ဘုရားသခင်ကို သိမြင်ခြင်း (၃)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၃)

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၁:၃-၅ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထား တော်မူ၏။ အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၆-၇ တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသော ရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူ သည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၉-၁၁ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ကုန်းကို မြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၁၄-၁၅ တဖန် ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီး လင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၂၀-၂၁ တဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီး အစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

ကမ္ဘာဦးကျမ်း ၁:၂၄-၂၅ တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

ပထမနေ့တွင် လူသားမျိုးနွယ်၏ နေ့နှင့်ညသည် ပေါ်ပေါက်လာခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ခိုင်မာစွာ ရပ်တည်ပေ၏

ပထမကျမ်းပိုဒ်ကို ကြည့်ကြစို့။ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။ အလင်းကို နေ့ဟူသော အမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသော အမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၃-၅) ဤကျမ်းပိုဒ်သည် ဖန်ဆင်းခြင်းအစတွင် ဘုရားသခင်၏ ပထမဆုံး လုပ်ဆောင်ချက်နှင့် နံနက်နှင့် ညဦးပါဝင်သော ဘုရားသခင် ဖြတ်သန်းခဲ့သည့် ပထမနေ့ရက်ကို ဖော်ပြသည်။ သို့ရာတွင် ယင်းသည် ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ခဲ့သည်။ ဘုရားသခင်သည် အရာအားလုံးအတွက် အလင်းကို စတင်ပြင်ဆင်ခဲ့သည့်အပြင် အလင်းကို အမှောင်မှ ခွဲခြားလိုက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် စတင် စကားပြောခဲ့ပြီး သူ၏ နှုတ်ကပတ်တော်နှင့် သြဇာအာဏာသည် ဘေးချင်းယှဉ်လျက် တည်ရှိခဲ့သည်။ သူ၏ သြဇာအာဏာသည် အရာအားလုံးကြားတွင် စတင်ထင်ရှားလာပြီး သူ့နှုတ်ကပတ်တော်၏ အကျိုးရလဒ် အနေနှင့် သူ၏ တန်ခိုးသည် အရာအားလုံးကြားတွင် ပျံ့နှံ့သည်။ ထိုနေ့မှစပြီး အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုး တို့ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်ခဲ့ကြကာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ သြဇာအာဏာ နှင့် ဘုရားသခင်၏ တန်ခိုးတို့ကြောင့် စတင် လှုပ်ရှားလာကြသည်။ “အလင်းဖြစ်စေ” ဆိုသည့် နှုတ်ကပတ်တော်ကို ဘုရားသခင် မိန့်လိုက်သည့်အခါတွင် အလင်းဖြစ်ခဲ့သည်။ ဘုရားသခင်က မည်သည့်အစီအစဉ်ကိုမျှ စတင်ခြင်း မရှိခဲ့ပေ။ အလင်းသည် သူ့နှုတ်ကပတ်တော်၏ ရလဒ်အနေနှင့် ပေါ်ထွက်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်က နေ့ဟုခေါ်ခဲ့သည့် အလင်းဖြစ်ပြီး လူသားသည် ယနေ့အထိ သူ၏ တည်ရှိမှုအတွက် ယင်းအပေါ် မှီခိုဆဲဖြစ်သည်။ ဘုရားသခင်၏ အမိန့်တော်အားဖြင့် ထိုအလင်း၏ အနှစ်သာရနှင့် တန်ဖိုးက မည်သည့်အခါမျှ ပြောင်းလဲမသွားဘဲ မည်သည့်အခါမျှ ပျောက်ကွယ်မသွားပေ။ ထိုအလင်း၏ တည်ရှိမှုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားစေခဲ့ပြီး ဖန်ဆင်းရှင်၏ တည်ရှိမှုကို ကြေညာသည်။ ထိုအလင်းသည် ဖန်ဆင်းရှင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာတို့ကို အကြိမ်ကြိမ် အတည်ပြုသည်။ ထိုအရာသည် မသိမြင်နိုင်သည့်အရာ သို့မဟုတ် ထင်ယောင်ထင်မှားမှု မဟုတ်ပါဘဲ လူသားက မြင်တွေ့နိုင်သည့် စစ်မှန်သည့် အလင်းဖြစ်သည်။ ထိုအချိန်မှစ၍ “မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၏” ဆိုသည့် ဘာမျှမရှိသည့် ကမ္ဘာကြီးတွင် ပထမဆုံး ရုပ်ဝတ္ထုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအရာသည် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်များမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာနှင့် မိန့်မြွက်ချက်များကြောင့် အရာအားလုံးကို ဖန်ဆင်းခြင်း၏ ပထမလုပ်ဆောင်ချက်တွင် ဖြစ်ပေါ်ခဲ့သည်။ ဤအရာပြီးနောက် မရှေးမနှောင်းတွင် ဘုရားသခင်သည် အလင်းနှင့် အမှောင်ကို ခွဲခြားရန် အမိန့်ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် အရာအားလုံးသည် ပြောင်းလဲခဲ့ပြီး ပြည့်စုံခဲ့သည်။ ဘုရားသခင်က ဤအလင်းကို “နေ့” ဟုခေါ်ပြီး အမှောင်ကို “ည” ဟုခေါ်ခဲ့သည်။ ထိုအချိန်မှစပြီး ဘုရားသခင်ဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် ကမ္ဘာတွင် ပထမဆုံးညဦးနှင့် ပထမဆုံးနံနက်သည် ဖြစ်ပေါ်ခဲ့ပြီး ဤသည်မှာ ပထမနေ့ဖြစ်သည်ဟု ဘုရားသခင်က မိန့်ခဲ့သည်။ ဤနေ့သည် ဖန်ဆင်းရှင်၏ အရာအားလုံးကို ဖန်ဆင်းခြင်း ပထမနေ့ဖြစ်ပြီး အရာအားလုံးကို ဖန်ဆင်းခြင်း၏ အစဖြစ်ခဲ့သည်။ သူဖန်ဆင်းခဲ့သည့် ဤကမ္ဘာတွင် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသခဲ့သည့် ပထမအကြိမ် ဖြစ်ခဲ့သည်။

ဤနှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၏ သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးတို့ကို ထိတွေ့ခွင့်ရကြသည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည့်အတွက် ဘုရားသခင်သာလျှင် ဤကဲ့သို့သော သြဇာအာဏာရှိသည်၊ ထို့အပြင် ဘုရားသခင်သည် ဤကဲ့သို့သော သြဇာအာဏာ ရှိသည့်အတွက် ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုး ရှိသည်။ လူသား သို့မဟုတ် အရာဝတ္ထုသည် ဤကဲ့သို့သော သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်နိုင်သလော။ သင်တို့၏ နှလုံးသားထဲတွင် အဖြေရှိသလော။ ဘုရားသခင်ကလွဲပြီး ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာများတွင် ဤကဲ့သို့သော သြဇာအာဏာ ရှိသလော။ ဤကဲ့သို့သော အရာမျိုးကို အခြားစာအုပ်များ၊ သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်းများ တွင် သင်တို့တွေ့ဖူးသလော။ တစ်ယောက်ယောက်က ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သည်ဆိုသည့် မှတ်တမ်းရှိသလော။ အခြားစာအုပ်များ သို့မဟုတ် မှတ်တမ်းများတွင် ဤအရာကိုမတွေ့ရပေ။ ဤအရာများမှာ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ကမ္ဘာကို ဘုရားသခင်၏ ကြီးကျယ်ခမ်းနားစွာ ဖန်ဆင်းမှုနှင့် ပတ်သက်သည့် ခိုင်လုံပြီး တန်ခိုးနှင့်ပြည့်စုံသည့် တစ်ခုတည်းသော နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ထို့အပြင် ဤနှုတ်ကပတ်တော်များတွင် ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ အတုမရှိသည့် ဝိသေသ လက္ခဏာအကြောင်း ပါဝင်သည်။ ဤကဲ့သို့သော သြဇာအာဏာ နှင့် တန်ခိုးသည် ဘုရားသခင်၏ အတုမရှိသည့် ဝိသေသလက္ခဏာ ကိုယ်စားပြုသည်ဟု ဆိုနိုင်မည်လော။ ဤအရာများကို ဘုရားသခင်နှင့် ဘုရားသခင် တစ်ဆူတည်းသာလျှင် ပိုင်ဆိုင်သည်ဟု ဆိုနိုင်မည်လော။ သံသယရှိစရာမလိုပေ။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်။ ဤသြဇာအာဏာနှင့် တန်ခိုးသည် မည်သည့် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် မည်သည့်သက်ရှိမျှ မပိုင်ဆိုင်နိုင် အစားမထိုးနိုင်ပေ။ ဤသည်မှာ အတုမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင်၏ လက္ခဏာတစ်ခုဖြစ်သလော။ သင်မြင်တွေ့ပြီးပြီလော။ ဤနှုတ်ကပတ်တော်တို့သည် ဘုရားသခင်သည် အတုမရှိသည့် သြဇာအာဏာနှင့် အတုမရှိသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်သည် မြင့်မားသည့် ဝိသေသလက္ခဏာနှင့် အဆင့်အတန်းတို့ကို ပိုင်ဆိုင်သည်ဆိုသည့် အချက်ကို လူများကို လျင်မြန်စွာ ရှင်းရှင်းလင်းလင်း နားလည်စေသည်။ အထက်ပါ မိတ်သဟာယပြုမှုမှ သင်တို့ယုံကြည်သည့် ဘုရားသခင်သည် အတုမရှိသည့် ဘုရားသခင် ကိုယ်တော်တိုင်သာ ဖြစ်ပါသည်ဟု သင်တို့ ဆိုနိုင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၄)

ဒုတိယနေ့တွင် ဘုရားသခင်၏ သြဇာအာဏာသည် ရေတို့ကို စီစဉ်ပြီး မိုးမျက်နှာကြက်ကို ပြုလုပ်ကာ အခြေခံ အကျဆုံးလူသား၏ ရပ်တည်ရှင်သန်နိုင်ရေးအတွက် နေရာ တစ်နေရာ ပေါ်ထွက်လာသည်

“တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၆-၇) ဘုရားသခင်သည် “ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေ” ဟုမိန့်ပြီးနောက်တွင် မည်သို့ပြောင်းလဲမှု ပေါ်ပေါက်ခဲ့သနည်း။ ကျမ်းပိုဒ်တွင် ဤကဲ့သို့ဆိုသည်၊ “မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်။” ဘုရားသခင်သည် ဤသည်ကို မိန့်ကြားကာ ပြုလုပ်အပြီးတွင် အဘယ်ရလဒ်ရလာသနည်း။ ဤအဖြေသည် ကျမ်းပိုဒ်၏ နောက်ဆုံးအပိုင်းတွင်ရှိသည်။ “ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။”

ဤဝါကျတိုနှစ်ခုသည် ဘုရားသခင်က လူသားအသက်ရှင် ရပ်တည်နိုင်သည့် နေရာတစ်ခုကို ဖန်ဆင်းခဲ့ပြီး ရေကို အုပ်စိုးသည့် ကြီးမားသည့် လုပ်ဆောင်မှုဖြစ်သော အံ့သြစရာမြင်ကွင်းကို ဖော်ပြပြီး ကြီးကျယ်ခမ်းနားသည့် ဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင် ထားသည်။

ဤပုံတွင် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့တွင် မိုးမျက်နှာကြက်နှင့် ရေတို့သည် ချက်ချင်း ပေါ်ပေါက်လာသည်၊ ထို့ပြင် ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာနှင့် ခွဲခြားခံရပြီး ဘုရားသခင် စီစဉ်သည့်ပုံစံအရ အပေါ်နှင့် အောက်အဖြစ် ကွဲပြားခဲ့သည်။ တစ်နည်းအားဖြင့် ဆိုသော် ဘုရားသခင် ဖန်ဆင်းခဲ့သည့် မိုးမျက်နှာကြက်သည် အောက်တွင်ရှိသည့် ရေကို ဖုံးအုပ်ရုံတင်မကဘဲ အပေါ်တွင်ရှိသည့် ရေကိုပါ ထောက်ပံ့ပေးထားသည်။ ဤအခြေအနေတွင် ဖန်ဆင်းရှင်သည် ရေကို ကူးပြောင်းစေခဲ့ခြင်း၊ ရေကို အမိန့်ပေးခဲ့ခြင်း၊ မိုးမျက်နှာကြက်ကို ဖန်ဆင်းခဲ့ခြင်း အစရှိသောဖြစ်အင်တို့၏ ခံ့ညားထည်ဝါမှု၊ သူ့သြဇာအာဏာ၏ ကြီးမားသည့်အစွမ်းကို လေးစားကြည်ညိုခြင်းနှင့် လူသားသည် ပင့်သက်ရှုမောပြီး မှင်တက်မိကာ ငေးစိုက်မကြည့်ဘဲ မနေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဘုရားသခင်၏ သြဇာအာဏာတို့မှတစ်ဆင့် ဘုရားသခင်သည် ကြီးမားသော နောက်ထပ် စွမ်းဆောင်မှုတစ်ခုကို ရရှိခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ကြီးမားသည့် အစွမ်းမဟုတ်ပါလော။ ဘုရားသခင်၏ လုပ်ဆောင်မှုတို့ကို ရှင်းပြရန် ကျမ်းပိုဒ်များကို ငါတို့အသုံးပြုကြစို့- ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို ဟောကြားခဲ့သည်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်တို့ကြောင့် ရေအလယ်တွင် မိုးမျက်နှာကြက် တစ်ခုရှိခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကြောင့် ဤနေရာတွင် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ သာမန်အခြေအနေ အနေနှင့် ပြောင်းလဲခြင်းမဟုတ်ဘဲ ဘာမျှမရှိခြင်းမှ တစ်ခုခုရှိလာသည့် အစားထိုးခြင်း ပုံစံတစ်ခုဖြစ်သည်။ ယင်းမှာ ဖန်ဆင်းရှင်၏ အတွေးများမှ မွေးဖွားလာခြင်းဖြစ်ပြီး ဖန်ဆင်းရှင်မိန့်သည့် နှုတ်ကပတ်တော်တို့ကြောင့် ဘာမျှမရှိခြင်းမှ တစ်ခုခုရှိလာခြင်း ဖြစ်သည်။ ထို့ပြင် ဤအခြေအနေမှစပြီး ယင်းမှာ ဖန်ဆင်းရှင်အတွက် ခိုင်မြဲလျက်တည်လိမ့်မည်ဖြစ်ပြီး ဖန်ဆင်းရှင်၏ အတွေးများနှင့်အညီ ရွေ့ပြောင်းကာ ပြောင်းလဲပြီး အသစ်ဖြစ်လိမ့်ဖြစ်သည်။ ဤကျမ်းပိုဒ်က ဖန်ဆင်းရှင်၏ တစ်လောကလုံးကို ဖန်ဆင်းခြင်းတွင် သူ၏ ဒုတိယ လုပ်ဆောင်ချက်ကို ဖော်ပြသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို နောက်ထပ် ဖော်ပြခြင်းဖြစ်ပြီး ဖန်ဆင်းရှင်စီမံသည့် နောက်ထပ် ရှေ့ဆောင်လုပ်ရပ် တစ်ခုဖြစ်သည်။ ဤနေ့သည် ကမ္ဘာကိုစတင်တည်ထောင်သည့်အချိန်ကစပြီး ဖန်ဆင်းရှင် ဖြတ်သန်းခဲ့သည့် ဒုတိယနေ့ဖြစ်ပြီး သူ့အတွက် နောက်ထပ် အံ့သြဖွယ်နေ့တစ်နေ့ဖြစ်ခဲ့သည်။ အလင်းကြားတွင် သူ လျှောက်လှမ်းခဲ့သည်။ မိုးမျက်နှာကြက်ကို ယူဆောင်ခဲ့သည်။ ရေကို စီစဉ်အုပ်ချုပ်ခဲ့လိမ့်မည်။ ထို့ပြင် သူ၏လုပ်ဆောင်မှု၊ သူ၏သြဇာအာဏာနှင့် သူ၏တန်ခိုးတို့ကို နေ့သစ်တွင် အသုံးပြုခဲ့သည်။

ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မမိန့်ဆိုမီတွင် ရေအလယ်၌ မိုးမျက်နှာကြက် ရှိသလော။ မရှိပေ။ “ရေအလယ်၌ မိုဃ်းမျက်နှာကြက် ဖြစ်စေ” ဟု ဘုရားသခင်က မိန့်လိုက်သည့်အခါတွင် မည်သို့ဖြစ်သနည်း။ ဘုရားသခင် ရည်ရွယ်ထားခဲ့သည့် အရာများက ပေါ်ထွက်လာခဲ့သည်။ ဘုရားသခင်က “ရေနှင့်ရေချင်း ခြားနားစေ” ဟုပြောခဲ့သည့် အတွက်ကြောင့် ရေအလယ်တွင် မိုဃ်းမျက်နှာကြက် တစ်ခုဖြစ်ခဲ့ပြီး ရေက ကွဲသွားသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်နောက်တွင် အရာဝတ္ထုအသစ် နှစ်ခု၊ အသစ်ပေါ်ပေါက်လာသည့် အရာနှစ်ခုသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ ရလဒ်အနေနှင့် အရာအားလုံး ထဲတွင် ပေါ်ထွက်လာခဲ့သည်။ ဤအရာဝတ္ထုအသစ် နှစ်ခု ပေါ်လာခြင်းနှင့် ပတ်သက်၍ သင်တို့ မည်သို့ခံစားရသနည်း။ ဖန်ဆင်းရှင်၏ တန်ခိုးကြီးမြတ်မှုကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ အတုမရှိဖြစ်ပြီး ထူးခြားပြောင်မြောက်သည့် စွမ်းအားကို သင်တို့ ခံစားရသလော။ ဤကဲ့သို့သောစွမ်းအားနှင့် တန်ခိုးတို့၏ ကြီးမြတ်မှုသည် ဘုရားသခင်၏ သြဇာအာဏာကြောင့်ဖြစ်ပြီး ဤသြဇာအာဏာသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်စားပြုခြင်းဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်၏ အတုမရှိသည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

ဤကျမ်းပိုဒ်သည် ဘုရားသခင်၏ အတုမရှိခြင်း၏ နောက်ထပ် နက်နဲသိမ်မွေ့သည့် သဘောတစ်ခုအား သင်တို့ကိုပေးသလော။ သို့ရာတွင် ဤသည်မှာ လုံလောက်ရန် အဝေးကြီးလိုသေးသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဤအရာထက်မက သာလွန်သည်။ သူ၏ အတုမရှိခြင်းသည် မည်သည့်ဖန်ဆင်းခံနှင့်မျှ မတူသည့် သူ၌ရှိသည့် အတုမရှိမှုကြောင့်တင်မဟုတ်ဘဲ သူ၏ သြဇာအာဏာသည် ထူးခြားပြောင်မြောက်ခြင်း၊ အကန့်အသတ် မရှိခြင်း၊ အားလုံးထဲတွင် အမြင့်ဆုံးဖြစ်ခြင်း၊ အားလုံးထဲတွင် သာလွန်ခြင်းတို့ကြောင့် ဖြစ်သည့်အပြင် သူ၏သြဇာအာဏာနှင့် ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းသည် အသက်ကို ဖန်ဆင်းနိုင်ပြီး အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်ကာ ခမ်းနားကြီးကျယ်ပြီး ထူးခြားဆန်းကြယ်သည့် မိနစ်တိုင်း စက္ကန့်တိုင်းကို ဖန်ဆင်းနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် တစ်ချိန်တည်း၌ပင် ဘုရားသခင်သည် သူဖန်ဆင်းသည့် အသက်ကို အုပ်ချုပ်နိုင်ပြီး သူဖန်ဆင်းသည့် အံ့ဖွယ်မှုများ၊ စက္ကန့်၊ မိနစ်တစ်ခုစီတိုင်းအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင် ထားနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၅)

တတိယနေ့တွင် ဘုရားဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် မြေကြီးနှင့် ပင်လယ်တို့ကို ပေါ်ပေါက်စေခဲ့ပြီး ဘုရားသခင်၏ သြဇာအာဏာသည် ကမ္ဘာကို သက်ရှိတို့နှင့် ပြည့်စေခဲ့သည်

နောက်ထပ် ကမ္ဘာဦးကျမ်း ၁:၉-၁၁ ၏ ပထမဝါကျကို ဖတ်ကြည့်ကြစို့။ “တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ ဟုမိန့်တော်မူခဲ့သည်။” ဘုရားသခင်က ရိုးရိုးပဲ “မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေ” ဟုပြောလိုက်သည့်အခါ မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။ အလင်းနှင့် မိုဃ်းမျက်နှာကြက်မှလွဲ၍ ဤနေရာတွင် အဘယ်အရာရှိနေခဲ့ သနည်း။ ကျမ်းစာထဲတွင် ဤသို့ရေးထားသည်၊ “ကုန်းကိုမြေ ဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသော အမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။” တစ်နည်းအားဖြင့် ယခုတွင် ဤနေရာ၌ မြေကြီးနှင့် ပင်လယ်တို့ရှိလာခဲ့ပြီး မြေကြီးနှင့်ပင်လယ်တို့သည် ခွဲခြားခြင်းခံခဲ့ရသည်။ ဤအသစ်သော အရာများ၏ ပေါ်ထွန်းမှုသည် ဘုရားသခင်၏နှုတ်တော်က ပညတ်ချက်များကို လိုက်နာခဲ့သည်။ “အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ဘုရားသခင်သည် ဤအရာများကိုလုပ်နေစဉ်တွင် အလုပ်ရှုပ်နေခြင်းမျိုးကို သမ္မာကျမ်းစာက ဖော်ပြသလော။ ကိုယ်ကာယအင်အားနှင့် အလုပ်လုပ်နေသည်ဟု ဖော်ပြသလော။ ဤသို့ဆိုလျှင် ဤအရာများအားလုံးကို ဘုရားသခင်က မည်သို့ပြုလုပ်ခဲ့သနည်း။ ဤအရာဝတ္ထုအသစ်များကို ဘုရားသခင်က မည်သို့ဖြစ်ပေါ်စေခဲ့သနည်း။ ရှင်းပြနေစရာ မလိုပေ။ ဤအရာများအားလုံးကို ရရှိရန်၊ ဤအရာအားလုံးကို ဖန်ဆင်းရန် ဘုရားသခင်သည် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။

ဤကျမ်းပိုဒ်၏ နောက်ဆုံးဝါကျကို ဆက်သွားကြစို့။ “တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်တွင် မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။” ဘုရားသခင်က စကားပြောနေစဉ်တွင် ဤအရာအားလုံးသည် ဘုရားသခင်၏အတွေးကိုလိုက်ပြီး ဖြစ်တည်လာခဲ့ကာ ချက်ချင်းပင် အနုစိတ်ပြီး သေးငယ်သည့် သက်ရှိအမျိုးမျိုးတို့သည် မြေကြီးထဲမှ တုန်တုန်ရီရီနှင့် ခေါင်းလေးများ ပြူထွက်လာခဲ့ပြီး သူတို့ကိုယ်ခန္ဓာက မြေမှုန့်များကို ခါမချသေးခင်တွင်ပင် သူတို့သည် စိတ်ထက်သန်စွာနှင့် အချင်းချင်း နှုတ်ဆက်ရင်း ခေါင်းညိတ်ရင်းနှင့် လောကကြီးကို ပြုံးပြနေခဲ့ကြသည်။ ဖန်ဆင်းရှင်သည် သူတို့အပေါ်တွင် အသက်ကို ချပေးသနား သည့်အတွက် သူ့ကို ကျေးဇူးတင်ကြပြီး သူတို့သည် အရာအားလုံးထဲတွင် ပါဝင်သည့် တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဆိုခြင်းကို၊ သူတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ဖော်ထုတ်ပြသရန် သူတို့၏ ဘဝများကို အပ်နှံကြမည်ဆိုခြင်းကို ကြေညာခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက်သည့်အခါတွင် ကုန်းမြေသည် စိမ်းလန်းစိုပြည် လာခဲ့သည်။ လူတို့အသုံးချနိုင်သည့် ဆေးဘက်ဝင်အပင် အမျိုးမျိုးတို့သည် ရှင်သန်လာကြပြီး မြေကြီးထဲမှ ဖောက်ထွက် လာခဲ့ကြသည်။ တောင်များနှင့် လွင်ပြင်များသည် သစ်ပင်များ၊ တောများနှင့် ထူထပ်သွားခဲ့သည်။ သက်ရှိအရိပ်အယောင် လုံးဝမရှိခဲ့ဖူးသည့် ကျတ်တီးမြေဖြစ်သော ဤကမ္ဘာကြီးသည် မြက်ပင်များ၊ ဆေးပင်များ၊ သစ်ပင်များ တစ်ပုံတစ်ခေါင်းနှင့် တစ်ဟုန်ထိုး ဖုံးသွားပြီး သစ်ပင်ခြုံပင်များနှင့် ပြည့်လျှံသွားခဲ့သည်။ မြက်တို့၏ ရနံ့နှင့် ကုန်းမြေ၏ မွှေးပျံ့မှုသည် လေမှတစ်ဆင့် ပျံ့နှံ့သွားပြီး စီတန်းနေသည့် အပင်တို့သည် လေ၏လည်ပတ်မှုနှင့် ထပ်တူ လေကို ရှုရှိုက်ကြပြီး ကြီးထွားမှုဖြစ်စဉ်ကို အစပြုခဲ့ကြသည်။ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဘုရားသခင်၏ အတွေးနောက်တွင် အားလုံးသောအပင်တို့သည် ရှင်သန်ကြီးထွားခြင်း၊ ပွင့်ဖူးခြင်း၊ အသီးသီးခြင်းနှင့် ပွားများခြင်းတို့ဖြစ်သည့် မပြီးဆုံးသည့် ဘဝစက်ဝိုင်းကို စတင်ခဲ့ကြသည်။ သူတို့၏ သက်ဆိုင်သည့် ဘဝပုံစံများကို သေသေချာချာ လိုက်လျှောက်ကြပြီး အရာ အားလုံးကြားတွင် သူတို့၏ သက်ဆိုင်သည့်တာဝန်များကို စတင် ထမ်းဆောင်လာခဲ့ကြသည်။ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် မွေးဖွားပြီး ရှင်သန်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ မရပ်တန့်သွားမည့် ထောက်ပံ့ခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတို့ကို ရရှိကြလိမ့်မည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ထင်ရှားပြသကြရန်အတွက် ကုန်းမြေ၏ ထောင့်အသီးသီးတွင် အမြဲတမ်း ဇွဲနပဲကြီးစွာ ရှင်သန်ရပ်တည်ကြလိမ့်မည်။ ထို့ပြင် ဖန်ဆင်းရှင်က သူတို့အပေါ် အပ်နှင်းပေးခဲ့သည့် အသက်စွမ်းအားကို အမြဲပင် ထင်ရှား ပြသကြပေလိမ့်မည်။

ဖန်ဆင်းရှင်၏ အသက်သည် ထူးခြားပြောင်မြောက်၏။ သူ၏အတွေးများသည် ထူးခြားပြောင်မြောက်သည်။ သူ၏ သြဇာအာဏာသည် ထူးခြားပြောင်မြောက်သည်။ ထို့ကြောင့် သူ၏နှုတ်ကပတ်တော်များကို မိန့်မြွက်လိုက်သည့်အခါတွင် နောက်ဆုံးရလဒ်မှာ “အမိန့်တော်ရှိသည့်အတိုင်း ဖြစ်လေ၏” ပင်ဖြစ်သည်။ ရှင်းသည်၊ ဘုရားသခင်သည် သူလုပ်ဆောင် သည့်အခါတွင် သူ၏လက်များနှင့် အလုပ်လုပ်ရန် မလိုအပ်ပေ။ သူသည် သူ့အတွေးများကို ကွပ်ကဲအုပ်ချုပ်ရန်အတွက် အသုံးပြုပြီး အမိန့်ပေးရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြု သည်။ ဤနည်းလမ်းနှင့် ကိစ္စများသည် ပြီးမြောက်သည်။ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေများကို တစ်နေရာထဲတွင် စုဆောင်းပြီး ခြောက်သွေ့သည့် ကုန်းမြေကို ဖြစ်ပေါ်စေခဲ့သည်။ ပြီးနောက်တွင် ဘုရားသခင်သည် ကုန်းမြေပေါ်တွင် မြက်ပင်များကို ရှင်သန်ထွက်ပေါ်လာစေပြီး အစေ့ပါဝင်သည့် ဆေးပင်များ၊ အသီးသီးသည့်အပင်များ ကြီးထွားလာစေပြီး ဘုရားသခင်သည် ၎င်းတို့ကို အမျိုးအစားပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ခဲ့ကာ တစ်ခုစီတိုင်းတွင် ကိုယ်ပိုင်အစေ့တို့ ပါဝင်စေခဲ့သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အတွေးများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အမိန့်ပေးချက်များအရ ဖြစ်ပေါ်လာခဲ့ပြီး ဤကမ္ဘာသစ်တွင် တစ်ခုချင်းစီ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဘုရားသခင်သည် သူ၏အလုပ်ကို မစတင်မီတွင် သူ့စိတ်ထဲတွင် အဘယ်အရာကိုရရှိရန် ရည်ရွယ်ထားသည်ဆိုသည့် ပုံသဏ္ဌာန် ရှိနှင့်ပြီးဖြစ်ပြီး ဘုရားသခင်သည် ဤအရာများကို ရရှိရန် ပြင်ဆင်သည့်အခါတွင်၊ ဘုရားသခင်သည် ဤပုံသဏ္ဌာန်၏ အကြောင်းအရာကို မိန့်ဆိုရန် သူ့နှုတ်ကို ဖွင့်ဟလိုက် သည့်အခါတွင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကြောင့် အရာအားလုံး၌ ပြောင်းလဲမှုများသည် စတင်ဖြစ်ပေါ်လာခဲ့သည်။ ဘုရားသခင်သည် မည်သို့လုပ်ဆောင်ခဲ့သည် သို့မဟုတ် သူ၏သြဇာအာဏာကို မည်သို့အသုံးချခဲ့သည်ဆိုခြင်းနှင့် မဆိုင်ဘဲ အားလုံးသည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဆင့်ချင်းဖြစ်ပေါ်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သြဇာအာဏာတို့ကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်ဆင့်ချင်း ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ဤပြောင်းလဲမှုများနှင့် ပေါ်ပေါက်လာမှု အားလုံးတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၊ ဖန်ဆင်းရှင်၏ အသက်တန်ခိုး၏ ထူးခြားဆန်းကြယ်မှုနှင့် ကြီးမြတ်မှုတို့ကို ထင်ရှားစွာပြသသည်။ သူ၏ အတွေးများသည် ရိုးရှင်းသည့် စိတ်ကူးစိတ်သန်းများ သို့မဟုတ် အနှစ်မဲ့သည့် ပုံသဏ္ဌာန်မျိုး မဟုတ်ဘဲ ရှင်သန်တက်ကြွမှုနှင့် ထူးခြားဆန်းကြယ်သည့် တန်ခိုးရှိသည့် သြဇာအာဏာတစ်ခုဖြစ်ပြီး ဤအရာတို့သည် အရာအားလုံးကို ပြောင်းလဲစေသည့်၊ ပြန်လည်လန်းဆန်းစေသည့်၊ အသစ်တစ်ဖန်ဖြစ်စေသည့်၊ ပျက်စီးစေသည့် တန်ခိုးတို့ ဖြစ်ကြသည်။ ဤအရာကြောင့် အရာအားလုံးသည် သူ၏ အတွေးများကြောင့် လှုပ်ရှားကြပြီး တစ်ချိန်တည်းတွင်ပင် သူ၏နှုတ်ထွက်စကားများကြောင့် ဤအရာအားလုံးတို့ကို ပြီးမြောက်ခဲ့သည်။

အရာအားလုံး မပေါ်ပေါက်မီတွင် စုံလင်သော အစီအစဉ်တစ်ခုမှာ ဘုရားသခင်၏ အတွေးများထဲ၌ ကြာမြင့်စွာကတည်းက ဖြစ်ပေါ်နေခဲ့ပြီဖြစ်ပြီး ကမ္ဘာသစ်တစ်ခုကို ကြာမြင့်စွာကတည်းက ရရှိခဲ့ပြီးဖြစ်သည်။ တတိယ နေ့ရက်တွင် ကုန်းမြေပေါ်၌ အမျိုးမျိုးသောအပင်များ ပေါ်ပေါက်ခဲ့သော်လည်း ဘုရားသခင်အနေဖြင့် လောကကို ဖန်ဆင်းခြင်းအဆင့်များကို ရပ်တန့်ပစ်ရန် အကြောင်းရင်းမရှိခဲ့ပါချေ။ သူ၏ နှုတ်ကပတ်တော်များကို ဆက်ပြောဆိုရန်၊ အသစ်သော အရာအားလုံးကို ဖန်ဆင်းခြင်းအား ဆက်လက်စွမ်းဆောင်ရန် သူရည်ရွယ်ခဲ့သည်။ သူသည် စကားပြောဆိုကာ၊ အမိန့်ပေးပြီး သူ၏သြဇာအာဏာကို အသုံးပြု၍ သူ၏တန်ခိုးကို ထင်ရှားပြသ ခဲ့လိမ့်မည်ဖြစ်ကာ အရာအားလုံးအတွက်နှင့် သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ပေးရန် သူစီစဉ်ထားခဲ့သည့် အရာအားလုံးကို ပြင်ဆင်ခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၆)

စတုတ္ထနေ့တွင် ဘုရားသခင်သည် သူ၏သြဇာအာဏာကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် လူသားတို့၏ ရာသီများ၊ နေ့များ၊ နှစ်များ ပေါ်ပေါက်လာသည်

ဖန်ဆင်းရှင်သည် သူ၏အစီအစဉ်တို့ကို ပြီးပြည့်စုံစေရန် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည်။ ဤသို့ဖြင့် သူ့အစီအစဉ်၏ ပထမသုံးရက်ကို ဖြတ်သန်းခဲ့သည်။ ဤသုံးရက်အတွင်းတွင် ဘုရားသခင်သည် အလုပ်ရှုပ်သည့်ပုံ၊ မောပန်းသည့်ပုံမရှိဘဲ သူ့အစီအစဉ်၏ အံ့သြဖွယ်ပထမသုံးရက်ကို ဖြတ်သန်းခဲ့ပြီး ကမ္ဘာ၏ အခြေခံကျသော ပြောင်းလဲခြင်းဖြစ်သည့် ကြီးမားသည့် ဆောင်ရွက်မှုကြီးကို ပြီးမြောက်ခဲ့သည်။ အသစ်စက်စက် ကမ္ဘာသည် သူ့ရှေ့တွင် ပေါ်ထွက်လာခဲ့ပြီး သူ၏အတွေးထဲတွင် ပိတ်ဖုံးထားသည့် လှပသည့် ရုပ်ပုံကားချပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် အစိတ်အပိုင်းတစ်ခုချင်းစီ ပေါ်ထွက်လာခဲ့သည်။ အရာဝတ္ထု အသစ်များ ပေါ်ထွက်လာသည့်ပုံစံမှာ မွေးကင်းစကလေးတစ်ဦး မွေးဖွားလာသကဲ့သို့ဖြစ်ပြီး ဖန်ဆင်းရှင်သည် တစ်ချိန်က သူ့အတွေးထဲတွင်သာရှိခဲ့ပြီး ယခု သက်ဝင်လှုပ်ရှားလာသည့် ပုံစံအပေါ်တွင် ကျေနပ်အားရလေသည်။ ဤအချိန်တွင် သူ့နှလုံးသားသည် ကျေနပ်မှု အနည်းငယ်ကို ရခဲ့သည်။ သို့ရာတွင် သူ၏အစီအစဉ်သည် အစပြုစသာရှိခဲ့သေးသည်။ မျက်စိတမှိတ် အတွင်းတွင် နေ့သစ်တစ်ခု ရောက်ရှိလာခဲ့သည်— ဖန်ဆင်းရှင်၏ အစီအစဉ်တွင် နောက်စာမျက်နှာက အဘယ်အရာဖြစ်သနည်း။ သူအဘယ်အရာကို ပြောခဲ့သနည်း။ သူ၏သြဇာအာဏာကို မည်သို့ အသုံးပြုခဲ့သနည်း။ တစ်ချိန်တည်းတွင်ပင် မည်သည့်အရာဝတ္ထု အသစ်များက ဤကမ္ဘာသစ်ဆီသို့ ရောက်ရှိလာခဲ့သနည်း။ ဖန်ဆင်းရှင်၏ လမ်းညွှန်မှုနောက်တွင် အရာအားလုံးအပေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်း လေးရက်မြောက်နေ့အပေါ်ကို အာရုံစူးစိုက်လာပါပြီ။ နောက်ထပ် အသစ်စတင်သည့် နေ့တစ်နေ့ ဖြစ်သည်။ ဖန်ဆင်းရှင်အတွက်မူ နောက်ထပ် အံ့သြဖွယ် နေ့တစ်နေ့ဖြစ်ပြီး ယနေ့ လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည့် နောက်ထပ်နေ့တစ်နေ့ပင်ဖြစ်သည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ အဖိုးမဖြတ်နိုင်သည့် နေ့တစ်နေ့ပင် အမှန်ဖြစ်သည်။ ယင်းနေ့သည် မည်ကဲ့သို့ အံ့သြစရာကောင်း သနည်း။ မည်ကဲ့သို့ အလွန် အရေးကြီးသနည်း။ မည်ကဲ့သို့ တန်ဖိုးဖြတ်၍မရသနည်း။ ဖန်ဆင်းရှင် မိန့်ကြားသည့် နှုတ်ကပတ်တော်တို့ကို ဦးစွာကြားနာကြစို့။

“တဖန်ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ် တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက် အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော် ရှိသည့်အတိုင်းဖြစ်လေ၏။” (ကမ္ဘာဦးကျမ်း ၁:၁၄-၁၅) ဤသည်မှာ ကမ္ဘာပေါ်တွင် ခြောက်သွေ့သည့်ကုန်းမြေနှင့် အပင်များကို ဖန်ဆင်းပြီးနောက်တွင် ဖန်ဆင်းခံများ ထင်ရှားပြသခဲ့သည့် ဘုရားသခင်၏သြဇာအာဏာကို နောက်တစ်ခါ အသုံးပြုခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် ဤကဲ့သို့သောအပြုအမူမျိုးက အလားတူပင် လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်တွင် ဤကဲ့သို့သော တန်ခိုးရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်သည်။ သူ၏နှုတ်ကပတ်တော်သည် ပြီးပြည့်စုံလိမ့်မည်။ ဘုရားသခင်သည် ကောင်းကင်တွင် အလင်းအိမ်ဖြစ်ပေါ်စေရန် အမိန့်ပေးခဲ့ပြီး ဤအလင်းအိမ်သည် ကောင်းကင်နှင့်မြေကြီးတွင် ထွန်းလင်းခဲ့ ရုံမက နေ့နှင့်ည၊ ရာသီဥတု၊ နေ့ရက်များ၊ နှစ်များ၏ သင်္ကေတ အနေနှင့်လည်း အစေခံခဲ့သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက် သည့်အခါတွင် ဘုရားသခင်ပြီးမြောက်လိုသည့် လုပ်ဆောင်ချက် တိုင်းသည် ဘုရားသခင်ချမှတ်ခဲ့သည့်ပုံစံနှင့် ဘုရားသခင်၏ ဆိုလိုချက်အတိုင်း ပြည့်စုံခဲ့သည်။

ကောင်းကင်တွင်ရှိသည့် အလင်းအိမ်သည် အလင်း ထုတ်လွှတ်နိုင်သည့် အရာဝတ္ထုဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်ကို ထွန်းလင်းစေနိုင်သည်။ မြေကြီးနှင့် ပင်လယ်ကို ထွန်းလင်းစေနိုင်သည်။ ဘုရားသခင်အမိန့်ပေးသည့် စည်းချက်နှင့် ကြိမ်နှုန်းအရ လည်ပတ်ကြပြီး ကုန်းမြေပေါ်၌ မတူညီသည့် အချိန်ကာလများတွင် အလင်းပေးပြီး ဤနည်းလမ်းအားဖြင့် အလင်း၏ လည်ပတ်ခြင်းစက်ဝိုင်းက ကုန်းမြေ၏အရှေ့နှင့် အနောက်တွင် နေ့နှင့် ညကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့သည် နေ့နှင့်ညအတွက် သင်္ကေတအနေနှင့်သာ မဟုတ်ဘဲ ဤမတူညီသည့် စက်ဝန်းများမှတစ်ဆင့် လူသားမျိုးနွယ်၏ ပွဲတော်များ၊ အမျိုးမျိုးသော အထူးနေ့ရက်များကိုလည်း မှတ်သားပေးသည်။ ၎င်းတို့သည် ဘုရားသခင်ပြုလုပ်ခဲ့သည့် လေးရာသီဖြစ်သော— နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီတို့အတွက်— ပြီးပြည့်စုံသည့် ဖြည့်စွက်မှုနှင့် လိုက်ဖက်မှုဖြစ်ပြီး လူသားမျိုးနွယ်တို့၏ လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များအတွက် ပုံမှန်ဖြစ်ပြီး တိကျသည့် အမှတ်အသားအနေနှင့် လိုက်ဖက်ညီစွာ အတူတကွ အစေခံသည်။ လူသားတို့ လယ်ယာစိုက်ပျိုးရေး ဖြစ်ပေါ်ပြီးနောက် တွင်သာ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အလင်းအိမ်ကြောင့်ဖြစ်ပေါ် ခဲ့သည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များ ခွဲခြားခြင်းကို လူသားတို့ ကြုံတွေ့ပြီး စတင်နားလည် လာခြင်းဖြစ်သော်လည်း၊ အမှန်တကယ်တွင် ယနေ့ လူတို့နားလည်သည့် လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များသည် အရာအားလုံးအပေါ် ဘုရားသခင်၏ဖန်ဆင်းခြင်း လေးရက်မြောက်နေ့တွင်ကတည်းက ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ပင် လူသားတို့ တွေ့ကြုံရသည့် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာသီတို့၏ ပြောင်းလဲခြင်း စက်ဝန်းများသည် အရာအားလုံးအပေါ် ဘုရားသခင်၏ ဖန်ဆင်းခြင်း လေးရက်မြောက်နေ့ကတည်းက ဖြစ်ပေါ်ခဲ့သည်မှာ ကြာလှပေပြီ။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အလင်းအိမ်သည် လူသားများ အတွက် နေ့နှင့်ညအကြား ပုံမှန်၊ တိကျစွာနှင့် ရှင်းရှင်းလင်းလင်း ခွဲခြားစေနိုင်ခဲ့ပြီး နေ့ရက်များကို ရေတွက်နိုင်စေခဲ့ကာ လနှင့်သက်ဆိုင်သည့် အချိန်ကာလများ၊ နှစ်များကို ရှင်းလင်းစွာ မှတ်သားနိုင်စေခဲ့သည်။ (လပြည့်နေ့သည် တစ်လပြည့်သည့်နေ့ ဖြစ်ပြီး ဤအချက်မှ အလင်းအိမ်၏တောက်ပခြင်းက စက်ဝန်းအသစ်တစ်ခုစပြီဆိုသည်ကို လူသားက သိရှိခဲ့သည်။ လနှင့်ပတ်သက်သည့်ကာလအသစ်စတင်ပြီဟု လူသားကို ပြောလိုက်သည့် လတစ်ဝက်ရှိသည့်နေ့သည် တစ်လ၏တစ်ဝက်ကို ရောက်သည့်နေ့ဖြစ်ပြီး ဤအချက်မှ လနှင့်ပတ်သက်သည့်ကာလ တစ်ခုတွင် ဘယ်နှစ်ရက် ဘယ်နှစ်ညရှိသည်၊ ရာသီတစ်ခုတွင် လနှင့်ပတ်သက်သည့်ကာလ ဘယ်နှစ်ခုရှိသည်၊ တစ်နှစ်တွင် ရာသီမည်မျှရှိသည်ဆိုသည်ကို သိရှိနိုင်ပြီး အားလုံးသည် ပုံမှန်ဖြစ်ပေါ်ပြသနေသည်။) ထို့ကြောင့် လူသားသည် အလင်း လှည့်ပတ်ခြင်းအားဖြင့် မှတ်သားထားသည့် လနှင့် သက်ဆိုင်သည့်အချိန်ကာလများ၊ နေ့ရက်များနှင့် နှစ်များကို လွယ်လွယ်ကူကူနှင့် မှတ်သားသိရှိနိုင်ခဲ့သည်။ ဤအချိန်မှစပြီး လူသားမျိုးနွယ်နှင့် အရာအားလုံးသည် အလင်းလှည့်ပတ်ခြင်း အားဖြင့် ဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲခြင်းများ၊ နေ့နှင့်ည ပုံမှန်ပြောင်းလဲခြင်းများကြားတွင် သတိမမူမိဘဲ အသက်ရှင်ခဲ့ ကြသည်။ ဤသည်မှာ လေးရက်မြောက်နေ့တွင် ဖန်ဆင်းရှင်၏ အလင်းအိမ်ကိုဖန်ဆင်းခြင်း၏ အရေးပါမှုဖြစ်သည်။ အလားတူပင် ဖန်ဆင်းရှင်၏ ဤလုပ်ဆောင်ချက်၏ ဦးတည်ချက်နှင့် အရေးပါမှုတို့သည် သူ၏သြဇာအာဏာနှင့် တန်ခိုးတို့နှင့် ခွဲခြား၍ မရပေ။ ထို့ကြောင့် ဘုရားသခင် ပြုလုပ်ခဲ့သည့် အလင်းအိမ်နှင့် ဤအလင်းအိမ်က လူသားအပေါ်ကို မကြာမီသယ်ဆောင်လာမည့် တန်ဖိုးသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးချခြင်း၏ နောက်ထပ်ပိုင်နိုင်မှုတစ်ခုဖြစ်သည်။

ဤကမ္ဘာသစ်တွင် လူသားမျိုးနွယ်ပေါ်ထွက်လာရန် ကျန်ရှိသေးသည့်နေရာတွင် ဖန်ဆင်းရှင်သည် မကြာခင်တွင် သူဖန်ဆင်းမည့် သက်ရှိအသစ်အတွက် ညနေနှင့်မနက်၊ မိုးမျက်နှာကြက်၊ ကုန်းမြေနှင့်ပင်လယ်၊ မြက်ပင်၊ ဆေးပင်နှင့် အမျိုးမျိုးသော သစ်ပင်များ၊ အလင်းအိမ်၊ ရာသီဥတု၊ နေ့ရက်များ၊ နှစ်များကို ပြင်ဆင်ပြီးချေပြီ။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် သူဖန်ဆင်းခဲ့သည့် အရာဝတ္ထုအသစ် တစ်ခုစီတိုင်းတွင် ဖော်ပြနေသည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များနှင့် ပြီးမြောက်မှုများသည် အနည်းငယ်မျှပင် ရပ်တန့်ခြင်းမရှိ၊ အနည်းငယ်မျှပင် မကိုက်ညီမှုမရှိဘဲ တစ်ပြိုင်နက်ဖြစ်ပေါ်ခဲ့သည်။ ဤအရာဝတ္ထုအသစ်များအားလုံး ပေါ်ပေါက်လာခြင်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ သက်သေဖြစ်သည်။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်သည်။ သူ၏ နှုတ်ကပတ်တော်သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည်လည်း ထာဝရတည်သည်။ ဤအချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ အတိတ်တွင် ထိုကဲ့သို့သာ ဖြစ်ခဲ့ပြီး ယနေ့တွင်လည်း ထိုကဲ့သို့သာဖြစ်ကာ ထာဝရကာလတိုင် ထိုကဲ့သို့သာ ဖြစ်လိမ့်မည်။ ဤကျမ်းစာ၏ နှုတ်ကပတ်တော်များကို တစ်ကြိမ်ထပ်ကြည့်လိုက်ပါက ဤနှုတ်ကပတ်တော်များသည် သင်တို့အတွက် လတ်ဆတ်သည်ဟု ထင်ရသလော။ အကြောင်းအရာအသစ်များကို တွေ့မြင်ခဲ့ပြီးပြီလော၊ ထို့ပြင် ရှာဖွေတွေ့ရှိမှုအသစ်များ ပြုခဲ့သလော။ ဤသည်မှာ ဖန်ဆင်းရှင်၏လုပ်ဆောင်ချက်များသည် သင်တို့၏နှလုံးသားကို ဝင်ရောက်မွှေနှောက်ခဲ့သည့်အတွက်ကြောင့်ဖြစ်ပြီး သူ၏သြဇာအာဏာနှင့် တန်ခိုးအပေါ် သင်တို့၏သိမြင်မှု ဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့ပြီး သင်တို့ကို ဖန်ဆင်းရှင်အပေါ် နားလည်နိုင်စေခဲ့သည်။ ထို့ပြင် သူ၏လုပ်ဆောင်မှုများနှင့် သြဇာအာဏာတို့သည် ဤနှုတ်ကပတ်တော်တို့အပေါ်တွင် အသက်ကို အပ်နှင်းပေးခဲ့သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်တို့တွင် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ စစ်မှန်ထင်ရှားသည့် ဖော်ပြချက်ကို တွေ့မြင်ခဲ့ပြီး ဖန်ဆင်းရှင်၏ ထူးမြတ်ခြင်းကို ဧကန်အမှန် မျက်မြင်တွေ့ခဲ့ကာ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့၏ ထူးခြားဆန်းကြယ်မှုကို ရှုမြင်ခဲ့ရသည်။

ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အံ့သြဖွယ်ရာဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေသည်၊ သူသည် လူသား၏ အာရုံစိုက်မှုကို ဆွဲဆောင်ပြီး လူသားသည် ဘုရားသခင်က မိမိသြဇာအာဏာကို အသုံးချမှုမှ ပေါ်ပေါက်လာသည့် အံ့သြဖွယ် လုပ်ဆောင်ချက်များကို မှင်တက်ပြီး ငေးစိုက်မကြည့်ဘဲ မနေနိုင်ပေ။ သူ၏ ထူးခြားဆန်းပြားသည့် တန်ခိုးသည် ကျေနပ်ပျော်ရွှင်မှုများ တစ်ခုပြီးတစ်ခုဖြစ်စေပြီး လူသားသည် ဖမ်းစားခံရလျက် အလွန် ပျော်ရွှင်ကာ လေးစားကြည်ညိုမှုနှင့် ပင့်သက်ရှိက်မောလျက် အံ့သြမှင်တက်ပြီး ကောင်းချီးသြဘာပေး၏။ ထို့အပြင် လူသားသည် သိသိသာသာ စိတ်လှုပ်ရှားလျက် သူ့အထဲတွင် လေးစားမှု၊ ရိုသေလေးမြတ်မှုနှင့် တွယ်တာမှုတို့ ထွက်ပေါ် လာသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် လုပ်ဆောင်မှုတို့သည် လူသား၏ ဝိညာဉ်အပေါ်တွင် ကြီးမားသည့် သက်ရောက်မှုရှိပြီး လူသား၏ ဝိညာဉ်ကို သန့်ရှင်းစေသည့်အပြင် လူသား၏ ဝိညာဉ်ကို ကျေနပ်စေသည်။ သူ၏အတွေးတစ်ခုစီတိုင်း၊ သူ၏မိန့်မြွက်ချက် တစ်ခုစီတိုင်း၊ သူ၏သြဇာအာဏာကို ထုတ်ဖော်မှု တစ်ခုစီတိုင်းသည် အရာအားလုံးကြားတွင် အပြောင်မြောက်ဆုံး လက်ရာဖြစ်ပြီး ဖန်ဆင်းခံဖြစ်သည့် လူသားများ၏ လေးနက်သည့် နားလည်သိမြင်မှုနှင့် အထိုက်တန်ဆုံးဖြစ်သည့် ကြီးမြတ်သည့် ဆောင်ရွက်မှုတစ်ခုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၇)

ငါးရက်မြောက်နေ့တွင် မတူညီကွဲပြားသည့် သက်ရှိပုံစံများသည် ဖန်ဆင်းရှင်၏သြဇာအာဏာကို အမျိုးမျိုးသော နည်းလမ်းများနှင့် ပြသကြသည်။

ကျမ်းစာက ဤသို့ပြောသည်။ “တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဖွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော် မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၀-၂၁) ကျမ်းစာက ရှင်းလင်းစွာ ပြောထားသည်၊ ဤနေ့ရက်တွင် ဘုရားသခင်သည် ရေထဲ၌ သတ္တဝါများ၊ လေပေါ်တွင် ငှက်များကို ဖန်ဆင်းခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် ငါးနှင့် ငှက်အမျိုးမျိုးကို ဖန်ဆင်းပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ခွဲခြားသတ်မှတ် ခဲ့သည်။ ဤနည်းလမ်းနှင့် ကမ္ဘာ၊ မိုးကောင်းကင်နှင့် ရေတို့သည် ဘုရားသခင်၏ဖန်ဆင်းခြင်းတို့နှင့် ပြည့်စုံနေခဲ့သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်တို့ကို မိန့်ကြားလိုက် သည့်အခါတွင် သက်ရှိသတ္တဝါအသစ်များသည် မတူညီသည့်ပုံစံ တစ်ခုစီနှင့် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်တို့အကြားတွင် ချက်ချင်း ရှင်သန်လာခဲ့သည်။ သူတို့သည် ကမ္ဘာပေါ်တွင် နေရာရရန်အတွက် တိုးဝှေ့ရင်း၊ ပျော်ရွှင်လျက် ခုန်ပေါက် မြူးထူးရင်း ဝင်လာခဲ့ကြသည်။ ပုံသဏ္ဌာန်နှင့် အရွယ်အစားမျိုးစုံ ရှိသည့် ငါးများသည် ရေထဲတွင် ကူးခတ်ကြသည်။ အခွံမာကောင်မျိုးစုံတို့သည် သဲထဲမှ တိုးထွက်လာကြသည်။ အကြေးခွံများပါသည့်၊ အခွံမာများပါသည့်၊ ကျောရိုးမဲ့သည့် သတ္တဝါတွေသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ မတူညီသည့် ပုံစံများနှင့် လျင်မြန်စွာ ကြီးထွားလာကြသည်။ ထိုနည်းတူပင် ပင်လယ်ရေညှိအမျိုးမျိုးတို့သည် မတူညီသည့် ရေနေသတ္တဝါတို့၏ လှုပ်ရှားမှုအပေါ်တွင် ယိမ်းနွဲ့ရင်း၊ ညင်သာစွာ လှုပ်ရှားရင်း၊ တည်ငြိမ်နေသည့်ရေကို လှုံ့ဆော်ရင်းနှင့် တက်ကြွစွာ စတင်ကြီးထွားလာကြလိမ့်မည်။ မြန်မြန်လုပ်၊ သင့်သူငယ်ချင်းများ ကို ခေါ်ခဲ့၊ မည်သည့်အခါမျှ သင်အထီးကျန်ဖြစ်မည် မဟုတ်တော့ဟု ၎င်းတို့ကို ပြောလိုက်သည့်အလားပင် ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် သက်ရှိသတ္တဝါ အမျိုးမျိုးတို့သည် ရေတွင် ပေါ်လာသည့်အချိန်မှစ၍ သက်ရှိအသစ် တစ်ကောင်ချင်း စီတိုင်းသည် အချိန်ကြာမြင့်စွာ တည်ငြိမ်နေသည့်ရေများကို သက်ဝင်လှုပ်ရှားလာစေခဲ့ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေး ခဲ့သည်။ ထိုအချိန်မှစပြီး သူတို့သည် အချင်းချင်း ခိုဝင်တိုးဝှေ့ ခဲ့ကြသည်။ မိတ်ဆွေဖွဲ့ခဲ့ကြသည်။ သူတို့ကြားတွင် ကင်းကွာမှု မထားကြတော့ပေ။ ရေသည် သူ၏ရင်ခွင်ထဲတွင် ခိုလှုံသည့် သက်ရှိတိုင်းကို ပြုစုရင်း ရေထဲတွင်ရှိသည့် သတ္တဝါများအတွက် ဖြစ်တည်ပြီး ရေ၏ ပြုစုဂရုစိုက်မှုကြောင့် ရေအတွက် သက်ရှိတိုင်းက ဖြစ်တည်ခဲ့သည်။ တစ်ကောင်ချင်းစီတိုင်းက အခြားတစ်ကောင်အပေါ်တွင် အသက်ကိုဖြစ်တည်စေသည်။ တစ်ချိန်တည်းတွင် အသီးသီးက အလားတူပင် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း၏ ဆန်းကြယ်မှုနှင့် ကြီးမြတ်မှုကို၊ ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ မသာလွန်နိုင်သည့် တန်ခိုးကို သက်သေခံခဲ့သည်။

ပင်လယ်သည် တိတ်ဆိတ်ခြင်းမရှိတော့သည့်အားလျော်စွာ မိုးကောင်းကင်တွင်လည်း သက်ရှိတို့ စတင်ပြည့်နှက်လာခဲ့သည်။ ငှက်အကြီးအသေးတို့သည် တစ်ကောင်ပြီးတစ်ကောင် မြေကြီးမှ ကောင်းကင်ကို ပျံတက်သွားကြသည်။ ပင်လယ်ထဲက သတ္တဝါများ ကဲ့သို့မဟုတ်ဘဲ သူတို့တွင် ကြော့ရှင်းပြီး တင့်တယ်လှပသည့် သူတို့၏ပုံသဏ္ဌာန်များကို ဖုံးအုပ်ထားသည့် အမွှေး၊ အတောင်များ ရှိကြသည်။ ဖန်ဆင်းရှင်က သူတို့အပေါ် ချပေးသနားခဲ့သည့် ကျွမ်းကျင်မှုများနှင့် သူတို့၏ အထူးလုပ်ဆောင်ချက်များ၊ သူတို့၏ လှပသည့် အမွှေးအတောင်များကို ဂုဏ်ယူဝံ့ကြွားစွာ ပြသကြရင်း သူတို့၏အတောင်ပံများကို ခတ်ခဲ့ကြသည်။ သူတို့သည် မြက်ပြင်များနှင့် တောများ တစ်လျှောက် ကောင်းကင်နှင့် မြေကြီးကြားတွင် ကျွမ်းကျင်စွာနှင့် ခေါက်တုံ့ခေါက်ပြန် သွားလာရင်း လွတ်လပ်စွာ ပျံသန်းခဲ့ကြသည်။ သူတို့သည် လေ၏ အလွန်ချစ်ခင်ရသူများ ဖြစ်ခဲ့ကြသည်။ အရာအားလုံး၏ ချစ်ခင်ရသူတွေ ဖြစ်ခဲ့ကြလိမ့်မည်။ သူတို့သည် မကြာမီတွင် ကောင်းကင်နှင့်မြေကြီးကို ချည်နှောင်ပေးသူများဖြစ်လာကြမည် ဖြစ်ပြီး အရာအားလုံးဆီကို သတင်းစကားများ သယ်ယူပေး ကြမည်။ သူတို့သည် သီချင်းသီဆိုခဲ့ကြသည်။ ပျော်ရွှင်စွာနှင့် ထိုးဆင်းခဲ့ကြသည်။ သူတို့သည် တစ်ချိန်က ဘာမျှမရှိခဲ့သည့် ကမ္ဘာဆီကို ရွှင်လန်းမှုများ၊ ရယ်သံများနှင့် တက်ကြွမှုများ သယ်ဆောင်လာခဲ့ကြသည်။ သူတို့သည် သူတို့အပေါ်ကို ချပေးသနားခဲ့သည့် အသက်အတွက် ဖန်ဆင်းရှင်ကို ချီးမွမ်းရန် သူတို့၏နှလုံးသားအတွင်းက စကားလုံးများကို အသုံးပြုပြီး သူတို့၏ ကြည်လင်သာယာသည့် သီချင်းဆိုသံတို့ကို အသုံးပြုခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း၏ ပြည့်စုံမှု၊ ဆန်းကြယ်မှုတို့ကို ပြသရန်အတွက် ရွှင်လန်းစွာ ကခုန်ခဲ့ကြသည်။ သူတို့သည် သူတို့အပေါ် ဘုရားသခင် ချပေးသနားခဲ့သည့် ထူးမြတ်သည့်ဘဝမှတစ်ဆင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို သက်သေခံရန်အတွက် သူတို့၏ဘဝတစ်ခုလုံးကို အပ်နှံကြလိမ့်မည်။

၎င်းတို့သည် ရေထဲတွင်ရှိသည်ဖြစ်စေ၊ ကောင်းကင်တွင် ရှိသည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ ထိန်းချုပ်မှုအားဖြင့် ဤများပြား လှသည့် သက်ရှိများသည် မတူညီသည့် ဘဝပုံစံတို့နှင့် ဖြစ်တည်ခဲ့ ကြသည်။ ဖန်ဆင်းရှင်၏ ထိန်းချုပ်မှုအားဖြင့် ၎င်းတို့သည် မိမိတို့နှင့်သက်ဆိုင်သည့် မျိုးစိတ်များအလိုက် အတူတကွ စုဝေးခဲ့ကြသည်— ဤနိယာမ၊ ဤစည်းမျဉ်းကို မည်သည့်သတ္တဝါမျှ မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချမှတ်ထားသည့် ဘောင်များမှ မည်သည့်အခါမျှ ကျော်မသွားဝံ့ကြသကဲ့သို့ ကျော်သွားနိုင်သည့် အစွမ်းလည်း မရှိကြပေ။ ဖန်ဆင်းရှင် ချပေးခဲ့သည့်အတိုင်း ၎င်းတို့ရှင်သန်နေထိုင်ကာ ပွားများခဲ့ကြသည်။ ဖန်ဆင်းရှင်က ၎င်းတို့အတွက် ချမှတ်ထားခဲ့သည့် ဘဝပုံစံနှင့် နိယာမများအတိုင်း တစ်သဝေမတိမ်း လိုက်နာခဲ့ကြသည်။ ဖန်ဆင်းရှင်က သူတို့ကို ပေးအပ်ခဲ့သည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်များနှင့် စည်းမျဉ်းများ၊ နားလည်သိရှိပြီးဖြစ်သည့် အမိန့်များကို သတိပြုလျက် ယနေ့အထိ စောင့်ထိန်းခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် အထူးနည်းလမ်းဖြင့် ဖန်ဆင်းရှင်နှင့် စကားပြောခဲ့ကြပြီး ဖန်ဆင်းရှင်၏ ဆိုလိုရင်းကို သဘောပေါက်ခဲ့ကြသည်။ သူ၏အမိန့်များကို နာခံခဲ့ကြသည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သူမျှ လုံးဝမချိုးဖောက် ခဲ့ကြပေ။ ၎င်းတို့အပေါ်တွင် ဖန်ဆင်းရှင်၏စိုးပိုင်မှုနှင့် အုပ်ချုပ်မှုတို့သည် သူ၏အတွေးထဲတွင် အလုပ်လုပ်ခဲ့ကြသည်။ မည်သည့်စကားလုံးမျှ ထုတ်မပြောခဲ့သော်လည်း ဖန်ဆင်းရှင်၏ ထူးခြားသည့် သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် မတူညီသည့် ဘာသာစကားလုပ်ဆောင်မှု မပါဝင်သည့် တိတ်ဆိတ်မှုမျိုးနှင့် အရာအားလုံးကို ထိန်းချုပ်ခဲ့သည်။ ဤအထူးနည်းလမ်းနှင့် သူ၏ သြဇာအာဏာကို အသုံးပြုမှုသည် လူသားကို အသိပညာအသစ်ကို ရရှိစေခဲ့ပြီး ဖန်ဆင်းရှင်၏ထူးခြားသည့် သြဇာအာဏာအပေါ်တွင် ဖွင့်ဆိုမှုအသစ်များကို ပြုလုပ်စေခဲ့သည်။ ဤနေ့သစ်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးချခြင်းသည် ဖန်ဆင်းရှင်၏ အတုမရှိခြင်းကို နောက်တစ်ကြိမ် ပြသခဲ့ခြင်းပင်ဖြစ်ကြောင်း သင်တို့ကို ငါပြောရမည်။

ပြီးနောက် ကျမ်းစာ၏ ဤအပိုဒ်က နောက်ဆုံးစာကြောင်းကို ကြည့်ကြစို့။ “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” ဤသည်မှာ အဘယ်အရာကိုဆိုလိုသည်ဟု သင်တို့ထင်သနည်း။ ဘုရားသခင်၏ စိတ်ခံစားချက်တို့သည် ဤနှုတ်ကပတ်တော်များ ထဲတွင် ပါဝင်နေသည်။ သူဖန်ဆင်းခဲ့သည့် အရာအားလုံးသည် အကောင်အထည်အဖြစ် ဖြစ်ပေါ်လာပြီး သူ့နှုတ်ကပတ်တော် များကြောင့် ခိုင်မာစွာရပ်တည်လာပြီး တဖြည်းဖြည်း စတင် ပြောင်းလဲလာသည်ကို ဘုရားသခင် စောင့်ကြည့်ခဲ့သည်။ ဤအချိန်တွင် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်နှင့် ပြုလုပ်ခဲ့သည့် အရာဝတ္ထုအမျိုးမျိုးနှင့် သူပြီးမြောက်ခဲ့သည့် လုပ်ဆောင်ချက်အမျိုးမျိုးတို့အပေါ်တွင် ကျေနပ်မှုရှိခဲ့သလော။ အဖြေက “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ပင်ဖြစ်သည်။ ဤနေရာတွင် သင်တို့ အဘယ်အရာကိုတွေ့သနည်း။ “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဆိုသည်မှာ အဘယ်အရာကို ကိုယ်စားပြုသနည်း။ အဘယ်အရာကို သင်္ကေတပြုသနည်း။ ပြီးမြောက်စေရန် သူရည်မှန်းထားသည့် ပန်းတိုင်ကို ပြီးမြောက်အောင်ပြုလုပ်ရန်နှင့် သူစီစဉ်ပြီး သတ်မှတ်ထားသည့်အရာကို ပြီးမြောက်အောင်ပြုလုပ်ရန် ဘုရားသခင်ထံတွင် တန်ခိုးနှင့် ဉာဏ်ပညာရှိသည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် လုပ်ဆောင်မှုတစ်ခုစီတိုင်း ပြီးဆုံးသည့်အခါတွင် နောင်တရခဲ့သလော။ အဖြေက “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဆိုသည်ပင် ဖြစ်နေသေးသည်။ တစ်နည်းပြောရလျှင် သူသည် နောင်တမရခဲ့ရုံတင်မကဘဲ ကျေနပ်မှုရရှိခဲ့သည်။ နောင်တမရခဲ့ပေဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဘုရားသခင်၏ အစီအစဉ်သည် စုံလင်သည်၊ သူ၏တန်ခိုးနှင့် ဉာဏ်ပညာသည် စုံလင်သည်၊ သူ၏သြဇာအာဏာ အားဖြင့်သာ ဤကဲ့သို့သော စုံလင်မှုမျိုးကို ပြီးမြောက်စေနိုင် သည်ဟု ဆိုလိုသည်။ လူသည် လုပ်ငန်းတာဝန်တစ်ခုကို လုပ်ဆောင်သည့်အခါတွင် ဘုရားသခင်ကဲ့သို့ပင် ထိုအရာက ကောင်းသည်ဟု မြင်နိုင်သလော။ လူသားပြုလုပ်သည့် အရာအားလုံးသည် စုံလင်ခြင်းသို့ ရောက်နိုင်သလော။ လူသားသည် အကြောင်းအရာတစ်ခုခုကို တစ်ကြိမ်တည်းနှင့် ထာဝရအတွက် ပြီးမြောက်အောင် ပြုလုပ်နိုင်သလော။ “ပြီးပြည့်စုံသည်ဆိုခြင်းမှာ မရှိပေ။ ပိုကောင်းသည်ဆိုခြင်းသာ ရှိသည်” ဟုလူတို့ပြောသည့်အတိုင်းပင် ဖြစ်သည်။ လူသားလုပ်သည့် မည်သည့်အရာမျှ စုံလင်မှုကို မရောက်ရှိနိုင်ပေ။ သူပြုလုပ်ခဲ့သည့်၊ ရရှိခဲ့သည့် အရာများက ကောင်းမွန်သည်ကို ဘုရားသခင် မြင်ခဲ့သောအခါ ဘုရားသခင်ပြုလုပ်သည့် အရာ အားလုံးသည် သူ၏နှုတ်ကပတ်တော်အားဖြင့် ပြင်ဆင် ပြုလုပ်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် “ထိုအမှုအရာကောင်း သည်ကို မြင်တော်မူသောအခါ” သူပြုလုပ်ခဲ့သည့်အရာ အားလုံးသည် အမြဲတည်သော သဏ္ဌာန်တစ်ခုကို ခံယူခဲ့ကြသည်။ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခံခဲ့ကြရပြီး ပုံသေနေရာ တစ်ခု၊ ရည်ရွယ်ချက်တစ်ခု၊ လုပ်ဆောင်မှုတစ်ခုကို တစ်ကြိမ်တည်း နှင့် ထာဝရကာလပတ်လုံးအတွက် ပေးအပ်ခြင်းခံခဲ့ရသည်။ ထို့အပြင် အရာအားလုံးအကြားတွင် ၎င်းတို့၏တာဝန်နှင့် အရာအားလုံးကို ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်းတွင် သူတို့သွားရမည့် ခရီးသည် ဘုရားသခင်အားဖြင့် ချမှတ်ဆုံးဖြတ်ပေးပြီးဖြစ်ပြီး ပြောင်းလဲ၍မရပေ။ ဤသည်မှာ အရာအားလုံးကို ဖန်ဆင်းရှင်ပေးအပ်ထားသည့် ကောင်းကင်ဘုံနှင့် ဆိုင်သော ဥပဒေသဖြစ်သည်။

“ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသော ရိုးရှင်းသည့်၊ လုံလုံလောက်လောက် အသိအမှတ်ပြုခြင်းမခံရသည့်၊ မကြာခဏ လျစ်လျူရှုခြင်းခံရသည့် ဤနှုတ်ကပတ်တော်တို့သည် ဘုရားသခင်က ဖန်ဆင်းခံအားလုံးကို ပေးအပ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် ဥပဒေသနှင့် ကောင်းကင်ဘုံနှင့် ဆိုင်သည့် အမိန့်ချမှတ်မှုဖြစ်သည်။ ယင်းတို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အခြားသော ပြယုဂ်တစ်ခု၊ ပို၍ လက်တွေ့ကျသည့်အရာ၊ ပို၍နက်နဲသိမ်မွေ့သည့်အရာဖြစ်သည်။ သူ၏နှုတ်ကပတ်တော်တို့မှတစ်ဆင့် ဖန်ဆင်းရှင်သည် သူရရှိရန် ရည်မှန်းထားသည့်အရာအားလုံးကိုရရှိပြီး ပြီးမြောက်ရန် သူရည်မှန်းထားသည့် အရာအားလုံးကို ပြီးမြောက်ရုံတင်မကဘဲ သူဖန်ဆင်းခဲ့သည့်အရာအားလုံးကို သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီး သူ့သြဇာအာဏာအောက်တွင် သူပြုလုပ်ခဲ့သည့် အရာအားလုံးကို အုပ်စိုးနိုင်ခဲ့သည့်အပြင် အားလုံးက စနစ်ကျပြီး ပုံမှန်ဖြစ်ပေါ်သည်။ အရာအားလုံးသည် သူ့နှုတ်ကပတ်တော် အားဖြင့် အသက်ရှင်ပြီး သေဆုံးခဲ့ကြသည်။ ထို့အပြင် သူ၏သြဇာအာဏာအားဖြင့် သူချမှတ်ထားသည့် ဥပဒေသ အတွင်းတွင် ဖြစ်တည်ခဲ့ပြီး မည်သူမျှ လွတ်ကင်းခြင်းမရှိပေ။ ဤဥပဒေသသည် “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသည့်အချိန်ခဏချင်းတွင်ပင် စတင်ခဲ့ပြီး ဘုရားသခင်က ရုတ်သိမ်းသည့်နေ့ကိုမရောက်ခင်အထိ ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်အတွက် ဆက်လက် ဖြစ်တည်ပြီး လည်ပတ် နေမည်ဖြစ်သည်။ ဖန်ဆင်းရှင်၏အတုမရှိသည့် သြဇာအာဏာ ထင်ရှားသည်မှာ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကို ဖြစ်တည်လာစေရန် အမိန့်ပေးနိုင်သည့် သူ၏အစွမ်းတင် သာမကဘဲ အရာအားလုံးအပေါ်တွင် စိုးပိုင်ပြီး အချုပ်အခြာ အာဏာကို ကိုင်ဆောင်ထားနိုင်ကာ အရာအားလုံးအပေါ် အသက်နှင့် ရှင်သန်တက်ကြွမှုကို အပ်နှင်းနိုင်သည့် သူ၏အစွမ်းတွင်ပါ ထင်ရှားသည်။ ထို့အပြင် သူ၏အကြံအစည် ထဲတွင် သူဖန်ဆင်းမည့် အရာအားလုံးသည် သူဖန်ဆင်းထားသည့် ကမ္ဘာတွင် စုံလင်သည့်ပုံသဏ္ဌာန်၊ စုံလင်သည့် ဘဝတည်ဆောက်ပုံ၊ စုံလင်သည့်တာဝန်နှင့် အပြီးအပြတ် ဖြစ်ပေါ်တည်ရှိစေနိုင်သည့် သူ၏အစွမ်းတွင်လည်း ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာသည် ထင်ရှားသည်။ အလားတူပင် ဘုရားသခင်၏ အတွေးများသည် ချုပ်ချယ်ခြင်းများ မခံရဘဲ အချိန်၊ နေရာ သို့မဟုတ် ပထဝီအနေအထားတို့နှင့် ကန့်သတ်ထားခြင်းမရှိသည့် သဘောနှင့်လည်း ထင်ရှားသည်။ သူ၏သြဇာအာဏာကဲ့သို့ပင် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာသည် ထာဝရကာလမှ ထာဝရကာလအထိ မပြောင်းမလဲ တည်ရှိနေမည်ဖြစ်သည်။ သူ၏သြဇာအာဏာသည် သူ၏အတုမရှိသည့် ဝိသေသလက္ခဏာ၏ သင်္ကတေနှင့် ကိုယ်စားပြုသည့်အရာဖြစ်နေမည်ဖြစ်ပြီး သူ၏သြဇာအာဏာသည် သူ၏ ဝိသေသလက္ခဏာနှင့်အတူ ဘေးချင်းယှဉ်လျက် ထာဝရတည်ရှိနေမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၈)

ခြောက်ရက်နေ့မြောက်တွင် ဖန်ဆင်းရှင်သည် စကားပြောပြီး သူ့စိတ်ထဲတွင်ရှိသည့် သက်ရှိသတ္တဝါတစ်မျိုးချင်းစီသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်

မသိမသာနှင့် ဖန်ဆင်းရှင်၏ အရာအားလုံးကို ပြုလုပ်ခြင်း အမှုသည် ၅ ရက် ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ယင်းနောက်တွင် ချက်ချင်းပင် အရာအားလုံးအပေါ် သူ၏ဖန်ဆင်းခြင်း ခြောက်ရက်မြောက်နေ့ကို ဖန်ဆင်းရှင်က ဆီးကြိုခဲ့သည်။ ယနေ့သည် နောက်ထပ် အသစ်စတင်ခြင်းနှင့် နောက်ထပ် ထူးခြားဆန်းကြယ်သည့် နေ့တစ်နေ့ဖြစ်သည်။ သို့ဆိုလျှင် ဤနေ့သစ်၏ အကြိုတွင် ဖန်ဆင်းရှင်၏ အစီအစဉ်က အဘယ်အရာဖြစ်ခဲ့သနည်း။ မည်သို့ သတ္တဝါအသစ်ကို သူထုတ်လုပ်မည်နည်း၊ ဖန်ဆင်းမည်နည်း။ နားထောင်လော့။ ဤသည်မှာ ဖန်ဆင်းရှင်၏အသံဖြစ်သည်။

“တဖန်ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၁:၂၄-၂၅) အဘယ်သက်ရှိ သတ္တဝါများ ပါဝင်သနည်း။ ကျမ်းစာက ဤသို့ပြောသည်- သားယဉ်များ၊ တွားတတ်သော တိရစ္ဆာန်များနှင့် သားရဲမျိုးများ။ တစ်နည်းအားဖြင့်ဆိုသော် ဤနေ့တွင် ကမ္ဘာပေါ်၌ သက်ရှိသတ္တဝါမျိုးစုံ ရှိရုံတင်မကဘဲ ၎င်းတို့အားလုံးသည် မိမိတို့အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခြင်းခံခဲ့ရပြီး ထိုနည်းတူစွာပင် ဘုရားသခင်က “ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။”

ယခင် ငါးရက်ကဲ့သို့ တူညီသည့် အသံနေအသံထားနှင့် ခြောက်ရက်မြောက်နေ့တွင် ဖန်ဆင်းရှင်သည် သူဆန္ဒရှိသည့် သက်ရှိသတ္တဝါတို့ကို မွေးဖွားရန် ကမ္ဘာပေါ်တွင် သူတို့၏အမျိုးအစားအလိုက် ပေါ်ထွက်ရန် အမိန့်ပေးခဲ့သည်။ ဖန်ဆင်းရှင်သည် သူ၏သြဇာအာဏာကို အသုံးချသည့်အခါတွင် သူ၏မည်သည့်နှုတ်ကပတ်တော်ကိုမျှ အချည်းနှီး မပြောဆိုပေ။ ထို့ကြောင့် ခြောက်ရက်မြောက်နေ့တွင် သူဖန်ဆင်းရန် ရည်ရွယ်ခဲ့သည့် သက်ရှိသတ္တဝါတိုင်းသည် သတ်မှတ်ထားသည့် အချိန်တွင် ပေါ်ထွက်ခဲ့သည်။ “မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း” ဟူ၍ ဖန်ဆင်းရှင်ပြောခဲ့သကဲ့သို့ ကမ္ဘာမြေကြီးသည် ချက်ချင်းပင် သက်ရှိတို့နှင့်ပြည့်သွားခဲ့ပြီး ကုန်းမြေပေါ်တွင် သက်ရှိသတ္တဝါမျိုးစုံ၏ ထွက်သက်ဝင်သက်သည် ရုတ်တရက် ပေါ်ထွက်လာသည်။ မြက်ပေါသော စိမ်းလန်းသည့် မြေရိုင်းတွင် ပြည့်ဖြိုးသည့်နွားများသည် သူတို့၏အမြီးများကို ဟိုဘက်ဤဘက် လွှဲရင်း တစ်ကောင်ပြီး တစ်ကောင်ပေါ်လာကြကာ အော်ဟစ်နေသည့်သိုးများသည် အုပ်စုဖွဲ့ရင်းနှင့် ဟီနေသည့် မြင်းများက စတင်ကာ ခုန်ပေါက်ပြေးလွှားခဲ့ကြမည်။ ချက်ချင်းပင် တိတ်ဆိတ်နေသည့် ကျယ်ပြောလှသော မြက်ခင်းပြင်သည် သက်ရှိသတ္တဝါများနှင့် ပြည့်ထွက်လာခဲ့သည်။ ဤအမျိုးမျိုးသော သတ္တဝါများ ပေါ်ထွက်လာခြင်းသည် ငြိမ်းချမ်းသည့် မြက်ခင်းပြင်တွင် လှပသည့်မြင်ကွင်းဖြစ်ခဲ့ပြီး အကန့်အသတ် မရှိသည့် ရှင်သန်တက်ကြွမှုကို သယ်ဆောင်လာခဲ့သည်။ ၎င်းတို့သည် မြက်ခင်းပြင်တို့၏ အဖော်များဖြစ်မည်ဖြစ်ပြီး အချင်းချင်း မှီခိုအားထားကြလျက် မြက်ခင်းပြင်တို့၏ အရှင်သခင်များဖြစ် ကြလိမ့်မည်။ အလားတူပင် ၎င်းတို့သည် ၎င်းတို့၏ အမြဲတမ်းကျက်စားရာနေရာ ဖြစ်လာမည့် ဤကုန်းမြေတို့၏ အုပ်ထိန်းသူနှင့် ကြည့်ရှုစောင့်ရှောက်သူတို့ ဖြစ်လာကြလိမ့်မည် ဖြစ်ကာ ထိုကုန်းမြေတို့သည် သူတို့လိုအပ်သည့်အရာအားလုံးကို ထောက်ပံ့သည့်နေရာဖြစ်လာမည်ဖြစ်ပြီး သူတို့ရှင်သန်ရပ်တည်မှု အတွက် ထာဝရ အစားအစာ အရင်းအမြစ်တစ်ခုဖြစ် လာမည်ဖြစ်သည်။

ဤအမျိုးမျိုးသော သတ္တဝါတို့သည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပေါ်လာခဲ့သည့် ထိုနေ့တွင်ပင် များပြားလှသည့် ပိုးမွှားများလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သတ္တဝါအားလုံးထဲတွင် အသေးငယ်ဆုံးများဖြစ်ကြသော်လည်း သူတို့၏ အသက် အင်အားသည် ဖန်ဆင်းရှင်၏ ဆန်းကြယ်သည့် ဖန်ဆင်းမှုပင် ဖြစ်ပြီး သူတို့ရောက်လာခြင်းမှာ နောက်မကျပေ။ အချို့က သူတို့၏သေးငယ်သည့် တောင်ပံများကို ခတ်ပြီး အချို့ကတော့ ဖြည်းဖြည်းချင်း တွားသွားခဲ့ကြသည်။ အချို့က ခုန်ပေါက်နေခဲ့ကြပြီး အချို့က ဒယိမ်းဒယိုင် သွားလာနေခဲ့ကြသည်။ အချို့က ရှေ့ကို လျင်မြန်စွာသွားနေပြီး အခြားသတ္တဝါများက လျင်မြန်စွာ ဆုတ်ခွာနေသည်။ အချို့က ဘေးတိုက်ရွေ့လျားနေကြပြီး အချို့က မြင့်မြင့်ခုန်လိုက် နိမ့်နိမ့်ခုန်လိုက်ပြုနေခဲ့ကြသည်။ အားလုံးသည် မိမိတို့အတွက် အိမ်ကို ရှာဖွေရန်ကြိုးစားနေကြရင်း အလုပ်ရှုပ်နေခဲ့ကြသည်- အချို့က မြက်ခင်းဆီကို ရောက်ရန် လမ်းရှာခဲ့ကြသည်။ အချို့က မြေကြီးထဲတွင် လိုဏ်ခေါင်းများ ဖောက်ခဲ့ကြသည်။ အချို့က သစ်ပင်ပေါ်ကို ပျံတက်ကြပြီး တောထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။ အရွယ်အစားသေးငယ်သော်လည်း သူတို့သည် အစာမရှိသည့်ဗိုက်၏ နှိပ်စက်ခြင်းကိုခံရန် ဆန္ဒမရှိပေ။ သူတို့အိမ်များကို ရှာဖွေပြီးသည့်အခါတွင် သူတို့အစာစားရန် အတွက် အစာရှာရန် အလျင်အမြန် ပြုခဲ့ကြသည်။ အချို့က မြက်အညွှန့်လေးများကိုစားရန်အတွက် မြက်ပင်ပေါ်ကို တက်ခဲ့ကြသည်။ အချို့က မြေစာများကို ပါးစပ်နှင့် အပြည့်ယူရင်းနှင့် သူတို့ဗိုက်ပြည့်ရန် ကျေနပ်သာယာမှုအပြည့်နှင့် စားခဲ့ကြသည်။ (သူတို့အတွက်မူ မြေစာပင်လျှင် အရသာရှိသည့် စားစရာဖြစ်သည်။) အချို့က တောထဲတွင် ပုန်းကွယ်နေခဲ့ကြသည်။ သို့ရာတွင် အရောင်တောက်ပသည့် အစိမ်းရောင်ရင့်အရွက်ထဲက သစ်ပင်ရည်သည် အရည်ရွှမ်းသည့် စားစရာကို ပေးစွမ်းသည့် အတွက် သူတို့သည် အနားမယူကြပေ။ သူတို့သည် ပြည့်အင့်သွားသည့်အခါတွင်ပင် ပိုးမွှားများသည် သူတို့၏ လှုပ်ရှားမှုကို မရပ်ကြသေးပေ။ သူတို့၏အရွယ်အစားသည် သေးငယ်သော်လည်း ကြီးမားသည့်စွမ်းအင်နှင့် အကန့်အသတ် မရှိသည့် တက်ကြွမှုတို့ရှိကြပြီး ထို့ကြောင့်ပင် သတ္တဝါအားလုံး အထဲ၌ သူတို့သည် အတက်ကြွဆုံး အလုပ်လုပ်နိုင်ဆုံး ဖြစ်ကြသည်။ သူတို့သည် မည်သည့်အခါမျှ မပျင်းရိပေ။ အနားယူခြင်းတွင် မွေ့လျော်မနေပေ။ ပြည့်အင့်သွားသည့်အခါတွင် သူတို့၏ရှင်သန်ရပ်တည်မှုအတွက် အလုပ်ရှုပ်ရင်း သူတို့၏မနက်ဖြန်များအတွက် အပြေးအလွှား ပြုလုပ်ကြရင်း သူတို့သည် သူတို့၏အနာဂတ်အတွက် အလုပ်များကို အားသွန်ခွန်စိုက်လုပ်ခဲ့ကြသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အားပေး တိုက်တွန်းရန်အတွက် အမျိုးမျိုးသော သံစဉ်များနှင့် ဂီတများကို ညင်သာစွာ ညည်းဆိုခဲ့ကြသည်။ သူတို့သည် နေ့ရက်တိုင်း နှစ်တိုင်းကို ထူးခြားအောင်ပြုလုပ်ရင်း ပျော်ရွှင်မှုများကို မြက်ပင်များ၊ သစ်ပင်များနှင့် မြေကြီး၏ နေရာတိုင်းစီကို ထည့်သွင်းကြလိမ့်မည်။ သူတို့၏ ကိုယ်ပိုင် ဘာသာစကားနှင့် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများနှင့် မြေကြီးပေါ်တွင်ရှိသည့် သက်ရှိသတ္တဝါအားလုံးကို သတင်းဖြန့်ခဲ့ကြသည်။ သူတို့၏ ထူးခြားသည့် ကိုယ်ပိုင်ဘဝပုံစံကို အသုံးပြုရင်း သူတို့ချန်ထားသည့်လမ်းကြောင်းများအပေါ်တွင် အရာအားလုံးကို မှတ်သားခဲ့ကြသည်။ သူတို့သည် မြေကြီး၊ မြက်ပင်၊ တောများနှင့်ရင်းနှီး နီးစပ်ပြီး မြေကြီး၊ မြက်ပင်၊ တောများထံ အားမာန်နှင့် ရှင်သန်တက်ကြွမှုတို့ကို ယူဆောင်လာပေးခဲ့ကာ ဖန်ဆင်းရှင်၏ အားပေးခြင်း နှုတ်ဆက်ခြင်းတို့ကို အရာအားလုံးအပေါ် သယ်ဆောင်လာပေး ခဲ့သည်။

ဖန်ဆင်းရှင်၏အကြည့်သည် သူဖန်ဆင်းခဲ့သည့် အရာအားလုံးအပေါ်တွင် ဖြတ်သန်းပြီးကြည့်ရှုခဲ့သည်။ ထိုအချိန်တွင် သူ၏စိတ်သည်လည်နေရင်း သူ၏မျက်လုံးသည် တောများနှင့် တောင်များအပေါ်တွင် ရပ်သွားခဲ့သည်။ သူ၏ နှုတ်ကပတ်တော်တို့ကို မိန့်မြွက်လိုက်သည်နှင့် ထူထပ်သော သစ်များထဲနှင့် တောင်များပေါ်တွင် ယခင်က ဖြစ်ပေါ်ခဲ့သည့်ပုံစံများနှင့် မတူသည့် သတ္တဝါအမျိုးအစားတစ်ခု ပေါ်ထွက်ခဲ့သည်။ သူတို့သည် ဘုရားသခင်၏နှုတ်က မိန့်ကြားခဲ့သည့် တိရစ္ဆာန်ရိုင်းများဖြစ်သည်။ တစ်ကောင်ချင်းစီတိုင်းက မတူညီသည့် မျက်နှာနှင့် အချိန်ကြာမြင့်စွာ သူတို့ခေါင်းကို လှုပ်ရင်း အမြီးများကို ခါရမ်းကြလိမ့်မည်။ အချို့က ထူထပ်သည့် အမွှေးများရှိသည်။ အချို့က သံချပ်ကာများ ရှိသည်။ အချို့က အစွယ်များရှိသည်။ တစ်ချို့ အပြုံးများ ဆင်မြန်းထားကြသည်။ အချို့က လည်ပင်းရှည်ကြသည်။ အချို့က အမြီးတိုကြသည်။ အချို့က စူးရှသည့် မျက်လုံးများရှိကြသည်။ အချို့က ရှက်ရွံ့သည့် အကြည့်များရှိသည်။ အချို့က မြက်ပင်စားရန် ကိုယ်ကို ညွတ်ကြသည်။ အချို့က ပါးစပ်တွင် သွေးများနှင့် ပေကျံကြသည်။ အချို့က ခြေနှစ်ချောင်းနှင့် ခုန်ကြသည်။ အချို့က ခွာလေးခုနှင့် လမ်းလျှောက်ကြသည်။ အချို့က သစ်ပင်များ၏ ထိပ်မှ အဝေးကို ကြည့်ရှုကြသည်။ အချို့က တောထဲတွင် လဲလျောင်းရင်း စောင့်နေကြသည်။ အချို့က အနားယူရန် ဂူများကို ရှာဖွေနေကြသည်။ အချို့က ကွင်းပြင်များတွင် ရွှင်လန်းစွာ ပြေးလွှားနေကြသည်။ အချို့က တောထဲတွင် ချောင်းမြောင်း သွားလာနေကြသည်။ အချို့က ဟိန်းဟောက်ကြသည်။ အချို့က အူကြသည်။ အချို့က ဟောင်ကြည်။ အချို့က ငိုယိုကြသည်။ အချို့က အသံစူးကြသည်။ အချို့က အသံအောကြသည်။ အချို့က အသံကုန်ဟစ်ကြပြီး အချို့က ကြည်လင်ကာ သာယာနာပျော်ဖွယ် ဖြစ်ကြသည်။ အချို့က မနှစ်မြို့ဖွယ်ဖြစ်သည်။ အချို့က လှပသည်။ အချို့က ရွံစရာကောင်းသည်။ အချို့က ချစ်စရာကောင်းသည်။ အချို့က ကြောက်စရာကောင်းသည်။ အချို့က ချစ်စရာ ကောင်းလောက်အောင် နုံအသည်။ တစ်ကောင်ချင်းစီ သူတို့ ပေါ်ထွက်ခဲ့ကြသည်။ သူတို့ သွားလာကြပုံ၊ လွတ်လပ်ကြပုံ၊ အချင်းချင်း အကြောင်းမဲ့သက်သက် စိတ်မဝင်စားကြပုံ၊ အချင်းချင်း ဝေ့ဝဲကြည့်ရင် ဒုက္ခမခံကြပုံတို့ကို ကြည့်လော့။ ဖန်ဆင်းရှင် ချပေးသနားခဲ့သည့် သူတို့၏ ကိုယ်ပိုင် တောရိုင်းဆန်မှု၊ ကြမ်းတမ်းမှုနှင့် သူတို့၏ဘဝများကို ခံယူရင်း တောင်များအပေါ်နှင့် တောများအတွင်း၌ ပေါ်ပေါက်ခဲ့ကြသည်။ အားလုံးကို မထီမဲ့မြင်ပြုပြီး စိတ်ကြီးဝင်သည့် သူများကို တောတောင်များ၏ စစ်မှန်သော အရှင်သခင်များအဖြစ် မည်သူပြုလုပ်ခဲ့သနည်း။ ဖန်ဆင်းရှင်က သူတို့ကို ပေါ်ထွက်စေပြီးသည့် အခိုက်အတန့်မှစ၍ သူတို့သည် တောများကို “သူတို့နေရာအဖြစ် သတ်မှတ်ကြသည်”၊ တောင်များကို “သူတို့နေရာအဖြစ်သတ်မှတ်ကြသည်”၊ အကြောင်းမှာ ဖန်ဆင်းရှင်သည် သူတို့၏စည်းများကို သတ်မှတ်ခဲ့ပြီး သူတို့၏ဖြစ်တည်မှုအတွက် နယ်ပယ်များကို ခွဲခြားဆုံးဖြတ်ခဲ့ပြီး သည့်အတွက်ဖြစ်သည်။ သူတို့သာလျှင် တောတောင်များ၏ အရှင်သခင် အစစ်အမှန်ဖြစ်သောကြောင့် သူတို့သည် အင်မတန် ရိုင်းစိုင်းကြကာ မထီမဲ့မြင် ပြုကြခြင်းဖြစ်သည်။ သူတို့ကို “တောရိုင်းတိရစ္ဆာန်များ” ဟုသာ ခေါ်ကြသည်၊ အဘယ်ကြောင့် ဆိုသော် သတ္တဝါအားလုံးထဲတွင် သူတို့သည် ဧကန်အမှန် ရိုင်းသည့်၊ ကြမ်းတမ်းသည့်၊ ယဉ်ပါးအောင်ပြုလုပ်၍မရသည့် သတ္တဝါများဖြစ်သည်။ သူတို့ကို ယဉ်ပါးအောင်လုပ်၍မရပေ။ ထို့ကြောင့် သူတို့ကို မွေး၍မရပေ။ လူသားတို့နှင့်အတူ နေထိုင်၍မရသကဲ့သို့ လူသား၏ကိုယ်စား အလုပ်လုပ်ပေး၍လည်း မရပေ။ သူတို့ကို မွေး၍မရသောကြောင့် လူသားအတွက် အလုပ်မလုပ်နိုင်ခြင်းကြောင့် သူတို့သည် လူသားနှင့်ဝေးရာတွင် နေရပြီး လူသားတို့ချဉ်းကပ်၍ မရချေ။ အပြန်အလှန်အားဖြင့် သူတို့သည် လူသားနှင့်ဝေးရာတွင်နေပြီး လူသားတို့ချဉ်းကပ်၍ မရသောကြောင့် သူတို့သည် တောတောင်များကို ကာကွယ်စောင့်ရှောက်ခြင်းဟူသည့် ဖန်ဆင်းရှင်က သူတို့အပေါ်ကို ချပေးသနားခဲ့သည့် တာဝန်ကို ဖြည့်ဆည်းနိုင်ခြင်း ဖြစ်သည်။ သူတို့၏ ရိုင်းစိုင်းခြင်းသည် တောင်များကို ကာကွယ်ပေးပြီး တောများကို စောင့်ကြပ်ပေးခဲ့ကာ သူတို့၏ဖြစ်တည်မှုနှင့် ပွားများမှုအတွက် အကောင်းဆုံးသော ကာကွယ်မှုနှင့် အာမခံချက်ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့၏ ရိုင်းစိုင်းခြင်းသည် အရာအားလုံးအထဲတွင် ညီညွတ်မျှတမှုကို ထိန်းသိမ်းပြီး ခိုင်မာစေသည်။ သူတို့ရောက်ရှိလာခြင်းသည် တောများ၊ တောင်များထံ အထောက်အပံ့နှင့် ခိုင်မာစွာ ရပ်တည်နိုင်မှုကို ယူလာပေးသည်။ သူတို့ရောက်ရှိလာခြင်းသည် ငြိမ်သက်ပြီး ဘာမျှမရှိသည့် တောများ၊ တောင်များထံ အကန့်အသတ်မရှိသည့် အားမာန်နှင့် ရှင်သန်တက်ကြွမှုကို ထိုးသွင်းပေးသည်။ ဤအချိန်မှစပြီး တောတောင်များသည် သူတို့၏ အမြဲတမ်းစားကျက် ဖြစ်လာခဲ့ပြီး တောတောင်များသည် သူတို့အတွက် ပေါ်ပေါက်တည်ရှိလာခြင်းဖြစ်ပြီး တောရိုင်း တိရစ္ဆာန်များသည် သူတို့၏တာဝန်များကို ထမ်းဆောင်ပြီး တောတောင်များကို စောင့်ရှောက်ကာကွယ်ရန် သူတို့တတ်နိုင်သမျှ လုပ်ဆောင်ကြမည်ဖြစ်သည့်အတွက် သူတို့သည် သူတို့၏အိမ်ကို မည်သည့်အခါမျှ ဆုံးရှုံးမည်မဟုတ်ပေ။ ထို့ကြောင့် တောရိုင်း တိရစ္ဆာန်များသည် သူတို့၏ပိုင်နက်နေရာကို စွဲကိုင်ထားရန် ဘုရားသခင်၏ တိုက်တွန်းချက်ကို တင်းကြပ်စွာ လိုက်နာရင်းနှင့် ဖန်ဆင်းရှင် တည်ထောင်ခဲ့သည့် အရာအားလုံး၏ ညီညွတ်မျှတမှုကို ထိန်းသိမ်းရန်အတွက် သူတို့၏ ကြမ်းတမ်းသည့်သဘာဝကို ဆက်လက်အသုံးပြုပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးကို ထင်ရှားပြသကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၈၉)

ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးသည် စုံလင်ခြင်းသို့ ရောက်ကြသည်

ခြောက်ရက်မြောက်နေ့တွင် ပြုလုပ်ခဲ့သည့် တောရိုင်းတိရစ္ဆာန်များ၊ ပိုးမွှားများ၊ မွေးမြူရေးသတ္တဝါများ အပါအဝင်၊ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ သစ်ပင်များ၊ ငါးများ၊ ငှက်များကဲ့သို့ လှုပ်ရှားနိုင်သည့်၊ မလှုပ်ရှားနိုင်သည့် သတ္တဝါများ အပါအဝင် ဤအရာများ အားလုံးသည် ဘုရားသခင်နှင့်အတူ ကောင်းမွန်သည်၊ ထို့အပြင် ဘုရားသခင်၏ မျက်မှောက်တော်ရှေ့တွင် ဤအရာများသည် သူ၏အစီအစဉ် နှင့်အညီ အမြင့်ဆုံးစုံလင်မှုကို ရရှိခဲ့ပြီး ဘုရားသခင် ပြီးမြောက်လိုသည့် စံသတ်မှတ်ချက်များကို ရောက်ရှိခဲ့သည်။ ဖန်ဆင်းရှင်သည် တစ်ဆင့်ပြီးတစ်ဆင့် သူရည်မှန်းထားသည့် အလုပ်များကို သူ၏အစီအစဉ်နှင့်အညီ လုပ်ခဲ့သည်။ သူဖန်ဆင်းရန်ရည်မှန်းခဲ့သည့် အရာများသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး တစ်ခုချင်းစီ၏ ပေါ်ထွက်မှုသည် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ထင်ဟပ်မှုဖြစ်ကာ သူ၏သြဇာအာဏာ ပုံပေါ်လာခြင်းဖြစ်သည်။ ဤပုံပေါ်လာမှုများကြောင့် သတ္တဝါ အားလုံးသည် ဖန်ဆင်းရှင်၏ ကျေးဇူးတော်ကို၊ ဖန်ဆင်းရှင်၏ ပံ့ပိုးမှုကို ကျေးဇူးမတင်ဘဲ မနေနိုင်ကြတော့ပေ။ ဘုရားသခင်၏ ဆန်းကြယ်သည့် လုပ်ဆောင်မှုများသည် ထင်ရှားခဲ့သည့်အတွက် ဤကမ္ဘာသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးနှင့်အတူ အစိတ်အပိုင်းတစ်ခုချင်းစီ ပြည့်ဖောင်းလာခဲ့ပြီး ကမ္ဘာသည် ပရမ်းပတာဖြစ်ခြင်း၊ အမှောင်ထုဖြစ်ခြင်းမှ ကြည်လင်ခြင်းနှင့် တောက်ပခြင်းဆီသို့၊ သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်သက် နေရာမှ ရှင်သန်လာခြင်းနှင့် အကန့်အသတ်မရှိသည့် ရှင်သန်တက်ကြွမှုဆီသို့ ကူးပြောင်းလာခဲ့သည်။ ဖန်ဆင်းထားသည့် အရာအားလုံးအထဲတွင်၊ အကြီးမှ အသေး၊ အသေးမှ သေးငယ်မှုန်မွှားသည့် သတ္တဝါအထိ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးအားဖြင့် ဖန်ဆင်းခြင်းမခံထား ရသည့်အရာ တစ်ခုမျှမရှိဘဲ သတ္တဝါတိုင်း၏ဖြစ်တည်မှုတွင် ထူးခြားသည့်၊ ပင်ကိုလိုအပ်ချက်နှင့် တန်ဖိုးရှိသည်။ သူတို့၏ပုံသဏ္ဌာန်နှင့် တည်ဆောက်ပုံ ကွဲပြားမှုများနှင့်မဆိုင်ဘဲ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင် ဖြစ်တည်ရန်အတွက် ဖန်ဆင်းရှင်အားဖြင့် ပြုလုပ်ခြင်းခံရသည်။ တစ်ခါတစ်ရံတွင် လူများက အလွန်ရုပ်ဆိုးသည့် ပိုးမွှားတစ်ကောင်ကိုတွေ့ပြီး ပြောကြသည် “ဤပိုးမွှားက တော်တော်ဆိုးသည်။ ဤကဲ့သို့သော ကြည့်ရဆိုးသည့် ပိုးမွှားကို ဘုရားဖန်ဆင်းထားခြင်း မဖြစ်နိုင်ပေ။ အလွန်ကြည့်ရဆိုးသည့် အရာတစ်ခုကို သူဖန်ဆင်းသည်ဆိုခြင်းမှာ မဖြစ်နိုင်ပေ။” မည်မျှ မိုက်မဲသည့် အမြင်ပေနည်း။ သူတို့ပြောသင့်သည်မှာ “ဤပိုးမွှားက အလွန်ကြည့်ရဆိုး သော်လည်း ၎င်းကို ဘုရားပြုလုပ်ထားခြင်း ဖြစ်၏။ ဤသို့ဆိုလျှင် သူ့တွင် သူ၏ကိုယ်ပိုင် ထူးခြားသည့်ရည်ရွယ်ချက်ရှိပေမည်။” ဘုရားသခင်၏ အတွေးများတွင် သူသည် သူဖန်ဆင်းခဲ့သည့် သက်ရှိအမျိုးမျိုးတို့ကို အသုံးဝင်မှုနှင့် အသုံးပြုမှုပုံစံအမျိုးမျိုးတို့နှင့် ပေါ်ထွက်လာစေချင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ပြုလုပ်ခဲ့သည့် မည်သည့်အရာမျှ ပုံစံတူ ပြုလုပ်ထားခြင်းမရှိပေ။ သူတို့၏အပြင်ပန်းမှ အတွင်းဖွဲ့စည်းပုံအထိ၊ သူတို့၏ ရှင်သန်နေထိုင်မှု အကျင့်ပုံစံမှ သူတို့ပိုင်ဆိုင်သည့် တည်နေရာအထိ၊ တစ်ခုချင်းစီက ကွဲပြားသည်။ နွားများသည် နွားပုံစံရှိကြသည်။ မြည်းများသည် မြည်းပုံစံရှိသည်။ သမင်များက သမင်များ၏ ပုံစံရှိပြီး ဆင်များက ဆင်၏ပုံစံရှိသည်။ မည်သည့်အရာက ကြည့်အကောင်းဆုံးဖြစ်ပြီး မည်သည့်အရာက ကြည့်ရအဆိုးဆုံးဖြစ်သည်ကို သင်ပြောနိုင်သလော။ မည်သည့်အရာက အသုံးဝင်ဆုံးနှင့် မည်သည့်ဖြစ်တည်မှုက မလိုအပ်ဆုံးဆိုသည်ကို သင်ပြောနိုင်သလော။ အချို့လူများက ဆင်၏ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သို့ရာတွင် ကွင်းပြင်များတွင် အပင်စိုက်ရန်အတွက် မည်သူမျှ ဆင်များကို အသုံးမပြုပေ။ အချို့လူများက ခြင်္သေ့၏ပုံစံ၊ ကျား၏ ပုံသဏ္ဌာန်ကို ကြိုက်ကြသည်။ သူတို့၏ပုံသဏ္ဌာန်က အရာအားလုံးအထဲတွင် အထင်ကြီးချင်စရာအကောင်းဆုံး ဖြစ်သောကြောင့်ဖြစ်၏။ သို့ရာတွင် သူတို့ကို အိမ်မွေး တိရစ္ဆာန်အဖြစ် ထားနိုင်သလော။ အချုပ်ပြောရလျှင် အရာအားလုံးနှင့်ပတ်သက်ပါက လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို နာခံသင့်သည်၊ တစ်နည်းအားဖြင့် ဖန်ဆင်းရှင်က အရာအားလုံးကိုသတ်မှတ်ခဲ့သည့် အစီအစဉ်ကို နာခံသင့်သည်။ ဖန်ဆင်းရှင်၏ မူလ ရည်ရွယ်ချက်ကို ရှာဖွေလိုခြင်းသဘောနှင့် နာခံခြင်းကသာ ဖန်ဆင်းရှင်၏ သြဇာအာဏာကို စစ်မှန်စွာလက်ခံခြင်းနှင့် စိတ်ချသေချာခြင်းတို့ ဖြစ်သည်။ ဘုရားသခင်အမြင်တွင် ကောင်းမွန်သည်၊ ဤသို့ဆိုလျှင် အမှားကို ရှာဖွေရန် လူတွင် အဘယ်အကြောင်းပြချက် ရှိပါမည်နည်း။

ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိသည့် အရာအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအတွက် သံစုံသီချင်းများသီဆိုကြမည်။ နေ့သစ်တွင် သူ၏လုပ်ဆောင်မှု အတွက် အလွန်ကောင်းမွန်သည့် နိဒါန်းသီချင်းများကို စတင်ကြမည်။ ဤအချိန်တွင် ဖန်ဆင်းရှင်သည် သူ၏စီမံခန့်ခွဲမှု အမှုတော်အတွက် စာမျက်နှာအသစ်တစ်ခုကို ဖွင့်လှစ်မည်။ ဘုရားသခင် သတ်မှတ်ပေးထားသည့် နွေဦးရာသီ၏ အညွှန့်အဖူးလေးများ၊ နွေရာသီ၏ ရင့်မှည့်ခြင်း၊ ဆောင်းဦးရာသီ၏ ရိတ်သိမ်းခြင်း၊ ဆောင်းရာသီ၏ သိုလှောင်ခြင်း နိယာမသဘောတရားအရ အရာအားလုံးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လိုက်ဖက်ညီလျက်ရှိပြီး သူတို့၏ ကိုယ်ပိုင် နေ့သစ်၊ အသစ်စတင်ခြင်းနှင့် ဘဝသစ်ပုံစံတို့ကို ကြိုဆိုကြမည်။ သူတို့သည် ဘုရားသခင်၏ သြဇာအာဏာ၏ အချုပ်အခြာအာဏာအောက်တွင် နေ့ရက်တိုင်းကို ကြိုဆိုကြရန် အဆုံးမရှိသည့် ဆက်တိုက် ဖြစ်ပေါ်မှုနှင့် မကြာခင်တွင် မျိုးပွားကြမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၀)

ဘုရားသခင်၏ ဝိသေသလက္ခဏာကို မည်သည့်ဖန်ဆင်းခံ၊ ဖန်ဆင်းခြင်းမခံရသည့် အရာမျှ အစားမထိုးနိုင်ပေ။

အရာအားလုံးကို ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြလာသည်။ စတင် ဖွင့်ဟလာသည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက် ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ ထူးခြားသည့် နည်းလမ်းကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည်မှာ မကြာခင်တွင် သူ၏ ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီ အချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ ကောင်းကင်ကဲ့သို့ ကြီးမြတ်သည့်အရာများတွင်၊ အလင်းအိမ်၊ ပင်လယ်၊ ကုန်းမြေတို့တွင်၊ တိရစ္ဆာန်နှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားလေးများနှင့် အနုစိတ်သတ္တဝါအမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ခုချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်ကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြပြီး တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်ကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင် ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် ဘဝနှင့် ရှင်သန်တက်ကြွမှုကို သူတို့၏မတူညီသည့်ပုံစံနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို မရရှိသော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အချက်များနှင့် နိယာမတရားများ အပေါ်တွင် မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်လက်ပေးကမ်းနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားခြင်း၊ ပွားများခြင်း အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့် ပုံစံတွင် အနုစိတ်၊ အသေးစိတ်ရှုထောင့်များအပေါ်တွင်သာ စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်း၊ ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို ထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို ထင်ရှားစေခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားပေ။ သို့မဟုတ် ပြီးဆုံးမသွားပေ။ မည်သည့်အရာ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍မရ သို့မဟုတ် ထိခိုက်၍မရသကဲ့သို့ မည်သည့်အရာ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍ သို့မဟုတ် လျှော့ချ၍မရပေ။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာမျှ ရယူနိုင်သည့် အရာ မဟုတ်ပေ။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူနှင့် ကောင်းကင်တမန်တို့ကို ဥပမာအနေနှင့် ကြည့်ကြည့်ပါ။ သူတို့သည် ဘုရားသခင်၏ တန်ခိုးကို မပိုင်ဆိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ပိုင်ဆိုင်ရန်ဆိုသည်မှာ သာ၍ပင်ဝေးသေးသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးကို သူတို့မပိုင်ဆိုင်ရသည့် အကြောင်းရင်းမှာ သူတို့သည် ဖန်ဆင်းရှင်၏ အနှစ်သာရကို မပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူနှင့် ကောင်းကင်တမန်တို့ကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့်သူများသည် ဘုရားသခင်၏ကိုယ်စား အချို့အရာများကို လုပ်နိုင်သော်လည်း ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပေ။ သူတို့သည် လူသားများမပိုင်ဆိုင်သည့် တန်ခိုးအချို့ ပိုင်ဆိုင်သော်လည်း ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်ပေ။ အရာအားလုံးကိုဖန်ဆင်းရန်၊ အရာအားလုံးကို အမိန့်ပေးရန်၊ အရာအားလုံးအပေါ်တွင် အချုပ်အခြာ အာဏာရှိရန်အတွက် ဘုရားသခင်၏ သြဇာအာဏာကို သူတို့ မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် ဘုရားသခင်၏ အတုမရှိခြင်းကို မည်သည့် ဖန်ဆင်းခြင်း မခံရသည့်သူမှ အစားထိုး၍မရနိုင်ပေ။ အလားတူပင် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည်လည်း မည်သည့် ဖန်ဆင်းခြင်းမခံရသည့်သူမှ အစားထိုး၍မရနိုင်ပေ။ သမ္မာကျမ်းစာထဲတွင် အရာအားလုံးကို ဖန်ဆင်းခဲ့သည့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူအကြောင်းကို ဖတ်ဖူး သလော။ ဘုရားသခင်က သူ၏ သတင်းစကားပို့ဆောင်သူ သို့မဟုတ် ကောင်းကင်တမန်တို့ကို အဘယ်ကြောင့် အရာအားလုံးကို ဖန်ဆင်းရန် မစေလွှတ်ခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဘုရားသခင်၏ သြဇာအာဏာကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ သြဇာအာဏာကို အသုံးချရန် အစွမ်း သူတို့တွင် မရှိကြပေ။ အခြားသတ္တဝါများ အားလုံးကဲ့သို့ပင်၊ သူတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာအောက်တွင်ရှိပြီး အလားတူပင် ဖန်ဆင်းရှင်က သူတို့၏ဘုရားသခင်ဖြစ်သည်။ သူတို့၏ အချုပ်အခြာ အာဏာရှင်လည်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းတွင် သူတို့သည် မြင့်မြတ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ တန်ခိုးကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ၊ ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်နိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ ထို့ကြောင့် သူတို့ထဲတွင် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို အစားထိုးနိုင်သည့်သူ တစ်ယောက်မျှမရှိပေ။ သူတို့ကို ဘုရားသခင်ဟု မည်သည့်အခါမျှ ခေါ်မည်မဟုတ်၊ ဖန်ဆင်းရှင် မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် သမ္မာတရားများနှင့် အမှန်တရားများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၁)

ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံတွင် အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

ဖန်ဆင်းရှင်သည် အရာအားလုံးကို ပြုလုပ်ပြီးသည့်အခါတွင် သူ၏ သြဇာအာဏာသည် အတည်ပြုပြီးဖြစ်ပြီး သက်တံ ပဋိညာဉ်တွင် နောက်တစ်ကြိမ် ထင်ရှားသည်

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြဲတမ်းထင်ရှားပြီး ဖန်ဆင်းခံတို့ထံတွင် အသုံးချသည်၊ သူသည် အရာအားလုံး၏ ကံကြမ္မာကို အုပ်စိုးရုံသာမကဘဲ သူ့လက်နှင့် သူဖန်ဆင်းခဲ့သည့် အထူးဖန်ဆင်းခံများဖြစ်သည့် မတူညီသည့် ဘဝတည်ဆောက်ပုံကို ပိုင်ဆိုင်ပြီး မတူညီသည့် ကိုယ်ခန္ဓာသဏ္ဌာန်နှင့် တည်ရှိသည့် လူသားတို့ကိုလည်း အုပ်စိုးသည်။ အရာအားလုံးကို ပြုလုပ်ပြီးသည့်အခါတွင် ဖန်ဆင်းရှင်သည် သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့ကို ဖော်ပြခြင်းက ရပ်တန့်မသွားပေ။ သူ့အတွက်မူ အရာအားလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာကို အချုပ်အခြာ အာဏာပိုင်သခြင်းကို ကိုင်ဆောင်ထားသည့် သြဇာအာဏာသည် လူသားမျိုးနွယ် သူ့လက်မှ အမှန်တကယ် ပေါက်ဖွားလာသည့်အချိန်တွင်မှ အမှန်တကယ် အစပြုလာသည်။ သူသည် လူသားမျိုးနွယ်ကို စီမံပြီး လူသားမျိုးနွယ်ကို အုပ်စိုးရန် ရည်ရွယ်ခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူရည်ရွယ်ခဲ့သည်။ လူသားမျိုးနွယ်ကို အမှန်တကယ် ရရှိရန်၊ အရာအားလုံးကို အုပ်ချုပ်နိုင်သည့် လူသားမျိုးနွယ်တစ်ရပ်ကို ရရှိရန် ရည်ရွယ်ခဲ့ပြီး သူ၏သြဇာအာဏာအောက်တွင် အသက်ရှင်နေထိုင်သည့်၊ သူ၏သြဇာအာဏာကိုသိသည့်၊ သူ၏သြဇာအာဏာကို နာခံသည့် ထိုသို့သောလူသားမျိုးနွယ်ကို ပြုလုပ်ရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို အသုံးပြုပြီး လူသားကြားတွင် သူ၏သြဇာအာဏာကို တရားဝင်ဖော်ပြရန် အစပြုခဲ့ကာ သူ၏နှုတ်ကပတ်တော်တို့ကို သိမြင်ရန် သူ၏ သြဇာအာဏာကို စတင် အသုံးပြုခဲ့သည်။ ဤဖြစ်စဉ်အတွင်းတွင် ဘုရားသခင်၏ သြဇာအာဏာသည် ထင်ရှားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ အတုမရှိခြင်းကို သင်တို့နားလည်ပြီး သိမြင်နိုင်မည့်၊ ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာကို နားလည်သိမြင်နိုင်မည့် လူသိများသည့် သီးသန့် ဥပမာများကို ငါရွေးချယ်ခဲ့ရုံမျှသာဖြစ်သည်။

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ တွင်ပါသည့် ကျမ်းပိုဒ်နှင့် ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းခြင်း၏ မှတ်တမ်းနှင့် ပတ်သက်သည့် အပေါ်က ကျမ်းပိုဒ်များတွင် တူညီမှုတစ်ခုရှိသော်လည်း ကွဲပြားမှုတစ်ခုလည်းရှိသည်။ တူညီမှုက အဘယ်အရာနည်း။ သူရည်ရွယ်ထားသည့်အရာများကို လုပ်ရန်အတွက် ဘုရားသခင်က နှုတ်ကပတ်တော်တို့ကို အသုံးပြုခြင်းမှာ တူညီပြီး ကွဲပြားချက်က ဤကျမ်းပိုဒ်က လူသားနှင့် ဘုရားသခင်၏ အပြန်အလှန် စကားပြောဆိုခြင်း ဖြစ်ပြီး၊ ထိုအရာထဲတွင် သူသည် လူသားနှင့်ပဋိညာဉ်တစ်ခုကိုထူထောင်ကာ ပဋိညာဉ်တွင် ပါသည့်အရာများကို လူသားကို ဖော်ပြချက်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခြင်းက လူနှင့် သူစကားပြောသည့်အချိန်တွင် ဖြစ်ပေါ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က သူဖန်ဆင်းရန် ရည်ရွယ်ထားသည့် ဖန်ဆင်းခံများကို ပြောဆိုသည့် ညွှန်ကြားချက်များ၊ အမိန့်များ ဖြစ်သည်။ သို့ရာတွင် ယခုတွင်မူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြားနာမည့် သူတစ်ယောက်ရှိသည့်အတွက် သူ၏ နှုတ်ကပတ်တော်တို့သည် လူသားနှင့် ပြောဆိုချက်၊ လူသားကို တိုက်တွန်းချက်၊ သတိပေးချက်များဖြစ်သည်။ ထို့အပြင် သူ၏သြဇာအာဏာကို ခံယူသည့် အရာအားလုံးကို ပေးအပ်သည့် ပညတ်ချက်များလည်း ဖြစ်သည်။

ဘုရားသခင်၏ မည်သည့်လုပ်ဆောင်ချက်ကို ဤကျမ်းပိုဒ်တွင် မှတ်တမ်းတင်ထားသနည်း။ ကမ္ဘာကို ရေလွှမ်းမိုးခြင်းနှင့် သူဖျက်ဆီးပြီးနောက်တွင် ဘုရားသခင်က လူသားနှင့် တည်ဆောက်ခဲ့သည့် ပဋိညာဉ်ကို မှတ်တမ်းတင်ထားသည်။ ဤပဋိညာဉ်တွင် ကမ္ဘာကို ဤကဲ့သို့သောဖျက်ဆီးခြင်းမျိုးနောက်ထပ် လုပ်တော့မည် မဟုတ်ဆိုသည်ကို လူသားကိုပြောပြထားပြီး အဆုံးတွင် ဘုရားသခင်က သင်္ကေတတစ်ခုကို ဖန်ဆင်းခဲ့သည်— ဤသင်္ကေတက အဘယ်အရာဖြစ်သနည်း။ ကျမ်းပိုဒ်တွင် ဤကဲ့သို့ဆိုထားသည်။ “ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။” ဤသည်မှာ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ပြောခဲ့သည့် မူရင်းနှုတ်ကပတ်တော်များဖြစ်သည်။ ဤစကားများကို သူပြောလိုက်သည်နှင့် လူသား၏ မျက်စိရှေ့တွင် သက်တံတစ်စင်းပေါ်ပေါက်လာခဲ့ပြီး ယနေ့အထိတိုင်အောင် တည်ရှိနေခဲ့သည်။ လူတိုင်း ဤသက်တံကို မြင်ဖူးသည်။ ယင်းကို သင်မြင်သည့်အခါတွင် မည်သို့ပေါ်လာသည်ကို သင်သိသလော။ သိပ္ပံပညာက ဤအရာကို သက်သေမပြနိင်ပေ။ သို့မဟုတ် သူ၏ အရင်းအမြစ်ကို မရှာဖွေနိုင်ပေ။ သို့မဟုတ် ဘယ်ဆီဘယ်ဝယ်တွင်ရှိသည်ကို မသတ်မှတ်နိုင်ပေ။ ဤသည်မှာ သက်တံသည် ဖန်ဆင်းရှင်နှင့်လူသားကြားတွင် ထူထောင်ထားသည့် ပဋိညာဉ်၏ သင်္ကေတဖြစ်၍ဖြစ်သည်။ ယင်းသက်တံက သိပ္ပံအခြေခံအကြောင်းရင်းများ မလိုအပ်ပေ။ လူသားက ပြုလုပ်ထားခြင်း မဟုတ်သကဲ့သို့ လူသားက ပြောင်းလဲနိုင်စွမ်းလည်း မရှိပေ။ ဤသည်မှာ ဘုရားသခင်က သူ၏နှုတ်ကပတ်တော်များကို ပြောပြီးနောက်တွင် ဖန်ဆင်းရှင်၏ သြဇာအာဏာ ဆက်လက်ဖြစ်တည်နေခြင်းပင် ဖြစ်သည်။ လူသားနှင့်ပြုလုပ်သည့် ပဋိညာဉ်နှင့် သူ၏ကတိကို လက်ခံရန်အတွက် ဖန်ဆင်းရှင်က သူ၏သီးသန့်နည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတအနေနှင့် သက်တံကို အသုံးပြုခြင်းသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်ပြီးဖြစ်စေ၊ ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် ဆက်စပ်ပြီးဖြစ်စေ ထာဝရ မပြောင်းလဲပဲ တည်ရှိနေမည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ထုတ်ပြန်ချက်နှင့် နိယာမဖြစ်သည်။ ဤအချက်ကိုပြောရမည်။ ဤမပြောင်းလဲနိုင်သည့် နိယာမသည် အရာအားလုံးကို ဘုရားသခင် ဖန်ဆင်းပြီးနောက်တွင် လိုက်ပါလာသည့် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ စစ်မှန်သည့် ထင်ရှားပြသခြင်းဖြစ်သည်။ ထို့အပြင် ဤအချက်ကို ပြောရမည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အကန့်အသတ်မရှိပေ။ သက်တံကို သင်္ကတတစ်ခုအနေနှင့် အသုံးပြုခြင်းက ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ဆက်လက်တိုးပွားလုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ၏စကားလုံးများကို အသုံးပြုပြီး လုပ်ဆောင်သည့် နောက်ထပ် လုပ်ရပ်တစ်ခုဖြစ်ပြီး နှုတ်ကပတ်တော်တို့ကို အသုံးပြုပြီး လူသားနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်၏ သင်္ကေတ တစ်ခုလည်းဖြစ်သည်။ သူသည် လုပ်ဆောင်ရန်အတွက် သူဆုံးဖြတ်ထားခဲ့သည့်အရာ၊ မည်သည့်ပုံစံနှင့် ပြီးမြောက်အောင်မြင်စေမည်ဆိုခြင်းကို လူသားကို ပြောပြခဲ့ပြီး ဤနည်းလမ်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ကိစ္စများသည် ပြီးမြောက်သည်။ ဘုရားသခင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်သည်။ ဤစကားများကို သူပြောပြီးနောက် နှစ်ထောင်ပေါင်းအချို့ကြာသည့် ယနေ့တွင် ဘုရားသခင်၏ နှုတ်မှပြောဆိုခဲ့သည့် သက်တံကို လူသားတို့ ကြည့်ရှုနိုင်ပါသေးသည်။ ဘုရားသခင်မိန့်မြွက်ခဲ့သည့် ဤနှုတ်ကပတ်တော်တို့ကြောင့် ယနေ့အထိ ဤအရာက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ မည်သူမျှ ဤသက်တံကို မဖယ်ရှားနိုင်ပေ။ မည်သူမျှ ဤနိယာမကို မပြောင်းလဲနိုင်ပေ။ သက်တံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်သာ တည်ရှိနေသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ အတိအကျပင်ဖြစ်သည်။ “ဘုရားသခင်က သူ၏ နှုတ်ကပတ်တော်ကဲ့သို့ ကောင်းမွန်ပြီး သူ၏ နှုတ်ကပတ်တော်တို့သည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ ပြီးမြောက်မှုသည် ထာဝရတည်သည်။” ဤနှုတ်ကပတ်တော်တို့က ဤနေရာတွင် ရှင်းလင်းစွာ ထင်ရှားပြသသည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ရှင်းလင်းသည့် သင်္ကေတနှင့် လက္ခဏာများဖြစ်သည်။ ဤကဲ့သို့သော သင်္ကေတ သို့မဟုတ် လက္ခဏာကို မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင် သို့မဟုတ် ဖန်ဆင်းခံများတွင် မမြင်ရသကဲ့သို့ ဖန်ဆင်းခံမဟုတ်သည့် အရာများတွင်လည်း မတွေ့ရပေ။ အတုမရှိသည့် ဘုရားသခင်နှင့်သာ သက်ဆိုင်ပြီး ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရကို ဖန်ဆင်းခံများနှင့် ခွဲခြားပေးသည်။ တစ်ချိန်တည်းတွင် ယင်းတို့သည် ဘုရားသခင်မှလွဲ၍ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်သူများမျှ ကျော်လွန်၍မရသည့် သင်္ကေတနှင့် လက္ခဏာများလည်း ဖြစ်သည်။

လူသားနှင့်ပြုလုပ်ခဲ့သည့် ပဋိညာဉ်ကို ဘုရားသခင် ထူထောင်မှုသည် အလွန်အရေးကြီးသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး လူသားဆီကို အချက်အလက်တစ်ခု ဆက်သွယ်ပြောဆိုခြင်းငှာ အသုံးပြုရန်နှင့် သူ့အလိုတော်ကို လူသားကို ပြောပြရန်အတွက် ရည်ရွယ်ထားသည့် အရာဖြစ်သည်။ ဤရည်ရွယ်ချက်ဖြင့် လူနှင့် ပြုလုပ်တည်ဆောက်ခဲ့သည့် ပဋိညာဉ်၏ ကတိသင်္ကေတဖြစ်သည့် လူနှင့်ပြုလုပ်မည့် ပဋိညာဉ်ကို ထူထောင်ရန် အထူးသင်္ကေတကို အသုံးပြုခြင်းအားဖြင့် ထူးခြားသည့် နည်းလမ်းတစ်ခုကို လုပ်ဆောင်ခဲ့သည်။ သို့ဆိုလျှင် ဤပဋိညာဉ်ကို ထူထောင်ခြင်းက ကြီးမြတ်သည့်ဖြစ်ရပ်တစ်ခုလော။ ထို့အပြင် မည်မျှကြီးမြတ်သနည်း။ ဤသည်မှာ ပဋိညာဉ်နှင့်ပတ်သက်၍ အလွန် ထူးခြားသည့်အရာ အတိအကျပင်ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက် သို့မဟုတ် အုပ်စုတစ်ခုနှင့်တစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ထူထောင်ခဲ့သည့် ပဋိညာဉ်မဟုတ်ဘဲ ဖန်ဆင်းရှင်နှင့် လူသားအားလုံးကြားတွင် ထူထောင်ခဲ့သည့် ပဋိညာဉ်ဖြစ်သည်။ ဤပဋိညာဉ်သည် ဖန်ဆင်းရှင်က အရာအားလုံးကို အဆုံးသတ်သည့်အချိန် မတိုင်ခင်အထိ တည်ရှိနေမည်ဖြစ်သည်။ ဤပဋိညာဉ်ကို အဆုံးသတ်သူက ဖန်ဆင်းရှင်ဖြစ်ပြီး ထိန်းသိမ်းသူသည်လည်း ဖန်ဆင်းရှင်ပင် ဖြစ်သည်။ အတိုပြောရလျှင် လူသားမျိုးနွယ်နှင့် တည်ဆောက်ခဲ့သည့် သက်တံ ပဋိညာဉ်တစ်ခုလုံးသည် ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်အကြားက ပြောစကားတို့နှင့်အညီ ရရှိပြီးမြောက်ပြီး ယနေ့အချိန်အထိ ကျန်ရှိဆဲဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကို လိုက်လျှောက်ခြင်း၊ နာခံခြင်း၊ ယုံကြည်ခြင်း၊ တန်ဖိုးထားခြင်း၊ သက်သေခံခြင်း၊ ချီးမွမ်းခြင်းတို့မှလွဲ၍ အဖန်ဆင်းခံများက အခြားဘယ်အရာကို လုပ်နိုင်ဦးမည်နည်း။ ဤကဲ့သို့သော ပဋိညာဉ်မျိုးကို ထူထောင်ရန် တန်ခိုးကို အတုမရှိ ဘုရားသခင်မှလွဲ၍ မည်သူမျှ မပိုင်ဆိုင်သည့်အတွက်ဖြစ်သည်။ တစ်ချိန်ပြီးတစ်ချိန် သက်တံ ပေါ်လာခြင်းသည် ဖန်ဆင်းရှင်နှင့် လူသားကြားတွင်ရှိသည့် ပဋိညာဉ်ဆီကို လူသားတို့ အာရုံပြုစေရန် ကြေညာသည်။ ဖန်ဆင်းရှင်နှင့် လူသားမျိုးနွယ်ကြားက ပဋိညာဉ် ဆက်လက်ဖြစ်ပေါ်နေခြင်း၌ လူသားမျိုးနွယ်ကို ဖော်ပြသည့်အရာမှာ သက်တံမဟုတ်သကဲ့သို့ ပဋိညာဉ်လည်း မဟုတ်ဘဲ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သည့် သြဇာအာဏာပင် ဖြစ်သည်။ တစ်ချိန်ပြီးတစ်ချိန် သက်တံပေါ်လာခြင်းက ဖုံးကွယ်ထားသည့် နေရာများတွင် ဖန်ဆင်းရှင်၏ ကြီးမြတ်ပြီး ထူးဆန်းသည့် လုပ်ဆောင်ချက်ကို ဖော်ပြပြီး တစ်ချိန်တည်းတွင် မည်သည့်အခါမျှ ပျောက်ကွယ်မသွားမည့်၊ မည်သည့်အခါမျှ မပြောင်းလဲမည့် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အလွန်အရေးကြီးသည့် ထင်ဟပ်မှုပင်ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာကို နောက်တစ်မျိုး ပြသခြင်း မဟုတ်ပေလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၂)

ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈-၁၉ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏နောက်မှဖြစ်သော သူ့သားသမီးများနှင့် အိမ်သူအိမ်သားများအား အာဏာနှင့်အမိန့်ပေးမည်ကို ငါသိရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ လမ်းခရီးကို လိုက်ကာ တရားမျှတစွာ စီရင်ဆုံးဖြတ်ကြလိမ့်မည်။ ယေဟောဝါသည် အာဗြဟံအပေါ် မိန့်တော်မူခဲ့သည့်အတိုင်း အာဗြဟံအပေါ်သို့ ပြုမည်ဟု မိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့် အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။

ဖန်ဆင်းရှင်၏ မိန့်မြွက်ချက်များ၏ အတုမရှိသည့် သဘောနှင့် လက္ခဏာများသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် သြဇာအာဏာ၏ သင်္ကေတပင် ဖြစ်သည်

ဘုရားသခင်၏ ကောင်းချီးများကို လူအများက ရှာဖွေရရှိချင်ကြသည်။ သို့ရာတွင် ဘုရားသခင်၌ သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများရှိပြီး သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် လူသားကို ကောင်းချီးပေးသည့်အတွက် ဤကောင်းချီးများကို လူတိုင်း မရနိုင်ပေ။ ဘုရားသခင် လူသားအပေါ်ထားသည့် ကတိတော်များနှင့် လူသားအပေါ် သူချပေးသည့် ကျေးဇူးတော်ပမာဏတို့သည် လူသား၏ အတွေးနှင့်အပြုအမူတို့ အပေါ်တွင် အခြေခံပြီး သတ်မှတ်ချပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ ကောင်းချီးမှ အဘယ်အရာကို ပြသနည်း။ လူတို့က သူတို့အထဲတွင် အဘယ်အရာကို တွေ့နိုင်သနည်း။ ဤနေရာတွင် မည်သည့်လူမျိုးကို ဘုရားသခင် ကောင်းချီးပေးပြီး လူသားအပေါ် ဘုရားသခင် ကောင်းချီးပေးခြင်း၏ အခြေခံသဘောတရားများ တို့နှင့် ပတ်သက်သည့် ဆွေးနွေးချက်ကို ခဏဖယ်ထားကြစို့။ ထိုအစား ဘုရားသခင်၏ သြဇာအာဏာကိုသိရန် ရည်ရွယ်ချက်နှင့် ဘုရားသခင်၏ သြဇာအာဏာကို သိရန်ရှုထောင့်မှ လူသားအပေါ် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ကြည့်ကြစို့။

အထက်ပါ ကျမ်းပိုဒ် လေးပိုဒ်အားလုံးက လူသားအပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အကြောင်းကို မှတ်တမ်းတင်ထားခြင်းများဖြစ်သည်။ ဤကျမ်းပိုဒ်များသည် အာဗြဟံနှင့် ယောဘကဲ့သို့ ဘုရားသခင်၏ ကောင်းချီးကို လက်ခံရရှိသူများ၏ အသေးစိတ် သရုပ်ဖော်ချက်ကို ပေးပြီး ဘုရားသခင်က အဘယ်ကြောင့် သူ၏ ကောင်းချီးများကို ပေးသနားသည်ဆိုသည့် အကြောင်းရင်းများနှင့် ဤကောင်းချီးများထဲတွင် အဘယ်အရာများ ပါဝင်သည်ဆိုသည်ကို ပြသထားသည်။ ဘုရားမိန့်မြွက်ချက်များ၏ လေသံနှင့် ဟန်ပန်၊ သူပြောဆိုသည့် ရှုထောင့်နှင့် အနေအထားတို့သည် ကောင်းချီးများကို ချပေးသည့်သူနှင့် ထိုကောင်းချီးတို့ကို လက်ခံရရှိသူများသည် ထင်ရှားသည့် ကွဲပြားသည့် ဝိသေသလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရများ ရှိသည်ဆိုသည့်အချက်ကို လူများအား နားလည်စေသည်။ ဤမိန့်မြွက်ချက်များ၏ ဟန်ပန်နှင့် သဘောထား၊ ယင်းတို့ကို ပြောဆိုသည့် အနေအထားတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သည့် ဘုရားသခင်အတွက် အတုမရှိပေ။ သူသည် သြဇာအာဏာနှင့် တန်ခိုးရှိပြီး ဖန်ဆင်းရှင်၏ ဂုဏ်ဒြပ်နှင့် မည်သည့်လူသားမျှ သံယသမဖြစ်သည့် ဘုန်းအာနုဘော်တို့ ရှိသည်။

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ကို ဦးစွာကြည့်ကြစို့။ “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။” ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်က အာဗြဟံနှင့် ပြုလုပ်ခဲ့သည့် ပဋိညာဉ်ဖြစ်ပြီး အာဗြဟံအပေါ် ဘုရားသခင်၏ ကောင်းချီးလည်း ဖြစ်သည်။ ဘုရားသခင်က အာဗြဟံကို လူမျိုးတို့၏ ဖခင်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး အလွန်ပွားများစေကာ သူ့အားဖြင့်တိုင်းနိုင်ငံများဖြစ်ပေါ်စေပြီး၊ သူ့ထံမှ ရှင်ဘုရင်များ ဆင်းသက်လာစေလိမ့်မည်။ ဤနှုတ်ကပတ်တော်များတွင် ဘုရားသခင်၏ သြဇာအာဏာကို သင်မြင်သလော။ ဤကဲ့သို့သော သြဇာအာဏာမျိုးကို သင်မည်သို့မြင်သနည်း။ ဘုရားသခင့် သြဇာအာဏာနှင့်ဆိုင်သည့် အနှစ်သာရ၏ မည်သည့်ရှုထောင့်ကို သင်မြင်သနည်း။ ဤနှုတ်ကပတ်တော်များကို သေချာဖတ်ကြည့်ပါက ဘုရားသခင်၏ သြဇာအာဏာနှင့် ဝိသေသလက္ခဏာတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ အသုံးအနှုန်းတွင် ရှင်းလင်းစွာ ဖွင့်ပြထားသည်ဆိုခြင်းကို တွေ့ရှိရန်မခက်ခဲပေ။ ဥပမာ ဘုရားသခင်က “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည်...ငါသည် သင့်ကို...ခန့်ထားပြီ။ ငါသည် သင့်ကို...စေမည်” စသည့် “သင်သည်” “ငါသည်” ဆိုသည့် အသုံးအနှုန်းများသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် သြဇာအာဏာကို အတည်ပြုခြင်းကို ဖော်ဆောင်သည့် နှုတ်ကပတ်တော်များဖြစ်ကာ တစ်ဖက်တွင် ဖန်ဆင်းရှင်၏ သစ္စာရှိမှုကိုပြသမှုတစ်ခုဖြစ်ပြီး အခြားတစ်ဖက်တွင်မူ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို ပိုင်ဆိုင်သည့် ဘုရားသခင် အသုံးပြုသည့် သမားရိုးကျ ဝေါဟာရများထဲတွင် ပါဝင်သည့် ထူးခြားလေးနက်သည့် နှုတ်ကပတ်တော်များဖြစ်သည်။ တစ်ယောက်ယောက်က အခြား လူတစ်ယောက်သည် အလွန်ပွားများလိမ့်မည်၊ လူမျိုးများသည် သူတို့ဆီမှ ဖြစ်လာလိမ့်မည်၊ ရှင်ဘုရင်များသည် သူတို့ဆီမှ ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်သည်ဟုပြောသည်ဆိုလျှင် ဤသည်မှာ မုချဆန္ဒပြုခြင်းတစ်မျိုးဖြစ်ပြီး ကတိ သို့မဟုတ် ကောင်းကြီးတစ်ခု မဟုတ်ပေ။ ထို့ကြောင့် လူများက “ငါသည် သင့်ကို ဤကဲ့သို့ဖြစ်စေမည်။ သင်သည် အကြင်မည်သော အရာဖြစ်မည်...” ဆိုသည့်အရာမျိုး မပြောရဲကြပေ။ ထိုသို့သော တန်ခိုးကို သူတို့မပိုင်ဆိုင်ပေဆိုသည်ကို သိသည့်အတွက်ကြောင့် ဖြစ်သည်။ ဤသည်မှာ သူတို့အပေါ်တွင် မူတည်သည့်အရာ မဟုတ်ပေ။ ဤကဲ့သို့သောအရာမျိုးကို သူတို့ပြောသည်ဆိုလျှင်ပင် သူတို့၏စိတ်ဆန္ဒနှင့် ရည်မှန်းချက်ကြောင့် ဖြစ်ပေါ်လာခြင်းမျိုး ဖြစ်ပြီး သူတို့၏ စကားလုံးများသည် အနှစ်မရှိ၊ အဓိပ္ပာယ်မရှိဖြစ်နေမည်ဖြစ်သည်။ သူတို့၏ ဆန္ဒများသည် မပြည့်စုံနိုင်ဟု ခံစားရလျှင် ဤကဲ့သို့သော ကြီးကျယ်ခမ်းနားသည့် လေသံမျိုးနှင့် မည်သူက ပြောဝံ့မည်နည်း။ လူတိုင်းက သူတို့၏မျိုးဆက်များကို ကောင်းစေချင်ကြသည်၊ သူတို့ ကောင်းစားပြီး ကြီးကျယ်သည့် အောင်မြင်မှုများကို ခံစားရမည်ကို မျှော်လင့်ကြသည်။ “သူတို့ထဲမှ တစ်ယောက်သည် ဧကရာဇ်မင်းတစ်ပါးဖြစ်လာမည်ဆိုလျှင် မည်မျှကြီးကျယ်သည့် ကံဖြစ်မည်နည်း။ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာပါကလည်း ကောင်းပေလိမ့်မည်။ အရေးပါသည့်သူတစ်ယောက် ဖြစ်နေသရွေ့ ကောင်းပေလိမ့်မည်။” ဤအရာများအားလုံးက လူအားလုံး၏ ဆန္ဒများဖြစ်သည်။ သို့ရာတွင် လူများက သူတို့၏ မျိုးဆက်များအပေါ် ကောင်းချီးများသက်ရောက်ရန်သာ ဆန္ဒပြုနိုင်ကြပြီး သူတို့၏ ကတိများ အမှန်တကယ် ဖြစ်လာရန်အတွက် ဖြစ်မြောက်အောင် မပြုလုပ်နိုင်ပေ။ သူတို့နှလုံးသားထဲတွင် ဤကဲ့သို့သောအရာမျိုးကို ရနိုင်ရန် တန်ခိုးအစွမ်း သူတို့တွင် မပိုင်ဆိုင်ပေဆိုသည်ကို လူတိုင်းက ရှင်းရှင်းလင်းလင်းသိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့၏အရာအားလုံးက သူတို့ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသည့်အတွက်ဖြစ်သည်။ ထို့ကြောင့် အခြားလူများ၏ ကံကြမ္မာကို သူတို့ မည်သို့ ချုပ်ကိုင်နိုင်မည်နည်း။ ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ဘုရားသခင်က ပြောနိုင်သည့် အကြောင်းရင်းမှာမူ ဘုရားသခင်က ဤကဲ့သို့သောသြဇာအာဏာကို ပိုင်ဆိုင်ပြီး သူသည် လူသားအပေါ်တွင် ပေးအပ်သည့် ကတိများအားလုံးကို ပြည့်စုံစေရန်၊ အမှန်တကယ်ဖြစ်လာစေရန်၊ လူသားတို့အပေါ်ကို သူချပေးသနားသည့် ကောင်းချီးများအားလုံးကို အမှန်တကယ်ဖြစ်လာစေရန် တတ်စွမ်းနိုင်သည့်အတွက်ဖြစ်သည်။ လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး လူတစ်ယောက်ကို လွန်စွာပွားများစေခြင်းငှာလုပ်ရန်မှာ ဘုရားသခင်အတွက်မူ ကလေးကစားစရာကဲ့သို့ဖြစ်သည်။ လူတစ်ယောက်၏မျိုးဆက်ကို ကောင်းစားအောင်လုပ်ရန်မှာ သူ့အတွက်မူ နှုတ်ကပတ်တော်တစ်လုံးသာ လိုသည်။ ဤကဲ့သို့သောအရာမျိုးအတွက် သူပင်ပင်ပန်းပန်းလုပ်ရန်၊ သို့မဟုတ် သူ့စိတ်ကို အားစိုက်ရန်၊ စိတ်ရှုပ်ခံရန်မလိုပေ။ ဤသည်မှာ ဘုရားသခင်၏ တန်ခိုးသက်သက်၊ ဘုရားသခင်၏ သြဇာအာဏာသက်သက်ဖြစ်သည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈ တွင်ပါသည့် “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟူသည်ကို ဖတ်ပြီးနောက်တွင် ဘုရားသခင်၏ သြဇာအာဏာကို သင်တို့ ခံစားရသလော။ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်မှုကို သင်တို့ မြင်နိုင်သလော။ ဖန်ဆင်းရှင်၏ ထူးမြတ်ခြင်းကို သင်တို့ မြင်နိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သေချာမှုရှိသည်။ ဘုရားသခင်က အောင်မြင်မှုအပေါ်တွင် သူ၏ယုံကြည်မှုကို ကိုယ်စားပြုပြီး သို့မဟုတ် သူ၏ယုံကြည်မှုကြောင့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို ပြောခြင်းမဟုတ်ပေ။ ဤနှုတ်ကပတ်တော်များသည် အမှန်တကယ်တွင် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သြဇာအာဏာ၏ သက်သေဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြည့်စုံစေသည့် ပညတ်ချက်တစ်ခုဖြစ်သည်။ ဤနေရာတွင် သင်တို့ အာရုံစိုက်သင့်သည့် ဖော်ပြချက်နှစ်ခုရှိသည်။ “အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်” ဟုဘုရားသခင်က ပြောသည့်အခါ ဤနှုတ်ကပတ်တော်များထဲတွင် ရှုပ်ထွေးနက်နဲမှုသဘောများ ပါဝင်သလော။ စိုးရိမ်သည့် သဘောများ ပါဝင်သလော။ ကြောက်ရွံ့သည့် သဘောများ ပါဝင်သလော။ ဘုရားသခင်၏ မိန့်မြွက်ချက်များထဲတွင် “အမှန်တကယ်ဖြစ်လိမ့်မည်”၊ “ဖြစ်လိမ့်မည်” ဟူသည့် စကားလုံးများကြောင့် လူသားများအတွက် သီးသန့်ဖြစ်ပြီး သူ့ထံ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ဤသဘောများက ဖန်ဆင်းရှင်နှင့် အဘယ်ဆက်စပ်မှုမျှ မရှိပေ။ အခြားလူများအပေါ် ကောင်းရန်အတွက် ဆန္ဒပြုသည့်အခါတွင် မည်သူမျှ ဤကဲ့သို့သော စကားလုံးများကို မသုံးရဲပေ။ ဤကဲ့သို့သောသေချာမှုမျိုးနှင့် အခြားလူတစ်ယောက်ကို ကြီးမြတ်ပြီး တန်ခိုးနှင့်ပြည့်စုံသည့် လူမျိုးအဖြစ် ကောင်းချီးပေးရန် မည်သူမျှ မလုပ်ရဲပေ။ သို့မဟုတ် ကမ္ဘာမြေကြီးပေါ်က လူမျိုးအားလုံးက သူ့အားဖြင့် ကောင်းချီးမင်္ဂလာရမည်ဟု မည်သူမျှ ကတိမပေးရဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပိုပြီး သေချာလေလေ၊ သူတို့သည် တစ်ခုခုကို သက်သေခံနေလေလေဖြစ်သည်— ထိုတစ်ခုခုဆိုသည်မှာ မည်သည့်အရာနည်း။ ဘုရားသခင်က ဤကဲ့သို့သော သြဇာအာဏာရှိသည်ဆိုခြင်းကို၊ ဤအရာများကို သူ၏သြဇာအာဏာနှင့် ပြီးမြောက်စေနိုင်သည်ဆိုခြင်းကို၊ ၎င်းတို့၏ ပြီးမြောက်မှုကို ရှောင်လွှဲ၍မရနိုင်ပေဆိုခြင်းကို သက်သေပြသည်။ ဘုရားသခင်သည် အာဗြဟံကို ကောင်းချီးပေးသည့်အပေါ်တွင် နည်းနည်းမျှ တုံ့နှေးခြင်းမရှိဘဲ သူ့နှလုံးသားထဲတွင် သေချာခဲ့သည်။ ထို့အပြင် ဤအရာအားလုံးသည် သူ၏နှုတ်ကပတ်တော်အရ ပြီးမြောက်မည်ဖြစ်ပြီး မည်သည့် သက်ရောက်မှုကမျှ ဤပြီးမြောက်မှုကို ပြောင်းလဲခြင်း၊ တားဆီးခြင်း၊ ထိခိုက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုလုပ်နိုင်ပေ။ မည်သည့်အရာပင် ဖြစ်ပျက်ခဲ့စေကာမူ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၏ ပြည့်စုံမှုနှင့် ပြီးမြောက်မှုကို မည်သည့်အရာကမျှ ပယ်ဖျက်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့် နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းဖြစ်ပြီး လူသား၏ ငြင်းပယ်မှုကို ခွင့်ပြုမည်မဟုတ်သည့် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် သင်၌ သံသယရှိနေဆဲလော။ ဤနှုတ်ကပတ်တော်များက ဘုရားသခင်၏နှုတ်က ပြောသည့် စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ထဲတွင် တန်ခိုးအစွမ်း၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာတို့ရှိသည်။ ဤကဲ့သို့သော တန်ခိုးစွမ်းအား၊ သြဇာအာဏာနှင့် မှန်ကန်သည့် အဖြစ်အပျက်ကို မလွဲမုချ ပြီးမြောက်အောင်မြင်ခဲ့ခြင်းများသည် မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့်အရာများမျှ မရရှိနိုင်ပေ။ မည်သည့်ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံ မဟုတ်သည့် အရာများမျှ သာလွန်ခြင်း မရှိနိုင်ပေ။ ဖန်ဆင်းရှင်သာလျှင် လူသားမျိုးနွယ်နှင့် ဤကဲ့သို့သောလေသံ၊ လေယူလေသိမ်းနှင့် ပြောနိုင်ပြီး သူ၏ကတိများသည် အချည်းနှီး စကားလုံးသက်သက် သို့မဟုတ် အလဟဿ ဝံ့ကြွားပြောဆိုခြင်း မဟုတ်ဘဲ မည်သည့်လူပုဂ္ဂိုလ်၊ ပစ္စည်း၊ အရာဝတ္ထုမျှ သာလွန်၍မရနိုင်သည့် အတုမရှိသြဇာအာဏာ၏ ဖော်ပြချက်ပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၃)

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈-၁၉ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏နောက်မှဖြစ်သော သူ့သားသမီးများနှင့် အိမ်သူအိမ်သားများအား အာဏာနှင့်အမိန့်ပေးမည်ကို ငါသိရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ လမ်းခရီးကို လိုက်ကာ တရားမျှတစွာ စီရင်ဆုံးဖြတ်ကြလိမ့်မည်။ ယေဟောဝါသည် အာဗြဟံအပေါ် မိန့်တော်မူခဲ့သည့်အတိုင်း အာဗြဟံအပေါ်သို့ ပြုမည်ဟု မိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့် အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။

ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များနှင့် လူသားပြောသည့် စကားလုံးတို့တွင် အဘယ်အရာက ကွာခြား သနည်း။ ဘုရားသခင်ပြောသည့် ဤနှုတ်ကပတ်တော်များကို သင်ဖတ်သည့်အခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တန်ခိုးအစွမ်းနှင့် ဘုရားသခင်၏ သြဇာအာဏာကို သင်ခံစားရသည်။ ဤနှုတ်ကပတ်တော်များကို လူများက ပြောသည့်အခါတွင် သင်မည်သို့ခံစားရသနည်း။ သူတို့သည် အလွန်အမင်း မောက်မာကာ ဝံ့ကြွားပြီး သူတို့ကိုယ်သူတို့ ကြွားဝါနေသည်ဟု သင်ထင်သလော။ သူတို့၌ ဤတန်ခိုး မရှိသည့်အတွက်၊ ဤကဲ့သို့သော သြဇာအာဏာကို မပိုင်ဆိုင်သည့်အတွက်၊ သူတို့သည် ဤကဲ့သို့သောအရာမျိုးကို ရရှိရန် လုံးဝ မတတ်နိုင်သည့်အတွက်ဖြစ်သည်။ သူတို့သည် သူတို့၏ ကတိများအပေါ် အလွန်သေချာနေခြင်းမှာ သူတို့ မှတ်ချက်များ၏ ဂရုမစိုက်မှုများကိုသာ ပြသည်။ တစ်ယောက်ယောက်က ဤကဲ့သို့သောစကားမျိုးကို ပြောသည် ဆိုလျှင် သူတို့သည် သေချာပေါက်ပင် မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲကြမည်ဖြစ်ကာ ကောင်းကင်တမန်မင်း၏ စိတ်သဘောထား၏ ဥပမာအနေနှင့် သူတို့ကိုယ်သူတို့ ပြသနေကြမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏နှုတ်မှ လာသည်၊ ဤနှုတ်ကပတ်တော်များတွင် မောက်မာသည့် ပုံစံမျိုး ခံစားရသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဟာသသက်သက်ဟု သင်ခံစားရသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သြဇာအာဏာဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် အမှန်တရားဖြစ်သည်။ သူ၏နှုတ်တော်က နှုတ်ကပတ်တော်တို့ကို မမိန့်မြွက်မီတွင် တစ်နည်းအားဖြင့် တစ်ခုခုကိုလုပ်ရန် သူဆုံးဖြတ်ချက်ချ သည့်အခါတွင် ထိုအရာသည် ပြီးမြောက်ပြီးဖြစ်သည်။ ဘုရားသခင်က အာဗြဟံကို ပြောသည့်အရာအားလုံးသည် ဘုရားသခင်က အာဗြဟံနှင့် ပြုလုပ်ခဲ့သည့် ပဋိညာဉ်ဖြစ်ပြီး ဘုရားသခင်က အာဗြဟံအပေါ်ထားခဲ့သည့် ကတိတစ်ခုဖြစ်သည် ဟု ဆိုနိုင်သည်။ ဤကတိသည် ထူထောင်ထားသည့် အချက်တစ်ခုဖြစ်ပြီး ပြီးမြောက်ခဲ့သည့် အချက်လည်းဖြစ်သည်။ ဤအချက်များသည် ဘုရားသခင်၏ အစီအစဉ်နှင့်အညီ ဘုရားသခင်၏ အတွေးများထဲတွင် တဖြည်းဖြည်း ပြီးမြောက်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်အတွက်မူ ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ပြောရန်ဆိုသည်မှာ မောက်မာသည့် သဘောထားရှိခြင်းဖြစ်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ ဘုရားသခင်သည် ဤကဲ့သို့သောအရာမျိုးကို လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ သူ့တွင် ဤကဲ့သို့သော တန်ခိုးနှင့် သြဇာအာဏာရှိပြီး ဤလုပ်ရပ်များကို ရရှိရန် အပြည့်အဝ တတ်စွမ်းနိုင်ပြီး ဤအရာများ၏ ပြီးမြောက်မှုများသည် သူ၏လုပ်နိုင်စွမ်းအတွင်းတွင်သာ လုံးဝ တည်ရှိသည်။ ဤကဲ့သို့သောနှုတ်ကပတ်တော်များကို ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သည့် စိတ်သဘောထားကို ထုတ်ဖော်ခြင်းနှင့် ဖွင့်ပြခြင်းတို့ဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် သြဇာအာဏာတို့၏ စုံလင်သည့်ဖွင့်ပြခြင်း၊ ထင်ရှားပြသခြင်းတို့ဖြစ်ကြကာ ဖန်ဆင်းရှင်၏ ဝိသေသ လက္ခဏာ၏ သက်သေအနေနှင့် ယင်းတို့ထက် ပိုပြီးသင့်လျော်သည့်၊ သင့်တော်သည့် အရာမရှိပေ။ ဤကဲ့သို့သောမိန့်မြွက်ချက်များ၏ သဘောထား၊ လေသံနှင့် အသုံးအနှုန်းတို့သည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာ၏ အမှတ်အသား အတိအကျဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာ၏ ဖော်ပြချက်နှင့် လုံးဝကိုက်ညီသည်။ ဤမိန့်မြွက်ချက်များထဲတွင် ဟန်ဆောင်ခြင်း၊ သို့မဟုတ် မသန့်စင်ခြင်းတို့မပါဝင်ပေ။ ယင်းတို့မှာ ဖန်ဆင်းရှင်၏ အနှစ်သာရနှင့် သြဇာအာဏာများကို ပြည့်စုံစွာနှင့် ကုံလုံစွာ အကောင်းဆုံးဖော်ပြခြင်း ဖြစ်သည်။ ဖန်ဆင်းခံများကမူ သူတို့သည် ဤသြဇာအာဏာနှင့် ဤအနှစ်သာရများကို မပိုင်ဆိုင်ပေ။ ဘုရားသခင် ပေးအပ်သည့် တန်ခိုးကို ပိုင်ဆိုင်ရန်မှာ ပိုပြီး မဖြစ်နိုင်ပေ။ လူသားသည် ဤကဲ့သို့သော အပြုအမူမျိုးနှင့် သစ္စာဖောက်ပါက သေချာပေါက် သူ၏အကျင့်ပျက်စီးသည့် စိတ်သဘောထား ပေါ်ထွက်လာခြင်းဖြစ်ပြီး လူသား၏ မောက်မာခြင်းနှင့် ရိုင်းစိုင်းသည့် ရည်မှန်းချက်များ ဝင်ရောက်လာသည်အထိ ကျရောက်လာမည်ဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ရန်အတွက် လူများကို လှည့်စားသွေးဆောင်လိုသည့် နတ်ဆိုး၊ စာတန်၏ အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက်များ ပေါ်ထွက်လာခြင်းသာ ဖြစ်လိမ့်မည်။ ဤကဲ့သို့သောစကားမျိုးနှင့် ဖော်ပြခြင်းကို ဘုရားသခင်က မည်သို့ ထင်မြင်မည်နည်း။ သင်သည် သူ့နေရာကို လုယူလိုပြီး သူ့နေရာတွင်အစားဝင်ကာ ဟန်ဆောင်လိုသည်ဟု ဘုရားသခင်က ဆိုလိမ့်မည်။ သင်သည် ဘုရားသခင် မိန့်မြွက်ချက်များ၏ လေသံကို တုပပါက သင်၏ ရည်ရွယ်ချက်က လူများ၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို အစားဝင်ရန်၊ ဘုရားသခင် တရားဝင် ပိုင်ဆိုင်သည့် လူသားမျိုးနွယ်ကို အပိုင်စီးရန်ဖြစ်သည်။ ဤသည်မှာ စာတန်ဖြစ်သည်။ ရှင်းလင်းရိုးရှင်းသည်။ ဤအရာတို့သည် ကောင်းကင်တမန်မင်း၏ လက်အောက်ခံ၏ လုပ်ရပ်များသာဖြစ်သည်၊ ကောင်းကင်ဘုံမှ သည်းမခံနိုင်စရာဖြစ်သည်။ သင်တို့ကြားထဲတွင် လူများကို အမြင်မှားစေရန် လှည့်စားရန် ရည်ရွယ်ချက်နှင့် ဤလူ၏ စကားလုံးနှင့်အပြုအမူများသည် ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့ပါဝင်သည်၊ ဤလူ၏ အနှစ်သာရနှင့် ဝိသေသလက္ခဏာတို့သည် ထူးခြားသည်၊ ဤလူ၏ စကားလေသံပင်လျှင် ဘုရားသခင်နှင့် ဆင်တူသည်ဟု ခံစားရစေရန်ပြုလုပ်ရင်းနှင့် စကားအချို့ကိုပြောပြီး နည်းလမ်း တစ်ခုနှင့် ဘုရားသခင်ကို တုပသည့်သူ ရှိသလော။ ဤကဲ့သို့သောအရာမျိုးကို သင်တို့ လုပ်ဖူးသလော။ ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်ဟု ထင်ရသည့် လက်ဟန်ခြေဟန်နှင့်၊ ထင်မြင်ရသည့် တန်ခိုးအစွမ်းနှင့် သြဇာအာဏာတို့နှင့် သင်တို့၏ ဟောပြောချက်များတွင် ဘုရားသခင်၏လေသံကို တုပဖူးသလော။ သင်တို့အများစုသည် ဤကဲ့သို့သောနည်းနှင့် မကြာခဏ ပြုမူကြသလော သို့မဟုတ် ပြုမူရန် စီစဉ်ထားသလော။ သင်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အမှန်တကယ် မြင်တွေ့၊ သတိပြု၊ သိရှိလာပြီး သင်တို့ပြုလုပ်လေ့ရှိသည့်အရာ၊ သင်တို့ကိုယ်သင်တို့ ဖွင့်ပြလေ့ရှိ သည့်အရာကို ပြန်ကြည့်သည့်အခါတွင် ရွံရှာစက်ဆုပ်ခြင်းကို ခံစားရသလော။ သင်တို့၏ ညံ့ဖျင်းမှုနှင့် အရှက်မဲ့မှုကို သိမြင်သလော။ ဤကဲ့သို့သောလူများ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ခွဲခြားစိတ်ဖြာကြည့်ပါက သူတို့သည် ကျိန်စာမိထားသည့် ငရဲသားများဖြစ်သည်ဟု ဆိုနိုင်မည်လော။ ဤကဲ့သို့သောအရာများကိုလုပ်သည့် လူတိုင်းက ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်လုပ်နေကြသည်ဟု ဆိုနိုင်မည်လော။ ဤသဘောတရား၏ လေးနက်မှုကို သင်တို့ သိမြင်သလော။ မည်မျှ လေးနက်သနည်း။ ဤကဲ့သို့သောနည်းနှင့် ပြုမူကြသည့် လူများ၏ ရည်ရွယ်ချက်က ဘုရားသခင်ကို တုပရန်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ဖြစ်ချင်ကြပြီး လူများက သူတို့ကို ဘုရားသခင် အနေနှင့် ကိုးကွယ်စေချင်ကြသည်။ သူတို့သည် လူများကို ထိန်းချုပ်ရန်၊ ဝါးမြိုရန်၊ သူတို့ပိုင်ဆိုင်သည့်အရာများကို ယူရန်အလို့ငှာ လူများ၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို ဖျက်သိမ်းပစ်ချင်ကြပြီး လူသားကြားတွင် အလုပ်လုပ်သည့် ဘုရားသခင်ကို ဖယ်ထုတ်ပစ်ချင်ကြသည်။ လူတိုင်းတွင် မသိစိတ်မှ ဤကဲ့သို့သော ဆန္ဒများနှင့် ရည်ရွယ်ချက်များရှိကြပြီး လူတိုင်းက ဤကဲ့သို့သော အကျင့်ပျက်စီးသည့် စာတန်သဘောအတိုင်း အသက်ရှင်ကြကာ ဘုရားသခင်နှင့် ရန်သူဖြစ်သည့် ဘုရားသခင်ကို သစ္စာဖောက်ပြီး ဘုရားသခင်ဖြစ်ချင်သည့် စာတန်သဘောအတိုင်း အသက်ရှင်ကြသည်။ ဘုရားသခင်၏ သြဇာအာဏာ ခေါင်းစဉ်အပေါ် ငါ၏မိတ်သဟာယပြုမှုကို ကြားနာပြီးနောက် ဘုရားသခင်ကဲ့သို့ ဟန်ဆောင်ရန် သို့မဟုတ် ဘုရားသခင်ကို တုပရန် ဆန္ဒ သို့မဟုတ် စိတ်အားထက်သန်မှု သင်တို့တွင်ရှိကြ သေးသလော။ သင်တို့တွင် ဘုရားဖြစ်ချင်သည့်ဆန္ဒ ရှိသေးသလော။ သင်တို့ ဘုရားဖြစ်ချင်သေးသလော။ ဘုရားသခင်၏ သြဇာအာဏာကို လူက တုပ၍မရပေ။ ဘုရားသခင်၏ ဝိသေသ လက္ခဏာနှင့် အဆင့်အတန်းကို လူက ဟန်ဆောင်၍မရပေ။ သင်သည် ဘုရားသခင်ပြောသည့် လေသံအတိုင်း တုပနိုင်စွမ်းရှိသော်လည်း ဘုရားသခင်၏ အနှစ်သာရများကို မတုပနိုင်ပေ။ ဘုရားသခင်၏နေရာတွင် ရပ်ပြီး ဘုရားကဲ့သို့ ဟန်ဆောင်နိုင်သော်လည်း ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အရာများကို မည်သည့်အခါမျှ သင်လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ အရာအားလုံးကို မည်သည့်အခါမျှ အုပ်စိုးပြီး အမိန့်ပေးနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏အမြင်တွင် သင်သည် သေးငယ်သည့် ဖန်ဆင်းခံတစ်ခုသာ ထာဝရဖြစ်နေမည်ဖြစ်သည်။ သင်၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းက မည်မျှကြီးမားပါစေ၊ သင့်တွင် ဆုကျေးဇူးများ မည်မျှပင်ရှိပါစေ၊ သင်၏ အရာအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင်ရှိသည်။ သင်သည် မခန့်လေးစား စကားအချို့ ပြောနိုင်သော်လည်း ဤအချက်က သင့်တွင် ဖန်ဆင်းရှင်၏ အနှစ်သာရများရှိသည်ဟု မပြနိုင်သလို ဖန်ဆင်းရှင်၏ သြဇာအာဏာကို သင်ပိုင်ဆိုင်သည်ဟုလည်း မဖော်ပြပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရများဖြစ်သည်။ ဤအရာများသည် သင်ယူထားခြင်းမဟုတ်သကဲ့သို့ အပြင်မှ ထည့်သွင်းထားခြင်းလည်း မဟုတ်ပေ။ ဘုရားသခင် ကိုယ်တော်တိုင်၏ ရှိရင်းစွဲ အနှစ်သာရများ ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံကြားတွင်ရှိသည့် ဆက်နွှယ်မှုကို မည်သည့်အခါမျှ ပြောင်းလဲ၍ မရနိုင်ပေ။ ဖန်ဆင်းခံ တစ်ခုအနေနှင့် လူသားသည် သူ၏ ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့် အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ လူသားသည် စည်းကျော်၍ မလုပ်ရ။ သို့မဟုတ် သူတတ်နိုင်သည်ထက် ပိုပြီး မလုပ်ရ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရပေ။ လူသားသည် ကြီးမြတ်ရန် သို့မဟုတ် စွမ်းအားရှင်ဖြစ်ရန် သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူများ ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန် သို့မဟုတ် စွမ်းအားရှင်ဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့သည်။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည်မှာ စစ်မှန်သည့် ဖန်ဆင်းခံ ဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၄)

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ

ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ဖြစ်သည်။” ယေဟောဝါ ဘုရားသခင်က အာဗြဟံကို အကြိမ်ပေါင်းများစွာ သူ၏ သားသမီးများက ပွားများလာအောင် ကောင်းချီးချပေးခဲ့သည်။ မည်သည့်အတိုင်းအတာအထိ ပွားများစေခဲ့သနည်း။ ကျမ်းပိုဒ်တွင်ပြောထားသည့် အတိုင်းအတာအထိဖြစ်သည်။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” တစ်နည်းအားဖြင့် ဘုရားသခင်သည် အာဗြဟံ၏ သားသမီးများကို မိုးကောင်းကင်က ကြယ်များကဲ့သို့ပေါများပြီး ပင်လယ်ကမ်းခြေက သဲများကဲ့သို့ များပြားအောင် ချပေးသနားရန် ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် နိမိတ်ပုံကို အသုံးပြုပြီး စကားပြောသည်။ ဤနိမိတ်ပုံမှတစ်ဆင့် ဘုရားသခင်သည် အာဗြဟံကို မျိုးဆက် တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် ထောင်ပေါင်းများစွာ တင်မကဘဲ လူမျိုးစုများ အများကြီးဖြစ်သည့်အထိ လုံလောက်အောင် မရေမတွက်နိုင်သည့် ပမာဏကို ချပေးသနားသည်ဆိုခြင်းကို မြင်ရန် မခက်ခဲပေ။ ဘုရားသခင်သည် အာဗြဟံက လူမျိုးစုအများအပြား၏ ဖခင်ဖြစ်လိမ့်မည်ဟု သူ့ကို ကတိပေးခဲ့သည့်အတွက်ဖြစ်သည်။ ထိုအရေအတွက်ကို လူက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလော၊ ဘုရားသခင်က ဆုံးဖြတ်ခဲ့ခြင်းလော။ လူသားက သူ့တွင် မျိုးဆက်မည်မျှရှိမည်ဆိုသည်ကို ထိန်းချုပ်၍ရသလော။ သူ့အပေါ်တွင် မူတည်သလော။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” ဆိုသကဲ့သို့ များရန်မဆိုနှင့် နည်းနည်းပါးပါးရှိမရှိပင်လျှင် လူသားအပေါ်တွင် မူတည်ခြင်း မရှိပေ။ သူတို့၏ သားသမီးများ ကြယ်များကဲ့သို့ များပြားရန်ဆိုသည်ကို မည်သူက မလိုချင်ဘဲနေမည်နည်း။ အကြောင်းအပေါင်းမသင့်၍ အကြောင်းကိစ္စများက သင်ဖြစ်ချင်သကဲ့သို့ အမြဲတမ်း မဖြစ်ပေ။ လူသားက မည်မျှကျွမ်းကျင်ပါစေ၊ တတ်စွမ်းပါစေ၊ သူ့အပေါ်တွင် မမူတည်ပေ။ ဘုရားသခင် ချမှတ်ဆုံးဖြတ်ထားသည့်အရာ၏ အပြင်ဘက်တွင် မည်သူမျှ မရပ်တည်နိုင်ပေ။ သူက သင့်ကို မည်မျှပင် ခွင့်ပြုသည်ဖြစ်စေ ထိုပမာဏမှာ သင်ရရှိမည့်အရာသာဖြစ်သည်။ ဘုရားသခင်က သင့်ကို အနည်းငယ်ပေးလျှင် သင်သည် မည်သည့်အခါမျှ အများကြီးရမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို အများကြီးပေးလျှင် သင်မည်မျှရှိသည် ဆိုသည့်အပေါ်တွင် မကျေမနပ်ဖြစ်နေလည်း အလကားပင်ဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးက ဘုရားသခင်အပေါ်မူတည်သည်။ လူသားပေါ် မမူတည်ပေ။ လူသားကို ဘုရားသခင်က အုပ်စိုးသည်။ မည်သူမျှ မလွတ်ကင်းပေ။

“သင်၏ အမျိုးအနွယ်ကို ငါတိုးပွားများပြားစေမည်” ဟု ဘုရားသခင်ပြောသည့်အခါတွင် ဤသည်မှာ သက်တံ ပဋိညာဉ်ကဲ့သို့ ဘုရားသခင်က အာဗြဟံနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်တစ်ခုဖြစ်သည်။ ဤပဋိညာဉ်သည် ထာဝရပြည့်စုံနေမည် ဖြစ်ပြီး အာဗြဟံအပေါ် ဘုရားသခင်ပြုခဲ့သည့် ကတိလည်း ဖြစ်သည်။ ဤကတိကို မှန်ကန်လာစေရန် ဘုရားသခင်သာလျှင် ပြုခွင့်ရှိပြီး တတ်စွမ်းနိုင်သည်။ လူသားက ယင်းကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ လူသားက ထိုအရာကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ လူသားက မည်သို့ မြင်သည်ဖြစ်စေ၊ မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင် ပြောကြားသည့် နှုတ်ကပတ်တော်တို့နှင့်အညီ အသေးစိတ်အထိ ပြီးပြည့်စုံမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် လူ၏အလိုဆန္ဒ သို့မဟုတ် အယူအဆများ ပြောင်းလဲမှုကြောင့် ပြောင်းလဲသွားမည်မဟုတ်ပေ။ မည်သည့်ပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် ပစ္စည်းပြောင်းလဲမှုကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံးက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်သည်၊ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ထာဝရ ကျန်ရှိနေမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် အရာအားလုံး ပျောက်ကွယ်သွားသည့်နေ့က ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ အားလုံး ပြီးပြည့်စုံသည့်နေ့ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် ဖန်ဆင်းရှင်၏ တန်ခိုးကို ပိုင်ဆိုင်ကာ သူသည် အရာအားလုံးနှင့် သက်ရှိအားလုံးကို ထိန်းချုပ်သည့်အတွက်ကြောင့် ဖြစ်သည်။ သူသည် ဘာမျှမရှိသည့်အရာမှ တစ်ခုခုရှိလာအောင် သို့မဟုတ် တစ်ခုခုမှ ဘာမျှမရှိခြင်းဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။ ရှင်သန်ခြင်းမှ သေဆုံးခြင်းအထိ အရာအားလုံး၏ ပြောင်းလဲခြင်းကို သူထိန်းချုပ်သည်။ ထို့ကြောင့် ဘုရားသခင်အတွက် လူတစ်ယောက်၏ မျိုးနွယ်ကို ပွားများစေခြင်းလောက် ရိုးရှင်းသည့်အရာမရှိပေ။ ဤသည်မှာ လူသားအတွက်မူ ဆန်းပြားသည့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကဲ့သို့ပင်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်အတွက်မူ သူလုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့်အရာ၊ ကတိပေးထားသည့်အရာသည် စိတ်ကူးယဉ်မဟုတ်သကဲ့သို့ ဒဏ္ဍာရီပုံပြင်လည်း မဟုတ်ပေ။ အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင် မြင်ပြီးသား အရာတစ်ခုဖြစ်ပြီး သေချာပေါက် ပြီးပြည့်စုံမည့် အရာတစ်ခု ဖြစ်သည်။ သင်တို့ ဤအရာကို သဘောပေါက်သလော။ အာဗြဟံ၏ မျိုးဆက်များက များပြားခဲ့သည်ဆိုသည်ကို ဤအချက်များက သက်သေပြသလော။ မည်မျှအထိ များပြားသနည်း။ “မိုးကောင်းကင် ကြယ်များကဲ့သို့ လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှ လည်းကောင်း” ဟူ၍ ဘုရားသခင်ပြောခဲ့သလောက် များပြားသလော။ သူတို့သည် နိုင်ငံအားလုံး၊ ဒေသအားလုံးကို ဖြတ်ပြီး ကမ္ဘာပေါ်က နေရာတိုင်းကို ပျံ့နှံ့သလော။ ဤအချက်ကို မည်သည့်အရာက ပြည့်စုံစေခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာအားဖြင့် ပြီးမြောက်ခဲ့ ခြင်းလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ ပြောကြား ပြီးနောက် နှစ်ရာပေါင်း၊ ထောင်ပေါင်းအချို့အကြာထိ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ဆက်လက်ပြည့်စုံလျက် ရှိပြီး အမှန်တရားများအဖြစ် အမြဲတစေ ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အစွမ်း၊ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေဖြစ်သည်။ အစအဦးတွင် ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ ဘုရားသခင်က “အလင်းဖြစ်စေ” ဟု ပြောသည့်အခါ အလင်းဖြစ်လာခဲ့သည်။ ယင်းမှာ အလွန်လျင်မြန်စွာ ဖြစ်ခဲ့ပြီး အချိန်တိုအတွင်းတွင် ပြီးမြောက်ခဲ့သည်။ အထမြောက်မှုနှင့် ပြီးမြောက်မှုတို့အတွက် ကြန့်ကြာခြင်း အလျဉ်းမရှိခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၏ သက်ရောက်မှုသည် ချက်ချင်းပင် ဖြစ်ပေါ်ခဲ့သည်။ နှစ်ခုလုံးက ဘုရားသခင်၏ သြဇာအာဏာ၏ ပြသချက်များဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က အာဗြဟံကို ကောင်းချီးပေးခဲ့သည့်အခါ သူ့သြဇာအာဏာ၏ အနှစ်သာရ၏ အခြားတစ်ဘက်ကို လူသားကို မြင်စေခဲ့သည်။ ဖန်ဆင်းရှင်၏ တိုင်းတာ၍မရသည့် သြဇာအာဏာကို လူသားကို မြင်စေလိမ့်မည်။ ထို့အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ပိုပြီးစစ်မှန်သည့်၊ ပိုပြီး မြင်သာသည့်ဘက်ကို လူသားကို မြင်စေလိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပြောကြားလိုက် သည်နှင့် ဘုရားသခင်၏ သြဇာအာဏာသည် ဤအလုပ်ကို အုပ်ချုပ်ပြီး ဘုရားသခင်၏ နှုတ်မှ ကတိပေးခဲ့သည့်အချက်သည် တဖြည်းဖြည်းနှင့် လက်တွေ့အရှိတရား ဖြစ်လာသည်။ အရာအားလုံးကြားတွင် နွေဦးရောက်လာချိန်တွင် မြက်ပင်များ စိမ်းလန်းလာသကဲ့သို့၊ ပန်းများ ဖူးပွင့်လာသကဲ့သို့၊ သစ်ပင်မှ အဖူးလေးများ ထွက်လာသကဲ့သို့၊ ငှက်များ သီချင်းစတင် သီဆိုသကဲ့သို့၊ ငန်းများ ပြန်လာသကဲ့သို့၊ ကွင်းပြင်တွင် လူများနှင့် ပြည့်လာသကဲ့သို့ အရာရာတိုင်းတွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ရောက်ရှိလာသည့် နွေဦးနှင့်အတူ အရာအားလုံးသည် နုပျိုဆန်းသစ်လာသည်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင်က သူ၏ကတိများကို ပြီးမြောက်စေသည့်အခါတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်က အရာအားလုံးသည် ဘုရားသခင်၏ အတွေးနှင့်အညီ ပြောင်းလဲပြီး အသစ်ဖြစ်ကြသည်။ မည်သည့်အရာမျှ မကင်းလွတ်ပေ။ ဘုရားသခင်၏နှုတ်မှ သန္နိဋ္ဌာန် သို့မဟုတ် ကတိတစ်ခု မိန့်မြွက်လိုက်သည့်အခါတွင် အရာအားလုံးက ပြီးပြည့်စုံလာပြီး သူတို့၏ ပြီးပြည့်စုံမှုအတွက် ကိုင်တွယ်ပြုပြင်ခြင်း ခံကြရသည်။ ဖန်ဆင်းခံအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် စီမံညွှန်ကြားခံရပြီး သူတို့နှင့်သက်ဆိုင်သည့် တာဝန်များကို လုပ်ဆောင်ကြသည်။ သူတို့နှင့် သက်ဆိုင်သည့် လှုပ်ရှားလည်ပတ်မှုများ ပြုလုပ်ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ ထင်ရှားပြသခြင်းဖြစ်သည်။ ဤအရာတွင် သင်အဘယ်အရာကို မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာကို သင်မည်သို့ သိသနည်း။ ဘုရားသခင်၏ သြဇာအာဏာတွင် အတိုင်းအတာ တစ်ခု ရှိသလော။ အချိန်အကန့်အသတ် ရှိသလော။ အမြင့်တစ်ခုခု သို့မဟုတ် အလျားတစ်ခုခုအဖြစ် ပြောဆိုနိုင်သလော။ အရွယ်အစား သို့မဟုတ် အားအင်တစ်ခုခုအဖြစ် ပြောဆိုနိုင် သလော။ လူသား၏ အတိုင်းအတာနှင့် တိုင်းတာ၍ရသလော။ ဘုရားသခင်၏ သြဇာအာဏာက ပွင့်လိုက်၊ ပိတ်လိုက်မဖြစ်ပေ။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် မဖြစ်ပေ။ သူ၏ သြဇာအာဏာက မည်မျှကြီးမြတ်သည်ကို တိုင်းတာနိုင်သူ မည်သူမျှမရှိပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးသည့်အခါတွင် အချိန်မည်မျှ ကုန်သွားသည်ဖြစ်စေ ကောင်းချီးသည် ဆက်လက်ဖြစ်ပေါ်နေပြီး သူ၏ ဆက်လက်ဖြစ်ပေါ်နေမှုသည် ဘုရားသခင်၏ တိုင်းတာ၍မရသည့် သြဇာအာဏာကို သက်သေခံပြီး ဖန်ဆင်းရှင်၏ ဖယ်ရှင်းပစ်၍မရသည့် အသက်စွမ်းအားများ တစ်ခါပြီးတစ်ခါ ပြန်လည်ပေါ်ပေါက်လာခြင်းကို လူသားတို့ကို မြင်စေမည်။ သူ့သြဇာအာဏာ၏ ပြသမှုတစ်ခုစီတိုင်းသည် သူ့နှုတ်မှ နှုတ်ကပတ်တော်များကို ပြည့်စုံစွာ ဖော်ထုတ်ပြသခြင်းဖြစ်ပြီး အရာအားလုံးနှင့် လူသားအပေါ်ကို ဖော်ထုတ်ပြသသည်။ ထို့အပြင် သူ၏သြဇာအာဏာနှင့်ပြီးမြောက်သည့် အရာတိုင်းသည် နှိုင်းယှဉ်၍မရအောင် သာလွန်ပြီး အကြွင်းမဲ့ အပြစ်အနာအဆာ ကင်းမဲ့သည်။ သူ၏အတွေးများ၊ နှုတ်ကပတ်တော်များ၊ သြဇာအာဏာများနှင့် သူပြီးမြောက်စေခဲ့သည့် လုပ်ဆောင်မှု အားလုံးသည် နှိုင်းယှဉ်၍ မရလောက်အောင် လှပသည့် ပုံသဏ္ဌာန်ဖြစ်ပြီး ဖန်ဆင်းခံများအတွက်၊ လူသားမျိုးနွယ်၏ ဘာသာစကားသည် ဤထူးခြားမှုနှင့် တန်ဖိုးကို ရှင်းလင်း ဖော်ပြရန် မတတ်နိုင်ပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကတိတစ်ခု ပေးလိုက်သည့်အခါ သူတို့ မည်သည့်နေရာတွင် နေသည်ဖြစ်စေ၊ သို့မဟုတ် သူတို့အဘယ်အရာကို လုပ်သည် ဖြစ်စေ၊ ယခင်က သူတို့၏နောက်ကြောင်း သို့မဟုတ် သူတို့ကတိလက်ခံရရှိပြီးနောက်တွင် မည်သို့ပင်ဖြစ်ပါစေ၊ သို့မဟုတ် သူတို့နေထိုင်သည့် ပတ်ဝန်းကျင်တွင် မည်မျှပင် ဆိုးသွမ်းသူများဖြစ်ခဲ့ပါစေ၊ ဤအရာအားလုံးကို ဘုရားသခင်သည် သူ၏လက်ဖမိုးကဲ့သို့ပင် ရင်းနှီးသိရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ပြောပြီးနောက် အချိန်မည်မျှပင် ကြာသွားသည်ဖြစ်စေ၊ သူ့အတွက်မူ အခုလေးတင် မိန့်မြွက်ခဲ့သကဲ့သို့ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်က လူသားများအပေါ် သူပြုလုပ်ခဲ့သည့် ကတိတိုင်းကို သတိပြုနိုင်ပြီး ထိန်းချုပ်နိုင်ကာ သိမြင်နိုင်သည့် တန်ခိုးနှင့် ထိုကဲ့သို့သော သြဇာအာဏာရှိပြီး ကတိက အဘယ်အရာပင်ဖြစ်ပါစေ၊ ပြီးမြောက်ရန် မည်မျှကြာသည်ဖြစ်ပါစေ၊ ထို့အပြင် သူ၏ပြီးမြောက်မှု ဖြစ်စေသည့် နယ်ပယ်က မည်မျှပင် ကျယ်ပြန့်ပါစေ— ဥပမာ အချိန်၊ မြေမျက်နှာသွင်ပြင်၊ လူမျိုး စသဖြင့်— ဤကတိသည် ပြီးမြောက်ပြီး မှန်ကန်လာလိမ့်မည်။ ထို့အပြင် ကတိ၏ ပြီးမြောက်မှုနှင့် မှန်ကန်မှုတွင် သူ့အတွက် အားစိုက်ရန် နည်းနည်းမျှ လိုအပ်မည် မဟုတ်ပေ။ ဤသည်က အဘယ်အရာကို သက်သေပြနေသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုက စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်သည်ကို သက်သေပြနေသည်။ ဘုရားသခင်က အလင်းကိုပြုလုပ်ခဲ့သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်က အလင်းကိုသာ စီမံသည် သို့မဟုတ် သူက ရေကိုဖန်ဆင်းခဲ့သည့်အတွက် ရေကိုသာ စီမံခန့်ခွဲသည်၊ အခြားအရာများက ဘုရားသခင်နှင့် မသက်ဆိုင်ဟု အဓိပ္ပာယ်မရပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းပင် မဟုတ်လော။ အာဗြဟံအပေါ် ဘုရားသခင်၏ ကောင်းချီးပေးခြင်းက နှစ်ပေါင်းရာပေါင်းများစွာကြာပြီးသည့်နောက်တွင် လူသား၏ မှတ်ဉာဏ်ထဲ၌ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွား သော်လည်း ဘုရားသခင်အတွက်မူ ဤကတိသည် ယခင် အတိုင်းပင် ဖြစ်သည်။ ပြီးမြောက်မှု ဖြစ်စဉ်တွင်သာရှိနေပြီး မည်သည့်အခါမျှ မရပ်တန့်ပေ။ ဘုရားသခင်က သူ၏ သြဇာအာဏာကို မည်သို့အသုံးချသည်၊ အရာအားလုံးကို မည်သို့ ကိုင်တွယ် စီမံသည်ဆိုခြင်းနှင့် ဤအတောအတွင်း၌ ဘုရားသခင်၏ ဖန်ဆင်းခံအရာများအားလုံးအကြားတွင် အံ့သြဖွယ်အကြောင်းအရာများ မည်မျှဖြစ်ပျက်ခဲ့သည် ဆိုခြင်းကို လူသားသည် တစ်ခါမျှ မသိဖူး၊ မကြားဖူးပေ။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာ၏ ပြသမှုနှင့် သူ၏ လုပ်ဆောင်ချက်များကို ဖွင့်ပြမှုတို့၏ အံ့သြစရာတစ်ခုချင်း စီတိုင်းကို လက်ဆင့်ကမ်းပြောကြားပြီး၊ အရာအားလုံးကြားတွင် ချီးမြှောက်ခြင်းခံခဲ့ရသည်၊ အားလုံးသည် ထင်ရှားစွာပြသခဲ့ကြပြီး ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက်များကို ပြောဆိုခဲ့ကြသည်။ အရာအားလုံးအပေါ်တွင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အကြောင်းအရာတစ်ခု စီတိုင်းကို အရာအားလုံးမှ ထာဝရကြွေးကြော်လိမ့်မည်။ ဘုရားသခင် အရာအားလုံးကို အုပ်စိုးသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးသည် ဘုရားသခင်မှာ နေရာတိုင်း အချိန်တိုင်းတွင် တည်ရှိနေသည်ကိုပြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ နေရာအနှံ့ရှိခြင်းကို သင်တွေ့မြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် တည်ရှိနေသည်ကို သင်တွေ့မြင်ရမည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အချိန်၊ မြေမျက်နှာသွင်ပြင်၊ နေရာ သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်၊ ပစ္စည်း သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် လူတို့ တွေးတောကြံဆခြင်းထက် သာလွန်သည်။ ဤသည်မှာ လူတို့ ဉာဏ်မမီနိုင်သည့်အရာ၊ လူသားတို့ စဉ်းစား၍ မရသည့်အရာ၊ လူသားတို့ မည်သည့်အခါမျှ အလုံးစုံ မသိနိုင်သည့်အရာဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၅)

အချို့လူများက ကောက်ချက်ချပြီး တွေးတောကြည့်ချင် ကြသည်။ သို့ရာတွင် လူ၏တွေးတောကြံဆမှုက မည်မျှအထိ ရောက်နိုင်မည်နည်း။ ဤကမ္ဘာမှ ကျော်ပြီး သွားနိုင်သလော။ လူသားသည် ဘုရားသခင်၏ သြဇာအာဏာ၏ စစ်မှန်မှုနှင့် တိကျမှုကို ကောက်ချက်ချခြင်း၊ တွေးတောကြံဆခြင်းတို့ လုပ်ရန် တတ်စွမ်းနိုင်သလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့က ဘုရားသခင်၏ သြဇာအာဏာကို ရရှိစေနိုင်သလော။ ဤအရာများက ဘုရားသခင်၏ သြဇာအာဏာကို လူများ အမှန်တကယ် တန်ဖိုးထားပြီး လိုက်လျှောက်စေရန် ပြုလုပ်နိုင်သလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့သည် လူသား၏ အသိဉာဏ်၏ ထုတ်ကုန်တစ်ခုသာဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာကို လူတို့သိမြင်ရန်အတွက် ကူညီထောက်ပံ့မှု သို့မဟုတ် အကျိုးပြုမှုတို့ကို စိုးစဉ်းမျှ မပံ့ပိုးနိုင်ဟု အချက်အလက်များက သက်သေပြသည်။ သိပ္ပံစိတ်ကူးယဉ် ဝတ္ထုများကို ဖတ်ပြီးနောက်တွင် အချို့သည် လနှင့် ကြယ်များက မည်သို့ပုံရှိသည်ဆိုခြင်းကို တွေးတောမှန်းဆနိုင်ကြသည်။ သို့ရာတွင် ဤသည်မှာ လူများက ဘုရားသခင်၏ သြဇာအာဏာကို နားလည်သည်ဟု မဆိုလိုပေ။ လူသား၏ တွေးတောကြံဆခြင်း ဆိုသည်မှာ တွေးတောကြံဆခြင်းသာ ဖြစ်သည်။ ဤအရာများ၏ အချက်အလက်နှင့်ပတ်သက်ပြီး တစ်နည်းအားဖြင့် ဘုရားသခင်၏ သြဇာအာဏာနှင့် သူတို့၏ ဆက်သွယ်မှုတွင် လူသားသည် လုံးဝ နားလည်မှု မရှိပေ။ ဤသို့ဆိုလျှင် သင်သည် လကို ရောက်ဖူးသည်ဆိုလျှင်ရော။ ဤအချက်က သင်သည် ဘုရားသခင်၏ သြဇာအာဏာကို ပုံစံအမျိုးမျိုးနှင့် နားလည်မှုရှိ သည်ဟု ဆိုလိုသလော။ ဤအချက်က သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုကို တွေးတောကြံဆနိုင် သည်ဟု ဆိုလိုသလော။ လူသား၏ ကောက်ချက်ချခြင်းနှင့် တွေးတောကြံဆခြင်းတို့သည် ဘုရားသခင်၏ သြဇာအာဏာကို သိခွင့်ရရန် မတတ်စွမ်းနိုင်သည့်အတွက် လူသားသည် အဘယ်အရာကို လုပ်သင့်သနည်း။ အကောင်းဆုံး ရွေးချယ်စရာမှာ ကောက်ချက်မချရန် သို့မဟုတ် မတွေးတောရန်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ သြဇာအာဏာကို သိမြင်ရန်နှင့် ပတ်သက်လာလျှင် လူသားသည် တွေးတောကြံဆခြင်းကို မှီခိုခြင်း၊ ကောက်ချက်ချခြင်းကို အားထားခြင်းတို့ မည်သည့်အခါမျှ မလုပ်ရပေ။ ဤနေရာတွင် ငါသည် သင်တို့ကို ပြောချင်သည်မှာ အဘယ်အရာဖြစ် သနည်း။ ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုးအစွမ်း၊ ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့ကို သင်၏ တွေးတောကြံဆခြင်းကို အမှီပြုခြင်းအားဖြင့် မည်သည့်အခါမျှ နားမလည်နိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရန်အတွက် တွေးတောကြံဆခြင်းကို အမှီမပြုနိုင်သည့် အတွက် ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်နည်းလမ်းဖြင့် အမှန်တကယ် သင်သိကျွမ်းနိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို စားခြင်းနှင့် သောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယ ပြုလုပ်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ကြုံတွေ့ခြင်းမှတစ်ဆင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာကို တဖြည်းဖြည်းကြုံတွေ့ပြီး အတည်ပြုနိုင်လိမ့်မည်။ ထို့ကြောင့် သင်သည် တဖြည်းဖြည်း နားလည်လာပြီး ပိုမို သိကျွမ်းလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာကို သိကျွမ်းရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဖြတ်လမ်း မရှိပေ။ သင်တို့ကို တွေးတောခြင်း မပြုလုပ်ရန် တောင်းဆိုခြင်းက ပျက်စီးခြင်းကို သင်တို့ဤအတိုင်း ထိုင်စောင့်ရန် သို့မဟုတ် ဘာမျှမလုပ်ရန်ပြောခြင်းနှင့် မတူညီပေ။ စဉ်းစားရန်၊ ကြံစည်တွေးတောရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ယုတ္တိရှိမှုကို အသုံးပြုခြင်း၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်ရန် အသိပညာကို အသုံးပြုခြင်း၊ အခြေခံ စည်းမျဉ်းအနေနှင့် သိပ္ပံကို အသုံးပြုခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည် ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ တစ်ဆင့်၊ သမ္မာတရား မှတစ်ဆင့်၊ ဘဝတွင် သင်ကြုံတွေ့ရသည့် အရာရာတိုင်းမှတစ်ဆင့် သူ၏ သြဇာအာဏာသည် သူကိုယ်တိုင် စစ်မှန်သည့် ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သက်သေပြပြီး သင့်ကံကြမ္မာ အပေါ်တွင် ဘုရားသခင်သည် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်ဆိုသည်ကို အတည်ပြုခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် နားလည်မှုကို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က သူတို့သည် ဤဦးတည်ချက်ကို ရောက်ရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာဖွေချင်ကြသည်ဟု ပြောလိမ့်မည်။ သို့ရာတွင် ဤသို့သော နည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြောမည်။ စဉ်းစားရန်မလိုပေ။ အခြားနည်းလမ်းမရှိ။ တစ်ခုတည်းသော နည်းလမ်းက သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်း၊ သူလုပ်ဆောင်သည့် အရာရာတိုင်းမှတစ်ဆင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို အသိဉာဏ်ရှိရှိဖြင့် တည်ကြည်စွာနှင့် သိပြီး ဟုတ်မှန်ကြောင်းထင်ရှားစေခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်း၊ ဘုရားသခင်၏ အရာရာတိုင်းသည် အနှစ်မရှိ ဗလာဖြစ်ခြင်းမရှိဘဲ စစ်မှန်သောကြောင့် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၆)

အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးအပေါ်တွင် ဘုရားသခင် ထိန်းချုပ်ခြင်းနှင့် အုပ်စိုးခြင်းအချက်က ဖန်ဆင်းရှင်၏ စစ်မှန်သည့် သြဇာအာဏာ တည်ရှိမှုကို ဖော်ပြသည်

ယောဘကို ယေဟောဝါ၏ ကောင်းချီးပေးခြင်းကို ယောဘဝတ္ထုတွင် မှတ်တမ်းတင်ထားသည်။ ဘုရားသခင်က ယောဘကို အဘယ်အရာများ ချပေးသနား သနည်း။ “ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလား အုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင် တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏ အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီး ပေးတော်မူလေသည်။” (ယောဘ ၄၂:၁၂) လူသား၏ အမြင်မှကြည့်လျှင် ယောဘကို ပေးသည့်အရာများက အဘယ်အရာများနည်း။ ဤအရာတို့သည် လူသား၏ စည်းစိမ်များလော။ ဤစည်းစိမ်များနှင့် ယောဘသည် ထိုခေတ်ကာလတွင် အလွန်ချမ်းသာခဲ့သလော။ ဤကဲ့သို့သော စည်းစိမ်များကို သူမည်သို့ရရှိခဲ့သနည်း။ သူအဘယ်ကြောင့် ချမ်းသာသွားခြင်းဖြစ်သနည်း။ ဘုရားသခင်၏ ကောင်းချီး ပေးခြင်းကြောင့် ထိုအရာများကို ယောဘပိုင်ဆိုင်လာခဲ့သည် ဆိုခြင်းမှာ ပြောစရာမလိုပေ။ ယောဘက ဤစည်းစိမ်များကို မည်သို့မြင်သည်၊ ဘုရားသခင်၏ ကောင်းချီးကို မည်သို့ခံယူသည် ဆိုခြင်းက ဤတွင် ဆွေးနွေးမည့်အရာ မဟုတ်ပေ။ ဘုရားသခင်၏ ကောင်းချီးများနှင့်ပတ်သက်လာပါက လူအားလုံးက ဘုရားသခင်၏ ကောင်းချီးကိုခံရရန် နေ့ရောညပါ တောင့်တ ကြသည်။ သို့ရာတွင် လူသားက သူ့ဘဝသက်တမ်း တစ်လျှောက်တွင် စည်းစိမ် မည်မျှရနိုင်သည်ဆိုသည့်အပေါ်တွင် သို့မဟုတ် ဘုရားသခင်ဆီက ကောင်းချီးရနိုင်သလော မရနိုင်သလောဆိုသည်ကို ထိန်းချုပ်၍မရပေ— ဤသည်မှာ ငြင်းပယ်၍မရသည့် အချက်ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့ ကောင်းချီးမင်္ဂလာရရှိရန် မည်သည့်စည်းစိမ်မဆို လူသားအပေါ်ကို ချပေးသနားရန် တန်ခိုးနှင့် သြဇာအာဏာ တို့ရှိသည်။ သို့ရာတွင် ဘုရားသခင်၏ ကောင်းချီးများတွင် အခြေခံစည်းမျဉ်းတစ်ခုရှိသည်။ မည်သည့်လူမျိုးကို ဘုရားသခင် ကောင်းချီးပေးသနည်း။ သူကြိုက်နှစ်သက်သည့် လူများပင် ဖြစ်သည်။ အာဗြဟံနှင့် ယောဘတို့ နှစ်ဦးလုံးကို ဘုရားသခင်က ကောင်းချီးပေးခဲ့သည်။ သို့ရာတွင် သူတို့ရရှိသည့် ကောင်းချီးများက မတူပေ။ ဘုရားသခင်က အာဗြဟံကို သဲများ၊ ကြယ်များကဲ့သို့များပြားသည့် မျိုးဆက်များနှင့် ကောင်းချီးပေး ခဲ့သည်။ ဘုရားသခင်က အာဗြဟံကို ကောင်းချီးပေးသည့်အခါတွင် လူတစ်ဦး၏ မျိုးဆက်များကို၊ လူမျိုးတစ်မျိုးကို အင်အား ကြီးမားပြီး ကြွယ်ဝစေခဲ့သည်။ ဤနေရာတွင် အရာအားလုံးနှင့် သက်ရှိသတ္တဝါကြားထဲတွင် ဘုရားသခင်၏ ဇီဝအသက်ကို ရှူခဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ သြဇာအာဏာက အုပ်စိုးသည်။ ဘုရားသခင်၏ သြဇာအာဏာ၏ အုပ်စိုးမှု အောက်တွင် ဤလူသားမျိုးနွယ်သည် ဘုရားသခင် သတ်မှတ်ထားသည့် နယ်ပယ်အတွင်းတွင် ဘုရားသခင် သတ်မှတ်ထားသည့် မြန်နှုန်းနှင့် မျိုးပွားပြီး တည်ရှိကြသည်။ အထူးသဖြင့် ဤလူမျိုးစု၏တတ်စွမ်းနိုင်မှု၊ ကျယ်ပြန့်သည့်နှုန်းနှင့် သက်တမ်း စသည်တို့အားလုံးသည် ဘုရားသခင်၏ စီစဉ်မှု အစိတ်အပိုင်းများဖြစ်ပြီး ဤအရာအားလုံး၏ အခြေခံ သဘောတရားများသည် ဘုရားသခင်က အာဗြဟံအပေါ်ကို ပြုခဲ့သည့် ကတိအပေါ်တွင် အားလုံး အခြေခံထားသည်။ တစ်နည်းအားဖြင့် အခြေအနေတို့နှင့် မသက်ဆိုင်ဘဲ ဘုရားသခင်၏ ကတိများသည် နှောင့်နှေးနေခြင်းမရှိဘဲ ဘုရားသခင်၏ သြဇာအာဏာ၏ စောင်မမှုအောက်တွင် အမှန်တကယ်ဖြစ်ပေါ်လာသည်။ အာဗြဟံအပေါ် ဘုရားသခင် ထားရှိခဲ့သည့် ကတိတွင် ကမ္ဘာကြီး၏အုံကြွမှု၊ အသက်အရွယ်၊ လူသားမျိုးနွယ်မှ ခံစားကြရသည့် ကပ်ဘေးများမည်သို့ပင် ဖြစ်နေစေကာမူ အာဗြဟံ၏ မျိုးဆက်များသည် ပျက်သုဉ်းမှု အန္တရာယ်ကို ရင်ဆိုင်ရမည်မဟုတ်ပေ။ သူတို့၏ လူမျိုးသည် မျိုးတုံးသွားမည် မဟုတ်ပေ။ သို့ရာတွင် ယောဘအပေါ် ဘုရားသခင်၏ ကောင်းချီးသည် သူ့ကို အလွန်အမင်း ချမ်းသာသွားစေခဲ့သည်။ ဘုရားသခင် သူ့ကို ပေးသည့်အရာက သက်ရှိအုပ်စုများ၊ အသက်ရှူနေကြသည့် သတ္တဝါများ၊ သူတို့၏အရေအတွက်၊ သူတို့၏ မျိုးပွားမှုနှုန်း၊ ရှင်သန်ရပ်တည်နိုင်သည့် နှုန်း၊ သူတို့အပေါ်တွင် ရှိသည့် အဆီပမာဏနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များ ကိုလည်း ဘုရားသခင်က ထိန်းချုပ်သည်။ ဤသက်ရှိ သတ္တဝါများသည် စကားပြောနိုင်စွမ်း မရှိသော်လည်း သူတို့သည်လည်း ဖန်ဆင်းရှင်၏ စီစဉ်မှု၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်များနောက်ကွယ်မှ အခြေခံသဘောတရားသည် ယောဘကို ဘုရားသခင် ကတိပေးခဲ့သည့် ကောင်းချီးနှင့်အညီသာဖြစ်သည်။ အာဗြဟံနှင့် ယောဘကို ဘုရားသခင်ပေးခဲ့သည့် ကောင်းချီးများထဲတွင် ကတိပေးသည့်အရာများက မတူညီသော်လည်း အရာအားလုံးနှင့် သက်ရှိသတ္တဝါတို့ကို ဖန်ဆင်းရှင် အုပ်ချုပ်သည့် သြဇာအာဏာက အတူတူပင်ဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ အသေးစိတ်တိုင်းသည် အာဗြဟံနှင့်ယောဘအပေါ် ချပေးခဲ့သည့် သူ၏ မတူညီသည့် ကတိများနှင့် ကောင်းချီးများတွင် ဖော်ပြခြင်းခံရပြီး ဘုရားသခင်၏ သြဇာအာဏာသည် လူသား၏ ကြံစည်တွေးတောမှုထက် အင်မတန်သာလွန်သည်ကို လူသားတို့ကို နောက်တစ်ခါ ပြသည်။ ဤအသေးစိတ် အချက်အလက်များက လူသားတို့သည် ဘုရားသခင်၏ သြဇာအာဏာကို သိလိုပါက ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ မှတစ်ဆင့်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့ကြုံခြင်း မှတစ်ဆင့်သာ သိနိုင်သည်ကို လူသားတို့ကို နောက်တစ်ကြိမ် ထပ်ပြောသည်။

အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာ၏ သြဇာအာဏာသည် လူသားတို့ကို အချက်တစ်ချက်အား မြင်စေသည်- “တဖန်ဘုရားသခင်က အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ မိုဃ်းမျက်နှာကြက်ဖြစ်စေဟု အမိန့်တော်ရှိ၍ မိုဃ်းမျက်နှာကြက်ဖြစ်စေ၏။ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ကုန်းပေါ်လာလေ၏” ဟူသည့် နှုတ်ကပတ်တော်များထဲတွင်သာ ဘုရားသခင်၏ သြဇာအာဏာသည် သရုပ်ထင်နေခြင်း မဟုတ်ပေ။ အလင်းကို ဆက်လက်ဖြစ်ပေါ်ရန် သူပြုလုပ်ပုံ၊ မိုးမျက်နှာကြက် ပျောက်ကွယ်မသွားအောင် သူကာကွယ်ပုံ၊ ကုန်းမြေကို ရေနှင့် ထာဝရကွဲနေအောင် ပြုလုပ်ပုံ၊ အလင်း၊ မိုးမျက်နှာကြက်၊ ကုန်းမြေအစရှိသည့် ဖန်ဆင်းခံများကို သူအုပ်ချုပ်ပုံနှင့် စီမံခန့်ခွဲပုံအသေးစိတ်တို့တွင်လည်း သရုပ်ထင်နေသည်။ ထို့အပြင် ဘုရားသခင်၏ လူသားမျိုးနွယ်အပေါ် ကောင်းချီးပေးခြင်းတွင် သင်တို့ မည်သည့်အရာကို မြင်သေးသနည်း။ သိသာထင်ရှားစွာပင် ဘုရားသခင်သည် အာဗြဟံနှင့်ယောဘတို့ကို ကောင်းချီးပေး ပြီးနောက် ဘုရားသခင်၏ ခြေလှမ်းများက ရပ်တန့်မသွားပေ။ သူ၏သြဇာအာဏာကို အသုံးချရန် စတင်ရုံသာရှိသေး သည့်အတွက်ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်တစ်လုံးစီတိုင်း လက်တွေ့အရှိတရားဖြစ်လာရန် သူရည်ရွယ်ခဲ့သည်။ သူပြောခဲ့သမျှ အသေးစိတ်တစ်လုံးချင်းစီတိုင်း အမှန် ဖြစ်လာအောင် ပြုလုပ်ရန် သူရည်ရွယ်ခဲ့သည်။ ထို့ကြောင့် လာမည့်နှစ်များတွင် သူရည်ရွယ်ထားသည့် အရာတိုင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သြဇာအာဏာရှိပြီး လူသားအတွက်မူ ဘုရားသခင်က နှုတ်ကပတ်တော်သာပြောပြီး အကြောင်းအရာနှင့် ကိစ္စအားလုံး ပြီးမြောက်ရန် လက်တစ်ချောင်းပင့်စရာမလိုဟု မြင်ရသောကြောင့်ဖြစ်သည်။ ဤကဲ့သို့သော တွေးတောခြင်းမျိုးသည် အလွန်ရယ်ဖွယ်ရာဖြစ်သည်။ သင်သည် လူသားနှင့် ဘုရားသခင်တို့၏ နှုတ်ကပတ်တော်များကို အသုံးပြု၍ ပဋိညာဉ်ကို ထူထောင်ခဲ့မှု၊ နှုတ်ကပတ်တော်များကို အသုံးပြု၍ အရာအားလုံးကို ဘုရားသခင်၏ ပြီးမြောက်စေမှုတို့၏ တစ်ဖက်သတ်အမြင်ကိုသာယူပြီး ဘုရားသခင်၏ သြဇာအာဏာသည် အရာအားလုံး ဖြစ်တည်မှုအပေါ်တွင် အုပ်စိုးသည်ဆိုသည့် သင်္ကေတနှင့် အချက်အလက် အမျိုးမျိုးတို့ကို မြင်တွေ့ရန် မတတ်စွမ်းနိုင်ပါက ဘုရားသခင်၏ သြဇာအာဏာ အပေါ် သင်၏နားလည်မှုက အလွန်ကို ပေါ့ပြက်ပြီး အဓိပ္ပာယ် မရှိပေ။ အကယ်၍ လူသားက ဘုရားသခင်ကို ဤကဲ့သို့ ထင်မြင်ပါက လူသား၏ ဘုရားသခင်အပေါ်သိမြင်ခြင်းသည် နောက်ဆုံးအဆင့်သို့ တွန်းမောင်းခြင်းခံရပြီး လမ်းဆုံးကို ရောက်နေပြီဟု ပြောရပေမည်။ အကြောင်းမှာ လူသားထင်မြင်သည့် ဘုရားသခင်သည် အမိန့်များကို ထုတ်ပေးသည့် စက်တစ်ခုသာဖြစ်ပြီး သြဇာအာဏာပိုင်သည့် ဘုရားသခင်မဟုတ်သောကြောင့်ဖြစ်သည်။ အာဗြဟံနှင့် ယောဘ၏ နမူနာများမှ သင်မည်သည်ကို မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်သည့်ဘက်ကို သင်မြင်ပြီးပြီလော။ အာဗြဟံနှင့် ယောဘကို ဘုရားသခင် ကောင်းချီးပေးပြီးနောက်တွင် ဘုရားသခင်က သူရှိနေခဲ့ သည့်နေရာတွင် မနေသကဲ့သို့ ရလဒ်က မည်သို့ဖြစ်မည်နည်း ဆိုသည်ကိုစောင့်နေရင်းနှင့် သူ၏ သတင်းစကားပို့ဆောင်သူကို အလုပ်မလုပ်စေခဲ့ပေ။ ထိုသို့ပြုမည့်အစား ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်တို့ကို မိန့်မြွက်ပြီးသည်နှင့်ချက်ချင်းပင် ဘုရားသခင်၏ သြဇာအာဏာ၏ လမ်းညွှန်မှုအောက်တွင် အရာအားလုံးသည် ဘုရားသခင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အလုပ်နှင့် စတင်ကိုက်ညီလာကြသည်။ ဘုရားသခင်လိုအပ်သည့် လူများ၊ အရာဝတ္ထုများနှင့် ပစ္စည်းများကို ပြင်ဆင်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တို့ မိန့်မြွက်လိုက်သည်နှင့် ဘုရားသခင်၏ သြဇာအာဏာသည် မြေတစ်ပြင်လုံးတွင် စတင်သက်ရောက် လာသည်၊ အာဗြဟံနှင့် ယောဘအပေါ် သူထားခဲ့သည့် ကတိများ ပြီးမြောက်ပြီး ပြည့်စုံစေရန် လမ်းကြောင်းတစ်ခုကို သူပြင်ဆင်ပြီး သူလုပ်ဆောင်ရန် စီစဉ်ထားသည့် အရေးကြီးသည့် အခြေအနေနှင့် အဆင့်တိုင်းအတွက် လိုအပ်သည့်အရာအားလုံးအတွက် သင့်တော်သည့် အစီအစဉ်နှင့် ပြင်ဆင်မှုများကို ပြုလုပ်သည်။ ဤအချိန်အတောအတွင်း ဘုရားသခင်သည် သူ၏ သတင်းစကားပို့ဆောင်သူများကိုသာမကဘဲ သူဖန်ဆင်းခဲ့သည့် အရာအားလုံးကိုပါ ဂရုတစိုက် ကိုင်တွယ်ခဲ့သည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ သြဇာအာဏာ အသုံးပြုခဲ့သည့် နယ်ပယ်အတွင်းတွင် သတင်းစကားပို့ဆောင်သူများသာ ပါဝင်ခြင်းမဟုတ်ဘဲ သူပြီးပြည့်စုံစေရန် ရည်ရွယ်ထားသည့် အလုပ်များနှင့် ကိုက်ညီရန်အတွက် ခိုင်းစေခဲ့သည့် အရာအားလုံးကိုပါ ကိုင်တွယ်ခဲ့သည်။ ဤအရာတို့သည် ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုခဲ့သည့် သီးသန့် ပုံစံများဖြစ်သည်။ သင်တို့၏ တွေးတောချက်များတွင် အချို့က ဘုရားသခင်၏သြဇာအာဏာကို အောက်ပါအတိုင်း နားလည်မှု ရှိနိုင်သည်- ဘုရားသခင်က သြဇာအာဏာရှိသည်။ ဘုရားသခင်က တန်ခိုးရှိသည်။ ထို့ကြောင့် ဘုရားသခင်က တတိယ ကောင်းကင်တွင် နေရန်သာ လိုသည် သို့မဟုတ် သတ်မှတ်ထားသည့် နေရာတွင်သာ နေရန်သာလိုပြီး မည်သည့်အလုပ်မျှ လုပ်ရန်မလိုအပ်ပေ။ ထို့အပြင် ဘုရားသခင်၏ အလုပ်အားလုံးက သူ့အတွေးထဲတွင် ပြီးပြည့်စုံလိမ့်မည်။ အချို့ကလည်း ဘုရားသခင်က အာဗြဟံကို ကောင်းချီးပေး သော်လည်း ဘုရားသခင်က ဘာမျှလုပ်ရန် မလိုအပ်ခဲ့ပေ၊ သူ၏နှုတ်ကပတ်တော်တို့ကိုသာ ပြောလိုက်ရုံနှင့် သူ့အတွက် လုံလောက်သည်ဟုလည်း ယုံကြည်ကြလိမ့်မည်။ ဤသည်မှာ ဧကန်အမှန် ဖြစ်ခဲ့သည့်အရာလော။ လုံးဝမဟုတ်ပေ။ ဘုရားသခင်က သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း သူ၏သြဇာအာဏာက မှန်ကန်ပြီး စစ်မှန်သည်၊ အနှစ်မဲ့ခြင်း မဟုတ်ပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ စစ်မှန်မှုနှင့် မှန်ကန်ခြင်းသည် အရာအားလုံးကို သူ၏ ဖန်ဆင်းခြင်းတွင်၊ အရာအားလုံးကို ထိန်းချုပ်လျက် လူသားမျိုးနွယ်ကို သူဦးဆောင်ပြီး စီမံခန့်ခွဲသည့်ဖြစ်စဉ်တွင် တဖြည်းဖြည်းနှင့် ဖွင့်ပြခြင်းခံရပြီး သရုပ်ထင်သည်။ လူသားမျိုးနွယ်နှင့် အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ နည်းလမ်းတိုင်း၊ ရှုထောင့်တိုင်း၊ အသေးစိတ်အချက်အလက်တိုင်းနှင့် သူပြီးမြောက်ခဲ့သည့် လုပ်ဆောင်ချက်အားလုံး၊ အရာအားလုံးအပေါ်တွင် သူ၏နားလည်ခြင်း၊ စသည့်အချက် အားလုံးသည် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အနှစ်မဲ့သည့် စကားလုံးများ မဟုတ်ပေဆိုသည်ကို အကယ်ပင် သက်သေပြသည်။ သူ၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် အရာအားလုံးတွင် အမြဲတမ်း ထင်ရှားပြသနေပြီး ဖွင့်ပြခြင်းခံရသည်။ ဤထင်ရှားပြသခြင်းများ နှင့် ဖွင့်ပြခြင်းများသည် ဘုရားသခင်၏ သြဇာအာဏာ စစ်မှန်စွာ တည်ရှိမှုကို ဖော်ပြနေသည်။ အကြောင်းမှာ သူသည် သူ့လုပ်ဆောင်ချက်များကို ဆက်လက်ပြုလုပ်ရန်အတွက်၊ အရာအားလုံးကို အမိန့်ပေးရန်အတွက်၊ အချိန်တိုင်းတွင် အရာအားလုံးကို အုပ်စိုးရန်အတွက် သူ၏ သြဇာအာဏာနှင့် တန်ခိုးကို အသုံးပြုနေသောကြောင့်ဖြစ်သည်။ သူ၏တန်ခိုးနှင့် သြဇာအာဏာကို ကောင်းကင်တမန်များအားဖြင့် သို့မဟုတ် ဘုရားသခင်၏သတင်းစကား ပို့ဆောင်သူများအားဖြင့် အစားထိုး၍ မရနိုင်ပေ။ အာဗြဟံနှင့် ယောဘတို့ကို မည်သည့်ကောင်းချီးများ ချပေးသနားမည်ဆိုသည်ကို ဘုရားသခင်ဆုံးဖြတ်ခဲ့သည်။ ဤအရာက ဘုရားသခင်အပေါ် မူတည်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများက အာဗြဟံနှင့် ယောဘဆီကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ကြသော်လည်း သူတို့၏ အပြုအမူများက ဘုရားသခင်၏ အမိန့်အရဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဖြစ်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်လည်း ဖြစ်သည်။ ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူများသည် အာဗြဟံထံသို့ လာရောက်ခဲ့ကြသည်ကို လူသားတို့က မြင်ရသော်လည်း ယေဟောဝါ ဘုရားသခင်က သူကိုယ်တိုင်တစ်ခုခုလုပ်သည်ကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။ စင်စစ်အားဖြင့် တန်ခိုးနှင့် သြဇာအာဏာကို အမှန်တကယ် အသုံးပြုသူက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး မည်သည့် လူသားကမျှ သံသယရှိရန် မလိုပေ။ သင်သည် ကောင်းကင်တမန်များနှင့် သတင်းစကားပို့ဆောင်သူများက ကြီးမားသည့် တန်ခိုးကို ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများကို ပြုလုပ်ခြင်း၊ သို့မဟုတ် ဘုရားသခင် ညွှန်ကြားသည့် အရာတစ်ချို့ ပြုလုပ်ခြင်းတို့ကို သင်မြင်ဖူးသော်လည်း သူတို့၏ အပြုအမူများသည် ဘုရားသခင်၏ ညွှန်ကြားချက်များကို ပြီးပြည့်စုံစေရန် သက်သက်သာဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာကိုပြသခြင်း မဟုတ်ပေ။ မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးကိုအုပ်ချုပ်ရန် ဖန်ဆင်းရှင်၏ သြဇာအာဏာရှိခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသုံးပြုခြင်း သို့မဟုတ် ဖော်ထုတ်ပြသခြင်း ပြုလုပ်နိုင်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၇)

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲ၍မရနိုင်သကဲ့သို့ ထိခိုက်၍လည်း မရပေ

၁။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၁:၃-၅ ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။ ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားခွဲထား တော်မူ၏။ အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၆-၇ တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့်ရေချင်း ခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ မိုဃ်းမျက်နှာကြက်ကို ဘုရားသခင် ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက် အောက်၌ရှိသော ရေနှင့်၊ မိုဃ်းမျက်နှာကြက် အပေါ်၌ရှိသော ရေကို ပိုင်းခြားတော်မူ သည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၉-၁၁ တဖန်ဘုရားသခင်က မိုဃ်းကောင်းကင် အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော် ရှိသည်အတိုင်း ဖြစ်လေ၏။ ကုန်းကို မြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာ ကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။ တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၁၄-၁၅ တဖန် ဘုရားသခင်က၊ နေ့နှင့်ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ ဖြစ်စေ။ မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီး လင်းစရာ အလင်းအိမ်ဖြစ်စေဟု၊ အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

ကမ္ဘာဦးကျမ်း ၁:၂၀-၂၁ တဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဘွား၍၊ ငါးကြီး အစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း၊ ပျံတတ်သော ငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

ကမ္ဘာဦးကျမ်း ၁:၂၄-၂၅ တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို၎င်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း၊ မွေးဖွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။

၂။ ဘုရားသခင်က လူသားနှင့် ပဋိညာဉ်တစ်ခု တည်ဆောက်ရန်အတွက် သူ၏ နှုတ်ကပတ်တော်တို့ကို အသုံးပြုသည်

ကမ္ဘာဦးကျမ်း ၉:၁၁-၁၃ သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသော သတ္တဝါတို့သည် နောက်တဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဘို့ရာ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ ထိုမှတပါး ငါတဘက်၊ သင်တို့နှင့် သင်တို့ထံတွင် အသက်ရှင်သမျှသော တိရစ္ဆာန်တို့ တဘက်၌ သားမြေး အစဉ်အဆက်မပြတ်၊ ငါပြုသော ပဋိညာဉ်၏ လက္ခဏာ သက်သေဟူမူကား၊ ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသော ပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။

၃။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ

ကမ္ဘာဦးကျမ်း ၁၇:၄-၆ ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။ နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။ ငါသည် သင့်ကို အလွန်ပွါးများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။

ကမ္ဘာဦးကျမ်း ၁၈:၁၈-၁၉ အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏နောက်မှဖြစ်သော သူ့သားသမီးများနှင့် အိမ်သူအိမ်သားများအား အာဏာနှင့်အမိန့်ပေးမည်ကို ငါသိရှိသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါ၏ လမ်းခရီးကို လိုက်ကာ တရားမျှတစွာ စီရင်ဆုံးဖြတ်ကြလိမ့်မည်။ ယေဟောဝါသည် အာဗြဟံအပေါ် မိန့်တော်မူခဲ့သည့်အတိုင်း အာဗြဟံအပေါ်သို့ ပြုမည်ဟု မိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း ၂၂:၁၆-၁၈ သင်သည် ဤအမှုကို ပြုပြီး သင်၏သား၊ တစ်ဦးတည်းသောသားကို ထိန်ဝှက်မထားသည့် အတွက်ကြောင့် ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ငါသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုပြီဟု ယေဟောဝါ မိန့်တော်မူ၏။

ယောဘ ၄၂:၁၂ ထိုသို့ သူသည် သိုးတစ်သောင်းလေးထောင်၊ ကုလားအုတ်ခြောက်ထောင်နှင့် နွားရှဉ်းတစ်ထောင်နှင့် မြည်းမတစ်ထောင်တို့ကို ရခဲ့သောကြောင့်၊ ယေဟောဝါသည် ယောဘ၏အစအဦးထက် နောက်ပိုင်းအဆုံးသတ်ကို သာ၍ ကောင်းကြီးပေးတော်မူလေသည်။

ဤကျမ်းပိုဒ် သုံးပိုဒ်တွင် သင်တို့ အဘယ်အရာကို မြင်သနည်း။ ဘုရားသခင်က သူ၏သြဇာအာဏာကို အသုံးပြုသည့် အခြေခံစည်းမျဉ်းတစ်ခုရှိသည်ကို သင်တို့မြင်ခဲ့ကြသလော။ ဥပမာ ဘုရားသခင်က လူသားနှင့်အတူ ပဋိညာဉ်တစ်ခု ထူထောင်ရန် အတွက် သက်တံတစ်ခုကို အသုံးပြုခဲ့ပြီး ကမ္ဘာကိုဖျက်ဆီးရန် အတွက် ရေလွှမ်းမိုးခြင်းကို မည်သည့်အခါမျှ နောက်တစ်ခါ အသုံးမပြုတော့ပေဆိုသည်ကို လူသားကိုပြောရန်အတွက် တိမ်ထဲတွင် သက်တံကို ထားခဲ့သည်။ လူများ ယနေ့မြင်ရသည့် သက်တံက ဘုရားသခင်၏နှုတ်မှ ပြောခဲ့သည့် သက်တံနှင့် တူသလော။ ယင်းသက်တံ၏ သဘောတရားနှင့် အဓိပ္ပာယ်က ပြောင်းလဲသွားသလော။ ပြောင်းလဲမသွားသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်က ဤအပြုအမူများကို ဆောင်ရွက်ရန် သူ၏သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားနှင့် သူထူထောင်ခဲ့သည့် ပဋိညာဉ်သည် ယနေ့အထိ ဆက်လက်တည်ရှိနေပြီး ဤပဋိညာဉ်ပြောင်းလဲသည့်အချိန်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်က “ငါ၏ သက်တံကို မိုဃ်းတိမ်၌ ငါထား၏” ဟုပြောပြီးသည့်နောက်တွင် ဘုရားသခင်သည် ယနေ့အထိ ဤပဋိညာဉ်အရ အမြဲတမ်းပြုမူသည်။ ဤထဲတွင် အဘယ်အရာကို သင်တွေ့မြင်သနည်း။ ဘုရားသခင်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း သူသည် သူ၏အပြုအမူများ အပေါ်တွင် စေ့စပ်ပြီး စည်းကမ်းရှိကာ ကတိတည်သည်။ သူ၏ စေ့စပ်သေချာခြင်းနှင့် သူ့အပြုအမူ၏ အခြေခံစည်းမျဉ်းများက ဖန်ဆင်းရှင်၏ ပုန်ကန်ပြစ်မှား၍မရခြင်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်၍မရခြင်းကို ပြသသည်။ သူသည် မြင့်မားသည့် သြဇာအာဏာကို ပိုင်ဆိုင်ထားပြီး အရာအားလုံးသည် သူ၏အုပ်စိုးမှုအောက်တွင်ရှိသော်လည်း အရာအားလုံးကို အုပ်စိုးရန် သူ့ထံတွင် တန်ခိုးသြဇာရှိသော်လည်း ဘုရားသခင်သည် တစ်ခါမျှ သူကိုယ်တိုင်၏ အစီအစဉ်ကို ထိခိုက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုလုပ်ပေ။ သူ၏သြဇာအာဏာကို အသုံးပြုသည့် အချိန်တိုင်းတွင် သူ၏အခြေခံစည်းမျဉ်းတို့နှင့် အတိအကျ ကိုက်ညီပြီး သူ့နှုတ်ကပြောသည့်အရာနောက်ကို တိကျစွာ လိုက်ကာ သူ့အစီအစဉ်၏ အဆင့်များနှင့် ရည်ရွယ်ချက်များ အတိုင်း လုပ်ဆောင်သည်။ ဘုရားသခင်အုပ်စိုးသည့် အရာအားလုံးသည်လည်း ဘုရားသခင်၏ သြဇာအာဏာနှင့် အသုံးပြုထားသည့် အခြေခံစည်းမျဉ်းများကို လိုက်နာကြပြီး မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ သူ့သြဇာအာဏာ၏ အစီအစဉ်မှ မလွတ်ကင်းသကဲ့သို့ သူ၏သြဇာအာဏာ အသုံးပြုထားသည့် အခြေခံစည်းမျဉ်းများကို သူတို့ မပြောင်းလဲနိုင်ပေဆိုသည်ကို ပြောစရာမလိုပေ။ ဘုရားသခင်၏ အမြင်တွင် ကောင်းချီးခံရသည့်သူများသည် သူ၏သြဇာအာဏာက သယ်ဆောင်လာသည့် ကောင်းမွန်သည့် ကံများကို ရရှိကြပြီး ကျိန်ဆဲခံရသူများမှာမူ ဘုရားသခင်၏ သြဇာအာဏာကြောင့် သူတို့၏ အပြစ်ဒဏ်ကို ခံကြရလိမ့်မည်။ ဘုရားသခင်၏ သြဇာအာဏာ၏ စိုးပိုင်မှုအောက်တွင် မည်သည့်လူသား သို့မဟုတ် အရာဝတ္ထုမျှ သူ၏သြဇာအာဏာသက်ရောက်မှုမှ မကင်းလွတ် သကဲ့သို့ သူ့သြဇာအာဏာသက်ရောက်မှု၏ အခြေခံ သဘောတရားများကိုလည်း သူတို့ မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချက်အလက်များ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ အလားတူပင် သူ၏ သြဇာအာဏာ သက်ရောက်မှုရှိသည့် အခြေခံသဘောတရားများ သည်လည်း မည်သည့်အကြောင်းပြချက်နှင့်မျှ မပြောင်းလဲပေ။ မိုးကောင်းကင်နှင့် မြေကြီးက ကြီးစွာသော ပြောင်းလဲမှုကို ကြုံတွေ့နိုင်သော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံး ဆိတ်သုဉ်း ပျောက်ကွယ်သွားနိုင်သော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ ပြောင်းလဲ၍မရသည့်၊ ပုန်ကန်စော်ကား၍မရသည့် သြဇာအာဏာ၏ အနှစ်သာရဖြစ်ပြီး ဖန်ဆင်းရှင်၏ လုံးဝ အတုမရှိခြင်းပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၈)

စာတန်အတွက် ဘုရားသခင်၏အမိန့်

ယောဘ ၂:၆ ထိုအခါ ယေဟောဝါက စာတန်အား၊ သူသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏။

စာတန်သည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ဝံ့ပေ။ ဤအတွက်ကြောင့် အရာအားလုံးသည် စနစ်တကျ အသက်ရှင်နေထိုင်ကြသည်

ဤသည်မှာ ယောဘဝတ္ထုမှ ကောက်နုတ်ချက်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များထဲတွင် “သူသည်” ဆိုသည်မှာ ယောဘကို ရည်ညွှန်းသည်။ အတိုချုပ်ဖြစ်သော်လည်း ဤစာကြောင်းသည် အကြောင်းအရာများစွာကို ရှင်းလင်းစေသည်။ ဝိညာဉ်လောကတွင် ဘုရားသခင်နှင့် စာတန်ကြားက ခွန်းတုံ့ ဖလှယ်မှုတစ်ခုကို ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် ဦးတည်ပြောနေသူမှာ စာတန်ဖြစ်သည်ဆိုသည်ကို ပြော၏။ ဘုရားသခင်က အဘယ်အရာကို သေသေချာချာပြောခဲ့သနည်း ဆိုသည်ကို မှတ်တမ်းတင်ထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က စာတန်အတွက် အမိန့်နှင့် ခိုင်းစေချက်များ ဖြစ်သည်။ ဤအမိန့်၏ အသေးစိတ် အချက်အလက်က ယောဘ၏အသက်ကို ချမ်းသာပေးရန်နှင့် ယောဘအပေါ်တွင် စာတန်၏ပြုမူပုံနှင့်ပတ်သက်ပြီး ဘုရားသခင် သတ်မှတ်ထားသည့် စည်းတို့နှင့် ဆက်နွှယ်သည်။ စာတန်က ယောဘ၏အသက်ကို ချမ်းသာပေးရပေမည်။ ဤဝါကျမှ သင်ယူလေ့လာရသည့် ပထမဆုံးအရာက ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်က စာတန်ကိုပြောသည့် နှုတ်ကပတ်တော်များဖြစ်သည် ဆိုခြင်းပင် ဖြစ်သည်။ ယောဘဝတ္ထု၏ မူရင်း စာသားများအရ ယင်းက ဤကဲ့သို့သော နှုတ်ကပတ်တော်များ၏ နောက်ခံအား ငါတို့ကိုပြောပြသည်။ စာတန်က ယောဘကို စွပ်စွဲချင်ခဲ့သည်။ ထို့ကြောင့် စာတန်က သူ့ကို သွေးမဆောင်ခင်တွင် ဘုရားသခင်၏ သဘောတူညီမှုကို ရရန်လိုခဲ့သည်။ ယောဘကို သွေးဆောင်ရန် စာတန်၏ တောင်းဆိုမှုကို ခွင့်ပြုရာတွင် ဘုရားသခင်က စာတန်ကို ဤသဘောတူညီချက်ကို ပြောဆိုခဲ့သည်။ “ယောဘသည် သင်လက်ထဲ၌ ရှိ၏၊ သို့ရာတွင် သူ၏ အသက်ကို ချန်ထားလော့ဟု မိန့်တော်မူ၏” ဤနှုတ်ကပတ်တော်များ၏ သဘောသဘာဝက မည်သို့နည်း။ ယင်းတို့မှာ ခိုင်းစေချက်တစ်ခု၊ အမိန့်တစ်ခု ဖြစ်သည်ဆိုခြင်းမှာ ရှင်းသည်။ ဤစကားလုံးများ၏ သဘောကို နားလည်ပြီးလျှင် ဤအမိန့်ကို ထုတ်သည့်သူသည် ဘုရားသခင်ဖြစ်ပြီး ဤအမိန့်ကိုခံယူကာ နာခံသည့်သူက စာတန်ဖြစ်သည်ကို သင်နားလည်ရမည်။ ဤအမိန့်တွင် ဘုရားသခင်နှင့် စာတန်အကြားရှိ ဆက်ဆံရေးမှာ ဤနှုတ်ကပတ်တော်များကို ဖတ်သည့်သူတိုင်းအတွက် သိသာထင်ရှားလှ၏ဆိုသည်ကို ပြောစရာမလိုပေ။ ဟုတ်ပေ၏၊ ဤသည်မှာ ဝိညာဉ်လောကတွင်ရှိသော ဘုရားသခင်နှင့် စာတန်အကြားမှ ဆက်ဆံရေးလည်းဖြစ်သည်။ ကျမ်းပိုဒ်ထဲတွင် ဘုရားသခင်နှင့်စာတန်ကြားက ခွန်းတုံ့ဖလှယ်ခြင်း၏ မှတ်တမ်းများထဲတွင် ဖော်ပြထားသည့် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းနှင့် စာတန်၏ခြားနားချက်က ယခုချိန်အထိ တိကျသည့် ပုံဥပမာနှင့် စာသားမှတ်တမ်း တစ်ခုဖြစ်ပြီး လူသားတို့ သင်ယူနိုင်သည့် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းနှင့် စာတန်တို့ကြားက ထင်ရှားသည့် ခြားနားချက်ပင်ဖြစ်သည်။ ဤနေရာတွင် ဤနှုတ်ကပတ်တော်များ၏ မှတ်တမ်းက ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းအပေါ် လူသား၏သိမြင်မှုနှင့် ပတ်သက်ပြီး အရေးကြီးသည့် မှတ်တမ်းတစ်ခုဖြစ်သည်ဟု ငါဆိုရပေမည်။ ထို့အပြင် ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏ သိမြင်မှုအတွက် အရေးကြီးသည့် အချက်အလက်များ ပါဝင်သည်။ ဝိညာဉ်လောကတွင် ဖန်ဆင်းရှင်နှင့် စာတန်ကြားမှ ဤခွန်းတုံ့ဖလှယ်ခြင်းမှတစ်ဆင့် လူသားသည် ဖန်ဆင်းရှင်၏ သြဇာအာဏာတွင် နောက်ထပ် သီးသန့်အချက်တစ်ခုကို နားလည်နိုင်လိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာအတွက် နောက်ထပ် သက်သေခံခြင်းတစ်ခုဖြစ်သည်။

အပြင်ပန်းအားဖြင့် ဤအရာတို့သည် ယေဟောဝါ ဘုရားသခင်နှင့် စာတန်ကြားက ခွန်းတုံ့ဖလှယ်ခြင်းဖြစ်သည်။ သူတို့၏အနှစ်သာရက ယေဟောဝါဘုရားသခင် စကားပြောသည့် သဘောထားဖြစ်ပြီး သူစကားပြောသည့် အနေအထားက စာတန်၏အထက်တွင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ယေဟောဝါဘုရားသခင်က စာတန်ကို အမိန့်ပေးသည့်လေသံနှင့် ခိုင်းစေခြင်းဖြစ်ပြီး စာတန်ကို မည်သည်ကိုလုပ်ရမည်၊ မည်သည်ကိုမလုပ်ရ၊ ယောဘက သူ့လက်ထဲတွင်ရှိနှင့်ပြီးဖြစ်သည်၊ ယောဘကို လုပ်ချင်သလိုလုပ်၍ရသည်— သို့ရာတွင် သူ၏အသက်ကိုကား မယူရ စသည်တို့အား စာတန်ကို ပြောနေခြင်းဖြစ်သည်။ နောက်ခံအကြောင်းရင်းမှာ ယောဘက စာတန်၏လက်ထဲတွင် ရှိသော်လည်း သူ၏အသက်အား စာတန်ကို ပေးမထားပေ။ ဘုရားသခင်က ခွင့်မပြုပါက ဘုရားသခင်၏ လက်ထဲမှ မည်သူမျှ ယောဘ၏အသက်ကို မယူနိုင်ပေ။ ဘုရားသခင်၏ သဘောထားက စာတန်အပေါ် ဤအမိန့်ပေးချက်တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ဤအမိန့်ပေးချက်သည် ယေဟောဝါ ဘုရားသခင်က စာတန်ကို စကားပြောသည့် အဆင့်အနေအထားကိုလည်း ထင်ရှား ဖွင့်ပြသည်။ ဤနေရာတွင် ယေဟာဝါဘုရားသခင်သည် အလင်း၊ လေ၊ အရာအားလုံးနှင့် သက်ရှိသတ္တဝါအားလုံးကို ဖန်ဆင်းသည့် ဘုရားသခင်၏နေရာ၊ အရာအားလုံးနှင့် သက်ရှိသတ္တဝါ အားလုံးတို့ အပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည့် ဘုရားသခင်၏နေရာတွင် ရပ်တည်နေရုံတင်မကဘဲ လူသားမျိုးနွယ်ကို အုပ်ချုပ်သည့်၊ မရဏနိုင်ငံကို အုပ်ချုပ်သည့်၊ သက်ရှိအားလုံး၏ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်သည့် ဘုရားသခင်အဖြစ်လည်း ရပ်တည်သည်။ ဝိညာဉ်လောကတွင် ဘုရားသခင်မှလွဲပြီး မည်သူက စာတန်ကို ဤကဲ့သို့သော အမိန့်မျိုး ပေးရဲသနည်း။ ထို့အပြင် ဘုရားသခင်က စာတန်ထံ အဘယ်ကြောင့်သူ့အမိန့်ကို ကိုယ်တိုင်ထုတ်ခဲ့ခြင်း ဖြစ်သနည်း။ ယောဘ၏ အသက်အပါအဝင် လူသား၏အသက်ကို ဘုရားသခင်က ထိန်းချုပ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က စာတန်ကို ယောဘ၏အသက်ကိုထိခိုက်ရန် သို့မဟုတ် ယူဆောင်ရန် ခွင့်မပြုပေ။ ဆိုလိုသည်မှာ ဘုရားသခင်က စာတန်ကို ယောဘအား သွေးဆောင်ရန် ခွင့်မပြုမီတွင် ဤကဲ့သို့သောအမိန့်ကိုသေချာထုတ်ရန် ဘုရားသခင်က သတိရပြီး ယောဘ၏ အသက်ကိုမယူရန် စာတန်ကို နောက်တစ်ခါ အမိန့်ပေးသည်။ စာတန်က ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ရဲသည့်အပြင် ဘုရားသခင်၏ အမိန့်နှင့် အထူးမိန့်ကြားချက်များကို သေချာနားထောင်ပြီး နာခံခဲ့သည်။ မည်သည့်အခါမျှ မဖောက်ဖျက်ရဲပေ။ ထို့အပြင် ဘုရားသခင်၏ အမိန့်များကိုလည်း ထင်သလို မပြောင်းလဲရဲပေ။ ဤအရာတို့သည် ဘုရားသခင်က စာတန်အတွက် ချမှတ်ထားသည့် အကန့်အသတ်များဖြစ်သည်။ ထို့ကြောင့် စာတန်က ဤအကန့်အသတ်များကို မည်သည့်အခါမျှ မဖောက်ဖျက်ရဲပေ။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ၏ တန်ခိုးအစွမ်း မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေခံခြင်း မဟုတ်လော။ ဘုရားသခင်အပေါ် မည်သို့ပြုမူရမည်၊ ဘုရားသခင်ကို မည်သို့မြင်ရမည်ဆိုသည့် နေရာတွင် စာတန်က လူသားမျိုးနွယ်ထက် ပိုရှင်းလင်းသည့် နားလည်မှုရှိထားသည်။ ထို့ကြောင့် ဝိညာဉ်လောကတွင် စာတန်က ဘုရားသခင်၏ သြဇာအာဏာနှင့် အဆင့်အတန်းကို အလွန်ရှင်းရှင်းလင်းလင်း မြင်ပြီး ဘုရားသခင်၏ သြဇာအာဏာ၏ တန်ခိုးအစွမ်းနှင့် သူ၏သြဇာအာဏာနောက်က အခြေခံ သဘောတရားများကို လေးနက်စွာ အသိအမှတ်ပြုသည်။ ဤအရာများကို စာတန်သည် လျစ်လျူမရှုရဲသကဲ့သို့ မည်သည့်နည်းနှင့်မျှ မချိုးဖောက်ရဲပေ သို့မဟုတ် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်သည့် အရာတစ်ခုမျှ မလုပ်ရဲပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်နည်းလမ်းနှင့်မျှ စိန်မခေါ်ရဲပေ။ စာတန်၏ သဘောသဘာဝမှာ ဆိုးယုတ်ပြီး မောက်မာသော်လည်း စာတန်သည် ဘုရားသခင်က သူ့အတွက် ချမှတ်ထားသည့် စည်းများနှင့် အကန့်အသတ်များကို တစ်ခါမျှ မဖြတ်ကျော်ရဲပေ။ နှစ်သန်းပေါင်းများစွာအကြာထိ ဤစည်းများကို တိတိကျကျ လိုက်နာခဲ့သည်။ ဘုရားသခင်ပေးအပ်သည့် ခိုင်းစေမှုနှင့် အမိန့်တိုင်းကို လိုက်နာပြီး မည်သည့်အခါမျှ စည်းမကျော်ရဲပေ။ စာတန်သည် အန္တရာယ်ရှိသော်လည်း အကျင့်ပျက်စီးသည့် လူသားမျိုးနွယ်ထက် ပိုပြီးပါးနပ်သည်။ ၎င်းသည် ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကိုသိပြီး သူ၏ ကိုယ်ပိုင်စည်းမျဉ်းများကို သိသည်။ စာတန်၏ “ကျိုးနွံသည့်” အပြုအမူများမှတစ်ဆင့် ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့သည် စာတန်က ကျော်လွန်၍မရနိုင်သည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ထုတ်ပြန်ချက်များဖြစ်သည်ကို မြင်နိုင်လိမ့်မည်။ အရာအားလုံးကိုပြောင်းလဲပြီး အစီအစဉ်တကျ ပွားများစေသည့်၊ ဘုရားသခင် တည်ထောင်ထားသည့် လမ်းကြောင်းအတွင်းတွင် လူသားတို့ အသက်ရှင်ပြီး မျိုးပွားနိုင်သည့်၊ မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ဤအမိန့်ကို နှောင့်ယှက်နိုင်စွမ်းမရှိသည့်၊ မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ဤနိယာမကို ပြောင်းလဲနိုင်စွမ်း မရှိသည်မှာ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သြဇာအာဏာကြောင့် ဖြစ်သည်။ အကြောင်းမှာ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏လက်မှလာပြီး ဖန်ဆင်းရှင်၏ အမိန့်နှင့် သြဇာအာဏာမှ လာသည့်အတွက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၉)

စာတန်၏ ထူးခြားသည့် ဝိသေသလက္ခဏာသည် အမျိုးမျိုးသော အကြောင်းအရာများနှင့်စပ်ဆိုင်သည့် ၎င်း၏ထင်ရှားပြသခြင်းအပေါ်တွင် လူအများကို အလွန် စိတ်ဝင်စားစေခဲ့သည်။ စာတန်က နိမိတ်လက္ခဏာများကို ပြသနိုင်စွမ်းရှိပြီး လူသားတို့အနေနှင့် မဖြစ်နိုင်သည့် အရာများကို ၎င်းကလုပ်နိုင်စွမ်းရှိသည့်အတွက်ကြောင့် ဘုရားသခင်ကဲ့သို့ သြဇာအာဏာကို စာတန်ပိုင်ဆိုင်သည်ဟု ယုံကြည်သည့် လူအများအပြားပင်ရှိသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအပြင် သူ့နှလုံးသားထဲတွင် စာတန်အတွက်လည်း နေရာတစ်နေရာ ချန်ထားကာ စာတန်ကို ဘုရားအနေနှင့်ပင် ကိုးကွယ်ကြသည်။ ဤလူများသည် သနားစရာကောင်းသကဲ့သို့ စက်ဆုပ်ရွံ့ရှာဖွယ်လည်းဖြစ်သည်။ သူတို့၏ မသိနားမလည်မှုကြောင့် သနားစရာကောင်းပြီး သူတို့၏ မိစ္ဆာဒိဌိအယူနှင့် ပင်ကိုဆိုးယုတ်သည့်အနှစ်သာရကြောင့် စက်ဆုပ်ရွံ့ရှာဖွယ်ဖြစ်သည်။ ဤနေရာတွင် သြဇာအာဏာက အဘယ်အရာဖြစ်သည်၊ မည်သည့်အသွင်ဆောင်သည်၊ အဘယ်အရာကို ကိုယ်စားပြုသည်ဆိုခြင်းအား သင်တို့ကို အသိပေးရန် လိုအပ်သည်ဟု ငါခံစားရသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဘုရားသခင်ကိုယ်တော်တိုင်က သြဇာအာဏာဖြစ်ပြီး ဘုရားသခင်၏သြဇာအာဏာသည် သူ၏ ထူးမြတ်မှုနှင့် အနှစ်သာရကို သင်္ကေတပြုသည်။ ဘုရားသခင်ကိုယ်တော်တိုင်၏ သြဇာအာဏာသည် ဘုရားသခင်၏ အဆင့်အတန်းနှင့် ဝိသေသ လက္ခဏာကို ကိုယ်စားပြုသည်။ ဤနေရာတွင် ၎င်းကိုယ်တိုင်က ဘုရားဖြစ်သည်ဟု စာတန်ပြောရဲသလော။ မိမိသည် အရာအားလုံးကို ဖန်ဆင်းပြီး အရာအားလုံးအပေါ်တွင် အချုပ်အခြာအာဏာကို ကိုင်ဆောင်ထားသည်ဟု စာတန်ပြောရဲ သလော။ မည်သို့လျှင် ပြောရဲမည်နည်း။ ၎င်းသည် အရာအားလုံးကို ဖန်ဆင်းရန် မတတ်စွမ်းနိုင်ခြင်းကြောင့်ဖြစ်သည်။ ယနေ့အထိ ဘုရားသခင်ဖန်ဆင်းခဲ့သည့်အရာတစ်ခုခုကို ၎င်းမပြုလုပ်ခဲ့ဖူးပေ။ အသက်ပါဝင်သည့် အရာတစ်စုံတစ်ရာကို တစ်ခါမျှ ၎င်းမဖန်ဆင်းခဲ့ပေ။ ဘုရားသခင်၏ သြဇာအာဏာ ၎င်းတွင် မရှိသောကြောင့်ဖြစ်သည်။ သူသည် ဘုရားသခင်၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာကို မည်သည့်အခါမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤသည်ကို ၎င်း၏ အနှစ်သာရဖြင့် သတ်မှတ်ထားသည်။ ၎င်းသည် ဘုရားသခင်ကဲ့သို့ တန်ခိုးရှိ သလော။ မည်သို့ရှိမည်နည်း။ စာတန်၏ လုပ်ရပ်များနှင့် စာတန်ဖော်ပြသည့် နိမိတ်လက္ခဏာများကို မည်သို့ခေါ်ကြ သနည်း။ တန်ခိုးလော။ သြဇာအာဏာဟု ခေါ်၍ရနိုင်သလော။ မည်သို့ရနိုင်မည်နည်း။ စာတန်က မကောင်းမှုရေစီးကြောင်းကို ညွှန်ကြားသည်။ ဘုရားသခင်၏လုပ်ဆောင်ချက်တိုင်းကို နှောင့်ယှက်သည်။ ထိခိုက်သည်။ ကြားဝင်သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်းအချို့တွင် လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းနှင့် အလွဲသုံးစားပြုလုပ်ခြင်း၊ လူသားသည် သေမင်းအရိပ်လွှမ်းမိုးသည့် ချိုင့်ဝှမ်းဆီကို လျှောက်သွားစေရန် လူသားကို ဆိုးယုတ်မှုသို့၊ ဘုရားသခင်ကို ငြင်းပယ်မှုသို့ရောက်အောင် မျှားခေါ်ခြင်း၊ လှည့်စားခြင်းတို့မှလွဲ၍ စာတန်သည် လူသားထံမှ လေးစားမှု၊ ချီးမွမ်းမှု၊ ချစ်ခင်မြတ်နိုးမှုတို့ အနည်းငယ်မျှပင် ထိုက်တန်သည့် အရာတစ်ခုခု လုပ်ခဲ့ဖူးသလော။ စာတန်က သြဇာအာဏာနှင့် တန်ခိုးအစွမ်းကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများအားဖြင့် ပျက်စီးခြင်းကို ရောက်မလော။ အကယ်၍ စာတန်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်သည် ထိုအရာများအားဖြင့် အန္တရာယ်ကျရောက်ပြီး ဖြစ်မည်မဟုတ်လော။ အကယ်၍ စာတန်က တန်ခိုးနှင့် သြဇာအာဏာကို ပိုင်ဆိုင်သည်ဆိုလျှင် လူသားမျိုးနွယ်က ဘုရားသခင်ကို စွန့်ပစ်ပြီး သေခြင်းနောက်ကို လိုက်ပြီးဖြစ်မည် မဟုတ်လော။ စာတန်က သြဇာအာဏာ သို့မဟုတ် တန်ခိုးမရှိ သည့်အတွက် စာတန်လုပ်သည့် အရာအားလုံး၏ အနှစ်သာရနှင့် ပတ်သက်၍ မည်သို့ကောက်ချက်ချသင့်သနည်း။ စာတန် လုပ်ဆောင်သည့် အရာအားလုံးက ပရိယာယ်သက်သက်သာ ဖြစ်သည်ဟု သတ်မှတ်သည့်သူများရှိသည်။ သို့ရာတွင် ဤကဲ့သို့သော သတ်မှတ်ချက်က သိပ်မသင့်တော်ဟု ငါမြင်သည်။ လူသားတို့ကို အကျင့်ပျက်စီးစေသည့် ဆိုးယုတ်သည့် လုပ်ဆောင်ချက်များက ပရိယာယ်သက်သက်ပင်လော။ စာတန်က ယောဘကို နှိပ်စက်သည့်၊ သူ့ကို နှိပ်စက်ပြီး ဝါးမျိုရန် အလွန်အမင်းဆန္ဒရှိသည့် ဆိုးယုတ်သည့်အားအင်များသည် ပရိယာယ်သက်သက်မှ ရရှိနိုင်ခြေမရှိပေ။ အတိတ်ကို ပြန်ကြည့်ပါက တောင်ကုန်းများ၊ တောင်များတွင် ပြန့်ကျဲနေသည့် ယောဘ၏ တိရစ္ဆာန်အုပ်များသည် ချက်ချင်းပင် ကွယ်ပျောက် သွားခဲ့ကြသည်။ ယောဘ၏ ကြီးမားသည့် စည်းစိမ်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ဤအရာတို့ကို ပရိယာယ်သက်သက် နှင့်သာ ရရှိနိုင်မည်လော။ စာတန်လုပ်သည့်အရာအားလုံး၏ သဘောသဘာဝသည် ထိခိုက်ယိုယွင်းစေရန်၊ ကြားဝင် နှောင့်ယှက်ရန်၊ ဖျက်ဆီးရန်၊ အန္တရာယ်ပြုရန်၊ ဆိုးယုတ်ခြင်း၊ အန္တရာယ်ပြုတတ်ခြင်း၊ မှောင်မိုက်ခြင်းတို့ကဲ့သို့ အဖျက်သဘောများနှင့် ဆက်နွှယ်ပြီးထပ်တူကျသည်။ ထို့ကြောင့် မဖြောင့်မတ်ဘဲ ဆိုးယုတ်သည့် အရာအားလုံး ဖြစ်ပေါ်ခြင်းသည် စာတန်၏ လုပ်ရပ်များနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေပြီး စာတန်၏ ဆိုးယုတ်သည့် အချက်အလက်မှ ခွဲခြား၍မရပေ။ စာတန်က မည်မျှပင် “အစွမ်းထက်” ပါစေ မည်မျှပင် ရဲတင်းပြီး ရည်ရွယ်ချက် ကြီးမားပါစေ၊ ထိခိုက်မှုများပေးသော သူ၏အစွမ်း မည်မျှပင်ကြီးမားပါစေ၊ လူသားကို ဖျက်ဆီးပြီး မျှားခေါ်သည့် နည်းလမ်းများက မည်မျှပင် အတိုင်းအတာ ကျယ်ပြန့်ပါစေ၊ လူသားကို ခြိမ်းခြောက်စေခိုင်းသည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ သူဖြစ်တည်နေသည့် ပုံစံကို မည်မျှပင် ပြောင်းလဲနိုင်ပါစေ၊ စာတန်သည် သက်ရှိတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ မချပေးနိုင်ခဲ့ပေ။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ အုပ်စိုးပြီး ထိန်းချုပ်နိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် ကြီးမားလှသည့် ပြင်ကျယ်တစ်ခုလုံးတွင် စာတန်ထံမှ မွေးဖွားလာသည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိပေ။ သို့မဟုတ် သူ့ကြောင့် ဖြစ်တည်လာခြင်း မရှိပေ။ သူအုပ်စိုးသည့် သို့မဟုတ် သူထိန်းချုပ်သည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိပေ။ ဆန့်ကျင်ဖက်အနေနှင့် သူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်နှင့် ခိုင်းစေမှုများအားလုံးကို နာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ရေတစ်စက် သို့မဟုတ် ကုန်းမြေပေါ်က သဲတစ်ပွင့်ကို ထိရန်ပင် စာတန်အတွက် ခက်ခဲသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဝင်ဘဲ ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့် စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ရွှေ့ပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများ၊ ကမ္ဘာမြေကြီးပေါ်က ပိုးကောင်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏တာဝန်သည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အလုပ်လုပ်ရန်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏ သဘောသဘာဝက မည်မျှပင် အန္တရာယ်ပြုတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ဆိုးယုတ်ပါစေ၊ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံအဖြစ်နေရင်း၊ ဘုရားသခင် နှစ်သက်မည့်အချက်များကို ပံ့ပိုးရင်း ၎င်းတာဝန်ကို သိတတ်စွာနှင့် လိုက်နာရန်ပင်ဖြစ်သည်။ ယင်းမှာ စာတန်၏ အနှစ်သာရနှင့် အဆင့်နေရာဖြစ်သည်။ ၎င်း၏ အနှစ်သာရသည် အသက်နှင့် မဆက်သွယ်ထားပေ။ တန်ခိုးနှင့် မဆက်သွယ်ထားပေ။ သြဇာအာဏာနှင့် မဆက်သွယ်ထားပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲက ကစားစရာတစ်ခု မျှသာဖြစ်သည်။ ဘုရားသခင်ကို အစေခံသည့် စက်တစ်လုံးသာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၀)

သြဇာအာဏာ ကိုယ်၌ကို ဘုရားသခင်၏ တန်ခိုးအဖြစ် ရှင်းပြနိုင်သည်။ ပထမဦးဆုံး သြဇာအာဏာနှင့် တန်ခိုးတို့သည် အပြုသဘောဆောင်သည်ကို သေချာပေါက် ပြောနိုင်သည်။ အဖျက်သဘောဆောင်သည့် မည်သည့်အရာနှင့်မျှ ဆက်နွှယ်မှု မရှိပေ။ မည်သည့် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာတစ်ခုနှင့်မျှ ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင်၏ တန်ခိုးက အသက်နှင့် ရှင်သန်တက်ကြွခြင်းရှိသည့် မည်သည့်ပုံစံကိုမဆို ဖန်ဆင်းနိုင်သည်။ ဤသည်ကို ဘုရားသခင်၏ အသက်နှင့် ပိုင်းခြားဆုံးဖြတ်သည်။ ဘုရားသခင်သည် အသက်ဖြစ်၏။ ထို့ကြောင့် သူသည် သက်ရှိသတ္တဝါအားလုံး၏ အရင်းအမြစ် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းကို သက်ရှိသတ္တဝါအားလုံး နာခံရန် ပြုလုပ်နိုင်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်အညီ သက်ရှိဖြစ်လာပြီး ဘုရားသခင်၏ အုပ်ချုပ်မှုအားဖြင့် အသက်ရှင်ပြီး မျိုးပွားကြသည်။ သက်ရှိ သတ္တဝါအားလုံးကို ဘုရားသခင် အမိန့်ပေး အုပ်စိုးသည့် နောက်တွင် ပြောင်းလဲ ယိမ်းယိုင်ခြင်းဆိုသည်မှာ ထာဝရ မရှိတော့ပေ။ မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ဤအရာများ မရှိပေ။ ဖန်ဆင်းရှင်သာလျှင် ဤကဲ့သို့သော တန်ခိုးကို ပိုင်ဆိုင်ပြီး ထိန်းသိမ်းသည်။ ထို့ကြောင့် ၎င်းကို သြဇာအာဏာဟုခေါ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းဖြစ်သည်။ ဤအတိုင်းပင်၊ “သြဇာအာဏာ” ဆိုသည့် စကားလုံးဖြစ်စေ သို့မဟုတ် ဤသြဇာအာဏာ၏ အနှစ်သာရဖြစ်စေ၊ တစ်ခုချင်းစီတိုင်းက ဖန်ဆင်းရှင်နှင့်သာ ဆက်စပ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဖန်ဆင်းရှင်၏ အတုမရှိသည့် ဝိသေသလက္ခဏာနှင့် အနှစ်သာရ၏ သင်္ကေတဖြစ်ပြီး ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ “သြဇာအာဏာ” ဟူသည့် စကားလုံးနှင့် ဆက်စပ်၍ မရပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ၏ အဓိပ္ပာယ်ကောက်ချက်ဖြစ်သည်။

စာတန်သည် ယောဘကို တပ်မက်သည့် မျက်လုံးများနှင့် ကြည့်နေသော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲနှင့် သူသည် ယောဘ၏ ကိုယ်ခန္ဓာမှ အမွှေးတစ်မျှင်ကိုပင် မထိရဲပေ။ စာတန်သည် ပင်ကိုသဘောအားဖြင့် ဆိုးယုတ်ပြီး ရက်စက် သော်လည်း ဘုရားသခင်က သူ၏အမိန့်ကို ထုတ်ပြန် ပြီးနောက်တွင် စာတန်သည် ဘုရားသခင်၏အမိန့်ကို လက်ခံရန် မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် စာတန်သည် ယောဘနှင့်ပတ်သက်ပါက သိုးများကြားထဲက ဝံပုလွေကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေသော်လည်း ဘုရားသခင်က ၎င်းအတွက် ပြင်ဆင်ထားသည့် အကန့်အသတ်များကို မမေ့ရဲပေ။ ဘုရားသခင်၏ အမိန့်များကို မဖောက်ဖျက်ရဲပေ။ ၎င်းလုပ်သည့် အရာအားလုံးထဲတွင် စာတန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းနှင့် အကန့်အသတ်များမှ မယိမ်းယိုင်သွားရဲပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်သည် မဟုတ်လော။ ဤအချက်မှ စာတန်သည် ယေဟောဝါ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်ကိုမဆို မချိုးဖောက်ရဲ သည်ကို မြင်နိုင်သည်။ စာတန်အတွက် ဘုရားသခင်၏နှုတ်မှ နှုတ်ကပတ်တော်တိုင်းက အမိန့်ဖြစ်ပြီး၊ ကောင်းကင်ဘုံ နှင့်ဆိုင်သည့် နိယာမနှင့် ဘုရားသခင်၏ သြဇာအာဏာ၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်း၏ နောက်တွင် ဘုရားသခင်၏ အမိန့်များကို ချိုးဖောက်သူများ၊ ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမကို မနာခံဘဲ ဆန့်ကျင်သည့်သူများအတွက် ဘုရားသခင်၏ အပြစ်ဒဏ်ကို ညွှန်ပြနေသည်။ စာတန်သည် ဘုရားသခင်၏ အမိန့်များကို ၎င်းချိုးဖောက်လျှင် ဖန်ဆင်းရှင်၏ သြဇာအာဏာကို ကျော်လွန်ခြင်းနှင့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်များအား လက်ခံရမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသည်။ ဤအကျိုးဆက်များက မည်သည့် အရာများနည်း။ ပြောစရာမလိုပေ။ ဤအရာတို့သည် သူ့အတွက် ဘုရားသခင်၏ အပြစ်ဒဏ်ပင်ဖြစ်သည်။ ယောဘအပေါ် စာတန်၏ လုပ်ရပ်များသည် လူသားကို စာတန်ဖျက်ဆီးခြင်း၏ ပုံစံ အသေးစားပင်ဖြစ်သည်။ စာတန်က ဤအပြုအမူများကို လုပ်ဆောင်နေသည့်အခါတွင် စာတန်အပေါ် ဘုရားသခင် ချမှတ်ထားသည့် အကန့်အသတ်များနှင့် သူထုတ်ထားသည့် အမိန့်များသည် စာတန်လုပ်သည့် အရာတိုင်း၏ နောက်က အခြေခံစည်းမျဉ်း၏ သေးငယ်သည့် ပုံစံသာဖြစ်သည်။ ထို့အပြင် ဤအကြောင်းအရာတွင် စာတန်၏ တာဝန်နှင့် အဆင့်နေရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု လုပ်ဆောင်ချက်ထဲက ၎င်း၏တာဝန်နှင့် အဆင့်နေရာ၏ သေးငယ်သည့်ပုံစံသာဖြစ်ပြီး ယောဘကို သွေးဆောင်ခြင်းတွင် စာတန်၏ ဘုရားသခင်အပေါ် အပြည့်အဝနာခံခြင်းက ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်တွင် ဘုရားသခင်ကို စာတန်က နည်းနည်းမျှ မဆန့်ကျင်ရဲသည့်ပုံစံ၏ သေးငယ်သည့်အပိုင်းသာ ဖြစ်သည်။ ဤအသေးစားပုံစံများက သင်တို့ကို မည်သည့်သတိပေးချက်များ ပေးသနည်း။ စာတန်အပါအဝင် အရာအားလုံးထဲတွင် ဖန်ဆင်းရှင်က ချမှတ်ထားသည့် ကောင်းကင်ဘုံနှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို ကျော်လွန်နိုင်သည့်သူ မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မရှိပေ။ ဤကောင်းကင်ဘုံ နှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို ဖောက်ဖျက်ရဲသည့်သူ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မရှိပေ။ အကြောင်းမှာ ဖန်ဆင်းရှင်က မနာခံသည့်သူများအပေါ် ချမှတ်သည့် ပြစ်ဒဏ်ကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ ပြောင်းလဲနိုင်ခြင်း သို့မဟုတ် လွတ်မြောက်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်သာလျှင် ကောင်းကင်ဘုံ နှင့်ဆိုင်သည့် နိယာမများနှင့် အမိန့်ထုတ်ပြန်ချက်များကို တည်ထောင်နိုင်သည်။ ဖန်ဆင်းရှင်သာလျှင် ဤအရာတို့ကို အကျိုးသက်ရောက်မှု ရှိအောင်ပြုလုပ်ရန် တန်ခိုးရှိသည်။ ဖန်ဆင်းရှင်၏ တန်ခိုးကိုသာ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုမျှ မကျော်လွန်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာဖြစ်သည်။ ဤသြဇာအာဏာသည် အရာအားလုံးထက် သာလွန်သည်။ ထို့ကြောင့် “ဘုရားသခင်က အကြီးမြတ်ဆုံးဖြစ်ပြီး စာတန်က နံပါတ် နှစ်ဖြစ်သည်” ဟု ပြောရန် မဖြစ်နိုင်ပေ။ အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်သည့် ဖန်ဆင်းရှင်မှလွဲပြီး အခြားဘုရားမရှိပေ။

ယခု ဘုရားသခင်၏ သြဇာအာဏာနှင့် ပတ်သက်သော အသိပညာအသစ်ကို သင်တို့ရရှိပြီလော။ ပထမဦးဆုံး ယခုပြောခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာနှင့် လူသား၏ အစွမ်းတို့ကြားတွင် ကွာခြားချက်ရှိသလော။ ကွာခြားချက်က အဘယ်နည်း။ အချို့လူများက ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာ မရှိပေဟု ပြောကြသည်။ မှန်ပေသည်။ လူများက ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာမရှိဟု ဆိုသော်လည်း လူသား၏အတွေးနှင့် အယူအဆများတွင် ဤနှစ်ခုကို မကြာခဏ ဘေးချင်းယှဉ်ပြီး လူသား၏ အစွမ်းကို သြဇာအာဏာနှင့် မကြာခဏ ရောထွေးကြသည်။ ဤနေရာတွင် အဘယ်အရာ ဖြစ်နေသနည်း။ လူများက ဤတစ်ခုနှင့်တစ်ခုကို အမှုမဲ့ အမှတ်မဲ့နှင့် မှားယွင်းပြီး အစားထိုးနေကြခြင်း မဟုတ်လော။ ဤနှစ်ခုက မဆက်သွယ်ထားပေ။ ဤနှစ်ခုကြားတွင် နှိုင်းယှဉ်စရာ မရှိပေ။ သို့ရာတွင် လူများက မတတ်နိုင်ကြချေ။ ဤသည်ကို မည်သို့ဖြေရှင်းသင့်သနည်း။ သင်သည် ဖြေရှင်းချက်ကို ရှာဖွေရန် အမှန်တကယ် ဆန္ဒရှိပါက တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ အတုမရှိသည့် သြဇာအာဏာကို သိပြီး နားလည်ရန်သာဖြစ်သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာကိုသိပြီး နားလည်ပြီးနောက်တွင် သင်သည် လူသား၏အစွမ်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို အတူတူ ပြောဆိုတော့မည် မဟုတ်ပေ။

လူသား၏အစွမ်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ရိုးရိုးပြောရလျှင် လူသား၏ အကျင့်ပျက်စီးသည့် စိတ်သဘောထား၊ ဆန္ဒနှင့် ရည်ရွယ်ချက်တို့ကို အကြီးမားဆုံး အတိုင်းအတာအထိ ကျယ်ပြန့်စေသည့် သို့မဟုတ် ပြီးမြောက်စေသည့် စွမ်းရည် သို့မဟုတ် တတ်ကျွမ်းမှုတစ်ခုဖြစ်သည်။ ဤသည်ကို သြဇာအာဏာဟု ပြော၍ရသလော။ လူသား၏ ရည်ရွယ်ချက်နှင့် ဆန္ဒမှာ မည်မျှပင် ကြီးမားပါစေ သို့မဟုတ် အကျိုးများပါစေ ဤလူသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု မဆိုနိုင်ပေ။ အလွန့်အလွန်ပြောရလျှင် ဤကြီးမားခြင်းနှင့် အောင်မြင်ခြင်းသည် လူသားကြားတွင် စာတန်၏ ရွှတ်နောက်နောက်အပြုအမူ၏ သာဓကတစ်ခုသာဖြစ်ပြီး အလွန့်အလွန်ပြောရလျှင် စာတန်သည် ဘုရားဖြစ်ရန် ဟူသည့် ၎င်း၏ရည်ရွယ်ချက်ကို ပြီးမြောက်စေရန် အတွက် ၎င်း၏ ဘိုးဘေးကဲ့သို့ ပြုမူပြသည့် ဟာသဇာတ်တစ်ခုသာ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၁)

ဘုရားသခင်၏ သြဇာအာဏာက အဘယ်အရာကို သင်္ကေတပြုသနည်း။ ဘုရားသခင် ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာကို သင်္ကေတ ပြုသလော။ ဘုရားသခင် ကိုယ်တော်တိုင်၏ တန်ခိုးကို သင်္ကေတ ပြုသလော။ ဘုရားသခင်ကိုယ်တော်တိုင်၏ အတုမရှိသည့် အဆင့်အတန်းကို သင်္ကေတပြုသလော။ အားလုံးထဲတွင် မည်သည့်အရာအထဲ၌ ဘုရားသခင်၏ သြဇာအာဏာကို သင်မြင်ခဲ့သနည်း။ ယင်းကို မည်သို့မြင်ခဲ့သနည်း။ လူသား ကြုံတွေ့သည့် ရာသီဥတုလေးခုတွင် နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီနှင့် ဆောင်းရာတို့ကြားထဲက ပြောင်းလဲခြင်း နိယာမကို မည်သူ ပြောင်းနိုင်သနည်း။ နွေဦးရာသီတွင် သစ်ပင်များက ဖူးပွင့်သည်။ နွေရာသီတွင် သူတို့သည် အရွက်များနှင့် ဖုံးနေကာ ဆောင်းဦးရာသီတွင် အသီးသီးကြသည်။ ဆောင်းရာသီတွင် အရွက်ကြွေလေသည်။ ဤနိယာမကို မည်သူ ပြောင်းလဲနိုင်သနည်း။ ဤသည်က ဘုရားသခင်၏ သြဇာအာဏာ၏ အချက်တစ်ချက်ကို ထင်ဟပ်စေသလော။ ဘုရားသခင်က “အလင်းဖြစ်စေ” ဟုပြောသည်နှင့် အလင်းဖြစ်လာသည်။ ဤအလင်းက တည်ရှိနေဆဲဖြစ်သလော။ အလင်းက အဘယ်ကြောင့် တည်ရှိနေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ သြဇာအာဏာကြောင့် တည်ရှိနေခြင်းပင်တည်း။ ဘုရားသခင် ဖန်ဆင်းသည့် လေက တည်ရှိနေဆဲဖြစ်သလော။ လူသား ရှူသွင်းသည့်လေက ဘုရားသခင်ထံမှ လာသလော။ ဘုရားသခင်ထံမှလာသည့် အရာများကို မည်သူက ယူဆောင်သွားနိုင်သနည်း။ မည်သူက ၎င်းတို့၏အနှစ်သာရနှင့် တာဝန်များကို ပြောင်းလဲနိုင်သနည်း။ ဘုရားသခင် ချမှတ်ထားခဲ့သည့် နေ့နှင့် ည၊ ဘုရားသခင် အမိန့်ပေးခဲ့သည့် နေ့နှင့်ည၏ နိယာမကို မည်သူက ကသိကအောက်ဖြစ်အောင် လုပ်နိုင်သနည်း။ စာတန်က ဤကဲ့သို့လုပ်နိုင်သလော။ သင်သည် ညတွင်မအိပ်ဘဲ ညကို နေ့ဟူ၍သတ်မှတ်လျှင်ပင် ညအချိန်က ညအချိန်ပဲဖြစ်နေမည် ဖြစ်သည်။ သင်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မည်။ သို့ရာတွင် သင်သည် ညနှင့်နေ့၏ ဖလှယ်ပုံ နိယာမကို ပြောင်းရန် မတတ်စွမ်းပေ။ ဤသည်မှာ မည်သူမျှ မပြောင်းလဲနိုင်သည့် အချက်ပင်ဖြစ်သည်၊ မဟုတ်သလော။ ခြင်္သေ့တစ်ကောင်ကို ကုန်းမြေပေါ်တွင် နွားကဲ့သို့လယ်ထွန်ခိုင်းရန် မည်သူတတ်စွမ်းနိုင်သနည်း။ ဆင်တစ်ကောင်ကို မြည်းဖြစ်သွား အောင်ပြောင်းရန် မည်သူတတ်နိုင်သနည်း။ ကြက်တစ်ကောင်ကို လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ ပျံဝဲအောင်လုပ်ရန် မည်သူ တတ်နိုင်သနည်း။ ဝံပုလွေတစ်ကောင်ကို သိုးတစ်ကောင်ကဲ့သို့ မြက်စားအောင် မည်သူလုပ်နိုင်သနည်း။ (မလုပ်နိုင်ပါ။) ရေထဲက ငါးတစ်ကောင်ကို ခြောက်သွေ့သည့် ကုန်းမြေပေါ်တွင် အသက်ရှင်အောင် မည်သူလုပ်နိုင်သနည်း။ ထိုအရာကို လူသားတို့ မလုပ်နိုင်ကြပါ။ အဘယ်ကြောင့် မလုပ်နိုင်ရခြင်းဖြစ်သနည်း။ ဘုရားသခင်က ငါးတို့ကို ရေထဲတွင်အသက်ရှင်ရန် အမိန့်ပေး ထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရေထဲတွင် အသက်ရှင်သည်၊ ကုန်းမြေပေါ်တွင် သူတို့ အသက်ရှင်နိုင်မည် မဟုတ်ပေ။ သေသွားမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အမိန့်၏ အကန့်အသတ်ကို မကျော်လွန်နိုင်ပေ။ အရာအားလုံး၏ ဖြစ်တည်မှုတွင် နိယာမနှင့် အကန့်အသတ်များရှိပြီး သူတို့ အသီးသီးတွင် ကိုယ်ပိုင် ဗီဇအသိစိတ်များ ရှိကြသည်။ ဤအရာတို့သည် ဖန်ဆင်းရှင်က ချမှတ်ပေးထားပြီး မည်သည့် လူသားမျှ ပြောင်းလဲ၍၊ ကျော်လွန်၍ မရနိုင်ပေ။ ဥပမာ ခြင်္သေ့သည် လူ့အဖွဲ့အစည်းနှင့် အဝေးတစ်နေရာတွင်ရှိသည့် တောထဲတွင်သာ အမြဲနေထိုင်လိမ့်မည်။ လူနှင့်အတူတူနေထိုင်ပြီး လူသားအတွက် အလုပ်လုပ်ပေးသည့် နွားကဲ့သို့ မည်သည့်အခါမျှ ကျိုးနွံပြီး သစ္စာရှိမလာနိုင်ပေ။ ဆင်နှင့် မြည်းနှစ်မျိုးလုံးက တိရစ္ဆာန်များ ဖြစ်ပြီး နှစ်မျိုးလုံးက ခြေလေးချောင်းရှိကာ လေကို ရှူသွင်းကြသည့် သတ္တဝါများဖြစ်သော်လည်း သူတို့သည် မတူညီသည့် မျိုးစိတ်များဖြစ်သည်။ ဘုရားသခင်က မတူညီသည့် အမျိုးအစားများအဖြစ် ခွဲခြားထား၍ဖြစ်သည်။ သူတို့အသီးသီးတွင် ကိုယ်ပိုင်ဗီဇအသိစိတ်များရှိကြသည်။ ထို့ကြောင့် သူတို့သည် မည်သည့်အခါမျှ ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ကြက်က လင်းယုန်ကဲ့သို့ ခြေနှစ်ချောင်းရှိပြီး အတောင်ပံများရှိသော်လည်း လေထဲတွင် မည်သည့်အခါမျှ ပျံနိုင်မည်မဟုတ်ပေ။ အလွန်ဆုံး သစ်ပင်ပေါ်လောက်သာ ပျံတက်နိုင်လိမ့်မည်— ဤသည်မှာ သူ၏ ဗီဇအသိစိတ်က ပိုင်းခြားသတ်မှတ်ထားခြင်းဖြစ်သည်။ ဤအရာ အားလုံးက ဘုရားသခင်၏ သြဇာအာဏာ၏ အမိန့်များကြောင့် ဖြစ်သည်ကို ပြောပြနေစရာမလိုပေ။

ယနေ့ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လူသားတို့၏ သိပ္ပံသည် တိုးတက်လျက်ရှိသည်ဟု ဆိုနိုင်ပြီး လူသားတို့၏ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိမှုများသည် အထင်ကြီးစရာကောင်း သည်ဟု ဆိုနိုင်သည်။ လူသား၏ အရည်အချင်းသည် အမြဲတမ်း ကြီးမားလာနေသည်ဟု ပြောရမည်ဖြစ်သည်။ သို့ရာတွင် လူသားမျိုးနွယ်က မလုပ်နိုင်သည့် သိပ္ပံဆိုင်ရာ တွေ့ရှိမှုတစ်ခုရှိ နေသည်။ လူသားမျိုးနွယ်သည် လေယာဉ်ပျံများ၊ လေယာဉ်တင် သင်္ဘောများ၊ အက်တမ်ဗုံးများကို ပြုလုပ်ခဲ့သည်။ လူသားမျိုးနွယ်သည် စကြဝဠာထဲကို ထွက်ခဲ့သည်။ လပေါ်တွင် လမ်းလျှောက်ခဲ့သည်။ အင်တာနက်ကို တီထွင်ခဲ့သည်။ နည်းပညာမြင့် ဘဝနေမှု ပုံစံနှင့် နေထိုင်ခဲ့ကြသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် အသက်ရှိသည့်၊ အသက်ရှူသည့် သတ္တဝါကို ဖန်တီးရန် မတတ်နိုင်ပေ။ သက်ရှိသတ္တဝါတိုင်း၏ ဗီဇအသိစိတ်နှင့် သူတို့အသက်ရှင်နေထိုင်သည့် နိယာမများ၊ သက်ရှိ အမျိုးအစားတိုင်း၏ သေခြင်း၊ ရှင်ခြင်း စက်ဝန်း၊ ဤအရာများ အားလုံးသည် လူသားတို့၏ သိပ္ပံပညာနှင့် မဖြစ်နိုင်၊ မထိန်းချုပ်နိုင်ပေ။ ဤနေရာတွင် လူသား၏ သိပ္ပံပညာနှင့် မည်မျှကြီးမားသည့် အမြင့်ကို ရောက်ရှိပြီးဖြစ်ပါစေ ဖန်ဆင်းရှင်၏ မည်သည့်အတွေးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်း၏ ဆန်းကြယ်မှုနှင့် သူ့သြဇာအာဏာ၏ တန်ခိုးကို ခွဲခြမ်းနိုင်စွမ်း မရှိပေ။ ကမ္ဘာမြေကြီးပေါ်တွင် သမုဒ္ဒရာများ များစွာရှိသည်။ သို့ရာတွင် သူတို့သည် သူတို့၏ အကန့်အသတ်ကိုကျော်ပြီး ကုန်းမြေပေါ်ကို သူတို့ကြိုက်သလို တစ်ခါမျှမလာနိုင်ပေ။ ဤသည်မှာ ဘုရားသခင်က သူတို့တစ်ခုချင်းစီ၏ နယ်နိမိတ်စည်းများကို သတ်မှတ်ထားသည့် အတွက်ဖြစ်သည်။ ဘုရားသခင် အမိန့်ပေးထားသည့် မည်သည့်နေရာတွင်မဆို သူတို့နေပြီး ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ကြိုက်သလို မလှုပ်ရှားနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ အချင်းချင်း စည်းမဖောက်နိုင်ပေ။ ဘုရားသခင်က ပြောမှသာ လှုပ်ရှားနိုင်သည်။ သူတို့ မည်သည့်နေရာကိုသွားသည်၊ မည်သည့်နေရာတွင်နေသည်ကို ဘုရားသခင်၏ သြဇာအာဏာအားဖြင့် ပိုင်းခြားသတ်မှတ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် “ဘုရားသခင်၏ သြဇာအာဏာ” ဆိုသည်မှာ ဘုရားသခင်အပေါ်တွင် မူတည်သည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် တစ်ခုခုကို မည်သို့လုပ်မည်ဆိုသည့်အပေါ်တွင် ဆုံးဖြတ်သတ်မှတ်ရန် အခွင့်အရေးရှိပြီး သူဆန္ဒရှိသည့် နည်းလမ်းအတိုင်း ပြီးမြောက်သည်။ အရာအားလုံး၏ နိယာမက ဘုရားသခင်အပေါ် မူတည်သည်၊ လူသားအပေါ်တွင် မူတည်ခြင်း မရှိသကဲ့သို့ လူသားက ပြောင်းလဲ၍လည်း မရပေ။ လူသား၏ အလိုဆန္ဒနှင့် မရွှေ့နိုင်ပေ။ သို့ရာတွင် ဘုရားသခင်၏အတွေးများ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အမိန့်တို့နှင့် ပြောင်းလဲနိုင်ပြီး ဤသည်မှာ မည်သည့်လူသားမျှ မငြင်းဆိုနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံး၊ စကြဝဠာ၊ ကြယ်များပြည့်နေသည့် ကောင်းကင်၊ နှစ်တစ်နှစ်၏ ရာသီဥတုလေးခု၊ လူသားက မြင်နိုင်သည့်အရာများနှင့် မမြင်နိုင်သည့်အရာများ၊ စသည်တို့ အားလုံးသည် အမှားအယွင်း စိုးစဉ်းမျှမပါဘဲ ဘုရားသခင်၏ သြဇာအာဏာအောက်တွင် ဘုရားသခင်၏ အမိန့်များနှင့်အညီ၊ ဘုရားသခင်၏ ပညတ်ချက်များနှင့်အညီ၊ ဖန်ဆင်းခြင်းအစ၏ နိယာမတို့နှင့်အညီ တည်ရှိသည်၊ လည်ပတ်သည်၊ ပြောင်းလဲသည်။ မည်သည့် လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် အရာဝတ္ထုမျှ ၎င်းတို့၏နိယာမကို မပြောင်းလဲနိုင်ပေ၊ သို့မဟုတ် သူတို့ လည်ပတ်လှုပ်ရှားသည့် ရှိရင်းစွဲ လမ်းကြောင်းများကို မပြောင်းလဲ နိုင်ပေ။ ဘုရားသခင်၏ သြဇာအာဏာကြောင့် ၎င်းတို့ဖြစ်တည် လာကြပြီး ဘုရားသခင်၏ သြဇာအာဏာကြောင့် ပျက်စီးလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာ သက်သက်ဖြစ်သည်။ ဤမျှလောက် ပြောပြီးဖြစ်သည့်အတွက် ဘုရားသခင်၏ သြဇာအာဏာသည် ဘုရားသခင်၏ ဝိသေသ လက္ခဏာနှင့် အဆင့်အတန်း၏ သင်္ကေတဖြစ်သည်ကို သင်ခံစားနိုင်သလော။ ဘုရားသခင်၏ သြဇာအာဏာကို ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခြင်းမခံရသည့် အရာများက ပိုင်ဆိုင်နိုင် သလော။ ဤအရာကို တုပနိုင်သလော။ ဟန်ဆောင်နိုင်သလော။ သို့မဟုတ် လူပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် ပစ္စည်းတို့နှင့် အစားထိုး၍ ရနိုင်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၂)

ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာသည် အတုမရှိပေ၊ သင်သည် ဘုရားအများကိုးကွယ်သည့်ဝါဒ၏ အယူအတိုင်း မလိုက်နာသင့်

စာတန်၏ အရည်အချင်းနှင့် အစွမ်းတို့သည် လူသားတို့ထက် ကြီးမားသော်လည်း၊ ၎င်းသည် လူသားက မရရှိနိုင်သည့် အရာများကို လုပ်နိုင်သော်လည်း၊ စာတန်လုပ်သည့်အပေါ်တွင် သင်မနာလိုခြင်း သို့မဟုတ် အားကျခြင်းဖြစ်စေ၊ ထိုအရာများကြောင့် သင်မုန်းခြင်း သို့မဟုတ် ရွံရှာခြင်းဖြစ်စေ၊ သင်သည် ထိုအရာကို မြင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ စာတန်က မည်မျှရရှိနိုင်သည်ဖြစ်စေ သို့မဟုတ် လူမည်မျှများများ သူ့ကို ကိုးကွယ်ရန်၊ ပစားထားရန် လှည့်စားနိုင်သည်ဖြစ်စေ၊ သင်စာတန်ကို မည်သို့သတ်မှတ်သည်ဖြစ်စေ၊ စာတန်၌ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးရှိသည်ဟု သင်ပြော၍မရပေ။ ဘုရားသခင်သည် ဘုရားသခင်သာဖြစ်သည်ကို သင်သိရမည်။ ဘုရားသခင်တစ်ပါးတည်း ရှိသည်။ ထို့အပြင် ဘုရားသခင်သာလျှင် သြဇာအာဏာရှိပြီး အရာအားလုံးကို ထိန်းချုပ်ရန်၊ အုပ်စိုးရန် တန်ခိုးရှိသည်ဆိုသည်ကို သင်သိရမည်။ စာတန်က လူသားများကို လှည့်စားနိုင်သည့် အရည်အချင်းရှိသည်၊ ဘုရားသခင်အသွင် ဟန်ဆောင်နိုင်သည်၊ ဘုရားသခင်က ပြုလုပ်သည့် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို တုပနိုင်သည်၊ ဘုရားသခင်ကဲ့သို့ ဆင်တူသည့် အရာများကို လုပ်ခဲ့သည်ဆိုရုံနှင့် ဘုရားသခင်က အတုမရှိမဟုတ်ပေ၊ ဘုရားများ အများအပြားရှိသည်၊ သူတို့တွင် အနည်းငယ်ကြီးမားသည့် သို့မဟုတ် သေးငယ်သည့် အစွမ်းများရှိကြသည်၊ သူတို့ကိုင်ဆောင်သည့် တန်ခိုး၏ အတိုင်းအတာက ကွဲပြားမှုများရှိသည်ဟု သင်သည် မှားယွင်းစွာ ယုံကြည်တော့သည်။ သူတို့ရောက်ရှိလာသည့် အစီအစဉ်အတိုင်း၊ သူတို့၏ အသက်အရွယ်တို့နှင့်အညီ သူတို့၏ ကြီးမြတ်မှုကို သင်အဆင့်သတ်မှတ်လိမ့်မည်။ ဘုရားသခင်အပြင် အခြားဘုရားများရှိသည်ဟု သင်သည် မှားယွင်းစွာ ယုံကြည်ပြီး ဘုရားသခင်၏ တန်ခိုးနှင့် သြဇာအာဏာသည် အတုမရှိမဟုတ်ဟု သင်ထင်မြင်လိမ့်မည်။ အကယ်၍ သင့်တွင် ဤကဲ့သို့သော စိတ်ကူးမျိုးရှိပါက၊ ဘုရားသခင်၏ အတုမရှိခြင်းကို မသိမြင်ပါက၊ ဘုရားသခင်သာလျှင် သြဇာအာဏာကို ပိုင်ဆိုင်သည်ဟု မယုံကြည်ပါက၊ ထို့အပြင် သင်သည် ဘုရားအများ ကိုးကွယ်သည့်ဝါဒအတိုင်းသာ လိုက်နာပါက သင်သည် ဖန်ဆင်းခံများ၏ လူညံ့၊ လူဖျင်းတစ်ယောက်ဖြစ်ပြီး စာတန်၏ ပြယုဂ်စစ်စစ်ဖြစ်ကာ လုံးဝ ဆိုးယုတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်ဟု ငါပြောမည်။ ဤနှုတ်ကပတ်တော်များကို ပြောပြီး သင်တို့ကို အဘယ်အရာအား ငါသင်ကြားနေခြင်းဖြစ်သည်ကို သင်တို့ နားလည်သလော။ မည်သည့်အချိန်၊ မည်သည့်နေရာဖြစ်စေ သို့မဟုတ် သင်၏ နောက်ကြောင်းက မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်ကို အခြားပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် ပစ္စည်းများနှင့် မရောထွေးရ။ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရတို့က မည်မျှပင် မသိနိုင်၊ မချဉ်းကပ်နိုင်ဖူးဟု သင်ခံစားရသည်ဖြစ်စေ၊ စာတန်၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များက သင်၏ အယူအဆ၊ ကြံစည်တွေးတောမှုများနှင့် မည်မျှပင် ကိုက်ညီပါစေ၊ ထိုအရာများက သင့်အပေါ် မည်မျှပင် စိတ်ကျေနပ်မှုပေးပါစေ၊ မမိုက်မဲနှင့်၊ ဤအယူအဆများကို မရောထွေးနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်နှင့်၊ ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို မငြင်းပယ်နှင့်၊ ဘုရားသခင်ကို တံခါးအပြင်သို့ တွန်းထုတ်ပြီး သင့်နှလုံးသားထဲတွင် ဘုရားသခင်ကို အစားထိုးရန်နှင့် သင်၏ဘုရားဖြစ်စေရန်အတွက် စာတန်ကို မခေါ်ဆောင်နှင့်။ ဤကဲ့သို့ပြုလုပ်ခြင်း၏ အကျိုးဆက်ကို သင်စဉ်းစားတွေးတောနိုင်စွမ်းရှိသည်ဆိုခြင်းမှာ ယုံမှားဖွယ်ရာ မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၃)

လူသားမျိုးနွယ်သည် အကျင့်ပျက်စီးပြီးဖြစ်သော်လည်း ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ အချုပ်အခြာအာဏာအောက်တွင် အသက်ရှင်နေထိုင်ဆဲရှိသည်

စာတန်သည် လူသားမျိုးနွယ်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် ဖျက်ဆီးနေသည်။ စာတန်သည် ပြောပြ၍မရနိုင်သည့် မကောင်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ကို လှည့်စားခဲ့သည်။ ဆိုးယုတ်သည့် ပြစ်မှုများကို ကမ္ဘာတွင် ကျူးလွန်ခဲ့သည်။ လူသားကို နှိပ်စက်ခဲ့သည်။ လှည့်စားခဲ့သည်။ ဘုရားသခင်ကို ဆန့်ကျင်ရန် သွေးဆောင် ခဲ့သည်။ ဘုရားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို ထိခိုက်ပျက်ပြားစေသည့် ဆိုးယုတ်သည့် အပြုအမူများကို ထပ်ခါတလဲလဲ ကျူးလွန်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာအောက်တွင် အရာအားလုံးနှင့် သက်ရှိတို့သည် ဘုရားသခင် ချမှတ်ထားသည့် စည်းမျဉ်းနှင့် နိယာမများအားဖြင့် ဆက်လက်ရှင်သန်ကြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် နှိုင်းယှဉ်လိုက်လျှင် စာတန်၏ ဆိုးဝါးသည့် သဘောနှင့် သောင်းကျန်းမှုတို့က အလွန်အကျည်းတန်သည်။ အလွန် ရွံစရာကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းသည်။ အလွန် သေးငယ်ပြီး အားနွဲ့သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးကြားတွင် စာတန်သည် လျှောက်လှမ်းသော်လည်း ဘုရားသခင်အုပ်ချုပ်သည့် လူများ၊ အရာဝတ္ထုများ၊ ပစ္စည်းများတွင် ပြောင်းလဲမှု အနည်းငယ်ကိုပင် မပြဌာန်းနိုင်ပေ။ နှစ်ထောင်ပေါင်းအချို့ ကုန်ဆုံးပြီးနောက် လူသားမျိုးနွယ်သည် ဘုရားသခင် ချပေး သနားခဲ့သည့် အလင်းနှင့် လေကို နှစ်သက်ခံစားဆဲပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို ရှူသွင်းဆဲပင်ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊ ငါးများနှင့် ပိုးမွှားများကို နှစ်သက်ခံစားဆဲဖြစ်ပြီး ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို နှစ်သက်ခံစားဆဲ ဖြစ်သည်။ နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ်နေရာ ယူနေဆဲဖြစ်သည်။ ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် ပြောင်းလဲနေဆဲဖြစ်သည်။ ကောင်းကင်တွင်ပျံနေသည့် ငန်းများသည် ဤဆောင်းရာသီတွင် ထွက်ခွာကြပြီး နောက်နှစ် နွေဦးတွင် ပြန်လာဆဲဖြစ်သည်။ ရေထဲက ငါးများသည် သူတို့၏အိမ်ဖြစ်သည့် မြစ်များနှင့် အင်းအိုင်များကို မည်သည့်အခါမျှ မစွန့်ခွာပေ။ ပုစဉ်းရင်ကွဲများသည် နွေရာသီနေ့ရက်များတွင် ကျယ်လောင်စွာ သီချင်းဆိုကြသည်။ မြက်ထဲတွင်ရှိသည့် ပုရစ်များက ဆောင်းဦးရာသီတွင် လေနှင့်အတူ အချိန်မီ တီးတိုးသီဆိုနေကြသည်။ ငန်းများသည် ငန်းအုပ်အဖြစ် စုစည်းကြပြီး လင်းယုန်များက သီးသန့်နေထိုင်ကြသည်။ ခြင်္သေ့၏ မာန်မာနက အမဲလိုက်ခြင်းအားဖြင့် တည်ရှိသည်။ သမင်ကြီးများသည် မြက်နှင့်ပန်းပွင့်များမှ ရှောင်ဖယ်မသွားပေ။ အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတမှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။ သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇစိတ်များနှင့် ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ထောက်ပံ့မှုနှင့် ကျွေးမွေးမှုအောက်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ဗီဇစိတ်များကို မည်သူမျှ မပြောင်းနိုင်ပေ။ မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။ အရာအားလုံးကြားတွင် နေထိုင်သည့် လူသားမျိုးနွယ်သည် စာတန်အားဖြင့် ပျက်စီးပြီး လှည့်စားခြင်းခံရသော်လည်း လူသားသည် ဘုရားသခင် ပြုလုပ်ထားသည့် ရေ၊ ဘုရားသခင် ပြုလုပ်ခဲ့သည့် လေနှင့် ဘုရားသခင်ပြုလုပ်ထားသည့် အရာအားလုံးကို စွန့်လွှတ်နိုင်ခြင်း မရှိပေ။ လူသားသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဤနေရာတွင် နေထိုင်ပြီး ပွားများဆဲဖြစ်သည်။ လူသားမျိုးနွယ်၏ ဗီဇစိတ်များက မပြောင်းလဲပေ။ လူသားသည် မြင်နိုင်ရန်အတွက် သူ့မျက်လုံး၊ ကြားရန်အတွက် သူ၏နားများ၊ စဉ်းစားရန်အတွက် သူ၏ဦးနှောက်၊ နားလည်ရန်အတွက် သူ၏နှလုံးသား၊ လမ်းလျှောက်ရန်အတွက် သူ၏ခြေထောက်နှင့် ခြေဖဝါး၊ အလုပ်လုပ်ရန်အတွက် သူ၏လက်များစသည့် ဤအရာများကို အားကိုးဆဲပင်ဖြစ်သည်။ ဘုရားသခင်၏ ထောက်ပံ့မှုများ မပြောင်းမလဲဘဲ ရှိနေမှုကို လက်ခံနိုင်စေရန် လူသားအပေါ် ဘုရားသခင်ချပေးသနားခဲ့သည့် ဗီဇအသိစိတ်များ၊ ဘုရားသခင်နှင့် လက်တွဲ လုပ်ဆောင်ရန်အတွက် လူသားအသုံးပြုသည့် စွမ်းရည်များ မပြောင်းလဲပေ။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် လူသားမျိုးနွယ်၏ စွမ်းရည်များသည် မပြောင်းလဲသေးပေ။ လူသားမျိုးနွယ်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များ မပြောင်းလဲပေ။ သူတို့၏ဇာစ်မြစ်များကို ရှာဖွေရန်အတွက် လူသားမျိုးနွယ်၏ ဆန္ဒသည် မပြောင်းလဲပေ။ ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လူသားတို့ တောင့်တခြင်းက မပြောင်းလဲပေ။ ဤအရာများသည် ဘုရားသခင်၏ သြဇာအာဏာအောက်တွင်နေထိုင်သည့်၊ စာတန်က ဖြစ်ပေါ်စေသည့် သွေးစွန်းသည့် ပျက်စီးမှုများကို ခံခဲ့ရသည့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေများဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖိနှိပ်မှုကို ခံရသော်လည်း ဖန်ဆင်းခြင်းအစက အာဒံနှင့်ဧဝတို့ကဲ့သို့ မဟုတ်တော့ပေ။ ထို့အစား အသိပညာ၊ တွေးတောကြံဆခြင်း၊ ခံယူချက် စသည့် ဘုရားသခင်ကို ရန်မူလိုသည့် အရာများနှင့် ပြည့်နေပြီး စာတန်၏စိတ်သဘောထားနှင့် ပြည့်နေသည်။ ဘုရားသခင်၏ အမြင်တွင်မူ လူသားမျိုးနွယ်သည် သူဖန်ဆင်းခဲ့သည့် ယခင်က လူသားမျိုးနွယ်ဖြစ်နေဆဲပင်ဖြစ်သည်။ လူသားတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းနှင့် ကိုင်တွယ်ခြင်းကို ခံနေရဆဲဖြစ်သည်။ ဘုရားသခင်ပြင်ဆင်ထားသည့် လမ်းကြောင်းတွင် အသက်ရှင်နေထိုင်ဆဲဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့် လူသားမျိုးနွယ်သည် လှုပ်ရွနေသည့် အစာအိမ်နှင့်၊ နှေးကွေးသည့် တုံ့ပြန်မှုများနှင့်၊ ယခင်ကဲ့သို့ မကောင်းတော့သည့် မှတ်ဉာဏ်များနှင့်၊ အနည်းငယ် အသက်ကြီးလာပြီး အညစ်အကြေးတို့နှင့် ဖုံးလွှမ်းနေသော်လည်း လူသား၏ လည်ပတ်မှုအားလုံးနှင့် ဗီဇစိတ်တို့သည် လုံးဝ ထိခိုက်မှုမရှိပေ။ ဤသည်မှာ ဘုရားသခင် ကယ်တင်ရန် ရည်မှန်းထားသည့် လူသားမျိုးနွယ်ဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ခေါ်သံကို ကြားရန်၊ ဖန်ဆင်းရှင်၏ အသံကိုကြားရန်သာရှိပြီး ဤအသံ၏ အရင်းအမြစ်ကိုရှာရန် သူသည် မတ်တပ်ရပ်ပြီး အပြေးအလွှား ပြုလုပ်လိမ့်မည်။ ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဌာန်ကို ကြည့်ရန်သာရှိပြီး သူသည် သူ့ကိုယ်သူ ဘုရားသခင်ထံတွင် အပ်နှံရန်အတွက် အားလုံးကို ဂရုမစိုက်တော့ဘဲ အရာအားလုံးကို စွန့်လွှတ်ပြီး ဘုရားသခင်အတွက် မိမိ၏ဘဝကိုပင် ချပေးလိမ့်မည်။ လူသားမျိုးနွယ်၏ နှလုံးသားက ဖန်ဆင်းရှင်၏ နှလုံးသားကလာသည့် စကားများကို နားလည်သည့်အခါတွင် လူသားမျိုးနွယ်သည် စာတန်ကို ငြင်းပယ်ပြီး ဖန်ဆင်းရှင်ထံပါးသို့ လာလိမ့်မည်။ လူသားမျိုးနွယ်သည် သူ၏ကိုယ်ခန္ဓာက အညစ်အကြေးများကို လုံးဝဆေးကြောပြီးသည့်အခါတွင်၊ ဖန်ဆင်းရှင်၏ ထောက်ပံ့ခြင်းနှင့် ကျွေးမွေးခြင်းကို နောက်တစ်ကြိမ် ရရှိသည့်အခါတွင် လူသားမျိုးနွယ်၏ မှတ်ဉာဏ်တို့သည် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပြီး ဤအချိန်တွင် လူသားမျိုးနွယ်သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်ကို အမှန်တကယ် ပြန်လာလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် ၁၀၄

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ် သွေးဆောင်သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရ မည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။

ဤစာပိုဒ်များမှတဆင့် သောဒုံမြို့၏ မတရားမှုနှင့် အကျင့်ပျက်စီးမှုက လူသားနှင့်ဘုရားသခင် နှစ်ဦးလုံးအတွက် စက်ဆုပ်ဖွယ်ကောင်းသည့် အဆင့်တစ်ခုကို ရောက်နေပြီ ဖြစ်ကြောင်းနှင့် ထို့ကြောင့် ဘုရားသခင်၏ အမြင်မှာ ဤမြို့ကို ဖျက်ဆီးခံရသင့်သည်ဆိုကြောင်းကို သိမြင်ဖို့ မခက်ခဲပေ။ သို့သော်လည်း မပျက်စီးခင်မှာ မြို့ထဲ၌ ဘာတွေဖြစ်ခဲ့သနည်း။ လူတွေက ဤဖြစ်ရပ်များမှ မည်သည့်လှုံ့ဆော် အားပေးမှု ရယူနိုင်သနည်း။ ဤဖြစ်ရပ်များအပေါ်တွင် ဘုရားသခင်၏ သဘောထားက သူ၏စိတ်သဘောထားနှင့်ပတ်သက်ပြီး လူတို့အား မည်သည်တို့ကို ပြသသနည်း။ ဇာတ်လမ်းတစ်ခုလုံးကို နားလည်ဖို့အတွက် ကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အရာကို ဂရုတစိုက် ဖတ်ကြည့်ရအောင်...

သောဒုံမြို့ရဲ့ ဖောက်ပြန်ပျက်စီးမှု။ လူသားအတွက် စိတ်တိုချင်စရာကောင်းပြီး ဘုရားသခင်အတွက် ဒေါသထွက်စရာကောင်းသည်

ထိုည၌ လောတသည် ဘုရားသခင်ဆီမှ သတင်းစကားပို့ဆောင်သူနှစ်ယောက်ကို လက်ခံရရှိပြီး သူတို့အတွက် စားသောက်ပွဲတစ်ခု ပြင်ဆင်ခဲ့သည်။ ညစာစားပြီးနောက် သူတို့မလှဲခင်မှာ မြို့တစ်ခုလုံးမှ လူတွေက လောတ၏အိမ်ကို ဝိုင်းထားပြီး လောတကို အော်ခေါ်သည်။ ကျမ်းစာမှာ သူတို့ ဤသို့ပြောထားချက်များကို မှတ်တမ်းတင်ထားပါသည်။ “ယနေ့ညမှာ သင့်အိမ်သို့ ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့” ဤစကားလုံးများကို မည်သူပြောခဲ့သနည်း။ မည်သူ့ကို သူတို့ပြောခဲ့သနည်း။ ဤစကားလုံးများက လောတကို ရည်ရွယ်ပြီး လောတ၏အိမ်အပြင်ဘက်မှ အော်ခေါ်သည့် သောဒုံမြို့က လူတို့၏ စကားလုံးများ ဖြစ်သည်။ ဤစကားလုံးများကို ကြားရသည့်အခိုက် မည်သို့ခံစားရသနည်း။ ဒေါသအမျက် ခြောင်းခြောင်းထွက်သလော။ ဤစကားလုံးများက သင့်ကို ရွံ့မုန်းစေသလော။ ဒေါသစိတ်များနှင့် သင်တနုံ့နုံ့ ဖြစ်နေသလော။ ဤစကားလုံးများက စာတန်၏ အငွေ့အသက်ဆိုးများ မဟုတ်ဘူးလော။ ၎င်းတို့မှတစ်ဆင့် ဤမြို့၏ ဆိုးယုတ်မှုနှင့် မှောင်မိုက်မှုကို သင်ခံစားရနိုင်သလော။ သူတို့၏ စကားလုံးများမှတစ်ဆင့် ဤလူတို့၏ အပြုအမူများ၏ ရက်စက် ရိုင်းစိုင်းမှုကို သင်ခံစားသိရှိနိုင်သလော။ သူတို့၏ အပြုအမူများမှတစ်ဆင့် သူတို့၏ ဖောက်ပြန်ပျက်စီးခြင်း အတိမ်အနက်ကို ခံစားသိရှိနိုင်သလော။ သူတို့ပြောဆိုသည့် အကြောင်းအရာများမှတစ်ဆင့် သူတို့၏ မတရားသည့် သဘောသဘာဝနှင့် ရိုင်းစိုင်းကြမ်းကြုတ်သည့် စိတ်သဘောထားများက သူတို့ကိုယ်တိုင် မထိန်းချုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိနေသည်ဆိုသည်ကို မြင်ဖို့ မခက်ခဲပေ။ လောတကလွဲပြီး ဤမြို့က လူတိုင်းသည် စာတန်နှင့် မကွာခြားပေ။ တစ်ခြားလူကို မြင်ရုံနှင့်ပင် ထိုလူတို့ကို သူတို့က အန္တရာယ်ပြုပြီး ဝါးမျိုချင်ကြသည်။ ဤအရာတို့သည် မြို့၏ ထိတ်လန့်စရာ၊ ကြောက်စရာ သဘောသဘာဝ၏ ခံစားချက်များကို ပေးရုံမက မြို့တဝိုက်က သေမင်း၏ ရောင်ဝါလက္ခဏာကိုလည်း ပေးသည်။ မြို့၏ မတရားမှုနှင့် ရက်စက်ကြမ်းတမ်းမှု ခံစားချက်ကိုလည်း ပေးသည်။

သူသည် လူမဆန်သည့် လူရမ်းကားအဖွဲ့နှင့် ဝိညာဉ်များကို ဝါးမျိုမည့်ရည်ရွယ်ချက်များနှင့် ပြည့်နေသည့် လူတို့နှင့် မျက်နှာချင်းဆိုင်ရသည့်အခါမှာ လောတက မည်သို့တုံ့ပြန်ခဲ့ သနည်း။ ကျမ်းစာအရ “ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏။” သူ့စကားလုံးများနှင့် ၎င်းတို့ကို ဆိုလိုက်သည်။ သတင်းစကားပို့ဆောင်သူများကို ကာကွယ်ဖို့ သူသည် သူ့သမီးနှစ်ဦးကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေခဲ့သည်။ စဉ်းစားမနေဘဲနှင့် ဤလူများသည် လောတ၏ သတ်မှတ်ချက်ကို သဘောတူပြီး သတင်းစကားပို့ဆောင်သူ နှစ်ဦးကို ထားခဲ့လိုက်သင့်သည်။ အမှန်တကယ်တွင်မူ သတင်းစကားပို့ဆောင်သူတွေက သူတို့အတွက် သူတို့နှင့် ဘာမှမသက်ဆိုင်သည့် လူတွေဖြစ်သည့် စင်စစ်လူစိမ်းများပင် ဖြစ်သည်။ ဤသတင်းစကားပို့ဆောင်သူ နှစ်ဦးက သူတို့အကျိုးစီးပွားကို တစ်ခါမှ မထိခိုက်ဖူးပေ။ သို့သော်လည်း သူတို့၏ မတရားသည့် သဘောသဘာဝ၏ တွန်းအားပေးမှုကြောင့် ဤကိစ္စကို ဤနေရာမှာ ချန်မထားပေ။ ထိုအစား သူတို့၏ အားထုတ်မှုများကို ပို၍ပင် အရှိန်မြှင့်လိုက် ကြသည်။ ဤနေရာမှာ သူတို့၏ ခွန်းကြီးခွန်းငယ်စကား နောက်တစ်ခုက ဤလူများ၏ အမှန်တကယ်ကြမ်းတမ်းသည့် သဘောသဘာဝကို ပိုပြီးသိမြင်စေနိုင်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်က ဤမြို့ကို ဘာကြောင့်ဖျက်ဆီးချင်သည်ဆိုသည့် အကြောင်းရင်းကိုလည်း သိပြီး နားလည်သဘောပေါက်စေသည်။

သည်တော့ သူတို့ ဘာထပ်ပြောခဲ့ကြသနည်း။ သမ္မာကျမ်းစာက ဖော်ပြချက်အရ “သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။” သူတို့ ဘာကြောင့်တံခါးကို ချိုးဖျက်ချင်သနည်း။ အကြောင်းရင်းက သူတို့သည် ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို အန္တရာယ်ဖြစ်စေဖို့ အလွန်စိတ်လောနေ၍ပင် ဖြစ်သည်။ ဤသတင်းစကား ပို့ဆောင်သူနှစ်ယောက်က သောဒုံမြို့မှာ ဘာလုပ်နေကြသနည်း။ ဤနေရာကို လာခြင်း၏ သူတို့ရည်ရွယ်ချက်က လောတနှင့် သူ့မိသားစုကို ကယ်တင်ဖို့အတွက်ဖြစ်သည်။ သို့သော်လည်း သူတို့သည် အာဏာဆိုင်ရာ ရာထူးများကို ယူဖို့လာသည်ဟု ဤမြို့မှလူများက မှားယွင်းစွာ ထင်မြင်ခဲ့သည်။ သူတို့၏ ရည်ရွယ်ချက်ကို မမေးဘဲ ဤမြို့မှလူများက ဤသတင်းစကား ပို့ဆောင်သူနှစ်ယောက်ကို ကြမ်းတမ်းစွာ အန္တရာယ်ပြုချင်အောင် လုပ်စေခြင်းက ထင်မြင်ချက်တစ်ခုသာ ဖြစ်သည်။ သူတို့နှင့် ဘာမှ မသက်ဆိုင်သည့် ဤလူနှစ်ယောက်ကို သူတို့က အန္တရာယ်ပေးချင် ခဲ့ကြသည်။ ဤမြို့မှလူများသည် သူတို့၏ ကြင်နာမှုနှင့် ကျိုးကြောင်းဆင်ခြင်မှုကို လုံးဝ ဆုံးရှုံးသွားပြီဆိုသည်မှာ ရှင်းပါသည်။ သူတို့၏ ရူးသွပ်မှုနှင့် ကြမ်းတမ်းမှု အဆင့်က စာတန်၏ အန္တရာယ်ပြုတတ်သည့် ကြမ်းတမ်းသည့် သဘာဝနှင့် လူသားကို ဝါးမျိုခြင်းနှင့် ဘာမှမကွာခြားတော့ပေ။

ဤလူတို့ကို လောတဆီမှ သူတို့ တောင်းဆိုသည့်အခါ လောတက ဘာလုပ်ခဲ့သနည်း။ စာသားများအရ လောတက သူတို့ကို လွှဲမပေးခဲ့ကြောင်းကို ငါတို့သိရသည်။ လောတက ဘုရားသခင်၏ ဤသတင်းစကားပို့ဆောင်သူနှစ်ယောက်ကို သိသလော။ မည်သို့သိမည်နည်း။ သို့သော်လည်း သူက ဘာကြောင့် ဤလူတို့ကို ကယ်တင်နိုင်ခဲ့သနည်း။ သူတို့ ဘာလာလုပ်သည်ဆိုသည်ကို သူသိခဲ့သလော။ သူတို့လာရခြင်း အကြောင်းကို သူမသိခဲ့သော်ငြားလည်း သူတို့က ဘုရားသခင်၏ အစေခံများဖြစ်သည်ဆိုသည်ကိုတော့ သူသိခဲ့သည်။ ထို့ကြောင့် သူတို့ကို လက်ခံခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဤအစေခံများကို သူက အရှင်တို့ဟု ခေါ်နိုင်ခြင်းက လောတသည် သောဒုံမြို့အတွင်းမှာရှိသည့် အခြားလူများကဲ့သို့ မဟုတ်ဘဲ ဘုရားသခင်၏ ပုံမှန် နောက်လိုက်တစ်ယောက် ဖြစ်သည်ဆိုသည်ကို ပြသည်။ ထို့ကြောင့် ဘုရားသခင်၏ သတင်းစကားပို့ဆောင်သူတွေက သူ့ဆီကို လာသည့်အခါမှာ ဤအစေခံနှစ်ယောက်ကို လက်ခံဖို့ သူ့အသက်ကို သူစွန့်စားသည်။ ထို့အပြင် ဤအစေခံနှစ်ယောက်ကို ကာကွယ်ဖို့အတွက် သူ့သမီးနှစ်ယောက်ကိုလည်း အလဲအလှယ် အဖြစ် ပေးလိုက်သည်။ ၎င်းသည် လောတ၏ ဖြောင့်မတ်သည့် လုပ်ရပ်ပင်ဖြစ်သည်။ လောတ၏ သဘောသဘာဝနှင့် အနှစ်သာရတို့၏ ရှင်းလင်းမြင်သာသည့် ဖော်ပြချက်တစ်ခုလည်း ဖြစ်သည်။ ဤအချက်ကလည်း ဘုရားသခင်က လောတကို ကယ်တင်ဖို့ သူ၏ အစေခံတို့ကို လွှတ်ခဲ့ရခြင်း အကြောင်းဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါမှာ လောတက ဘာကိုမှ ငဲ့ကွက်မနေဘဲ ဤအစေခံနှစ်ယောက်ကို ကာကွယ်ခဲ့သည်။ အစေခံများ ဘေးကင်းရေးအတွက် သူ့သမီး နှစ်ယောက်နှင့်ပင် လဲလှယ်ဖို့ ကြိုးစားခဲ့သည်။ လောတကလွဲပြီး ဤအရာမျိုးကို လုပ်ဆောင်နိုင်သည့်သူ မြို့ထဲမှာ မည်သူရှိမည်နည်း။ အချက်အလက်များက သက်သေပြထားသည့် အတိုင်းပင်၊ မရှိပေ။ ထို့ကြောင့် လောတကလွဲပြီး သောဒုံမြို့မှာရှိသည့် လူတိုင်းက ဖျက်ဆီးဖို့အတွက် သတ်မှတ်ချက်ဖြစ်ပြီး ဖျက်ဆီးခံရသင့်သည့် သတ်မှတ်ချက် တစ်ခုလည်း ဖြစ်သည်ဆိုသည်မှာ ပြောနေစရာမလိုတော့ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၅)

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ် သွေးဆောင်သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရ မည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။

သောဒုံမြို့သည် ဘုရားသခင်၏ အမျက်တော်ကို ထိခိုက်သည့်အတွက် ဖျက်ဆီးခံရဖို့ ဖြစ်လာသည်

သောဒုံမြို့က လူများသည် ဤအစေခံနှစ်ယောက်ကို မြင်သည့်အခါမှာ သူတို့ လာရခြင်းအကြောင်းကို မမေးခဲ့ကြ သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို ဖြန့်ဝေဖို့ သူတို့လာခဲ့ ကြခြင်းလားဆိုသည်ကိုလည်း မမေးခဲ့ပေ။ ဆန့်ကျင်ဘက် အနေနှင့် သူတို့သည် ဆူပူသောင်းကျန်းသည့် လူအုပ်ကြီး ဖြစ်လာပြီး ရှင်းပြချက်ကို မစောင့်ဘဲ ဤအစေခံနှစ်ယောက်ကို ခွေးရိုင်းများ သို့မဟုတ် ကြမ်းတမ်းရက်စက်သည့် ဝံပုလွေများကဲ့သို့ အမိဖမ်းဖို့ ရောက်လာခဲ့ကြသည်။ ဘုရားသခင်က ၎င်းတို့ ဖြစ်ပျက်နေချိန်မှာ စောင့်ကြည့်နေခဲ့ သလော။ ဤကဲ့သို့လူသားအပြုအမူ၊ ဤအရာမျိုးနှင့်ပတ်သက်ပြီး ဘုရားသခင်က သူ့နှလုံးသားမှာ မည်သည်ကို စဉ်းစားနေခဲ့ သနည်း။ ဘုရားသခင်က ဤမြို့ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့သည်။ သူက တွန့်ဆုတ်ခြင်း၊ သို့မဟုတ် စောင့်နေခြင်းမျိုး လုပ်မှာ မဟုတ်သကဲ့သို့ ဆက်ပြီး စိတ်ရှည်သည်းခံနေမှာလည်း မဟုတ်ပေ။ သူ၏နေ့ရက်က ရောက်လာပြီ။ ထို့ကြောင့် သူလုပ်လိုသည့် အလုပ်ကို ပြင်ဆင်သည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ မှာ ပြောထားသည်။ “ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။” ဤကျမ်းပိုဒ် နှစ်ပိုဒ်က ဤမြို့ကို ဘုရားသခင်ဖျက်ဆီးသည့် နည်းလမ်းကို လူတို့အား ပြောပြသည်။ ဘုရားသခင်က ဘာကို ဖျက်ဆီးသည်ဆိုသည်ကိုလည်း လူတို့အား ပြောပြသည်။ ပထမဆုံး ဘုရားသခင်က ဤမြို့ကို မီးနှင့် လောင်ကျွမ်းစေပုံ၊ မီး၏ ပမာဏက လူတို့အားလုံးနှင့် မြေပြင်မှာပေါက်သည့် အရာတွေအားလုံးကို ဖျက်ဆီးဖို့ လုံလောက်ပုံကို သမ္မာကျမ်းစာမှာ ပြန်လည်ဖော်ပြထားသည်။ ဆိုလိုသည်မှာ မိုးကောင်းကင်မှ ကျလာသည့် မီးသည် မြို့ကို ဖျက်ဆီး ရုံတင်မကဘဲ မြို့ထဲက လူအားလုံးနှင့် အသက်ရှင်သည့်အရာ အားလုံးကိုလည်း ဖျက်ဆီးခဲ့သည်။ အားလုံး ဘာတစ်ခုမျှ မကျန်ရစ်ပေ။ မြို့ကို ဖျက်ဆီးပြီးနောက်မှာ မြေပြင်မှာ အသက်ရှင်သည့်အရာ ဘာမျှ မရှိတော့ပေ။ သက်ရှိမရှိသကဲ့သို့ ရှိသည့်အရိပ်အယောင်လည်း မရှိပေ။ မြို့သည် စွန့်ပစ်နယ်မြေ ဖြစ်လာပြီး တိတ်ဆိတ်မှုနှင့် ပြည့်နေသည့် ဘာမှမရှိသည့် နေရာဖြစ်လာခဲ့သည်။ ဤနေရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် မကောင်းသည့်လုပ်ရပ်များ ရှိမှာမဟုတ်တော့ပေ။ သတ်ဖြတ်ခြင်းများ သို့မဟုတ် သွေးစွန်းခြင်းများ ရှိမှာမဟုတ်တော့ပေ။

ဘုရားသခင်က ဘာကြောင့် ဤမြို့ကို သေသေချာချာ မီးရှို့ပစ်ချင်ခဲ့သနည်း။ ဤနေရာမှာ သင်တို့ ဘာကိုတွေ့နိုင် သနည်း။ ဘုရားသခင်က သူကိုယ်တိုင် ဖန်ဆင်းထားသည့် အရာများဖြစ်သည့် လူသားမျိုးနွယ်နှင့် သဘာဝကို ဤကဲ့သို့ ဖျက်ဆီးခံရခြင်းကို ကြည့်နိုင်ပါ့မည်လော။ မိုးကောင်းကင်မှ ကျရောက်လာသည့် မီးမှတဆင့် ယေဟောဝါဘုရားသခင်၏ ဒေါသကို သင်သိမြင်နိုင်လျှင် သူ၏ဖျက်ဆီးမှု ဦးတည်ချက် မှတဆင့်၊ ဤမြို့ ဖျက်ဆီးခံရသည့် အဆင့်မှတဆင့် သူ၏ဒေါသအဆင့်ကို သိမြင်ဖို့ မခက်ခဲပေ။ ဘုရားသခင်က မြို့တစ်မြို့ကို စက်ဆုပ်ရွံရှာသည့်အခါ သူ၏ အပြစ်ဒဏ်ခတ်မှုကို ဤမြို့ပေါ်မှာ သူကျရောက်စေမှာပင်ဖြစ်သည်။ ဘုရားသခင်က မြို့တစ်မြို့ကို ရွံရှာစိတ်ပျက်သည့်အခါ သူသည် လူတို့အား သူ၏ဒေါသကို အသိပေးရင်း၊ သတိပေးချက်များကို ထပ်ခါထပ်ခါ ထုတ်ပြလိမ့်မည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို အဆုံးသတ်ဖို့၊ ဖျက်ဆီးဖို့ ဆုံးဖြတ်သည့်အခါ၌၊ ဆိုလိုသည်မှာ သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ထိခိုက်ခံရလျှင် သူသည် နောက်ထပ်ပြစ်ဒဏ်ခတ်ခြင်းများ သို့မဟုတ် သတိပေးခြင်းများကို ပြုလုပ်မှာမဟုတ်ပေ။ ထိုအစား ထိုမြို့ကို တိုက်ရိုက် ဖျက်ဆီးမှာဖြစ်ပါသည်။ လုံးဝ ပျောက်ကွယ် သွားအောင် သူလုပ်လိမ့်မည်။ ဤသည်မှာဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၆)

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံး လမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ် သွေးဆောင်သောကြောင့် တဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်းတို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့်အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟု ဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှာသာ ရောက်လာသည်နှင့် တရားသူကြီးလုပ်ရ မည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌ သာ၍ဆိုးသောအမှုကို ပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။

ကမ္ဘာဦးကျမ်း ၁၉:၂၄-၂၅ ထိုအခါ ယေဟောဝါသည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့အပေါ် မိုးကောင်းကင်ထဲက ယေဟောဝါထံမှ ကန့်နှင့် မီးမိုးကို ရွာချစေတော်မူ၏။ ထိုမြို့ကြီးများ၊ လွင်ပြင်များအားလုံး၊ မြို့ကြီးများ၌ နေထိုင်သောသူတို့နှင့် မြေပေါ်တွင် ပေါက်သောအပင်များကို ဖျက်ဆီးတော်မူ၏။

ဘုရားသခင်အပေါ် သောဒုံမြို့၏ ထပ်ခါထပ်ခါ ဆန့်ကျင်ခြင်းနှင့် ရန်လိုခြင်းများပြီးနောက်မှာ သူသည် မြို့ကို လုံးဝ အမြစ်ဖြတ် ဖျက်ဆီးသည်

လူသား၏ ရှုထောင့်အမြင်မှတဆင့်ကြည့်လျှင် သောဒုံမြို့သည် လူသား၏ ဆန္ဒနှင့် လူသား၏ မကောင်းမှုကို အပြည့်အဝ ဖြည့်ဆည်းနိုင်သည့် မြို့ဖြစ်သည်။ တေးဂီတတို့နှင့် တစ်ညပြီးတစ်ည ကခုန်ရင်း၊ ဆွဲဆောင်ရင်း၊ ဖမ်းစားရင်းနှင့်၊ ဤမြို့၏ ကြွယ်ဝခြင်းက လူသားကို စွဲမက်ခြင်းနှင့် ရူးသွပ်မှုများ ဖြစ်စေခဲ့သည်။ သူ၏ မကောင်းမှုက လူတို့၏နှလုံးသားကို တိုက်စားခဲ့ပြီး ဆုတ်ယုတ်ခြင်းဖြစ်အောင် သူတို့ကို ဖမ်းစားခဲ့သည်။ ယင်းသည် မသန့်ရှင်းသည့် ဝိညာဉ်များနှင့် ဆိုးယုတ်သည့် ဝိညာဉ်များ သွားလာရမ်းကားနေသည့် မြို့တစ်မြို့ဖြစ်ခဲ့သည်။ အပြစ်တရားများ၊ သတ်ဖြတ်ခြင်းများနှင့် ပြည့်လျှံနေခဲ့ပြီး သွေးနံ့များ၊ အပုပ်နံ့များနှင့် ပြည့်နေခဲ့သည်။ ယင်းသည် လူတို့ကို အလွန်ပင်ကြောက်ရွံ့စေသည့်၊ ပြန်ထွက်ပြေးစေသည့် မြို့တစ်မြို့ဖြစ်သည်။ ဤမြို့၌ အမျိုးသမီး၊ အမျိုးသား၊ ငယ်ရွယ်သူ၊ အသက်ကြီးရင့်သူများ မည်သူကမျှ မှန်ကန်သည့်လမ်းခရီးကို မရှာဖွေခဲ့ကြပေ။ မည်သူမျှ အလင်းကို မတောင့်တခဲ့ကြပေ။ သို့မဟုတ် အပြစ်မှ ဝေးရာသို့ လျှောက်သွားဖို့ ဆန္ဒမရှိခဲ့ကြပေ။ သူတို့သည် စာတန်၏ ထိန်းချုပ်မှု၊ ဖောက်ပြန်ပျက်စီးမှုနှင့် လှည့်စားမှုတို့အောက်မှာ အသက်ရှင်နေထိုင်ခဲ့ကြသည်။ သူတို့၏ လူ့သဘာဝတို့ ပျောက်ဆုံးသွားခဲ့သည်။ သူတို့၏ အသိစိတ်တို့ ပျောက်ဆုံးသွား ခဲ့သည်။ ထို့အပြင် လူသား၏ မူလ ဖြစ်တည်မှုပန်းတိုင် ပျောက်ဆုံးသွားခဲ့သည်။ ဘုရားသခင်ကို ခုခံဆန့်ကျင်သည့် မရေမတွက်နိုင်သည့် ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်များကို သူတို့ကျူးလွန်ခဲ့ကြသည်။ သူ၏လမ်းညွှန်မှုကို ငြင်းဆန်ပြီး သူ့အလိုတော်ကို ဆန့်ကျင်ခဲ့ကြသည်။ ဤလူများ၊ ဤမြို့နှင့် မြို့ထဲ၌ရှိသည့် သက်ရှိတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် ပျက်စီးခြင်း လမ်းသို့ သယ်ဆောင်ခဲ့သည်မှာ သူတို့၏ ကောက်ကျစ် စဉ်းလဲသည့် လုပ်ရပ်များပင်ဖြစ်သည်။

သောဒုံမြို့မှလူတို့၏ ဖောက်ပြန်ပျက်စီးခြင်း အတိုင်းအတာကို ဖော်ပြသည့် အသေးစိတ် အချက်အလက်တို့ကို ဤစာနှစ်ပိုဒ်မှာ မှတ်တမ်းမတင်ထားသော်လည်း မြို့ထဲကို ဤလူနှစ်ယောက်ရောက်ပြီးနောက် ဘုရားသခင်၏ အစေခံနှစ်ယောက်အပေါ် သူတို့၏ အပြုအမူများကို မှတ်တမ်းတင်ထားရင်း၊ ရိုးရှင်းသည့် အမှန်တရားက သောဒုံ၏ လူတို့သည် ဖောက်ပြန်ပျက်စီးသည်၊ ဆိုးယုတ်သည်၊ ဘုရားသခင်ကို ဆန့်ကျင်သည်ဆိုသည့် အတိုင်းအတာများကို ဖွင့်ပြနိုင်သည်။ ဤအချက်နှင့် ဤမြို့မှ လူတို့၏ စရိုက်အမှန်နှင့် အနှစ်သာရကိုလည်း ဖော်ထုတ်ခဲ့သည်။ ဘုရားသခင်၏ သတိပေးချက်ကို သူတို့ လက်မခံခဲ့ရုံတင်မကဘဲ သူ၏ပြစ်ဒဏ်ခတ်မှုကိုလည်း မကြောက်ရွံ့ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်၏ ဒေါသကို အရေးမလုပ်ခဲ့ပေ။ သူတို့သည် ဘုရားသခင်ကို မျက်ကန်းတောတိုး ဆန့်ကျင်ခဲ့သည်။ သူမည်သည်ကို လုပ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သို့လုပ်ခဲ့သည်ဖြစ်စေ သူတို့၏ ကြမ်းတမ်းရက်စက်သည့် သဘောသဘာဝက ပိုပြင်းထန်လာပြီး ဘုရားသခင်ကို အကြိမ်ကြိမ်အခါခါ ဆန့်ကျင်ခဲ့ကြသည်။ သောဒုံမြို့၏လူတို့သည် ဘုရားသခင်၏တည်ရှိမှု၊ သူ၏ လာရောက်မှု၊ သူ၏ ပြစ်ဒဏ်ခတ်မှုနှင့် ၎င်းထက်ပို၍ သူ၏သတိပေးချက်ကိုပင် ရန်လိုခဲ့ကြသည်။ ၎င်းတို့နှင့် ပတ်သက်ပြီး အကျိုးဖြစ်ထွန်းမှု ဘာတစ်ခုမှ သူတို့မမြင်ခဲ့ကြပေ။ အန္တရာယ်ပြုပြီး ဝါးမျိုဖျက်ဆီး၍ရသည့် လူအားလုံးကို သူတို့ အန္တရာယ်ပြုပြီး ဝါးမျိုဖျက်ဆီးခဲ့ကြသည်။ ထို့နောက် ဘုရားသခင်၏ အစေခံတို့ကိုလည်း သူတို့ ဤကဲ့သို့ပင် ဆက်ဆံခဲ့ကြသည်။ သောဒုံမြို့၏လူတို့ ကျူးလွန်ခဲ့သည့် ဆိုးယုတ်သည့် လုပ်ဆောင်မှု တစ်ခုလုံးနှင့်ပတ်သက်လျှင် ဘုရားသခင်၏ အစေခံတို့ကို အန္တရာယ်ပြုခြင်းက သေးသေးလေးပင် ရှိပါသေးသည်။ ထို့နောက် ဤနေရာမှာ သူတို့ဖွင့်ပြသည့် သူတို့၏ ဆိုးယုတ်သည့် သဘောက ပင်လယ်ပြင်ကြီးထဲက ရေတစ်စက်ထက် အနည်းငယ်ပိုရုံပင် ရှိပါသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို မီးနှင့် ဖျက်ဆီးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က မြို့ကိုဖျက်ဆီးဖို့အတွက် ရေလွှမ်းမိုးခြင်းကို အသုံးမပြုသကဲ့သို့ ဟာရီကိန်းမုန်တိုင်း၊ ငလျင်၊ ဆူနာမီ သို့မဟုတ် အခြားနည်းလမ်း တို့ကိုလည်း အသုံးမပြုခဲ့ပေ။ ဤမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်က မီးကိုအသုံးပြုခဲ့ခြင်းသည် ဘာကိုညွှန်ပြသနည်း။ ၎င်းသည် မြို့၏ လုံးဝ ပျက်စီးခြင်းကို ဆိုလိုပါသည်။ မြို့သည် ကမ္ဘာပေါ်မှ၊ တည်ရှိနေရာမှ လုံးဝ ပျောက်ကွယ်သွားသည်ဟု ဆိုလိုပါသည်။ ဤနေရာမှာ “ဖျက်ဆီးခြင်း” က ဤမြို့၏ ပုံစံ၊ အဆောက်အဦး သို့မဟုတ် အပြင်ပိုင်း အသွင်အပြင်ကိုသာ ရည်ညွှန်းခြင်း မဟုတ်ဘဲ မြို့ထဲမှာရှိသည့် လူတို့၏ ဝိညာဉ်များသည် လုံးဝ ဖယ်ရှားခံရပြီး ဆက်လက်မတည်ရှိတော့ဘူးဟု ရည်ညွှန်းသည်။ ရိုးရိုးပြောရလျှင် မြို့နှင့်ဆက်စပ်နေသည့် လူအားလုံး၊ အဖြစ်အပျက်နှင့် အကြောင်းအရာအားလုံးက ဖျက်ဆီးခံခဲ့ရသည်။ သူတို့အတွက် နောက်ဘဝ သို့မဟုတ် ပြန်လည်မွေးဖွားလာခြင်း ရှိမှာမဟုတ်ပေ။ ဘုရားသခင်သည် သူ၏ဖန်ဆင်းထားချက်များ ဖြစ်သည့် သူတို့ကို လူသားမျိုးနွယ်မှ ဖယ်ရှင်းခဲ့သည်။ “မီးကိုအသုံးပြုခြင်း” က အပြစ်တရားကို ရပ်တန့်ခြင်းကို ရည်ညွှန်းပါသည်။ ဆိုလိုသည်မှာ အပြစ်တရား၏ အဆုံးသတ်ဖြစ်ပါသည်။ ဤအပြစ်တရားက ဖြစ်တည်မှု၊ ပျံ့နှံ့မှုတို့ ဆက်လက် တည်ရှိတော့မှာ မဟုတ်ပေ။ စာတန်၏ ဆိုးယုတ်မှုက သူ့ကိုပျိုးထောင်ပေးနေသည့် မြေကြီးနှင့် သူနေဖို့၊ အသက်ရှင်ဖို့ ပေးအပ်ခဲ့သည့် သင်္ချိုင်းလည်း ပျောက်ဆုံးသွားပြီဟု ဆိုလိုပါသည်။ ဘုရားသခင်နှင့် စာတန်ကြားက စစ်ပွဲ၌ ဘုရားသခင်၏ မီးကို အသုံးပြုခြင်းက စာတန်ကို အမှတ်အသား လုပ်ခဲ့သည့် သူ၏အနိုင်ယူမှု အမှတ်တံဆိပ်ပင် ဖြစ်ပါသည်။ သောဒုံမြို့၏ ပျက်စီးခြင်းသည် လူသားကို ဖျက်ဆီးခြင်းနှင့် ဝါးမျိုခြင်းအားဖြင့် ဘုရားသခင်ကို ဆန့်ကျင်ဖို့ဖြစ်သည့် စာတန်၏ ရည်ရွယ်ချက်မှာ ကြီးကျယ်သည့် အမှားအယွင်းတစ်ခု ဖြစ်ပါသည်။ လူသားသည် ဘုရားသခင်၏ လမ်းညွှန်မှုကို ငြင်းဆန်ခဲ့ပြီး သူ့ကိုယ်သူ မကောင်းမှုဒုစရိုက်ဆီသို့ စွန့်လွှတ်လိုက်သည့်အခါ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အချိန်တစ်ခု၏ ရှက်စရာကောင်းသည့် သင်္ကေတတစ်ခုလို ဖြစ်ခဲ့သည်။ ထို့အပြင် ၎င်းသည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ စစ်မှန်သောဖွင့်ပြချက် မှတ်တမ်းတစ်ခုဖြစ် ပါသည်။

မိုးကောင်းကင်မှ ဘုရားသခင် စေလွှတ်လိုက်သည့် မီးသည် သောဒုံမြို့ကို ပြာများအဖြစ် ပြောင်းပစ်လိုက်သည့်အခါမှာ “သောဒုံ” ဟုခေါ်သည့်မြို့သည် မြို့ထဲမှာ ရှိသည့်အရာရာတိုင်း ပျောက်ကွယ်သွားသကဲ့သို့ ပျောက်ကွယ်သွားဖို့ ရည်ရွယ်ပါသည်။ ထိုမြို့သည် ဘုရားသခင်၏ ဒေါသအားဖြင့် ဖျက်ဆီးခံရပါသည်။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်အောက်မှာ ပျောက်ဆုံးသွားခဲ့ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကြောင့် သောဒုံမြို့သည် သူ၏ထိုက်တန်သည့် အပြစ်ဒဏ်ခတ်မှုကို ရရှိခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကြောင့် ဤမြို့၏ ထိုက်တန်သည့် အဆုံးသတ်ကို ဤမြို့က ရရှိခဲ့ပါသည်။ သောဒုံမြို့၏ တည်ရှိမှု အဆုံးသတ်ရခြင်းက သူ၏ မကောင်းမှုကြောင့်ဖြစ်ပြီး ဤမြို့နှင့် ဤမြို့မှာနေထိုင်ခဲ့သည့် လူတိုင်း သို့မဟုတ် မြို့ထဲမှာ ကြီးပြင်းခဲ့သည့် သက်ရှိမှန်သမျှကို ဘယ်တော့မှ မကြည့်ရှုတော့ဖို့ဖြစ်သည့် ဘုရားသခင်၏ ဆန္ဒကြောင့်လည်း ဖြစ်ပါသည်။ “ဤမြို့ကို ဘယ်တော့မှ မကြည့်ရှုတော့ဖို့ ဘုရားသခင်၏ ဆန္ဒ” သည် သူ၏ အမျက်ဒေါသဖြစ်ပြီး သူ၏ ဘုန်းအာနုဘော်လည်းဖြစ်ပါသည်။ ဤမြို့၏ မတရားမှုနှင့် အပြစ်တရားတို့သည် သူ့ကို ဒေါသထွက်စေသည်၊ ဤမြို့အပေါ်မှာ ရွံရှာ မုန်းတီးစေပြီး ဤမြို့ကို သို့မဟုတ် ဤမြို့ထဲက လူမှန်သမျှနှင့် သက်ရှိတို့ကို လုံးဝ မမြင်ချင်တော့ခြင်းတို့ကြောင့် ဘုရားသခင်သည် ဤမြို့ကို မီးလောင်ကျွမ်းစေခဲ့ခြင်း ဖြစ်ပါသည်။ မြို့သည် မီးလောင်ပြီးသည်နှင့် ပြာတွေသာ ကျန်ရစ်ပြီး ဘုရားသခင်၏ အမြင်မှာ အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည်။ ဤမြို့နှင့်ပတ်သက်သည့် မှတ်ဉာဏ်များကိုပင်လျှင် ဖျက်ပစ်ပြီး ပျောက်ကွယ်သွားပါပြီ။ ဤသည်မှာ မိုးကောင်းကင်မှ စေလွှတ်လိုက်သည့် မီးသည် သောဒုံတစ်မြို့လုံးနှင့် မြို့ထဲမှာရှိသည့် မတရားမှုတို့နှင့် ပြည့်နေသည့် လူများ၊ မြို့ထဲမှာရှိသည့် အပြစ်တရားနှင့်စွန်းထင်းနေသည့် အရာအားလုံးတို့ကို ဖျက်ဆီးရုံတင်မကဘဲ ထို့ထက်ပိုပြီး ဤမီးသည် ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ ဆိုးယုတ်မှုနှင့် ခုခံဆန့်ကျင်မှု၏ မှတ်ဉာဏ်များကိုလည်း ဖျက်ဆီးခဲ့သည်ဟု ဆိုလိုပါသည်။ ဤသည်မှာ ဤမြို့ကို လောင်ကျွမ်းစေရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်ပါသည်။

လူသားမျိုးနွယ်တစ်ခုသည် လွန်လွန်ကျူးကျူး ဖောက်ပြန်ပျက်စီးလာခဲ့သည်။ ဘုရားသခင်က မည်သူဆိုခြင်း သို့မဟုတ် သူတို့ ဘယ်နေရာမှလာသည်ဆိုခြင်းကို မသိကြပေ။ သင်က ဘုရားသခင်အကြောင်းကို ပြောလျှင် ဤလူတို့က တိုက်ခိုက်ကြမည်၊ အသရေဖျက်ကြမည်၊ ဘုရားကို စော်ကား ပြောဆိုကြပါလိမ့်မည်။ ဘုရားသခင်၏ အစေခံများလာရောက်ပြီး ဘုရားသခင်၏ သတိပေးချက်ကို ဖြန့်သည့်အခါမှာပင် ဖောက်ပြန်ပျက်စီးသည့် ဤလူတို့သည် နောင်တရသည့် လက္ခဏာများကို မပြရုံတင်မကဘဲ သူတို့၏ ဆိုးယုတ်သည့် အပြုအမူများကို မစွန့်လွှတ်ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ဘုရားသခင်၏ အစေခံတို့ကို အရှက်အကြောက်မရှိ အန္တရာယ်ပြုခဲ့ကြသည်။ သူတို့ထုတ်ဖော် ဖွင့်ပြသည့်အရာများ သည် ဘုရားသခင်အပေါ် အလွန်အကျူးရန်လိုခြင်းနှင့် ပတ်သက်သည့် သူတို့၏ သဘောသဘာဝနှင့် အနှစ်သာရများပင် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသည့် ဤလူတို့၏ ဘုရားသခင် အပေါ် ဆန့်ကျင်မှုသည် သူတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖွင့်ပြခြင်းထက် ပိုကြောင်းတွေ့ရသည်၊ သမ္မာတရားကို နားလည်မှု မရှိခြင်းမှလာသည့် အသရေဖျက်မှု သို့မဟုတ် လှောင်ပြောင်မှုဖြစ်ရပ်တစ်ခုထက် ပိုသကဲ့သို့ပင် ဖြစ်သည်။ မိုက်မဲခြင်း သို့မဟုတ် ပညာမဲ့ခြင်းတို့က သူတို့၏ ဆိုးယုတ်သည့် အပြုအမူကို ဖြစ်စေခြင်းမဟုတ်ပေ။ ဤလူများသည် လှည့်စားခံထားရခြင်းကြောင့် မဟုတ်ပေ။ အလိုက်မှားခြင်းကြောင့်လည်း သေချာပေါက် မဟုတ်ပေ။ သူတို့၏အပြုအမူသည် ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း အရှက်မရှိ မကြောက်မရွံ့ မုန်းတီးမှု၊ ဆန့်ကျင်မှုနှင့် ဆူပူသောင်းကျန်းမှုအဆင့်ကို ရောက်နေပါပြီ။ သံသယဖြစ် နေစရာမလိုပေ။ ဤကဲ့သို့ လူသားအပြုအမူမျိုးက ဘုရားသခင်ကို ဒေါသထွက်စေမှာအမှန်ပင်ဖြစ်သည်။ ထို့နောက် ထိပါးခြင်း မပြုရမည့် စိတ်သဘောထားဖြစ်သည့် သူ၏စိတ်သဘောကို ဒေါသထွက်စေမည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကို ဖွင့်ချပြီး တိုက်ရိုက် ထုတ်လွှတ်လိုက်ခြင်းဖြစ်သည်။ ဤသည်မှာ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အမှန်တကယ် ဖွင့်ပြခြင်းပင်ဖြစ်သည်။ အပြစ်တို့နှင့် ပြည့်လျှံနေသည့် မြို့ကို ရင်ဆိုင်ရပြီးနောက်မှာ ဘုရားသခင်သည် ဤမြို့ကို တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းနှင့် ဖျက်ဆီးဖို့ ဆန္ဒရှိခဲ့သည်။ ဤမြို့မှလူတို့ ပျောက်ကွယ်သွားအောင် ပြုလုပ်ဖို့၊ ဤနေရာက အပြစ်များကို ထပ်ဆင့်ပွားများခြင်းမှ ရပ်တန့်ဖို့ မြို့အတွင်းမှာရှိသည့် လူတို့နှင့် သူတို့၏အပြစ်အလုံးစုံကို အပြည့်စုံဆုံးနည်းလမ်းနှင့် အမြစ်ဖြတ်ပစ်လိုခဲ့သည်။ ဤကဲ့သို့လုပ်ရန် အမြန်ဆုံးနှင့် အပြည့်စုံဆုံးနည်းလမ်းက လောင်မီးနှင့် လောင်ကျွမ်းစေခြင်းပင် ဖြစ်သည်။ သောဒုံမြို့ကလူတွေအပေါ် ဘုရားသခင်၏ သဘောထားသည် စွန့်ပစ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းတို့ မဟုတ်ဘဲ သူသည် ဤလူတို့ကို အပြစ်ဒဏ်ခတ်ဖို့၊ ရိုက်ချဖို့နှင့် လုံးဝ ဖျက်ဆီးပစ်ဖို့ သူ၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်နှင့် သြဇာအာဏာကို အသုံးပြုခဲ့သည်။ သူတို့အပေါ် ဘုရားသခင်၏ သဘောထားသည် ရုပ်ပိုင်းဆိုင်ရာဖျက်ဆီးခြင်းသာမကဘဲ ထာဝရ ချေဖျက်ခြင်းဖြစ်သည့် ဝိညာဉ်ကို ဖျက်ဆီးခြင်းလည်း ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် “ပျောက်ကွယ်” သွားဖို့ ဘုရားသခင်၏ ဆန္ဒ၏ အမှန်တကယ် ရိုက်ခတ်မှုဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၇)

ဘုရားသခင်၏ အမျက်ဒေါသသည် ဖုံးကွယ်ထားပြီး၊ လူသားက မသိနိုင်သော်လည်း ထိုအရာသည် ထိပါးစော်ကားမှုကို သည်းမခံပေ

မိုက်မဲခြင်းအားလုံးနှင့် အသိမဲ့သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ဆက်ဆံမှုက သနားညှာတာမှုနှင့် သည်းခံမှု အပေါ်မှာ အဓိက အခြေခံပါသည်။ တစ်ဖက်မှာတော့ သူ၏ အမျက်ဒေါသသည် ကျယ်ပြန့်သည့် အချိန်နှင့် အကြောင်းအရာ အများစုထဲမှာ ဖုံးကွယ်ထားပါသည်။ ၎င်းကို လူသားက မသိပေ။ အကျိုးရလဒ်အနေနှင့် ဘုရားသခင်က သူ၏အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ၏အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါသည်။ ဤကဲ့သို့ပင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသကို အလေးမထားပေ။ လူသားသည် ဘုရားသခင်၏ နောက်ဆုံး အမှုနှင့် လူသားကို သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရသည့်အခါ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နောက်ဆုံး သနားညှာတာမှုနှင့် သူ၏ နောက်ဆုံး သတိပေးချက်တို့က လူသားတို့ဆီကို ရောက်သည့်အခါမှာ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဤနည်းလမ်းကိုပင် အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ မည်သည့်အားထုတ်မှုမှ မပြုလုပ်ဘူးဆိုလျှင်၊ သူတို့၏ နည်းလမ်းများကို ပြင်ဆင်ခြင်း သို့မဟုတ် သူ၏ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုလျှင် ဘုရားသခင်သည် သူ၏သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က သူ၏ သနားညှာတာမှုကို ပြန်လည်ရုတ်သိမ်းခြင်းသည် ဤအချိန်ဖြစ်ပါသည်။ ၎င်းအပြီးမှာ သူ၏အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မည်။ သူ၏ အမျက်ဒေါသကို မတူညီသည့် နည်းလမ်းများနှင့် ဖော်ပြနိုင်သည်။ လူတို့ကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီသည့် နည်းလမ်းများကို သူအသုံးပြုနိုင်သကဲ့သို့ပင်ဖြစ်သည်။

သောဒုံမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်၏ မီးကိုအသုံးပြုခြင်းသည် လူသားမျိုးနွယ်တစ်စု သို့မဟုတ် အရာဝတ္ထုတစ်ခုကို လုံးဝအမြစ်ဖြတ်သည့် သူ၏ အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။ သောဒုံမြို့၏လူတို့ကို လောင်ကျွမ်းစေခြင်းက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာများထက်ပိုပြီး ဖျက်ဆီးခဲ့သည်။ ဤမြို့ထဲက လူတို့သည် လူသားအတွက် မမြင်နိုင်သည့်လောကနှင့် ရုပ်ဝတ္ထုလောကနှစ်ခုစလုံးမှာ ပျောက်ကွယ်သွားဖို့ သေချာစေရင်း သူတို့၏ ဝိညာဉ်တစ်ခုလုံး၊ သူတို့၏စိတ်နှင့် သူတို့၏ ကိုယ်ခန္ဓာတို့ကို ဖျက်ဆီးခဲ့သည်။ ၎င်းက ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်သည့်နည်းနှင့် ဖော်ပြသည့် နည်းတစ်ခုဖြစ်သည်။ ဤထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်း ပုံစံက ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရ၏ ရှုထောင့်တစ်ခု ဖြစ်ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အနှစ်သာရကို အလိုအလျောက် ထုတ်ဖော်ခြင်းဖြစ်သကဲ့သို့မျိုးပင်ဖြစ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါမှာ သူသည် မည်သည့်သနားညှာတာမှု သို့မဟုတ် မည်သည့်စာနာသနားမှုမှ မဖော်ထုတ်တော့သကဲ့သို့ သူ၏သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းတို့ကိုလည်း ထပ်မပြတော့ပေ။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ၏သနားညှာတာမှုကို ထပ်ပေးဖို့၊ သူ၏သည်းခံခြင်းကို နောက်တစ်ခါ ချပေးသနားဖို့ ဆွဲဆောင်နိုင်သည့် လူ၊ အရာဝတ္ထု သို့မဟုတ် အကြောင်းပြချက် မရှိပေ။ ဤအရာများအစား ဘုရားသခင်သည် ခဏလေးမျှ တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို စေလွှတ်ပါလိမ့်မည်။ သူဆန္ဒရှိသည့်အတိုင်း လုပ်လိမ့်မည်။ သူသည် ဤအရာများကို သူ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ လျင်မြန်ပြီး ရှင်းလင်းသည့် ပုံစံနှင့် လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားက ထိပါးခြင်းမပြုလုပ်ရသည့် သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ဘုရားသခင်စေလွှတ်သည့် နည်းလမ်း ဖြစ်ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်၏ ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ လူတို့သည် ဘုရားသခင်က လူသားအပေါ် ပူပင်မှုနှင့် စိုးရိမ်မှုအား ပြသခြင်းကို မြင်ရသည့်အခါမှာ သူတို့သည် သူ၏အမျက်ဒေါသကို သတိမပြုမိနိုင်ကြပေ။ သူ၏ ဘုန်းအာနုဘော်ကို မမြင်နိုင်ကြပေ။ သို့မဟုတ် သူ၏ ထိပါးစော်ကားမှုကို သည်းမခံခြင်းကို မခံစား နိုင်ကြပေ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သနားညှာတာခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာသက်သက်ပင်ဟုဆိုပြီး လူတို့ကို ယုံကြည်ဖို့ ဤအရာများက ဦးတည်သွားစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးခြင်း သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံမုန်းခြင်းကို တွေ့ရသည့်အခါ၌ လူသားကို ဖျက်ဆီးခြင်းမှ သူ၏ အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့က လူတို့ကို သူ၏ ဖြောင့်မတ်ခြင်း စိတ်သဘောထား၏ အခြားတစ်ဖက်ကို အနည်းအကျဉ်းမြင်စေ ပါသည်။ ဤသည်မှာ ထိပါးစော်ကားခြင်းကို ဘုရားသခင်၏ သည်းမခံခြင်းဖြစ်သည်။ ထိပါးစော်ကားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်ဖန်ဆင်းခံ သတ္တဝါမဆို၏ တွေးမြင်ခြင်းထက် သာလွန်ပါသည်။ ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများကြားမှာ မည်သူကမှ ၎င်းကို ဝင်ရောက်နှောင့်ယှက်ခြင်း သို့မဟုတ် သက်ရောက်မှုရှိစေခြင်း မပြုလုပ်နိုင်ပေ။ တဖန် ၎င်းကို အယောင်ဆောင်ခြင်း သို့မဟုတ် အတုခိုးခြင်းလည်း ပြုလုပ်၍ မရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ဤအချက်သည် လူသားမျိုးနွယ် အသိသင့်ဆုံးသော အရာတစ်ခုဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤကဲ့သို့စိတ်သဘောထားမျိုးရှိပါသည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤကဲ့သို့ စိတ်သဘောထားမျိုးကို ပိုင်ဆိုင်ပါသည်။ ဘုရားသခင်သည် ဆိုးယုတ်ခြင်း၊ မှောင်မိုက်ခြင်း၊ ပုန်ကန်ခြင်းနှင့် လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး ဝါးမျိုသည့် စာတန်၏ မကောင်းသည့် အပြုအမူများကို စက်ဆုပ်ရွံရှာသည့် အတွက်ကြောင့်၊ သူနှင့်ဆန့်ကျင်သည့် အပြစ်၏လုပ်ရပ် အားလုံးကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူ၏ သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိသည့် အနှစ်သာရတို့ကြောင့် ဘုရားသခင်သည် ဤကဲ့သို့ဖြောင့်မတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်ပါသည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါတို့က သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း သို့မဟုတ် ယှဉ်ပြိုင်ခြင်းများကို သူခံမည်မဟုတ်ဟုဆိုသည့် အရာက ထို့ကြောင့်ဖြစ်ပါသည်။ သူ တစ်ခါက သနားညှာတာမှုပြခဲ့သည့် သို့မဟုတ် ရွေးချယ်ခဲ့သည့် သူပင်လျှင် သူ၏ စိတ်သဘောထားကို ရန်စပြီး သူ၏ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းနိယာမကို ကျူးလွန်သည်နှင့် သူသည် သနားညှာတာခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်း အနည်းငယ်မျှမရှိဘဲ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပါလိမ့်မည်။ ထိပါးစော်ကားမှုကို သည်းမခံသည့် စိတ်သဘောထားဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၈)

ဘုရားသခင်၏ အမျက်ဒေါသသည် တရားမျှတသည့် စွမ်းအား အားလုံးနှင့် အပြုသဘောဆောင်သည့် အရာအားလုံးအတွက် အကွယ်အကာဖြစ်သည်

ထိပါးစော်ကားခြင်း အပေါ် ဘုရားသခင်၏ သည်းမခံခြင်းက သူ၏ အထူးအနှစ်သာရ တစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသက သူ၏ အထူး စိတ်သဘောထားဖြစ်ပါသည်။ ဘုရားသခင်၏ ဘုန်းအာနုဘော်က သူ၏အထူးအနှစ်သာရ ဖြစ်ပါသည်။ ဘုရားသခင်၏ ဒေါသနောက်က သဘောတရားသည် သူသာလျှင်ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကို ထုတ်ဖော်ပြသပါသည်။ ဤသည်မှာ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရ၏ သင်္ကေတလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင် ပင်ကို အနှစ်သာရဖြစ်ပါသည်။ ဤသည်မှာ အချိန်ကုန်သည်နှင့်အမျှ ပြောင်းလဲခြင်း လုံးဝမရှိသကဲ့သို့ တည်နေရာပြောင်းသည့် အချိန်တိုင်းမှာလည်း မပြောင်းပေ။ သူ၏ ပင်ကို စိတ်သဘောထားသည် သူ၏ မရှိမဖြစ် အနှစ်သာရဖြစ်ပါသည်။ သူ့အလုပ်ကို မည်သူ့အပေါ်မှာ လုပ်ဆောင်သည်ဖြစ်စေ သူ၏ အနှစ်သာရသည် မပြောင်းလဲပေ။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားလည်း မပြောင်းလဲပေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါမှာ သူထုတ်လွှတ်သည့် အရာက သူ၏ ပင်ကိုစိတ်သဘောထားဖြစ်ပါသည်။ ဤအချိန်မှာ သူ၏ဒေါသနောက်က သဘောတရားက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် အခြေအနေကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရသည် ပြောင်းလဲမှုတစ်ခုကြောင့် သို့မဟုတ် သူ့စိတ်သဘောထားသည် မတူညီသည့် သဘောတရားများ ထုတ်သည့်အတွက်ကြောင့် သူစိတ်ဆိုး လာခြင်း မဟုတ်ပေ။ သို့သော်လည်း သူ့အပေါ် လူသား၏ ဆန့်ကျင်ခြင်းကြောင့် သူ့စိတ်သဘောထားကို ထိပါးစေပါသည်။ ဘုရားသခင်အပေါ် လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ ဘုရားသခင်၏ အမြင်မှာ လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို စမ်းသပ်နေခြင်းဖြစ်ပါသည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ အပြစ်တရားက သောင်းကျန်းသည့် အချိန်လည်းဖြစ်သည့် လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် စမ်းသပ်သည့်အခါမှာ ဘုရားသခင်၏ အမျက်ဒေါသသည် သူ့အလိုအလျောက်ထုတ်ဖော်ပြီး ထွက်ပေါ် လာသည်။ ထို့ကြောင့် သူ၏အမျက်ဒေါသအပေါ် ဘုရားသခင်၏ ဖော်ပြချက်က မကောင်းသောစွမ်းအား အားလုံးသည် ပျောက်ကွယ်လိမ့်မည်ဆိုသည်ကို သင်္ကေတပြုနေပါသည်။ ရန်ပြုတတ်သည့် အစွမ်းအားလုံးသည် ဖျက်ဆီးခံရမည် ဆိုသည်ကို သင်္ကေတပြုနေပါသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အတုမရှိမှု၊ ဘုရားသခင်၏ အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်နှင့် သန့်ရှင်းခြင်းကို စိန်ခေါ်ခံရသည့်အခါမှာ တရားမျှတသည့် စွမ်းအားများသည် ပိတ်ဆို့နေပြီး ၎င်းတို့ကို လူသားက မမြင်ရသည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်ပါလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကြောင့် ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် အစွမ်းအားလုံးသည် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး တရားမမျှတသည့် အစွမ်းများပင်ဖြစ်သည်။ သူတို့သည် စာတန်ဆီမှလာပြီး စာတန်နှင့် သက်ဆိုင်ပါသည်။ ဘုရားသခင်သည် တရားမျှတသည့်အတွက်ကြောင့်၊ အလင်း ဖြစ်ပြီး အပြစ်အနာအဆာကင်းမဲ့စွာ သန့်ရှင်းသည့် အတွက်ကြောင့် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသည့် စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အမျက်ဒေါသ ထုတ်လွှတ်မှုနှင့်အတူ ပျောက်ကွယ်သွားပါ လိမ့်မည်။

ဘုရားသခင်၏ အမျက်ဒေါသကို သွန်ချခြင်းက သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်၏ လက္ခဏာ သွင်ပြင်တစ်ခုဖြစ်သော်လည်း ဘုရားသခင်၏ ဒေါသသည် သူ၏ပစ်မှတ်အပေါ်မှာ မစဉ်းမစားလုပ်ခြင်း သို့မဟုတ် စည်းမျဉ်း မပါဘဲလုပ်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က စိတ်တိုရာ၌ လျင်မြန်ခြင်း လုံးဝမရှိသကဲ့သို့ သူ၏ အမျက်ဒေါသနှင့် သူ၏ ဘုန်းအာနုဘော်ကို အလောတကြီး ထုတ်ဖော်ခြင်း မပြုလုပ်ပေ။ ထပ်ဖြည့်စွက်ရလျှင် ဘုရားသခင်၏ အမျက်ဒေါသသည် အတော်ပင်ထိန်းချုပ်ပြီး ချင့်ချင့်ချိန်ချိန် ရှိသည်။ လူသားက ချက်ချင်း ဒေါသထွက်လာခြင်းမျိုး သို့မဟုတ် သူ၏ ဒေါသကို ဖွင့်ချခြင်းမျိုးနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။ လူသားနှင့်ဘုရားသခင်ကြားက စကားပြောဆိုမှု များစွာကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါသည်။ ဤလူတို့ထဲက တစ်ချို့၏ စကားလုံးများက မလေးနက်ပေ၊ ပညာမဲ့ပြီး ကလေးဆန်သည်။ သို့သော်လည်း ဘုရားသခင်က သူတို့ကို ရိုက်မချသကဲ့သို့ သူတို့ကို ရှုတ်ချခြင်းမရှိပေ။ အထူးသဖြင့် ယောဘ၏ စမ်းသပ်မှုအချိန်ကာလအတွင်းမှာ ယောဘ၏ သူငယ်ချင်းသုံးယောက်နှင့် အခြားလူများက ယောဘကို ပြောခဲ့သည့် စကားများကို ယေဟောဝါဘုရားသခင်က ကြားပြီးနောက်မှာ သူတို့ကို သူက မည်သို့ ဆက်ဆံခဲ့သနည်း။ သူတို့ကို သူ ရှုတ်ချသလော။ သူတို့အပေါ် ဒေါသထွက်သွား သလော။ ဤကဲ့သို့ တစ်ခုမှ မလုပ်ခဲ့ပေ။ ဤကဲ့သို့မလုပ်ဘဲ သူတို့အတွက် အသနားခံတောင်းလျှောက်ဖို့၊ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို သူပြောခဲ့သည်။ အခြားတစ်ဖက်မှာ ဘုရားသခင်သည် သူတို့အမှားများကို ဗွေမယူခဲ့ပေ။ ဤဖြစ်ရပ်များအားလုံးသည် လက်ရှိအခြေအနေအရ ဖောက်ပြန်ပျက်စီး၍ ပညာမဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က ဆက်ဆံသည့် အဓိက သဘောထားကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ၏စိတ်ခံစားချက်၏ ဖော်ပြချက် သို့မဟုတ် ဖွင့်ချခြင်း လုံးဝ မဟုတ်ပေ။ ဘုရားသခင်၏ အမျက်ဒေါသက လူများနားလည်သကဲ့သို့ ပြည့်ကျပ်ပြီး ပေါက်ကွဲထွက်ခြင်း မဟုတ်ပေ။ ဘုရားသခင်က သူ၏ကိုယ်ပိုင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်၍၊ သို့မဟုတ် သူ၏ဒေါသက အထွတ်အထိပ် ရောက်နေပြီး ဖွင့်ချရတော့မည့်အတွက် သူ၏အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏ အမျက်ဒေါသသည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ပြသခြင်းဖြစ်ပြီး သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်ဖြစ်ပါသည်။ ဤသည်မှာ သူ၏ သန့်ရှင်းသည့် အနှစ်သာရကို သင်္ကေတနှင့် ထုတ်ဖော်ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါသဖြစ်သည်။ ထိပါးစော်ကားမှုများကို သည်းမခံပေ။ ဤသည်မှာ ဘုရားသခင်၏ ဒေါသသည် အကြောင်းတရားများကြား ခွဲခြားမှုမရှိ ဟုလည်းကောင်း၊ မူမရှိဟုလည်းကောင်း ဆိုခြင်း မဟုတ်ပေ။ အကြောင်းတရားများကို မခွဲခြားဘဲ ဒေါသ ပေါက်ကွဲခြင်းက စည်းမရှိခြင်း၌ အထူးသီးသန့်မူပိုင်ရှိသည့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ပင်ဖြစ်သည်။ လူသား တစ်ယောက်က အဆင့်အတန်းရှိသည့်အခါမှာ သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်နေခြင်းကို သူမကြာခဏ တွေ့ရလိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုများကို ဖော်ပြပြီး သူ၏ စိတ်ခံစားချက်များကို ဖွင့်ချဖို့ ဖြစ်ရပ်များကို အမိအရ ဆုပ်ကိုင်ခြင်းကို နှစ်သက်လိမ့်မည်။ သိသာသည့် အကြောင်းပြချက်မရှိဘဲ သူသည် စိတ်တိုဒေါသထွက်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ဖို့နှင့် သူ၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့မှ ကွဲပြားသည် ဆိုသည်ကို အခြားလူများ သိစေဖို့အတွက် ဖြစ်ပါသည်။ မှန်ပါသည်၊ အဆင့်အတန်းမရှိသည့် ဖောက်ပြန်ပျက်စီးသည့် လူတို့ကတော့ မကြာခဏ စိတ်လွတ်လွတ်သွားပါလိမ့်မည်။ သူတို့၏ဒေါသသည် သူတို့၏တစ်ဦးချင်း အကျိုးအမြတ်ကို ထိခိုက်ခြင်းအားဖြင့် မကြာခဏ ဖြစ်ပွားတတ်ပါသည်။ သူတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် သူတို့၏ စိတ်ခံစားချက်များကို မကြာခဏ ဖွင့်ချပြီး သူတို့၏ မာနကြီးသည့်သဘောများကို ဖွင့်ပြပါလိမ့်မည်။ လူသားသည် အပြစ်တည်ရှိမှုကို ခုခံကာကွယ်ဖို့အတွက် သူ၏ စိတ်ခံစားချက်များကို ဖွင့်ချပြီး ဒေါသထွက်ပါလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏ မကျေနပ်မှုများကို ဖော်ပြသည့် နည်းလမ်းများဖြစ်ပါသည်။ ဤလုပ်ရပ်များသည် အညစ်အကြေးများနှင့်၊ မကောင်းကြံစည်ခြင်းများနှင့် လျှို့ဝှက်ကြံစည်မှုများနှင့်၊ လူသား၏ ဖောက်ပြန်ပျက်စီးမှုနှင့် မကောင်းမှုတို့နှင့်အပြင် အခြား မည်သည့်အရာမဆိုထက်ပိုပြီး လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များနှင့် ဆန္ဒများနှင့် ပြည့်လျှံနေပါသည်။ တရားမျှတမှုသည် ဆိုးယုတ်မှုနှင့် ယှဉ်ပြိုင်သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ခုခံကာကွယ်ဖို့ စိတ်တိုဒေါသထွက်မှာမဟုတ်ပေ။ ဆန့်ကျင်ဘက် အနေနှင့် တရားမျှတခြင်း၏ စွမ်းအားကို ခြိမ်းခြောက်ခံရ သည့်အခါ၊ ညှဉ်းဆဲခံရသည့်အခါ၊ တိုက်ခိုက်ခံရသည့်အခါ၊ လူသား၏ သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်ပါသည်။ သို့သော်လည်း မကောင်းမှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါမှာ လူသား၏ သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ ဖြစ်ပါသည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် မကောင်းမှု၏ စွမ်းအားတို့အတွက် လွတ်လမ်း၊ ထကြွသောင်းကျန်းခြင်း၏ ဖော်ပြချက်တစ်ခုနှင့် ဇာတိပကတိ ဖြစ်သည့် လူသား၏ ရပ်တန့်၍မရနိုင်သည့် မကောင်းသည့် အပြုအမူဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်က သူ၏ အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါမှာ မကောင်းသည့် စွမ်းအား အားလုံးသည် ရပ်သွားပါလိမ့်မည်။ လူသားကို အန္တရာယ်ပြုသည့် အပြစ်တရားအားလုံးသည် ရပ်တန့်သွားပါ လိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးသည့် ရန်မူသည့် စွမ်းအားများ အားလုံးသည် သိသာထင်ရှားလာမည်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ ကြံရာပါအားလုံးသည် အပြစ်ဒဏ် ခတ်ခံရမှာဖြစ်ပြီး အမြစ်ဖြတ်ပစ်ခံရမှာဖြစ်ပါသည်။ သူတို့၏ နေရာမှာ ဘုရားသခင်၏လုပ်ဆောင်မှုသည် ပိတ်ပင်တားဆီးမှုတို့ မရှိဘဲ လွတ်လပ်စွာ ရှေ့ဆက်ပါလိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် စီစဉ်ထားချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာ ပါလိမ့်မည်။ ဘုရားသခင်ရွေးချယ်ထားသည့်လူများသည် စာတန်၏ နှောင့်ယှက်ခြင်းနှင့် လှည့်စားခြင်းမှ လွတ်ကင်းပါ လိမ့်မည်။ ဘုရားသခင်နောက်ကိုလိုက်သူများသည် ငြိမ်သက် အေးချမ်းသည့် ပတ်ဝန်းကျင်ထဲတွင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အထောက်အပံ့ကို ခံစားကြရပါလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသသည် မကောင်းသည့် အစွမ်းများ ထပ်ဆင့်ပွားများခြင်းနှင့် ထကြွသောင်းကျန်းခြင်းတို့မှ တားဆီးပေးသည့် အကာအကွယ်တစ်ခုဖြစ်ပါသည်။ တရားမျှတမှုနှင့် အပြုသဘောဆောင်သည့်အရာများအားလုံး ဖြစ်တည်မှုနှင့် ပျံ့နှံ့ခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနှင့် ထိုအရာများကို ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်းတို့မှ ထာဝရ ကာကွယ်စောင့်ရှောက်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၉)

သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခြင်း၌ ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရကို သင်တို့ မြင်နိုင်သလော။ သူ၏ဒေါသအတွင်းမှာ အရောအနှော တစ်ခုခုပါသလော။ ဘုရားသခင်၏ ဒေါသက သန့်စင်သလော။ လူသား၏ စကားကို အသုံးပြုရလျှင် ဘုရားသခင်၏ အမျက်ဒေါသက ဘာမျှ ရောမနေဘူးလော။ သူ၏အမျက်ဒေါသနောက်ကွယ်တွင် လှည့်ကွက်တစ်ခုခု ရှိသလော။ လျှို့ဝှက်ကြံစည်ခြင်းများ ရှိသလော။ ပြောပြ၍မရသည့် လျှို့ဝှက်ချက်များ ရှိသလော။ သင်တို့ကို လေးလေးနက်နက် တည်တည်ကြည်ကြည်နှင့် ပြောပြနိုင်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသမှာ သံသယ ဖြစ်နိုင်သည့် အပိုင်းမရှိပေ။ သူ၏ ဒေါသက သန့်စင်သည်။ ရောစပ်ခြင်းမရှိသည့် ဒေါသဖြစ်ပြီး အခြားရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင် မပါဝင်ပေ။ သူ၏ဒေါသအတွက် အကြောင်းပြချက်က သန့်စင်သည်၊ အပြစ်မရှိပေ၊ ဝေဖန်၍ မရနိုင်ပေ။ သဘာဝအလျောက်ထုတ်ဖော်ခြင်းနှင့် သူ၏ သန့်ရှင်းသည့် အနှစ်သာရကို ပြသခြင်းဖြစ်သည်။ မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင်သည့် အရာဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဖန်ဆင်းရှင်၏ သက်ဆိုင်သည့် အနှစ်သာရများနှင့် သူ၏ဖန်ဆင်းခံများကြားမှာ သိသာသည့် ကွာခြားမှုလည်း ဖြစ်သည်။

လူတစ်ယောက်က အခြားလူများရှေ့မှာ သို့မဟုတ် သူတို့နောက်ကွယ်မှာ စိတ်ဆိုးသည်ဖြစ်စေ၊ လူတိုင်းမှာ မတူညီသည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ ရှိပါသည်။ သူတို့၏ သိက္ခာကို တည်ဆောက်နေခြင်းလည်း ဖြစ်ချင်ဖြစ်မည် သို့မဟုတ် သူတို့၏ နာမည် သို့မဟုတ် အရှက်မရစေဖို့ ထိန်းသိမ်းရင်း သူတို့၏ ကိုယ်ကျိုးကို ကာကွယ်နေခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ အချို့လူတို့က သူတို့၏ဒေါသကို ကန့်သတ် ထိန်းသိမ်းကြပြီး အခြားလူတို့က ပိုပြီး မစဉ်းမစားဖြစ်ပြီး အနည်းငယ်မျှထိန်းချုပ်ကန့်သတ်ခြင်းမရှိဘဲ သူတို့ ဆန္ဒရှိသကဲ့သို့ ဒေါသပေါက်ကွဲကြသည်။ အတိုချုပ်ပြောရလျှင် လူသား၏ ဒေါသသည် သူ၏ ပျက်စီးသည့် စိတ်သဘောထားမှ ဆင်းသက်ပါသည်။ ရည်ရွယ်ချက်က ဘာပဲဖြစ်ပါစေ၊ ဇာတိနှင့် သဘာဝကြောင့်ဖြစ်ပါသည်။ လူသား၏ သဘာဝနှင့် အနှစ်သာရများထဲက ဘယ်အရာကမှ သမ္မာတရားနှင့် ထပ်တူညီခြင်း မရှိသည့်အတွက်ကြောင့် တရားမျှတခြင်း သို့မဟုတ် တရားမမျှတခြင်းတို့နှင့် ဘာမှ မသက်ဆိုင်ပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်နှင့် ဘုရားသခင်၏ အမျက်ဒေါသကို အတူတူ မပြောဆိုသင့်ပေ။ ခြွင်းချက်မရှိဘဲ စာတန်အားဖြင့် ဖျက်ဆီးခံရသည့် လူသား၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးခြင်းကို ကာကွယ်လိုသည့် ဆန္ဒနှင့် စတင်ပါသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးမှု၌ အခြေခံပါသည်။ ထို့ကြောင့် သီအိုရီမှာ မည်မျှပင် သင့်တော်သည်ဟု မြင်ရပါစေ လူသား၏ဒေါသကို ဘုရားသခင်၏ အမျက်ဒေါသနှင့် အတူတူပြောဆို၍မရပေ။ ဘုရားသခင်က သူ၏ဒေါသကို စေလွှတ်လိုက်သည့်အခါမှာ မကောင်းသည့် စွမ်းအားများသည် တားဆီးခံရသည်။ မကောင်းသည့်အရာများသည် ဖျက်ဆီးခံရပြီး တရားမျှတခြင်းနှင့် အပြုသဘောဆောင်သည့်အရာများက ဘုရားသခင်၏ ဂရုစိုက်မှု၊ အကာအကွယ်တို့ကို ရရှိခံစားရပြီး ရှေ့ဆက်ပြုလုပ်ဖို့ အခွင့်ပေးခံရပါသည်။ တရားမမျှတမှု၊ အဖျက်သဘောနှင့် မကောင်းသည့်အရာများသည် တရားမျှတမှုနှင့် အပြုသဘောဆောင်သည့်အရာများ၏ ပုံမှန်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ ပြုလုပ်သည့်အတွက်ကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသကို ထုတ်လွှတ်ပါသည်။ ဘုရားသခင်၏ ဒေါသ၏ ပန်းတိုင်သည် သူ၏ကိုယ်ပိုင် အဆင့်အတန်းနှင့် ဝိသေသလက္ခဏာကို ကာကွယ်ဖို့မဟုတ်ဘဲ တရားမျှတမှု၊ အပြုသဘောဆောင်ခြင်း၊ လှပပြီး ကောင်းမွန်သည့်အရာများကို ကာကွယ်ဖို့၊ လူသားမျိုးနွယ်၏ ပုံမှန် ရှင်သန်ရပ်တည်ရေး နိယာမနှင့် အစီအစဉ်ကျမှုများကို ကာကွယ်ဖို့ ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ၏ အရင်းအမြစ်အကြောင်းရင်းဖြစ်ပါသည်။ ဘုရားသခင်၏ ဒေါသသည် အလွန်သင့်လျော်သည်၊ သဘာဝဆန်ပြီး သူ၏စိတ်သဘောထား၏ မှန်ကန်သည့် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ သူ၏ဒေါသနောက်မှာ မည်သည့် ရည်ရွယ်ချက်မျှ မရှိသကဲ့သို့ လှည့်စားခြင်း သို့မဟုတ် အကွက်ချစီစဉ်ခြင်းတို့ မရှိပေ။ ထို့အပြင် သူ၏ ဒေါသသည် ဆန္ဒ၊ ကောက်ကျစ်ခြင်း၊ အန္တရာယ်ပေးခြင်း၊ အကြမ်းဖက်ခြင်း၊ ဆိုးယုတ်ခြင်း သို့မဟုတ် လူသားမျိုးနွယ်တို့ အားလုံး အသုံးပြုကြသည့်အရာအားလုံးကို ဖျက်ဆီးခြင်းတို့ မပါဝင်ပေ။ ဘုရားသခင်က သူ၏ဒေါသကို မထုတ်လွှတ်ခင်မှာ သူသည် အကြောင်းအရာတိုင်း၏ အနှစ်သာရကို လုံးဝရှင်းလင်းစွာ၊ ပြည့်စုံစွာသိမြင်ထားပြီးဖြစ်ပြီး တိကျပြီးရှင်းလင်းသည့် အဓိပ္ပာယ် သတ်မှတ်ချက်များနှင့် ကောက်ချက်ချမှုများ ဖော်ထုတ်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်သည့် အကြောင်းအရာတိုင်းမှာ သူ၏ ရည်ရွယ်ချက်သည် သူ၏သဘောထားကဲ့သို့ပင် လုံးဝရှင်းလင်းပါသည်။ သူသည် စိတ်ရှုပ်ထွေးသူ မဟုတ်ပေ။ သူသည် မစဉ်းမစားမလုပ်ပေ။ စိတ်လိုက်မာန်ပါ မလုပ်ပေ။ ဂရုမစိုက်ဘဲ လုပ်သူမဟုတ်ပေ။ ၎င်းတို့ထက်ပိုပြီး သူသည် စည်းကမ်းမရှိသူ မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ၏ လက်တွေ့ကျသည့် ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က သူ၏သာမန်တည်ရှိမှုကို ရရှိနေခြင်းက ဘုရားသခင်၏ အမျက်ဒေါသ၏ လက်တွေ့ကျသည့် ဤရှုထောင့်ကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသ မပါဘူးဆိုလျှင် လူသားမျိုးနွယ်သည် ပုံမှန်မဟုတ်သည့် နေထိုင်မှု အခြေအနေများထဲ ကျဆင်းသွားမှာဖြစ်ပါသည်။ တရားမျှတသည့်၊ လှပပြီး ကောင်းမွန်သည့် အရာအားလုံးသည် ဖျက်ဆီးခံရပြီး ပျောက်ကွယ်သွားမှာဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသမပါဘူးဆိုလျှင် ဖန်ဆင်းခဲ့သည့် သတ္တဝါတို့အတွက် ဖြစ်တည်မှု နိယာမများနှင့် စည်းမျဉ်းများသည် ပျက်စီး သွားလိမ့်မည်၊ သို့မဟုတ် လုံးဝ ဖြိုဖျက်ခြင်းခံရပါလိမ့်မည်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုကို ကာကွယ်ထိန်းသိမ်း ဖို့အတွက် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားမှာ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ ပါဝင်သည့်အတွက်ကြောင့် မကောင်းသည့်လူများအားလုံး၊ အရာဝတ္ထုများ၊ ပစ္စည်းများနှင့် လူသားမျိုးနွယ်၏ သာမန် ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်သည့် အရာအားလုံးသည် သူ၏ အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရခြင်း၊ ထိန်းချုပ် ခံရခြင်း၊ ဖျက်ဆီးခြင်းတို့ခံကြရသည်။ လွန်ခဲ့သည့် ထောင်စုနှစ် အချို့ တစ်လျှောက်မှာ ဘုရားသခင်သည် သူ၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း လုပ်ဆောင်မှု၌ ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများကဲ့သို့ ပြုမူသည့် ညစ်ညမ်းပြီး ဆိုးယုတ်သည့် ဝိညာဉ်အားလုံးကို ရိုက်ချ ဖျက်ဆီးဖို့အတွက် သူ၏ ဖြောင့်မတ်သည့်စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ထို့ကြောင့် လူသားကို ကယ်တင်ခြင်းမှာ ဘုရားသခင်၏ လုပ်ဆောင်မှုသည် သူ၏အစီအစဉ်အတိုင်း အမြဲတမ်း ရှေ့ဆက်သွားနေပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ တည်ရှိမှုကြောင့် လူသားများကြားက အဖြောင့်မတ်ဆုံးအရာသည် တစ်ခါမှ မဖျက်ဆီးခံရပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၀)

စာတန်က ကြင်နာတတ်သည်၊ တရားမျှတပြီး ကိုယ်ကျင့်တရားကောင်းမွန်သည်ဟု မြင်ရသော်လည်း အနှစ်သာရမှာ ရက်စက်ပြီး ဆိုးယုတ်ပါသည်

စာတန်သည် လူအများကို လှည့်စားခြင်းမှတစ်ဆင့် သူ၏ နာမည်ကြီးမှုကို ရရှိသည်။ စာတန်က ဖြောင့်မတ်ခြင်း၏ စံပြနှင့် ဦးစီးဦးဆောင်တစ်ယောက်အဖြစ် သူ့ကိုယ်သူ မကြာခဏ သက်သေထူပါသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်း၏ အောင်လံတံခွန်အောက်မှာ စာတန်သည် လူသားကို အန္တရာယ်ပြုသည်။ သူတို့၏ ဝိညာဉ်ကို ဝါးမျိုသည်။ လူသားကို ပိတ်ပင်ဖို့၊ လှည့်စားဖို့နှင့် သွေးဆောင်ဖို့ နည်းမျိုးစုံကို အသုံးပြုသည်။ သူ၏ပန်းတိုင်က သူ၏မကောင်းသည့် အပြုအမူများကို လူသားက လက်ခံပြီး လိုက်လျှောက်ဖို့၊ ဘုရားသခင်၏ သြဇာအာဏာနှင့် စိုးပိုင်မှုကို ဆန့်ကျင်ရာမှာ လူသားကို သူနှင့် ပူးပေါင်းအောင်လုပ်ဖို့ဖြစ်ပါသည်။ သို့သော်လည်း လူတစ်ယောက်က သူ၏မကောင်းကြံစည်မှုများ၊ အကွက်ချခြင်းများနှင့် ဆိုးညစ်သည့်ပုံစံများအပေါ် လိမ္မာပါးနပ်လာပြီး စာတန်၏ အရူးလုပ်ခြင်း၊ နင်းချေခံရခြင်းတို့ ဆက်ပြီးမခံချင်တော့သည့်အခါ သို့မဟုတ် စာတန်အတွက် ဆက်ပြီး ကျွန်မခံချင်တော့သည့်အခါ သို့မဟုတ် စာတန်နှင့်အတူ အပြစ်ဒဏ်ခံရပြီး အဖျက်ဆီးမခံချင်တော့သည့်အခါ၊ စာတန်က သူ၏ ယခင် ကိုယ်ကျင့်တရားကောင်းမွန်သည့် ပုံစံများကို ပြောင်းလိုက်ပြီး သူ၏ စစ်မှန်သည့် ဆိုးယုတ်၊ ကြမ်းတမ်းရက်စက်၊ အကျည်းတန်ပြီး ရိုင်းစိုင်းကြမ်းကြုတ်သည့် မျက်နှာကို ဖွင့်ပြဖို့အတွက် သူ၏ မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်ပါတော့သည်။ သူ၏ ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်ကိုလိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်ပါသည်။ ဤအချိန်မှာ စာတန်ကို ယုံကြည်၍ရသည်၊ လူကြီးလူကောင်း အသွင်အပြင်ရှိသည်ဟု ထင်မြင်ယူဆ၍မရတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သိုးရေခြုံအောက်မှ သူ၏ တကယ့် ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အသွင်အပြင်များ ထုတ်ဖော်ခံရပါတော့သည်။ စာတန်၏ မကောင်းသည့် အကြံအစည်များသည် သိသာထင်ရှားလာသည်နှင့်၊ သူ၏ စစ်မှန်သည့် ပုံစံကို ဖော်ထုတ်ပြီးသည်နှင့် သူသည် စိတ်တိုဒေါသထွက်ပြီး သူ၏ ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြတော့သည်။ လူများကို အန္တရာယ်ပြုဖို့နှင့် ဝါးမျိုဖို့ သူ၏ ဆန္ဒသည် ပို၍ပင် ပြင်းထန်လာသည်။ ဤသည်မှာ လူသား၏ နှိုးထမှုကြောင့် အလွန်စိတ်ဆိုးသည့်အတွက်ကြောင့်ဖြစ်သည်။ လွတ်လပ်မှုနှင့်အလင်းကို တောင့်တဖို့နှင့် စာတန်၏ ထောင်မှ လွတ်မြောက်ဖို့ သူတို့၏ ရည်မှန်းချက်ကြောင့် လူသားကို ပြင်းထန်သည့်အငြိုးဖြစ်ပေါ်လာပါသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ခုခံကာကွယ်ဖို့ ရည်ရွယ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘောသဘာဝ၏ တကယ့်ထုတ်ဖော်ခြင်းလည်းဖြစ်ပါသည်။

အကြောင်းအရာတိုင်းမှာ စာတန်၏ အပြုအမူက သူ၏ဆိုးယုတ်သည့်သဘောကို ဖော်ပြသည်။ လူသားအပေါ်မှာ စာတန်လုပ်ဆောင်ခဲ့သည့် ဆိုးယုတ်သည့်အပြုအမူများ အားလုံးထဲမှာ သူ့နောက်ကိုလိုက်အောင် လှည့်ဖြားဖို့ သူ၏အစောပိုင်း အားထုတ်မှုမှ သူ၏ မကောင်းသည့်လုပ်ဆောင်မှုများထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် လူသားကို အသုံးချခြင်းအထိ သူ၏တကယ့် အသွင်အပြင်က ပေါ်လွင်ပြီးနောက်မှာ လူသားအပေါ် စာတန်၏ အငြိုးထားခြင်းနှင့် လူသားသည် သူ့ကို သိမြင်လာပြီး စွန့်ပစ်လိုက်သည်။ စာတန်၏ ဆိုးယုတ်သည့်အနှစ်သာရကို ဖော်ထုတ်ဖို့ မလုပ်နိုင်သူ တစ်ယောက်မှမရှိပေ။ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်စပ်မှုမရှိဘူးဆိုသည့်အချက်ကို သက်သေပြဖို့ မလုပ်နိုင်သူ တစ်ယောက်မှမရှိပေ။ စာတန်သည် ဆိုးယုတ်သည့်အရာအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်းကို သက်သေပြဖို့ မလုပ်နိုင်သူ တစ်ယောက်မှ မရှိပေ။ သူ၏အပြုအမူတစ်ခုချင်းစီတိုင်းက သူ၏ဆိုးယုတ်မှုကို ကာကွယ်ပေးသည်။ သူ၏ဆိုးယုတ်သည့်အပြုအမူများ ဆက်လက်ပြုလုပ်ခြင်းအတွက် ထိန်းသိမ်းပေးသည်။ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည်။ လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုအတွက် နိယာမနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးပါသည်။ သူတို့သည် ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အမျက်ဒေါသက ဖျက်ဆီးပစ်မည့် အရာများဖြစ်ကြပါသည်။ စာတန်က သူ၏ကိုယ်ပိုင်ဒေါသရှိသော်လည်း သူ၏ဒေါသသည် သူ၏ဆိုးယုတ်သည့် သဘောကို ဖွင့်ချသည့်နည်းဖြစ်ပါသည်။ စာတန်က အလွန်စိတ်တိုလာပြီး ဒေါသထွက်လာသည့်အကြောင်းက ၎င်းတို့ကြောင့်ပင်ဖြစ်သည်။ သူ၏ ပြောပြ၍မရနိုင်သည့် မကောင်းသည့်အကြံအစည်များသည် ပေါ်လွင်သွားသည်။ သူ၏လှည့်ကွက်များသည် လွယ်လွယ်နှင့် မလွတ်နိုင်ပေ။ သူ၏ ကြမ်းတမ်းသည့် ရည်မှန်းချက်နှင့် ဘုရားသခင်ကို အစားထိုးဖို့နှင့် ဘုရားသခင်ကဲ့သို့ ပြုမူဖို့ ဆန္ဒသည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်။ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမှဖြစ်မလာဘဲ ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ပေ။ စာတန်၏ လှည့်ကွက်များ အကောင်အထည်ပေါ်လာခြင်းကို ရပ်တန့်လိုက်ပြီး စာတန်၏ ဆိုးယုတ်မှုများ ပျံ့နှံ့ခြင်းနှင့် ထကြွသောင်းကျန်းခြင်းများကို ဖြတ်တောက်ပစ်လိုက်ခြင်းက ဘုရားသခင်၏ အကြိမ်ကြိမ်အခါခါ ထုတ်လွှတ်သည့် သူ၏အမျက်ဒေါသပင် ဖြစ်ပါသည်။ ထို့ကြောင့် စာတန်သည် ဘုရားသခင်၏ အမျက်ဒေါသကို မုန်းလည်းမုန်း၊ ကြောက်လည်း ကြောက်ရွံ့ပါသည်။ ဘုရားသခင်၏အမျက်ဒေါသ အသုံးချမှုတိုင်းသည် စာတန်၏ဆိုးညစ်သည့် အသွင်အပြင်အမှန်ကို ဖွင့်ပြရုံတင်မကဘဲ အလင်းအပေါ်မှာ စာတန်၏ ဆိုးယုတ်သည့် ဆန္ဒကိုလည်း ဖော်ထုတ်ပါသည်။ တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်အပေါ် စာတန်၏ ဒေါသ၏ အကြောင်းရင်းများသည် လုံးဝ ပေါ်လွင်လာပါသည်။ စာတန်၏ ဒေါသ ပေါက်ကွဲခြင်းက သူ၏မကောင်းကြံစည်မှုများ ပေါ်ထွက်ခြင်းဖြစ်သည့် သူ၏ဆိုးယုတ်သည့် သဘောကို အမှန်တကယ် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ မှန်ပါသည်၊ စာတန်က အလွန်စိတ်ဆိုးသည့် အခါတိုင်းမှာ ဆိုးယုတ်သည့်အရာများ ပျက်စီးခြင်းကို ကြေညာပါသည်။ အပြုသဘောဆောင်သည့် အရာများအပေါ် ကာကွယ်ခြင်းနှင့် ဆက်လက်ဖြစ်ပေါ်ခြင်းကို ကြေညာပါသည်။ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် အမျက်ဒေါသ၏ သဘောသဘာဝကို ကြေညာပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၁)

ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိဖို့ အတွေ့အကြုံနှင့် စိတ်ကူးထင်မြင်မှုအပေါ်မှာ အမှီမပြုရပါ

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို သင်ကိုယ်တိုင် ရင်ဆိုင်ရသည့်အခါမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စစ်မှန်ခြင်းမရှိဟု သင်ပြောမည်လော။ ဘုရားသခင်၏ ဒေါသနောက်ကွယ်မှာ လိမ်ညာမှုတစ်ခုရှိသည်၊ သူ့ဒေါသသည် မစစ်မှန်ဘူးဟု သင်ဆိုမည်လော။ သူ၏စိတ်သဘောထားသည် လုံးဝ သေသေချာချာ ဖြောင့်မတ်ခြင်းမရှိဟု ပြောပြီး ဘုရားသခင်ကို သင် အသေရေဖျက်မည်လော။ ဘုရားသခင်၏ လုပ်ဆောင်ချက် တစ်ခုစီနှင့် ကြုံတွေ့ဆက်ဆံရသည့်အခါမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အခြား အချက်အလက်များ ကင်းလွတ်ကြောင်း၊ သန့်ရှင်းပြီး အမှား ကင်းစင်ကြောင်း သင်သေချာစေရပါမည်။ ဤလုပ်ဆောင်ချက်များမှာ လူသားမျိုးနွယ်ကို ဘုရားသခင်က ရိုက်ချခြင်း၊ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ ပါဝင်ပါသည်။ ခြွင်းချက်မရှိဘဲ ဘုရားသခင်၏ လုပ်ရပ် တစ်ခုစီတိုင်းက သူ၏ပင်ကို စိတ်သဘောထားနှင့် သူ၏အစီအစဉ် နှင့်အညီ တင်းကျပ်စွာ ပြုလုပ်ထားပါသည်။ ဤနေရာမှာ လူသားမျိုးနွယ်၏ အသိပညာ၊ ရိုးရာဓလေ့နှင့် အတွေးအခေါ်များ မပါဝင်ပေ။ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းက သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့၏ ဖော်ပြချက်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် မည်သည့်အရာနှင့်မှ ဆက်စပ်ခြင်းမရှိပေ။ လူသား၏ အယူအဆတို့မှာ ဘုရားသခင်၏ချစ်ခြင်း၊ လူသားမျိုးနွယ်အပေါ် သနားညှာတာမှုနှင့် သည်းခံခြင်းတို့သာ အမှားကင်းစင်၊ စစ်မှန်ပြီး သန့်ရှင်းမြင့်မြတ်သည်ဟု ထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ ဒေါသနှင့် သူ၏အမျက်ဒေါသတို့သည်လည်း အလားတူပင် စစ်မှန်ကြောင်းကို မည်သူမှ မသိပေ။ ထို့အပြင် ဘုရားသခင်က အဘယ့်ကြောင့် ထိပါးစော်ကားမှုများကို သည်းမခံသနည်း၊ သို့မဟုတ် သူ၏ဒေါသသည် အဘယ့်ကြောင့် သိပ်ကြီးမားသနည်းဆိုသည့် မေးခွန်းမျိုးကို မည်သူမှ သေချာမစဉ်းစားကြပေ။ ဆန့်ကျင်ဘက်အနေနှင့် တစ်ချို့က ဘုရားသခင်၏ အမျက်ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်ကဲ့သို့ ဒေါသစိတ်နှင့် အမြင်မှား ကြပြီး၊ ဘုရားသခင်၏ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသနှင့်အတူတူပင်ဖြစ်သည်ဟု နားလည် လွဲကြသည်။ ဘုရားသခင်၏ ဒေါသက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သဘာဝအလျောက် ထုတ်ဖော်ခြင်းဟုပင် မှားယွင်းစွာ ယူဆကြသည်။ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက မကျေနပ်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသကဲ့သို့ပင် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့အပြင် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော လူတို့က စိတ်မချမ်းမြေ့သော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ ဒေါသကဲ့သို့ဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ကြပြီး၊ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းသည် သူ့စိတ်ခံစားချက်ကို ဖော်ပြခြင်းဟုပင် ယုံကြည်ကြသည်။ ဤမိတ်သဟာယ ပြီးသည့်နောက်မှာ သင်တို့တစ်ယောက်ချင်း စီတိုင်းက ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား အပေါ် အယူအဆလွဲမှားခြင်းများ၊ စိတ်ကူးထင်မြင်ချက်များ သို့မဟုတ် အထင်အမြင်သက်သက်များ မရှိတော့ဖို့ မျှော်လင့်ပါသည်။ ငါ၏ စကားများကို ကြားပြီးနောက်မှာ သင်တို့ နှလုံးသားထဲမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အမျက်ဒေါသကို သင်တို့ အမှန်တကယ် သိမြင်ခြင်းရှိနိုင်ဖို့၊ ဘုရားသခင်၏ အမျက်ဒေါသအပေါ် ယခင်က မှားယွင်းစွာ နားလည်ထားခြင်းများကို ဘေးကိုဖယ်လိုက်နိုင်ဖို့၊ ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရအပေါ် သင်တို့၏ ကိုယ်ပိုင် မှားယွင်းသည့်ယုံကြည်မှုများနှင့် အမြင်များကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါသည်။ ထို့အပြင် သင်တို့နှလုံးသားထဲမှာ ဘုရားသခင်၏ စိတ်သဘောထား၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိနိုင်ဖို့၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သံသယတစ်ခုမှ မရှိတော့ဖို့၊ ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထား အပေါ်မှာ လူသား၏ ကျိုးကြောင်းဆင်ခြင်မှုများ သို့မဟုတ် စိတ်ကူးထင်မြင်မှုများနှင့် မသတ်မှတ်ဖို့ မျှော်လင့်ပါသည်။ ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားသည် ဘုရားသခင်၏ ကိုယ်ပိုင် မှန်ကန်သည့် အနှစ်သာရဖြစ်ပါသည်။ လူသားက ပုံသွင်းထားသည့် သို့မဟုတ် ရေးသားထားသည့် အရာတစ်ခုမဟုတ်ပေ။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်ပြီး မည်သည့်ဖန်ဆင်းခံနှင့်မှ ဆက်နွှယ်ခြင်း သို့မဟုတ် ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင် ကိုယ်တော်တိုင်က ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပါသည်။ သူသည် ဖန်ဆင်းထားသည့်အရာများ၏ အစိတ်အပိုင်းတစ်ခု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပေ။ ဖန်ဆင်းခံသတ္တဝါများကြားမှာ သူသည် အဖွဲ့ဝင်တစ်ယောက်ဖြစ်လာလျှင်တောင် သူ၏ ပင်ကို စိတ်သဘောထားနှင့် အနှစ်သာရသည် ပြောင်းလဲမှာ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းက အရာဝတ္ထုတစ်ခုကို သိခြင်းမဟုတ်ပေ။ တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း မဟုတ်သကဲ့သို့ လူတစ်ယောက်ကို နားလည်ခြင်းလည်း မဟုတ်ပေ။ လူသားသည် အရာဝတ္ထုတစ်ခုကို သိဖို့ သို့မဟုတ် လူတစ်ယောက်ကို နားလည်ဖို့အတွက် သူ၏အယူအဆ သို့မဟုတ် နည်းလမ်းကို ဘုရားသခင်ကို သိဖို့အတွက် အသုံးပြုလျှင် သင်သည် ဘုရားသခင်၏အကြောင်းကို ဘယ်တော့မှ သိမှာမဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းက အတွေ့အကြုံ သို့မဟုတ် စဉ်းစားထင်မြင်ခြင်းအပေါ်မှာ အမှီမပြုပေ။ ထို့ကြောင့် သင်သည် သင်၏ အတွေ့အကြုံ သို့မဟုတ် စိတ်ကူးထင်မြင်မှုကို ဘုရားသခင်အပေါ်မှာ ဘယ်တော့မှ သတ်မှတ်ခြင်း မပြုလုပ်သင့်ပေ။ သင်၏ အတွေ့အကြုံနှင့် စဉ်းစားတွေးတောမှုတို့က မည်မျှပင် ပေါများနေပါစေ၊ ၎င်းတို့က အကန့်အသတ်နှင့်ပင်ဖြစ်သည်။ ထို့နောက် သင်၏ စဉ်းစားတွေးတောခြင်းက အရှိတရားနှင့် ထပ်တူညီခြင်း မရှိပေ။ သမ္မာတရားနှင့် ထပ်တူညီဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် သဟဇာတ မဖြစ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ သင်၏ စဉ်းစားတွေးတောခြင်းကို အမှီပြုလျှင် သင်ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပေ။ ထို့ကြောင့် တစ်ခုတည်းသော လမ်းက ဘုရားသခင်ဆီက လာသည့် အရာအားလုံးကို လက်ခံပါ။ ပြီးလျှင် တဖြည်းဖြည်းနှင့် ၎င်းကို တွေ့ကြုံခံစားပြီး နားလည်ပါ။ သင်၏ ပူးပေါင်းလုပ်ဆောင်မှုကြောင့်၊ သမ္မာတရားအပေါ် သင်၏ ငတ်မွတ် ဆာလောင်မှုကြောင့် ဘုရားသခင်သည် သူ့ကို အမှန်တကယ်နားလည်ပြီး သိဖို့ သင့်ကို ဉာဏ်အလင်းဖွင့်ပြသည့် နေ့တစ်နေ့ ရောက်လာပါလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၂)

ယေဟောဝါဘုရားသခင်၏ သတိပေးချက်များက နိနေဝေ မြို့သားများဆီသို့ ရောက်သည်

ဒုတိယအပိုဒ်၊ ယောနဝတ္ထု၏ တတိယအခန်းကို ဆက်သွားကြရအောင်။ “ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော် လေ၏။” နိနေဝေမြို့သားများကိုပြောဖို့ ဘုရားသခင်က ယောနကို တိုက်ရိုက်ချပေးလိုက်သည့် စကားလုံးများ ဖြစ်ပါသည်။ ၎င်းတို့က ပင်ကိုအတိုင်းပဲ ယေဟောဝါက နိနေဝေမြို့သားများကို ပြောချင်သည့် စကားလုံးများလည်း ဖြစ်ပါသည်။ သူတို့၏ ဆိုးယုတ်မှုများသည် ဘုရားသခင်ရှေ့ကို ရောက်လာသည့်အတွက် ဘုရားသခင်သည် ဤမြို့မှာရှိသည့် လူတို့ကို စက်ဆုပ် မုန်းတီးပြီး ဤမြို့ကို သူဖျက်ဆီးချင်ကြောင်းကို ဤစကားလုံးများက လူတို့ကို ပြောပြပါသည်။ သို့သော်လည်း ဘုရားသခင်က ဤမြို့ကို မဖျက်ဆီးခင်မှာ သူသည် နိနေဝေမြို့သားများဆီကို ကြေညာချက်တစ်ခုလုပ်လိမ့်မည်။ သူတို့၏ ဆိုးယုတ်မှုများကို နောင်တရပြီး အသစ်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုကို သူတို့ကို တစ်ပြိုင်နက် ပေးပါလိမ့်မည်။ ဤအခွင့်အရေးက ရက်လေးဆယ်ကြာမည်။ တစ်နည်းပြောရလျှင် ဤမြို့ထဲက လူတို့က ရက်လေးဆယ်အတွင်းမှာ နောင်တရခြင်း၊ သူတို့၏ အပြစ်များကို ဝန်ခံခြင်း သို့မဟုတ် ယေဟောဝါ ဘုရားသခင်ရှေ့မှာ သူတို့ကိုယ်သူတို့ ပျပ်ဝပ်ကိုးကွယ်ခြင်း မရှိလျှင် ဘုရားသခင်သည် သောဒုံမြို့ကို သူလုပ်ခဲ့သကဲ့သို့ ဤမြို့ကို ဖျက်ဆီးပစ်မှာဖြစ်ပါသည်။ ၎င်းက ယောဟောဝါ ဘုရားသခင်သည် နိနေဝေမြို့က လူတို့ကို ပြောချင်သည့်အရာများ ဖြစ်ပါသည်။ ၎င်းက ရိုးရှင်းသည့် ကြေညာချက်တစ်ခုမဟုတ်သည်မှာ ရှင်းပါသည်။ ၎င်းက ယေဟောဝါဘုရားသခင်၏ ဒေါသကို အသိပေးရုံတင် မဟုတ်ဘဲ နိနေဝေမြို့သားများအပေါ် သူ၏ သဘောထားကိုလည်း အသိပေးထားသည်။ တစ်ချိန်တည်းမှာပဲ ဤရိုးရှင်းသည့် ကြေညာချက်က မြို့ထဲမှာ အသက်ရှင်နေထိုင်နေသည့် လူတို့အပေါ် လေးနက်သည့် သတိပေးချက်အဖြစ်လည်း ရည်ညွှန်းပါသည်။ သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များသည် ယေဟောဝါဘုရားသခင်၏ မုန်းတီးခြင်းကို ရရှိစေကြောင်းကို ဤသတိပေးချက်က သူတို့ကိုပြောပြပြီး သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များသည် မကြာခင်မှာ သူတို့ကိုယ်တိုင်၏ အဆုံးစွန် ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မည်ဆိုသည်ကိုလည်း ပြောပါ သည်။ ထို့ကြောင့် နိနေဝေမှာရှိသည့် လူတိုင်း၏ အသက်သည် အန္တရာယ်ကျရောက်လုဆဲဆဲမှာ ရှိပါသည်။

ယေဟောဝါဘုရားသခင်၏ သတိပေးချက်အပေါ် နိနေဝေမြို့နှင့် သောဒုံမြို့၏ တုံ့ပြန်ချက်၌ သိသာသည့် ကွာခြားချက်

ချေမှုန်းခံရခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ အရပ်သုံးစကားနှင့်ပြောရလျှင် ပျောက်ကွယ်သွားသည်ဟု ဆိုလိုပါသည်။ သို့သော်လည်း မည်ကဲ့သို့မျိုးနည်း။ မြို့တစ်ခုလုံးကို ချေမှုန်းပစ်ဖို့ မည်သူက လုပ်နိုင်သနည်း။ လူသားအတွက်ကတော့ ဤလုပ်ရပ်မျိုးလုပ်ဖို့ မဖြစ်နိုင်ပေ။ ဤလူတို့က မိုက်မဲသူများမဟုတ်ပေ။ ဤကြေညာချက်ကို သူတို့ကြားလိုက်သည်နှင့် ဘာကိုဆိုလိုသည်ဆိုခြင်းကို သူတို့သိခဲ့ သည်။ ဤသည်မှာ ဘုရားသခင်ဆီမှ လာသည်ဆိုသည်ကို သူတို့သိသည်။ ဘုရားသခင်က သူ့အလုပ်ကိုသူ လုပ်ဆောင်တော့ မည်ဆိုသည်ကို သူတို့သိသည်။ သူတို့၏ဆိုးယုတ်မှုသည် ယေဟောဝါဘုရားသခင်ကို အမျက်ထွက်စေပြီး သူတို့အပေါ်ကို သူစိတ်ဆိုးသည်၊ ထို့ကြောင့် မကြာခင်မှာ သူတို့သည် သူတို့၏မြို့နှင့်အတူ ဖျက်ဆီးခံရမည် ဆိုသည်ကို သူတို့သိသည်။ ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နားထောင် ပြီးနောက် ဤမြို့မှာရှိသည့်လူတို့က မည်သို့ပြုမူခဲ့သနည်း။ သူတို့၏ဘုရင်မှ သာမန်လူအထိ ဤလူတို့ မည်သို့တုံ့ပြန်ခဲ့သည် ဆိုသည်ကို သမ္မာကျမ်းစာမှာ အသေးစိတ် ဖော်ပြထားသည်။ ကျမ်းစာမှာ ဖော်ပြထားသည့်အတိုင်း “ထို့ကြောင့် နိနေဝေ မြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကို ကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သော လမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှ လည်းကောင်း လှည့်ပြန်ကြစေ။...ဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏။”

ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ကြားပြီးနောက်မှာ နိနေဝေမြို့မှာရှိသည့်လူတို့သည် သောဒုံမြို့မှာ ရှိသည့်လူတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည့် သဘောထားကို ပြခဲ့သည်။ သောဒုံမြို့ကလူတို့သည် မကောင်းမှုများ ထပ်ကာထပ်ကာ လုပ်ရင်း ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည်။ သို့သော်လည်း ဤစကားလုံးများကို ကြားပြီးနောက်မှာ နိနေဝေမြို့သားတို့သည် ဤကိစ္စကို လျစ်လျူမရှုခဲ့သကဲ့သို့ ဆန့်ကျင်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အစာရှောင်ဆုတောင်းဖို့အတွက် ကြေညာခဲ့သည်။ “ယုံကြည်” ဆိုသည်မှာ ဤနေရာတွင် ဘာကိုရည်ညွှန်းသနည်း။ ဤစကားလုံးကိုယ်၌မှာ ယုံကြည်ခြင်းနှင့် လိုက်လျှောက်ခြင်းကို ပြသည်။ ဤစကားလုံးကိုရှင်းပြဖို့ နိနေဝေမြို့သားတို့၏ တကယ့်အပြုအမူကို အသုံးပြုလျှင် ဘုရားသခင်က သူပြောသကဲ့သို့ လုပ်နိုင်ပြီး သူပြောသကဲ့သို့ လုပ်လိမ့်မည် ဆိုသည်ကို သူတို့ယုံပြီး သူတို့သည် နောင်တရဖို့ ဆန္ဒရှိနေသည်ဟု ဆိုလိုသည်။ နိနေဝေမြို့၏ လူတို့သည် ကျရောက်လုဆဲ ဘေးဒုက္ခကို ကြောက်ရွံ့ခဲ့ကြသလော။ သူတို့နှလုံးသားထဲမှာ ကြောက်ရွံ့ခြင်းကို ထည့်ပေးခြင်းက သူတို့၏ ယုံကြည်မှုဖြစ်သည်။ နိနေဝေမြို့သားတို့၏ ယုံကြည်မှုနှင့် ကြောက်ရွံ့မှုကို သက်သေပြဖို့ မည်သည်ကို အသုံးပြု၍ရမည်နည်း။ သမ္မာကျမ်းစာက ပြောသကဲ့သို့ပင် ဖြစ်သည်။ “လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာ အချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။” ဆိုလိုသည်မှာ နိနေဝေမြို့သားတို့က အမှန်တကယ်ပင် ယုံကြည်ခဲ့ကြသည်။ ဤယုံကြည်မှုမှတဆင့် ကြောက်ရွံ့ခြင်း ရောက်ရှိလာပြီး အစာရှောင်ခြင်းနှင့် လျှော်တေအဝတ်ကို ဝတ်ခြင်းတို့ ဖြစ်စေခဲ့သည်။ ဤသည်မှာ သူတို့၏ နောင်တရခြင်းအစကို ပြသည့်ပုံစံဖြစ်ပါသည်။ သောဒုံမြို့က လူတို့နှင့် လုံးဝကွာခြားပြီး နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမပြုလုပ်ရုံတင် မကဘဲ သူတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်တို့မှတစ်ဆင့် သူတို့၏ နောင်တရခြင်းကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါသည်။ ဟုတ်ပါသည်။ ၎င်းက နိနေဝေ၏ သာမန်လူတို့သာလျှင် ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ သူတို့၏ဘုရင်က ခြွင်းချက်ထဲမှာ မပါပေ။

နိနေဝေဘုရင်၏ နောင်တရခြင်းက ယေဟောဝါဘုရားသခင်၏ ချီးမြှောက်ခြင်းကို ရယူနိုင်ခဲ့သည်

နိနေဝေဘုရင်က ဤသတင်းကို ကြားသည့်အခါမှာ သူ့ပလ္လင်မှ သူထလိုက်သည်။ သူ၏ဝတ်စုံကို ချွတ်လိုက်သည်။ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာများထဲမှာ ထိုင်လိုက်သည်။ ထို့နောက်မှာ သူသည် မြို့ထဲက မည်သူမှ ဘာကိုမှ မစားရ၊ မွေးမြူရေးတိရစ္ဆာန်များ၊ သိုးသငယ်များ၊ နွားများကိုလည်း အစာမကျွေး၊ ရေမတိုက်ရဟု ကြေညာခဲ့သည်။ လူသားနှင့် မွေးမြူရေးတိရစ္ဆာန်တို့ အတူတူပင် လျှော်တေအဝတ်ကို ဝတ်ကြဖို့ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြသည်။ လူတိုင်းသည် သူတို့၏မကောင်းသည့်လမ်းခရီးများကို ငြင်းပယ်ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ဖို့ကိုလည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဤလုပ်ရပ်အစဉ်လိုက်ကို ကြည့်လျှင် နိနေဝေ၏ဘုရင်သည် သူ၏ ရိုးသားလေးနက်သည့် နောင်တရခြင်းကို ထုတ်ဖော်ပြသခဲ့ပါသည်။ သူ့ပလ္လင်ပေါ်မှ ထခြင်း၊ သူ၏ဘုရင်ဝတ်စုံကို ပစ်ခြင်း၊ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာများထဲမှာ ထိုင်နေခြင်းစသည့် သူပြုလုပ်ခဲ့သည့် လုပ်ရပ်အစဉ်လိုက်တို့က နိနေဝေ၏ဘုရင်သည် သူ၏တော်ဝင် အဆင့်အတန်းကို ဘေးဖယ်ထားပြီး သာမန်လူများနှင့်အတူ လျှော်တေအဝတ်ကိုဝတ်ဆင်သည်ဟု လူတို့ကို ပြောလိုက်ခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ နိနေဝေဘုရင်သည် ယေဟောဝါ ဘုရားသခင်၏ ကြေညာချက်ကိုကြားပြီးသည့်နောက်မှာ သူ့လက်မှာရှိသည့် သူ၏မကောင်းသည့်လမ်းခရီးများ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းများကို ဆက်လုပ်ဖို့ သူ၏ တော်ဝင်နေရာကို မယူထားခဲ့ပေ။ သူကိုင်စွဲထားသည့် သြဇာအာဏာကို ဘေးချထားပြီး ယေဟောဝါဘုရားသခင်၏ ရှေ့မှာ နောင်တရခဲ့သည်။ ဤအချိန်ခဏ၌ နိနေဝေဘုရင်သည် ဘုရင်တစ်ပါးအနေနှင့် နောင်တရခြင်းမဟုတ်ပေ။ သူသည် ဘုရားသခင်၏ သာမန် အရာဝတ္ထုတစ်ခုအနေနှင့် သူ့အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ ဘုရားသခင်ရှေ့ကို လာခဲ့ခြင်းပင်ဖြစ်သည်။ တဖန် သူ့လိုပုံစံမျိုးနှင့် ယေဟောဝါ ဘုရားသခင်ရှေ့မှာ မိမိ၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ တစ်မြို့လုံးကို သူပြောခဲ့သည်။ ထပ်ဖြည့်စွက်ရလျှင် သူ့မှာ မည်သို့လုပ်မည်ဆိုသည့် သီးသန့်အစီအစဉ်တစ်ခုရှိခဲ့သည်။ ကျမ်းစာမှာ မြင်ရသည့်အတိုင်း၊ “လူဖြစ်စေ၊ သားရဲတိရစ္ဆာန် ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။...ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှ လည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” ဤမြို့၏ အုပ်ချုပ်သူအနေနှင့် နိနေဝေဘုရင်သည် မြင့်မားသည့် အဆင့်အတန်းနှင့် အာဏာကိုပိုင်ဆိုင်ပြီး သူဆန္ဒရှိသည့်အရာ ဘယ်အရာမဆို လုပ်နိုင်သည်။ ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ရင်ဆိုင်ရသည့်အခါမှာ သူသည် ဤအကြောင်းအရာကို လျစ်လျူရှု၍ ရနိုင်သည်။ သို့မဟုတ် သူ့အပြစ်ကိုသာလျှင် နောင်တရပြီး ဝန်ခံလိုက်၍ရသည်။ မြို့ထဲကလူတို့က နောင်တရဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ ဤအကြောင်းကိစ္စကို သူလုံးဝ လျစ်လျူရှု၍ ရနိုင်သည်။ သို့သော်လည်း နိနေဝေဘုရင်က ဤကဲ့သို့ လုံးဝမလုပ်ခဲ့ပေ။ သူ့ပလ္လင်မှ ထရုံသာမကဘဲ လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီး ယေဟောဝါဘုရားသခင်ရှေ့မှာ သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရခဲ့သည်။ မြို့ထဲမှာရှိသည့်လူတို့နှင့် မွေးမြူရေး တိရစ္ဆာန်များ အားလုံးကိုလည်း ဤကဲ့သို့လုပ်ဖို့ သူအမိန့်ထုတ် ခဲ့သည်။ လူတို့ကို “ကြိုးစားပြီး ဘုရားသခင်ကိုဆုတောင်းဖို့” ကိုတောင် သူအမိန့်ထုတ်ခဲ့သည်။ ဤလုပ်ရပ်အစဉ်လိုက် မှတစ်ဆင့် နိနေဝေဘုရင်သည် အုပ်ချုပ်သူတစ်ယောက် လုပ်သင့်သည်ကို အမှန်တကယ် လုပ်ဆောင်ခဲ့သည်။ သူ၏လုပ်ရပ်အစဉ်လိုက်သည် လူသားသမိုင်းမှာ မည်သည့် ဘုရင်အတွက်မဆို လုပ်နိုင်ဖို့ ခက်ခဲပြီး မည်သူမှ မလုပ်နိုင်ခဲ့သည့် အရာလည်းဖြစ်ပါသည်။ ဤလုပ်ရပ်များကို လူသားသမိုင်းမှာ တစ်ခါမှမဖြစ်ဖူးသည့် လုပ်ဆောင်ချက်များဟု ခေါ်ဆိုနိုင်ပါသည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့၊ အတုခိုးခြင်း ခံရဖို့ ထိုက်တန်ပါသည်။ လူသား၏ အစအဦးကတည်းက ဘုရင်တိုင်းသည် ဘုရားသခင်ကို ခုခံဆန့်ကျင်ရန် သူ၏လူများကို ဦးဆောင်ခဲ့သည်။ သူတို့၏ ဆိုးယုတ်မှုအတွက် ရွေးနှုတ်ခြင်းကို ရှာဖွေဖို့ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့၊ ယေဟောဝါဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်လာတော့မည့် အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့ မည်သူကမှ သူ့လူများကို ဦးမဆောင်ခဲ့ပေ။ သို့သော်လည်း နိနေဝေဘုရင်က သူ့လူများကို ဘုရားဆီသို့ ဦးဆောင်ဖို့၊ သူတို့၏ သက်ဆိုင်ရာ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်မှာရှိသည့် ကြမ်းတမ်းရက်စက်မှုများကို စွန့်လွှတ်ဖို့ ပြုလုပ်နိုင်ခဲ့သည်။ တဖန် သူ၏ပလ္လင်ကိုလည်း ဘေးချထားနိုင်ခဲ့သည်။ အပြန်အလှန် အနေနှင့် ယေဟောဝါဘုရားသခင်သည် ပြန်လှည့်ပြီး နောင်တရခဲ့သည်။ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့မှာရှိသည့်လူများကို အသက်ရှင်ခွင့်ပေးပြီး ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးလိုက်သည်။ ဘုရင်ကြီး၏ အပြုအမူကို လူသားသမိုင်းမှာ ရှားပါးသည့် ဆန်းကြယ်မှုဟုပင် ခေါ်ဆိုနိုင်ပါသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ဘုရားသခင်ရှေ့မှာ သူတို့၏အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့၏ စံပြတစ်ခုဟုပင် ခေါ်ဆိုနိုင်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၃)

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေ မြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကို ကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာ စေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။

နိနေဝေမြို့သားတို့၏ နှလုံးသားအတွင်းမှာ ရိုးသားဖြူစင်သည့် နောင်တရခြင်းကို ဘုရားသခင် မြင်သည်

ဘုရားသခင်၏ ကြေညာချက်ကို နားထောင်ပြီးနောက်မှာ နိနေဝေဘုရင်နှင့် သူ့လူများသည် လုပ်ရပ်များ တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များ၏ သဘောတရားက အဘယ်နည်း။ တစ်နည်းပြောရလျှင် သူတို့၏အပြုအမူအားလုံး၏ အနှစ်သာရက အဘယ်နည်း။ သူတို့လုပ်ခဲ့သည့်အရာကို သူတို့ ဘာကြောင့်လုပ်ခဲ့သနည်း။ ဘုရားသခင်၏ အမြင်မှာ သူတို့သည် ရိုးသားဖြူစင်စွာ နောင်တရခဲ့သည်။ သူ့ရှေ့မှာ သူတို့၏အပြစ်ကို ဝန်ခံခဲ့ပြီး ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးခဲ့ခြင်းကြောင့် သာလျှင်မဟုတ်ဘဲ သူတို့၏ ဆိုးယုတ်သည့် အပြုအမူများ ကိုလည်း စွန့်ပစ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်မှာ သူတို့သည် အလွန်ပင်ကြောက်လန့်သွားပြီး သူပြောသကဲ့သို့ လုပ်လိမ့်မည် ဆိုသည်ကို ယုံကြည်ခဲ့ကြ၍ ဤအတိုင်းလုပ်ခဲ့ကြခြင်းဖြစ်သည်။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာများထဲမှာထိုင်ခြင်းအားဖြင့် သူတို့၏လမ်းခရီးများကို ပြန်လည်ပြုပြင်ဖို့နှင့် ဆိုးယုတ်မှုမှ ရှောင်ကြဉ်ထိန်းသိမ်းဖို့၊ သူ၏ဒေါသကို ထိန်းဖို့ ယေဟောဝါဘုရားသခင်အတွက် ဆုတောင်းဖို့၊ သူ၏ဆုံးဖြတ်ချက်နှင့် သူတို့အပေါ်ကျရောက်လာမည့် ကပ်ဘေးကို ပြန်လည်ရုတ်သိမ်းဖို့ ယေဟောဝါ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့ သူတို့ဆန္ဒရှိခြင်းကို ဖော်ပြချင်ခဲ့ကြသည်။ သူတို့၏အပြုအမူ အားလုံးကို စူးစမ်းစစ်ဆေးခြင်းမှတစ်ဆင့် သူတို့၏ အရင်က ဆိုးယုတ်သည့် အပြုအမူများကို ယေဟောဝါဘုရားသခင်က စက်ဆုပ်သည်ဆိုခြင်းကို သူတို့နားလည်ခဲ့သည်၊ သူမကြာခင် သူတို့ကို ဘာကြောင့်ဖျက်ဆီးမည်ဆိုသည့် အကြောင်းရင်းကို သူတို့နားလည်ခဲ့ကြောင်းကို ငါတို့ မြင်နိုင်ပါသည်။ ဤအကြောင်းပြချက်များကြောင့် သူတို့အားလုံးသည် လုံးဝနောင်တရဖို့၊ သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့ကြသည်။ တစ်နည်းပြောရလျှင် ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို သူတို့ သိလိုက်သည်နှင့် သူတို့တစ်ယောက်ချင်းစီတိုင်း၏ နှလုံးသားများထဲမှာ အကြောက်တရားကို ခံစားခဲ့ကြသည်။ ဘုရားသခင်မုန်းသည့် သူတို့၏ ဆိုးယုတ်သည့်အပြုအမူများကို ဆက်မလုပ်တော့သကဲ့သို့ ဤလုပ်ရပ်များကို ဆက်ပြီး မကျူးလွန်တော့ပေ။ ထပ်ဖြည့်စွက်ရလျှင် သူတို့၏ အရင်ကအပြစ်များကို ခွင့်လွှတ်ဖို့နှင့် သူတို့၏အရင်က လုပ်ဆောင်ချက်များအရ သူတို့ကို မဆက်ဆံဖို့ ယေဟောဝါဘုရားသခင်ကို တောင်းပန်တိုးလျှိုးခဲ့သည်။ သူတို့သည် ဆိုးယုတ်မှုများကို ဘယ်တော့မှ မထိတွေ့ဖို့နှင့် ယေဟောဝါဘုရားသခင်၏ ညွှန်ကြားချက်များအရ ပြုမူဖို့ ဆန္ဒရှိနေခဲ့ကြပါသည်။ ယေဟောဝါဘုရားသခင်ကို သူတို့နောက်တစ်ခါ ဘယ်တော့မှ ဒေါသမထွက်စေလျှင်ဖြစ်သည်။ သူတို့၏ နောင်တရခြင်းက ရိုးသားဖြူစင်ပြီး ပြည့်စုံမှုရှိပါသည်။ သူတို့၏နှလုံးသားအတွင်းထဲကလာပြီး ဟန်ဆောင်ခြင်း မဟုတ်သကဲ့သို့ ယာယီလည်း မဟုတ်ပေ။

နိနေဝေမှာရှိသည့်လူများ၊ အမြင့်မားဆုံးဘုရင်မှ သူ့လူများအထိ၊ ယေဟောဝါဘုရားသခင်သည် သူတို့ကို စိတ်ဆိုးသည်ဆိုသည်ကို သိရှိခဲ့သည်နှင့် သူတို့၏ လုပ်ရပ်တစ်ခုချင်းစီတိုင်း၊ သူတို့၏အပြုအမူအလုံးစုံနှင့် သူတို့၏ ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုတိုင်းသည် ဘုရားသခင်၏ အမြင်မှာ ရှင်းလင်းမြင်သာသည်။ ဘုရားသခင်၏ နှလုံးသားသည် သူတို့၏ အပြုအမူအရ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှာ ဘုရားသခင်၏ စိတ်အခြေအနေက မည်သို့ရှိခဲ့သနည်း။ သမ္မာကျမ်းစာက ဤမေးခွန်းကို သင့်အတွက် ဖြေဆိုနိုင်ပါသည်။ ကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်းဖြစ်ပါသည်။ “သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။” ဘုရားသခင်က သူ့စိတ်ကို ပြောင်းလဲခဲ့သော်လည်း သူ့စိတ်အခြေအနေနှင့် ပတ်သက်၍ ရှုပ်ထွေးခြင်း မရှိပေ။ သူသည် ရိုးရိုးရှင်းရှင်းပင်၊ သူ၏ဒေါသကို ဖော်ပြခြင်းမှ သူ့ဒေါသကို စိတ်ငြိမ်စေ လိုက်ခြင်းပင်ဖြစ်သည်။ ထို့နောက်နိနေဝေမြို့အပေါ်ကို ကပ်ဘေး သယ်ဆောင်မလာရန် ဆုံးဖြတ်ခဲ့သည်။ နိနေဝေမြို့သားများကို ကပ်ဘေးမှ အသက်ချမ်းသာခွင့်ပေးဖို့ဖြစ်သည့် ဘုရားသခင်၏ ဆုံးဖြတ်ချက်က ဘာကြောင့်မြန်ဆန်သလဲဆိုသည်က ဘုရားသခင်က နိနေဝေမှာရှိသည့် လူတိုင်း၏ နှလုံးသားကို လေ့လာကြည့်ရှုခဲ့သည့်အတွက်ဖြစ်ပါသည်။ သူတို့နှလုံးသားထဲမှာ ဘာကိုကိုင်စွဲထားသနည်းဆိုသည်ကို သူမြင်ခဲ့ပါသည်။ သူတို့အပြစ်များအတွက် သူတို့၏ ဝန်ခံခြင်းနှင့် နောင်တရခြင်း၊ သူ့အပေါ် သူတို့၏ ရိုးသားသည့် ယုံကြည်ခြင်း၊ သူ၏စိတ်သဘောထားကို သူတို့၏ဆိုးယုတ်သည့်အပြုအမူများက မည်ကဲ့သို့စိတ်ဆိုးစေခဲ့သနည်းဆိုသည့် သူတို့၏နက်နဲသည့် အသိစိတ်ခံစားချက်၊ ယေဟောဝါဘုရားသခင်ဆီမှ ကျရောက်တော့မည့် အပြစ်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုများဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဤကပ်ဘေးကို ရှောင်ကြဉ်နိုင်ဖို့အတွက် သူတို့အပေါ် သူ၏ဒေါသကို အဆုံးသတ်ဖို့ သူ့ကို တောင်းပန်တိုးလျှိုးနေသည့် သူတို့၏နှလုံးသားအတွင်းထဲက ဆုတောင်းသံများကိုလည်း ယေဟောဝါ ဘုရားသခင်က ကြားခဲ့သည်။ ဘုရားသခင်က ဤအချက်များအားလုံးကို ကြည့်ရှုလေ့လာသည့်အခါမှာ သူ၏ဒေါသများက နည်းနည်းချင်း ပျောက်ကွယ်သွားခဲ့ပါသည်။ အရင်က သူ၏ဒေါသက မည်မျှပင်ကြီးပါစေ ဤလူတို့၏ နှလုံးသားအတွင်းထဲက ရိုးသားဖြူစင်သည့် နောင်တရခြင်းကို သူမြင်သည့်အခါမှာ သူ့နှလုံးသားက ဤအရာအားဖြင့် ထိတွေ့ခံရပြီး သူတို့အပေါ်ကို ဘေးဒုက္ခသယ်လာဖို့ သူမလုပ်နိုင်တော့ဘဲ သူတို့အပေါ် ဒေါသထွက်ခြင်းကို ရပ်လိုက်ပါသည်။ ထို့အပြင် သူတို့အပေါ်မှာ သူ၏သနားညှာတာမှုနှင့် သည်းခံမှုကို ဆက်ထားခဲ့ပြီး သူတို့ကို ဆက်လက် လမ်းညွှန်ပြီး ထောက်ပံ့ပေးခဲ့သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၄)

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေ မြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကို ကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာ စေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။

ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်းက မှန်ကန်သည်ဆိုလျှင် သူ၏ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မည်

နိနေဝေသားတို့အပေါ် ဘုရားသခင်က သူ၏ရည်ရွယ်ချက်ကို ပြောင်းလဲခြင်းက တွန့်ဆုတ်ခြင်း သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ အမှန်တကယ်တွင်မူ ဒေါသသက်သက်မှ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မှန်ကန်သည့် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်တို့၌ မည်သည့်အခါမျှ မပြတ်သားခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ သူ့လုပ်ရပ်များနောက်က သဘောတရားများနှင့် ရည်ရွယ်ချက်များက အားလုံးရှင်းလင်းပြီး ပွင့်လင်းမြင်သာသည်၊ သန့်စင်ပြီး အပြစ်အနာအဆာ ကင်းမဲ့သည်။ အတွင်း၌ လှည့်ကွက် သို့မဟုတ် အကြံအစည်တို့ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရမှာ မှောင်မိုက်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်းတို့ မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးယုတ်သည့် အပြုအမူများက သူ့ရှေ့ကို ရောက်လာသည့် အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေသားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာ အားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပဲ ဖြစ်နေပါသေးသည်။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏ သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလ တစ်ခုလုံး အတွင်းမှာ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားညှာတာခြင်း အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးယုတ်သည့် အပြုအမူများကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါမှာ သူ့ဒေါသကို သူတို့အပေါ် ယူဆောင်လာလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ့ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီး ဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်တန့်မည် မဟုတ်ပေ။ သူ၏အမျက်ဒေါသသည် သူတို့ဖျက်ဆီးခံရသည့်အထိ နည်းနည်းချင်း သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ သို့မဟုတ် သနားညှာတာမှုနှင့် မေတ္တာကို ဖော်ပြသည်ဖြစ်စေ လူသား၏နှလုံးသားအတွင်းမှာ ဘုရားသခင် အပေါ် သူ၏ အပြုအမူနှင့် သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ခြင်းမှတစ်ဆင့် ဖော်ပြသည့် အရာကို သတ်မှတ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် ဘုရားသခင်ကို ဆန့်ကျင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ သူက တစ်ခါမျှ အမှန်တကယ် နောင်တရခြင်း မရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့မှာ ဦးညွတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် မှန်ကန်သည့် ယုံကြည်မှု ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းကို တစ်ခါမျှ မရရှိပေ။ လူတစ်ဦးသည် ဘုရားသခင်၏ ဂရုစိုက်မှုကို မကြာခဏလက်ခံရရှိပြီး သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို မကြာခဏလက်ခံရရှိလျှင် ဤလူသည် သူ့နှလုံးသားမှာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ခြင်း ရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်ကို မဆန့်ကျင်ပေဆိုသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သူသည် ဘုရားသခင်ရှေ့မှာ မကြာခဏ အမှန်တကယ် နောင်တရသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်မှာ မကြာခဏ ဆင်းသက်သော်လည်း သူ၏အမျက်ဒေါသ ကျရောက်မည် မဟုတ်ပေ။

ဤအတိုချုပ် အသေးစိတ်အချက်အလက်များက ဘုရားသခင်၏ နှလုံးသားကို လူတို့မြင်ဖို့၊ သူ၏အနှစ်သာရ၏ စစ်မှန်ခြင်းကို မြင်ဖို့၊ ဘုရားသခင်၏ ဒေါသနှင့် သူ၏နှလုံးသားပြောင်းလဲခြင်းသည် အကြောင်းမရှိဖြစ်ခြင်း မဟုတ်ဘူးဆိုသည်ကို မြင်ဖို့ အခွင့်ပေးပါသည်။ သူ၏ဒေါသနှင့် သူ၏သည်းခံခြင်းဖြစ်သည့် ဘုရားသခင်၏အနှစ်သာရ၏ ဤအချက်နှစ်ချက်ကြားမှာ တည်ရှိနေပုံရသည့် ကြီးမားသည့် ကွာဟမှု သို့မဟုတ် ကြီးမားသည့်ခြားနားမှု တည်ရှိနေပုံရသည်ဟု လူတို့ကို ယုံကြည်စေသည့် သူစိတ်ဆိုးသည့်အချိန်နှင့် သူ၏နှလုံးသား ပြောင်းလဲသည့်အချိန်မှာ ဘုရားသခင် ထုတ်ဖော်ပြသခဲ့သည့် သိသာသည့် ကွဲပြားမှုရှိသော်လည်း၊ နိနေဝေမြို့သားတို့၏ နောင်တရခြင်းအပေါ် ဘုရားသခင်၏ သဘောထားသည် ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို လူတို့ကို မြင်စေပါသည်။ ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုကို နောက်တစ်ကြိမ်မြင်စေဖို့၊ ဘုရားသခင်၏ အနှစ်သာရ အမှန်တကယ် ထုတ်ဖော်ခြင်းကို မြင်စေဖို့ လူသားမျိုးနွယ်ကို အမှန်တကယ် အခွင့်ပေးပါသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုသည် ဒဏ္ဍာရီများမဟုတ်သကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းများ မဟုတ်ဘူးဆိုသည်ကို အသိအမှတ်ပြုရုံပဲရှိပါသည်။ ဤသည်မှာ ထိုအချိန်၌ ဘုရားသခင်၏ ခံစားချက်က မှန်ကန်သည့်အတွက်ကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏နှလုံးသားပြောင်းလဲခြင်းက မှန်ကန်ပါသည်။ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သူ၏သနားညှာတာမှုနှင့် သည်းခံမှုကို အမှန်တကယ်ပင် နောက်တစ်ကြိမ် ချပေးသနားခဲ့ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၅)

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေ မြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကို ကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာ စေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။

နိနေဝေမြို့သားတို့၏ နှလုံးသားမှာရှိသည့် စစ်မှန်သည့်နောင်တသည် ဘုရားသခင်၏ သနားညှာတာမှုကို ရယူနိုင်ခဲ့ပြီး သူတို့၏အဆုံးသတ်ကို ပြောင်းလဲစေခဲ့သည်

ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းနှင့် သူ၏အမျက်ဒေါသကြားမှာ တစ်ခုနှင့်တစ်ခုမကိုက်ညီခြင်း ရှိသလော။ မည်သို့ရှိပါ့မည်နည်း။ ဤသည်မှာ အထူးသဖြင့် ထိုအချိန်၌ ဘုရားသခင်၏ သည်းခံခြင်းက အကြောင်းရင်း ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ဤအကြောင်းရင်းက မည်သို့ ဖြစ်နိုင်မည်နည်း။ သမ္မာကျမ်းစာမှာ ပြထားသည့် အရာတစ်ခု ဖြစ်ပါသည်။ “လူတိုင်းက သူ၏မကောင်းသည့်လမ်းခရီးများကို ထားခဲ့သည်” ဆိုခြင်းနှင့် “သူတို့လက်ထဲက ရက်စက် ကြမ်းကြုတ်မှုများကို စွန့်ပစ်သည်” ဆိုခြင်းတို့ဖြစ်ပါသည်။

ဤ “မကောင်းသည့် လမ်းခရီး” က မကောင်းသည့် လုပ်ရပ်တစ်ချို့ကို ရည်ညွှန်းခြင်းမဟုတ်ပေ။ လူတို့၏ အပြုအမူနောက်က မကောင်းသည့်အရင်းအမြစ်ကို ရည်ညွှန်းခြင်းဖြစ်သည်။“သူ၏ မကောင်းသည့်လမ်းခရီးကို ထားခဲ့ခြင်း” ဆိုသည်မှာ ထိုလူတို့သည် ဤလုပ်ရပ်တို့ကို ဘယ်တော့မှ နောက်ထပ် မကျူးလွန်တော့ဘူးဟု ဆိုလိုပါသည်။ တစ်နည်းပြောရလျှင် သူတို့သည် ဤမကောင်းသည့်နည်းလမ်းကို နောက်ထပ် ဘယ်တော့မှ မပြုလုပ်တော့ပေ။ သူတို့လုပ်ရပ်များ၏ နည်းလမ်း၊ အရင်းအမြစ်၊ ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့် သဘောတရားများသည် အားလုံးပြောင်းလဲခဲ့သည်။ သူတို့နှလုံးသားမှာ သာယာကြည်နူးမှုနှင့် ပျော်ရွှင်မှုကိုရရှိဖို့ ဤနည်းလမ်းများနှင့် သဘောတရားများကို ဘယ်တော့မှ အသုံးပြုမှာမဟုတ်တော့ပေ။ “သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်သည်” မှာရှိသည့် “စွန့်လွှတ်” ဆိုခြင်းက လွတ်ချဖို့ သို့မဟုတ် ဘေးဖယ်လိုက်ဖို့၊ အတိတ်ကို လုံးဝ ဖြတ်တောက်လိုက်ပြီး ဘယ်တော့မှ နောက်ပြန်မကြည့်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ နိနေဝေ၏ လူတို့သည် သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်ခဲ့သည့်အခါမှာ ဤအချက်သည် သူတို့၏ မှန်ကန်သည့် နောင်တကို သက်သေပြသကဲ့သို့ ကိုယ်စားလည်းပြုပါသည်။ ဘုရားသခင်သည် လူတို့၏ အပြင်ပန်းနှင့် သူတို့၏ နှလုံးသားကိုလည်း လေ့လာကြည့်ရှုပါသည်။ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ နှလုံးသားမှာရှိသည့် မှန်ကန်သည့် နောင်တကို မေးခွန်းမမေးဘဲနှင့် လေ့လာကြည့်ရှုပြီး သူတို့သည် သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့၏လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခဲ့ကြောင်းကိုလည်း ကြည့်ရှုသိမြင်ပြီးသည့်အခါ သူ့နှလုံးသားကို သူပြောင်းလဲခဲ့သည်။ ဆိုလိုသည်မှာ ဤလူတို့၏ အနေအထိုင်၊ အပြုအမူနှင့် အကြောင်းအရာများကို လုပ်ဆောင်သည့်နည်းလမ်းအမျိုးမျိုးနှင့် သူတို့ နှလုံးသားထဲမှာ ရှိသည့် မှန်ကန်သည့် ဝန်ခံခြင်းနှင့် နောင်တတို့သည် ဘုရားသခင်အား သူ့နှလုံးသားပြောင်းလဲစေဖို့၊ သူ၏ ရည်ရွယ်ချက်များကို ပြောင်းလဲစေဖို့၊ သူ၏ဆုံးဖြတ်ချက်ကို ရုတ်သိမ်းပြီး သူတို့ကို ပြစ်ဒဏ်မခတ်ဖို့ သို့မဟုတ် မဖျက်ဆီးဖို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နိနေဝေမြို့၏ လူတို့သည် မတူညီသည့် အဆုံးသတ်ကို ရရှိခဲ့ပါသည်။ သူတို့၏ ကိုယ်ပိုင်အသက်ကို ပြန်လည် ရွေးနှုတ်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်က သူ၏ အမျက်ဒေါသကို ရုတ်သိမ်းခဲ့စေသည့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုကို ရယူနိုင်ခဲ့သည်။

ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုတို့သည် မနည်းပါးပေ။ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်

နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပဲ စိတ်ဆိုးခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီးသည်နှင့် သူ့နှလုံးသားသည် တဖြည်းဖြည်းပျော့ပြောင်းလာပြီး သူ့နှလုံးသားကို သူ စတင်ပြောင်းခဲ့ပါသည်။ သူတို့၏မြို့ကို သူဖျက်ဆီးမည်ဆိုသည်ကို သူတို့ကို ကြေညာလိုက်သည့်အခါမှာ၊ သူတို့၏အပြစ်များအတွက် သူတို့၏ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့ မတိုင်ခင်အချိန်မှာ ဘုရားသခင်က သူတို့ကို စိတ်ဆိုးနေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်အစဉ်ကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေ၏ လူတို့အပေါ် ဘုရားသခင်၏ ဒေါသသည် သူတို့အတွက် သနားညှာတာခြင်းနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့ပါသည်။ အဖြစ်အပျက်တစ်ခုတည်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤအချက်နှစ်ခု တစ်ချိန်ထဲမှာ ထုတ်ဖော်ခြင်းနှင့်ပတ်သက်ပြီး မကိုက်ညီမှု တစ်ခုမှမရှိပေ။ ဤမကိုက်ညီမှုမရှိခြင်းကို ဘယ်လိုနားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တရခဲ့သည့်အခါမှာ ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ဖွင့်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ထိပါးစော်ကား၍ မရနိုင်ခြင်းကို လူတို့ကို မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့ကို အောက်ပါအကြောင်းများကိုပြောဖို့ သူ၏ သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်း၊ သို့မဟုတ် သူတို့အပေါ်မှာ သနားညှာတာမှု မပြချင်တာမျိုး မဟုတ်ပေ။ လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းက ရှားပါးနေခြင်းဖြစ်သည်။ လူတို့က သူတို့၏မကောင်းသည့်လမ်းခရီးများကို အမှန်တကယ် ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ခြင်းက ရှားပါးနေခြင်းဖြစ်ပါသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါမှာ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်သည်။ လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ဤကဲ့သို့ဆိုရလျှင် သူသည် လူသားအပေါ်ကို သူ၏ သနားညှာတာမှုနှင့် သည်းခံခြင်းကို သဘောထားကြီးစွာနှင့် ဆက်လက် ချပေးသနားမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ လူသား၏ မကောင်းသည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေပြီး ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့မှာ အမှန်တကယ် နောင်တရသူများအပေါ်၊ သူတို့၏မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ချပေးသနားပါသည်။ ဘုရားသခင်၏ သဘောထားသည် နိနေဝေမြို့သားများအပေါ် သူ၏ ဆက်ဆံမှုမှာ အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပါသည်။ ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ လုံးဝ မခက်ခဲပေ။ သူသည် စစ်မှန်သည့် နောင်တကို တောင်းဆိုခြင်းဖြစ်သည်။ လူတို့က သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်လျှင် ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲမှာဖြစ်ပြီး သူတို့အပေါ် သူ့သဘောထားကို ပြောင်းလဲမှာ ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၆)

ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားသည်

ဘုရားသခင်က နိနေဝေမြို့သားများအတွက် သူ့နှလုံးသားကို ပြောင်းလဲခဲ့သည့်အခါမှာ သူ၏သနားညှာတာမှု နှင့် သည်းခံခြင်းသည် လှည့်စားမှုတစ်ခုလော။ မည်သို့ ဟုတ်နိုင်ပါ့မည်နည်း။ သို့ဆိုလျှင် အကြောင်းအရာ တစ်ခုတည်းအတွင်းမှာ ဘုရားသခင်၏ စိတ်သဘောထား၏ ဤလက္ခဏာသွင်ပြင်နှစ်ရပ်ကြား ပြောင်းလဲခြင်းက သင့်အား ဘာကို မြင်စေသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် အလုံးစုံဖြစ်ပါသည်။ ခွဲထွက်ခြင်း လုံးဝ မရှိပေ။ လူတို့အပေါ်မှာ ဒေါသ သို့မဟုတ် သနားညှာတာမှုနှင့် သည်းခံခြင်းကို သူပြသည်ဖြစ်စေ၊ ၎င်းတို့အားလုံးက သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်များပင်ဖြစ်ပါသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် စစ်မှန်ပြီး ထင်ရှားပါသည်။ အကြောင်းအရာများ ပြောင်းလဲဖြစ်ပေါ်ခြင်း အပေါ်မူတည်ပြီး သူ၏အတွေးများနှင့် သဘောထားများကို ပြောင်းလဲပါသည်။ နိနေဝေမြို့သားတို့အပေါ် သူ၏သဘောထား ပြောင်းလဲခြင်းက သူသည် သူ့ကိုယ်ပိုင်အတွေးနှင့် စိတ်ကူးများရှိကြောင်းကို လူသားမျိုးနွယ်ကိုပြပါသည်။ သူက စက်ရုပ် သို့မဟုတ် မြေရုပ်တုလည်း မဟုတ်ဘဲ အသက်ရှင်သည့် ဘုရားသခင်ကိုယ်တိုင်ဖြစ်ပါသည်။ နိနေဝေမြို့သားတို့ကို သူတို့၏ သဘောထားများအရ သူတို့၏ အတိတ်များကို ခွင့်လွှတ်နိုင်သကဲ့သို့ သူတို့ကို သူ စိတ်ဆိုးနိုင်ပါသည်။ နိနေဝေမြို့သားတို့အပေါ် ကံဆိုးခြင်းများ သယ်ဆောင်လာဖို့ သူဆုံးဖြတ်နိုင်ပြီး သူတို့၏ နောင်တကြောင့် သူ၏ဆုံးဖြတ်ချက်ကို သူပြောင်းလဲနိုင်ပါသည်။ လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို သိရန်ကြိုးစားဖို့အတွက် ပုံသေနည်းများသုံး ရခြင်းကို နှစ်သက်သကဲ့သို့ စည်းမျဉ်းများကို စက်ယန္တရား ဆန်ဆန် အသုံးချဖို့ ပိုနှစ်သက်ပြီး ဘုရားသခင်ကို ဘောင်ခတ်၍ အဓိပ္ပာယ်သတ်မှတ်ဖို့ ထိုသို့သော စည်းမျဉ်းများကို အသုံးပြုဖို့ ပိုနှစ်သက်ကြသည်။ ထို့ကြောင့် လူသား၏အတွေးနယ်ပယ်အရ ဘုရားသခင်က စဉ်းစားခြင်းမပြုလုပ်သကဲ့သို့ အခြေအမြစ် ခိုင်လုံသည့် စိတ်ကူးများလည်း မရှိပေ။ အမှန်စင်စစ်မှာမူ ဘုရားသခင်၏ အတွေးများသည် အကြောင်းအရာများနှင့် ပတ်ဝန်းကျင်များထဲက ပြောင်းလဲမှုများနှင့်အညီ အစဉ်တစိုက် ပြောင်းလဲနေပါသည်။ ဤအတွေးများက ပြောင်းလဲနေစဉ်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မတူညီသည့် လက္ခဏာ သွင်ပြင်များက ထုတ်ဖော်လာပါလိမ့်မည်။ ဤပြောင်းလဲခြင်း ဖြစ်စဉ်အချိန်ကာလအတွင်း ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲသည့်အချိန်ခဏမှာ သူသည် လူသားမျိုးနွယ်ကို သူ့အသက်၏ဖြစ်တည်မှု အမှန်တရားကို ထုတ်ဖော်ပြပြီး သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားက စစ်မှန်ပြီး ထင်ရှားသည်ဆိုသည်ကို ထုတ်ဖော်ပြသည်။ ထို့အပြင် သူ၏ သည်းခံခြင်းနှင့် သူ၏ ချစ်ခင်ကြင်နာမှု၊ သူ၏ သနားညှာတာမှု၊ သူ့အမျက်ဒေါသ ဖြစ်တည်မှုတို့၏ သမ္မာတရားကို လူသားမျိုးနွယ်ကို သက်သေပြဖို့ သူ၏ ကိုယ်ပိုင် စစ်မှန်သည့် ထုတ်ဖော်ခြင်းများကို ဘုရားသခင်က အသုံးပြုပါသည်။ အကြောင်းအရာများ တိုးတက်ပြောင်းလဲမှုအရ သူ၏ အနှစ်သာရကို ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ထုတ်ဖော်ပြ ပါလိမ့်မည်။ ခြင်္သေ့၏ အမျက်ဒေါသ၊ မိခင်တစ်ယောက်၏ သနားညှာတာမှုနှင့် သည်းခံခြင်းတို့ကို သူပိုင်ဆိုင်ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မည်သူ့ကိုမှ မေးခွန်းထုတ်ခြင်း၊ ချိုးဖောက်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပုံစံပျက်အောင်ပြုလုပ်ခြင်းတို့ကို ခွင့်မပြုပေ။ အရာဝတ္ထုများ အားလုံးနှင့် အကြောင်းအရာများ အားလုံးထဲမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်သည့် ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားညှာတာမှုသည် အချိန်တိုင်း၊ နေရာတိုင်းမှာ ထုတ်ဖော်ပြနိုင်ပါသည်။ သူသည် ဤသွင်ပြင်လက္ခဏာများကို သဘောသဘာဝ၏ နေရာတိုင်းမှာ ထင်ရှားစွာ ဖော်ပြပြီး အချိန်တိုင်းမှာ ထင်ရှားစွာ ဆောင်ရွက်ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန် သို့မဟုတ် နေရာနှင့် ကန့်သတ်ထားခြင်း မရှိပေ။ သို့မဟုတ် တစ်နည်းပြောရလျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် စက်ယန္တရားဆန်ဆန် ဖော်ပြခြင်း မဟုတ်ပေ၊ သို့မဟုတ် အချိန် သို့မဟုတ် နေရာ၏ အကန့်အသတ်နှင့် သတ်မှတ်ထားချက်အရ ထုတ်ဖော်ပြခြင်းမဟုတ်ပါဘဲ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အချိန်တိုင်း နေရာတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ဖွင့်ပြပါသည်။ ဘုရားသခင်က သူ့နှလုံးသားကို ပြောင်းလဲပြီး သူ၏ အမျက်ဒေါသကို ဖော်ပြခြင်းကို ရပ်တန့်ပြီး နိနေဝေမြို့ကို ဖျက်ဆီးခြင်းကို ရပ်လိုက်ခြင်းကို သင်မြင်သည့်အခါ ဘုရားသခင်က သနားညှာတာခြင်းနှင့် ချစ်ခြင်းသာဖြစ်သည်ဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်၏ အမျက်ဒေါသသည် အနှစ်မရှိသည့် စကားလုံးများသာလျှင် ပါဝင်သည်ဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်က သူ၏ ပြင်းထန်သည့် အမျက်ဒေါသကို ဖော်ပြပြီး သူ၏ သနားညှာတာမှုကို ရုတ်သိမ်းလျှင် လူသားမျိုးနွယ်အပေါ် သူသည် စစ်မှန်စွာမချစ်ဘူးဟု သင်ဆိုနိုင်မည်လော။ ဘုရားသခင်က လူတို့၏ မကောင်းသည့်အပြုအမူများကို တုံ့ပြန်သည့်အနေနှင့် ပြင်းထန်သည့် အမျက်ဒေါသကို ဖော်ပြပါသည်။ သူ့အမျက်ဒေါသမှာ မှားယွင်းမှု မပါဝင်ပေ။ ဘုရားသခင်၏ နှလုံးသားသည် လူတို့၏ နောင်တအားဖြင့် ထိတွေ့ခံရပါသည်။ သူ့နှလုံးသားကို ပြောင်းလဲခြင်းကလည်း ဤနောင်တပင် ဖြစ်သည်။ သူ၏ထိတွေ့ခံရမှု၊ သူ၏နှလုံးသားပြောင်းလဲမှုနှင့် လူသားအပေါ် သူ၏ သနားညှာတာမှုနှင့် သည်းခံခြင်းသည် အပြစ်အနာအဆာ လုံးဝ မရှိပေ။ သန့်ရှင်းသည်၊ သန့်စင်သည်၊ အထိအခိုက်မရှိပေ၊ စစ်မှန်ပါသည်။ ဘုရားသခင်၏ သည်းခံခြင်းက သည်းခံခြင်းသက်သက်သာဖြစ်သည်။ သူ၏ သနားညှာတာမှုက သနားညှာတာမှုသက်သက်သာဖြစ်သည်။ သူ၏ စိတ်သဘောထားသည် အမျက်ဒေါသနှင့် သနားညှာတာမှု၊ သည်းခံမှုတို့ကို လူသား၏ နောင်တနှင့် သူ၏ မတူညီသည့် အပြုအမူများနှင့်အညီ ထုတ်ဖော်ပြမှာဖြစ်ပါသည်။ သူ ဘာကိုပင် ထုတ်ဖော်ဖွင့်ပြသည်ဖြစ်စေ အားလုံးက သန့်စင်ပါသည်။ အားလုံးက တိုက်ရိုက်ဖြစ်ပါသည်။ သူ့အနှစ်သာရသည် ဖန်ဆင်းခြင်းမှာ ရှိသည့် အရာအားလုံးမှ ကွဲပြားပါသည်။ ဘုရားသခင်သည် သူ၏ လုပ်ရပ်များ၏အောက်ခြေရှိ အခြေခံသဘောတရားများကို ဖော်ပြသည့်အခါ၊ ၎င်းတို့သည် မှားယွင်းမှု သို့မဟုတ် အပြစ်အနာအဆာ ကင်းပြီး၊ သူ၏အတွေးများ၊ စိတ်ကူးများနှင့် သူချမှတ်သည့် ဆုံးဖြတ်ချက် တစ်ခုစီတိုင်းနှင့် သူလုပ်ဆောင်သည့် အပြုအမူ တစ်ခုစီတိုင်းသည် မှားယွင်းမှု သို့မဟုတ် အပြစ်အနာအဆာ ကင်းသည်။ ဘုရားသခင်က ထိုကဲ့သို့ ဆုံးဖြတ်ပြီး ထိုကဲ့သို့ လုပ်ဆောင်သောကြောင့် သူ၏တာဝန်များကိုလည်း ထိုကဲ့သို့ ပြည့်စုံစေသည်။ သူ၏လုပ်ငန်း၏ရလဒ်များက တိကျပြီး အမှားအယွင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ အရင်းအမြစ်က အမှားအယွင်းမရှိ၊ အပြစ်အနာအဆာ မရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် အမှားအယွင်းမပါဝင်ပေ။ အလားတူပင် ဘယ်ဖန်ဆင်းခံမှ မပိုင်သည့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်း တို့သည် သန့်ရှင်းသည်၊ အမှားကင်းသည်။ တဖန် တွေးတောသုံးသပ်ခြင်းနှင့် တွေ့ကြုံခံစားခြင်းတို့ကို ခံနိုင်ပါသည်။

နိနေဝေဇာတ်လမ်းကို နားလည်ပြီးနောက်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အနှစ်သာရ၏ အခြားဖက်ကို သင်တို့ မြင်သလော။ ဘုရားသခင်၏ အတုမရှိသည့် ဖြောင့်မတ်ခြင်း စိတ်သဘောထား၏ အခြားဘက်ကို မြင်သလော။ လူသားမျိုးနွယ်ထဲမှာ ဤစိတ်သဘောထားမျိုးကို မည်သူပိုင်ဆိုင် သနည်း။ ဘုရားသခင်လိုမျိုး ဤကဲ့သို့အမျက်ဒေါသကို မည်သူ ပိုင်ဆိုင်သနည်း။ ဘုရားသခင်လိုမျိုး သနားညှာတာမှုနှင့် သည်းခံခြင်းကို မည်သူ ပိုင်ဆိုင်သနည်း။ ဖန်ဆင်းခံများထဲက မည်သူက အမျက်ဒေါသကို စေ့ဆော်နိုင်ပြီး လူသားမျိုးနွယ် အပေါ်ကို ဘေးဒုက္ခသယ်လာဖို့ သို့မဟုတ် ဖျက်ဆီးဖို့ ဆုံးဖြတ်နိုင်သနည်း။ လူသားအား သနားကရုဏာကို ချပေး သနားဖို့၊ သည်းခံဖို့၊ ခွင့်လွှတ်ဖို့နှင့် လူသားကိုဖျက်ဆီးဖို့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ မည်သူက အရည်အချင်းမီသနည်း။ ဖန်ဆင်းရှင်သည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သူ၏ ကိုယ်ပိုင်အတုမရှိသည့် နည်းလမ်းနှင့် အခြေခံ သဘောတရားများမှတစ်ဆင့် ဖော်ပြပါသည်။ လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အကြောင်းအရာများ၏ ထိန်းချုပ်မှု သို့မဟုတ် ကန့်သတ်မှုကို သူမခံရပေ။ သူ၏ အတုမရှိသည့် စိတ်သဘောထားနှင့် သူ၏ အတွေးများနှင့် စိတ်ကူးများကို မည်သူကမှ မပြောင်းလဲနိုင်သကဲ့သို့ သူ့ကို ဆွဲဆောင်ပြီး သူ၏ ဆုံးဖြတ်ချက်ဘယ်တစ်ခုကိုမှ ပြောင်းလဲအောင် မလုပ်နိုင်ပေ။ ဖန်ဆင်းခံများ၏ အပြုအမူနှင့်အတွေးအားလုံးသည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ တရားစီရင်မှု အောက်မှာ ရှိသည်။ အမျက်ဒေါသ သို့မဟုတ် သနားညှာတာမှုကို သူအသုံးပြုမည်လောဆိုသည်ကို မည်သူကမှ မထိန်းချုပ်နိုင်ပေ။ ဖန်ဆင်းရှင်၏ အနှစ်သာရသာလျှင်၊ သို့မဟုတ် တစ်နည်းပြောရလျှင် ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကသာ ၎င်းကို ဆုံးဖြတ်နိုင်ပါသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အတုမရှိသည့် သဘောသဘာဝဖြစ်ပါသည်။

နိနေဝမြို့သားတို့အပေါ် ဘုရားသခင်၏ သဘောထား ပြောင်းလဲခြင်းကို ခွဲခြမ်းစစ်ဆေးပြီး နားလည်ပြီးသည်နှင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအတွင်းမှာ တွေ့ရသည့် သနားညှာတာမှုကို ဖော်ပြဖို့ “အတုမရှိ” ဆိုသည့်စကားလုံးကို သင်တို့ အသုံးပြုနိုင်သလော။ ဘုရားသခင်၏ အမျက်ဒေါသသည် သူ၏ အတုမရှိသည့် ဖြောင့်မတ်သည့် စိတ်သဘောထား၏ အနှစ်သာရ၏ လက္ခဏာသွင်ပြင်တစ်ခုဖြစ်သည်ဟု ရှေ့ပိုင်းက ပြောခဲ့ပါသည်။ ယခု ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ သနားညှာတာမှုဖြစ်သည့် လက္ခဏာသွင်ပြင် နှစ်ခုကို သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားအနေနှင့် အဓိပ္ပာယ်ဖွင့်ဆို ပါမည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သန့်ရှင်းပါသည်။ ၎င်းကို ထိပါးစော်ကား၍မရနိုင်သကဲ့သို့ မေးခွန်းထုတ်၍လည်း မရနိုင်ပေ။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သက်ရှိများထဲမှာ မည်သူကမှ မပိုင်ဆိုင်သည့် အရာဖြစ်ပါသည်။ နှစ်ခုစလုံးက ဘုရားသခင်အတွက် အတုမရှိဖြစ်ပြီး အထူးသီးသန့်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသသည် သန့်ရှင်းပြီး ထိပါးစော်ကား၍မရနိုင်ပေ။ ထိုနည်းတူပင် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အခြားလက္ခဏာ သွင်ပြင်တစ်ခုဖြစ်သည့် ဘုရားသခင်၏ သနားညှာတာခြင်းသည် သန့်ရှင်းပြီး ထိပါးစော်ကား၍ မရနိုင်ပေ။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် မည်သည့်သတ္တဝါမဆို သူ၏လုပ်ဆောင်ချက်များထဲမှာ ဘုရားသခင်ကို အစားထိုး၍ သို့မဟုတ် ကိုယ်စားပြု၍မရနိုင်သကဲ့သို့ သောဒုံမြို့ကို ဖျက်ဆီးခြင်းမှာ သို့မဟုတ် နိနေဝေမြို့ကို ကယ်တင်ခြင်းမှာ မည်သူကမှ သူ့ကို အစားထိုး၍ သို့မဟုတ် ကိုယ်စားပြု၍ မရနိုင်ပေ။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၇)

လူသားမျိုးနွယ်အပေါ် ဖန်ဆင်းရှင်၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများ

ဘုရားသခင်ကို သိနားလည်ရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။ သို့သော်လည်း၊ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို လူမြင်တွေ့နိုင်ရန် မကြာခဏ ခွင့်ပြုသောကြောင့် ဘုရားသခင်ကို သိနားလည်ခြင်းသည် ခက်ခဲသောကိစ္စ လုံးဝမဟုတ်ဟု ငါဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ဆွေးနွေးခြင်းကို ဘယ်သောအခါမျှ မရပ်စဲခဲ့ဖူးပေ၊ သူသည် သူ့ကိုယ်သူ လူသားထံမှ ဘယ်သောအခါမျှ မဖုံးကွယ်ဖူးသကဲ့သို့ သူ့ကိုယ်သူလည်း မကွယ်ဝှက်ဖူးပေ။ သူ၏ အတွေးများ၊ သူ၏ စိတ်ကူးများ၊ သူ၏ နှုတ်ကပတ်တော်များနှင့် သူ၏ လုပ်ဆောင်ချက်များ အားလုံးကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ထုတ်ဖော်သည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သိနားလည်ရန် ဆန္ဒရှိသရွေ့၊ သူသည် နည်းစနစ်များနှင့် နည်းလမ်းများမျိုးစုံဖြင့် ဘုရားသခင်ကို နားလည်သိမြင်လာနိုင်သည်။ ဘုရားသခင်သည် သူ့ကို တမင်ရှောင်သည်၊ ဘုရားသခင်သည် လူ့လောကမှ သူ့ကိုယ်သူ တမင်ဖုံးကွယ်ထားသည်၊ သူ့ကို လူသားနားလည်သိမြင်ရန် ခွင့်ပြုဖို့ ဘုရားသခင်တွင် ရည်ရွယ်ချက်မရှိဟု လူသားသည် ကြောင်းကျိုးမမြင် ထင်ရသည့်အကြောင်းမှာ- သူသည် ဘုရားသခင် မည်သူဖြစ်သည်ကို မသိသောကြောင့်သာမက ဘုရားသခင်ကို နားလည်ရန် ဆန္ဒလည်း မရှိသောကြောင့် ဖြစ်သည်၊ ထို့ထက်ပို၍ သူသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ သို့မဟုတ် လုပ်ဆောင်ချက်များတို့ကို စိတ်မဝင်စားသောကြောင့်ပင် ဖြစ်သည်။...မှန်မှန်ကန်ကန် ပြောရလျှင် လူတစ်ယောက်က ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ရန် သူ၏ အားနေသောအချိန်ကိုသာ အသုံးပြုကာ၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသား၏ အသံတော်ကို အနည်းငယ်သာ အာရုံစိုက်မှု ပြုမည်ဆိုပါက- ဘုရားသခင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ ထင်ရှားပြီး ပွင့်လင်းမြင်သာကြောင်း သူတို့ သဘောပေါက်မိရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ အလားတူစွာ၊ ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိသည်၊ သူသည် လူသားနှင့် ဖန်ဆင်းရာ တစ်ခုလုံးအား အမြဲ စကားစမြည် ပြောနေသည်၊ ထို့ပြင် သူသည် နေ့စဉ် အမှုသစ်များ ပြုလုပ်နေသည်ကို သဘောပေါက်မိရန် အနည်းငယ်သာ အားထုတ်ကြိုးပမ်းရလိမ့်မည်။ သူ၏ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန် ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊ သူ၏ အတွေးများနှင့် စိတ်ကူးများကို သူ၏ လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး စောင့်ကြည့်နေသည်။ ငါသည် ကောင်းကင်တွင် တည်ရှိပြီး၊ ငါသည် ငါ၏ ဖန်ဆင်းရာထဲတွင် တည်ရှိသည်ဟု သူသည် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရာ အားလုံးတို့ကို သူ၏ အသံတိတ်စကားလုံးများဖြင့် ညင်ညင်သာသာ စကားပြောသည်။ ငါသည် အိပ်ဖန်စောင့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏ အပါးတွင် ရှိနေသည်...သူ၏ လက်များမှာ နွေးထွေးပြီး သန်မာသည်၊ သူ၏ ခြေသံတို့မှာ ပေါ့ပါးသည်၊ သူ၏အသံမှာ နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့သည်၊ သူ၏ အသွင်သဏ္ဌာန်မှာ လူသားမျိုးနွယ် အားလုံးကို လက်ခံပွေ့ဖက်ရင်း ဖြတ်သွားလှည့်ပတ်သည်၊ သူ၏ မျက်နှာထားမှာ လှပပြီး နူးညံ့သိမ်မွေ့သည်။ သူသည် ဘယ်သောအခါမှ ထွက်ခွာမသွားသကဲ့သို့ သူသည် ပျောက်ကွယ်လည်း မသွားဖူးပါ။ သူသည် နေ့ရောညပါ လူသားမျိုးနွယ်ဘေးမှထွက်ခွာသွားခြင်း မရှိဘဲ ၎င်းတို့၏ သစ္စာရှိသော အဖော်ပင် ဖြစ်သည်။ လူ့လောကအတွက် သူ၏ အစဉ်ချစ်ခင် သစ္စာရှိသော စောင့်ရှောက်ပြုစုခြင်းနှင့် အထူး ချစ်ခင်ကြင်နာခြင်းကိုလည်းကောင်း၊ လူသားအတွက် သူ၏ စစ်မှန်သော အလေးထားမှုနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း သူနိနေဝေမြို့ကို ကယ်တင်သောအခါ၌ နည်းနည်းချင်း ပြသခဲ့သည်။ အထူးသဖြင့် ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြား အပြန်အလှန်အချီအချ စကားပြောခြင်းက သူကိုယ်တိုင် ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်အတွက် ဖန်ဆင်းရှင်၏ သနားခြင်းကရုဏာကို ပိုမို၍ ဖော်ထုတ်ပြခဲ့သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများကို ဤစကားလုံးများအားဖြင့် နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်ခြင်း သင်ရရှိနိုင်သည်...

အောက်ဖော်ပြပါ ကျမ်းပိုဒ်ကို ယောန၀တ္ထုအခန်းကြီး ၄ အခန်းငယ် ၁၀ မှ ၁၁ တွင် မှတ်တမ်းတင်ထားသည်။ “ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်း မပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ဤသည်တို့မှာ ယေဟောဝါဘုရားသခင်၏ တကယ့် နှုတ်ကပတ်တော်များဖြစ်ပြီး၊ သူနှင့် ယောနတို့ကြား စကားစမြည်ပြောခြင်း ဖြစ်သည်။ ဤအပြန်အလှန် စကားပြောခြင်းမှာ တိုတောင်းလင့်ကစား လူသားမျိုးနွယ် အတွက် ဖန်ဆင်းရှင်၏ စောင့်ရှောက်ပြုစုခြင်းနှင့် လူသားအား လက်လျှော့ရန် သူ၏ ဝန်လေးမှုတို့နှင့် ပြည့်နေသည်။ သူ၏ ဖန်ဆင်းရာအတွက် သူ၏နှလုံးသားထဲတွင် ဘုရားသခင် စွဲကိုင်ထားသည့် စစ်မှန်သော သဘောထားနှင့် စိတ်ခံစားမှုများကို ဤနှုတ်ကပတ်တော်များက ဖော်ပြကာ၊ အလားတူ နှုတ်ကပတ်တော်မျိုး လူသားကြားဖူးရန် ကြုံခဲလှသည့် ဤသို့ ရှင်းလင်းပြတ်သားသော စကားလုံးများဖြင့် ဘုရားသခင်သည် လူသားတစ်ရပ်လုံးအတွက် သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ထုတ်ပြန်သည်။ ဤအပြန်အလှန် စကားပြောခြင်းက နိနေဝေမြို့သားများအပေါ် ဘုရားသခင် စွဲကိုင်ခဲ့သည့် သဘောထားတစ်ခုကို ကိုယ်စားပြုသည်၊ သို့ရာတွင် ဤသည်မှာ မည်ကဲ့သို့သော သဘောထားမျိုးနည်း။ ယင်းသည် နိနေဝေမြို့သားများ နောင်တမရခင်နှင့် နောင်တရပြီးနောက် သူတို့အပေါ် ဘုရားသခင်စွဲကိုင်ခဲ့သည့် သဘောထားပင်ဖြစ်သည်။ ဘုရားသခင်သည် လူ့လောကကို တူညီသောနည်းဟန်ဖြင့် ဆက်ဆံပြုမူသည်။ လူတစ်ဦးသည် ဤနှုတ်ကပတ်တော်များ ထဲတွင် သူ၏ အတွေးများကိုလည်းကောင်း၊ သူ၏ စိတ်နေသဘောထားကိုလည်းကောင်း ရှာတွေ့နိုင်သည်။

ဤနှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ အဘယ်သို့သော အတွေးများကို ထုတ်ဖော်ထားသနည်း။ ဂရုတစိုက်ဖတ်ရှုခြင်းက ဘုရားသခင်သည် “နှမြော” ဟူသည့် စကားလုံးကို သုံးထားကြောင်း ချက်ချင်းထုတ်ဖော်သည်၊ ဤစကားလုံး သုံးနှုန်းထားခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စစ်မှန်သော သဘောထားကို ထင်ရှားစေသည်။

တိုက်ရိုက် အဓိပ္ပာယ် အဆင့်အရ၊ လူတို့သည် “နှမြော” ဟူသည့် စကားလုံးကို နည်းလမ်းအမျိုးမျိုးဖြင့် အဓိပ္ပာယ်ဖွင့်နိုင်သည်၊ ပထမအနေဖြင့် ချစ်၍ ကာကွယ်သည်၊ တစ်စုံတစ်ခုအပေါ် ကြင်နာမှုခံစားသည်၊ ဒုတိယအနေဖြင့် လွန်စွာချစ်သည်၊ နောက်ဆုံးအဓိပ္ပာယ်မှာ ယင်းကို နာကျင်စေရန် ဆန္ဒမရှိရုံသာမက ထိုသို့ပြုရန်ပင် မခံမရပ်နိုင်ပေ ဟူ၍ဖြစ်သည်။ အတိုချုပ်အားဖြင့် ယင်းက နူးညံ့သိမ်မွေ့သော ချစ်ခင်ကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ခုအား လက်လျှော့ရန် ဆန္ဒမရှိခြင်းကို ညွှန်းဆိုသည်၊ ယင်းက လူသားအပေါ် ဘုရားသခင်၏ ကရုဏာနှင့် သည်းခံခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် လူတွေကြားထဲတွင် အများပြောနေကျ စကားလုံးတစ်လုံးကို သုံးနှုန်းခဲ့သော်လည်း၊ ဤစကားလုံး သုံးနှုန်းခြင်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင့်နှလုံးသား၏ အသံတော်နှင့် သူ၏ သဘာထားကို ဖော်ထုတ်ပြသည်။

နိနေဝေမြို့သည် သောဒုံ၌ ရှိသောသူများကဲ့သို့ ဖောက်ပြန်ပျက်စီးသော၊ ဆိုးယုတ်၍ ရုန့်ရင်းကြမ်းကြုတ်သော လူများနှင့် ပြည့်နေခဲ့လင့်ကစား၊ သူတို့၏ နောင်တရခြင်းက ဘုရားသခင်၏ နှလုံးသားကို ပြောင်းလဲစေခဲ့ပြီး သူတို့ကို မဖျက်ဆီးရန် ဆုံးဖြတ်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ညွှန်ကြားချက်များအပေါ် သူတို့၏ တုံ့ပြန်ချက်က သောဒုံမြို့သားများနှင့် သိသိသာသာ ကွာခြားသော သဘောထားတစ်ခုကို ထင်ထင်ရှားရှား ပြသောကြောင့်လည်းကောင်း၊ ထို့နောက် ဘုရားသခင့်ထံ သူတို့၏ ရိုးသားသော ကျိုးနွံနာခံခြင်းနှင့် သူတို့၏ အပြစ်များအတွက် ရိုးသားသော နောင်တရခြင်းအပြင်၊ အဖက်ဖက်၌ သူတို့၏ စစ်မှန်၍ လှိုက်လှဲသော အပြုအမူများကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သူ၏ လှိုက်လှဲသော သနားခြင်းကရုဏာကို နောက်တစ်ကြိမ် ထင်ထင်ရှားရှားပြခဲ့ပြီး ယင်းကို သူတို့အပေါ် နှင်းအပ်ခဲ့သည်။ ဘုရားသခင်၏ ဆုလာဘ်နှင့် လူ့လောကအတွက် သူ၏ သနားခြင်းကရုဏာကို အဘယ်သူမျှ တုပရန်မဖြစ်နိုင်၊ ဘုရားသခင်၏ ကရုဏာ သို့မဟုတ် သည်းခံခြင်းကိုဖြစ်စေ၊ လူ့လောက အပေါ်သူ၏ ရိုးသားစစ်မှန်သော စိတ်ခံစားမှုများကို ဖြစ်စေ အဘယ်ပုဂ္ဂိုလ်ကမျှ ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။ ကြီးမြတ်သော အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးအဖြစ် သင်ယူဆသောသူ၊ သို့မဟုတ် မြင့်မြတ်သော အဆင့်တစ်ခုမှ ကြီးမြတ်သော အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးအဖြစ် စကားပြောသော အာဂလူတစ်ဦးပင်ဖြစ်စေ သို့မဟုတ် အမြင့်ဆုံးအဆင့်အပေါ်မှ လူသားမျိုးနွယ် သို့မဟုတ် ဖန်ဆင်းရာအပေါ် ဤကဲ့သို့သော ထုတ်ပြန်ချက်မျိုး ပြုလုပ်သောသူ ရှိပါ၏လော။ လူသားမျိုးနွယ်တွင် မည်သူသည် လူ့လောက၏ အသက်ရှင်မှု အနေအထားများကို သူတို့ လက်ဖဝါးလို သိနိုင်သနည်း။ လူ့လောက၏ ဖြစ်တည်ခြင်းအတွက် ဝန်ထုပ်နှင့်တာဝန်ကို မည်သူ ထမ်းဆောင်နိုင်သနည်း။ မြို့တစ်မြို့ဖျက်ဆီးခြင်းကို ကြေညာရန် မည်သူ အရည်အချင်းမီသနည်း။ ထို့ပြင် မြို့တစ်မြို့ကို ခွင့်လွှတ်ရန် မည်သူ အရည်အချင်းမီသနည်း။ သူတို့ကိုယ်တိုင်ဖန်ဆင်းရာကို သူတို့ ချစ်ခင်မြတ်နိုးသည်ဟု မည်သူဆိုနိုင်သနည်း။ ဖန်ဆင်းရှင်သာလျှင် ဆိုနိုင်၏။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် သနားခြင်း ကရုဏာထားသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်ကို သိမ်မွေ့ခြင်းနှင့် ချစ်ခင်ကြင်နာခြင်း ပြသည်။ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အတွက် စစ်မှန်၍ မချိုးနှိမ်နိုင်သော ချစ်ခင်ကြင်နာခြင်း စွဲကိုင်ထားသည်။ ထိုနည်းတူစွာ ဖန်ဆင်းရှင်သာလျှင် ဤလူသားမျိုးနွယ်အပေါ် ကရုဏာနှင်းအပ်နိုင်ကာ သူ၏ ဖန်ဆင်းရာအားလုံးကို ချစ်ခင်မြတ်နိုးနိုင်သည်။ သူ၏ နှလုံးသားသည် လူသား၏ လုပ်ရပ်များ တစ်ခုစီတိုင်းတွင် ခုန်ပေါက်၍ နာကျင်သည်၊ လူသား၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ် သူသည် စိတ်ဆိုး၊ သောကရောက်ပြီး ဝမ်းနည်းကြေကွဲသည်၊ လူသား၏ နောင်တနှင့်ယုံကြည်မှုအတွက် သူသည် ကျေနပ် ပျော်ရွှင်ခွင့်လွှတ်ပြီး ဂုဏ်ယူဝင့်ကြွားသည်၊ သူ၏ အတွေးများနှင့် စိတ်ကူးများ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် ဖြစ်၍ လူသားကို ဗဟိုပြုနေသည်၊ သူ၏ ဖြစ်ခြင်းနှင့် အရာအားလုံးကို လူသားမျိုးနွယ်အတွက်သာလျှင် ဖော်ပြထားသည်၊ သူ၏ စိတ်ခံစားမှုများ တစ်ခုလုံးသည် လူသားမျိုးနွယ်၏ ဖြစ်တည်မှုနှင့်အတူ ရောယှက်နေသည်။ လူသားမျိုးနွယ်အဖို့ အလို့ငှာ၊ သူသည်သွားလာပြီး အပူတပြင်းလုပ်ဆောင်သည်၊ သူသည် သူ့အသက်၏ အပိုင်းအစတိုင်းကို တိတ်တိတ်ဆိတ်ဆိတ် ထုတ်လွှတ်ပေးသည်၊ သူသည် သူ့အသက်၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ဆက်ကပ်ထားသည်...သူသည် သူကိုယ်တိုင်၏အသက်ကို နှမျှောရကောင်းမှန်း လုံးဝမသိခဲ့ပေ၊ သည့်ထက် သူသည် သူကိုယ်တိုင်ဖန်ဆင်းခဲ့သော လူသားမျိုးနွယ်ကို အမြဲနှမျောပြီး ချစ်ခင်မြတ်နိုးခဲ့သည်...သူသည် ဤလူ့လောကအတွက် သူရှိသမျှအားလုံးကို ပေးအပ်သည်...သူသည် သူ၏ ကရုဏာနှင့် သည်းခံခြင်းကို အကြွင်းမဲ့နှင့် ဆုလာဘ်အတွက် မျှော်လင့်ချက်မပါဘဲ ချပေးသည်။ လူသားမျိုးနွယ်က သူ၏ အသက်ထောက်ပံ့ခြင်းကို ရရှိပြီး၊ သူ့မျက်စိရှေ့တွင် ဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက်သာ သူဤသို့ ပြုလုပ်သည်၊ လူသားမျိုးနွယ်သည် တစ်နေ့ သူ၏ရှေ့မှောက်တွင် ကျိုးနွံနာခံကာ၊ သူသာလျှင် လူသား၏ ဖြစ်တည်မှုကို အာဟာရဖြစ်စေပြီး ဖန်ဆင်းရာအားလုံး၏ အသက်ကို ဖြည့်စွမ်းပေးသောသူဖြစ်ကြောင်း သိရန်အလို့ငှာ သူဤသို့ ပြုလုပ်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၈)

ယောနဝတ္ထု ၄ သို့သော် ယင်းက ယောနကို အလွန့်အလွန်ဒေါသထွက်စေပြီး သူသည် အလွန်စိတ်ဆိုး လေသည်။ ထို့နောက် အို ယေဟောဝါ၊ ကိုယ်တော့်ကို အကျွန်ုပ် ဆုတောင်းပါ၏။ ဤသည်မှာ အကျွန်ုပ် ကိုယ့်ပြည်၌ ရှိစဉ်အခါက ပြောခဲ့သော ကျွန်ုပ်၏စကားဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ရှေ့တော်မှောက်မှ တာရှုမြို့သို့ အကျွန်ုပ် ပြေးခဲ့ပါ၏။ ကိုယ်တော်သည် ကျေးဇူးပြုတတ်သော ဘုရားဖြစ်၍ သနားကရုဏာရှိပြီး စိတ်ရှည်သောသဘော၊ ကြင်နာစိတ် ကြီးမားပြီး အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ ထို့ကြောင့်၊ အို ယေဟောဝါ၊ ယခု အကျွန်ုပ် အသက်ရှင်ခြင်းထက် သေခြင်းက သာ၍ကောင်းသည့်အတွက် အကျွန်ုပ်အသက်ကို နှုတ်ယူတော်မူပါဟု ယေဟောဝါထံ တောင်းလျှောက်လေ၏။ ယေဟောဝါကလည်း၊ သင်သည် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူ၏။ ထို့ကြောင့် ယောနသည် မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာဘက်၌ ထိုင်နေ၏၊ ထို့နောက် တဲမိုးကို လုပ်ပြီးလျှင်၊ မြို့ထဲ၌ အဘယ်သို့ ဖြစ်လိမ့်မည်ကို တွေ့မြင်ရသည်အထိ အမိုးအရိပ်တွင် ထိုင်၍နေ၏။ ယေဟောဝါ ဘုရားသခင်သည်လည်း ကြက်ဆူပင်တစ်ပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏ သောကတို့ ပြေစေရန် သူ့ခေါင်းပေါ်မှာ လွှမ်း၍ အရိပ်ဖြစ်စေတော်မူ၏။ ထို့ကြောင့် ယောနသည် ကြက်ဆူပင်နှင့် ပတ်သက်၍ အလွန်အားရဝမ်းမြောက်၏။ နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ဘုရားသခင်သည် ပိုးကောင်ကို ပြင်ဆင်ပြီး ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။ နေထွက်သောအခါ ဘုရားသခင်သည် ပြင်းထန်သော အရှေ့လေကို ပြင်ဆင်တော်မူပြီး ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် အားနည်းမောပန်းပြီး မိမိကိုယ်ကို သေစေလိုသောစိတ်ရှိပြီး၊ ငါ့အသက်သေသည်က ရှင်သည်ထက် သာ၍ ကောင်းသည်ဟု ဆိုလေ၏။ ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက အကျွန်ုပ်သည် သေသည့်တိုင် စိတ်ဆိုးကောင်းပါသည်ဟု လျှောက်ဆို၏။ ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေ ရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။

ဖန်ဆင်းရှင်သည် လူ့လောကအတွက် သူ၏စစ်မှန်သော စိတ်ခံစားမှုများကို ဖော်ပြသည်

ယေဟောဝါဘုရားသခင်နှင့် ယောနတို့ကြားက ဤစကားစမြည်ပြောခြင်းသည် လူ့လောကအတွက် ဖန်ဆင်းရှင်၏ စစ်မှန်သော စိတ်ခံစားမှုများ ဖော်ပြချက်ဖြစ်ကြောင်း သံသယ ဖြစ်စရာ မရှိပေ။ သို့သော်ငြားလည်း “ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။” ဟု ယေဟောဝါဘုရားသခင်က ပြောခဲ့သည့်အတိုင်း၊ ယင်းက- သူ၏ သြဇာအာဏာအောက်၌ ဖြစ်သည့် ဖန်ဆင်းရာအားလုံးအပေါ် ဖန်ဆင်းရှင်၏ သိမှတ်နားလည်ခြင်းအား လူတို့အား အသိပေးသည်။ တစ်နည်းဆိုရလျှင် နိနေဝေအပေါ် ဘုရားသခင်၏ သိမှတ်နားလည်ခြင်းမှာ သာမန်ကာလျှံကာကိစ္စထက် ကျော်လွန်သည်။ (လူတွေနှင့် ခြံမွေးတိရစ္ဆာန်များအပါအဝင်) မြို့အတွင်း၌ရှိသော သက်ရှိအရာများ၏ အရေအတွက်ကို သူသိခဲ့ရုံမက၊ သူတို့၏ လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ အဘယ်မျှလောက်- အတိအကျဆိုရလျှင်၊ ကလေးငယ်များနှင့် လူငယ်များ အဘယ်မျှလောက် ပါဝင်ခဲ့သည်ကိုလည်း သူသိခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ လက်ဖျားခါရလောက်သော သိမှတ်နားလည်ခြင်းကို ပြသည့် ခိုင်လုံသော သက်သေပင် ဖြစ်သည်။ တစ်ဖက်ကလည်း ဤစကားစမြည်ပြောခြင်းက လူ့လောကအပေါ် ဖန်ဆင်းရှင်၏ သဘောထား၊ တစ်နည်းအားဖြင့်ဆိုလျှင် ဖန်ဆင်းရှင်၏ နှလုံးသားထဲတွင်ရှိသည့် လူ့လောကအတွက် ကြီးလေးသောတာဝန်ကို လူတို့အား အသိပေးသည်။ ယေဟောဝါဘုရားသခင်က “သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။...နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လော...” ဟု ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ဤသည်မှာ ယောနအပေါ် ယေဟောဝါ ဘုရားသခင်၏ ပြစ်တင်စကားများ ဖြစ်သော်လည်း အားလုံးမှန်ပေသည်။

နိနေဝေမြို့သားများထံ ယေဟောဝါဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြေညာရန် ယောနသည် တာဝန်ပေးစေခိုင်းခံရခဲ့သော်လည်း၊ ယေဟောဝါဘုရားသခင်၏ ရည်ရွယ်ချက်များကို သူနားမလည်ခဲ့သည့်အပြင်၊ မြို့သူမြို့သားများအတွက် သူ၏ပူပင်မှုများနှင့် မျှော်လင့်ချက်များ ကိုလည်း သူနားမလည်ခဲ့ပေ။ လူ့လောကသည် သူ့ကိုယ်ပိုင် လက်များမှ ဆင်းသက်ပေါက်ဖွားလာသည့်အရာ ဖြစ်ခဲ့သည်၊ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးစီတိုင်းအတွက် အပတ်တကုတ် အားထုတ်ကြိုးပမ်းမှုကို ပြုခဲ့ပြီးပြီ၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ မျှော်လင့်ချက်များကို သူတို့နှင့်အတူ သယ်ဆောင်ခဲ့ကြသည်၊ လူပုဂ္ဂိုလ်တိုင်းက ဘုရားသခင်၏ အသက်ဖြည့်စွမ်းမှုကို အကျိုးခံစားခဲ့ကြသည်၊ လူပုဂ္ဂိုလ်တိုင်းအတွက် ဘုရားသခင်သည် ဒုက္ခခံသောအဖိုးအခကို ပေးချေခဲ့ပြီးပြီ ဟူသည်ကို ဤအပြစ်ဖော်ဆုံးမခြင်းနှင့်အတူ ဘုရားသခင်က သူ့အား ပြောလိုခဲ့ခြင်းပင် ဖြစ်သည်။ ယောနကိုယ်တိုင်က ကြက်ဆူပင်ကို ချစ်ခင်မြတ်နိုးခဲ့သလောက် ဘုရားသခင်သည် သူ့ကိုယ်ပိုင်လက်များ၏ လက်ရာဖြစ်သည့် လူ့လောကကို ချစ်ခင်မြတ်နိုးခဲ့သည် ဟူသည်ကိုလည်း ဤအပြစ်ဖော်ဆုံးမခြင်းက ယောနကို ပြောပြခဲ့သည်။ ဘုရားသခင်သည် ဖြစ်နိုင်ခြေရှိသော နောက်ဆုံးအခိုက်အတန့် မတိုင်ခင်ထိ မည်သည့်နည်းနှင့်မျှ သူတို့ကို လွယ်လွယ်စွန့်ပစ်မည် မဟုတ်ခဲ့ပေ၊ ထို့ပြင် မြို့အတွင်း၌ ကလေးငယ်မြောက်မြားစွာနှင့် အပြစ်မဲ့ ခြံမွေးတိရစ္ဆာန်များလည်း ရှိခဲ့သည်။ သူတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကိုပင် မခွဲခြားနိုင်ခဲ့ကြသော၊ ဤလို ငယ်ရွယ်၍ မသိနားမလည်သော၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ ဆင်းသက်ပေါက်ဖွားလာသူများကို ကိုင်တွယ်ဖြေရှင်း သောအခါ ဘုရားသခင်သည် ဤသို့ အလျင်စလိုနည်းဟန်မျိုးဖြင့် သူတို့၏ အသက်များကို အဆုံးသတ်ပြီး သူတို့၏ ရလဒ်များကို အဆုံးအဖြတ်ပေးခြင်းငှာ ပို၍ပင် မတတ်နိုင်ခဲ့ချေ။ ဘုရားသခင်သည် သူတို့ ကြီးပြင်းလာသည်ကို မြင်တွေ့ရန် မျှော်လင့်ခဲ့သည်၊ သူတို့သည် သူတို့၏ လူကြီးသူမများ၏ လမ်းကြောင်းများအတိုင်း လျှောက်မည်မဟုတ်၊ သူတို့သည် ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နောက်ထပ်ပြန်ကြားစရာ လိုမည်မဟုတ်၊ ထို့ပြင် သူတို့သည် နိနေဝေ၏ အတိတ်ဖြစ်ရပ်ကို သက်သေခံကြလိမ့်မည်ဟု ဘုရားသခင် မျှော်လင့်ခဲ့သည်။ ထို့ထက်ပို၍ နောင်တရပြီးသား နိနေဝေကို မြင်တွေ့ရန်၊ ထိုနောင်တရခြင်း နောက်မှလာသော နိနေဝေ၏ အနာဂတ်ကို မြင်တွေ့ရန်၊ ပိုအရေးကြီးသည်မှာ နိနေဝေသည် ဘုရားသခင်၏ ကရုဏာအောက်တွင် နောက်ထပ်တစ်ဖန် အသက်ရှင်သည်ကို မြင်တွေ့ရန် ဘုရားသခင် မျှော်လင့်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သူတို့၏ လက်ယာလက်နှင့် လက်ဝဲလက်များကို မခွဲခြားနိုင်သော ထိုဖန်ဆင်းခံ အရာများမှာ နိနေဝေ၏ အနာဂတ်ပင် ဖြစ်ခဲ့ကြသည်။ ယေဟောဝါဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် နိနေဝေ၏ အတိတ်နှင့်အနာဂတ်ကို သက်သေခံရမည့် အရေးကြီးသောတာဝန်ကို သူတို့ထမ်းဆောင်ရမည် ဖြစ်သကဲ့သို့ နိနေဝေ၏ စက်ဆုပ်ဖွယ်ကောင်းသော အတိတ်ကိုလည်း သူတို့ ထမ်းဆောင်ရမည် ဖြစ်သည်။ သူ၏ စစ်မှန်သော စိတ်ခံစားမှုများကို ဤသို့ကြေညာရာ၌၊ ယေဟောဝါ ဘုရားသခင်သည် လူ့လောကတစ်ခုလုံးအတွက် ဖန်ဆင်းရှင်၏ ကရုဏာကို တင်ပြခဲ့သည်။ ယင်းက “ဖန်ဆင်းရှင်၏ကရုဏာ” သည် အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်သလို၊ ပေါ့တန်သော ကတိတစ်ခုလည်းမဟုတ်ကြောင်း လူ့လောကကို ပြခဲ့သည်၊ ယင်းတွင် ခိုင်လုံသော အခြေခံသဘောတရားများ၊ နည်းလမ်းများနှင့် ရည်မှန်းချက်များ ပါရှိသည်။ သူသည် မှန်ကန်စစ်မှန်ပြီး မုသားများနှင့် အယောင်ဆောင်မှုများကို မသုံးပေ၊ ထို့ပြင် ဤနည်းအတိုင်းပင် သူ၏ ကရုဏာကို အချိန်တိုင်း၊ ခေတ်ကာလတိုင်းရှိ လူ့လောကအပေါ်တွင် အဆုံးမရှိ ပေးအပ်ထားသည်။ သို့သော်ငြားလည်း ယနေ့ထိတိုင်အောင် ယောနနှင့် ဖန်ဆင်းရှင်၏ အပြန်အလှန်စကားပြောခြင်းသည် လူ့လောကကို သူဘာကြောင့် ကရုဏာပြသနည်း၊ လူ့လောကကို သူဘယ်လို ကရုဏာပြသနည်း၊ လူ့လောကအပေါ်သူ ဘယ်လောက် သည်းခံသနည်းနှင့် လူ့လောကအတွက် သူ၏ စစ်မှန်သော စိတ်ခံစားမှုများဟူသည့် ဘုရားသခင်၏ တစ်ခုတည်းသော သီးသန့်နှုတ်ထွက်ထုတ်ပြန်ချက်ပင် ဖြစ်သည်။ ယေဟောဝါဘုရားသခင်၏ လိုရင်းတိုရှင်းကျသော စကားစမြည် ပြောခြင်းက လူ့လောကအတွက် သူ၏ပြည့်စုံသော အတွေးများကို ဖော်ပြသည်၊ ဤသည်မှာ လူ့လောကအပေါ် သူ့နှလုံးသားသဘောထား၏ စစ်မှန်သောဖော်ပြချက်ပင် ဖြစ်သည်၊ ထို့ပြင် ဤသည်မှာ လူ့လောကအပေါ် သူ၏ကြွယ်ဝသော ကရုဏာပေးအပ်ခြင်း၏ ခိုင်လုံသော သက်သေလည်း ဖြစ်လေသည်။ သူ၏ ကရုဏာကို လူ့လောက၏ အသက်ကြီးသော မျိုးဆက်များအပေါ်တွင်သာ ပေးအပ်သည် မဟုတ်၊ မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့တိုင် ဤသို့အမြဲ ဖြစ်လာပြီးသည့်အတိုင်း၊ ယင်းကို လူ့လောက၏ ငယ်ရွယ်သောလူစုများအားလည်း ချပေးထားလေသည်။ ဘုရားသခင်၏ အမျက်ဒေါသသည် လူ့လောက၏ အချိုးအကွေ့တစ်နေရာရာနှင့် ခေတ်တစ်ချိန်ချိန်တွင် မကြာခဏ ကျရောက်တတ်သော်လည်း၊ ဘုရားသခင်၏ ကရုဏာမှာ ဘယ်သောအခါမှ ရပ်စဲမသွားဖူးပေ။ သူသည် သူ့ဖန်ဆင်းရာ၏ မျိုးဆက်တစ်ခုပြီးနောက်တစ်ခုကို သူ၏ကရုဏာနှင့်အတူ လမ်းညွှန်ပြီးဦးဆောင်သည်၊ ဖန်ဆင်းရာမျိုးဆက်တစ်ခုပြီး နောက်တစ်ခုကို ထောက်ပံ့ပြီး အာဟာရဖြစ်စေသည်၊ အဘယ်ကြောင့်ဆိုသော် လူ့လောကအပေါ် သူ၏စစ်မှန်သော စိတ်ခံစားမှုများမှာ ဘယ်သောအခါမှ ပြောင်းလဲမည် မဟုတ်သောကြောင့်ဖြစ်သည်။ “နိနေဝေမြို့ကြီးကို ငါချမ်းသာပေး သင့်သည် မဟုတ်လော” ဟု ယေဟောဝါဘုရားသခင် ပြောခဲ့သည့်အတိုင်းပင်၊ သူသည် သူ၏ ကိုယ်ပိုင်ဖန်ဆင်းရာကို အမြဲ ချစ်ခင်မြတ်နိုးလာခဲ့သည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ကရုဏာဖြစ်ပြီး၊ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိခြင်းသက်သက်လည်း ဖြစ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၉)

လူငါးမျိုး

နောက်တစ်ခုက ဘုရားသခင်၏ နောက်လိုက်များကို ဘုရားသခင်အပေါ် သူတို့၏နားလည်မှုနှင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သူတို့၏ နားလည်မှုနှင့် အတွေ့အကြုံနှင့်အညီ အမျိုးအစားခွဲခြားပါမည်။ သင်တို့နှင့် သက်ဆိုင်သည့် လက်ရှိအဆင့်နှင့် သင်တို့၏ လက်ရှိဝိညာဉ် အသက်တာကို သိနိုင်ဖို့အတွက်ဖြစ်သည်။ ဘုရားသခင်အပေါ် သူတို့၏အသိပညာနှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သူတို့၏နားလည်မှုနှင့်ပတ်သက်လျှင် လူတို့ပိုင်ဆိုင်သည့် မတူညီသည့် အဆင့်နှင့် ဝိညာဉ်အသက်တာများသည် အမျိုးအစားငါးခုအဖြစ် ယေဘုယျ ခွဲခြားနိုင်ပါသည်။ ဤခေါင်းစဉ်က အတုမရှိ ဘုရားသခင်နှင့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိခြင်းအပေါ် အခြေခံထားပါသည်။ ထို့ကြောင့် အောက်ပါ အကြောင်းအရာကို သင်တို့ ဖတ်သည့်အခါမှာ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်ပြီး သင်တို့မှာ အသိပညာနှင့်နားလည်မှု မည်မျှအတိအကျရှိသနည်းဆိုသည်ကို သင်တို့ သဘောပေါက်အောင် သေသေချာချာ ကြိုးစားသင့်သည်။ ပြီးနောက် ဘယ်အဆင့်မှာ သင်တို့ပါဝင်နေပုံ၊ သင်တို့၏ ဝိညာဉ်အသက်တာက မည်မျှကြီးမားသနည်းဆိုသည်နှင့် သင်က အမှန်တကယ်တွင် ဘယ်လိုလူဖြစ်သနည်းဆိုသည်ကို အကဲဖြတ်ဖို့ ၎င်းကို အသုံးပြုပါ။

ပထမအမျိုးအစား။ အနှီးပတ်ထားသည့် မွေးကင်းစကလေးအဆင့်

အနှီးပတ်ထားသည့် မွေးကင်းစကလေးဆိုသည်မှာ အဘယ်နည်း။ အနှီးပတ်ထားသည့် မွေးကင်းစကလေးသည် ဤကမ္ဘာကို ယခုလေးတင်ရောက်လာသည့် အသစ်စတင် မွေးဖွားလာသည့် မွေးကင်းစကလေးဖြစ်ပါသည်။ လူတို့က သူတို့၏အသေးငယ်ဆုံး အရွယ်မရောက်ဆုံးအချိန်ဖြစ်ပါသည်။

ဤအဆင့်မှာရှိသည့်လူတို့သည် ဘုရားသခင်ကိုယုံကြည်ခြင်းအရာမှာ သတိပြုမိခြင်း သို့မဟုတ် အသိစိတ်ရှိခြင်းတို့ အခြေခံအားဖြင့် မပိုင်ဆိုင်ပေ။ သူတို့သည် အရာရာတိုင်းအပေါ်မှာ စိတ်ရှုပ်ထွေးနေပြီး အသိကင်းမဲ့ပါသည်။ ဤလူတို့က ဘုရားသခင်ကို အချိန်အကြာကြီးယုံခဲ့နိုင်သည်၊ သို့မဟုတ် အချိန်အကြာကြီး ဟုတ်ချင်မှဟုတ်မည်။ သို့သော်လည်း သူတို့၏စိတ်ရှုပ်ထွေးနေပြီး အသိကင်းမဲ့သည့် အဆင့်နှင့် သူတို့၏ စစ်မှန်သည့် ဝိညာဉ်အသက်တာသည် သူတို့ကို အနှီးပတ်ထားသည့် မွေးကင်းစကလေးအဆင့်ကို ရောက်စေပါသည်။ အနှီးပတ်ထားသည့် မွေးကင်းစကလေး အခြေအနေ၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဤကဲ့သို့ဖြစ်သည်။ ဤလူမျိုးက ဘုရားသခင်အပေါ် ယုံကြည်ခဲ့သည်မှာ မည်မျှပင် ကြာပါစေ၊ သူသည် အမြဲတစေ စိတ်တို့အစီအစဉ်မကျ၊ စိတ်ရှုပ်ထွေးပြီး ဉာဏ်နည်းနေပါ လိမ့်မည်။ ဘုရားသခင်ကို သူဘာကြောင့်ယုံသည်ဆိုသည်ကို သူမသိသကဲ့သို့ ဘုရားသခင်က မည်သူဆိုသည်ကို သို့မဟုတ် မည်သူက ဘုရားသခင်ဖြစ်သနည်းဆိုသည်ကို သူမသိပေ။ သူသည် ဘုရားသခင်နောက်ကိုလိုက်သော်လည်း သူ့နှလုံးသားမှာ ဘုရားသခင်နှင့်ပတ်သက်ပြီး တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။ သူနောက်လိုက်နေခြင်းက ဘုရားသခင်ဟုတ်သလော ဆိုသည်ကိုလည်း သူမဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်ကို သူအမှန်တကယ်ယုံကြည်ပြီး သူ့နောက်ကို လိုက်သလောဆိုသည်ကိုတော့ ပြောမနေပါနှင့်တော့။ ၎င်းတို့က ဤလူမျိုး၏ တကယ့်အခြေအနေများဖြစ်ပါသည်။ ဤလူတို့၏ အတွေးများသည် မရှင်းလင်းပေ။ တဖန် ရိုးရိုးပြောရလျှင် သူတို့၏ယုံကြည်မှုသည် စိတ်ရှုပ်ထွေးမှုတစ်ခုပါ။ သူတို့သည် စိတ်ရောထွေးမှုနှင့် စိတ်ဗလာဖြစ်မှု အခြေအနေမှာ အမြဲတမ်း တည်နေကြပြီး စိတ်အစီအစဉ်မကျဖြစ်မှု၊ စိတ်ရှုပ်ထွေးမှုနှင့် အသိဉာဏ်နည်းမှုက သူတို့၏အဆင့်များ၏ အနှစ်ချုပ်ဖြစ် ပါသည်။ သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို တစ်ခါမှ မမြင်ဖူးသကဲ့သို့ မခံစားဖူးပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းအကြောင်းကို သူတို့ကိုပြောခြင်းက အရုပ်စာနှင့် ရေးထားသည့်စာအုပ်ကို သူတို့ကိုဖတ်ခိုင်းသကဲ့သို့မျိုးလောက်ပင် အသုံးဝင်ပါသည်။ သူတို့သည် ၎င်းကို နားလည်မည်လည်း မဟုတ်သကဲ့သို့ လက်ခံမည်လည်းမဟုတ်ပေ။ သူတို့အတွက်က ဘုရားသခင်ကိုသိခြင်းသည် စိတ်ကူးယဉ်ပုံပြင်ကို ကြားခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူတို့၏အတွေးများက ရှုပ်ထွေးနေနိုင် သော်လည်း ဘုရားသခင်ကို သိခြင်းက အချိန်နှင့် အားစိုက်ထုတ်မှုကို လုံးဝ ဖြုန်းတီးခြင်းပဲဟု သူတို့ တကယ်ပင် ခိုင်ခိုင်မာမာ ယုံကြည်ကြသည်။ ဤသည်မှာ ပထမလူ အမျိုးအစားဖြစ်ပါသည်။ အနှီးပတ်ထားသည့် မွေးကင်းစကလေး။

ဒုတိယအမျိုးအစား။ နို့စို့အရွယ် မွေးကင်းစကလေးအဆင့်

အနှီးပတ်ထားသည့် မွေးကင်းစကလေးနှင့်ယှဉ်ကြည့်လျှင် ဤလူအမျိုးအစားက တိုးတက်မှုတစ်ချို့ရှိပါသည်။ ဝမ်းနည်းဖွယ် ကောင်းစွာပင် သူတို့သည် ဘုရားသခင်အပေါ်နားလည်ခြင်း လုံးဝ မရှိသေးပေ။ သူတို့မှာ ဘုရားသခင်အပေါ် ရှင်းလင်းသည့် နားလည်ခြင်းနှင့် ထိုးထွင်းသိမြင်ခြင်း မရှိသေးပေ။ ဘုရားသခင်ကို သူတို့ ဘာကြောင့်ယုံသင့်သည်ဆိုသည်ကို သိပ်မရှင်းလင်းသေးပေ။ သို့သော်လည်း သူတို့နှလုံးသားမှာ သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် ရှင်းလင်းသည့် စိတ်ကူးစိတ်သန်းများရှိပါသည်။ ဘုရားသခင်ကို ယုံကြည်ဖို့က မှန်ကန်သလော ဆိုသည်ကို သူတို့စိတ်မဝင်စားကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် သူတို့ရှာဖွေသည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်က သူ၏ကျေးဇူးတော်ကို ခံစားဖို့၊ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှု ရရှိဖို့၊ သက်တောင့်သက်သာရှိသည့် ဘဝကို နေထိုင်ဖို့၊ ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိဖို့နှင့် ဘုရားသခင်၏ ကောင်းချီးများအောက်မှာ နေထိုင်ဖို့ဖြစ်ပါသည်။ ဘုရားသခင်ကို သူတို့သိသည့်အဆင့်ကို သူတို့သည် စိတ်မဝင်စားကြပေ။ ဘုရားသခင်ကို နားလည်ခြင်းကို ရှာဖွေဖို့ ပြင်းပြသည့်ဆန္ဒ သူတို့မှာ မရှိသကဲ့သို့ ဘုရားသခင်က ဘာလုပ်နေသည် သို့မဟုတ် သူဘာလုပ်ချင်ကြောင်းကိုလည်း စိတ်မဝင်စားကြပေ။ သူ၏ကျေးဇူးတော်ကို ခံစားဖို့နှင့် သူ၏ ကောင်းချီးများကို ပိုပြီး လက်ခံရရှိဖို့ကိုပင် မျက်ကန်းတောတိုး ရှာဖွေကြသည်။ သူတို့သည် လက်ရှိခေတ်၌ အဆရာချီရရှိဖို့နှင့် နောက်လာမည့်ခေတ်မှာ ထာဝရအသက်ရဖို့ အားထုတ်ကြသည်။ သူတို့၏အတွေးများ၊ အချိန်ကုန်ဆုံးမှုများနှင့် စိတ်နှစ်မြှုပ်မှုများ၊ သူတို့၏ ဒုက္ခခံမှုများအားလုံးသည် တူညီသည့် ရည်ရွယ်ချက်တစ်ခုပင် ရှိပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို လက်ခံရရှိဖို့ပင်ဖြစ်သည်။ အခြားဘာကိုမှ သူတို့စိတ်မဝင်စားပေ။ ဤလူမျိုးသည် ဘုရားသခင်က သူတို့ကို ဘေးကင်းစေနိုင်ပြီး သူ၏ကျေးဇူးတော်ကို သူတို့အပေါ်ကို ချပေးသနားနိုင်သည် ဆိုသည်လောက်ပင် သေချာပါသည်။ ဘုရားသခင်က လူသားကို ဘာကြောင့်ကယ်တင်ချင်ရသနည်းဆိုခြင်း၊ သို့မဟုတ် သူ၏နှုတ်ကပတ်တော်များ၏ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရရှိချင်သည့် ရလဒ်ကို သူတို့သည် သိပ်မရှင်းလင်းပေ၊ စိတ်မဝင်စားဘူးဟု ဆိုနိုင်သည်။ သူတို့သည် ဘုရားသခင်၏ အနှစ်သာရနှင့် ဖြောင့်မတ်သည့် စိတ်သဘောထားကို သိဖို့ ဘယ်တော့မှ အားမထုတ်ကြသကဲ့သို့ ဤသို့လုပ်ဖို့ စိတ်ဝင်စားမှုကိုလည်း မလှုံ့ဆော်နိုင်ကြပေ။ ဤအရာများ အပေါ်ကို အာရုံမစိုက်ချင်ကြသကဲ့သို့ သိချင်စိတ်လည်း မရှိကြပေ။ ဘုရားသခင်၏လုပ်ဆောင်မှု၊ လူသားအပေါ်မှာ ဘုရားသခင်၏ သတ်မှတ်ချက်၊ ဘုရားသခင်၏အလိုတော် သို့မဟုတ် ဘုရားသခင်နှင့်သက်ဆိုင်သည့် တခြားအရာ အားလုံးကို မေးဖို့ ဆန္ဒမရှိကြသကဲ့သို့ ဤအရာများကို မေးဖို့လည်း စိတ်အနှောင့်အယှက် အဖြစ်မခံကြပေ။ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စများသည် ဘုရားသခင်၏ ကျေးဇူးတော်အပေါ် သူတို့၏နှစ်သက်ခံစားမှုနှင့် မသက်ဆိုင်ဘူးဟု ယုံကြည်ကြသည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့သည် ကျေးဇူးတော်ကို ချပေးသနားနိုင်ပြီး သူတို့၏ ကိုယ်ကျိုးနှင့် ဆက်စပ်သည့်ဘုရားသခင်ကိုသာ စိတ်ဝင်စား ကြသည်။ တခြားအရာများအပေါ်မှာ စိတ်ဝင်စားမှု လုံးဝမရှိပေ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အပေါ် နှစ်တို့မည်မျှကြာပြီး ယုံကြည်ခဲ့ပါစေ၊ သမ္မာတရား၏ လက်တွေ့အရှိတရားကို မဝင်ရောက်နိုင်ပေ။ သူတို့ကို မကြာခဏ ရေတိုက်မည့်သူ သို့မဟုတ် ကျွေးမည့်သူမရှိလျှင် ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းကို ဆက်သွားဖို့ သူတို့အတွက် ခက်ခဲပါသည်။ သူတို့၏ အစောပိုင်း ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှု သို့မဟုတ် ဘုရားသခင်၏ကျေးဇူးတော်ကို သူတို့ မခံစားနိုင်လျှင် သူတို့သည် စွန့်ခွာသွားဖို့ အလွန်ဖြစ်နိုင်ခြေရှိပါသည်။ ၎င်းက ဒုတိယလူအမျိုးအစားဖြစ်သည်။ နို့စို့အရွယ် မွေးကင်းစကလေး အဆင့်မှာ တည်ရှိသည့် လဖြစ်သည်။

တတိယအမျိုးအစား။ နို့ဖြတ်အရွယ် မွေးကင်းစကလေး သို့မဟုတ် ငယ်ရွယ်သည့် ကလေးအဆင့်

ဤလူအုပ်စုက ရှင်းလင်းသည့် နားလည်သဘောပေါက်မှု တစ်ချို့ ရှိပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားခြင်းက သူတို့ကိုယ်တိုင် စစ်မှန်သည့် အတွေ့အကြုံကို ပိုင်ဆိုင်ခြင်းဟု မဆိုလိုကြောင်းကို ဤလူတို့ သတိမူမိကြသည်။ သူတို့သည် ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုကို ရှာဖွေခြင်း၊ ကျေးဇူးတော်ကို ရှာဖွေခြင်းမှာ ဘယ်တော့မှ မမောပန်းဘူးဆိုလျှင် သို့မဟုတ် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားခြင်းအပေါ်၌ သူတို့၏ အတွေ့အကြုံများကို ဝေမျှခြင်း သို့မဟုတ် သူတို့အပေါ်မှာ ဘုရားသခင် ချပေးသနားခဲ့သည့် ကောင်းချီးများအတွက် သူ့ကို ချီးမွမ်းခြင်းအားဖြင့် သူတို့သည် သက်သေခံနိုင်သည်ဆိုလျှင် ဤအရာများက သူတို့သည် အသက်ကို ပိုင်ဆိုင်သည်ဟု မဆိုလိုသကဲ့သို့ သူတို့သည် သမ္မာတရား၏ လက်တွေ့ အရှိတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုကြောင်းကို သူတို့သိကြသည်။ သူတို့၏အသိတရားမှ အစပြုရင်း ဘုရားသခင်၏ကျေးဇူးတော်နှင့်ပင် အတူပါရှိခြင်း ခံရမည်ဆိုသည့် ဖြစ်ကတတ်ဆန်း မျှော်လင့်ချက်များကို လက်သင့်မခံတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသည့်အခါမှာ တစ်ချိန်တည်းမှာပဲ သူတို့သည် ဘုရားသခင်အတွက် တစ်ခုခုလုပ်ချင်ကြသည်။ သူတို့၏တာဝန်များကို ထမ်းဆောင်ဖို့၊ အခက်အခဲနှင့် ပင်ပန်းမှုအချို့ကို တောင့်ခံနိုင်ဖို့၊ ဘုရားသခင်နှင့် လက်တွဲလုပ်ကိုင်ခြင်း အဆင့်တစ်ချို့ရှိဖို့ သူတို့ ဆန္ဒရှိနေ ကြသည်။ သို့သော်လည်း ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်းမှာ သူတို့၏အားထုတ်ကြိုးပမ်းမှုသည် အတော်ပင်စစ်မှန်မှု မရှိခြင်းကြောင့်၊ တစ်ဦးချင်း ရည်ရွယ်ချက်များနှင့် သူတို့ထားရှိသည့် ဆန္ဒများသည် အလွန်ပြင်းထန်လွန်းခြင်းကြောင့်၊ သူတို့၏စိတ်သဘောထားသည် အတော်ပင် လွန်လွန်ကဲကဲ ထောင်လွှားခြင်းကြောင့် ဘုရားသခင်၏ဆန္ဒကိုဖြည့်ဆည်းဖို့ သို့မဟုတ် ဘုရားသခင်ကို သစ္စာစောင့်သိဖို့ သူတို့အတွက် အလွန်ခက်ခဲပါသည်။ ထို့ကြောင့် သူတို့၏ တစ်ဦးချင်းနှင့်သက်ဆိုင်သည့် ဆန္ဒများကို အကောင်အထည်ဖော်ဖို့ သို့မဟုတ် ဘုရားသခင်အပေါ် သူတို့၏ ကတိများကို ပြည့်စုံစေဖို့ မကြာခဏပင် မတတ်နိုင်ကြပေ။ သူတို့သည် ကိုက်ညီမှုမရှိသည့် အခြေအနေများထဲ မကြာခဏ ရောက်သွားသည်။ ဘုရားသခင်ကို ဖြစ်နိုင်သည့် အကောင်းဆုံးအဆင့်အထိ ကျေနပ်စေဖို့ သူတို့ အလွန်ဆန္ဒရှိကြသည်။ သို့သော်လည်း သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဖို့ သူတို့အစွမ်းရှိသမျှ အသုံးပြုကြသည်။ သူတို့သည် ဘုရားသခင်ကို မကြာခဏပင် ကတိသစ္စာပြုကြသော်လည်း သူတို့၏ ကတိများကို ခပ်မြန်မြန်ပင် ခေါင်းရှောင်ကြသည်။ မကိုက်ညီသည့် အခြားအခြေအနေတို့မှာလည်း သူတို့ ပို၍ပင် မကြာခဏ ရောက်ကြရသည်။ ဘုရားသခင်ကို သူတို့ ရိုးသားစွာယုံကြည်သော်လည်း ဘုရားသခင်နှင့် သူ့ဆီမှလာသည့် အရာရာတိုင်းကို ငြင်းဆန်ကြပြန်သည်။ သူတို့သည် ဘုရားသခင်က သူတို့ကို ဉာဏ်အလင်းဖွင့်ပေးဖို့၊ ဦးဆောင်ဖို့၊ ထောက်ပံ့ဖို့၊ သူတို့ကို ကူညီဖို့ စိုးရိမ်တကြီး မျှော်လင့်ကြသော်လည်း သူတို့၏ ကိုယ်ပိုင်ထွက်လမ်းကို ရှာဖွေကြဆဲပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို နားလည်ပြီး သိရှိဖို့ ဆန္ဒရှိကြသော်လည်း သူနှင့်နီးစပ်အောင်လုပ်ဖို့ ဆန္ဒမရှိကြပြန်ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်ကို အမြဲတမ်း ရှောင်ကြဉ်ကြသည်။ သူတို့၏နှလုံးသားများက သူနှင့်နီးစပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ် အပေါ်မှာ သူတို့သည် အပေါ်ယံနားလည်မှုနှင့် အတွေ့အကြုံတို့ရှိပြီး ဘုရားသခင်နှင့် သမ္မာတရားနှင့် ပတ်သက်ပြီး အပေါ်ယံအယူအဆရှိကြသော်လည်း မသိစိတ်မှာ သူတို့သည် ဘုရားသခင်က သမ္မာတရား ဟုတ်သလောဆိုသည်ကို အတည်မပြုနိုင်ကြသေးပေ၊ သို့မဟုတ် မဆုံးဖြတ်နိုင်ကြသေးပေ။ ဘုရားသခင်က အမှန်တကယ် ဖြောင့်မတ်သလောဆိုသည်ကို သူတို့ အတည်မပြုနိုင်ကြသကဲ့သို့ ဘုရားသခင်၏ စစ်မှန်သည့် ဖြစ်တည်မှုကို မဆိုထားနှင့်၊ သူ၏စိတ်သဘောထားနှင့် အနှစ်သာရ၏ စစ်မှန်ခြင်းကိုတောင် သူတို့ မဆုံးဖြတ်နိုင်ကြပေ။ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းက သံသယများနှင့် နားလည်မှုလွဲခြင်းများ အမြဲပါဝင်သည်။ စိတ်ကူးထင်မြင်ခြင်းနှင့် အယူအဆများလည်း ပါဝင်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ခံစားရခြင်းကြောင့် သူတို့၏ ယုံကြည်မှုကို တိုးတက်စေဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သူတို့၏ အတွေ့အကြုံကို တိုးပွားစေဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သူတို့၏ နားလည်မှုကို အတည်ပြုစစ်ဆေးဖို့၊ သူတို့ကိုယ်တိုင် တည်ဆောက်ထားသည့် ဘဝလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းခြင်းနှင့် လူသားမျိုးနွယ်၏ ဖြောင့်မတ်သည့် အကြောင်းတရားကို ပြီးမြောက်စေခြင်း၏ ပကာသနကို ဖြည့်ဆည်းဖို့၊ ဖြစ်နိုင်ခြေရှိသည့် သမ္မာတရားဟု သူတို့ယုံကြည်သည့် အချို့အရာများကို စိတ်မပါစွာနှင့် ကြုံတွေ့ကြသည်၊ သို့မဟုတ် လေ့ကျင့်ကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းချီးများ ရရှိဖို့အတွက် သူတို့ကိုယ်တိုင်၏ ဆန္ဒကို ဖြည့်ဆည်းဖို့၊ လူသားမျိုးနွယ်၏ ပိုမိုကြီးမားသည့် ကောင်းချီးများကို သူတို့ခံယူနိုင်ဖို့အတွက် လောင်းကစားတစ်ခုလုပ်ဖို့၊ ဘုရားသခင်ကို သူတို့ရရှိသည့် အချိန်အထိ အနားမယူသည့် ကြီးမားသည့်ရည်မှန်းချက်နှင့် ဘဝ၏ဆန္ဒကို ပြီးမြောက်ဖို့ ဤအရာများကိုလည်း လုပ်ဆောင်ကြသည်။ ကောင်းချီးများရရှိဖို့ သူတို့၏ ဆန္ဒနှင့် ရည်မှန်းချက်များသည် သူတို့အတွက် အရေးကြီးလွန်း သည့်အတွက် ဘုရားသခင်၏ အလင်းဖွင့်ပြခြင်းကို ဤလူတို့သည် ရယူနိုင်လေ့မရှိကြပေ။ သူတို့သည် ၎င်းကို အရှုံးပေးစွန့်လွှတ်ဖို့ ဆန္ဒမရှိသကဲ့သို့ အရှုံးလည်းမပေးနိုင်ကြပေ။ ကောင်းချီးများရရှိဖို့ ဆန္ဒမရှိလျှင်၊ ဘုရားသခင်ကို သူတို့ ရရှိသည့်အချိန်ထိ အနားမယူခြင်းဖြစ်သည့် အချိန်ကြာရှည်စွာ နှစ်သက်ခဲ့ရသည့် ရည်ရွယ်ချက်မရှိလျှင်၊ သူတို့သည် ဘုရားသခင်ကိုယုံကြည်ဖို့ တွန်းအားပျောက်ဆုံးသွားမှာကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့သည် လက်တွေ့အရှိတရားကို ရင်မဆိုင်ချင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ရင်မဆိုင်ချင်ကြပေ။ ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို သူတို့ ရင်မဆိုင်ချင်ကြပေ။ ဘုရားသခင်ကို သိခြင်း အကြောင်းအရာကို ပြောဖို့ဆိုသည်ကို အသာထားလိုက်ပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၊ သူ၏ အနှစ်သာရနှင့် သူ၏ ဖြောင့်မတ်သည့်စိတ်သဘောထားသည် သူတို့၏ စိတ်ကူးစိတ်သန်းများကို အစားထိုးလိုက်ခြင်းနှင့် သူတို့၏ အိပ်မက်များသည် အခိုးအငွေ့လို ပျောက်ကွယ်သွားမှာ ဖြစ်သည့်အတွက်ဖြစ်သည်။ နှစ်ပေါင်းများစွာ ဒုက္ခခံထားသည့် လုပ်ဆောင်ချက်မှတစ်ဆင့် စုစည်းထားသည့် စင်ကြယ်သည့် ယုံကြည်မှုနှင့် “ကောင်းမှု” ဟု သူတို့ခေါ်သည့်အရာများက ပျောက်ကွယ်သွားမှာဖြစ်ပြီး ဘာမှဖြစ်လာမှာ မဟုတ်ပေ။ နှစ်ပေါင်းများစွာ သူတို့၏ သွေး၊ ချွေးများနှင့် သိမ်းပိုက်ထားသည့် သူတို့၏ “ပိုင်နက်” သည် ပြိုကျလုနီးနီးဖြစ်သွားပါလိမ့်မည်။ ဤသည်မှာ သူတို့၏ နှစ်ပေါင်းများစွာ ကြိုးစားမှုနှင့် အားထုတ်မှုများသည် အလဟဿဖြစ်သွားပြီ၊ သုညမှ တစ်ခါ ပြန်စရမည်ဆိုသည်ကို ဖော်ပြနေပါလိမ့်မည်။ ဤသည်မှာ သူတို့နှလုံးသားထဲမှာ ခံယူဖို့ သူတို့အတွက် အခက်ခဲဆုံး နာကျင်မှုဖြစ်ပြီး သူတို့ မမြင်ချင်ဆုံး ရလဒ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် သူတို့သည် နောက်လှည့်ဖို့ ငြင်းဆန်ရင်းနှင့် ဤမတိုးသာမဆုတ်သာ အခြေအနေမျိုးမှာ အမြဲတမ်း ပိတ်မိနေပါသည်။ ၎င်းက တတိယလူအမျိုးအစားပါ။ နို့ဖြတ်အရွယ် မွေးကင်းစကလေးအဆင့်မှာ တည်ရှိသည့်သူပါ။

အထက်မှာ ဖော်ပြထားသည့် လူအမျိုးအစားသုံးခု၊ တစ်နည်းပြောရလျှင် ဤအဆင့်သုံးဆင့်မှာ တည်ရှိသည့် လူတို့သည် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ် သို့မဟုတ် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် မှန်ကန်သည့် ယုံကြည်ခြင်းကို မပိုင်ဆိုင်ကြသကဲ့သို့ ဤအရာတို့အပေါ် ရှင်းလင်းသည့် တိကျသည့် သိမြင်မှု သို့မဟုတ် အတည်ပြုခြင်းလည်း မရှိကြပေ။ ထို့ကြောင့် သမ္မာတရား၏ လက်တွေ့အရှိတရားကို ဝင်ရောက်ဖို့ ဤလူအမျိုးအစား သုံးခုအတွက် သိပ်ခက်ခဲပြီး ဘုရားသခင်အပေါ် သူတို့ယုံကြည်သည့် ပုံစံနှင့် ဘုရားသခင်အပေါ် သူတို့၏ လွဲမှားသည့် သဘောထားသည် သူတို့နှလုံးသားထဲမှာ အလုပ်လုပ်ဖို့ သူ့အတွက် မဖြစ်နိုင်စေသည့်အတွက်ကြောင့် ဘုရားသခင်၏ သနားညှာတာမှု၊ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် အလင်းပေးမှုကို လက်ခံရရှိဖို့လည်း သူတို့အတွက် ခက်ခဲပါသည်။ ဘုရားသခင်အကြောင်း သူတို့၏ သံသယများ၊ အယူအဆ အမှားများနှင့် စိတ်ကူးခြင်းများသည် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှုနှင့် အသိပညာကို ကျော်လွန်သည်။ ၎င်းတို့သည် အလွန်ဘေးမကင်းသည့်လူသုံးမျိုးဖြစ်ပြီး အလွန်အန္တရာယ်ရှိသည့် အဆင့်သုံးဆင့်လည်းဖြစ်ပါသည်။ လူတစ်ယောက်သည် ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ ဝိသေသလက္ခဏာ၊ ဘုရားသခင်က သမ္မာတရား ဟုတ်သလောဆိုသည်နှင့် သူ၏ဖြစ်တည်ခြင်း အတွက် စစ်မှန်မှု အကြောင်းအရာများအပေါ်မှာ သံသယစိတ်တစ်ခု ရှိနေပြီး ဤအရာများကို မသေချာနေလျှင် ဘုရားသခင်ဆီကလာသည့် အရာမှန်သမျှကို မည်သို့လက်ခံနိုင်ပါ့မည်နည်း။ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုသည့် အချက်ကို မည်သို့လက်ခံနိုင်မည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မည်သို့လက်ခံနိုင်မည်နည်း။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သို့လက်ခံနိုင်မည်နည်း။ ဤလူမျိုးသည် ဘုရားသခင်၏ စစ်မှန်သည့် လမ်းညွှန်မှုနှင့် ထောက်ပံ့မှုကို မည်သို့ရရှိနိုင်မည်နည်း။ ဤအဆင့်သုံးဆင့်မှာရှိသည့် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်နိုင်ကြသည်၊ ဘုရားသခင်အပေါ် အကဲဖြတ်နိုင်ကြသည်၊ ဘုရားသခင်ကို စော်ကားခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းကို အချိန်မရွေး ပြုလုပ်နိုင်ကြသည်။ သူတို့သည် အချိန်မရွေး မှန်သည့်လမ်းခရီးကို စွန့်ပစ်ပြီး ဘုရားသခင်ကို စွန့်ပစ်နိုင်ကြသည်။ ဤအဆင့်သုံးဆင့်မှာရှိသည့် လူတို့သည် အလွန်အရေးကြီးနေသည့် အချိန်ကာလမှာ တည်ရှိသည်ဟု ဆိုနိုင်ပါသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မှန်ကန်သည့်လမ်းကြောင်းအတွင်းကို မဝင်ထားသည့် အတွက်ကြောင့် ဖြစ်ပါသည်။

စတုတ္ထအမျိုးအစား။ အရွယ်ရောက်လာသည့် ကလေးအဆင့် သို့မဟုတ် ကလေးဘဝ

နို့ဖြတ်ပြီးသည့်နောက်မှာ၊ ဆိုလိုသည်မှာ များပြားလှသည့် ကျေးဇူးတော်များကို သူတို့ ခံစားကြရပြီးနောက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်းကို စူးစမ်းရှာဖွေဖို့၊ မတူညီသည့် မေးခွန်းများကို နားလည်သည့် ဆန္ဒရှိဖို့၊ လူသားက အဘယ့်ကြောင့်အသက်ရှင်နေသနည်း၊ လူသားက မည်သို့အသက်ရှင်သင့်သနည်း၊ လူသားအပေါ် ဘုရားသခင်က သူ့လုပ်ဆောင်မှုများကို အဘယ့်ကြောင့် လုပ်ဆောင်သနည်း ဆိုသည့်မေးခွန်းများကို နားလည်ချင်သည့် ဆန္ဒများ စတင်ဖြစ်ပေါ်လာပါသည်။ ဤမရှင်းလင်း သည့်အတွေးများနှင့် ရှုပ်ထွေးနေသည့် အတွေးပုံစံများသည် သူတို့အတွင်းမှာ ထွက်ပေါ်လာပြီး သူတို့အတွင်းမှာ ဖြစ်တည်နေသည့်အခါ သူတို့သည် ရေလောင်းပေးခြင်းကို အဆက်မပြတ်ရရှိပြီး သူတို့၏ တာဝန်များကို ဆောင်ရွက် နိုင်ကြပါသည်။ ဤအချိန်ကာလအတွင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် ပတ်သက်သည့် သမ္မာတရားအပေါ်မှာ သူတို့ ဘာသံသယမှ မရှိတော့ပေ။ တဖန် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်းကို သူတို့ တိကျစွာ နားလည်ကြသည်။ ဤအခြေခံအုတ်မြစ်အပေါ်မှာ သူတို့သည် ဘုရားသခင်ကို တဖြည်းဖြည်းနားလည်လာကြပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရနှင့်ပတ်သက်ပြီး သူတို့၏ မရှင်းလင်းသည့် အတွေးများနှင့် ရှုပ်ထွေးသည့် အတွေးပုံစံများအပေါ် အဖြေတစ်ချို့ကို တဖြည်းဖြည်းနှင့် ရရှိကြသည်။ သူတို့၏ စိတ်သဘောထားပြောင်းလဲခြင်းနှင့် သူတို့၏ ဘုရားသခင်အပေါ် သိမြင်ခြင်းနှင့်ပတ်သက်လျှင် ဤအဆင့်မှာရှိသည့်လူတို့သည် မှန်ကန်သည့် လမ်းကြောင်း အပေါ် စတင်လျှောက်လှမ်းလာပြီး ကူးပြောင်းခြင်းကာလကို ဝင်ရောက်လာပါသည်။ လူတို့က အသက်ကိုစတင် ရရှိလာကြခြင်းက ဤအဆင့်အတွင်းမှာဖြစ်သည်။ အသက်ကို ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းသည့် ဖော်ပြချက်များက နားလည်မှုလွဲမှားခြင်းများ၊ ကြံစည်တွေးတောခြင်းများ၊ အယူအဆများ၊ ဘုရားသခင်အပေါ် မရေရာသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များကဲ့သို့ လူတို့ သူတို့နှလုံးသားထဲမှာရှိသည့် ဘုရားသခင်ကို သိခြင်းနှင့်ပတ်သက်သည့် မေးခွန်းများစွာကို တဖြည်းဖြည်း ပြေလည်အောင် ဖြေရှင်းပေးခြင်း ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ ဖြစ်တည်မှု၏ စစ်မှန်မှုကို အမှန်တကယ်ယုံကြည်ပြီး သိမြင်လာရုံသာမကဘဲ သူတို့နှလုံးသား ထဲ၌ ဘုရားသခင်နှင့်ပတ်သက်၍ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ဘုရားသခင်အတွက် နေရာမှန်လည်း ပိုင်ဆိုင်လာကာ၊ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ခြင်းက သူတို့၏ မရေရာသည့် ယုံကြည်ခြင်းကို အစားထိုးသည်။ ဤအဆင့်အတောအတွင်းမှာ ဘုရားသခင် အပေါ်၊ သူတို့၏ မှားယွင်းသည့် ကြိုးစားအားထုတ်မှုများ၊ ယုံကြည်မှုနည်းလမ်းများအပေါ် သူတို့၏ မှားယွင်းသည့် အယူအဆများကို လူတို့သည် တဖြည်းဖြည်းသိလာကြသည်။ သူတို့သည် သမ္မာတရားကို လိုချင်တပ်မက်လာကြသည်။ ဘုရားသခင်၏ တရားစီရင်မှု၊ အပြစ်ဒဏ်ခတ်မှုနှင့် ပဲ့ပြင်ဆုံးမမှုတို့ကို ကြုံတွေ့ရခြင်းကို တပ်မက်လာကြသည်။ သူတို့၏ စိတ်သဘောထားပြောင်းလဲခြင်းကို တပ်မက်လာ ကြသည်။ ဤအဆင့်အတွင်း ဘုရားသခင်အပေါ်မှာ ထားသည့် သူတို့၏ အယူအဆများနှင့် ကြံစည်တွေးတောမှုပေါင်းစုံကို သူတို့ တဖြည်းဖြည်း စွန့်လွှတ်လာကြသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ပတ်သက်သည့် သူတို့၏ မမှန်ကန်သည့် အသိပညာကို ပြောင်းလဲ ပြုပြင်လာကြပြီး ဘုရားသခင်အပေါ် မှန်ကန်သည့် အခြေခံကျကျ သိမြင်မှုကို ရရှိကြသည်။ ဤအဆင့်မှာ လူတို့ ပိုင်ဆိုင်သည့် အသိပညာ အစိတ်အပိုင်းတစ်ခုက သိပ်ရှင်းလင်းခြင်း သို့မဟုတ် တိကျခြင်းမရှိသော်လည်း အနည်းဆုံးအနေနှင့် သူတို့သည် သူတို့၏ အယူအဆများ၊ မှားယွင်းသည့် သိမြင်မှုများနှင့် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများကို တဖြည်းဖြည်း စတင် စွန့်ပစ်လာကြသည်။ ဘုရားသခင်အပေါ်မှာ သူတို့ကိုယ်တိုင်၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ခြင်းများကို ဆက်ပြီး သိမ်းမထားတော့ပေ။ သူတို့သည် မည်သို့စွန့်လွှတ် ရမည်နှင့်၊ သူတို့ကိုယ်တိုင်၏ အယူအဆများထဲမှ၊ အသိပညာဆီမှနှင့် စာတန်ဆီမှ တွေ့ရှိရသည့် အရာများကို မည်သို့စွန့်လွှတ်ရမည်ကို စတင် သင်ယူလာကြသည်။ မှန်ကန်ပြီး အပြုသဘောဆောင်သည့်အရာများကို နာခံဖို့ စတင် ဆန္ဒရှိလာကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဆီက လာသည့်အရာများနှင့် သမ္မာတရားနှင့် ကိုက်ညီသည့်အရာများ ကိုပင် နာခံဖို့ စတင် ဆန္ဒရှိလာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ဖို့၊ သူ့နှုတ်ကပတ်တော်များကို ကိုယ်တိုင်သိပြီး လုပ်ဆောင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို သူတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံစည်းမျဉ်းအနေနှင့်၊ သူတို့၏ စိတ်သဘောထားပြောင်းလဲဖို့အတွက် အခြေခံအချက်များ အနေနှင့် ကြုံတွေ့ဖို့ စတင်ကြိုးစားကြသည်။ ဤအချိန်ကာလအတွင်းမှာ လူတို့သည် မသိစိတ်မှ ဘုရားသခင်၏ တရားစီရင်မှုနှင့် အပြစ်ဒဏ်ခတ်မှုကို လက်ခံကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့၏ဘဝအနေနှင့် မသိစိတ်မှ လက်ခံကြသည်။ ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုကို သူတို့လက်ခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်ခံပြီး သူတို့သည် သူတို့ရဲ့ နှလုံးသားအတွင်းမှာ ယုံကြည်သည့် ဘုရားသခင်သည် အမှန်တကယ် တည်ရှိကြောင်းကို ပို၍ပို၍ သတိမူမိလာပြီး ခံစားသိရှိလာနိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှာ၊ သူတို့၏ အတွေ့အကြုံနှင့် ဘဝများမှာ ဘုရားသခင်သည် လူသား၏ ကံကြမ္မာကို အမြဲတစေ တာဝန်ယူသည်၊ လူသားကို ဦးဆောင်ပြီး ထောက်ပံ့ပေးကြောင်းကို ပိုပြီး ခံစားကြရသည်။ ဘုရားသခင်နှင့် သူတို့၏ ဆက်နွှယ်ခြင်းမှတစ်ဆင့် သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို တဖြည်းဖြည်းနှင့် အတည်ပြုလာကြသည်။ ထို့ကြောင့် သူတို့ကိုယ်တိုင် သတိမပြုမိခင်မှာပင် ဘုရားသခင်၏ လုပ်ဆောင်မှု၌ သူတို့သည် မသိစိတ်မှ အတည်ပြုပြီး ခိုင်မာစွာ ယုံကြည်နှင့်ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို အတည်ပြုလက်ခံပြီးဖြစ်ပါသည်။ လူတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတည်ပြုလက်ခံပြီး ဘုရားသခင်၏ လုပ်ဆောင်မှုကို အတည်ပြုလက်ခံလိုက်သည်နှင့် သူတို့ ကိုယ်သူတို့ မရပ်မနား ငြင်းပယ်ကြသည်။ သူတို့ကိုယ်တိုင်၏ အယူအဆများကို ငြင်းပယ်ကြသည်။ သူတို့ကိုယ်တိုင်၏ အသိပညာကို ငြင်းပယ်ကြသည်။ သူတို့ကိုယ်တိုင်၏ စိတ်ကူးထင်မြင်ခြင်းများကို ငြင်းပယ်ကြသည်။ တစ်ချိန်တည်း မှာပဲ သမ္မာတရားက အဘယ်နည်းဆိုသည်နှင့် ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို မရပ်မနား အားထုတ်ရှာဖွေကြသည်။ ဘုရားသခင်အပေါ် လူတို့၏ အသိပညာသည် ဤဖွံ့ဖြိုးတိုးတက်မှု အချိန်ကာလအတွင်းမှာ အမှန်တကယ်ပင် အပေါ်ယံဆန်ပါသည်။ သူတို့သည် စကားလုံးများကို အသုံးပြု၍ပင် ဤအသိပညာကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ မတတ်နိုင်ကြသကဲ့သို့ သေသေချာချာ အသေးစိတ် မရှင်းပြနိုင်ကြပေ။ သူတို့မှာ သဘောပေါက် လွယ်သည့် နားလည်မှုသာ ရှိကြပါသည်။ သို့သော်လည်း ဤအစပိုင်း အဆင့်သုံးဆင့်ကို အတူထားလိုက်သည့်အခါမှာ ဤအချိန်ကာလမှာရှိသည့် အရွယ်မရောက်သေးသည့် လူတို့သည် ရေလောင်းပေးခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် အထောက်အပံ့ကို လက်ခံရရှိနှင့်ပြီးဖြစ်ပြီး စတင်အပင်ပေါက် နေပါပြီ။ မြေပြင်မှာမြုပ်ထားသည့် အစေ့တစ်စေ့ကဲ့သို့ပင် ဖြစ်သည်။ စိုစွတ်မှုနှင့် အာဟာရဓာတ်များကို ရရှိပြီးနောက်မှာ မြေကြီးကို ထိုးထွက်လာပါလိမ့်မည်။ သူ၏ ရှင်သန် ပေါက်ဖွားခြင်းက ဘဝအသစ်တစ်ခု မွေးဖွားခြင်းကို ကိုယ်စားပြုပါသည်။ ဤဘဝအသစ်တစ်ခု မွေးဖွားခြင်းက ဘဝ၏ ညွှန်းဆိုချက်များကို အနည်းအကျဉ်းမြင်စေပါသည်။ အသက်နှင့်အတူ လူတို့သည် ကြီးပြင်းလာမည်။ ထို့ကြောင့် ဤအခြေခံအုတ်မြစ်ပေါ်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်ကို ရောက်အောင် သူတို့ တဖြည်းဖြည်း လုပ်လာကြသည်။ သူတို့ကိုယ်တိုင်၏ အယူအဆများကို စွန့်ပစ်ရင်း၊ ဘုရားသခင်၏ လမ်းညွှန်မှုကို လက်ခံရရှိရင်းဖြစ်သည်။ လူတို့၏ ဘဝများသည် မလွဲဧကန် တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာပါလိမ့်မည်။ ဤကြီးထွားခြင်းကို မည်သည့်အခြေခံအချက်အလက်များ အပေါ်မှာ မူတည်ပြီး တိုင်းတာသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူတို့၏ အတွေ့အကြုံနှင့် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားအပေါ် သူတို့၏ စစ်မှန်သည့် နားလည်မှုတို့အရ တိုင်းတာပါသည်။ ဤကြီးထွားခြင်း အချိန်ကာလမှာ ဘုရားသခင်အပေါ် သူတို့၏ သိမြင်မှုနှင့် ဘုရားသခင်၏ အနှစ်သာရကို တိတိကျကျ ဖော်ပြဖို့ သူတို့ကိုယ်တိုင်၏ စကားလုံးများကို အသုံးပြုဖို့ သူတို့အတွက် အတော်ပင်ခက်ခဲသော်လည်း ဤလူအုပ်စုသည် ဘုရားသခင်၏ ကျေးဇူးတော်ကို နှစ်သက်ခံစားခြင်းမှတစ်ဆင့် သာယာမှုနောက်ကိုလိုက်ဖို့ သို့မဟုတ် ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိဖို့ ဘုရားသခင်ကို ယုံကြည်ခြင်းနောက်မှာ သူတို့၏ရည်ရွယ်ချက်နောက်ကိုလိုက်ဖို့ ကိုယ့်အသိစိတ်နှင့် လုပ်လိုခြင်း မရှိတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းကို ကြိုးစား အားထုတ်ဖို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည့်သူဖြစ်ဖို့ ဆန္ဒရှိနေကြပါသည်။ ဖြည့်စွက်ပြောရလျှင် သူတို့သည် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိကြပြီး ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ဤသည်မှာ ကြီးထွားခြင်းအဆင့်၌ လူတစ်ယောက်၏ အမှတ်အသားဖြစ်ပါသည်။

ဤအဆင့်မှာ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်သည့် အသိပညာတစ်ချို့ ရှိသော်လည်း ဤအသိပညာသည် အလွန်မှုန်ဝါးပြီး ထင်ရှားခြင်း မရှိပေ။ ၎င်းကို သူတို့ ရှင်းရှင်းလင်းလင်း မရှင်းနိုင်သည့်အချိန်မှာ သူတို့သည် အတွင်းမှာ တစ်ခုခု ရရှိနှင့်ပြီးဖြစ်သည်ဟု ခံစားကြရသည်။ ဘာကြောင့်လဲဟုဆိုရလျှင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သိမြင်ခြင်းနှင့် နားလည်ခြင်း အတိုင်းအတာ တစ်ချို့ သူတို့ရရှိပြီးသည့် အတွက်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့အားလုံးက အပေါ်ယံဆန်ပြီး အခြေခံအဆင့်တစ်ခုသာ ရှိပါသေးသည်။ ဤလူအုပ်စုသည် ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ဆက်ဆံသည့် တိကျသည့် အမြင်တစ်ခုရှိပါသည်။ ဤအမြင်ကို သူတို့ကြိုးစားလိုက်လျှောက်သည့် ရည်ရွယ်ချက် ပြောင်းလဲခြင်းနှင့် သူတို့ကြိုးစားလိုက်လျှောက်သည့်နည်းလမ်း၌ ဖော်ပြပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်မှာ၊ လူသားအပေါ် သူ၏သတ်မှတ်ချက် အမျိုးစုံနှင့် လူသားအပေါ် သူ၏ထုတ်ဖော်ချက်တို့၌ သူတို့သည် သမ္မာတရားကို မလိုက်လျှောက်သေးလျှင်၊ လက်တွေ့ အရှိတရားကို ဝင်ရောက်ဖို့ သူတို့ မလိုက်လျှောက်သေးလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ တွေ့ကြုံရသည့်အခါ၌ ဘုရားသခင်ကို သိပြီး ဖြည့်ဆည်းပေးဖို့ အားထုတ်ရှာဖွေခြင်းမရှိလျှင်၊ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း အဓိပ္ပာယ်ကို ဆုံးရှုံးလိမ့်မည်ဆိုသည်ကို သူတို့မြင်ပြီးကြပါပြီ။ ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ မည်မျှပင် ခံစားရပါစေ၊ သူတို့၏ စိတ်သဘောထားကို မပြောင်းနိုင်ပုံ၊ ဘုရားသခင်ကို မကျေနပ်စေနိုင်ပုံ၊ သို့မဟုတ် ဘုရားသခင်ကို မသိနိုင်ပုံကို သူတို့သိကြပြီး လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ထဲမှာ ဆက်လက် နေထိုင်နေလျှင် သူတို့သည် ဘယ်တော့မှ ကြီးထွားခြင်း၊ အသက်ကို ရရှိခြင်း သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမှာမဟုတ်ဘူး ဆိုသည်ကို သူတို့သိကြသည်။ အနှစ်ချုပ်ပြောရလျှင် လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် တွေ့ကြုံခံစားနိုင်ခြင်း မရှိဘူးဆိုလျှင်၊ သူ့နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို မသိနိုင်လျှင်၊ မွေးကင်းစကလေးအရွယ်မှာပဲ ထာဝရ ရှိနေမှာဖြစ်ပြီး သူ့ဘဝ အရွယ်ရောက်ခြင်း၌ ရှေ့ကို ခြေတစ်လှမ်း ဘယ်တော့မှ လှမ်းမှာမဟုတ်ပေ။ သင်သည် မွေးကင်းစအရွယ် အဆင့်မှာပဲ ထာဝရ တည်ရှိနေလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို ဘယ်တော့မှ မဝင်ရောက်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်ဘဝအဖြစ် ဘယ်တော့မှ မထားလျှင်၊ မှန်ကန်သည့်ယုံကြည်မှုနှင့် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာကို ဘယ်တော့မှ မပိုင်ဆိုင်လျှင်၊ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင်ပြုလုပ်ဖို့ ဖြစ်နိုင်ခြေ ရှိသလော။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို ဝင်ရောက်သည့်သူတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ဘဝအဖြစ် လက်ခံသည့်သူတိုင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို စတင်လက်ခံလာသူတိုင်း၊ မိမိ၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား စတင်ပြောင်းလဲလာသည့်သူတိုင်း၊ သမ္မာတရားကို လိုချင်တပ်မက်သည့်၊ ဘုရားသခင်ကိုသိဖို့ ဆန္ဒရှိသည့်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ ဆန္ဒရှိသည့် သူတိုင်း၊ ဤလူတို့သည် အသက်ကို အမှန်တကယ် ပိုင်ဆိုင်ကြသည့်သူများဖြစ်ပါသည်။ ၎င်းသည် အရွယ်ရောက် နေသည့် ကလေး၊ ကလေးဘဝအဆင့်မှာရှိသည့်သူဖြစ်သည့် စတုတ္ထလူအမျိုးအစား အမှန်တကယ်ဖြစ်ပါသည်။

ပဉ္စမအမျိုးအစား။ အရွယ်ရောက်သည့် ဘဝအဆင့် သို့မဟုတ် လူကြီးအဆင့်

အကြိမ်ကြိမ်ဖြစ်ပွားသည့် နောက်ပြန်ဆုတ်မှုများနှင့် ပြည့်နေသည့် ကြီးထွားခြင်းအဆင့်ဖြစ်သည့် ကလေးဘဝ လေးဖက်ထောက်သွားသည့် အဆင့်ကို ကြုံတွေ့ပြီးနောက်မှာ လူတို့၏ဘဝသည် တည်ငြိမ်နေပါပြီ။ သူတို့၏ ရှေ့တက်နေသည့် ခြေလှမ်းများက မရပ်တန့်တော့သကဲ့သို့ မည်သူမှ မတားဆီးနိုင်ပေ။ ရှေ့မှာ ရှိသည့်လမ်းက ကြမ်းတမ်းပြီး မညီမညာဖြစ်နေသော်လည်း သူတို့သည် အားနည်းခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိကြတော့ပေ။ သူတို့သည် ရှေ့မှာစမ်းတဝါးဝါးဖြစ်မနေတော့ပေ၊ သို့မဟုတ် သူတို့၏ ဦးတည်ချက်များ မပျောက်ဆုံးတော့ပေ။ သူတို့၏ အခြေခံအုတ်မြစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် ကြုံတွေ့ခြင်းအတွင်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပါပြီ။ သူတို့၏နှလုံးသားများသည် ဘုရားသခင်၏ ဂုဏ်တော်၏ ကြီးမြတ်ခြင်း အားဖြင့် ဆွဲယူခြင်းခံရပါပြီ။ ဘုရားသခင်၏ ခြေလှမ်းများနောက်ကို လိုက်ဖို့၊ ဘုရားသခင်၏ အနှစ်သာရကို သိဖို့၊ ဘုရားသခင်ကို အလုံးစုံသိဖို့ သူတို့ တပ်မက်ကြသည်။

ဤအဆင့်မှာရှိသည့်လူတို့သည် သူတို့ယုံကြည်သည်မှာ မည်သူနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း သိပြီးဖြစ်ပြီး ဘုရားသခင်အပေါ် သူတို့ ဘာကြောင့်ယုံကြည်သင့်ကြောင်းနှင့် သူတို့ကိုယ်တိုင်၏ သက်ဆိုင်သည့် ဘဝများ၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းသိကြသည်။ ဘုရားသခင် ဖော်ပြသည့် အရာတိုင်းက သမ္မာတရားဖြစ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းသိကြပါသည်။ သူတို့၏ နှစ်ပေါင်းများစွာရှိသည့် အတွေ့အကြုံများမှာ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မပါလျှင် ဘုရားသခင်ကို သိဖို့၊ ကျေနပ်စေဖို့ လုံးဝ တတ်နိုင်မှာ မဟုတ်သကဲ့သို့ ဘုရားသခင်ရှေ့ကို ဘယ်တော့မှ အမှန်တကယ် လာရောက်နိုင်မှာ မဟုတ်ကြောင်းကို သူတို့သိမြင်ကြသည်။ ဤလူတို့နှင့် သက်ဆိုင်သည့် နှလုံးသားများအတွင်းမှာ ဘုရားသခင်၏ စမ်းသပ်ခြင်းကိုခံဖို့ ပြင်းပြသည့် ဆန္ဒတစ်ခုရှိသည်။ စမ်းသပ်ခြင်းခံနေရစဉ်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မြင်ဖို့၊ ပိုသန့်စင်သည့် ချစ်ခြင်းကို ရယူဖို့၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို ပိုပြီး အမှန်တကယ် နားလည်ပြီး သိဖို့ဖြစ်သည်။ ဤအဆင့်နှင့် သက်ဆိုင်သည့်သူတို့သည် မွေးကင်းစအဆင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားခြင်းနှင့် ပေါင်မုန့်ကိုစားခြင်းနှင့် ဗိုက်ပြည့်ခြင်းအဆင့်ကို လုံးဝ နှုတ်ဆက်ပြီးဖြစ်သည်။ ဘုရားသခင်ကို သည်းခံအောင်လုပ်ပြီး သူတို့ကို သနားညှာတာမှုပြစေဖို့ လွန်ကျူးသည့် မျှော်လင့်ချက်များကို သူတို့ မထားကြတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်၏ ရပ်တန့်မသွားမည့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရရှိဖို့၊ မျှော်လင့်ဖို့ ယုံကြည်မှုရှိကြပါသည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သူတို့ကိုယ်သူတို့ ခွဲခွာစေပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ဖြစ်ပါသည်။ ဘုရားသခင်နှင့် ပတ်သက်သည့် သူတို့၏အသိပညာ၊ သူတို့၏ ကြိုးစားအားထုတ်မှု သို့မဟုတ် သူတို့ကြိုးစားအားထုတ်မှု၏ နောက်ဆုံးပန်းတိုင်၊ ဤအရာများ အားလုံးသည် သူတို့နှလုံးသားထဲမှာ သိပ်ရှင်းလင်းပါသည်။ ထို့ကြောင့် လူကြီးအဆင့်မှာရှိသည့်လူတို့သည် မရေရာသည့် ယုံကြည်မှုအဆင့်ကို၊ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို သူတို့မှီခိုသည့် အဆင့်ကို၊ စမ်းသပ်ခြင်းတို့ကို ခံနိုင်ရည်မရှိသည့် အရွယ်မရောက်သည့်ဘဝအဆင့်ကို၊ ဝေဝါးခြင်း အဆင့်ကို၊ စမ်းတဝါးဝါးအဆင့်ကို၊ မကြာခဏ လိုက်စရာမရှိသည့် မည်သည့်လမ်းမှမရှိသည့်အဆင့်ကို၊ ချက်ချင်းပူ၊ ချက်ချင်းအေးသည့်နှစ်ခုကြားပြောင်းလဲခြင်း၏ မတည်ငြိမ်သည့် အချိန်ကာလကို၊ မျက်လုံးတစ်လုံးမှိတ်ပြီး ဘုရားသခင်နောက်ကို လိုက်သည့် အဆင့်ကို လုံးဝ နှုတ်ဆက်ပြီးဖြစ်ပါသည်။ ဤကဲ့သို့လူမျိုးက ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏ လက်ခံရရှိသည်။ ဘုရားသခင်နှင့်အတူ မှန်ကန်သည့် တွဲဖက်လုပ်ကိုင်ခြင်းနှင့် ပြောဆိုဆက်သွယ်ခြင်းတို့ မကြာခဏ ပြုလုပ်သည်။ ဤအဆင့်မှာ နေထိုင်သည့်လူတို့သည် ဘုရားသခင်၏ အလိုတော် တစ်စိတ်တစ်ပိုင်းကို နားလည်သဘောပေါက်ပြီးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သူတို့သည် သူတို့လုပ်သည့်အရာတိုင်းမှာ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေနိုင်ကြသည်။ ဘုရားသခင်၏ ဆန္ဒကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ဆိုသည်ကို သူတို့သိသည်။ ထို့အပြင် ဘုရားသခင်ကို သိခြင်းလမ်းကိုလည်း သူတို့ရှာတွေ့ပြီးဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်သည့် သူတို့၏အသိပညာကို သက်သေခံဖို့ စတင်ပြီးဖြစ်ပါသည်။ တဖြည်းဖြည်းကြီးထွားလာခြင်း အချိန်ကာလအတွင်း၌ သူတို့မှာ ဘုရားသခင်၏ အလိုတော်အပေါ်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းမှာ ဘုရားသခင်၏ အလိုတော်အပေါ်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းမှာ ဘုရားသခင်၏အလိုတော်ကို တဖြည်းဖြည်းနားလည်ပြီး သိမြင်ခြင်းရှိကြသည်။ ဖြည့်စွက် ပြောရလျှင် အနှစ်သာရနှင့်ပတ်သက်လျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားအပေါ် နားလည်မှုနှင့် သိမြင်မှုကိုလည်း သူတို့ တဖြည်းဖြည်းချင်း ရရှိကြသည်။ ဤအသိပညာကို မည်သည့်လူသား၏ အယူအဆ သို့မဟုတ် စိတ်ကူးထင်မြင်မှုမှ အစားမထိုးနိုင်ပေ။ ပဉ္စမမြောက်အဆင့်မှာ လူတစ်ယောက်၏ဘဝသည် လုံးဝ အရွယ်ရောက်သွားပြီ သို့မဟုတ် ဤလူကို ဖြောင့်မတ်သည် သို့မဟုတ် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း ဤကဲ့သို့လူမျိုးသည် ဘဝမှာ ရင့်ကျက်ခြင်းအဆင့်ကို တစ်ဆင့်လှမ်းပြီးဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မျက်နှာချင်းဆိုင်ရပ်ဖို့နှင့် ဘုရားသခင်နှင့် မျက်နှာခြင်းဆိုင် ရပ်ဖို့ ဤလူသည် ဘုရားသခင်ရှေ့ကို လာရောက်နိုင်ပြီဖြစ်သည်။ ဤကဲ့သို့ လူမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြောက်မြားစွာတွေ့ကြုံပြီးဖြစ်သည့်အတွက်၊ မရေမတွက် နိုင်အောင်များပြားသည့် စမ်းသပ်မှုများကို တွေ့ကြုံခဲ့ပြီး၊ ပဲ့ပြင်ဆုံးမခြင်း ဖြစ်ရပ်များ၊ ဘုရားသခင်ဆီက တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ ခြင်းကြောင့် ဘုရားသခင်အပေါ် သူတို့၏ အပ်နှံခြင်းသည် နှိုင်းယှဉ်၍မရဘဲ လုံးဝပြည့်စုံပါသည်။ ဘုရားသခင်အပေါ် သူတို့၏အသိသည် မသိစိတ်ထဲမှ ရှင်းလင်းပြီး တိကျသည့် အသိပညာဆီသို့၊ အပေါ်ယံမှ လေးလေးနက်နက်ဖြစ်ခြင်းသို့၊ မှုံဝါးဝေဝါးခြင်းမှ တိကျသေချာပြီး ရှင်းလင်းမှုဆီသို့ ကူးပြောင်းသွားခဲ့ပါသည်။ သူတို့သည် အစွမ်းကုန် စမ်းတဝါးဝါး ဖြစ်ခြင်းနှင့် တက်ကြွမှုမရှိသည့် ရှာဖွေခြင်းမှ အားစိုက်စရာ မလိုသည့် အသိပညာနှင့် တက်ကြွသည့် သက်သေခံခြင်းအဖြစ်သို့ ပြောင်းလဲသွားပါသည်။ ဤအဆင့်မှာရှိသည့်လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်ကြပြီး ပေတရုကဲ့သို့ စုံလင်ခြင်းလမ်းကြောင်းပေါ်တွင် အခြေချပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ လူကြီးအဆင့်ဖြစ်သည့် အရွယ်ရောက်ခြင်း အဆင့်၌ နေထိုင်သည့်သူဖြစ်သည့် ပဉ္စမလူအမျိုးအစားဖြစ်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)” မှ

အရှေ့သို့- ဘုရားသခင်ကို သိမြင်ခြင်း (၂)

နောက်တစ်ခုသို့- ဘုရားသခင်ကို သိမြင်ခြင်း (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း

ဘုရားသခင်ကို ယုံကြည်ရာတွင်၊ သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးရှိခြင်းနှင့် သက်ဆိုင်သည့် ကိစ္စကို ဖြေရှင်းရမည်။...

စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၂၆)

ငါ၏ အိမ်ထဲတွင် မည်သူနေထိုင်ခဲ့သနည်း။ ငါ့အတွက် မည်သူသည် ရပ်တည်ပေးခဲ့သနည်း။ ငါ့ကိုယ်စား မည်သူသည် ဝေဒနာခံစားပေးခဲ့သနည်း။ ငါ့ရှေ့တွင် မည်သူသည်...

မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော

ယနေ့လမ်းကြောင်းကို သင်တို့လျှောက်လှမ်းကြသည်နှင့်အမျှ အသင့်တော်ဆုံးသော လိုက်စားမှုမျိုးမှာ အဘယ်နည်း။ သင်၏လိုက်စားမှု၌ သင့်ကိုယ်သင်...

ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။