားများနှင့်ပြင်းထန်မှုမှတစ်ဆင့်
သံသယမထားဘဲ လူတို့ လက်ခံယုံကြည်
ဤသို့ဖြင့် လူသည်
အခွင့်အာဏာရှိဟန်မတူသော
လူ့ဇာတိခံဘုရား၏ နှုတ်ကပတ်တော်ကို အပြည့်အဝ နာခံ
ဒါဟာ လူကို ကယ်တင်ခြင်း
ဘုရား၏ ရည်ရွယ်ချက် ပြည့်စုံစေ
ဘုရားလူ့ဇာတိခံယူခြင်း ရည်ရွယ်ချက်မှာ
သူ့ဟောပြောချက် လက်တွေ့ကျစေရန်
သူ့စကား၏ စစ်မှန်မှု လူတို့အပေါ် အကျိုးသက်ရောက်ရန်
ဒါမှ လူတို့ ဘုရားနှုတ်ကပတ်တော်တန်ခိုးကို လက်တွေ့ မြင်နိုင်မည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်