(င) ရိုးသားသော လူတစ်ဦး ဖြစ်ပုံနှင့်ပတ်သက်၍

(၃၈၄) ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရပြုလုပ်ရန်အတွက်သာ အမှုအရာများကို လုပ်ဆောင်မှုမဟုတ်ခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ ငါပြောသောအရာမှာ အလွန် ရိုးရှင်းသော်ငြားလည်း၊ သင်တို့အတွက် နှစ်ဆ ခက်ခဲနေပေလိမ့်မည်။ အများစုမှာ ရိုးသားစွာ ပြောဆိုပြုမူခြင်းထက် ငရဲသို့ စီရင်ခြင်းကိုသာ ခံလိုကြသည်။ မရိုးဖြောင့်သောသူများ အတွက် ငါ၌ ကုစားမှု အခြားတစ်ခု ရှိသေးသည်မှာ အံ့သြဖွယ်မကောင်းပေ။ သင်တို့သည် ရိုးသားဖို့ မည်မျှ ခက်ခဲသည်ကို ငါကောင်းစွာ သိသည်မှာ မှန်ပေ၏။ သင်တို့အားလုံးသည် အလွန် လိမ္မာပါးနပ်ကာ၊ သင်တို့၏သေးနုပ်သော စံပေတံလေးနှင့် လူများကို တိုင်းတာရာတွင် အလွန် ကျွမ်းကျင်လှသောကြောင့် ငါ့အမှုသည် သာ၍ ရိုးရှင်းသွားသည်။ ထို့အပြင် သင်တို့တစ်ဦးစီသည် သင်တို့၏ လျှို့ဝှက်ချက်များကို သင်တို့၏ရင်ခွင်၌ ပိုက်ထွေးထားသည့်အတွက်၊ သို့ဆိုလျှင် သင်တို့ တစ်ဦးပြီးတစ်ဦးကို မီးဖြင့် “သင်ယူဖို့ရန်” ဒုက္ခဆင်းရဲထဲသို့ စေလွှတ်မည်၊ သို့မှသာ ယင်းနောက်တွင် သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ ယုံကြည် လာနိုင်မည်ဖြစ်သည်။ နောက်ဆုံး၌ “ဘုရားသခင်သည် သစ္စာစောင့်သိသော ဘုရားသခင်တစ်ပါး” ဆိုသည့် စကားများကို သင်တို့၏ နှုတ်မှ ငါ ဆွဲနုတ်ယူမည် ဖြစ်ပြီး၊ သို့ဖြစ်၍ သင်တို့သည် ရင်ဘတ်စည်တီး၍ “လှည့်ဖျားတတ်သည်မှာ လူသား၏ နှလုံးသားဖြစ်သည်။” ဟု ငိုချင်းချလိမ့်မည်။ ဤအချိန်တွင် သင်တို့ စိတ်အခြေအနေမှာ အဘယ်သို့ ရှိမည်နည်း။ သင်သည် ယခုကဲ့သို့ အောင်မြင်၍ တက်ကြွပျော်မြူးအားရနေလိမ့်မည် မဟုတ်ဟု ငါထင်သည်။ ထို့အပြင် သင်သည် ယခုကဲ့သို့ “သိမ်မွေ့ပြီးနက်နဲ” ရန်မှာ သာ၍ နည်းပေမည်။ တချို့သူများသည် ဘုရားသခင် ရှေ့မှောက်တွင် အလွန် မှန်ကန်စွာပြုမူ၍ “အပြုအမူကောင်းများ” ရှိရန် အလွန် ကြိုးစားသော်လည်း၊ ဝိညာဉ်တော် ရှေ့မှောက်တွင်မူ ခြိမ်းခြောက်သည့် ဟန်ပန်များ လှပ်ပြလေသည်။ ရိုးသားခြင်း အဆင့်များထဲတွင် ထိုကဲ့သို့သော လူသားကို သင်တို့ ထည့်တွက်မည်လား။ အကယ်၍ သင်သည် ကြောင်သူတော် တစ်ဦးဖြစ်ပြီး “အပြန်အလှန် ဆက်ဆံရေးများ” အထူးကျွမ်းကျင်ပါက၊ သင်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုသူ ဖြစ်သည်မှာ သေချာသည်ဟု ငါဆိုသည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အိမ်တော်၌ မထင်မရှားနေပြီး ကြိုးကြိုးစားစားနှင့် တာဝန်သိသိ အသိဉာဏ်ရှိရှိ အလုပ်လုပ်လျက်၊ အမြဲတမ်းပေးကမ်း၍ မည်သည့်အခါမျှ ရယူခြင်းမရှိသော အစေခံသူတစ်ဦး ဖြစ်ရသည်ကို အလွန် ဝမ်းမြောက်ပါက၊ သင်သည် သစ္စာရှိသော သန့်ရှင်းသူ တစ်ယောက် ဖြစ်သည်ဟု ငါဆိုသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် ဆုလာဘ်ကို မမျှော်ကိုးဘဲ၊ ပကတိ ရိုးသားသူတစ်ယောက်သာ ဖြစ်သောကြောင့်တည်း။ သင်သည် ပွင့်လင်းရန် လိုလိုလားလား ရှိလျှင်၊ သင်သည် သင်၏အလုံးစုံကို အသုံးခံရန် လိုလိုလားလားရှိလျှင်၊ သင်သည် ဘုရားသခင်အတွက် သင့်ဘဝကိုစတေးနိုင်ကာ သက်သေရပ်တည် နိုင်လျှင်၊ သင်သည် မိမိအတွက် မစဉ်းစားဘဲ သို့မဟုတ် မိမိကိုယ်ကျိုးမပါဘဲ ဘုရားသခင် ကျေနပ်သဘောကျရန်ကိုသာ သိသောအဆင့်အထိ ရိုးသားသည်ဆိုပါက၊ ဤလူတို့သည် အလင်းထဲတွင် အားဖြည့်ပေးခြင်းခံရကာ နိုင်ငံတော်တွင် ထာဝရ အသက်ရှင်မည့်သူများ ဖြစ်သည်ဟု ငါဆိုသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

(၃၈၅) အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ

(၃၈၆) မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏ အရေးကိစ္စများ ကိုင်တွယ်ခြင်းကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။...

ဘုရားသခင်ကိုယုံကြည်သူတစ်ဦး ဖြစ်ရန် သင်ပြုသမျှသော အခြင်းအရာ အလုံးစုံကို ဘုရားသခင် ရှေ့တော်မှောက်သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံရမည်ဖြစ်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်ပြုသမျှကို ဘုရားသခင်၏ ဝိညာဉ်တော် ရှေ့သို့ ယူလာနိုင်သော်လည်း၊ ဘုရားသခင်၏ ဇာတိပကတိ ရှေ့သို့ မယူလာနိုင်လျှင် သင်သည် ဘုရားသခင် ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို မခံရသေးကြောင်း ပြပေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကား မည်သူနည်း။ ဘုရားသခင်၏ သက်သေခံခြင်းကို ခံရသော ပုဂ္ဂိုလ်ကား အဘယ်သူနည်း။ သူတို့နှစ်ဦးသည် တစ်ခုတည်း အတူတူပင် ဖြစ်သည် မဟုတ်လော။ အများစု၏အမြင်တွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်ပြီး၊ ဘုရားသခင်က သက်သေခံသောသူမှာ လူသားတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းတို့ကို သီးခြားအရာနှစ်ခု အဖြစ် မြင်ကြသည်။ သို့သော် သင် ထိုသို့မြင်ခြင်းသည် မှားယွင်းနေသည် မဟုတ်လော။ ဤပုဂ္ဂိုလ်သည် မည်သူ့ကိုယ်စား လုပ်ဆောင်နေသနည်း။ လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူသည် ဝိညာဉ်ရေးရာကို နားမလည်သောသူပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သူ၏လူ့ဇာတိခံ ဇာတိပကတိမှာ တစ်ခုတည်းဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိတွင် ပေါ်ပေါက်ခြင်း ဖြစ်၍ဖြစ်သည်။ အကယ်၍ ဤပုဂ္ဂိုလ်သည် သင်၏အပေါ် ကြင်နာမှုမရှိလျှင် ဘုရားသခင်၏ ဝိညာဉ်သည်လည်း ကြင်နာမည်လော။ သင့်စိတ် ရှုပ်ထွေးနေသည် မဟုတ်လော။ ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင် သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ သင်၏ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ ပူးပေါင်းဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်ခံခြင်းဖြစ်စဉ်သည် သန့်စင်ခြင်းဖြစ်စဉ် ဖြစ်သည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လေလေ၊ သင်စင်ကြယ်ခြင်း ခံရလေလေ ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီလေလေ ဖြစ်သဖြင့် ကာမဂုဏ်လွန်ကြူးခြင်းနှင့် အပျော်အပါးလိုက်စားခြင်း၏ ဆွဲဆောင်ခြင်းနောက် မလိုက်ဘဲ၊ သင်၏ စိတ်နှလုံးသည်လည်း ကိုယ်တော်၏မျက်မှောက်တွင် နေထိုင်ပေလိမ့်မည်။ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို သင်လက်ခံလေလေ၊ စာတန် အရှက်ရလေလေဖြစ်ပြီး သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လေလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အကဲခတ်ခြင်းကို လက်ခံခြင်းသည် လူတို့ လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ မည်ကဲ့သို့သော အမှုအရာများကို သင်ပြုလုပ်နေပါစေ၊ သင်၏ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုသည့် အခါ၌ပင်လျှင်၊ သင်သည် သင်၏လုပ်ရပ်များကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍၊ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို တောင်းခံကာ၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ကျိုးနွံနာခံရန် ရည်မှန်းနိုင်သည်၊ ယင်းသည် သင်လက်တွေ့လုပ်ဆောင်သည့် အရာကို ပိုမိုမှန်ကန်စေ ပေလိမ့်မည်။ သင်ဆောင်ရွက်သမျှကို ဘုရားသခင်ရှေ့သို့ ယူဆောင်လာ၍ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံမှသာလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ အသက်ရှင်နေသူတစ်ဦး ဖြစ်နိုင်ပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူများကို စုံလင်စေသည်

(၃၈၇) အချို့က ရိုးသားသူတစ်ဦးဖြစ်ရန် သမ္မာတရားကို ပြောပြီး စိတ်နှလုံးအတွင်းမှ ပြောဆိုရမည်၊ လိမ်ညာလှည့်စားလျှင် ထိုသူသည် ဖွင့်ပြောကာ မိမိကိုယ်ကို ဖွင့်ချပြရမည်ဖြစ်သည်၊ မိမိ၏ အမှားများကို ဝန်ခံရမည်ဆိုသည်ကို ကြားသည့်ခါ ၎င်းတို့က၊ “ရိုးသားရန် ခက်ခဲသည်။ ကျွန်ုပ်တွေးသမျှကို အခြားသူများအား ပြောရမည်လော။ အပြုသဘောဆောင်သောအရာများကို မိတ်သဟာယဖွဲ့ခြင်းမှာ မလုံလောက်သလော။ အခြားသူများအား ကျွန်ုပ်၏ မကောင်းသော သို့မဟုတ် ဖောက်ပြန်ပျက်စီးသော ဘက်ကို ပြောပြရန်မလိုအပ်ပေ၊ ကျွန်ုပ်ပြောပြရန်လိုသလော” ဟု ဆိုကြ၏။ အကယ်၍ သင်သည် အခြားသူတို့အား ဖွင့်ချမပြပါက၊ သင့်ကိုယ်သင် စိစစ်ခြင်း မပြုပါက သင်သည် သင့်ကိုယ်သင် မည်သည့်အခါမျှ သိလိမ့်မည်မဟုတ်။ သင်သည် မည်သည့်အရာဖြစ်ကြောင်း မည်သည့်အခါမျှ သတိပြုမိလိမ့်မည်မဟုတ်ဘဲ အခြားသူများက သင့်ကို ဘယ်သောအခါမျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ အကယ်၍ သင့်အား အခြားသူများ ယုံကြည်စေလိုလျှင် သင်သည် ပထမဦးစွာ ရိုးသားရမည်။ ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ကြည့်ရှုနိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ဖုံးကွယ်ဖို့ မကြိုးစားရ။ ထိုအခါမှသာ အခြားလူများက သင့်ကို ယုံကြည်ပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျှင် သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ ကိုယ်ကျင့်စရိုက်မြင့်မားခြင်း ရှိကြောင်း အမြဲအယောင်ဆောင်လျှင်၊ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံလျှင်၊ လူတို့က သင်သည် တည်ကြည်မှုရှိသည်၊ ကြီးမြတ်သည်၊ မိမိကိုယ်ကို ငြင်းပယ်သည်၊ တရားမျှတသည်၊ အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြလျှင် ဤသည်မှာ လှည့်ဖြားခြင်းနှင့် လိမ်ညာခြင်း မဟုတ်လော။ အချိန်ကြာလျှင် လူတို့သည် သင့်ကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် အယောင်ဆောင်ခြင်း မပြုနှင့်၊ သို့မဟုတ် သင့်ကိုယ်သင် မဖုံးကွယ်နှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်လျှင်၊ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာနှစ်မျိုးလုံးပါဝင်သော သင်၏အတွေးများနှင့် အစီအစဉ်များအားလုံးကို ဖွင့်ချပြနိုင်လျှင် ဤသည်မှာ ရိုးသားမှုမဟုတ်သလော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး “သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟလျှင် ငါ့ရှေ့တွင် သင်သည် ဧကန်အမှန်ပင် ရိုးသား၏” ဟု ဆိုလိမ့်မည်။ သို့သော် အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မြင့်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် သင့်အား မည်သို့ ထင်မည်နည်း။ မည်သည့်အရာကို ပြောဆိုလိမ့်မည်နည်း။ သူက၊ “သင်သည်လုံးလုံးလျားလျားပင်လှည့်စားသူတစ်ယောက်ဖြစ်သည်။ သင်သည် လုံးလုံးလျားလျားပင် သူတော်ကောင်း ဟန်ဆောင်ပြီး ယုတ်မာ၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်” ဟု ဆိုလိမ့်မည်။ ထို့ကြောင့် ဘုရားက သင့်အား စီရင်လိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက သင်သည် ဘုရားသခင်ရှေ့၌ဖြစ်စေ၊ အခြားသူတို့၏ရှေ့၌ဖြစ်စေ သင့်စိတ်အတွင်းရှိသော အခြေအနေနှင့် သင့်စိတ်နှလုံးထဲရှိ စကားများအကြောင်းတို့ကို ရိုးသားပွင့်လင်းသည့် ဖြစ်ကြောင်းကုန်စင် ပြောနိုင်သင့်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းက လေ့ကျင့်ခြင်း အချိန်ကာလတစ်ခုအပြင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့လည်း လိုအပ်ပေသည်။ သင်သည် အရာခပ်သိမ်းတွင် စိတ်နှလုံးထဲမှနေ၍ ရိုးရှင်းစွာ၊ ပွင့်လင်းစွာပြောဆိုရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ဤကဲ့သို့သော လေ့ကျင့်မှုမျိုးဖြင့် သင် တိုးတက်နိုင်ပေသည်။ သင်သည် အကြီးစား အခက်အခဲကို ကြုံတွေ့လျှင် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏စိတ်နှလုံးထဲတွင်တွန်းလှန်တိုက်ခိုက်ပြီး ဇာတိပကတိကို အောင်မြင်ဖို့ လိုအပ်သည်။ ထိုသို့သင့်ကိုယ်သင် လေ့ကျင့်ရာတွင် နည်းနည်းချင်းဆိုသလို သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း ဖွင့်ဟလာမည်။ သင်သည် ပို၍ပို၍သန့်စင်လာမည်ဖြစ်ကာသင်၏ အပြောနှင့် အလုပ်၏ သက်ရောက်မှုများသည် ယခင်ကထက် ကွာခြားလိမ့်မည်။ သင်၏အလိမ်အညာများနှင့် လှည့်စားမှုများသည် ပို၍ နည်းပါးလာမည်ဖြစ်ကာ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် အသက်ရှင်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်သည် အခြေခံအားဖြင့် ရိုးသားသူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

(၃၈၈) သင်တို့၏ခရီးပန်းတိုင်နှင့် ကံကြမ္မာသည် သင်တို့အဖို့ အလွန် အရေးကြီး၏။ ၎င်းတို့သည် အရေးကြီးသည့် အမှုထားစရာကိစ္စ ဖြစ်သည်။ သင်တို့သည် အမှုအရာများကို အလွန်ဂရုတစိုက် မလုပ်ဆောင်ပါက၊ ယင်းသည် သင်တို့အနေဖြင့် ခရီးပန်းတိုင် မရှိတော့ခြင်း၊ သင်တို့ကိုယ်တိုင်၏ကံကြမ္မာကို သင်တို့ ဖျက်ဆီးလိုက်ခြင်းဟု ဆိုလိုလိမ့်မည်ဟု သင်တို့ ယုံကြည်ကြလေသည်။ သို့သော်၊ ၎င်းတို့၏ ခရီးပန်းတိုင်တစ်ခုတည်းအတွက် အားသွန်ခွန်စိုက်လုပ်သူတို့သည် အချည်းနှီး ကြိုးပမ်းနေကြသည်ဟု သင်တို့ အတွေးပေါ်လာဖူးသလော။ ထိုသို့သော ကြိုးပမ်းအားထုတ်မှုသည် မစစ်မှန်ပေ။ ၎င်းတို့သည် အတုအယောင်နှင့် လှည့်ဖြားမှု ဖြစ်သည်။ ဤသို့ဖြစ်ပါက၊ ဘုရားသခင်၌ မိမိ၏ယုံကြည်မှုတွင် ကျရှုံးခြင်းသည် လှည့်ဖြားမှုကြောင့် ဖြစ်သည့်အတွက်၊ မိမိတို့၏ ခရီးပန်းတိုင် အတွက်သာ အလုပ်လုပ်သောသူတို့သည် ၎င်းတို့၏ နောက်ဆုံး ရှုံးနိမ့်မှု၏ လက်တစ်ကမ်းတွင် ရှိကြပေသည်။ ငါသည် မြှောက်ပင့်ခံရဖို့၊ သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခံရဖို့ သို့မဟုတ် စိတ်အားထက်သန်မှုဖြင့် ဆက်ဆံခံရဖို့ မနှစ်သက်သည်ကို ယခင်က ငါ ပြောပြီး ဖြစ်သည်။ ငါသည် ရိုးသားသောလူတို့ကို ငါ၏ သမ္မာတရားနှင့် ငါ၏ မျှော်လင့်ချက်တို့ကို ရင်ဆိုင်ကြစေလိုသည်။ ထို့ထက်ပင်ပို၍၊ လူတို့သည် ငါ၏ စိတ်နှလုံးအတွက် အဆုံးစွန် ဂရုစိုက်မှုနှင့် အရေးထားမှုတို့ကို ပြသနိုင်သည့်အခါ၊ ပြီးလျှင် ငါ့အတွက် အရာရာကိုပင် စွန့်လွှတ်နိုင်စွမ်းရှိကြသည့်အခါတွင် ငါနှစ်သက်သည်။ ဤနည်းဖြင့်သာ ငါ၏ စိတ်နှလုံး နှစ်သိမ့်ခံရနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

(၃၈၉) သမ္မာတရားကို လိုက်စားရန် အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အာရုံစိုက်ရမည်ဖြစ်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်နေရာမှ စတင်သင့်သနည်း။ ဤအတွက် စည်းမျဉ်းစည်းကမ်းများမရှိပေ။ သင်နားလည်သည့် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမဆို သင် လက်တွေ့လုပ်ဆောင်သင့်သည်။ သင်သည် တာဝန်တစ်ခုကို စတင်လျှင် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လိုက်စားခြင်းအား စတင်သင့်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌ လက်တွေ့လုပ်ဆောင်ဖို့ သမ္မာတရား၏ သွင်ပြင်လက္ခဏာများစွာရှိပြီး၊ သင်နားလည်သည့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို လက်တွေ့လုပ်ဆောင်သင့်သည်။ ဥပမာအနေဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းဖြင့်လည်းကောင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းဖြင့်လည်းကောင်း၊ ပြီးလျှင် သင်၏စိတ်နှလုံးကို ဖွင့်ဟခြင်းဖြင့်လည်းကောင်း သင် စတင်နိုင်သည်။ သင်၏ ညီအစ်ကို မောင်နှမများနှင့် ပြောဆိုဖို့ အလွန် အခက်ကြုံရသည့် အရာတစ်ခုခု သင်၌ရှိလျှင်၊ ဒူးထောက်ကာ ထိုအရာကို ဘုရားသခင်အား ဆုတောင်းခြင်းမှတစ်ဆင့် သင် ပြောပြသင့်သည်။ ဘုရားသခင်ကို သင်ဘာပြောသင့်သနည်း။ သင့်စိတ်နှလုံးတွင် ရှိသောအရာကို ဘုရားသခင်အား ပြောလော့၊ အနှစ်မဲ့သော အာလာပသလ္လာပများကို မပြောနှင့်၊ သို့မဟုတ် သူ့ကို လှည့်ဖြားရန် မကြိုးပမ်းနှင့်။ ရိုးသားခြင်းနှင့် အစပြုလော့။ သင် အားနည်းခဲ့လျှင်၊ သင်အားနည်းခဲ့သည်ဟု ပြောလော့၊ သင် ကောက်ကျစ်ဆိုးယုတ်ခဲ့လျှင် သင် ကောက်ကျစ်ဆိုးယုတ်ခဲ့မိသည်ဟု ပြောလော့၊ သင် လှည့်ဖြားခဲ့လျှင် သင် လှည့်ဖြားခဲ့သည်ဟု ပြောလော့၊ ရက်စက်ပြီး ခိုးကြောင်ခိုးဝှက်အတွေးများ သင်၌ ရှိခဲ့ဖူးလျှင်၊ ၎င်းတို့အကြောင်းကို ဘုရားသခင်အား ပြောလော့။ အဆင့်အတန်းအတွက် သင် အမြဲ ယှဉ်ပြိုင်နေလျှင် ဤအရာကိုလည်း သူ့အား ပြောလော့။ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်စေလော့၊ သင့်အတွက် ပတ်ဝန်းကျင်များကို သူ့အား စီစဉ်စေလော့။ သင်၏ အခက်အခဲများအားလုံးကို သင် ဖြတ်သန်းပြီး သင်၏ ပြဿနာအားလုံးကို ဖြေရှင်းဖို့ ဘုရားသခင်ကို ကူညီခွင့်ပေးလော့။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ သင်ဖွင့်ဟသင့်၏၊ ယင်းကို ပိတ်မထားနှင့်။ သူ့ကို သင်အဝင်မခံလျှင်ပင် သင့်အထဲကို သူစေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သေး၏၊ သို့သော်လည်း သူ့ကို သင်၏စိတ်နှလုံးအား ဖွင့်ဟလျှင် သမ္မာတရားကို သင်ရရှိနိုင်သည်။ ဤသို့ဆိုလျှင် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။ သင်သည် သင်၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်အား သင့်စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ပြောပြသင့်သည်။ မည်သည့်အကြောင်းနှင့်မျှ သင်သည် မစစ်မှန်သော အရာကို မပြောသင့်ပေ၊ သို့မဟုတ် သင့်ကိုယ်သင် အယောင်မဆောင်သင့်ပေ။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းအားဖြင့် သင်စတင်သင့်သည်။ နှစ်များစွာကြာသည်အထိ ငါတို့သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းအကြောင်း သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုနေခဲ့ကြသည်။ သို့တိုင်အောင် ယခုအခါတွင် အရေးမစိုက်သူများ၊ ၎င်းတို့၏ ကိုယ်ပိုင်ကြံရွယ်ချက်များ၊ ဆန္ဒ၊ ဦးတည်ချက်များနှင့်အညီ၊ နောင်တရဖို့ လုံးဝ မတွေးကြသောသူများနှင့်အညီ ပြောဆိုပြုမူသူများ များစွာရှိသေးသည်။ ဤသည်မှာ ရိုးသားသောသူတို့၏ သဘောထား မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် ရိုးသားရန် တောင်းဆိုသနည်း။ ယင်းသည် လူတို့ကို နားလည်သဘောပေါက်ဖို့ ပိုမိုလွယ်ကူစေရန် ပြုလုပ်ခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်သည် ရိုးသားသည့်သူများကို ချစ်ပြီး ကောင်းကြီးပေးသောကြောင့် လူများကို ရိုးသားဖို့ တောင်းဆိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသည့် လူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ယုံကြည်စိတ်ချရသည့်သူတစ်ဦး၊ ဘုရားသခင် ချစ်သည့်သူတစ်ဦးနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင် ချစ်နိုင်သည့် သူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းတို့၏ အခြေခံအကျဆုံး သရုပ်သကန်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့်အခါမျှ မရိုးသားဖူးပါက၊ သို့မဟုတ် ရိုးသားရန် မစဉ်းစားခဲ့ဖူးပါက၊ သူသည် သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို နားမလည်နိုင်သူဖြစ်သည်။ ကျွန်ုပ်ပြောသည်ကို မယုံကြည်လျှင် သင့်ဘာသာ သွား၍ ကြည့်လော့၊ သို့မဟုတ် သင့်ဘာသာ ဤအရာကို သွား၍ ကြုံတွေ့လော့။ ရိုးသားသူတစ်ယောက် ဖြစ်ခြင်းအားဖြင့်သာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟနိုင်သည်။ သမ္မာတရားကို လက်ခံနိုင်သည်။ သမ္မာတရားက သင်၏ စိတ်နှလုံးထဲတွင် သင်၏အသက်ဖြစ်လာနိုင်သည်။ သမ္မာတရားကို သင်နားလည်နိုင်ပြီး ရရှိနိုင်သည်။ သင်၏ စိတ်နှလုံးသည် အမြဲ ပိတ်လျက်ရှိနေပြီး သင်ဖွင့်ဟပြောဆိုခြင်းမရှိ သို့မဟုတ် သင့်စိတ်နှလုံးထဲရှိသောအရာကို မည်သူ့ကိုမျှ မပြောလျှင်၊ သင် ပွင့်ပွင့်လင်းလင်း မပြောဆိုသည်မှာ မည်သူကမျှ သင့်ကို နားမလည်နိုင်သည်အထိဖြစ်လျှင် သင်၏ အကာအဆီးမှာ ထူလွန်းပြီး သင်သည် လူတို့တွင် အလှည့်စားဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်ထံ မိမိကိုယ်ကို သက်သက် မဖွင့်ဟနိုင်လျှင်၊ သင်သည် ဘုရားသခင်ကို လှည့်စားရန် ဘုရားသခင်ကို လိမ်ညာနိုင်လျှင်၊ သို့မဟုတ် ချဲ့ကားပြောဆိုနိုင်လျှင်၊ သင်သည် ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်စွမ်းမရှိလျှင်၊ လှည့်ပတ်ပြောဆိုပြီး သင်၏ ရည်ရွယ်ချက်များကို ဖုန်းကွယ်နိုင်သေးလျှင် သင့်ကိုယ်သင်သာ ထိခိုက်စေလိမ့်မည်။ ဘုရားသခင်က သင့်အား လျစ်လျူရှုပြီး သင်၌ အလုပ်လုပ်မည် မဟုတ်ချေ။ သင်က မည်သည့် သမ္မာတရားကိုမျှ နားလည်မည်မဟုတ်ပေ။ မည်သည့် သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ပေ။ ယခုတွင် သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်း၏ အရေးပါမှုကို သင်တို့ မြင်နိုင်သလော။ သမ္မာတရားကို လိုက်စားရန် ပထမဆုံး သင် လုပ်ဆောင်သင့်သည့် အရာသည် မည်သည့်အရာဖြစ်သနည်း။ သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်သင့်သည်။ လူတို့သည် ရိုးသားဖို့ကြိုးစားကြမှသာ ၎င်းတို့ မည်မျှ အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်၊ ၎င်းတို့၌ လူသားသဏ္ဌာန် အကယ်ရှိသည်၊ မရှိသည်ကို သိနိုင်ပြီး ၎င်းတို့ကိုယ်၎င်းတို့ အကဲဖြတ်ဆန်းစစ်ကာ ၎င်းတို့၏ အားနည်းချက်များကို မြင်နိုင်ပေသည်။ ရိုးသားမှုကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည့် အခါမှသာ ၎င်းတို့ မုသားများ မည်မျှပြောဆိုပြီး ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် မရိုးသားမှုတို့ မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်ကို သိလာနိုင်ပေသည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံ ရှိကြစဉ်တွင်သာ လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို တဖြည်းဖြည်း သိလာနိုင်ပြီး ၎င်းတို့ ကိုယ်တိုင်၏ သဘာဝအနှစ်သာရကို သိရှိနိုင်ကာ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် သန့်စင်ခံရလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ စဉ်ဆက်မပြတ် သန့်စင်ခံရခြင်း ဖြစ်စဉ်တွင်သာ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြပေသည်။ ဤနှုတ်ကပတ်တော်များကို အချိန်ယူ၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို မရလျှင် မည်သို့ အဓိပ္ပာယ်ရသနည်း။ သင်သည် ဘုရားသခင်ကို မရရှိလျှင် သင်သည် သမ္မာတရားကို နားမလည်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို သင်သိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်ဖို့ လမ်းမရှိပေ။ ဤဖြစ်ရပ်တွင် သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်လျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းကို ရယူရန် မရှာဖွေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သနည်း။ အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့် လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက ရိုးသားခြင်းဖြင့် စတင်ရမည်။ အဆုံးတွင် ဘုရားသခင်၏ ရယူခြင်းခံရသောသူတို့သည် လက္ခဏာတစ်ခုဖြင့် အမှတ်အသားပြုခံရကြသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်။ “အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ “သူတို့” ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ အပြုအမူ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပေ။ မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်သဘောပေါက်ခြင်း ရှိကောင်းရှိနိုင်သည်။ ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။ “အပြစ်ကင်းလွတ်ခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ မကောင်းမှုကို မလုပ်ခြင်းကို ဆိုလိုသည်။ မကောင်းမှုကို မလုပ်ခြင်းသည် မည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်မှာ သံသယ ရှိစရာမလိုပေ။ ထို့ကြောင့် အပြစ်ကင်းလွတ်ခြင်းသည် ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။ အပြစ်နှင့် ကင်းလွတ်သူတစ်ဦးအား ဘုရားသခင်က မည်သို့ သတ်မှတ်ထားသနည်း။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတို့သာ စုံလင်သည်။ ထို့ကြောင့် အပြစ်ကင်းလွတ်သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများဖြစ်သည်။ စုံလင်သောသူတို့သည်သာ အပြစ်ကင်းလွတ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု

(၃၉၀) သင့်အထဲ၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော သစ္စာစောင့်သိမှု ရှိ မရှိ၊ သင့်ထံ၌ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံမှု မှတ်တမ်းတစ်ခု ရှိ မရှိနှင့် ဘုရားသခင်ထံ၌ သင် အပြည့်အဝ ကျိုးနွံနာခံပြီးခြင်း ရှိ မရှိ စသည်တို့ကို သင်သိသင့်သည်။ သင်သည် ဤအရာများ မရှိပါက၊ သင့်အတွင်း၌ ပုန်ကန်မှု၊ လှည့်ဖြားမှု၊ လောဘနှင့် မကျေနပ်မှုများသာ ကျန်ရစ်လိမ့်မည်။ သင်၏နှလုံးသားသည် ရိုးသားမှုနှင့်အလှမ်း ကွာဝေးသကဲ့သို့၊ သင်သည် ဘုရားသခင်ထံမှ အသိအမှတ်ပြုမှုကိုလည်း မည်သည့်အခါမျှ မရရှိဘဲ၊ အလင်းထဲတွင် မည်သည့်အခါမျှ မနေခဲ့ရဖူးပေ။ လူတစ်ယောက်၏ကံကြမ္မာသည် အဆုံး၌ မည်သို့ဖြစ်မည်ဆိုသည်မှာ သူ့ထံ၌ ရိုးသားမှုနှင့် သွေးသို့နီသော နှလုံးသားရှိ မရှိအပေါ်နှင့် သူ့ထံ၌ စင်ကြယ်သော စိတ်နှလုံး ရှိ မရှိတို့အပေါ်တွင် မူတည်သည်။ အကယ်၍ သင်သည် အလွန်မရိုးဖြောင့်သောသူတစ်ဦး၊ မလိုတမာစိတ်ရှိသူတစ်ဦး၊ မစင်ကြယ်သော စိတ်ဝိညာဉ်ရှိသူတစ်ဦး ဖြစ်နေပါက၊ သင်၏ ကံကြမ္မာမှတ်တမ်းတွင် ရေးသားသကဲ့သို့ လူတို့ အပြစ်ပေး ခံရသည့် နေရာတွင် သင် အဆုံးသတ်မည်မှာ သေချာ၏။ အကယ်၍ သင်သည် အလွန်တရာ ရိုးသားသည်ဟုဆိုသော်လည်း၊ သမ္မာတရားနှင့် ညီညွတ်စွာ ပြုမူခြင်း၊ အမှန်တရားနှင့်ဆိုင်သော စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းတို့ကို မည်သည့်အခါမျှ မပြုဖူးပါက၊ သင်သည် ဘုရားသခင်ကို သင့်အား ဆုချပေးစေရန် စောင့်မျှော်နေဆဲလော။ ဘုရားသခင်က သင့်ကို သူ၏ အချစ်မြတ်နိုးဆုံးသူအဖြစ် သတ်မှတ်ရန် စောင့်မျှော်နေသေးသလော။ ယင်းသည် ရယ်ဖွယ်ကောင်းသော တွေးနည်း မဟုတ်လော။ သင်သည် အရာရာ၌ ဘုရားသခင်ကို လှည့်စားသည်၊ ထို့ကြောင့် သင်ကဲ့သို့သော လက်မသန့်ရှင်းသူ တစ်ယောက်ကို ဘုရားသခင်၏အိမ်တော်၌ မည်ကဲ့သို့ နေရာ ပေးနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

အရှေ့သို့- (ဃ) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ကြုံတွေ့ခံစားပုံနှင့်ပတ်သက်၍

နောက်တစ်ခုသို့- (စ) ဘုရားသခင်ကို နာခံပုံနှင့် ပတ်သက်၍

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။