ဘုရား၏အမှုသစ်ကို လက်ခံသူတို့သည် မင်္ဂလာရှိကြ၏ကျူး
၁ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိဖွင့်ဆိုချက်များကို နာခံနိုင်စွမ်းရှိသောသူများ အားလုံးသည် ကောင်းချီးမင်္ဂလာကို ခံရကြသည်။ ၎င်းတို့ မည်ကဲ့သို့ ဖြစ်ခဲ့ပါစေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်ကဲ့သို့ အလုပ်လုပ်ခဲ့ပါစေ အကြောင်းမဟုတ်ပါ၊ နောက်ဆုံးသောအလုပ်ကို ရသောသူများမှာ ကောင်းချီးမင်္ဂလာကို အခံစားရဆုံးသောသူများဖြစ်ကြပြီး နောက်ဆုံးသော အလုပ်ကို ယနေ့လိုက်လျှောက်နိုင်စွမ်း မရှိသောသူများမှာ ပယ်ရှင်းခံကြရသည်။
၂ အလင်းအသစ်ကို လက်ခံနိုင်စွမ်းရှိသော သူများကို ဘုရားသခင်အလိုရှိပြီး ဘုရားသခင်သည် သူ၏ နောက်ဆုံးအလုပ်ကို လက်ခံသူများနှင့် သိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဖွေရှာနိုင်စွမ်းရှိပြီး အသစ်သော အရာများကို နားလည်နိုင်စွမ်းရှိသည်သာမက အယူအဆအဟောင်းများကို ဘေးသို့ ဖယ်ထားနိုင်စွမ်းနှင့် ယနေ့ ဘုရားသခင်၏ အလုပ်ကို နာခံနိုင်စွမ်းရှိသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အလုပ်ကို လက်ခံသော ဤလူအုပ်စုသည် ခေတ်အဆက်ဆက် မတိုင်မီကတည်းက ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံရသူများဖြစ်ပြီး ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောသူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏အသံကို တိုက်ရိုက်ကြားရပြီး ဘုရားသခင်ကိုယ်ထင်ရှားခြင်းကို မြင်ရကြသဖြင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးတွင် သာမက လွန်လေပြီးသော ခေတ်အဆက်ဆက်၌ သင်တို့ကဲ့သို့ ဤလူအုပ်စုထက် ပို၍ ကောင်းချီးမင်္ဂလာ ခံစားခဲ့ရသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အသစ်ဆုံးသော အလုပ်ကို သိပြီး ဘုရားသခင်၏ ခြေလှမ်းများအတိုင်း လိုက်လျှောက်ပါ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။