ဘုရားသခင်ကို သိမြင်ခြင်း (၅)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၆)

ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိခြင်း၏ သော့ချက်က မည်သည့်အသိပညာ ဖြစ်သည်ကို သင်တို့ သိကြသလော။ ဤအကြောင်းအရာနှင့် ပတ်သက်၍ အတွေ့အကြုံမှနေ၍ ပြောနိုင်စရာ အများကြီးရှိသော်လည်း၊ ဦးစွာ ငါ့အနေဖြင့် သင်တို့ကို ပြောပြရမည့် အဓိကအချက်အလက် အနည်းငယ်ရှိသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားလည်ဖို့ လူတစ်ဦးသည် ဘုရားသခင်၏ ခံစားချက်များကို ဦးစွာနားလည်ရမည်- ကိုယ်တော် မည်သည်ကိုမုန်းသည်၊ ကိုယ်တော် မည်သည်ကိုရွံရှာသည်၊ ကိုယ်တော် မည်သည်ကိုချစ်သည်၊ ကိုယ်တော် မည်သူ့ကိုသည်းခံပြီး သနားကြင်နာသည်၊ ထို့ပြင် ကိုယ်တော်သည် မည်သို့သော လူမျိုးအပေါ် သနားကြင်နာမှုကို ပေးအပ်သည် စသည်တို့ဖြစ်သည်။ ဤသည်မှာ အရေးကြီးသည့်အချက်တစ်ခု ဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်က မည်မျှလောက်ချစ်ပါစေ၊ သူက လူတို့အတွက် ကရုဏာနှင့် ချစ်ခြင်းမေတ္တာ မည်မျှလောက်ရှိပါစေ ဘုရားသခင်သည် သူ၏ အဆင့်အတန်းနှင့် အနေအထားကို စော်ကားသော မည်သူ့ကိုမျှ သည်းမခံသည်သာမက၊ သူ၏ဂုဏ်သိက္ခာကို စော်ကားသော မည်သူ့ကိုမှလည်း သည်းမခံသည်ကို နားလည်ထားရမည်။ ဘုရားသခင်သည် လူတို့ကို ချစ်သော်လည်း လူတို့ကို သူ အလိုမလိုက်ပါ။ သူသည် လူတို့ကို သူ၏အချစ်၊ သူ၏ကရုဏာနှင့် သူ၏သည်းခံခြင်းကို ပေးသော်လည်း၊ သူသည် သူတို့ကို ဘယ်သောအခါမျှ ဖူးဖူးမှုတ်မထားပါ။ ဘုရားသခင်၌ သူ၏ နည်းဥပဒေသများနှင့် သူ၏ ကန့်သတ်ချက်များ ရှိသည်။ ဘုရားသခင်၏ အချစ်ကို သင် မည်မျှ ခံစားရပြီးပါစေ၊ ထိုအချစ်က မည်မျှ နက်ရှိုင်းနေပါစေ၊ သင်သည် ဘုရားသခင်ကို အခြားလူတစ်ယောက်အား ဆက်ဆံသကဲ့သို့ လုံးဝမဆက်ဆံရပါ။ ဘုရားသခင်က လူတို့ကို အဆုံးစွန်ရင်းနှီးမှုဖြင့် ဆက်ဆံသည်မှာ မှန်သော်လည်း အကယ်၍ လူတစ်ယောက်သည် ဘုရားသခင်ကို တစ်ခြားလူတစ်ယောက်ကဲ့သို့ပင်၊ သူသည် အခြားဖန်ဆင်းခံ သက်ရှိကဲ့သို့ပင်၊ သူငယ်ချင်းတစ်ယောက်သဖွယ် သို့မဟုတ် ကိုးကွယ်ခံအရာဝတ္ထုတစ်ခုကဲ့သို့ သဘောထားမိလျှင် ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးကွယ်ထားပြီး ထိုလူများကို စွန့်ပစ်ထားလိမ့်မည်။ ဤသည်မှာ သူ၏ စိတ်သဘောထားဖြစ်ပြီး၊ လူတို့သည် ဤအကြောင်းကိစ္စကို ပေါ့ပေါ့တန်တန် မှတ်ယူ၍ မဖြစ်ပေ။ ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ သူမိန့်ဆိုသည့် ဤကဲ့သို့သော နှုတ်ကပတ်တော်များကို တွေ့ရလေ့ရှိသည်- သင်သည် လမ်းများ မည်မျှကို ခရီးပြုပြီးပါစေ၊ သင် အလုပ်မည်မျှကို ပြုလုပ်ပြီးပါစေ သို့မဟုတ် ဒုက္ခမည်မျှကို ကြံ့ကြံ့ခံပြီးပါစေ ဘုရားသခင်၏ စိတ်သဘောထားကို သင်စော်ကားမိသည်နှင့် ဘုရားသခင်သည် သင်တို့တစ်ဦးချင်းအား သင်ပြုလုပ်ထားသည့် အရာကို အခြေခံ၍ ပြန်ပေးဆပ်လိမ့်မည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်က လူတို့ကို အဆုံးစွန်သော ရင်းနှီးမှုနှင့် ဆက်ဆံသော်လည်း လူတို့က ဘုရားသခင်ကို သူငယ်ချင်းကဲ့သို့ သို့မဟုတ် ဆွေမျိုးကဲ့သို့ ဆက်ဆံ၍ မရပါ။ ဘုရားသခင်ကို သင့် “အပေါင်းအဖော်” ဟု မခေါ်နှင့်။ သူ့ထံက ချစ်ခြင်းမေတ္တာမည်မျှ သင်ရထားသည်ဖြစ်စေ၊ သူက သင့်ကို သည်းခံမှုမည်မျှ ပေးထားသည်ဖြစ်စေ သင်သည် ဘုရားသခင်ကို သင်၏ မိတ်ဆွေသဖွယ် မဆက်ဆံရပါ။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားပင် ဖြစ်သည်။ သင် နားလည်သလော။ ဤအရာနှင့် ပတ်သက်ပြီး ငါထပ်ပြောဖို့ လိုသလော။ သင်တို့တွင် ဤအကြောင်းကိစ္စအပေါ် တင်ကြို နားလည်ခြင်းတစ်ခုခု ရှိသလော။ ယေဘုယျအားဖြင့်ပြောရလျှင် သူတို့က အယူဝါဒများကို နားလည်သည်ဖြစ်စေ သို့မဟုတ် ဤကိစ္စကို ယခင်က လုံးဝ မစဉ်းစားထားသည်ဖြစ်စေ ဤသည်မှာ လူတို့လုပ်မိရန် အလွယ်ဆုံးသော အမှားဖြစ်သည်။ လူတို့က ဘုရားသခင်ကို စော်ကားမိသည့်အခါ ယင်းက အဖြစ်အပျက်တစ်ခု သို့မဟုတ် သူတို့ပြောသည့် အရာတစ်ခုကြောင့် ဖြစ်ကောင်း ဖြစ်မည်မဟုတ်ဘဲ သူတို့၏ ကိုင်စွဲထားသည့် စိတ်သဘောထားနှင့် သူတို့ရောက်နေသည့် အခြေအနေကြောင့်သာ ဖြစ်ကောင်းဖြစ်မည်။ ဤသည်မှာ အလွန် ကြောက်စရာကောင်းသော အရာဖြစ်သည်။ လူတစ်ချို့က သူတို့သည် ဘုရားသခင်ကို နားလည်သည်၊ သူ့အကြောင်း အသိပညာတစ်ချို့ ရှိသည်ဟု ယုံကြည်ပြီး ဘုရားသခင်ကို ကျေနပ်စေသည့် အရာတစ်ချို့ကိုပင် သူတို့ လုပ်ကောင်းလုပ်ကြမည်။ သူတို့သည် ဘုရားသခင်နှင့် တန်းတူဖြစ်ပြီး သူတို့သည် ဘုရားသခင်နှင့် ခင်မင်ရင်းနှီးမှုထဲသို့ သူတို့ကိုယ်သူတို့ ပါးနပ်စွာ လမ်းကြောင်းပေးထားကြပြီဟု စတင်ခံစားကြသည်။ ဤသို့သော ခံစားချက်မျိုးများသည် အင်မတန် လွဲမှားနေသည်။ အကယ်၍ သင်သည် ဤအရာအပေါ် နက်ရှိုင်းသော နားလည်မှုမရှိလျှင်၊ သင်သည် ဤအရာကို ရှင်းရှင်းလင်းလင်း နားမလည်လျှင် သင်သည် ဘုရားသခင်ကို အလွယ်တကူ စော်ကားမိလိမ့်မည်ဖြစ်ပြီး သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို စော်ကားမိလိမ့်မည် ဖြစ်သည်။ ဤအရာကို သင် အခုနားလည်ပြီ ဟုတ်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် အတုမရှိသည်မဟုတ်လော။ ယင်းမှာ လူတစ်ယောက်၏စရိုက် သို့မဟုတ် ကိုယ်ကျင့်တရား အဆင့်အတန်းနှင့် တူညီနိုင်ပါမည်လော။ လုံးဝ မတူညီနိုင်ပါ။ ထို့ကြောင့် သင်သည် ဘုရားသခင်က လူတို့ကို မည်ကဲ့သို့ ဆက်ဆံပါစေ သို့မဟုတ် သူက လူတို့ကို မည်ကဲ့သို့ စဉ်းစားပါစေ ဘုရားသခင်၏ အနေအထား၊ အခွင့်အာဏာနှင့် အဆင့်အတန်းက ဘယ်သောအခါမျှ မပြောင်းသည်ကို သင်မေ့၍မရပါ။ လူသားမျိုးနွယ် အတွက် ဘုရားသခင်သည် အစဉ်အမြဲပင် အရာခပ်သိမ်းတို့၏ သခင်ဖြစ်ပြီး ဖန်ဆင်းရှင်လည်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၇)

ပုံဝတ္ထု ၁။ မျိုးစေ့တစ်စေ့၊ ကမ္ဘာမြေကြီး၊ သစ်ပင်တစ်ပင်၊ နေအလင်းရောင်၊ ငှက်များနှင့် လူသား

ကမ္ဘာမြေကြီးပေါ်သို့ မျိုးစေ့လေးတစ်စေ့ ကျလာခဲ့သည်။ မိုးသည်းကြီးမည်းကြီး ရွာချလိုက်ပြီးသည့်နောက် အစေ့လေးမှ အညှောက်နုလေး ပေါက်လာပြီး ၎င်း၏ အမြစ်လေးများလည်း မြေကြီးအောက်ထဲသို့ တဖြည်းဖြည်း တိုးဝင်သွားကြသည်။ အညှောက်လေးမှာ လဆန်းမှလဆုတ်၊ လဆုတ်မှလဆန်း ရာသီ အပြောင်းအလဲကို ကြုံတွေ့လျက် မိုးသက်လေပြင်းဒဏ်ကို ကြံ့ကြံ့ခံပြီး အချိန်နှင့်အမျှ ကြီးထွားလာသည်။ နွေရာသီတွင် အညှောက်လေးသည် ရာသီဥတု၏ ချစ်ချစ်တောက်အပူဒဏ်ကို ခံနိုင်ရည်ရှိစေဖို့အတွက် ကမ္ဘာမြေကြီးက ရေလက်ဆောင်များကို သယ်ဆောင်လာပေးသည်။ ထို့ပြင် ကမ္ဘာမြေကြီးကြောင့် အညှောက်လေးသည် အပူဒဏ်ကို မခံစားရသဖြင့် နွေရာသီ၏ အပြင်းထန်ဆုံး အပူဒဏ်မှာ လွန်မြောက်သွားခဲ့သည်။ ဆောင်းရာသီရောက်သော် ကမ္ဘာမြေကြီးက သူ၏နွေးထွေးသည့် ရင်ခွင်ထဲတွင် အညှောက်လေးကို ထွေးပွေ့ထားပြီး၊ ကမ္ဘာမြေနှင့် အညှောက်လေးက တစ်ဦးနှင့်တစ်ဦး တင်းတင်းကြပ်ကြပ် ဖက်တွယ် ထားခဲ့ကြသည်။ ကမ္ဘာမြေကြီးက အညှောက်လေးကို အနွေးဓာတ် ပေးသောကြောင့်၊ အညှောက်လေးသည် အေးစိမ့်မှုန်ဝေသော လေပြင်းများနှင့် နှင်းမုန်တိုင်းများ၏ ထိခိုက်ခြင်းကို မခံရဘဲ၊ ရာသီဥတု၏ ကြမ်းတမ်းသည့် အအေးဒဏ်မှ ရှင်သန်ခဲ့ရသည်။ ကမ္ဘာမြေကြီး၏ စောင့်ရှောက်မှုကြောင့် အညှောက်လေးသည် ဝင့်ဝင့်ကြွားကြွားနှင့် ပျော်ပျော်ရွှင်ရွှင် ကြီးထွားလာခဲ့သည်။ အညှောက်လေးသည် ကမ္ဘာမြေကြီး၏ ကိုယ်ကျိုးမဖက် ပြုစုစောင့်ရှောက်မှုကြောင့် သန်စွမ်းကြံ့ခိုင်လျက် ဖွံ့ဖြိုးလာရသည်။ ယင်းမှာ ပျော်ရွှင်စွာဖြင့် မိုးရေစက်များကြားတွင် တေးဆိုပြီး၊ လေအဝှေ့တွင် ယိမ်းနွဲ့ကခုန်ကာ ကြီးပြင်းလာခဲ့သည်။ အညှောက်လေးနှင့် ကမ္ဘာမြေကြီးတို့မှာ တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြရသည်။...

နှစ်များ ကုန်လွန်ပြီးနောက် အညှောက်လေးမှာ မြင့်သွန်းသော သစ်ပင်ကြီးအဖြစ် ကြီးထွားလာခဲ့သည်။ ယင်းမှာ ရေတွက် မကုန်သည့် သစ်ရွက်ပေါင်းများစွာနှင့် အုံ့ဆိုင်းနေပြီး တုတ်ခိုင်သော အကိုင်းအခက်များနှင့်အတူ ကမ္ဘာမြေကြီးပေါ်တွင် ကျန်းမာကြံ့ခိုင်စွာ ရပ်တည်လာခဲ့ပြီ။ သစ်ပင်၏ အမြစ်များမှာ ယခင်ကကဲ့သို့ မြေကြီးထဲသို့ စိုက်ဝင်နေဆဲဖြစ်ခဲ့ပြီး ယခုတွင် မြေကြီးအောက်ထဲသို့ နက်ရှိုင်းစွာ တိုးဝင်ခဲ့ချေပြီ။ တစ်ချိန်က အစို့အညှောက်လေးကို အကာအကွယ်ပေးခဲ့သည့် မြေကြီးမှာ ယခုတွင် ဧရာမ သစ်ပင်ကြီး အတွက် အခြေခံအုတ်မြစ်ဖြစ်နေခဲ့ပြီ။

သစ်ပင်ပေါ်သို့ နေအလင်းတန်း ဖြာကျခဲ့သည်။ သစ်ပင်က ယင်း၏ကိုယ်ထည်ကို ယိမ်းထိုးကာ သူ၏ လက်တံများကို ကားထွက်လာအောင် ဆန့်ထုတ်ထားပြီး နေအလင်းရောင်ထဲက လေထုကို တစ်ဝကြီး ရှူရှိုက်သည်။ မြေပြင်အောက်တွင်မူ သစ်ပင်နှင့်အတူ အချိန်ကိုက် အသက်ရှူသဖြင့် မြေကြီးက လန်းဆန်းမှုကို ခံစားရသည်။ ၎င်းအခိုက်တွင် အကိုင်းအခက်များ ကြားမှ လတ်ဆတ်သည့် လေနုအေးလေး တိုက်ခတ်သွားပြီး၊ သစ်ပင်မှာ ခွန်အားနှင့် တသိမ့်သိမ့်လှိုင်းထကာ ပျော်ရွှင်မြူးတူးမှုဖြင့် လှုပ်ခတ်လာသည်။ သစ်ပင်နှင့် နေအလင်းရောင်သည်လည်း တစ်ဦးအပေါ်တစ်ဦး မှီခိုနေကြရသည်။...

လူတို့သည် သစ်ပင်၏ အေးမြသည့် အရိပ်အောက်တွင် ထိုင်ကြပြီး လန်းဆန်းအေးမြပြီး မွှေးကြိုင်သည့် လေညင်းကို ခံယူကြသည်။ လေက သူတို့၏ နှလုံးနှင့် အဆုတ်တို့ကို သန့်ရှင်းစေပြီး သူတို့ထဲက သွေးကိုလည်း သန့်စင်ပေးသည်ဖြစ်၍ သူတို့၏ ကိုယ်ခန္ဓာများမှာ ထိုင်းမှိုင်းမှု သို့မဟုတ် ဖိစီးမှု မခံစား ကြတော့ချေ။ လူတို့နှင့် သစ်ပင်သည် တစ်ဦးကိုတစ်ဦး မှီခို နေကြရသည်။...

ကျည်ကျည်ကျာကျာ မြည်သံပြုသော ငှက်လေးတစ်အုပ်က သစ်ပင်၏ အကိုင်းအခက်များအပေါ် ခိုနားကြသည်။ သူတို့သည် သားရဲတစ်ကောင်ကောင်ကို ရှောင်ပြေးဖို့၊ သို့မဟုတ် မျိုးပွား သားပေါက်ဖို့နှင့် သူတို့၏ အကောင်ပေါက်များကို ပြုစုပျိုးထောင်ဖို့ ထိုနေရာတွင် ဆင်းသက်ခြင်း ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် ခဏတဖြုတ် လာနားခိုခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။ ငှက်လေးများနှင့် သစ်ပင်သည် တစ်ဦးကိုတစ်ဦး မှီခို နေကြရသည်။...

လိမ်ကျစ်ရှုပ်ထွေးနေသည့် သစ်ပင်၏ အမြစ်များမှာ မြေကြီးထဲတွင် နက်ရှိုင်းစွာ စိုက်ဝင်သည်။ သစ်ပင်သည် သူ၏ပင်စည်ဖြင့် မြေကြီးကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးပြီး၊ သူ့ခြေဖဝါးအောက်က မြေကြီးကိုကာကွယ်ရန် သူ့၏ အကိုင်းအခက်များကို ဖြန့်ကျက်ပေးထားသည်။ သစ်ပင်က ထိုသို့ပြုရသည်မှာ မြေကြီးသည် သူ၏မိခင် ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ခွန်အားပေးလျက် အမှီသဟဲပြုကြသည့်အပြင် သူတို့သည် ဘယ်သောအခါမျှ ခွဲခွာမည်မဟုတ်ပါ။...

ငါပြောခဲ့သမျှ အကြောင်းအရာတိုင်းမှာ သင်တို့ ယခင်က မြင်တွေ့ဖူးသော အရာပင်ဖြစ်သည်။ ဥပမာ မျိုးစေ့များ၊ သူတို့သည် သစ်ပင်များအဖြစ် ကြီးထွားလာပြီး၊ သင့်အနေဖြင့် ဖြစ်စဉ်၏ အသေးစိတ်ဟူသမျှကို မြင်တွေ့နိုင်မည် မဟုတ်သော်လည်း ထိုသို့ဖြစ်ပျက်သည်ကို သင်သိရသည်မဟုတ်လော။ ကမ္ဘာမြေကြီးနှင့် နေရောင်ခြည်အကြောင်းကိုလည်း သင်သိရသည်။ သစ်ပင်ပေါ်တွင် နားနေသည့် ပုံရိပ်မှာ လူတိုင်းမြင်ဖူးကြသည့်အရာ ဖြစ်သည် မဟုတ်လော။ ထို့ပြင် သစ်ပင်ရိပ်တွင် မိမိဖာသာ အမောဖြေကြသည့် လူတို့၏ပုံရိပ်မှာ သင်တို့အားလုံး မြင်ဖူးကြသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤအရာများအားလုံးက ပုံရိပ် တစ်ခုတည်းတွင် ရှိသည့်အခါတွင် ထိုပုံရိပ်က မည်သည့်ခံစားချက်ကို ဖြစ်ပေါ်စေသနည်း။ (သဟဇာတကျခြင်း ခံစားမှုပါ။) ထိုကဲ့သို့သော ပုံရိပ်တွင်ရှိသည့် အရာများတစ်ခုစီတိုင်းက ဘုရားသခင်ထံမှ လာသလော။ (ဟုတ်ပါသည်။) သူတို့သည် ဘုရားသခင်ထံမှ လာကြသည်ဖြစ်၍ ဤကွဲပြားခြားနားသော အရာများအားလုံး၏ ကမ္ဘာမြေပေါ် တည်ရှိနေခြင်း တန်ဖိုးနှင့် အရေးပါမှုကို ဘုရားသခင်သိပါသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသည့်အခါ၌၊ အရာတစ်ခုချင်းစီကို စီစဉ်ပြီး ဖန်ဆင်းသည့်အခါ၌ ရည်ရွယ်ချက်ဖြင့် သူဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး ထိုအရာများကို သူဖန်ဆင်းခဲ့သည့် အချိန်တွင် တစ်ခုချင်းစီကို အသက်နှင့် ပြည့်ဝစေခဲ့သည်။ ငါတို့၏ ပုံဝတ္ထုထဲတွင် ဖော်ပြခဲ့သည့် အတိုင်းပင်၊ လူသားမျိုးနွယ်၏ တည်ရှိမှုအတွက် သူဖန်ဆင်းခဲ့သည့် ပတ်ဝန်းကျင်မှာ မျိုးစေ့များနှင့် ကမ္ဘာမြေကြီးတို့ အပြန်အလှန် မှီခိုကြသည့်၊ ကမ္ဘာကြီးက မျိုးစေ့များကို အာဟာရဖြစ်စေနိုင်ပြီး မျိုးစေ့လေးများက မြေကြီးကို တွယ်ကပ် ချည်နှောင်ထားသည့် ပတ်ဝန်းကျင်ဖြစ်သည်။ သူ့ဖန်ဆင်းခြင်း၏ တကယ့်ကနဦးကပင် ဤဆက်နွှယ်မှုကို ဘုရားသခင်က စီမံထားသည်။ သစ်ပင်တစ်ပင်၊ နေရောင်ခြည်၊ ငှက်များနှင့် လူသားများ၏ ပြကွက်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် သက်ရှိ ပတ်ဝန်းကျင်၏ သရုပ်ပြချက် တစ်ခုဖြစ်သည်။ ပထမဦးစွာ၊ သစ်ပင်က ကမ္ဘာမြေကြီးကို မပစ်ပယ်နိုင်သည့်အပြင် ယင်းမှာ နေရောင်ခြည်မရှိဘဲလည်း မဖြစ်နိုင်ပါ။ ထို့ကြောင့် သစ်ပင်ကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ကမ္ဘာမြေကြီး အတွက်သာလျှင် ရည်ရွယ်ထားသည်ဟု ငါတို့ပြောနိုင်သလော။ ယင်းကို ငှက်များအတွက်သာ ရည်ရွယ်သည်ဟု ငါတို့ ပြောနိုင်သလော။ ယင်းက လူသားများ အတွက်သာ ဖြစ်သည်ဟု ငါတို့ ပြောနိုင်သလော။ (မပြောနိုင်ပါ။) သူတို့ကြားက ဆက်နွှယ်မှုက အဘယ်နည်း။ သူတို့ကြားက ဆက်နွှယ်မှုဆိုသည်မှာ အပြန်အလှန် ခွန်အားဖြည့်ပေးခြင်း၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဖြစ်ခြင်းနှင့် ခွဲမရခြင်း ဆက်နွှယ်မှုမျိုး ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာမြေကြီး၊ သစ်ပင်၊ နေရောင်ခြည်၊ ငှက်များနှင့် လူတို့သည် ဖြစ်တည်မှုအတွက် တစ်ဦးပေါ်တစ်ဦး အမှီပြုကြရပြီး၊ တစ်ဦးကိုတစ်ဦး ပြုစုပျိုးထောင် ကြရသည်။ သစ်ပင်က ကမ္ဘာမြေကြီးကို ကာကွယ်ပေးပြီး ကမ္ဘာမြေကြီးက သစ်ပင်ကို ပြုစုပျိုးထောင်ပေးသည်။ နေရောင်ခြည်က သစ်ပင်ကို ထောက်ပံ့ကူညီသည်၊ ထိုစဉ် သစ်ပင်က နေရောင်ခြည်မှ လတ်ဆတ်သည့်လေကို ရယူပြီး ကမ္ဘာမြေကြီး အပေါ်၌ နေ၏ ချစ်ချစ်တောက်အပူကို လျော့ပါးစေသည်။ အဆုံးတွင် ဤအရာမှ မည်သူက အကျိုးခံစားရသနည်း။ ယင်းမှာ လူသားမျိုးနွယ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းပေးခဲ့သည့် လူသားမျိုးနွယ်နေထိုင်သော ပတ်ဝန်းကျင်ကို အခြေခံသည့် နိယာမများထဲက တစ်ခုဖြစ်သည်။ ယင်းမှာ အစကတည်းက ဘုရားသခင် ရည်ရွယ်ထားခဲ့သည့် ပုံစံဖြစ်သည်။ ဤပုံရိပ်သည် ရိုးရှင်းသည့်ပုံရိပ်ပင် ဖြစ်သော်လည်း ထိုအထဲတွင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ ကြံရွယ်ချက်ကို ငါတို့တွေ့နိုင်သည်။ လူသားမျိုးနွယ်သည် ငှက်ကျေးများနှင့် နေရောင်မဆိုထားဘိ၊ ကမ္ဘာမြေကြီးမရှိဘဲ သို့မဟုတ် သစ်ပင်များမရှိဘဲနှင့် အသက်မရှင် နိုင်ပါ၊ ထိုသို့ ဖြစ်သည်မဟုတ်လော။ ဤသည်မှာ ပုံဝတ္ထုတစ်ခုသာ ဖြစ်သော်လည်း ယင်းက ပြသသည့်အရာမှာ ဘုရားသခင်၏ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းအား ဖန်ဆင်းခြင်း၏ ကိုယ်စားပြုပုံစံလေးဖြစ်ပြီး၊ လူသားမျိုးနွယ် အသက်ရှင် နေထိုင်နိုင်သည့် ပတ်ဝန်းကျင် တစ်ခုဟူသည့် သူ၏ ဆုလက်ဆောင်ပင်ဖြစ်သည်။

ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို လည်းကောင်း၊ နေထိုင်ရန်အတွက် ပတ်ဝန်းကျင်ကိုလည်းကောင်း ဖန်ဆင်းပေးခဲ့သည်မှာ လူသားမျိုးနွယ်အတွက် ဖြစ်သည်။ ပထမဆုံးအနေနှင့် ငါတို့၏ ပုံဝတ္ထုက ပြောပြခဲ့သည့် အဓိကအချက်မှာ အရာခပ်သိမ်း၏ အပြန်အလှန် ခွန်အား ဖြည့်ပေးခြင်း၊ ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဖြစ်ခြင်းနှင့် ယှဉ်တွဲ နေထိုင်ခြင်းတို့ပင် ဖြစ်သည်။ ဤနိယာမအောက်တွင် လူသားမျိုးသားနွယ်၏ တည်ရှိရာပတ်ဝန်းကျင်ကို ကာကွယ် ပေးထားသည်၊ ၎င်းသည် တည်ရှိပြီး ရပ်တည်နိုင်သည်။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်က ရှင်သန်ပြီး မျိုးပွား နိုင်ကြသည်။ ငါတို့မြင်တွေ့ခဲ့သည့် ပုံရိပ်မှာ သစ်ပင်တစ်ပင်၊ ကမ္ဘာမြေကြီးနှင့်၊ နေရောင်၊ ငှက်များနှင့် လူသားတို့ကို အတူတကွ တွေ့ခဲ့ရသည့် အရာဖြစ်သည်။ ဤပုံရိပ်ထဲတွင် ဘုရားသခင် ပါခဲ့သလော။ သူ့ကို မည်သူမျှမမြင်ခဲ့သည် မဟုတ်လော။ သို့သော်လည်း ပြကွက်ထဲက အရာများကြားတွင် အပြန်အလှန် ခွန်အားဖြည့်ပေးခြင်းနှင့် ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဖြစ်ခြင်းတို့၏ စည်းမျဉ်းကို လူက တွေ့မြင်ခဲ့ရသည်။ ဤစည်းမျဉ်းထဲတွင် လူသည် ဘုရားသခင်၏ တည်ရှိမှုနှင့် အချုပ်အခြာအာဏာကို တွေ့နိုင်သည်။ ဘုရားသခင်က အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် တည်ရှိခြင်းကို ကာကွယ်စောင့်ရှောက်ဖို့ ဤသို့သော နိယာမနှင့် စည်းမျဉ်းမျိုးကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် သူသည် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ကူညီထောက်ပံ့ပေးသည်။ ဤပုံဝတ္ထုမှာ ငါတို့၏ အဓိကဆိုလိုရင်းနှင့် ဆက်စပ်မှုရှိသလော။ အပေါ်ယံကြည့်လျှင် ဆက်စပ်မှုမရှိဟန် တူသော်လည်း၊ အမှန်တကယ်တွင် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့် စည်းမျဉ်းနှင့် အရာခပ်သိမ်းအပေါ် သူ၏ ထိန်းချုပ်နိုင်ခြင်းသည် သူ၏ အရာခပ်သိမ်းအတွက် အသက်၏ အရင်းအမြစ်ဖြစ်ခြင်းနှင့် အတွင်းကျကျ ဆက်စပ် နေသည်။ ဤအချက်တို့ကို ခွဲ၍မရနိုင်ပါ။ ယခု သင်တို့သည် တစ်စုံတစ်ရာကို လေ့လာမိနေပေပြီ။

ဘုရားသခင်သည် အရာခပ်သိမ်း၏ လည်ပတ်မှုကို အုပ်စိုးသည့် စည်းမျဉ်းများကို အမိန့်ပေးချုပ်ကိုင်သည်။ သူသည် အရာခပ်သိမ်း၏ ဆက်လက်ရှင်သန်နိုင်ရေးကို အုပ်ချုပ်သည့် စည်းမျဉ်းများကို ထိန်းချုပ်သည်။ သူသည် အရာခပ်သိမ်းကို သေကြေပျက်စီး မသွားအောင် သို့မဟုတ် ပျောက်ကွယ်မသွားအောင် ထိန်းချုပ် ထားပြီး၊ အချင်းချင်း အားလည်းဖြည့်ပြီး မှီလည်းမှီခိုစေသည်။ ထိုမှသာ လူသားမျိုးနွယ်သည် ဆက်လက်ရှင်သန်နိုင်မည်။ ထိုမှသာ သူတို့သည် ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်၏ လမ်းပြမှုအောက်၌ နေထိုင်နိုင်မည်။ ဘုရားသခင်သည် ဤလည်ပတ်မှုစည်းမျဉ်းများ၏ အရှင်သခင်ဖြစ်ပြီး၊ မည်သူတစ်ဦး တစ်ယောက်ကမျှ ၎င်းတို့ကို ကြားဝင်နှောင့်ယှက် မရနိုင်သကဲ့သို့၊ ပြောင်းလဲ၍မရနိုင်ပါ။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤစည်းမျဉ်းများကို သိနားလည်ပြီး သူကိုယ်တိုင်ကသာ ၎င်းတို့ကို စီမံခန့်ခွဲသည်။ သစ်ပင်များ မည်သည့်အချိန် အညှောက်ပေါက်မည်၊ မိုး မည်သည့်အချိန်ရွာမည်၊ ကမ္ဘာမြေကြီးက အပင်များကို ရေနှင့် အာဟာရ မည်မျှပေးမည်၊ မည်သည့်ရာသီတွင် သစ်ရွက်များ ကြွေကျမည်၊ မည်သည့်ရာသီတွင် သစ်ပင်များ အသီးသီးမည်၊ နေရောင်ခြည်က သစ်ပင်ကို အာဟာရမည်မျှပေးမည်၊ နေရောင်ခြည်၏ ကျွေးမွေးခံလာရပြီးနောက် သစ်ပင်များက မည်သည့်အရာကို ရှုထုတ်ပေးမည်- ဤအရာများအားလုံးအား ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည့်အချိန်တွင် မည်သူမျှ မချိုးဖောက်နိုင်သည့် စည်းမျဉ်းများအဖြစ် သူကြိုတင် ပြဌာန်း ထားခဲ့သည်။ အသက်ရှိသည်ဖြစ်စေ၊ သို့မဟုတ် လူ့အမြင်တွင် အသက်မဲ့သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာများမှာ သူ့အနေဖြင့် သူ့တို့ကိုထိန်းချုပ်ပြီး သူတို့အပေါ် အုပ်စိုးသည့်နေရာဖြစ်သော သူ၏လက်ထဲတွင် တည်နေကြသည်။ ဤစည်းမျဉ်းများကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မဖောက်ဖျက်နိုင်ပါ။ တစ်နည်းအားဖြင့် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းသည့်အချိန်တွင် သစ်ပင်သည် ကမ္ဘာမြေကြီးမရှိဘဲ အမြစ်များနှင့် အညှောက်တို့ကို ချမှတ်၍ မရနိုင်သည့်အပြင် မကြီးထွားနိုင်မည့်အကြောင်း၊ ကမ္ဘာမြေကြီးသည် သစ်ပင်များ မရှိလျှင် ခြောက်သွေ့သွားမည့်အကြောင်း၊ သစ်ပင်သည် ကျေးငှက်တို့၏ နားခိုရာအိမ် ဖြစ်လာသင့်ပြီး လေဒဏ်မှ သူတို့ အကာအကွယ်ယူရမည့် နေရာဖြစ်လာမည့်အကြောင်း ကြိုတင် ပြဋ္ဌာန်းထားပြီး ဖြစ်ခဲ့သည်။ သစ်ပင်တစ်ပင်က နေရောင်ခြည် မရှိလျှင် ရှင်သန်နိုင်မည်လော။ (မရှင်သန်နိုင်ပါ။) သစ်ပင်က ကမ္ဘာမြေကြီးနှင့်သာလျှင်လည်း မရှင်သန်နိုင်ပါ။ ဤအရာများ အားလုံးမှာ လူသားမျိုးနွယ်အတွက်၊ လူသားမျိုးနွယ်၏ ဆက်လက် ရှင်သန်မှုအတွက် ဖြစ်သည်။ လူသည် သစ်ပင်မှ လတ်ဆတ်သည့် လေကို ရရှိပြီး လူသည် သစ်ပင်မှ ကာကွယ်ပေးထားသည့် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြရသည်။ လူသားသည် နေရောင်ခြည် သို့မဟုတ် အမျိုးမျိုးသော သက်ရှိအရာများမရှိဘဲ အသက်မရှင်နိုင်ပါ။ ဤဆက်နွယ်မှုများမှာ ရှုပ်ထွေးသော်လည်း အရာခပ်သိမ်းတို့သည် အချင်းချင်း ခွန်အားဖြည့်ပေးနိုင်ရန်၊ အချင်းချင်း မှီခိုရန်နှင့် အတူတကွ တည်ရှိရန် အလို့ငှာ ဘုရားသခင်က ၎င်းတို့ကိုအုပ်စိုးသည် စည်းမျဉ်းများအား ဖန်ဆင်းခဲ့သည်ကို သင် အမှတ်ရဖို့လိုသည်။ အခြားနည်းဖြင့် ဆိုရသော် သူဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်းတွင် တန်ဖိုးနှင့် အရေးပါမှုတို့ ရှိကြသည်။ အကယ်၍ အရာတစ်ခုခုကို အရေးပါမှုမရှိဘဲ ဖန်ဆင်းခဲ့သည်ဆိုလျှင်၊ ဘုရားသခင်က ၎င်းကို ပျောက်ကွယ်စေမည် ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ထောက်ပံ့ရန် ဘုရားသခင်အသုံးပြုသည့် နည်းလမ်းများထဲက တစ်ခုပင်ဖြစ်သည်။ ဤပုံဝတ္ထုထဲတွင် “ထောက်ပံ့သည်” ဆိုသည့် စကားလုံးက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်က နေ့တိုင်း သစ်ပင်ကို ရေလောင်းသလော။ သစ်ပင်က အသက်ရှူဖို့ ဘုရားသခင်၏ အကူအညီကို လိုအပ်သလော။ (မလိုအပ်ပါ။) ဤနေရာတွင် “ထောက်ပံ့သည်” ဆိုသည်မှာ အရာခပ်သိမ်းကို ဖန်ဆင်းပြီးသည့်နောက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆိုလိုသည်။ ၎င်းတို့ကို ထိန်းချုပ်သည့် စည်းမျဉ်းများကို တည်ထောင် ပေးပြီးနောက် ဘုရားသခင်အနေဖြင့် စီမံထိန်းကျောင်း ရသည်မှာ လုံလောက်သည်။ မျိုးစေ့ကို ကမ္ဘာမြေကြီးထဲတွင် စိုက်လိုက်သည့်အခါ သစ်ပင်သည် သူ့ဘာသာ ကြီးထွားလေသည်။ သစ်ပင်၏ ရှင်သန်မှုအတွက် အခြေအနေများ အားလုံးကို ဘုရားသခင်မှ ဖန်ဆင်းထားသည်။ နေရောင်၊ ရေ၊ မြေကြီး၊ လေနှင့် ပတ်ပတ်လည် သဘာဝဝန်းကျင်တို့ကို ဘုရားသခင် ပြုလုပ်ခဲ့သည်။ လေ၊ ဆီးနှင်း၊ နှင်း၊ မိုးနှင့် ဥတုလေးပါးတို့ကို ဘုရားသခင် ပြုလုပ်ခဲ့သည်။ ဤသည်တို့မှာ သစ်ပင်ကြီးထွားဖို့ လိုအပ်သည့် အခြေအနေများဖြစ်ပြီး၊ ဘုရားသခင်က ပြင်ဆင်ထားသော အရာများ ဖြစ်သည်။ သို့ဖြစ်လျှင် ဘုရားသခင်သည် ဤသက်ရှိပတ်ဝန်းကျင်၏ အရင်းအမြစ် ဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် နေ့တိုင်း သစ်ပင်ထက်က သစ်ရွက် တစ်ရွက်ချင်းစီကို ရေတွက်နေစရာ လိုသလော။ မလိုအပ်ပါ။ ဘုရားသခင်အနေဖြင့် သစ်ပင်အသက်ရှူဖို့အတွက် ကူညီရန် သို့မဟုတ် “အခု သစ်ပင်အတွက် အလင်းရောင်ပေးဖို့ အချိန်ရောက်ပြီ” ဟုပြောပြီး နေရောင်ခြည်ကို နေ့တိုင်း နှိုးဖို့မလိုပါ။ သူထိုကဲ့သို့ လုပ်နေစရာမလိုပါ။ စည်းမျဉ်းများအတိုင်းပင် နေရောင်ခြည်က အလင်းရောင်ပေးဖို့ အချိန်တန်လျှင် သူ့သာသာသူ အလင်းရောင် ပေးသည်။ ၎င်းက ပေါ်ထွက်လာပြီး သစ်ပင်ကို အလင်းပေးကာ သစ်ပင်က လိုအပ်သည့်အချိန်တွင် နေရောင်ခြည်ကို စုပ်ယူပြီး၊ မလိုအပ်သည့်အချိန်၌လည်း သစ်ပင်က စည်းမျဉ်းများ အတွင်း ရှင်သန်ဆဲဖြစ်သည်။ သင်တို့သည် ဤဖြစ်ရပ်ကို ရှင်းလင်းစွာ ရှင်းပြနိုင်ကောင်း ရှင်းပြနိုင်မည်ဖြစ်စေကာမူ၊ ယင်းက လူတိုင်း တွေ့မြင်လက်ခံနိုင်သည့် အမှန်တရားပင် ဖြစ်သည်။ သင်လုပ်ဖို့ လိုအပ်သမျှမှာ အရာခပ်သိမ်း၏ တည်ရှိမှုကို ထိန်းချုပ်သည့် စည်းမျဉ်းများသည် ဘုရားသခင်ထံမှ လာကြောင်းကို အသိအမှတ် ပြုရန်နှင့် ဘုရားသခင်သည် အရာခပ်သိမ်း၏ ကြီးထွားမှုနှင့် ဆက်လက်ရှင်သန်ရေးအပေါ်၌ အချုပ်အခြာ အာဏာရှိကြောင်းကို သိနားလည်ရန်ပင်ဖြစ်သည်။

ဤပုံဝတ္ထုတွင် လူတို့က “ဥပစာစကား” ဟု ပြောကြသောအရာ ပါဝင်သလော။ ယင်းမှာ လူသားသဖွယ် ခိုင်းနှိုင်းတင်စားမှု တစ်ခုလေလော။ (မဟုတ်ပါ။) ငါသည် အဖြစ်မှန်တစ်ခုကို ပြောခဲ့ခြင်း ဖြစ်သည်။ အသက်ရှင်သည့်အရာ၊ အသက်ရှိသည့်အရာ အမျိုးအစားတိုင်းမှာ ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံရသည်။ သက်ရှိအရာတစ်ခုစီတိုင်း ဖန်ဆင်းခံခဲ့ရသည့်အချိန်တွင် ဘုရားသခင်က အသက်နှင့် ပြည့်ဝစေခဲ့သည်။ သက်ရှိအရာတိုင်း၏ အသက်သည် ဘုရားသခင်ထံမှလာပြီး ထိုအသက်ကို စီမံညွှန်ကြားသည့် လမ်းစဉ်နှင့် ဥပဒေသများကို လိုက်နာရသည်။ ၎င်းကို လူက ပြောင်းလဲစရာ မလိုသကဲ့သို့ ၎င်းက လူသား၏ အကူအညီလည်း မလိုအပ်ပေ။ ၎င်းမှာ ဘုရားသခင်က အရာခပ်သိမ်းကို ကူညီထောက်ပံ့သည့် နည်းလမ်းများထဲက တစ်ခုဖြစ်သည်။ သင်တို့ နားလည်သည် မဟုတ်လော။ လူတို့အနေဖြင့် ဤအရာကို အသိအမှတ်ပြုဖို့ လိုအပ်သည်ဟု သင်တို့ထင်သလော။ (ထင်ပါသည်။) သို့ဆိုလျှင် ဤပုံဝတ္ထုသည် ဇီဝဗေဒနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိသလော။ ၎င်းသည် အသိပညာ သို့မဟုတ် သင်ယူလေ့လာမှု ကဏ္ဍတစ်ခု၏ နယ်ပယ်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေသလော။ ငါတို့သည် ဇီဝဗေဒ အကြောင်း ဆွေးနွေးနေခြင်း မဟုတ်သည့်အပြင် ဇီဝဗေဒဆိုင်ရာ သုတေသန လုပ်နေခြင်းလည်း မဟုတ်ပါ။ ငါတို့ဆွေးနွေးချက်၏ အဓိကအကြောင်းအရာက မည်သည့်အရာနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏အရင်းအမြစ် ဖြစ်သည် ဟူသည်ပင်။) သင်တို့သည် ဖန်ဆင်းခြင်းအထဲတွင် မည်သည့်အရာကို မြင်တွေ့ပြီးပြီနည်း။ သစ်ပင်များကို မြင်တွေ့ပြီးပြီလော။ ကမ္ဘာမြေကြီးကို မြင်ပြီလော။ (မြင်ပါပြီ။) နေရောင်ခြည်ကိုလည်း မြင်ပြီမဟုတ်လော။ သစ်ပင်များပေါ်တွင် နားနေသည့် ငှက်များကို မြင်ပြီလော။ (မြင်ပါပြီ။) လူသားမျိုးနွယ်သည် ဤပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရသည်ကို ပျော်ရွှင်သလော။ (ပျော်ရွှင်ပါသည်။) ဆိုလိုသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ နေအိမ်၊ သူတို့ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့နှင့် ကာကွယ်စောင့်ရှောက်ဖို့ သူဖန်ဆင်းခဲ့သည့် အရာများတည်းဟူသော အရာခပ်သိမ်းကို အသုံးပြုခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းကို ကူညီ ထောက်ပံ့ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၈)

ပုံဝတ္ထု ၂။ ကြီးမားသောတောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီး

ဟိုဟိုသည်သည် ကွေ့ကောက်စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခု ရှိခဲ့ကာ၊ နောက်ဆုံးတွင် ကြီးမားသည့် တောင်ကြီး၏ တောင်ခြေရင်းကို ရောက်ရှိလာခဲ့သည်။ တောင်ကြီးက စမ်းချောင်းလေး၏ စီးကြောင်းကို ကာဆီးထားသည့်အတွက် စမ်းချောင်းက တောင်ကြီးကို အားနည်းသည့်လေသံလေးနှင့် “ကျေးဇူးပြုပြီး ကျွန်န်ုပ်ကို ဖြတ်သွားခွင့်ပြုပါ၊ သင်သည် ကျွန်ုပ်၏ လမ်းခရီးတွင် ရပ်နေပြီး ကျွန်ုပ် ရှေ့ဆက်သွားရမည့် လမ်းကြောင်းကို ပိတ်ဆို့နေပါသည်” ဟု ပြောလိုက်သည်။ တောင်ကြီးက “သင် အဘယ်ဆီသို့ သွားမည်နည်း” ဟု ပြန်မေးသည်။ စမ်းချောင်းလေးက “ကျွန်ုပ်သည် နားခိုရာအိမ်ကို ရှာဖွေနေသည်” ဟု ပြန်ဖြေသည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်အပေါ်ကနေ ဆက်၍ စီးဆင်းသွားပါ” ဟု ပြောလိုက်သည်။ သို့သော်လည်း စမ်းချောင်း ငယ်လေးမှာ အားနည်းလွန်းပြီး၊ ငယ်ရွယ်လွန်း သောကြောင့် ယင်းသည် ထိုကဲ့သို့ ကြီးမားလွန်းလှသည့် တောင်ကြီးကိုကျော်ပြီး စီးဆင်းရန် မဖြစ်နိုင်ခဲ့ပေ။ တောင်ခြေကို ရင်ဆိုင်လျက် ဆက်ပြီး စီးဆင်းရုံသာ တတ်နိုင်တော့သည်။...

လေကြမ်းကြီးသည် သဲနှင့် အမှိုက်သရိုက်တို့ကို သယ်ဆောင်ရင်း တောင်ကြီးရှိရာသို့ တိုက်ခတ်လာခဲ့သည်။ လေက တောင်ကြီးအား “ကျွန်ုပ်ကို သွားခွင့်ပေး” ဟု အော်ပြောသည်။ တောင်ကြီးက “သင် အဘယ်ဆီသို့ သွားမည်နည်း” ဟု မေးသည်။ လေက “တောင်ကြီး၏ အခြားတစ်ဘက်ကို ကျွန်ုပ်သွားလိုသည်” ဟု ပြန်၍ အော်ပြောလိုက်သည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏ အလယ်မှ ဖောက်သွားနိုင်လျှင် သင်သွားနိုင်သည်” ဟု ပြောလိုက်သည်။ လေကြမ်းကြီးသည် ဤနည်းဟိုနည်းနှင့် တစ်ဟူးဟူး တိုက်ခတ်သည်၊ သို့သော် အဘယ်မျှ သည်းကြီးမည်းကြီး တိုက်ခတ်သော်လည်း တောင်၏ အလယ်ကို ဖောက်မထွက်နိုင်ခဲ့ပါ။ လေသည် ပင်ပန်းလာပြီး အနားယူဖို့ ရပ်တန့်ခဲ့ရကာ၊ တောင်ကြီး၏ အခြားတစ်ဘက်တွင် လေပြည်လေညင်းတစ်ခု စတင် တိုက်ခတ်လာပြီး ထိုနေရာရှိသော လူတို့ကို ကျေနပ်စေခဲ့သည်။ ဤသည်မှာ တောင်ကြီးက လူတို့ကို နှုတ်ခွန်းဆက်သခြင်းပင် ဖြစ်သည်။...

ပင်လယ်ကမ်းစပ်တွင် သမုဒ္ဒရာရေလှိုင်းလေးသည် ကျောက်ဆောင်ကျောက်တုံးတို့ပြည့်နှက်သော သောင်ပြင်ကို ညင်ညင်သာသာ ပုတ်ခတ်ခဲ့သည်။ ရုတ်တရတ် ဧရာမလှိုင်းလုံးကြီး ဖြစ်ပေါ်လာပြီး တောင်ကြီးဆီသို့ တဟုန်ထိုး ပြေးလာခဲ့သည်။ “ဖယ်စမ်း” ဟု ဧရာမလှိုင်းလုံးကြီးက အော်ပြောသည်။ တောင်ကြီးက “သင် အဘယ်ဆီကို သွားမည်နည်း” ဟု မေးသည်။ လှိုင်းလုံးကြီးက ပြေးဝင်လာသည်ကို မရပ်တန့်နိုင်ဘဲ၊ “ကျွန်ုပ်သည် ကျွန်ုပ်၏နယ်မြေကို တိုးချဲ့နေသည်။ ကျွန်ုပ်၏ လက်များကို ဆန့်ထုတ်လိုသည်”’ ဟု အော်ပြောသည်။ တောင်ကြီးက “ကောင်းပြီ၊ ကျွန်ုပ်၏အထွတ်အထိပ်ကို ကျော်သွားနိုင်လျှင် သင့်ကို ကျွန်ုပ်သွားခွင့်ပြုမည်။” ပြောသည်။ လှိုင်းလုံးကြီးက ခပ်ခွာခွာ နောက်ဆုတ်လိုက်ပြီး နောက်တစ်ကြိမ် တောင်ကြီးဆီ တစ်လိပ်လိပ် တက်လာပြန်သည်။ သို့သော်လည်း ယင်းက မည်မျှပင် ကြိုးစားကြိုးစား၊ တောင်ကြီး၏ အထွတ်အထိပ်ကို မကျော်လွှား နိုင်ပေ။ လှိုင်းလုံးမှာ တဖြည်းဖြည်းနှင့် ပင်လယ်ဆီကိုသာ ပြန်လှိမ့်ဆင်းသွားနိုင်တော့သည်။...

နှစ်များထောင်ချီကြာသည့်တိုင် စမ်းချောင်းလေးသည် တောင်ခြေတစ်ဝိုက်တွင် ညင်သာစွာ စီးခဲ့သည်။ တောင်ကြီး၏ လမ်းကြောင်းများနောက်လိုက်ရင်း စမ်းချောင်းလေးသည် သူ့အိမ်ကို ပြန်ရောက်နိုင်ခဲ့ကာ မြစ်တစ်စင်းနှင့် ပူးပေါင်းပြီး ထိုမှ ပင်လယ်ထဲကို စီးဝင်ခဲ့သည်။ တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းလေးသည် ဘယ်သောအခါမှ လမ်းကြောင်း ပျောက်မသွားခဲ့ပါ။ စမ်းချောင်းနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ပေးကြပြီး၊ အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးကာ၊ အချင်းချင်း ချေဖျက်ကြပြီး အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

နှစ်များထောင်ချီကြာသည့်တိုင် လေကြမ်းကြီးမှာ ၎င်း၏အကျင့် ဖြစ်သည့်အားလျော်စွာ တဟူးဟူးတိုက်ခတ်ခဲ့သည်။ လေသည် မိမိ၏ လေပြင်းများထဲတွင် သဲမှုန်များစွာကို ဝေ့ဝဲသယ်ဆောင် တိုက်ခတ် လာပြီး တောင်ကြီးဆီသို့ မကြာခဏ “အလည်လာ” ဆဲပင် ဖြစ်သည်။ ယင်းသည် တောင်ကြီးကို ခြိမ်းခြောက်သော်လည်း တောင်၏အလယ်ကို ဘယ်သောအခါမှ ဖောက်မထွက်ခဲ့ပါ။ လေနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ပြီး၊ အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးပြီး၊ အချင်းချင်း ချေဖျက်ကာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

နှစ်များထောင်ချီကြာသည့်တိုင် ဧရာမလှိုင်းလုံးကြီးကလည်း မည်သည့်အခါမျှ အနားယူရန် ရပ်တန့်မနေခဲ့ဘဲ ၎င်း၏နယ်မြေကို အဆက်မပြတ် တိုးချဲ့နေကာ မရပ်မနား ရှေ့သို့ချီတက်နေခဲ့သည်။ ၎င်းသည် မြည်ဟိန်းပြီး တောင်ကြီးကို အကြိမ်ကြိမ် တစ်ဟုန်ထိုး ရိုက်ပုတ်သော်လည်း တောင်ကြီးသည် တစ်လက်မမျှပင် လုံးဝရွေ့မသွားပါ။ တောင်ကြီးက ပင်လယ်ကို စောင့်ကြည့်နေပြီး ဤကဲ့သို့ဖြင့် ပင်လယ်ထဲမှ သက်ရှိများမှာ ပွားများလာပြီး ရှင်သန်ခဲ့ကြသည်။ လှိုင်းလုံးနှင့် တောင်တို့သည် အချင်းချင်း အားဖြည့်ကြပြီး အချင်းချင်း မှီခိုကြသည်။ သူတို့သည် အချင်းချင်း ခွန်အားပေးကြပြီး၊ အချင်းချင်း ချေဖျက်ကြကာ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။

ပုံဝတ္ထုမှာ ဤသို့ အဆုံးသတ်သည်။ ဦးစွာ ငါ့ကိုပြောလော့၊ ဤပုံဝတ္ထုက မည်သည့်အကြောင်းအရာ ဖြစ်သနည်း။ ဆိုရလျှင်၊ ကြီးမားသော တောင်ကြီး၊ စမ်းချောင်းလေး၊ လေကြမ်းကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ ပါသည်။ စမ်းချောင်းလေးနှင့် တောင်ကြီးပါသည့် ပထမစာပိုဒ်တွင် အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ ငါသည် စမ်းချောင်းနှင့် တောင်ကြီးအကြောင်း အဘယ်ကြောင့် ရွေးချယ်ပြောခဲ့သနည်း။ (တောင်ကြီး၏ ဂရုစိုက်မှုအောက်တွင် စမ်းချောင်းသည် ဘယ်သောအခါမှ လမ်းမပျောက်ပါ။ သူတို့သည် အချင်းချင်း အားထားကြသည်။) တောင်က စမ်းချောင်းလေးကို ကာကွယ်ပေးသလော သို့မဟုတ် ပိတ်ဆို့သည်ဟု သင်တို့ပြောမည်လော။ (ယင်းကို ကာကွယ် ပေးပါသည်။) ထိုသို့မဟုတ်လျှင် ယင်းကို ပိတ်ဆို့သည် မဟုတ်လော။ တောင်နှင့် စမ်းချောင်းသည် အချင်းချင်း ဂရုတစိုက်ကြည့် နေကြသည်။ တောင်က စမ်းချောင်းကို ကာကွယ်ပေးသကဲ့သို့ ပိတ်လည်းပိတ်ဆို့သည်ဟု ပြောနိုင်သည်။ တောင်သည် စမ်းချောင်းက မြစ်ထဲကို စီးဝင်သွားရာ၌ ကာကွယ်ပေးသော်လည်း စမ်းချောင်းလေးအနေဖြင့် ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေပြီး လူသားများအတွက် ဘေးအန္တရာယ် ဖြစ်စေမည့် မိမိဘာသာ စီးဆင်းခြင်းမှ တားဆီးပေးရန် ပိတ်ဆို့ပေးသည်။ ဤသည်မှာ စာပိုဒ်၏ ဆိုလိုသည့်အရာ မဟုတ်လော။ စမ်းချောင်းကို ကာကွယ်ပေးခြင်းနှင့် ပိတ်ဆို့ပေးခြင်းအားဖြင့် တောင်ကြီးသည် လူတို့၏ အသက်အိုးအိမ်များကို ကာကွယ် စောင့်ရှောက် ပေးလေသည်။ စမ်းချောင်းလေးသည် တောင်ခြေတွင် မြစ်နှင့် ပူးပေါင်းသွားပြီးနောက် ပင်လယ်ထဲသို့ ဆက်၍စီးဝင်သွားသည်။ ဤသည်မှာ စမ်းချောင်း၏ တည်ရှိခြင်းကို ထိန်းချုပ်သည့် စည်းမျဉ်းပင်မဟုတ်လော။ စမ်းချောင်းလေးက မြစ်နှင့်ပင်လယ်ထဲကို ပူးပေါင်းစီးဝင်နိုင်ရန်အတွက် မည်သည့် အရာက အထောက်အကူ ပေးသနည်း။ ယင်းက တောင်ကြီး ဖြစ်သလော။ စမ်းချောင်းသည် တောင်ကြီး၏ ကာကွယ် စောင့်ရှောက်မှုနှင့် ပိတ်ဆို့ခြင်းကို အားထားသည်။ ထိုသို့ဆိုလျှင် ဤသည်မှာ အဓိကအချက်ဖြစ်သည် မဟုတ်လော။ ဤအရာထဲတွင် ရေအတွက် တောင်များ၏ အရေးပါမှုကို သင် တွေ့ရသလော။ ဘုရားသခင်က တောင်များကို ကြီးငယ်မရွေး ဖန်ဆင်းရာတွင် သူ၏ရည်ရွယ်ချက် ရှိသလော။ (ရှိပါသည်။) စမ်းချောင်းလေးနှင့် တောင်ကြီးသာလျှင်ဖြစ်သည့် ဤစာပိုဒ်တိုလေးက ငါတို့ကို ထိုအရာနှစ်ခုအား ဘုရားသခင့် ဖန်ဆင်းခြင်း၏ တန်ဖိုးနှင့် အရေးပါမှုကို တွေ့မြင်စေသည်။ ယင်းက ၎င်းတို့အပေါ် သူ၏အုပ်ချုပ်မှု၌ ရှိသောသူ၏ ဉာဏ်ပညာနှင့် ရည်ရွယ်ချက်ကိုလည်း ငါတို့အားပြသသည်။ ထိုသို့ဖြစ်သည် မဟုတ်လော။

ပုံဝတ္ထု၏ဒုတိယအပိုဒ်က မည်သည့် အကြောင်းအရာနည်း။ (လေကြမ်းကြီးနှင့် တောင်ကြီးအကြောင်းဖြစ်သည်။) လေဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော။ (ဟုတ်ပါသည်။) သေချာပေါက် မဟုတ်ပေ၊ တစ်ခါတစ်ရံ လေသည် အလွန်ပြင်းထန်ပြီး ဘေးအန္တရာယ်ကို ဖြစ်ပွားစေတတ်သည်။ သင့်ကို ပြင်းထန်သော လေထဲတွင် ရပ်ခိုင်းထားသည်ဆိုလျှင် သင်မည်သို့ခံစားရမည်နည်း။ လေ၏ ပြင်းအားအပေါ်တွင် မူတည်သည်မဟုတ်လော။ ယင်းသည် အဆင့် ၃ သို့မဟုတ် ၄ ရှိသည့် လေဖြစ်ပါက ခံနိုင်စရာဖြစ်မည်။ အများဆုံးအနေနှင့် လူတစ်ယောက် မျက်လုံးဖွင့်ထားဖို့ အခက်တွေ့လောက်သည်။ သို့သော်လည်း လေသည် ပြင်းထန်လာပြီး လေဆင်နှာမောင်း ဖြစ်လာခဲ့လျှင် ၎င်းကို သင်ခံနိုင်မည်လော။ သင် ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတို့အနေဖြင့် လေက အမြဲတမ်းကောင်းသည် သို့မဟုတ် ၎င်းက အမြဲတမ်းဆိုးသည်ဟု ပြောမည်ဆိုလျှင် မှားသည်၊ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လေ၏ပြင်းအားအပေါ် မူတည်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဤနေရာတွင် တောင်ကြီး၏ တာဝန်က အဘယ်အရာနည်း။ ၎င်း၏တာဝန်မှာ လေကို စစ်ချပေးရန် မဟုတ်လော။ တောင်က လေကြမ်းကြီးကို မည်သည့်အရာအဖြစ် လျော့ချပေးသနည်း။ (လေပြေညင်းလေးအဖြစ်။) ဤသို့ဆိုလျှင် လူသားများနေထိုင်သည့် ပတ်ဝန်းကျင်တွင် လူအများစု ကြုံတွေ့ခံစားရသည်က လေပြင်းများလော၊ လေပြေများလော။ (လေပြေများဖြစ်သည်။) ဤသည်မှာ တောင်များကို ဖန်ဆင်းရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များထဲကတစ်ခု၊ သူ၏ ကြံရွယ်ချက်များထဲကတစ်ခုပင် မဟုတ်သလော။ လူတို့သည် လေထဲတွင် သဲများ အထိန်းအကွပ်မဲ့စွာ အတားအဆီးမရှိ စစ်ချထားခြင်းမရှိ တိုက်ခတ်သည့် ပတ်ဝန်းကျင် တစ်ခုတွင် နေထိုင်ရသည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ လွင့်စင်နေသော သဲများနှင့် ကျောက်ခဲများ ပတ်ချာဝိုင်းသည့် ကုန်းမြေတစ်ခုမှာ လူနေ၍မရနိုင်မည်မှာ ဖြစ်ကောင်းဖြစ်နိုင်သလော။ ကျောက်ခဲများက လူတို့ကို ထိမှန်နိုင်ပြီး သဲများက သူတို့ကို မျက်စိကန်းစေနိုင်သည်။ လေက လူတို့ကို လေထဲသို့ သယ်သွားနိုင်သည် သို့မဟုတ် သူတို့၏ခြေများကို သိမ်းကျုံးတိုက်ခတ်သွားနိုင်လေသည်။ အိုးအိမ်များ ပျက်စီးနိုင်ပြီး ဘေးအန္တရာယ်ပေါင်းစုံ ကျရောက် လာမည်။ သို့တိုင် လေကြမ်းကြီး၏ တည်ရှိမှု၌ တန်ဖိုးရှိသလော။ လေကို ဆိုးသည်ဟု ငါပြောခဲ့သောကြောင့် ၎င်း၌ တန်ဖိုးမရှိပါဟု တစ်ဦးဦးက ထင်ကောင်းထင်မိမည် ဖြစ်သော်လည်း၊ ထိုသို့ ဟုတ်သလော။ ယင်းက လေညင်းလေးအဖြစ် ပြောင်းသွားသည့်အခါ တန်ဖိုးမရှိသလော။ ရာသီဥတုက ပူအိုက်စိုထိုင်းသောအခါ သို့မဟုတ် မွန်းကျပ်သောအခါ လူတို့သည် မည်သည်ကို အလိုအပ်ဆုံး ဖြစ်သနည်း။ သူတို့ကို ပြန်လည်လန်းဆန်းစေဖို့နှင့် သူတို့၏ အတွေးအမြင်ရှင်းစေဖို့၊ သူတို့၏ဉာဏ်ကိုသွေးဖို့၊ သူတို့၏ စိတ်အခြေအနေကို ပြုပြင်ဖို့နှင့် တိုးတက်စေဖို့ သူတို့အပေါ် လေနုအေးလေး ညင်သာစွာတိုက်ခတ်ဖို့ လိုအပ်သည်။ ဤသို့ဆိုလျှင် ဥပမာအနေဖြင့် သင်တို့အားလုံးသည် အခန်းတစ်ခန်းထဲတွင် လူအများကြီးနှင့် လေမွန်းကျပ်လျက် ထိုင်ကြသည်ဆိုလျှင် သင်တို့ မည်သည်ကို အလိုအပ်ဆုံး ဖြစ်မည်နည်း။ (လေနုအေးလေး ဖြစ်ပါသည်။) နောက်ကျိပြီး ညစ်ညမ်းနေသောလေ ရှိသည့်နေရာသို့ သွားခြင်းက လူတစ်ဦး၏ စဉ်းစားတွေးခေါ်မှုကို နှေးကွေး စေနိုင်သည်၊ သူ၏ သွေးလည်ပတ်မှုကို လျော့ကျစေနိုင်ပြီး၊ သူ၏ စိတ်ကြည်လင် ပြတ်သားမှုကို ဆုတ်ယုတ်စေနိုင်သည်။ သို့သော်လည်း လှုပ်ရှားမှုနှင့် လည်ပတ်မှု အနည်းငယ်က လေထုကို လန်းဆန်းလာစေပြီး၊ လူတို့သည် လန်းဆန်းသောလေထဲတွင် တစ်မူထူးခြားစွာ ခံစားကြသည်။ စမ်းချောင်းလေး ဘေးအန္တရာယ် ဖြစ်စေ နိုင်သော်လည်း၊ လေကြမ်းကြီးက ဘေးအန္တရာယ် ဖြစ်စေ နိုင်သော်လည်း ထိုနေရာတွင် တောင်ကြီးရှိနေသရွေ့ ထိုအန္တရာယ်ကို လူတို့အား အကျိုးပြုသည့် စွမ်းအားတစ်ခုအဖြစ် တောင်ကြီးက ပြောင်းပေးလိမ့်မည်။ ထိုသို့ဖြစ်သည်မဟုတ်လော။

ပုံဝတ္ထု၏ တတိယအပိုဒ်က မည်သည့်အကြောင်းအရာနည်း။ (တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး အကြောင်းပါ။) တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီး။ ဤစာပိုဒ်ကို တောင်ခြေမှ ပင်လယ်ကမ်းစပ်တွင် ပုံဖော်ထားသည်။ တောင်၊ သမုဒ္ဒရာရေလှိုင်းလေးနှင့် ဧရာမ လှိုင်းလုံးကြီးတစ်ခုကို ငါတို့တွေ့ရသည်။ ဤဥပမာထဲတွင် လှိုင်းလုံးကြီးအတွက် တောင်ကြီးသည် မည်သည့်အရာ ဖြစ်သနည်း။ (အကာအကွယ်ပေးသူတစ်ဦးနှင့် အဟန့်အတားတစ်ခုဖြစ်သည်။) ယင်းက အကာအကွယ်ပေးသူအပြင် အဟန့်အတားတစ်ခုလည်း ဖြစ်သည်။ အကာအကွယ်ပေးသူ အနေဖြင့်၊ ၎င်းသည် ပင်လယ်ကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းသည်၊ သို့မှသာ ပင်လယ်ထဲ၌ နေထိုင်သော သတ္တဝါများမှာ မျိုးပွားပြီး၊ ရှင်သန်နိုင်လိမ့်မည်။ အဟန့်အတားအနေနှင့် တောင်ကြီးက ပင်လယ်ရေကို ရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကို ဖြစ်ပေါ်စေခြင်းမှ၊ အန္တရာယ်ကို ဖြစ်စေပြီး လူတို့၏ အိုးအိမ်များကို ဖျက်ဆီးခြင်းမှ ထိန်းသိမ်းထားသည်။ ထို့ကြောင့် တောင်ကြီးသည် အဟန့်အတားလည်း ဖြစ်သလို၊ အကာအကွယ်လည်း ဖြစ်သည်ဟု ငါတို့ ပြောနိုင်သည်။

ဤသည်မှာ တောင်ကြီးနှင့် စမ်းချောင်းလေး၊ တောင်ကြီးနှင့် လေကြမ်းကြီး၊ တောင်ကြီးနှင့် ဧရာမလှိုင်းလုံးကြီးတို့ကြားက ဆက်နွှယ်မှု၏ အဓိပ္ပါယ်ဖြစ်သည်။ ဤသည်မှာ သူတို့၏ အချင်းချင်း ခွန်အားပေးခြင်းနှင့် ချေဖျက်ခြင်းအပြင်၊ သူတို့၏ အတူယှဉ်တွဲ နေထိုင်ခြင်းတို့၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းထားသည့် ဤအရာများသည် သူတို့၏ တည်ရှိမှုတွင် စည်းမျဉ်းတစ်ခုနှင့် ဥပဒေသတစ်ခုတို့၏ အုပ်ချုပ်ခြင်းကို ခံရသည်။ ထို့ကြောင့် ဤပုံဝတ္ထုထဲတွင် ဘုရားသခင်၏ မည်သည့် လုပ်ဆောင်ချက်များကို သင်မြင်ခဲ့ရသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီးကတည်းက ၎င်းတို့ကို လျစ်လျူရှုထားသလော။ သူသည် စည်းမျဉ်းများကို ဖန်တီးပေးခဲ့ပြီး အရာခပ်သိမ်းလည်ပတ်သည့် နည်းလမ်းများကို ပုံစံချခဲ့ပြီးနောက်မှာသာ ၎င်းတို့ကို လျစ်လျူရှုခဲ့လေသလော။ ယင်းမှာ ဖြစ်ပျက်ခဲ့သည့်အရာလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ဘုရားသခင်က ထိန်းချုပ် နေဆဲဖြစ်သည်။ သူက ရေ၊ လေနှင့် လှိုင်းလုံးများကို ထိန်းချုပ်ထားသည်။ သူက ၎င်းတို့ကို သောင်းကျန်းပြီး လျှောက်ပြေးခွင့် မပြုသကဲ့သို့ သူသည် ၎င်းတို့ကို အန္တရာယ် ဖြစ်စေခွင့် သို့မဟုတ် လူတို့နေထိုင်သည့် နေအိမ်များကို ဖျက်ဆီးခွင့် မပြုပါပေ။ ဤအတွက်ကြောင့်သာ လူတို့သည် ကုန်းမြေပေါ်တွင် ဆက်လက်နေထိုင်ကာ မျိုးပွားပြီး ရှင်သန်နိုင်ကြခြင်း ဖြစ်သည်။ ဤအရာက ဘုရားသခင် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့စဉ်က ၎င်းတို့၏ ဖြစ်တည်မှုအတွက် စည်းမျဉ်းများကို သူ ကြိုတင်စီစဉ် ထားပြီးသားဖြစ်ကြောင်း ဆိုလိုသည်။ အရာတစ်ခုစီတိုင်းကို ဘုရားသခင်ပြုလုပ်ခဲ့စဉ်က ၎င်းက လူသားမျိုးနွယ်ကို အကျိုးပြုစေရန်အတွက် သေချာအောင် လုပ်ဆောင်ခဲ့ပြီး၊ ယင်းမှာ လူသားမျိုးနွယ်ကို ဒုက္ခမရောက်စေရန် သို့မဟုတ် သူတို့အား ဘေးအန္တရာယ် မဖြစ်စေရန်အတွက် ဘုရားသခင်က ယင်းအပေါ် ထိန်းချုပ်ခဲ့သည်။ ယင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု မဟုတ်ခဲ့လျှင် ရေတို့သည် အထိန်းအကွပ်မဲ့ စီးကုန်မည် မဟုတ်လော။ လေသည်လည်း အထိန်းအချုပ်မဲ့ တိုက်ခတ်ကုန်မည် မဟုတ်လော။ ရေနှင့်လေတို့သည် စည်းမျဉ်းများကို လိုက်နာသလော။ ၎င်းတို့ကို ဘုရားသခင်ကသာ မစီမံခဲ့လျှင်၊ ၎င်းတို့ကို မည်သည့် စည်းမျဉ်းများကမှ ထိန်းချုပ်လိမ့်မည် မဟုတ်သည့်အပြင်၊ လေထန်ပြီး ရေများက ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေမည်။ အကယ်၍ ရေလှိုင်းကြီးသာ တောင်ကြီးထက် ပို၍မြင့်မားသွားခဲ့လျှင်၊ ပင်လယ်သည် တည်ရှိ နေနိုင်ဦးမည်လော။ တည်ရှိ မနေနိုင်ပါ။ တောင်ကြီးက လှိုင်းလုံးကြီးတမျှ မမြင့်ပါက ပင်လယ်မှာ တည်ရှိမည် မဟုတ်သည့်အပြင်၊ တောင်ကြီးက သူ၏တန်ဖိုးနှင့် အရေးပါမှုကို ဆုံးရှုံးရလိမ့်မည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၆၉)

ဘုရားသခင်သည် တည်ရှိသမျှ အရာတိုင်းကို ဖန်ဆင်းခဲ့ပြီး သူသည် တည်ရှိသမျှ အရာတိုင်း၏ အချုပ်အချာပင် ဖြစ်သည်။ သူသည် ထိုအရာအားလုံးကို စီမံခန့်ခွဲပြီး ထိုအရာ အားလုံးကို သတ်မှတ်ပြဋ္ဌာန်းထားသည့်အပြင် အရာခပ်သိမ်းထဲတွင် တည်ရှိသမျှ အရာတိုင်း၏ ပြောဆိုချက်နှင့် လုပ်ဆောင်ချက်တိုင်းကို မြင်တွေ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထိုနည်းတူ ဘုရားသခင်သည် လူ့ဘဝ၏ နေရာအနှံ့ကို မြင်တွေ့ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်းထဲ၌ တည်ရှိသည့် အရာတိုင်း၏ အသေးစိတ်တစ်ခုစီကို အရာတစ်ခုစီ၏ လုပ်ငန်းတာဝန်၊ ၎င်း၏သဘာဝနှင့် ဆက်လက် ရှင်သန်မှုအတွက် ၎င်း၏စည်းမျဉ်းများမှနေ၍ ၎င်းအသက်၏ အရေးပါမှုနှင့် ၎င်းတည်ရှိမှု၏ တန်ဖိုးတို့အထိ အတွင်းကျကျ သိရှိသည်၊ ဤအရာအားလုံးကို ဘုရားသခင်က အလုံးစုံ သိရှိလေသည်။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည် ဖြစ်၍ သူ့အနေဖြင့် ၎င်းတို့ကို ထိန်းချုပ်ထားသည့် စည်းမျဉ်းများကို လေ့လာဖို့လိုအပ်သည်ဟု သင်တို့ထင်သလော။ ဘုရားသခင်သည် ၎င်းတို့ကို လေ့လာဖို့နှင့် နားလည်ဖို့အတွက် လူ့အသိပညာ သို့မဟုတ် သိပ္ပံပညာကို သင်ယူရန် လိုအပ်သလော။ (မလိုအပ်ပါ။) ဘုရားသခင်ကဲ့သို့ အရာခပ်သိမ်းကို နားလည်ရန်အတွက် သညာနှင့် အသိပညာတို့ဖြင့် ပြည့်စုံသောသူ လူသားမျိုးနွယ်ထဲတွင် တစ်ဦးတစ်ယောက် ရှိသလော။ မရှိသည်မဟုတ်လော။ အရာခပ်သိမ်း ရှင်သန်ကြီးထွားသည့် စည်းမျဉ်းများကို အမှန်တကယ် နားလည်သည့် နက္ခတ္တဗေဒပညာရှင်များ သို့မဟုတ် ဇီဝဗေဒပညာရှင်များ တစ်ဦးဦးရှိသလော။ အရာတစ်ခုစီတိုင်း တည်ရှိနေမှု၏ တန်ဖိုးကို သူတို့ အမှန်တကယ် နားလည်နိုင်သလော။ (သူတို့ နားမလည်နိုင်ပါ။) ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဖြစ်၍၊ လူသားမျိုးနွယ်သည် ဤအသိပညာကို အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း လေ့လာသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းကိုလေ့လာဖို့ သူတို့ အဘယ်မျှလောက် ကြိုးပမ်းသည်ဖြစ်စေ သူတို့သည် အရာခပ်သိမ်းအား ဘုရားသခင့်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက် သို့မဟုတ် လျှို့ဝှက်နက်နဲမှုကို မည့်သည့်အခါမှ ဉာဏ်မှီနိုင်လိမ့်မည် မဟုတ်ပါ၊ ယင်းက ထိုသို့ဖြစ်သည်မဟုတ်လော။ ဤသို့ဆိုလျှင် ယင်းအထိ ငါတို့၏ဆွေးနွေးချက်မှနေ၍ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏အရင်းအမြစ် ဖြစ်သည်” ဟူသည့် စကားရပ်၏ စစ်မှန်သောအဓိပ္ပါယ်အား တစ်စိတ်တစ်ဒေသ နားလည်မှုကို ရရှိပြီဟု သင်တို့ခံစားရသလော။ (ခံစားရပါသည်။) ငါသည် ‘ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်၏ အရင်းအမြစ်ဖြစ်သည်’ ဟူသည့် ဤအကြောင်းအရာကို ဆွေးနွေးသောအခါ လူများစွာက “ဘုရားသခင်သည် သမ္မာတရား ဖြစ်ပြီး၊ ဘုရားသခင်သည် ငါတို့ကို ထောက်ပံ့ရန် သူ၏ နှုတ်ကပတ်တော်ကို အသုံးပြုသည်” ဟူသော နောက်ထပ် စကားရပ်ကို ချက်ချင်းတွေးမိကြပြီး အကြောင်းအရာ၏ အဓိပ္ပာယ် အဆင့်ကို ကျော်လွန်၍ ဘာမျှမတွေးမိကြမည်ကို ငါသိသည်။ လူ့ဘဝအပေါ် ဘုရားသခင်၏ ထောက်ပံ့ပေးခြင်း၊ နေ့စဉ် အစားအသောက်နှင့် နေ့စဉ်လိုအပ်ချက်တို့အား ထောက်ပံ့ ပေးခြင်းသည် လူအတွက် ဘုရားသခင်၏ ကျွေးမွေး စောင့်ရှောက်ခြင်းအဖြစ် လက်ခံ၍မရဟုပင် တစ်ချို့က ထင်မိကြမည်။ ဤသို့ယူဆသောသူအချို့ ရှိကြသည် မဟုတ်လော။ သို့တိုင် လူသားမျိုးနွယ်သည် ဖြစ်တည်ဖို့နှင့် ပုံမှန် အသက်ရှင် ဖြစ်တည်နေနိုင်ဖို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူ၏ ဖန်ဆင်းခြင်း၌ ထင်ရှားပေါ်လွင်သည် မဟုတ်လော။ ဘုရားသခင်သည် လူတို့နေထိုင်သည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပေးပြီး သူတို့၏ ဆက်လက်ရှင်သန်ရေးအတွက် လူသားမျိုးနွယ် လိုအပ်သည့် အရာများအားလုံးကို သူက ထောက်ပံ့ပေးသည်။ ထို့ပြင် သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို စီမံခန့်ခွဲပြီး စွဲကိုင်ထားသည်။ ဤအရာအားလုံးက လူသားမျိုးနွယ်ကို နေထိုင်ရန်၊ ရှင်သန်ရန်နှင့် ပုံမှန်မျိုးပွားရန် အခွင့်ပေးထားသည်။ ယင်းမှာ ဘုရားသခင်က ဖန်ဆင်းခြင်းအားလုံးနှင့် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးသည့် နည်းလမ်းပင်ဖြစ်သည်။ ဤအရာများကို လူတို့က မှတ်မိဖို့နှင့် နားလည်ဖို့ လိုအပ်သည်ဟူသည်မှာ မမှန်ကန်သလော။ တစ်ချို့က “ဤအကြောင်းအရာမှာ စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းဖြစ်သည်၊ ကျွန်ုပ်တို့၏ အသိပညာနှင့် အလွန်ဝေးကွာလွန်းပြီး၊ ကျွန်ုပ်တို့သည် ဤအရာကို မသိချင်ပါ၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် မုန့်အားဖြင့်သာ အသက်မရှင်၊ ထို့အစား ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်သည်။” ဟု ပြောကောင်းပြောကြမည်။ ဤနားလည်ခြင်းက မှန်ကန်သလော။ (မမှန်ကန်ပါ။) ယင်းက အဘယ့်ကြောင့် မမှန်ကန်သနည်း။ ဘုရားသခင် ပြောထားသည့် အရာများအပေါ် သင်၌သာ အသိပညာရှိပါက ဘုရားသခင်အပေါ် ပြည့်စုံသော နားလည်ခြင်း သင်တို့ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုသာ လက်ခံသည်ဆိုလျှင် သင်၌ ဘုရားသခင်အပေါ် ပြည့်စုံသောနားလည်ခြင်း ရှိနိုင်မည်လော။ သင်သည် ဘုရားသခင့် စိတ်သဘောထား၏ အစိတ်အပိုင်းလေး တစ်ခု၊ ဘုရားသခင့် အခွင့်အာဏာ၏ အစိတ်အပိုင်းလေးတစ်ခုကို သိသည်ဆိုလျှင် ဘုရားသခင်အား နားလည်ခြင်းကိုရရှိဖို့ လုံလောက်ပြီဟု ယင်းကို ယူဆမည်လော။ (မယူဆပါ။) ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းအား သူ၏ဖန်ဆင်းခြင်းနှင့် အစပြုပြီး ယနေ့ ၎င်းတို့ ဆက်လက်၍ သွားနေသည်- ဘုရားသခင်၏ လုပ်ဆောင်ချက်များမှာ အမြဲတမ်း အချိန်မရွေး ပေါ်လွင်ထင်ရှားနေကြသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်က လူတစ်ဖွဲ့ကို သူတို့အပေါ် သူ၏အမှုကို ပြုလုပ်ရန်နှင့် ကယ်တင်ရန်အတွက် သူရွေးချယ်ပြီးဖြစ်သောကြောင့်သာ ဘုရားသခင် တည်ရှိသည်ဟူ၍လည်းကောင်း၊ သူ၏ အချုပ်အခြာ အာဏာ၊ သူ၏အဆင့်အတန်း၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များ အခြားမည်သည့်အရာကမျှ ဘုရားသခင်နှင့် မစပ်ဆိုင်ဟူ၍ လည်းကောင်း၊ ယုံကြည်သည်ဆိုလျှင် သူ့ကို ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်ခြင်းရှိသည်ဟု ယူဆနိုင်သလော။ ဤအမည်ခံ “ဘုရားသခင်အား သိနားလည်ခြင်း” ရှိသော လူတို့၌ တစ်ဖက်သတ်ဆန်သော နားလည်ခြင်းသာ ရှိကြပြီး၊ ယင်းအားဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို လူအုပ်စုတစ်စုအတွက် ကန့်သတ်ထားကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သောသိနားလည်ခြင်း ဟုတ်သလော။ ဤသိနားလည်ခြင်းမျိုး ရှိသည့် လူတို့သည် အရာခပ်သိမ်းအား ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် ၎င်းတို့အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်နေကြသည် မဟုတ်သလော။ လူတစ်ချို့က ဤအချက်ကို အာရုံမစိုက်လိုကြဘဲ၊ ထို့အစား “အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်ုပ်မမြင်ရပါ။ ဤထင်မြင်ချက်က အလွန်ခြားနားလွန်းပြီး ကျွန်ုပ် ၎င်းကို နားလည်ဖို့ အရေးမစိုက်ပါ။ ဘုရားသခင်က သူလုပ်ချင်ရာကို လုပ်ပြီး ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီး စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ ဦးဆောင်မှုနှင့် သူ၏ နှုတ်ကပတ်တော်ကိုသာ လက်ခံသည်။ အခြားမည်သည့်အရာမျှ ကျွန်ုပ်အတွက် အရေးမကြီးပါ။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့သည့်အချိန်တွင် သူပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်းများဖြစ်စေ၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ကျွေးမွေးစောင့်ရှောက်ရန် သူပြုလုပ်သည့်အရာ ဖြစ်စေ ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။” ဟု သူတို့ကိုယ်သူတို့ စဉ်းစားကြသည်။ ဤသည်မှာ အဘယ်သို့သော စကားမျိုး ဖြစ်သနည်း။ ဤသည်မှာ ပုန်ကန်ခြင်း၏ လုပ်ရပ်တစ်ခု မဟုတ်လော။ သင်တို့ထဲတွင် ဤကဲ့သို့သော နားလည်ခြင်းရှိသောသူ တစ်ဦးဦးရှိသလော။ သင်တို့ ထိုသို့မပြောဘဲနှင့်ပင် ဤနေရာ၌ရှိသည့် များစွာသော သင်တို့က ပြောကြသည်ကို ငါသိသည်။ ဤကဲ့သို့ စာအုပ်ကြီးသမားသည် အရာရာကို သူတို့၏ကိုယ်ပိုင် “ဝိညာဉ်ရေး” ရှုထောင့်မှ ကြည့်ကြသည်။ သူတို့က ဘုရားသခင်ကို သမ္မာကျမ်းစာ ထဲတွင်သာ ကန့်သတ်ချင်သည်၊ ဘုရားသခင်ကို သူပြောထားခဲ့သည့် စကားလုံးများကို ရေးသားထားသည့်စာအရှိအတိုင်းသာ နားလည်ခြင်းဖြင့် ကန့်သတ်ချင်သည်။ သူတို့သည် ဘုရားသခင်ကို ပို၍သိလိုခြင်း မရှိကြသည့်အပြင်၊ သူတို့သည် ဘုရားသခင်ကို အခြားအရာများ ပြုလုပ်ခြင်းအားဖြင့် သူ၏အာရုံကို မထွေပြား စေချင်ကြပါ။ ဤတွေးခေါ်ခြင်းမျိုးသည် ကလေးဆန်ပြီး၊ ယင်းက အလွန်အမင်း ဘာသာရေးလည်း ဆန်သည်။ ဤအမြင်များကို လက်ကိုင်ထားသည့် လူတို့က ဘုရားသခင်ကို သိနိုင်သလော။ သူတို့အနေဖြင့် ဘုရားသခင်ကိုသိဖို့ အလွန်ခက်ခဲလိမ့်မည်။ ယနေ့ ငါသည် ပုံဝတ္ထုနှစ်ခုကို ပြောပြီး တစ်ခုစီက ခြားနားသောကဏ္ဍကို လိပ်မူသည်။ ၎င်းတို့နှင့် ထိတွေ့ပြီးသည့်နောက် သင်တို့က အကြောင်းအရာများက နက်နဲသည် သို့မဟုတ် အနည်းငယ် စိတ္တဇသဘောဆန်ပြီး သဘောပေါက်နားလည်ဖို့ ခက်သည်ဟု ခံစားကောင်း ခံစားရနိုင်သည်။ ၎င်းတို့ကို ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဘုရားသခင်ကိုယ်တိုင်နှင့် ဆက်စပ်ကြည့်ရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးနှင့် ဖန်ဆင်းခြင်းအတွင်းနှင့် လူသားမျိုးနွယ် အကြားတွင် သူပြုလုပ် ပေးခဲ့သည့် အရာအားလုံးကို ဘုရားသခင်ကိုသိနားလည်ဖို့ ကြိုးစားသူတိုင်း ရှင်းရှင်းလင်းလင်း တိတိကျကျ သိသင့်သည်။ ဤအသိက ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို သင် ယုံကြည်ရာ၌ အာမခံချက်ကို ပေးလိမ့်မည်။ ယင်းက သင့်အား ဘုရားသခင်၏ ဉာဏ်ပညာ၊ သူ၏တန်ခိုးနှင့် အရာခပ်သိမ်းကို သူ ကြိုတင် စီမံထားသည့် ပုံစံအပေါ် တိကျသော သိနားလည်ခြင်း ကိုလည်း ပေးလိမ့်မည်။ ယင်းက သင့်အား ဘုရားသခင်၏ အမှန်တကယ် တည်ရှိခြင်းကို ရှင်းရှင်းလင်းလင်း စိတ်ကူးရဖို့နှင့် သူ၏ တည်ရှိခြင်းသည် စိတ်ကူးယဉ်မဟုတ်၊ ဒဏ္ဍာရီ မဟုတ်၊ မရေမရာ မဟုတ်၊ သဘောတရားမျှသာ မဟုတ်သည့်အပြင်၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှု လုံးဝမဟုတ်ဘဲ အမှန်တကယ် တည်ရှိခြင်း ဖြစ်ကြောင်းကို သိဖို့ အခွင့်ပေးလိမ့်မည်။ ထို့အပြင် ယင်းက ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးနှင့် လူသားမျိုးနွယ်တို့အား အမြဲတမ်း ထောက်ပံ့ပေးသည်ကို လူတို့အား သိခွင့်ပေးသည်။ ဘုရားသခင်က ဤအရာကို သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် သူ၏ကိုယ်ပိုင် စည်းချက်အတိုင်း ပြုလုပ်သည်။ ထို့ကြောင့် ၎င်းသည် ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး သူ၏ ကြိုတင်ပြဋ္ဌာန်းချက်အောက်တွင် သူတို့၏ ခွဲဝေပေးထားသည့် အလုပ်တာဝန်များကို ဆောင်ရွက်ရန်၊ သူတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့် သူတို့၏ကိုယ်ပိုင် အခန်းကဏ္ဍများကို ထမ်းဆောင်ရန်အတွက် သူတို့တစ်ဦးချင်းစီက တတ်နိုင်သော စည်းမျဉ်းများကို ပေးထားသောကြောင့် ဖြစ်သည်။ သူ၏ ကြိုတင်ပြဋ္ဌာန်းချက် အောက်တွင် အရာတစ်ခုစီက လူသားမျိုးနွယ်အတွက်နှင့် လူသားများ နေထိုင်သည့် နေရာနှင့် ပတ်ဝန်းကျင်အတွက် အစေခံရာ၌ မိမိ၏ကိုယ်ပိုင်အသုံးဝင်မှု ရှိကြလေသည်။ အကယ်၍ ဘုရားသခင်က ထိုကဲ့သို့ ပြုလုပ်မထားခဲ့ဘဲ လူသားမျိုးနွယ် နေထိုင်ရန် ထိုကဲ့သို့သော ပတ်ဝန်းကျင်မရှိခဲ့ပါက၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်အပေါ် ယုံကြည်ခြင်း သို့မဟုတ် သူ့နောက်လိုက်ခြင်းတို့က ဖြစ်နိုင်မည် မဟုတ်ပါ၊ ၎င်းတို့အားလုံးသည် အနှစ်သာရမဲ့သော ပြောဆိုခြင်း သဘောမျှသာ သက်ရောက်မည်။ ၎င်းက ထိုသို့ပင်မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၀)

“ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသော နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် ခေါင်းစဉ်များနှင့် ပါဝင်သည့်အကြောင်းအရာများ အများအပြားကို ငါတို့ဆွေးနွေးခဲ့ကြပြီးပြီ၊ သို့သော်လည်း ဘုရားသခင်သည် သင်တို့အား သူ၏နှုတ်ကပတ်တော်ဖြင့် ပံ့ပိုးပေး၍ သင်တို့အပေါ်၌ သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ခြင်း တို့အပြင် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် မည်သည့် အရာများ ပေးသနားသည်ကို သင်တို့၏စိတ်နှလုံးများထဲတွင် သိသလော။ အချို့သူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ပေးသနား၏၊ သူသည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်မှုနှင့် နှစ်သိမ့်မှုတို့ကို ပေးပြီး စောင့်ရှောက်မှုနှင့် အကာအကွယ်တို့ကို ဖြစ်နိုင်သမျှနည်းလမ်းတိုင်းဖြင့် ကျွန်ုပ်အား သူပေးပါသည်” ဟု ပြောကောင်းပြောနိုင်၏။ အခြားသူများက “ဘုရားသခင်သည် ကျွန်ုပ်အပေါ် နေ့စဉ်စားစရာ၊ သောက်စရာများ ပေးပါသည်” ဟုပြောမည်ဖြစ်ပြီး၊ အချို့ကမူ “ဘုရားသခင်သည် ကျွန်ုပ်ကို အရာခပ်သိမ်း ပေးသနားပါ၏” ဟုပင် ပြောလိမ့်မည်။ ၎င်းတို့၏နေ့စဉ်အသက်တာများ၌ လူတို့ ကြုံရသည့် ပြဿနာများကို သင်တို့သည် သင်တို့ကိုယ်တိုင်၏ ရုပ်ခန္ဓာဘဝအတွေ့အကြုံ၏ နယ်ပယ်နှင့်ဆက်နွှယ်သော နည်းလမ်းဖြင့် တုန့်ပြန်ကောင်း တုန့်ပြန်နိုင်သည်။ ဘုရားသခင်သည် လူအသီးသီးအပေါ် အမှုအရာများစွာ ပေးသနားပေသည်၊ သို့သော် ဤနေရာ၌ ငါတို့ဆွေးနွေးနေသည့်အရာမှာ လူတို့၏ နေ့စဉ် လိုအပ်ချက်များ ဆိုင်ရာ နယ်ပယ်၌သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ လူတစ်ဦးစီ၏ အမြင်နယ်ပယ်ကို တိုးချဲ့ဖို့နှင့် အမှုအရာများကို ကျယ်ပြန့်သော ရှုထောင့်မှ သင့်ကို မြင်ခွင့်ပေးရန်ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏ အသက်အရင်းအမြစ် ဖြစ်သည့်အတွက် သူ့အနေဖြင့် အရာခပ်သိမ်း၏အသက်ကို မည်သို့ ထိန်းသိမ်းသနည်း။ တနည်းအားဖြင့်၊ သူ၏ ဖန်ဆင်းခြင်းနှင့်ဆိုင်သော အရာခပ်သိမ်း ဆက်လက်တည်ရှိနိုင်ရန် အလို့ငှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဖြစ်တည်မှုနှင့် ယင်းဖြစ်တည်မှုအား ကျောထောက် နောက်ခံပြုထားသည့် နိယာမများကို ထိန်းသိမ်းရန် ၎င်းတို့အား မည်သည့်အရာကို ပေးနည်း။ ယင်းမှာ ယနေ့ ငါတို့၏ ဆွေးနွေးမှု အဓိကအချက်ဖြစ်သည်။...သို့သော် သင်တို့သည် ဤအကြောင်းအရာ နှင့် ငါပြောမည့်အရာများကို အသိပညာ၊ လူ့ယဉ်ကျေးမှု၊ သို့မဟုတ် သုတေသန တစ်ခုတစ်လေနှင့် ဆက်စပ်ခြင်းထက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်တွေးနိုင်မည်ဟု ငါမျှော်လင့်၏။ ငါသည် ဘုရားသခင် အကြောင်းနှင့် ဘုရားသခင်ကိုယ်တော်တိုင် အကြောင်းကိုသာ ပြောနေခြင်းဖြစ်၏။ ဤသည်မှာ သင်တို့အဖို့ ငါ၏အကြံပြုချက် ဖြစ်သည်။ သင်တို့ နားလည်ကြသည်မှာ သေချာပါသည်။

ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အရာများစွာကို ပေးသနားခဲ့၏။ လူတို့မြင်နိုင်သည့်အရာ၊ ဆိုလိုသည်မှာ လူတို့ ခံစားနိုင်သည့်အရာအကြောင်းကို ပြောခြင်းဖြင့် ငါစတင်မည်။ ဤအရာများသည် လူတို့က မိမိတို့၏ စိတ်နှလုံးများထဲတွင် လက်ခံကာ နားလည်နိုင်သည့် အရာများဖြစ်၏။ ထို့ကြောင့်၊ ရုပ်ဝတ္ထု လောကအကြောင်း ဆွေးနွေး၍ ဘုရားသခင်သည် လူသားမျိုးနွယ်အား မည်သည့်အရာ ထောက်ပံ့ပေးပြီး ဖြစ်သည်ဆိုသည့်အကြောင်း ပြောဆိုခြင်းဖြင့် အစပြုကြပါစို့။

၁။ လေ

ပထမအနေဖြင့် လူသားအသက်ရှူနိုင်ရန် ဘုရားသခင်သည် လေကို ဖန်ဆင်းခဲ့၏။ “လေ” သည် လူသားတို့ နေ့စဉ်ထိတွေ့နိုင်သည့် ဒြပ်ထည်တစ်ခု ဖြစ်ပြီး၊ လူသားတို့ အိပ်စက်နေသည့်အခါ၌ပင် အခိုက်အတန့်တိုင်း၌ လူတို့အားထားသောအရာတစ်ခု ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လေသည် လူသားမျိုးနွယ် အတွက် အလွန့်အလွန် အရေးကြီးပေသည်- ယင်းသည် ၎င်းတို့၏ ထွက်သက်ဝင်သက်တိုင်းနှင့် အသက်ကိုယ်၌အတွက် မရှိမဖြစ် လိုအပ်ပေသည်။ ခံစား၍သာရကာ မမြင်နိုင်သော ဤဒြပ်ထည်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအတွက် သူ၏ ပထမဆုံးသော လက်ဆောင်ဖြစ်၏။ သို့သော် လေကိုဖန်ဆင်း ပြီးနောက် ဘုရားသခင်သည် သူ၏ အမှု ပြီးစီးပြီဟု စဉ်းစားဆင်ခြင်လျက် ရပ်တန့်ခဲ့သလော။ သို့မဟုတ် လေ၏ သိပ်သည်းမှု မည်မျှဖြစ်မည်ကို သူ ထည့်သွင်းစဉ်းစားသလော။ လေတွင် မည်သည့်အရာ ပါဝင်မည်ကို သူ ထည့်သွင်းစဉ်းစားသလော။ (ထည့်သွင်းစဉ်းစားပါသည်။) ဘုရားသခင်သည် လေကို ဖန်ဆင်းစဉ်က မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ ဘုရားသခင်သည် လေကို အဘယ်ကြောင့် ဖန်ဆင်းခဲ့သနည်း၊ ပြီးလျှင်သူ၏အကြောင်းပြချက်မှာ အဘယ်နည်း။ လူသားများသည် လေကိုလိုအပ်၏၊ ၎င်းတို့ အသက်ရှူရန် လိုအပ်သည်။ ပထမအနေဖြင့် လေ၏သိပ်သည်းမှုသည် လူ၏အဆုတ်အတွက် သင့်တော်ရမည်။ လေ၏သိပ်သည်းမှုကို သိသူ တစ်စုံတစ်ဦးရှိသလော။ အမှန်တွင်၊ လူတို့အတွက် ဤမေးခွန်း၏ အဖြေကို ကိန်းကဏန်း သို့မဟုတ် အချက်အလက်အရ သိဖို့ အထူးတလည် မလိုအပ်သကဲ့သို့၊ အဖြေကို သိဖို့မှာ တကယ်ကို မလိုအပ်ပေ။ ယေဘုယျ ထင်မြင်ချက် တစ်ရပ်ရှိရုံမျှက လုံးဝ လုံလောက်ပေသည်။ ဘုရားသခင်သည် လူသား၏ အဆုတ်က ရှူရန်အတွက် အသင့်တော်ဆုံးဖြစ်မည့် သိပ်သည်းမှုဖြင့် လေကိုဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ လူသား ခန္ဓာကိုယ်များထဲသို့ ၎င်းတို့၏ အသက်ရှူခြင်းမှတစ်ဆင့် လေက အလွယ်တကူ ဝင်ရောက်နိုင်ဖို့ရန်အလို့ငှာနှင့် အသက်ရှူစဉ် လူသား၏ ခန္ဓာကိုယ်ကို မထိခိုက်ဖို့ရန်အလို့ငှာ လေကို သူ ဖန်ဆင်းခဲ့လေသည်။ ဤအရာများသည် လေကို ဖန်ဆင်းသည့် အချိန်တွင် ဘုရားသခင် စဉ်းစားဆင်ခြင်သည့်အရာများ ဖြစ်သည်။ ဤနောက်၊ လေတွင် မည်သည့်အရာ ပါဝင်သည်ကို ငါတို့ ပြောကြမည်။ လေတွင်ပါဝင်သည့်ပစ္စည်းများမှာ လူသားများအဖို့ အဆိပ်မရှိသကဲ့သို့ အဆုတ်များ သို့မဟုတ် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမျှ ဖျက်ဆီးမည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ လူသားတို့ ရှူသည် လေသည် ချောမောစွာ ဝင်ထွက်ရမည် ဖြစ်ကြောင်းနှင့် ရှူသွင်းပြီးနောက်တွင် အဆုတ်များနှင့် ကိုယ်ခန္ဓာထဲရှိ သွေးအပြင် စွန့်ထုတ်လေတို့က တစ်ပေါင်း တစ်စည်းတည်း ကောင်းကောင်းမွန်မွန် ဇီဝဖြစ်စဉ် လုပ်ဆောင်ဖို့အလို့ငှာ၊ လေအတွင်းရှိ ဒြပ်ထည်များ၏ သဘာဝနှင့် ပမာဏတို့ ရှိနေသင့်ပေသည်။ ထို့အပြင်၊ လေတွင် အဆိပ်အတောက်ဖြစ်စေသာ ဒြပ်ပစ္စည်းများ တစ်ခုတစ်လေ မပါရှိသင့်သည်ကို သူ ထည့်စဉ်းစားခဲ့ရသည်။ လေအတွက် ဤစံနှစ်ရပ်နှင့်ပတ်သက်၍ သင်တို့ကို ပြောပြရာတွင် ငါ၏ ရည်မှန်းချက်မှာ သင်တို့ကို အထူးသီးသန့် အသိပညာ တစ်ခုတစ်လေကိုမျှ ပေးဖို့မဟုတ်ဘဲ၊ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် သုံးသပ်ချက်များနှင့်အညီ အမှုအရာ တစ်ခုစီတိုင်းကို ဖန်ဆင်းခဲ့ပြီး သူ ဖန်ဆင်းသည့် အရာတိုင်းသည် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်သည်ကို သင်တို့အား ပြသဖို့ ဖြစ်သည်။ ထို့အပြင် လေထဲ၌ရှိသည့် ဖုန်မှုန့်ပမာဏနှင့် ကမ္ဘာပေါ်ရှိ ဖုန်မှုန့်၊ သဲနှင့် မြေမှုန့်ပမာဏအပြင် မိုးကောင်းကင်မှ ကမ္ဘာမြေဆီသို့ လွင့်မျောလာသည့် ဖုန်မှုန့်ပမာဏတို့အတွက်မူ- ဘုရားသခင်၌ ဤအရာများကို စီမံခန့်ခွဲရန်အတွက် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် ပြိုကွဲသွားစေခြင်း နည်းလမ်းများလည်း ရှိပေသည်။ လေထဲ၌ ဖုန်မှုန့်ပမာဏ အချို့ရှိသော်လည်း လူ၏ကိုယ်ခန္ဓာ သို့မဟုတ် အသက်ရှူခြင်းကို အန္တရာယ်မပြုစေရန် ဘုရားသခင်က ထိုအရာကို ဖန်ဆင်းခဲ့ခြင်းဖြစ်ပြီး ကိုယ်ခန္ဓာကို အန္တရာယ်မပြုမည့် အရွယ်အစား ရှိသည့် ဖုန်မှုန့်အမှုန်များ ဖြစ်စေရန် ဘုရားသခင်ပြုလုပ်ခဲ့၏။ လေကို ဘုရားသခင် ဖန်ဆင်းခြင်းသည် နက်နဲမှုတစ်ခုဖြစ်သည် မဟုတ်လော။ သူ၏နှုတ်မှ လေတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ရုံမျှကဲ့သို့ ရိုးရှင်းသော အရာ ဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) အရိုးရှင်းဆုံးအရာများကို ဘုရားသခင် ဖန်ဆင်းခြင်း၌ပင် သူ၏နက်နဲမှု၊ သူ့စိတ်၏ လုပ်ဆောင်ချက်များ၊ သူ၏ တွေးခေါ်ပုံနှင့် ဉာဏ်ပညာတို့အားလုံး ထင်ရှားနေ၏။ ဘုရားသခင်သည် လက်တွေ့မကျပေလော။ (လက်တွေ့ကျပါသည်) ဆိုလိုသည်မှာ ရိုးရှင်းသော အရာများကို ဖန်ဆင်းခြင်း၌ပင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို စဉ်းစား နေခဲ့၏။ ပထမဦးစွာ လူသားတို့ရှူရှိုက်သည့် လေသည် သန့်ရှင်း၏၊ ပါဝင်သည့်ပစ္စည်းများသည် လူတို့အသက်ရှူရန် သင့်တော်၏၊ ၎င်းတို့သည် အဆိပ်အတောက်မဖြစ်စေသကဲ့သို့ လူသားများကို အန္တရာယ်မဖြစ်စေနိုင်ပေ၊ ထို့နည်းတူ လေ၏ သိပ်သည်းမှုသည် လူတို့အသက်ရှူရန်အတွက် သင့်တော်သည်။ လူသားက စဉ်ဆက်မပြတ် ရှူသွင်းရှူထုတ်ပြုလုပ်သည့် ဤလေသည် လူသားများ၏ကိုယ်ခန္ဓာ၊ အသွေးအသားအတွက် မရှိမဖြစ်လိုအပ်၏။ ထို့ကြောင့် လူတို့သည် အကန့်အသတ်မရှိဘဲ၊ စိုးရိမ်မှုမရှိဘဲ လွတ်လပ်စွာ အသက်ရှူနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် ပုံမှန်အသက်ရှူနိုင်ကြသည်။ လေသည် အစအဦး၌ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာဖြစ်ပြီး၊ လူတို့အသက်ရှူရန် မရှိမဖြစ်သော အရာဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၁)

၂။ အပူချိန်

ငါတို့ ဆွေးနွေးမည့် ဒုတိယအရာသည် အပူချိန်ဖြစ်၏။ အပူချိန်က အဘယ်အရာဖြစ်သည်ကို လူတိုင်းသိ၏။ အပူချိန်သည် လူတို့အသက်ရှင်နေထိုင်ရေးအတွက် သင့်တော်သည့် ပတ်ဝန်းကျင် တစ်ရပ်အဖို့ လိုအပ်သောအရာတစ်ခုဖြစ်၏။ အပူချိန်မြင့်လွန်းပါက၊ ဥပမာ ဆိုကြပါစို့၊ အပူချိန်သည် လေးဆယ်ဒီဂရီ စင်တီဂရိတ်ထက် ပိုမြင့်ပါက လူတို့အနေဖြင့် အလွန်အမင်း အားအင်ကုန်ခမ်းရလိမ့်မည် မဟုတ်လော။ ထိုသို့သော အခြေအနေများထဲတွင် အသက်ရှင်ဖို့မှာ လူတို့အတွက် ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်မဟုတ်လော။ အပူချိန် အလွန်အမင်း ကျဆင်းလျှင်ကော အဘယ်သို့ဖြစ်မည်နည်း။ အပူချိန်က အနုတ် လေးဆယ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်သည်ဆိုပါစို့- လူသားတို့သည် ဤအခြေအနေများကိုလည်း ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ဤအပူအချိန် အတိုင်းအတာကို သတ်မှတ်ရာတွင် စင်စစ်အားဖြင့် စစ်စစ်ပေါက်ပေါက် အလွန်ဂရုပြုခဲ့၏။ လူ၏ကိုယ်ခန္ဓာက အလိုက်သင့် ညှိပြောင်းနိုင်သည့် အပူချိန်အတိုင်းအတာမှာ အနည်းနှင့်အများ အနုတ်သုံးဆယ် ဒီဂရီ စင်တီဂရိတ်နှင့် လေးဆယ်ဒီဂရီ စင်တီဂရိတ်ကြားတွင် ဖြစ်၏။ မြောက်အရပ်မှ တောင်အရပ်တွင်ရှိသော နယ်မြေများထဲက အပူချိန်များသည် အခြေခံအားဖြင့် ဤအတိုင်းအတာအတွင်းတွင် ရှိသည်။ အလွန်အေးသောဒေသများတွင် အပူချိန်များသည် အနုတ်ငါးဆယ် မှ ခြောက်ဆယ်ဒီဂရီ စင်တီဂရိတ်သို့ ကျကောင်းကျနိုင်သည်။ ထိုကဲ့သို့သောဒေသများတွင် ဘုရားသခင်က လူသားတို့ကို နေထိုင် အသက်ရှင်ခွင့်ပြုမည် မဟုတ်ပေ။ ထိုသို့ဆိုလျှင်၊ ဤအေးခဲသော ဒေသများသည် အဘယ်ကြောင့်တည်ရှိနေသနည်း။ ဤအရာတွက် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် ရည်ရွယ်ချက်များ ရှိနေသည်။ သူသည် သင့်ကို ထိုနေရာများအနီးသို့ သွားခွင့်ပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် ပူလွန်း၊ အေးလွန်းသော နေရာများကို ကာကွယ်ထား၏၊ ထိုနေရာတွင် နေထိုင်ရန် လူသားအတွက် သူ မစီစဉ်ထားဟု ဆိုလိုသည်။ ဤနေရာများသည် လူသားမျိုးနွယ် အတွက် မဟုတ်ပေ။ သို့သော် ဘုရားသခင်သည် ထိုကဲ့သို့သော နေရာများကို အဘယ်ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိခွင့်ပြုသနည်း။ အကယ်၍ ဤနေရာများသည် ဘုရားသခင်က လူသားကို နေထိုင်ရန် သို့မဟုတ် ရှင်သန်ရန်ပင် ခွင့်မပြုသည့် နေရာများဖြစ်ပါက၊ ၎င်းတို့ကို အဘယ်ကြောင့် ဖန်ဆင်းသနည်း။ ယင်းတွင် ဘုရားသခင်၏ ဉာဏ်ပညာ တည်ရှိ၏။ ဆိုလိုသည်မှာ လူသား ရှင်သန်သည့် ပတ်ဝန်းကျင်၏ အပူချိန် အတိုင်းအတာကို ဘုရားသခင်က အတန်အသင့် ချိန်ညှိထားပြီး ဖြစ်သည်။ ယင်းတွင် အလုပ်လုပ်နေသည့် သဘာဝ နိယာမ တစ်ရပ်လည်း ရှိပေသည်။ ဘုရားသခင်သည် အပူချိန်ကို ထိန်းသိမ်းကာ ထိန်းချုပ်ဖို့ရန် အချို့အရာများကို ဖန်ဆင်းခဲ့၏။ ၎င်းတို့မှာ မည်သည့်အရာများနည်း။ ပထမဆုံးအနေဖြင့် နေသည် လူတို့ကို အနွေးဓာတ် ဆောင်ကြဉ်း ပေးနိုင်သည်၊ သို့သော် ဤအနွေးဓါတ်သည် များလွန်းပါက၊ လူတို့ ခံနိုင်ရည်ရှိသလော။ နေအနီးသို့ ချဉ်းကပ်ဝံ့သူ တစ်စုံတစ်ဦး ရှိသလော။ နေအနီးသို့ ချဉ်းကပ်နိုင်သည့် သိပ္ပံပညာနှင့်ဆိုင်သော ကိရိယာတစ်ခုတလေ ကမ္ဘာပေါ်တွင် ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ နေသည် ပူလွန်းသောကြောင့်ဖြစ်၏။ အလွန်နီးကပ်လာသည့် မည်သည့်အရာမဆို အရည်ပျော်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ စေ့စပ်သော တိုင်းတာချက်များနှင့် သူ၏ စံနှုန်းများနှင့်အညီ လူသားမျိုးနွယ် အထက်တွင် နေ၏အမြင့်ကို သတ်မှတ်ဖို့ တိတိကျကျ လုပ်ဆောင်ခဲ့သည်။ ထို့နောက် ကမ္ဘာ၏ ဝင်ရိုးစွန်းနှစ်ခုဖြစ်သည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ ရှိကြ၏။ ဤဒေသများသည် လုံးလုံးလျားလျား အေးခဲနေကာ ရေခဲမြစ်များ ဖြစ်၏။ လူသားမျိုးနွယ်သည် ရေခဲမြစ်ဒေသများတွင် နေနိုင်သလော။ ထိုသို့သော နေရာများသည် လူသားရှင်သန်ဖို့ သင့်တော်သလော။ (မသင့်တော်ပါ။) ရှင်သန်ခြင်းအဖို့ မသင့်တော်သည်နှင့်အညီ လူတို့အနေဖြင့် ထိုနေရာများသို့ မသွားကြပေ။ လူတို့သည် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့ဆီသို့ မသွားကြသည့် အတွက် ရေခဲမြစ်များက ထိန်းသိမ်းပြီးသားဖြစ်သွားပြီး၊ ၎င်းတို့အနေဖြင့် အပူချိန်ထိန်းခြင်း တည်းဟူသော ၎င်းတို့၏ရည်ရွယ်ချက်ကို ထမ်းဆောင်နိုင် ကြလေသည်။ နားလည်သလော။ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့မရှိပါက၊ နေ၏ စဉ်ဆက်မပြတ်သော အပူဒဏ်သည် ကမ္ဘာပေါ်က လူတို့ကို ပျက်ဆီးခြင်းသို့ ရောက်စေလိမ့်မည် ဖြစ်သည်။ သို့သော် ဘုရားသခင်သည် လူသား ရှင်သန်ရေးအတွက် သင့်တော်သော အပူချိန်တစ်ရပ်ကို ဤအရာနှစ်ခုအားဖြင့်သာ ထိန်းသိမ်းထား သလော။ မဟုတ်ပေ၊ ကွင်းပြင်များပေါ်က မြက်ခင်းပြင်များ၊ သစ်ပင်အမျိုးအစား အမျိုးမျိုးနှင့် တောအုပ်များထဲ၌ ရှိကြကုန်သော အပင်အမျိုးအစား အားလုံး စသည့် သက်ရှိအမျိုးအစား အားလုံးလည်း ရှိကြ၏။ ၎င်းတို့သည် နေ၏အပူရှိန်ကို စုပ်ယူကာ ထိုသို့ စုပ်ယူခြင်းဖြင့် လူသားမျိုးနွယ် အသက်ရှင်နေထိုင်သည့် ပတ်ဝန်းကျင်၏ အပူချိန်ကို ထိန်းညှိပေးသည့်နည်းဖြင့် နေ၏အပူစွမ်းအင်ကို လျော့ပါး စေလေသည်။ မြစ်များနှင့် ရေကန်များကဲ့သို့ ရေအရင်းမြစ်များလည်း ရှိ၏။ မြစ်များနှင့် ရေကန်များ လွှမ်းခြုံသည့် ဧရိယာကို မည်သူမျှ မသတ်မှတ်နိုင်ပေ။ ကမ္ဘာမြေကြီးပေါ်တွင် ရေမည်မျှရှိသည်ကို မည်သူမျှ မထိန်းချုပ်နိုင်သကဲ့သို့ မည်သည့်နေရာသို့ ရေစီးဆင်းသည်၊ စီးဆင်းသည့် လမ်းကြောင်း၊ ရေပမာဏ၊ သို့မဟုတ် စီးဆင်းသည့် အရှိန်အဟုန်တို့ကိုလည်း မည်သူကမျှ မထိန်းချုပ်နိုင်ပေ။ ဘုရားသခင်သာလျှင် သိ၏။ မြေအောက်ရေမှ လူတို့မြင်နိုင်သည့် မြေပေါ်ရှိ မြစ်များနှင့် ရေကန်များအထိ ဤရေအရင်းမြစ် အမျိုးမျိုးသည်လည်း လူသားနေထိုင်သည့် ပတ်ဝန်းကျင်၏ အပူချိန်ကို ထိန်းညှိပေးနိုင်၏။ ရေအရင်းအမြစ်များအပြင် တောင်များ၊ လွင်ပြင်များ၊ နက်ရှိုင်းသော ချောက်ကြီးများနှင့် စိမ့်မြေများကဲ့သို့သော ပထဝီမြေဖွဲ့စည်းမှု အမျိုးအစား အမျိုးမျိုးလည်း ရှိ၏၊ ၎င်းတို့အားလုံးက မိမိတို့၏ ပထဝီမြေ အကျယ်အဝန်းနှင့် ဧရိယာအတိုင်း အချိုးကျသည့် အတိုင်းအတာ အထိ အပူချိန်ကို ထိန်းညှိပေးလေသည်။ ဥပမာ တောင်တစ်တောင်သည် အဝန်း ကီလိုမီတာ တစ်ရာရှိပါက၊ ဤကီလိုမီတာ တစ်ရာသည် ကီလိုမီတာတစ်ရာနှင့်တန်သည့် အသုံးဝင်မှုကို ပေးလိမ့်မည်။ ထိုကဲ့သို့တောင်တန်းများနှင့် နက်ရှိုင်းသောချောက်ကြီးများ မည်ရွေ့မည်မျှကို ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည်နှင့်ပတ်သက်၍မူ၊ ဤသည်မှာ ဘုရားသခင်က ဆင်ခြင်သုံးသပ်ပြီးဖြစ်သည့် အရေအတွက်တစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာတစ်ခုစီတိုင်း၏ ဖြစ်တည်မှုနောက်ကွယ်၌ ဇာတ်လမ်းတစ်ပုဒ် ရှိပြီး အမှုအရာတစ်ခုစီ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အစီအစဉ်များ ပါရှိသည်။ ဥပမာအနေဖြင့် သစ်တောများနှင့် သီးပင်စားပင် အမျိုးအစားမျိုးစုံကို စဉ်းစားကြည့်လော့- ၎င်းတို့တည်ရှိပြီး ပေါက်ရောက်သည့် ဧရိယာ၏ အကွာအဝေးနှင့် အတိုင်းအတာသည် မည်သည့်လူသားကမျှ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး၊ ဤအရာများအပေါ် မည်သူမျှ အဆုံးအဖြတ်မပေးနိုင်ပေ။ ထိုနည်းတူ၊ ၎င်းတို့ ရေမည်မျှစုပ်ယူသည်ကို မည်သည့်လူသားကမျှ မထိန်းချုပ်နိုင်သကဲ့သို့ နေမင်းထံမှ အပူစွမ်းအင် မည်ရွေ့မည်မျှ စုပ်ယူသည်ကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိပေ။ ဤအရာ အားလုံးသည် အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့စဉ်က သူစီစဉ်ခဲ့သည့် နယ်ပယ်အတွင်းတွင် ရှိကြ၏။

လူသားအနေဖြင့် ထိုသို့သော သင့်တော်သည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်နိုင်သည်မှာ ကဏ္ဍအမျိုးမျိုး၌ ဘုရားသခင်၏ စေ့စပ်သေချာသော စီစဉ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း နှင့် စီမံမှုများကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် နေမင်း၊ လူတို့မကြာခဏကြားရသည့် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း အပြင် မြေပေါ်မြေအောက်နှင့် ရေထဲတွင်ရှိကြသော သက်ရှိအရာ အမျိုးမျိုး၊ ပြီးလျှင် သစ်တောများနှင့် အခြားသော သဘာဝပေါက်ပင်အမျိုးအစားများ ဖုံးလွှမ်းထားသည့်နေရာ အတိုင်းအတာနှင့်၊ ရေအရင်းအမြစ်များ၊ ရေအစုအဝေး အမျိုးမျိုး၊ ပင်လယ်ရေနှင့် ရေချို ပမာဏများ၊ ပြီးလျှင် ပထဝီမြေဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးကဲ့သို့သော လူသားအနေဖြင့် မိမိ၏ မျက်လုံးများဖြင့်မြင်သော အရာတစ်ခုစီတိုင်း- ဤအရာများ အားလုံးသည် လူသားအသက်ရှင်နေထိုင်နိုင်ရေးအတွက် ပုံမှန် အပူချိန်များကို ထိန်းသိမ်းရန် ဘုရားသခင်အသုံးပြုသည့် အရာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၏။ ထိုသို့သော သင့်တော်သည့် အပူချိန်များရှိသည့် ပတ်ဝန်းကျင်တစ်ရပ်တွင် လူသား အသက်ရှင်နိုင်သည်မှာ ဘုရားသခင်က ဤအရာအားလုံးကို နက်နက်ရှိုင်းရှိုင်း တွေးတောပြီးဖြစ်သောကြောင့်သာ ဖြစ်သည်။ ယင်းသည် အေးလွန်း၍ မရသကဲ့သို့ ပူလွန်း၍လည်း မရပေ- လူ၏ကိုယ်ခန္ဓာမှ ကျင့်သားရနိုင်သည်ထက် ကျော်လွန်သည့် အပူချိန်များရှိသည့် နေရာများဖြစ်သည့် ပူလွန်းသောအရပ်များသည် သင့်အတွက် ဘုရားသခင်က သေချာပေါက် ဖယ်ပေးထားခြင်း မဟုတ်ပေ။ အပူချိန်နိမ့်လွန်းသော နေရာများ၊ လူသားများ ရောက်ရှိပြီးနောက် မိနစ်အနည်းငယ်အတွင်း လုံးဝ အေးခဲသွားမည့်၊ ၎င်းတို့အနေနှင့် စကားပင်မပြောနိုင်၊ ဦးနှောက်များ အေးခဲသွားပြီး စဉ်းစားတွေးခေါ်၍မရဘဲ၊ မကြာမီ အသက်ရှူကျပ်သွားမည့် အေးလွန်းသော နေရာများ- ထိုသို့သော နေရာများကိုလည်း လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖယ်ထားပေးခြင်း မဟုတ်ပေ။ လူတို့အနေဖြင့် မည်ကဲ့သို့သော သုတေသနမျိုးကို ဆောင်ရွက်လိုသည် ဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းတို့ ဆန်းသစ်တီထွင်လိုသည် သို့မဟုတ် ထိုသို့သော ကန့်သတ်ချက်များကို ထိုးဖောက်ထွက်လိုသည်ဖြစ်စေ- လူတို့အနေဖြင့် မည်သည့်အတွေးများမဆို ရှိပါစေ၊ ၎င်းတို့သည် လူ့ခန္ဓာကိုယ်က ကျင့်သားရနိုင်သည့် အကန့်အသတ်များကို မည်သည့်အခါမျှ ကျော်လွန်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် လူသားအတွက် ဘုရားသခင်ဖန်ဆင်းခဲ့သော ဤအကန့်အသတ်များကို မည်သည့်အခါမျှ ဖယ်ရှားနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့သောကြောင့်ဖြစ်ပြီး၊ မည်သည့် အပူချိန်များကို လူ့ခန္ဓာကိုယ်က ကျင့်သားရနိုင်သည်ကို ဘုရားသခင် အကောင်းဆုံး သိသောကြောင့် ဖြစ်သည်။ သို့ရာတွင် လူသားတို့ကိုယ်တိုင်ကမူ မသိကြပေ။ လူသားတို့ မသိကြဟု ငါအဘယ်ကြောင့်ပြောသနည်း။ အဘယ်သို့သော မိုက်မဲသည့်အရာများကို လူသားတို့ လုပ်ဆောင် ခဲ့သနည်း။ မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းတို့ကို စိန်ခေါ်ရန် လူများစွာက စဉ်ဆက်မပြတ် ကြိုးပမ်းကြပြီးဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ထိုနေရာတွင် အခြေချနိုင်ဖို့အလို့ငှာ နယ်မြေကို သိမ်းပိုက်ရန် ထိုနေရာများသို့ အစဉ်သွားလိုကြသည်။ ယင်းသည် ရယ်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်လိမ့်မည်။ သင်သည် ဝင်ရိုးစွန်းများကို စေ့စပ်သေချာစွာ သုတေသနပြုခဲ့ပြီးလျှင်ပင်၊ ထို့နောက် မည်သို့နည်း။ အပူချိန်များကို သင်ကျင့်သားရနိုင်ပြီး ထိုနေရာ၌ နေနိုင်လျှင်ပင်၊ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်းတို့၏ လက်ရှိ ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်ကို သင် “တိုးတက်” စေမည်ဆိုပါက၊ ယင်းသည် လူသားမျိုးနွယ်ကို တစ်နည်းနည်းဖြင့် အကျိုးပြုမည်လော။ လူသားမျိုးနွယ်သည် ၎င်းတို့အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင်တစ်ရပ်ရှိ၏၊ သို့သော် လူသားတို့သည် ထိုနေရာ၌ တိတ်ဆိတ်စွာနှင့် လိုလိုလားလား ရှိမနေဘဲ၊ ယင်းအစား ၎င်းတို့အသက်ရှင်နေထိုင်၍ မရနိုင်သည့် နေရာများသို့ မရမက စွန့်စားသွားကြ၏။ ဤအရာ၏ အဓိပ္ပါယ်မှာ အဘယ်နည်း။ ၎င်းတို့သည် သင့်တော်သော ဤအပူချိန်၌ ဘဝကို ငြီးငွေ့ကာ စိတ်မရှည်ဖြစ်လာကြပြီး၊ များလှစွာသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ခံစားထားကြရပြီး ဖြစ်သည်။ ထို့အပြင် ဤပုံမှန်ရှင်သန်နေထိုင်မှု ပတ်ဝန်းကျင်သည် လူသားမျိုးနွယ်၏ လုံးဝနီးပါး ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့သည် နောက်ထပ်ဖျက်ဆီးခြင်းများ ပြုလုပ်ရန်၊ သို့မဟုတ် “အရေး” တစ်ခုကို လိုက်စားရန်၊ “အစပျိုးသည့်” နည်းလမ်းတစ်ရပ်ကို ရှာဖို့ရန် တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း သို့လည်း သွားလျှင်ကောင်းမည်ဟု ယခု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ မမိုက်မဲပေဘူးလော။ ဆိုလိုသည်မှာ၊ ၎င်းတို့၏ ဘိုးဘေးဖြစ်သူ စာတန်၏ခေါင်းဆောင်မှုအောက်၌ ဤလူသားမျိုးနွယ်သည် အဓိပ္ပာယ်မရှိသည့်အရာကို တစ်ခုပြီးတစ်ခု ဆက်၍လုပ်ဆောင်နေကာ၊ ၎င်းတို့အတွက် ဘုရားသခင် ဖန်ဆင်းထားသည့် လှပသောအိမ်ကို မဆင်မခြင် အကြောင်းမဲ့ သက်သက် ဖျက်ဆီးနေကြ၏။ ဤသည်မှာ စာတန်၏ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ကမ္ဘာမြေကြီးပေါ်၌ လူသားမျိုးနွယ်၏ ရှင်သန်မှုက အတော်အတန် အန္တရာယ် ရှိလာသည်ကို မြင်သောအခါ၊ လူများစွာသည် ရှင်သန်ရန် နည်းလမ်းတစ်ခုကို တည်ဆောက်ဖို့ ဆန္ဒရှိလျက် လကမ္ဘာကို သွားရောက်လည်ပတ်ဖို့ နည်းလမ်းများ ရှာဖွေကြလေသည်။ သို့သော် နောက်ဆုံးတွင်၊ လကမ္ဘာသည် အောက်စီဂျင် ကင်းမဲ့ပေသည်။ လူသားများသည် အောက်စီဂျင်မရှိဘဲ အသက်ရှင်နိုင်သလော။ လကမ္ဘာသည် အောက်စီဂျင် ကင်းမဲ့သည့်အတွက်၊ လူသားနေနိုင်သည့် နေရာတစ်ခု မဟုတ်ပေ၊ သို့ရာတွင် လူသားသည် ထိုနေရာသို့ သွားရန် ဆန္ဒရှိလျက်သာ ရှိနေ၏။ ဤအပြုအမူကို မည်သို့ ခေါ်ဆိုသင့်သနည်း။ ယင်းသည်လည်း မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်း မဟုတ်လော။ လကမ္ဘာသည် လေမရှိသော နေရာတစ်ခုဖြစ်ပြီး၊ ယင်း၏ အပူချိန်သည် လူသား ရှင်သန်ခြင်းအတွက် မသင့်တော်ပေ- ထို့ကြောင့် ယင်းသည် လူသားအတွက် ဘုရားသခင် ဖယ်ထားပေးသည့် နေရာမဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၂)

၃။ အသံ

တတိယအရာကား အဘယ်အရာနည်း။ ယင်းသည်လည်း လူသား တည်ရှိခြင်းနှင့်ဆိုင်သော ပုံမှန်ပတ်ဝန်းကျင်၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရာတစ်ခု၊ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခဲ့ချိန်တွင် ယင်းအတွက် စီစဉ်မှုများ ပြုလုပ်ခဲ့ရသည့် အရာတစ်ခု ဖြစ်၏။ ထိုအရာသည် ဘုရားသခင်နှင့် လူသားအယောက်စီတိုင်းအဖို့ အလွန်အရေးကြီးသည့် အရာတစ်ခု ဖြစ်၏။ ဘုရားသခင်က ဤအရာကို ဂရုစိုက်ခြင်း မရှိခဲ့ပါက၊ ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးကို ကြီးမားစွာ နှောင့်ယှက်ခဲ့ပေလိမ့်မည်၊ ဆိုလိုသည်မှာ ယင်းသည် လူသား၏ ဘဝနှင့် သူ၏ သွေးသားခန္ဓာအပေါ် အင်မတန် သိသာသည့် သက်ရောက်မှုတစ်ခု ရှိခဲ့မည်မှာ လူသားမျိုးနွယ်အနေဖြင့် ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် ရှင်သန်နိုင်ခဲ့မည် မဟုတ်ချေ။ ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် မည်သည့်သက်ရှိအရာမျှ ရှင်သန်နိုင်ခဲ့မည် မဟုတ်ဟု ပြောနိုင်၏။ ထို့ကြောင့်၊ ငါပြောသည့် ဤအရာသည် အဘယ်အရာဖြစ်သနည်း။ အသံနှင့်ပတ်သက်၍ ငါ ပြောနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်အတွင်းတွင် အသက်ရှင်ကြ၏။ ဘုရားသခင်၏အမြင်တွင် အရာခပ်သိမ်းသည် စဉ်ဆက်မပြတ်သော လှုပ်ရှားမှုဖြင့် အသက်ရှင်နေကြကာ ပြောင်းလဲနေကြ၏။ ဤအရာဖြင့် ငါဆိုလိုသည်မှာ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာတစ်ခုစီသည် ယင်း၏ ဖြစ်တည်မှု၌ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိ၏။ ဆိုလိုသည်မှာ၊ အမှုအရာတစ်ခုစီတိုင်း၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ပဓာနကျသော အရာတစ်ခု ရှိလေသည်။ ဘုရားသခင်၏အမြင်တွင်၊ အရာတစ်ခုစီတိုင်းသည် အသက်ရှင်၏၊ ပြီးလျှင် အရာခပ်သိမ်း အသက်ရှင်သည့်အတွက်၊ ၎င်းတို့ အသီးသီးသည် အသံထွက်ကြ၏။ ဥပမာအားဖြင့်၊ ကမ္ဘာမြေကြီးသည် စဉ်ဆက်မပြတ် လည်နေသည်၊ နေသည် စဉ်ဆက်မပြတ် လည်နေပြီး လသည်လည်း စဉ်ဆက်မပြတ် လည်နေ၏။ အရာခပ်သိမ်းတို့သည် မျိုးပွားပြီး၊ ကြီးထွားဖွံ့ဖြိုးကာ လှုပ်ရှားကြသည်နှင့်အမျှ အသံကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေကြ၏။ ကမ္ဘာမြေကြီးပေါ် တည်ရှိသည့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးသည် စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွားဖွံ့ဖြိုးကာ လှုပ်ရှားလျက် ရှိကြသည်။ ဥပမာအားဖြင့်၊ တောင်ခြေများသည် လှုပ်ရှား၍ ရွေ့လျားနေကြပြီး၊ ပင်လယ်များ၏ နက်ရှိုင်းသောနေရာများထဲက ခပ်သိမ်းသော သက်ရှိသတ္တဝါများသည် ကူးခပ်ကာ လှုပ်ရှားလျက်နေကြ၏။ ဆိုလိုသည်မှာ ဘုရားသခင်၏အမြင်တွင် ဤသက်ရှိသတ္တဝါများ၊ အရာအားလုံးတို့သည်၊ အခြေခိုင်သည့် ပုံစံများနှင့်အညီ စဉ်ဆက်မပြတ် ပုံမန်လှုပ်ရှားမှုဖြင့် အားလုံးရှိနေကြ၏။ ထို့ကြောင့်၊ အမှောင်တွင် မျိုးပွားပြီး ကြီးထွားဖွံ့ဖြိုးကာ လျှို့ဝှက်စွာ လှုပ်ရှားသည့် ဤရာများအားလုံးက အဘယ်အရာကို ဖြစ်ပေါ်စေသနည်း။ ကြီးမားပြီး အားကောင်းသော အသံများ ဖြစ်သည်။ ကမ္ဘာဂြိုဟ် အလွန်တွင်ရှိသော၊ ဂြိုဟ်အမျိုးမျိုးတို့သည်လည်း စဉ်ဆက်မပြတ် ရွေ့လျားလျက်ရှိကာ၊ ဤဂြိုဟ်များပေါ်၌ရှိကြသည့် သက်ရှိများနှင့် ဇီဝရုပ်အမျိုးမျိုးသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက်၊ ကြီးထွား ဖွံ့ဖြိုးလျက်နှင့် ရွေ့လျားလျက် ရှိကြ၏။ ဆိုလိုသည်မှာ သက်ရှိသက်မဲ့အရာအားလုံးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့လျားနေကြကာ ရွေ့လျားသည်နှင့်အမျှ၊ ၎င်းတို့ အသီးသီးက အသံများကိုလည်း ထုတ်လွှတ်နေကြ၏။ ဘုရားသခင်သည် ဤအသံများအတွက် အစီအစဉ်များလည်း လုပ်ဆောင်ပြီးဖြစ်ကာ ဤအရာအတွက် သူ၏ အကြောင်းရင်းကို သင်တို့သိနှင့်ပြီးဖြစ်သည်ဟု ငါ ယုံကြည်၏၊ ဟုတ်သည် မဟုတ်လော။ လေယာဉ်ပျံတစ်စင်းအနီးသို့ သင်ကပ်သွားသောအခါ ထိုယင်းအင်ဂျင်၏ မြည်ဟိန်းနေသော အသံက သင့်အပေါ် မည်သည့်သက်ရောက်မှု ရှိသနည်း။ ယင်းအနီးတွင် အချိန်ကြာမြင့်စွာ သင်နေပါက၊ သင်၏နားများ ထိုင်းသွားလိမ့်မည်။ သင်၏ နှလုံးသားကရော- ယင်းက ထိုတုန်လှုပ်ဖွယ်အတွေ့အကြုံကို တောင့်ခံနိုင်မည်လော။ နှလုံးအားနည်းသူအချို့သည် ခံနိုင်မည် မဟုတ်ပေ။ ဟုတ်ပေ၏၊ နှလုံးသန်မာသူများပင်လျှင် အလွန် ကြာမြင့်စွာ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ နားများဖြစ်စေ နှလုံးဖြစ်စေ လူ့ကိုယ်ခန္ဓာအပေါ် အသံ၏သက်ရောက်မှုသည် လူသားတိုင်းအတွက် အလွန့်အလွန်သိသာလှပြီး ကျယ်လွန်းသော အသံများက လူတို့ကို အန္တရာယ်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က အရာခပ်သိမ်းကိုဖန်ဆင်းပြီး၊ ၎င်းတို့ ပုံမှန်စတင် လည်ပတ်ခဲ့ပြီးနောက်တွင် ဘုရားသခင်သည် ရွေ့လျားနေသော အရာအားလုံး၏အသံများဖြစ်သည့် ဤအသံများကို သင့်တော်သည့် စီစဉ်မှုများ ပြုလုပ်ခဲ့သည်။ ဤအရာသည်လည်း လူသားမျိုးနွယ် အတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းချိန်က ဘုရားသခင် စဉ်းစားခဲ့သည့် ကိစ္စရပ်များထဲမှ တစ်ခုဖြစ်သည်။

ပထမဦးစွာ ကမ္ဘာ့မြေမျက်နှာပြင်အထက် လေထု၏အမြင့်သည် အသံများအပေါ် သက်ရောက်မှုတစ်ခုရှိ၏။ ထို့အပြင် မြေဆီလွှာထဲရှိ အဟများ၏ အရွယ်အစားသည်လည်း အသံကို ခြယ်လှယ်၍ သက်ရောက်မှုရှိလိမ့်မည်။ ထို့နောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးရှိပြီး ယင်းတို့၏ ပေါင်းဆုံမှုကလည်း အသံအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ဆိုလိုသည်မှာ၊ လူသားတို့အနေဖြင့် ၎င်းတို့၏နားများနှင့် နှလုံးများ ခံနိုင်ရည်ရှိသည့် ပတ်ဝန်းကျင် တစ်ရပ်တွင် ရှင်သန်နိုင်ရေးအတွက် ဘုရားသခင်သည် အသံအချို့ကို ဖယ်ရှားရန် နည်းလမ်းအချို့ကို အသုံးပြု၏။ သို့မဟုတ်ပါက အသံများသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအဖို့ ၎င်းတို့၏ဘဝများ၌ ကြီးမားသည့် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်လာရင်းနှင့် ၎င်းတို့အတွက် ဆိုးရွားသော ပြဿနာတစ်ရပ် ဖြစ်ပေါ်စေရင်း၊ ဧရာမ အတားအဆီးတစ်ခု ဖြစ်စေလိမ့်မည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်သည် မြေ၊ လေထုနှင့် ပထဝီဝင် ပတ်ဝန်းကျင် အမျိုးမျိုးကို ဖန်ဆင်းရာ၌ အလွန် စစ်စစ်ပေါက်ပေါက် ဂရုပြုခဲ့ပြီး၊ ဤအရာ အသီးသီးအတွင်းတွင် ပါရှိသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်သည်။ ဤအရာနှင့်ဆိုင်သော လူသားမျိုးနွယ်၏ နားလည်သဘောပေါက်မှုသည် အသေးစိတ်ကျလွန်းရန် မလိုပေ- ယင်းတို့အထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက် ပါဝင်နေသည်ကို သိရန်မှာ လူတို့အတွက် လုံလောက်ပေသည်။ ယခု သင်တို့ ငါ့ကို ပြောလော့- လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ပုံမှန်ဘဝတို့ကို ထိန်းသိမ်းရန် အသံကို အတိအကျ စံကိုက်ချိန်ညှိခြင်းဖြစ်သည့်- ဘုရားသခင် လုပ်ဆောင်ခဲ့သော ဤအမှုသည် လိုအပ်ခဲ့ပါသလော။ (လိုအပ်ခဲ့ပါသည်။) ဤအမှုသည် လိုအပ်ခဲ့သည့်အတွက်၊ ဤရှုထောင့်မှ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် ထောက်ပံ့ရန် နည်းလမ်းတစ်ခုအဖြစ် ဤအမှုကို အသုံးပြုခဲ့သည်ဟု ပြော၍ရနိုင်သလော။ လူ၏ ကိုယ်ခန္ဓာသည် ထိုပတ်ဝန်းကျင်အတွင်းတွင် အနှောင့်အယှက်များ တစ်ခုတစ်လေ မခံစားရဘဲ၊ အတော်အတန် ပုံမှန်အတိုင်း အသက်ရှင်နိုင်ဖို့အလို့ငှာနှင့် လူသားမျိုးနွယ်အနေဖြင့် ပုံမှန်အတိုင်း တည်ရှိကာ အသက်ရှင်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ခြင်းအတွက် ထိုသို့သော ငြိမ်သက်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်ဆင်းခဲ့၏။ သို့ဆိုလျှင် ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင်ထောက်ပံ့သည့် နည်းလမ်းများထဲမှ တစ်ခု မဟုတ်လော။ ဤသည်မှာ ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အလွန်အရေးကြီးသည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အလွန်လိုအပ်ခဲ့၏။ ထို့ကြောင့် ဤအရာကို သင်တို့ မည်သို့ အသိအမှတ်ပြုကြသနည်း။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင်တို့မခံစားနိုင်သကဲ့သို့ ထိုအချိန်က ဤလုပ်ဆောင်ချက်ကို ဘုရားသခင်မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို သင်တို့မသိကြသော်လည်း ဤအရာကို ဘုရားသခင်ပြုလုပ်ရခြင်း၏ လိုအပ်ချက်ကို သင်တို့ခံစား၍ ရသေးသလော။ ထိုအရာထဲသို့ သူ ထားရှိခဲ့သည့် ဘုရားသခင်၏ဉာဏ်ပညာ၊ သို့မဟုတ် ဂရုပြုမှုနှင့် စဉ်းစားတွေးခေါ်မှုတို့ကို သင်တို့ခံစား၍ရသလော။ (ခံစား၍ ရပါသည်။) ဤအရာကို ခံစား၍ရပါက၊ ယင်းသည် လုံလောက်ပေ၏။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အမှုအရာများ ကြားတွင် လူတို့ မခံစားနိုင်သကဲ့သို့၊ မမြင်နိုင်သည့် ဘုရားသခင် ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များစွာ ရှိလေသည်။ သင်တို့အနေဖြင့် ဘုရားသခင်ကို သိကျွမ်းလာနိုင်ဖို့အလို့ငှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များ အကြောင်းကို သင်တို့အား အသိပေးဖို့ ဤအရာကို ငါ တင်ပြရခြင်းသာ ဖြစ်သည်။ ဤအရာများသည် သင်တို့အား ဘုရားသခင်ကို သာ၍ကောင်းမွန်စွာ သိရှိပြီး နားလည်စေနိုင်သည့် သဲလွန်စများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၃)

၄။ အလင်း

စတုတ္ထအရာသည် လူတို့၏မျက်လုံးများနှင့် သက်ဆိုင်၏- ယင်းမှာ အလင်းဖြစ်သည်။ ဤအရာသည်လည်း အလွန် အရေးကြီး၏။ တောက်ပသော အလင်းတစ်ခုကို သင်မြင်ပြီး၊ ယင်း၏တောက်ပမှုသည် အားကောင်းသည့် အတိုင်းအတာတစ်ခုသို့ ရောက်သည့်အခါ လူသား၏မျက်လုံးများကို ကန်းစေနိုင်စွမ်း ရှိလေသည်။ အမှန်တွင်တော့၊ လူသား မျက်လုံးများသည် အသွေးအသား မျက်လုံးများဖြစ်၏။ ၎င်းတို့သည် ကျိန်းစပ်ခြင်းကို မခံနိုင်ပေ။ တစ်ဦးတစ်ယောက်သည် နေကို တိုက်ရိုက် စိုက်ကြည့်ဝံ့ပါသလော။ ထိုအရာကို လူအချို့က စမ်းကြည့်ဖူးပြီး၊ နေကာမျက်မှန်များကို ၎င်းတို့တပ်ပါက အဆင်ပြေရုံမျှ ရှိလေသည်- သို့သော် ကိရိယာတစ်ခု အသုံးပြုခြင်းကို လိုအပ်ပေသည်။ ကိရိယာများမပါဘဲ၊ လူ၏ ပကတိမျက်လုံးများသည် နေကို မျက်နှာမူပြီး ၎င်းကို တိုက်ရိုက် ငေးစိုက်ကြည့်နိုင်စွမ်း မရှိပေ။ သို့သော် လူသားမျိုးနွယ်ထံ အလင်းကို ယူဆောင်ပေးရန် ဘုရားသခင်သည် နေကိုဖန်ဆင်းခဲ့ပြီး ဤအလင်းသည်လည်း သူတာဝန် ယူထားသည့်အရာဖြစ်သည်။ ဘုရားသခင်သည် နေကိုဖန်ဆင်းအား ပြီးစီးရုံမျှပြီးစီးကာ၊ ၎င်းကို တစ်နေရာတွင် ထားပြီးနောက် လျစ်လျူရှုခဲ့သည် မဟုတ်ပေ။ သူသည် မိမိ၏ လုပ်ဆောင်ချက်များကို အလွန်ဂရုစိုက်ပြီး ယင်းတို့ကို စေ့စေ့စပ်စပ် အစမှအဆုံးတိုင် စဉ်းစားလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်တို့ မြင်နိုင်ရန် အလို့ငှာ မျက်လုံးများကို ဖန်ဆင်းပေးခဲ့ပြီး အရာဝတ္ထုများကို ၎င်းတို့ မြင်နိုင်သည့် အလင်းရောင်၏ ကန့်သတ်ချက်ဘောင်တို့ကိုလည်း ကြိုတင်၍ သတ်မှတ်ထားခဲ့သည်။ အလင်းရောင်က အလွန် မှေးမှိန်ပါက ကောင်းမည်မဟုတ်ပေ။ လူတို့အနေဖြင့် ၎င်းတို့အရှေ့ရှိ ၎င်းတို့၏ လက်ချောင်းများကို မမြင်နိုင်ရလောက်အောင် အလွန်မှောင် သည့်အခါတွင်၊ ၎င်းတို့မျက်လုံးများသည် မိမိတို့၏ လည်ပတ်မှု ဆုံးရှုံးသွားကာ မည်သည့်အသုံးဝင်မှုမျှ မပေးနိုင်ပေ။ သို့သော် တောင်ပမှုသည် မခံမရပ်နိုင်စရာဖြစ်သောကြောင့် တောက်ပလွန်းသည့် အလင်းရောင်သည် လူသား မျက်လုံးများအား အလားတူ အရာဝတ္တုများ မမြင်နိုင်ဖို့ ဖြစ်စေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တည်ရှိသည့် ပတ်ဝန်းကျင်ကို လူသား မျက်လုံးများအတွက် သင့်တော်သည့် အလင်းပမဏတစ်ခု- လူတို့၏ မျက်လုံးများကို ၎င်းတို့၏ လုပ်ငန်းတာဝန် ဆုံးရှုံးစေဖို့နေနေသာသာ၊ ၎င်းတို့ကို မနာကျင်စေမည့် သို့မဟုတ် မထိခိုက်စေမည့် ပမာဏ တစ်ခုဖြင့် ဘုရားသခင်က ဖြည့်ဆည်းထားခြင်းဖြစ်၏။ ဤသည်မှာ ဘုရားသခင်သည် နေနှင့်ကမ္ဘာပတ်ပတ်လည်တွင် တိမ်တိုက် အလွှာများကို ထည့်ထားခဲ့သည့် အကြောင်းရင်းဖြစ်ပြီး၊ လေ၏ သိပ်သည်းမှုက လူတို့၏မျက်လုံးများ၊ သို့မဟုတ် အရေပြားတို့ကို အနာတရဖြစ်စေနိုင်သည့် အလင်းအမျိုးအစားများကို ကောင်းမွန်စွာ စစ်ထုတ်နိုင်သည့် အကြောင်းရင်း ဖြစ်သည်- ဤအရာများက အချိုးညီမျှလေသည်။ ထို့အပြင် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီး၏ အရောင်သည်လည်း နေရောင်နှင့် အခြား အလင်းမျိုးစုံကို ရောင်ပြန်ဟပ်ပြီး၊ လူ၏မျက်လုံးများ အသားကျ ဖို့အတွက် အလွန်တောက်ပလွန်းသော အလင်း အမျိုးအစားများကို ဖယ်ရှားပစ်နိုင်လေသည်။ ထိုသို့ဖြင့်၊ လူတို့သည် အပြင်တွင် လမ်းလျှောက်နိုင်ပြီး၊ အလွန်မည်းနက်သော နေကာမျက်မှန်များကို စဉ်ဆက်မပြတ် တပ်ဆင်ထားရန် မလိုဘဲ မိမိတို့၏ ဘဝများကို နေထိုင်နိုင်ကြလေသည်။ သာမန်အခြေအနေများ အောက်တွင် လူသားမျက်လုံးများသည် အလင်း၏ နှောင့်ယှက်မှု မခံရဘဲ ၎င်းတို့၏မြင်ကွင်း နယ်ပယ်အတွင်းမှ အရာများကို မြင်နိုင်လေသည်။ ဆိုလိုသည်မှာ၊ အလင်းရောင်က လွန်စွာစူးရှလွန်းလျှင်ဖြစ်စေ၊ မှိန်လွန်းလျှင်ဖြစ်စေ ကောင်းလိမ့်မည် မဟုတ်။ မှိန်လွန်းပါက လူတို့၏ မျက်လုံးများသည် ထိခိုက်လိမ့်မည် ဖြစ်ပြီး ခဏအသုံးပြုပြီးနောက် ပျက်စီးသွားပေလိမ့်မည်။ တောက်ပလွန်းပါက လူတို့၏ မျက်လုံးများသည် ခံနိုင်မည်မဟုတ်ပေ။ လူတို့ ရှိသည့် ဤအလင်းသည် လူသားမျက်လုံးများအတွက် မြင်နိုင်ရန် သင့်တော်ရမည်ဖြစ်ပြီး၊ ဘုရားသခင်သည် နည်းလမ်းမျိုးစုံဖြင့် လူသားမျက်လုံးများကို ဖြစ်စေသည့် ထိခိုက်မှုကို လျော့နည်း စေခဲ့သည်၊ ပြီးလျှင် ဤအလင်းသည် လူသားမျက်လုံးများကို အကျိုးပြုသည်ဖြစ်စေ၊ ဖိစီးနှိပ်စက်သည် ဖြစ်စေ လူတို့အား မိမိတို့၏မျက်လုံးများ အသုံးဝင်မှုကို ထိန်းသိမ်းစဉ် ၎င်းတို့၏ ဘဝများအား အဆုံးသတ်သို့ ရောက်ရှိစေဖို့ လုံလောက်ပေသည်။ ဘုရားသခင်သည် ဤသည်ကို အလွန်စေ့စပ်သေချာစွာ စဉ်းစားခဲ့သည် မဟုတ်လော။ သို့သော် မာရ်နတ်ဖြစ်သည့် စာတန်သည် ထိုသို့သော စဉ်းစားဆင်ခြင်မှုများမရှိဘဲ၊ စိတ်ရှိသည်အတိုင်း အမြဲ ပြုတတ်လေသည်။ စာတန်နှင့်ပတ်သက်၍၊ အလင်းသည် အမြဲတောက်ပလွန်းသည် သို့မဟုတ် မှိန်လွန်းတတ်လေသည်။ ဤသည်မှာ စာတန်လုပ်ဆောင်ပုံဖြစ်သည်။

ဘုရားသခင်သည် လူသားများ ပုံမှန်အသက်ရှင်၍ ထိုသို့ ဆက်လက်အသက်ရှင်နိုင်ရန် လူသားမျိုးနွယ်၏ ရှင်သန်မှု ကျင့်သားရခြင်းကို များနိုင်သမျှများစေဖို့အလို့ငှာ ယင်း၏ အမြင်၊ အကြား၊ ရသာရုံ၊ အသက်ရှူခြင်း၊ ခံစားချက်များ စသည့် လူ့ကိုယ်ခန္ဓာ၏ ကဏ္ဍမျိုးစုံတို့ကို ဤအရာများ လုပ်ဆောင်လေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဘဝအတွက် လက်ရှိ ပတ်ဝန်းကျင်တစ်ရပ်သည် လူသားမျိုးနွယ် ရှင်သန်ရေး အတွက် အသင့်တော်ဆုံးနှင့် အကျိုးအပြုဆုံး ပတ်ဝန်းကျင်ဖြစ်သည်။ အချို့က ဤအရာသည် သိပ်အရေးမကြီးလှ၊ လုံးဝ အလွန်သာမန် ဖြစ်သောအရာ ဖြစ်သည်ဟု ထင်နိုင်၏။ လူတို့ ခံစားရသည့် အသံ၊ အလင်းနှင့် လေတို့သည် မွေးသည့်အချိန်မှစ၍ ၎င်းတို့ မွေ့လျော်ပြီးဖြစ်သည့် ၎င်းတို့၏ မွေးရာပါအခွင့်အရေး ဖြစ်သည်။ သို့သော် သင် နှစ်သက်ခံစားနိုင်သည့် ဤအရာများ နောက်ကွယ်တွင်၊ ဘုရားသခင်သည် အလုပ်လုပ်လျက်ရှိ၏။ ဤသည်မှာ လူသားများ နားလည်ဖို့လိုသည့်အရာတစ်ခု၊ ၎င်းတို့ သိရန်လိုသည့်အရာတစ်ခု ဖြစ်သည်။ ဤအရာများကို နားလည်ဖို့ သို့မဟုတ် သိဖို့ မလိုအပ်ဟု သင် ခံစားရသည်ဖြစ်စေ၊ မခံစားရသည်ဖြစ်စေ၊ အတိုချုပ်အားဖြင့် ထိုအရာတို့ကို ဘုရားသခင်ဖန်ဆင်းခဲ့ချိန်တွင်၊ သူ့အနေဖြင့် ထိုအရာတို့ကို များစွာတွေးတောခဲ့ပြီး၊ အစီအစဉ်တစ်ရပ် ရှိခဲ့ကာ စိတ်ကူးအချို့လည်း ရှိခဲ့၏။ သူသည် ကိစ္စရပ်တစ်ခုကို နှစ်ကြိမ် စဉ်းစားခြင်းမရှိဘဲ လူသားမျိုးနွယ်ကို ဘဝအတွက် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုထဲ၌ တာဝန်မဲ့စွာ သို့မဟုတ် အလွယ်တကူ ထားခဲ့ခြင်းမရှိပေ။ ငါသည် ဤသေးဖွဲသော အရာများတစ်ခုစီနှင့် ပတ်သက်၍ အလွန်ကြီးကျယ်စွာ ပြောလေပြီဟု သင်တို့ထင်ကောင်း ထင်နိုင်သော်လည်း၊ ငါ၏အမြင်တွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်ထောက်ပံ့ပေးသည့် အရာအသီးသီးသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်ပေသည်။ ဤအရာ၌ ဘုရားသခင်၏ လုပ်ဆောင်ချက် ရှိပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၄)

၅။ လေစီးဆင်းမှု

ပဉ္စမအရာကား အဘယ်နည်း။ ဤအရာသည် လူတိုင်း၏ နေ့ရက်တိုင်းနှင့် နီးစပ်စွာ ဆက်နွှယ်၏။ လူ့ဘဝနှင့် ယင်း၏ ဆက်နွှယ်မှု အလွန်နီးစပ်သည်မှာ ထိုအရာမရှိဘဲ လူ့ခန္ဓာကိုယ်သည် ဤရုပ်ဝတ္ထုလောကထဲတွင် အသက်မရှင်နိုင်ပေ။ ဤအရာသည် လေစီးဆင်းမှုဖြစ်သည်။ “လေစီးဆင်းမှု” ဟူသည် နာမ်ကို ကြားလိုက်သည်နှင့် မည်သူမဆို နားလည်ကောင်း နားလည်ကြပေမည်။ သို့ဖြစ်လျှင် လေစီးဆင်းမှုဆိုသည်မှာ အဘယ်နည်း။ “လေစီးဆင်းမှု” ဆိုသည်မှာ လေ၏ စီးဆင်းသည့် လှုပ်ရှားမှုသာဖြစ်သည်ဟု သင် ဆိုနိုင်သည်။ လေစီးဆင်းမှုသည် လူ့မျက်လုံးက မမြင်နိုင်သည့် လေဖြစ်သည်။ ၎င်းသည် ဓာတ်ငွေ့ ရွေ့လျားသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ဤဆွေးနွေးမှုတွင် လေစီးဆင်းမှုက မည်သည့်အရာကို အဓိက ရည်ညွှန်းပါသနည်း။ ငါပြောလိုက်သည်နှင့် သင်တို့နားလည် ကြလိမ့်မည်။ ကမ္ဘာမြေကြီးသည် လည်ပတ်သည်နှင့်အမျှ တောင်များ၊ ပင်လယ်များနှင့် အရာခပ်သိမ်းကို သယ်ဆောင်ပြီး၊ ၎င်းလည်ပတ်သည့်အခါ၌ အလျင်အဟုန်ဖြင့် လည်ပတ်လေသည်။ ဤလည်ပတ်နေခြင်းနှင့် သက်ဆိုင်၍ မည်သည့်အရာကိုမျှ သင်မခံစားရသော်လည်း မည်သို့ပင်ဆိုစေ ကမ္ဘာမြေ၏လည်ပတ်မှုက တည်ရှိနေသည်။ ၎င်း၏လည်ပတ်မှုက မည်သည့်အရာကို ဖန်တီး ဖြစ်ပေါ်စေသနည်း။ သင်ပြေးသည့်အခါ လေထွက်ပေါ်ပြီး သင့်နားရွက်များကို ဖြတ်သန်းသည် မဟုတ်လော။ သင်ပြေးသည့်အခါ လေကို ဖြစ်ပေါ်စေပါက၊ ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ အဘယ်သို့ လေမရှိနိုင်ရသနည်း။ ကမ္ဘာမြေကြီး လည်ပတ်သည့်အခါ အရာခပ်သိမ်းသည် ရွေ့လျားနေ၏။ ၎င်းအပေါ်ရှိ အရာခပ်သိမ်းသည်လည်း စဉ်ဆက်မပြတ် မျိုးပွားလျက် ဖွံ့ဖြိုးနေစဉ်တွင် ကမ္ဘာမြေကြီး ကိုယ်တိုင်သည် ရွေ့လျားနေပြီး အရှိန်တစ်ခုဖြင့် လည်ပတ်နေ၏။ ထို့ကြောင့် အရှိန်တစ်ခုဖြင့် လှုပ်ရှားမှုက လေစီးဆင်းမှုကို အလိုအလျောက် ပေါ်ပေါက် စေပေလိမ့်မည်။ ဤသည်မှာ “လေစီးဆင်းမှု” ဖြင့် ငါ ဆိုလိုသည့်အရာဖြစ်သည်။ ဤလေစီးဆင်းမှုသည် လူ့ခန္ဓာကိုယ်အား အတိုင်းအတာတစ်ခုအထိ ထိခိုက်စေသည် မဟုတ်လော။ တိုင်ဖုန်းမုန်တိုင်းများကို စဉ်းစားကြည့်လော့- သာမန်တိုင်ဖုန်း မုန်တိုင်းများသည် အထူးတလည် အားမကောင်းသော်လည်း၊ ၎င်းတို့တိုက်ခတ်သည့်အခါ လူတို့သည် တည်ငြိမ်စွာ ရပ်ပင် မရပ်နိုင်ကြသကဲ့သို့၊ လေထဲတွင် လမ်းလျှောက်ရန် ၎င်းတို့အတွက် ခက်ခဲလေသည်။ ခြေတစ်လှမ်းသည်ပင် ခက်ခဲပြီး၊ လူအချို့သည် တစ်စုံတစ်ရာနှင့် တိုးဝှေ့ရိုက်ခတ်ခံရပြီး၊ လှုပ်ရှား၍ မရကြပေ။ ဤသည်မှာ လူသားမျိုးနွယ်ကို လေစီးဆင်းမှု သက်ရောက်နိုင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ အကယ်၍ ကမ္ဘာမြေကြီး တစ်ခုလုံးသည် လွင်ပြင်များနှင့် ဖုံးလွှမ်းနေပါက ကမ္ဘာမြေကြီးနှင့် အရာခပ်သိမ်း လည်ပတ်သည့်အခါတွင် ထိုသို့ဖြင့် ဖြစ်ပေါ်သည့် လေစီးဆင်းမှုကို လူ၏ ခန္ဓာကိုယ်က လုံးဝ ခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့သော အခြေအနေတစ်ခုကို တုန့်ပြန်ဖို့ အလွန့်အလွန် ခက်ခဲပေလိမ့်မည်။ ဤသို့သာဖြစ်ခဲ့မည်ဆိုပါက၊ ထိုသို့သော လေစီးဆင်းမှုသည် လူသားမျိုးနွယ်ကို အန္တရာယ် ယူဆောင်မည်ဖြစ်သည်သာမက၊ လုံးဝ ပျက်စီးခြင်းလည်း ယူဆောင် လာမည်ဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်၌ လူသားများ ရှင်သန်နိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်က ထိုသို့သော လေစီးဆင်းမှုကို ဖြေရှင်းဖို့ မတူကွဲပြားသောပတ်ဝန်းကျင်များကို ဖန်တီးရသည့် အကြောင်းရင်းဖြစ်သည်- မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် လေစီးဆင်းမှုများသည် ပိုမိုအားနည်းသွား၏၊ ၎င်းတို့၏ ဦးတည်ရာ ပြောင်းလဲသွား၏၊ ၎င်းတို့၏အမြန်နှုန်းနှင့် အရှိန်တို့ ပြောင်းလဲလေသည်။ ဤသည်မှာ လူတို့က တောင်များ၊ တောင်တန်းများ၊ လွင်ပြင်များ၊ တောင်ကုန်းများ၊ မြစ်ဝှမ်းများ၊ ချိုင့်ဝှမ်းများ၊ ကုန်းပြင်မြင့်များနှင့် မြစ်ကြီးများကဲ့သို့ မတူကွဲပြားသော ပထဝီဝင်ဆိုင်ရာ အင်္ဂါရပ်များကို တွေ့နိုင်ကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤမတူကွဲပြားသော ပထဝီဝင်ဆိုင်ရာ အင်္ဂါရပ်များနှင့်အတူ၊ လေစီးဆင်းမှု၏ အမြန်နှုန်းတစ်ရပ်၊ ဦးတည်ရာ နှင့် အရှိန်တို့ကို ဘုရားသခင် ပြောင်းလဲလေသည်။ ဤသည်မှာ လူသားများအနေဖြင့် အသက်ရှင်ဖို့ ပုံမှန်ပတ်ဝန်းကျင် တစ်ရပ် ရှိနိုင်ဖို့အလို့ငှာ၊ လေစီးဆင်းမှုကို သင့်တော်သည့် လေတိုက်နှုန်း၊ ဦးတည်ရာနှင့် ပြင်းအားတို့ရှိသည့် လေအဖြစ် လျှော့ချဖို့ သို့မဟုတ် ကျွမ်းကျင်စွာ ကိုင်တွယ်ဖို့ သူအသုံးပြုသော နည်းလမ်းဖြစ်သည်။ ဤအရာ လိုအပ်မှုရှိပါသလော။ (လိုအပ်မှုရှိပါသည်။) ဤသို့သော အရာတစ်ခုကို လုပ်ဆောင်ခြင်းသည် လူတို့အတွက် ခက်ခဲပုံရသော်လည်း၊ ဘုရားသခင်သည် အရာခပ်သိမ်းကို စောင့်ကြည့်လေ့လာသောကြောင့် သူ့အတွက် လွယ်ကူပေသည်။ လူသားမျိုးနွယ်အတွက် သင့်တော်သော လေစီးဆင်းမှုရှိသည့် ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးရန်မှာ သူ့အတွက် အရိုးရှင်းဆုံးနှင့် အလွယ်ကူဆုံး ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ဖန်ဆင်းထားသည့် ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်တွင် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းအတွင်းရှိ အမှုအရာတစ်ခုစီသည် မရှိမဖြစ်လိုအပ်၏။ အမှုအရာ တစ်ခုစီတိုင်း၏ တည်ရှိခြင်းတွင် တန်ဖိုးနှင့် လိုအပ်မှု ရှိ၏။ သို့ရာတွင်၊ စာတန်နှင့် ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားမျိုးနွယ်သည် ဤအခြေခံ သဘောတရားကို နားမလည်ပေ။ ၎င်းတို့သည် တောင်များကို မြေပြန့်အဖြစ်ပြောင်းလဲခြင်း၊ နက်ရှိုင်းသော ချောက်ကြီးများကို ဖြည့်ခြင်းနှင့် ကွန်ကရစ် တောကြီးမျက်မည်းကို ဖန်တီးရန် မြေပြန့်တွင် မိုးမျှော်တိုက်များ တည်ဆောက်ခြင်း နှင့်ဆိုင်သော အချည်းနှီးအိပ်မက်ဖြင့် ဖျက်ဆီးပြီးရင်း ဖျက်ဆီးကာ တည်ဆောက်ပြီးရင်း တည်ဆောက်ကာ ဖွံဖြိုးတိုးတက်ရင်း တိုးတက်ပြီး အမြတ်ထုတ်ပြီးရင်း ထုတ်နေကြလေသည်။ လူသားမျိုးနွယ်အနေဖြင့် ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့၊ ပျော်ရွှင်စွာ ကြီးထွားဖွံ့ဖြိုးပြီး ၎င်းတို့အတွက် သူပြင်ဆင်ထားသော ဤအသင့်တော်ဆုံး ပတ်ဝန်းကျင်၌ နေ့စဉ်နေ့တိုင်း ပျော်ရွှင်စွာ အချိန်ကုန်ဆုံးနိုင်ရန်မှာ ဘုရားသခင်၏ မျှော်လင့်ချက်ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ် အသက်ရှင်သည့် ပတ်ဝန်းကျင်ကို သူပြုစုသည့်နည်းလမ်းတွင် ဘုရားသခင်သည် မည်သည့်အခါမျှ အရေးမစိုက်ဘဲမနေခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ လူတို့၏ ကိုယ်ခန္ဓာများနှင့် ၎င်းတို့ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တို့သည် သဘာဝအခြေအနေများမှ နှောင့်ယှက်မှု တစ်စုံတစ်ရာမျှ မခံရဘဲ၊ ယင်းအစား၊ သဟဇာတဖြစ်‌သည့် အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် အရာခပ်သိမ်းတို့နှင့်အတူ လူသားမျိုးနွယ်သည် ပုံမှန်အသက်ရှင် နေထိုင်ပြီး မျိုးပွားနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် အပူချိန်မှ လေအထိ၊ အသံမှ အလင်းအထိ ရှုပ်ထွေးသော အစီအစဉ်များနှင့် အစီအမံများကို ပြုခဲ့၏။ ဤအရာအားလုံးကို ဘုရားသခင်က အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အဖို့ ထောက်ပံ့ပေးထား၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၅)

ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားမှုကို ယခု သင်တို့ သိလာကြပြီလော။ နောက်ဆုံးတွင်၊ အရာခပ်သိမ်း၏ သခင်မှာ မည်သူနည်း။ လူသားလော။ (မဟုတ်ပါ။) သို့ဆိုလျှင်၊ ဖန်ဆင်းခြင်းအားလုံးကို ဘုရားသခင်နှင့် လူသားတို့ ဆက်ဆံပုံကြား ကွာခြားချက်မှာ အဘယ်နည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်ကာ စီစဉ်ပြီး လူသားကမူ ထိုအရာတို့ကို မွေ့လျော်ခံစားပါ၏။) ဤအရာကို သင်တို့ သဘောတူသလော။ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အုပ်ချုပ်ကာ ထောက်ပံ့ခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာရာ၏ အရင်းအမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းကို ဘုရားသခင်က ထောက်ပံ့ ပေးစဉ် လူသားမျိုးနွယ်က ထိုအရာကို မွေ့လျော်ခံစား၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်ပေးသနားသော အသက်ကို လူသားလက်ခံသောအခါ၊ အရာခပ်သိမ်းကို သူမွေ့လျော် ခံစားရသည်။ ဘုရားသခင်သည် ဆရာသခင်ဖြစ်ပြီး၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်း အကျိုးတရားများကို လူသားမျိုးနွယ်က မွေ့လျော်ခံစား၏။ သို့ဆိုလျှင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်း ရှုထောင့်မှ၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်အကြား ကွာခြားချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် အရာခပ်သိမ်း ဖွံ့ဖြိုးကြီးထွားမှုပုံ နှင့်ဆိုင်သော နိယာမများကို ရှင်းလင်းစွာမြင်နိုင်ပြီး၊ ဤနိယာမများကို ထိန်းချုပ်ကာ စိုးမိုးသည်။ ဆိုလိုသည်မှာ၊ အရာခပ်သိမ်းသည် ဘုရားသခင်၏မြင်ကွင်း အတွင်းနှင့် သူ၏ စစ်ဆေးမှုနယ်ပယ် အတွင်း၌ ရှိကြ၏၊ လူသားမျိုးနွယ်သည် အရာခပ်သိမ်းကို မြင်နိုင်သလော။ လူသားမျိုးနွယ် မြင်နိုင်သည့်အရာမှာ ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရှိသည့်အရာ ထိသာ ကန့်သတ်ထား၏။ ထိုတောင်ကို သင်တက်ပါက သင်မြင်သည့်အရာမှာ ထိုတောင်သာ ဖြစ်၏။ ထိုတောင်၏ အခြားတစ်ဘက်တွင် ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ သင်သည် ကမ်းခြေသို့ သွားပါက သင် မြင်သည့်အရာမှာ သမုဒ္ဒရာ၏ တစ်ဘက်ခြမ်းသာ ဖြစ်ပြီး သမုဒ္ဒရာ၏ အခြားတစ်ဘက်က အဘယ်အရာနှင့်တူသည်ကို သင် မသိနိုင်ပေ။ သင်သည် သစ်တော တစ်ခုထဲသို့ သွားပါက၊ သင်၏ရှေ့နှင့် သင်၏အနီးတစ်ဝိုက်ရှိ အပင်များကို သင်မြင်နိုင်သော်လည်း၊ သာ၍ဝေးသောအရှေ့နေရာ၌ ရှိသည့်အရာကို သင်မမြင်နိုင်ပေ။ လူသားများသည် သာ၍မြင့်သော၊ သာ၍ဝေးသော၊ သာ၍ နက်ရှိုင်းသော နေရာများကို မမြင်နိုင်ကြပေ။ ၎င်းတို့ မြင်နိုင်သမျှမှာ ၎င်းတို့၏ ရှေ့တည့်တည့်၊ ၎င်းတို့၏ အမြင်အာရုံ နယ်ပယ်အတွင်း ရှိသည့်အရာ ဖြစ်သည်။ လူတို့အနေဖြင့် နှစ်ကာလ၏ လေးရာသီကို ချမှတ်သည့် နိယာမများ သို့မဟုတ် အရာခပ်သိမ်း ကြီးထွားဖွံ့ဖြိုးမှုပုံစံနှင့်ဆိုင်သည့် နိယာမများကို သိလျှင်ပင်၊ ၎င်းတို့သည် အရာခပ်သိမ်းကို စီမံခန့်ခွဲ၍မရနိုင်သေးပေ သို့မဟုတ် စေစား၍မရနိုင်သေးပေ။ သို့တိုင် အရာခပ်သိမ်းကို ဘုရားသခင် မြင်ပုံမှာမူ သူကိုယ်တိုင် တည်ဆောက်ခဲ့သော စက်တစ်ခုကို မြင်ပုံကဲ့သို့သာ ဖြစ်သည်။ သူသည် ပါဝင်သည့် ပစ္စည်းတိုင်း၊ ဆက်သွယ်မှုတိုင်း၊ ၎င်း၏အခြေခံစည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်၊ ၎င်း၏ပုံစံများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် ၎င်း၏ရည်ရွယ်ချက်များက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို အလွန် အကျွမ်းဝင်ပေသည်- ဤအရာ အားလုံးကို ဘုရားသခင်သည် အရှင်းလင်းဆုံး အတိုင်းအတာဖြင့် သိ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘုရားသခင်ဖြစ်၍၊ လူသားသည် လူသားဖြစ်၏။ လူသားသည် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် သိပ္ပံပညာနှင့် နိယာမများနှင့်ဆိုင်သော ၎င်း၏ သုတေသနတွင် နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်သော်လည်း၊ ထိုသုတေသနသည် နယ်ပယ်အရ ကန့်သတ်မှုရှိ၏၊ ဘုရားသခင်ကမူ အရာခပ်သိမ်းကို ထိန်းချုပ်လေသည်။ လူသားအတွက်၊ ဘုရားသခင်၏ ထိန်းချုပ်မှုသည် အနန္တဖြစ်၏။ လူတစ်ဦးသည် ဘုရားသခင်၏ အသေးနုပ်ဆုံးသော လုပ်ဆောင်ချက်တစ်ခုကို စစ်မှန်သည့် ရလာဒ်များတစ်ခုတစ်လေ မရရှိဘဲ သုတေသန ပြုခြင်းဖြင့် သူ၏ ဘဝတစ်ခုလုံး ကုန်ဆုံးသွားနိုင်သည်။ ဤသည်မှာ သင့်အနေဖြင့် ဘုရားသခင်ကို လေ့လာရန် အသိပညာနှင့် သင်ယူထားသည့်အရာကို အသုံးပြုပါက၊ သင်သည် ဘုရားသခင်ကို မည်သည့်အခါမျှ သိနိုင်မည်မဟုတ် သို့မဟုတ် နားလည်နိုင်မည် မဟုတ်သည့် အကြောင်းရင်းဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားနှင့် ဘုရားသခင်ကို ရှာဖွေသည့်နည်းလမ်းကို ရွေးချယ်ပြီး ဘုရားသခင်ကို သိကျွမ်းလာရန်ဟူသည့် ရှုထောင့်မှ ဘုရားသခင်ကို ကြည့်ပါက ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဉာဏ်ပညာသည် နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိသည်ဟု တစ်နေ့တွင် သင် သတိပြုမိလိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အရာခပ်သိမ်း၏သခင်နှင့် အရာခပ်သိမ်းအတွက် အရင်းအမြစ်ဟု အဘယ်ကြောင့် ခေါ်ဆိုသည်ကိုလည်း သင်သိလိမ့်မည်။ ထိုသို့သော သိနားလည်မှုကို သင်ရလေ၊ ဘုရားသခင်အား အရာခပ်သိမ်း၏ သခင်ဟု အဘယ်ကြောင့်ခေါ်သည်ကို သင်နားလည်လေဖြစ်မည်။ သင် အပါအဝင် အရာခပ်သိမ်းနှင့် အရာရာတိုင်းသည် ဘုရားသခင်၏ ပုံမှန်စီးဆင်းနေသော ထောက်ပံ့မှုကို စဉ်ဆက်မပြတ်ရရှိနေ၏။ ဤလောကထဲနှင့် ဤလူသားမျိုးနွယ်ကြားတွင် ဘုရားသခင်မှလွဲ၍ အရာခပ်သိမ်း၏ ဖြစ်တည်မှုအပေါ် အုပ်စိုးရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန် အစွမ်းအစနှင့် အနှစ်သာရ ရှိနိုင်သူ မရှိသည်ကိုလည်း သင့်အနေဖြင့် ရှင်းလင်းစွာ ခံစားနိုင်လိမ့်မည်။ ဤသိနားလည်မှု တစ်ရပ်သို့ သင်ရောက်ရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏ ဘုရားသခင်ဖြစ်ကြောင်းကို စစ်မှန်စွာ သင် သိမှတ်လိမ့်မည်။ ဤအဆင့်ကို သင်ရောက်သောအခါ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာလက်ခံပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ သူ့ကို သင်၏ဘုရားသခင် နှင့် သင်၏သခင်ဖြစ်ခွင့်ပေးပြီး ဖြစ်လိမ့်မည်။ သင်သည် ထိုသို့သော သိနားလည်မှုတစ်ရပ်ရှိပြီး သင်၏အသက်တာက ထိုသို့သော အဆင့်တစ်ခုသို့ ရောက်ရှိသည့်အခါ၊ သင်သည် ဘုရားသခင်ကို နားလည်လိမ့်မည်၊ သူ၏ စိတ်နှလုံးကို သိလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် လက်ခံပြီး ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ဘုရားသခင်သည် သင့်ကို နောက်ထပ် စမ်းသပ်ကာ တရားစီရင်တော့မည်မဟုတ်သကဲ့သို့၊ သင့်အပေါ် မည်သည့် တောင်းဆိုမှုမျှ ပြုလိမ့်မည် မဟုတ်တော့ပေ။ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ စိုးမိုးမှုနှင့် စီမံခန့်ခွဲမှု နှင့်ပတ်သက်သည့် ဤအကြောင်းအရာများအပေါ် မိတ်သဟာယပြုဖို့ အရေးကြီးသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် လူတို့အား အသိပညာနှင့် သိနားလည်မှုတို့ကို သာ၍ပေးရန် ရည်ရွယ်ပေသည်- သင့်ကို ဝန်ခံစေရုံမျှသာမက ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သာ၍ လက်တွေ့ကျသော နည်းလမ်းဖြင့် သင့်ကို သိရှိစေကာ နားလည်စေဖို့ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၆)

အစေ့အဆန်များ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမာအသီးမျိုးစုံ- ဤရာများအားလုံးသည် သက်သတ်လွတ် အစားအစာများ ဖြစ်ကြ၏။ ၎င်းတို့သည် သက်သတ်လွတ်အစာများ ဖြစ်ကြသော်လည်း လူ့ခန္ဓာကိုယ်၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် လုံလောက်သည့် အာဟာရဓာတ်များ ပါရှိ၏။ သို့ရာတွင် ဘုရားသခင်က၊ “လူသားမျိုးနွယ်ကို ဤအစားအစာများသာ ငါပေးမည်။ ဤအရာများကိုသာ ၎င်းတို့ စားကြပါလေ့စေ” ဟု မပြောခဲ့ပေ။ ဘုရားသခင်သည် ထိုနေရာ၌ မရပ်တန့်ခဲ့ဘဲ လူသားမျိုးနွယ်အတွက် သာ၍ပင် အရသာရှိသော နောက်ထပ် အစားအစာများစွာကို ဆက်လက်ပြင်ဆင်ပေးခဲ့၏။ ဤအစားအစာများမှာ အဘယ်နည်း။ သင်တို့အများစုက မြင်နိုင်၊ စားနိုင်သော အသားငါးအမျိုးမျိုးတို့ ဖြစ်ကြ၏။ သူသည် လူသားအတွက် အသားငါး နှစ်မျိုးလုံးကို အလွန်များစွာ ပြင်ဆင်ခဲ့သည်။ ငါးများသည် ရေထဲ၌နေကြပြီး၊ ဒြပ်ပစ္စည်းအနေဖြင့် ရေထဲက ငါး၏ အသားသည် ကုန်းနေ တိရစ္ဆာန်များ၏ အသားနှင့် ကွာခြားကာ လူကို မတူကွဲပြားသော အာဟာရဓာတ်များ ပေးနိုင်၏။ ငါးသည်လည်း လူ့ခန္ဓာကိုယ်ထဲက အပူနှင့်အအေးကို ညှိပေးနိုင်သည့် ဂုဏ်သတ္တိများရှိပြီး၊ ယင်းသည် လူသားအဖို့ အလွန့်အလွန် အကျိုးပြုလေသည်။ သို့ရာတွင် အရသာကောင်းသည့်အစာကို အလွန်အကျွံ မစားရပေ။ ငါပြောပြီးသည့်အတိုင်း၊ လူတို့အနေဖြင့် ဘုရားသခင်၏ နှင်းအပ်မှုများကို ပုံမှန်နည်းလမ်းတစ်ခုဖြင့်၊ ရာသီဥတုနှင့် အချိန်ကာနှင့်အညီ မှန်ကန်စွာ မွေ့လျော်နိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်တော်သည့်အချိန်တွင် သင့်တော်သည့် ပမာဏကို လူသားမျိုးနွယ်အပေါ် ပေးသနားလေသည်။ ဥစား၊ အသားစားအတွက် မွေးမြူသော ကြက်ဘဲများ အတန်းအစားတွင် မည်သည့် အစားအစာ အမျိုးအစားများ ပါဝင်သနည်း။ ကြက်၊ ငုံး၊ ခို စသည်တို့ ဖြစ်သည်။ လူများစွာက ဘဲနှင့် ငန်းတို့ကိုလည်း စားကြ၏။ ဘုရားသခင်သည် ဤအသားမျိုးစုံကို ထောက်ပံ့ထားသော်လည်း သူ၏ရွေးချယ်ခြင်းခံရသူများနှင့် သက်ဆိုင်သော သတ်မှတ်ချက် အချို့ကို သူ ပြုလုပ်ခဲ့ပြီး ပညတ်တော်ခေတ်အတွင်းတွင် ၎င်းတို့၏ အစားအသောက်နှင့်ပတ်သက်၍ တိကျသည့် ကန့်သတ်ချက်များ ထားရှိခဲ့လေသည်။ ယနေ့ခေတ်တွင်၊ ဤကန့်သတ်ချက်များသည် တစ်ဦးချင်းစီ၏အရသာနှင့် ကိုယ်တိုင်ကိုယ်ကျ အနက်ပြန်မှုပေါ်တွင် အခြေခံထားသည်။ ဤအသားအမျိုးမျိုးသည် ပရိုတိန်းနှင့် သံဓာတ်တို့ကို ပြန်လည်ဖြည့်ဆည်းပေးရင်း၊ သွေးကို ကြွယ်ဝ စေလျက်၊ ကြွက်သားများနှင့် အရိုးများကို သန်မာစေပြီး ရုပ်ခန္ဓာ ခွန်အားတည်ဆောက်ပေးလျက် လူ့ခန္ဓာကိုယ်ကို ကွဲပြားသည့် အာဟာရဓာတ်များပေး၏။ လူတို့က ၎င်းတို့ကို မည်သို့ ချက်ပြုတ်ပြီး စားသောက်ကြပါစေ၊ ဤအသားများသည် လူတို့၏ အစားအစာ အနံ့အရသာကို တိုးတက်စေပြီး၊ ၎င်းတို့၏ စားချင်စိတ်ကို အားပေးကူညီစဉ်တွင် ၎င်းတို့၏ဝမ်းများကိုလည်း ဖြည့်ဆည်း ပေးလျက်ရှိ၏။ အရေးအကြီးဆုံးအနေဖြင့်၊ ဤအစားအစာများသည် လူ့ခန္ဓာကိုယ်ကို နေ့စဉ် အာဟာရလိုချက်ချက်များ ဖြည့်ဆည်း ပေးနိုင်လေသည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် အစားအစာ အဆင်သင့် ပြဆင်ပေးသည့်အချိန်တွင် ဘုရားသခင် ထည့်သွင်း စဉ်းစားခဲ့သည့် အချက်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များ ရှိ၏၊ အသားရှိ၏- ဤသည်မှာ ကြွယ်ဝများပြားသည် မဟုတ်လော။ သို့ရာတွင် လူသားမျိုးနွယ်အတွက် အစားအစာအားလုံးကို ဘုရားသခင် ပြင်ဆင်ခဲ့ချိန်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို လူတို့နားလည်သင့်သည်။ ယင်းမှာ လူသားမျိုးနွယ်အနေဖြင့် ဤအစားအစာများကို လွန်လွန်ကဲကဲ မွေ့လျော်ခံစားဖို့ ဖြစ်သလော။ လူသည် ဤရုပ်ဝတ္ထု တပ်မက်မှုများကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရာ၌ ပိတ်မိလာသည့်အချိန်တွင် မည်သည့် အရာဖြစ်သနည်း။ ၎င်းသည် အာဟာရ လွန်ကဲလာသည် မဟုတ်လော။ အာဟာရများ လွန်းခြင်းသည် လူ့ခန္ဓာကိုယ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိစီးနှိပ်စက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်က သင့်တော်သော အချိန်တွင် သင့်တော်သည့်ပမာဏကို ခွဲဝေသတ်မှတ်ပေးပြီး လူတို့အား ကွဲပြားသည့် အချိန်ကာလများ၊ ရာသီဥတုများနှင့်အညီ ကွဲပြားသည့်အစာများကို မွေ့လျော်စေသည့် အကြောင်းရင်းဖြစ်၏။ ဥပမာအားဖြင့်၊ အလွန်ပူပြင်းသော နွေရာသီ ပြီးနောက်၊ လူတို့သည် ၎င်းတို့၏ကိုယ်ခန္ဓာထဲတွင် အပူဓာတ်များစွာအပြင်၊ ရောဂါ ဖြစ်စေနိုင်သော ခြောက်သွေ့မှုနှင့် စိုထိုင်းမှုတို့ကို စုဆောင်းမိကြသည်။ ဆောင်းဦးရာသီ ရောက်သည့်အခါ၊ သစ်သီးဝလံ အမျိုးအစားများစွာ ရင့်မှည့်ကြပြီး ဤသစ်သီးများကို လူတို့စားကြသောအခါ ၎င်းတို့ ကိုယ်ခန္ဓာထဲက စိုထိုင်းမှုသည် ဖယ်ရှားခံပေသည်။ ဤအချိန်တွင်၊ ကျွဲနွားတိရစ္ဆာန်နှင့် သိုးတို့သည်လည်း သန်သန်မာမာ ကြီးထွားကြပြီး ဖြစ်သောကြောင့် ဤသည်မှာ လူတို့သည် အာဟာရအတွက် အသားကို ပိုမိုစားသုံးသင့်သည့် အချိန်ဖြစ်သည်။ အသားအမျိုးမျိုးကို စားသုံးခြင်းအားဖြင့်၊ လူတို့၏ခန္ဓာကိုယ်များသည် ဆောင်းရာသီ၏ အအေးဒဏ်ကို ၎င်းတို့ ခံနိုင်စေဖို့ အားအင်နှင့် အနွေးဓာတ်ရရှိကြပြီး၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဆောင်းရာသီကို ဘေးကင်းစွာနှင့် ကျန်းမာစွာ ကျော်ဖြတ်နိုင်ကြပေသည်။ အဆုံးစွန် ဂရုစိုက်ခြင်းနှင့် တိကျခြင်းတို့နှင့်အတူ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ထောက်ပံ့ပေးရမည့်အရာနှင့် ထောက်ပံ့ရမည့်အချိန်၊ ပြီးလျှင် မည်သည့်အချိန်တွင် မတူညီသော အရာများကို ကြီးထွားစေမည်၊ အသီးသီးစေကာ ရင့်မှည့်စေမည်ဆိုသည်တို့ကို ထိန်းချုပ်ပြီး ပူးပေါင်း လုပ်ဆောင်လေသည်။ ဤအရာသည် “လူသား၏ နေ့စဉ်ဘဝ၌ လိုအပ်သည့်အစားအစာကို ဘုရားသခင်ပြင်ဆင်ပုံ” နှင့် ဆက်နွှယ် လေသည်။ အစားအစာအမျိုးအစားများစွာအပြင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရေအရင်းအမြစ်ဖြင့်လည်း ထောက်ပံ့ပေး၏။ အစာစားပြီးနောက်တွင်၊ လူတို့သည် ရေသောက်ဖို့လိုသေး၏။ သစ်သီးဝလံတစ်ခုတည်းက လုံလောက်မည်လော။ လူတို့သည် သစ်သီးဝလံဖြင့်သာ အသက်မရှင်နိုင်ပေ၊ သည့်အပြင် အချို့ ရာသီများတွင် သစ်သီးဝလံမရှိပေ။ သို့ဖြစ်လျှင် လူသားမျိုးနွယ်၏ ရေပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ ဘုရားသခင်သည် ရေကန်များ၊ မြစ်များနှင့် စမ်းများအပါအဝင် မြေပေါ်မြေအောက်၌ ရေအရင်းအမြစ်များစွာကို ပြင်ဆင်ခြင်းဖြင့် ထိုအရာကို ဖြေရှင်းပြီး ဖြစ်သည်။ ဤရေအရင်းအမြစ်များ ညစ်ညမ်းမှုမျှမရှိသရွေ့၊ ၎င်းတို့ကို လူတို့က ကြိုးကိုင်ခြယ်လှယ်ခြင်း မရှိသရွေ့ မဖျက်ဆီးသရွေ့ သောက်သုံးနိုင်၏။ တစ်နည်းအားဖြင့်၊ လူသားမျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များ၏ ဘဝများကို အားဖြည့်သည့် အစာအရင်းအမြစ်များအရ၊ လူတို့၏ဘဝများသည် ကြွယ်ဝကာ ပေါများပြီး မည်သည့်အရာမျှ မချို့တဲ့ဖို့အလို့ငှာ ဘုရားသခင်သည် အလွန်တိကျ၊ အလွန်မှန်ကန်ပြီး အလွန် သင့်တော်သော ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်၏။ ဤသည်မှာ လူတို့ ခံစားပြီး မြင်နိုင်သော အရာတစ်ခုဖြစ်သည်။

ထို့အပြင် ဘုရားသခင်သည် အရာခပ်သိမ်းတို့အလယ်တွင် လူ့ခန္ဓာရှိ ဒဏ်ရာအနာတရများကို ပျောက်ကင်းစေရန် သို့မဟုတ် ဖျားနာမှုကို ကုသရန် အထူးသဖြင့် ရည်ရွယ်ထားသည့် အပင်အချို့၊ တိရစ္ဆာန်များနှင့် ဆေးဖက်ဝင်အပင်အမျိုးမျိုးကို ဖန်ဆင်းခဲ့၏။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦးသည် မီးပူလောင်ပါက၊ သို့မဟုတ် မတော်တဆ ရေနွေးလောင်ပါက မည်သို့လုပ်ဆောင်သင့်သနည်း။ အပူလောင်အကွက်ကို ရေနှင့်သာ သင်ဆေးကြောနိုင်သလော။ အဝတ်စဟောင်းတစ်ခုတစ်လေဖြင့် ယင်းကို ပတ်စည်း၍ ရနိုင်သလော။ ထိုသို့ လုပ်ဆောင်ပါက၊ ဒဏ်ရာသည် ပြည်ဖြင့် ပြည့်လိမ့်မည် သို့မဟုတ် ရောဂါပိုးဝင်ကောင်းဝင်လိမ့်မည်။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦး အဖျားရှိလျှင်၊ သို့မဟုတ် အအေးမိလျှင်၊ အလုပ်လုပ်စဉ် ဒဏ်ရာအနာတရဖြစ်လျှင်၊ အစားမှားသဖြင့် ဝမ်းပျက်လျှင်၊ သို့တည်းမဟုတ် အသက်ရှင် နေထိုင်မှုပုံစံ အကြောင်းရင်းများ သို့မဟုတ် စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများကြောင့် သွေးကြောဆိုင်ရာရောဂါများ၊ စိတ်ပိုင်းဆိုင်ရာ ရောဂါများ၊ သို့မဟုတ် ကိုယ်တွင်းအင်္ဂါနှင့်ဆိုင်သော ရောဂါများ အပါအဝင် ရောဂါအချို့ဖြစ်ပေါ်လျှင် ထိုရောဂါ အခြေအနေများ အားလုံးကို ကုသသည့် လိုက်လျောညီထွေသော အပင်များရှိ၏။ သွေးလည်ပတ်မှုကို တိုးတက်စေပြီး၊ သွေးတန့်မှုကို ဖယ်ရှားပေးသည့် အပင်များ၊ နာကျင်မှု သက်သာစေသည့်အပင်များ၊ သွေးတိတ်စေသည့် အပင်များ၊ မေ့ဆေးထုံဆေးပေးသည့် အပင်များ၊ အသားအရေကို ကုသပြီး ပုံမှန်အခြေအနေသို့ ပြန်ရောက်စေဖို့ အထောက်အကူပြုသည့် အပင်များနှင့်၊ သွေးပုပ်များကို စွန့်ပစ်ပြီး ကိုယ်ခန္ဓာမှ အဆိပ်အတောက်များကို ဖယ်ရှားပေးသည့် အပင်များရှိ၏- အတိုချုပ် အနေဖြင့်၊ ဤအပင်များသည် နေ့စဉ်အသက်တာတွင် အသုံးဝင်မှုများ ရှိ၏။ ၎င်းတို့ကို လူတို့က အသုံးပြုနိုင်ပြီး လိုအပ်လာပါက လူ့ခန္ဓာကိုယ်အတွက် ဘုရားသခင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ထဲမှ အချို့ကို လူသားအား ကံအားလျော်စွာဖြင့် ရှာဖွေတွေ့ရှိခွင့်ပေးခဲ့သော်လည်း အခြား အရာများကိုမူ ထိုသို့ရှာဖွေတွေ့ရှိရန် ဘုရားသခင် ရွေးချယ်ခဲ့သည့် လူတို့က ရှာဖွေတွေ့ရှိခဲ့ကြသည်၊ သို့မဟုတ် သူစီစဉ်ညွှန်ကြားသည့် အထူးသဘာဝဖြစ်စဉ်၏ အကျိုးဆက် တစ်ခုအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြလေသည်။ ဤအပင်များကို ရှာဖွေတွေ့ရှိပြီးနောက်တွင်၊ လူသားမျိုးနွယ်သည် ၎င်းတို့ကို လက်ဆင့်ကမ်းကြမည်ဖြစ်ပြီး လူများစွာတို့သည် ၎င်းတို့အကြောင်း သိလာခဲ့ကြပေလိမ့်မည်။ ထိုသို့ဖြင့် ဤအပင်များကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိလေသည်။ အကျဉ်းချုပ်အားဖြင့်၊ ဤအရာများ အားလုံးသည် ဘုရားသခင်ထံမှ ဖြစ်ပြီး လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ကို သူဖန်ဆင်းခဲ့ချိန်တွင် ဘုရားသခင် ပြင်ဆင်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်၏။ ၎င်းတို့သည် မုချလိုအပ်ပေသည်။ ဘုရားသခင်၏ အတွေး လုပ်ငန်းစဉ်များသည် လူသား၏ အတွေးလုပ်ငန်းစဉ်များထက် သာ၍စေ့စပ်စုံလင် ကြသလော။ ဘုရားသခင်ပြုခဲ့သမျှကို သင်မြင်သောအခါ ဘုရားသခင်၏ လက်တွေ့ကျသောဘက်ကို သင်ခံစားမိသလော။ ဘုရားသခင်သည် လျှို့ဝှက်စွာ အလုပ်လုပ်၏။ ဤလောကသို့ လူသာ မလာခဲ့သေးမီက၊ လူသားမျိုးနွယ်နှင့် သူမထိတွေ့သေးမီက ဘုရားသခင်သည် ဤအရာအားလုံးကို ဖန်ဆင်းခဲ့၏။ လူသားမျိုးနွယ်အနေနှင့် ဘုရားသခင်က ၎င်းတို့အတွက် ပြင်ဆင်ထားသော ကြွယ်ဝပြီး ပေါများသည့် ဤရုပ်ဝတ္ထုလောက၌ အစားအစာ၊ သို့မဟုတ် အဝတ်အစားနှင့် ပတ်သက်၍ စိုးရိမ်စရာ ကင်းလျက်၊ မည်သည့်အရာမျှ ချို့တဲ့နေခြင်းမရှိဘဲ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အလို့ငှာ၊ အရာရာသည် စိတ်ထဲတွင်ရှိသည့် လူသားမျိုးနွယ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ လူသား၏ တည်ရှိမှုအဖို့၊ ၎င်းတို့၏ ရှင်သန်မှုအတွက် စိတ်ကူးနှင့်အတူ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင်၊ လူသားမျိုးနွယ်သည် ဆက်လက် မျိုးပွားကာ ရှင်သန်နိုင် ကြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၇)

လူသားမျိုးနွယ် နေထိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်အတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြီးလျှင် သူ ပြုလုပ်ခဲ့သည့် ပြင်ဆင်မှုများအကြောင်း ဆွေးနွေး ပြောဆိုခြင်းဖြင့် ငါတို့ စခဲ့ကြသည်။ သူ စီစဉ်ခဲ့သည့် အရာ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ပြင်ဆင်ခဲ့သော ဖန်ဆင်းခြင်း အရာများကြား ဆက်နွှယ်မှုများနှင့် လူသားမျိုးနွယ်ကို ထိခိုက်နစ်နာစေခြင်းမှ သူ၏ ဖန်ဆင်းခြင်းအရာများကို တားဆီးဖို့ ဤဆက်နွှယ်မှုများအား ဘုရားသခင် စီစဉ်ပုံတို့ကို ငါတို့ ဆွေးနွေး ခဲ့ကြသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ၎င်းတို့၏ အမြင့်မားဆုံး အသုံးဝင်မှုဖြင့် အသုံးတော်ခံခွင့်ပေးရင်း၊ သူ၏ ဖန်ဆင်းခြင်းအတွင်းရှိ မတူညီသော အရာများစွာက လူသားမျိုးနွယ်၏ ပတ်ဝန်ကျင်းအပေါ် ရှိကောင်းရှိခဲ့နိုင်သည့် ထိခိုက်နစ်နာစေမှုကိုလည်း လျော့ပါးစေခဲ့ပြီး၊ လူသားမျိုးနွယ်ထံ အကျိုးရှိစေသည့် သဘာဝအင်အားစုများနှင့်အတူ အကျိုးရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ဆောင်ကြဉ်းပေးခဲ့သည်၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အား ထိုသို့သော ပတ်ဝန်းကျင်တစ်ရပ်ကို ကျင့်သားရနိုင်စေကာ ဘဝနှင့် မျိုးပွားခြင်း သံသရာကို မှန်မှန် ဆက်လက်ဖြစ်စေလေသည်။ ထို့နောက်၊ လူ့ခန္ဓာကိုယ်က လိုအပ်သည့် အစားအစာ၊ လူသားမျိုးနွယ်၏ နေ့စဉ်အစားအသောက်အကြောင်း ငါတို့ ဆွေးနွေးပြောဆိုခဲ့ကြသည်။ ဤသည်မှာလည်း လူသားမျိုးနွယ် ရှင်သန်ရေးအတွက် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ၊ လူ့ခန္ဓာကိုယ်သည် အသက်ရှူခြင်းတစ်ခုတည်းဖြင့်၊ အာဟာရအတွက် နေရောင်မျှဖြင့်၊ သို့မဟုတ် လေဖြင့်၊ သို့တည်းမဟုတ် သင့်တော်သည့် အပူချိန်များဖြင့်သာ မရှင်သန်နိုင်ပေ။ လူသားများသည် ၎င်းတို့၏ဝမ်းများကို ဖြည့်ရန်လည်း လိုအပ်ပြီး၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လျစ်လျူရှုမသွားဘဲ ၎င်းတို့ ထိုသို့လုပ်ဆောင်နိုင်ရန် လူသားမျိုးနွယ်၏ အစာ အရင်းအမြစ်များ ဖြစ်သည့် အမှုအရာများ၏ အရင်းအမြစ်များကို လူသားမျိုးနွယ် အတွက် ပြင်ဆင်ပေးခဲ့သည်။ သင်တို့သည် အင်မတန် ကြွယ်ဝကာ ပေါများသည့် ခြံထွက်ပစ္စည်းဖြစ်သည့် လူသားမျိုးနွယ်၏ အစားအသောက်အရင်းအမြစ်များကို မြင်တွေ့ပြီးသောအခါ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့အတွက် ထောက်ပံ့မှုအရင်းအမြစ်ဖြစ်သည်ဟု သင်ဆိုနိုင်သလော။ အကယ်၍ ဖန်ဆင်းခြင်း အချိန်ကာလ အတောအတွင်းတွင် ဘုရားသခင်သည် သစ်ပင်များနှင့် မြက်များ သို့မဟုတ် အခြားသောသက်ရှိများ တချို့တလေကိုသာ ဖန်ဆင်းခဲ့ပါက၊ ပြီးလျှင် ဤသက်ရှိသတ္တဝါအမျိုးမျိုးနှင့် အပင်များသည် နွားများနှင့် သိုးများစားရန်အတွက်၊ သို့မဟုတ် မြင်းကျားများ၊ သမင်များနှင့် အခြားတိရစ္ဆာန် အမျိုးမျိုးအတွက်၊ ဥပမာအနေဖြင့် ခြင်္သေ့များက မြင်းကျားများနှင့် သမင်များကဲ့သို့သော အရာများကို စားဖို့ဖြစ်ပြီး၊ ကျားများက သိုးများနှင့် ဝက်များကို စားဖို့ဖြစ်သော်လည်း လူသားတို့စားရန် သင့်တော်သည့်အရာ တစ်ခုမျှပင် မရှိပါက ယင်းသည် အလုပ်ဖြစ်ခဲ့လိမ့်မည်လော။ အလုပ်ဖြစ်ခဲ့မည် မဟုတ်ပေ။ လူသားမျိုးနွယ်အနေဖြင့် အချိန်ကြာမြင့်စွာ ရှင်သန်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ လူတို့သည် သစ်ရွက်များကိုသာစားလျှင် မည်သို့ဖြစ်မည်နည်း။ အလုပ် ဖြစ်ခဲ့လိမ့်မည်လော။ လူတို့သည် သိုးများအတွက် ရည်ရွယ်ထားသော မြက်ကို စားနိုင်မည်လော။ ၎င်းတို့အနေဖြင့် အနည်းငယ်မျှသာ စမ်းကြည့်ပါက၊ ထိခိုက်ကောင်းထိခိုက်မည်မဟုတ်သော်လည်း၊ ထိုသို့သော အရာများကို အချိန်ကြာမြင့်စွာ စားပါက ၎င်းတို့၏ အစာအိမ်များသည် ယင်းကို ခံနိုင်မည်မဟုတ်သကဲ့သို့၊ လူတို့သည် ကြာကြာ အသက်ရှင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။ တိရစ္ဆာန်များ စားနိုင်သော်လည်း လူသားများအဖို့ အဆိပ်ရှိသည့် အရာများပင် ရှိလေသည်- တိရစ္ဆာန်များက ထိုအရာများကို အကျိုးဆက်မရှိဘဲ စားကြ၏၊ သို့သော် လူသားများအတွက်မူ ထိုသို့ မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့၏၊ ထို့ကြောင့် လူ့ကိုယ်ခန္ဓာ၏ အခြေခံသဘောတရားများ၊ တည်ဆောက်ပုံနှင့် လူသားများ လိုအပ်သည့်အရာတို့ကို ဘုရားသခင် အသိဆုံးဖြစ်၏။ ဘုရားသခင်သည် ခန္ဓာကိုယ်၏ ပေါင်းစပ်ဖွဲ့စည်းမှု နှင့် ပါရှိသည့်အရာ၊ ယင်း၏ လိုအပ်ချက်များနှင့် လူ့ခန္ဓာကိုယ်၏ ကိုယ်တွင်းအင်္ဂါများ လည်ပတ်ခြင်းနှင့် အမျိုးမျိုးသော ဒြပ်ပစ္စည်းများကို မည်သို့ စုပ်ယူကာ ဖယ်ရှားပြီး စွန့်ထုတ်သည်ကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် သိလေသည်။ လူသားများက မသိကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့ အမြော်အမြင်မရှိဘဲ စားကြသည်၊ သို့မဟုတ် မဆင်မခြင် မိမိတို့ဘာသာ ချက်ပြုတ်စားသောက်ကြသည်၊ ထိုသို့လုပ်ဆောင်ခြင်း လွန်ကဲလွန်းခြင်းက မညီမျှမှု ဖြစ်စေ၏။ သင်သည် သင့်အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် အရာများကို ပုံမှန်နည်းလမ်းဖြင့် စားသောက်ကာ မွေ့လျော်ပါက ကျန်းမာရေး ပြဿနာများ ရှိလိမ့်မည်မဟုတ်ပေ။ တစ်ခါတစ်ရံ သင်သည် စိတ်ဆိုးမာန်ဆိုးဖြစ်ကာ သွေးတန့်မှုကို တွေ့ကြုံ ခံစားရလျှင်ပင်၊ ဤအရာက ပြဿနာ လုံးဝမဖြစ်ပေါ်စေပေ။ သင့်အနေဖြင့် အချို့သော အပင်အမျိုးအစားကို စားရန်သာလိုပြီး သွေးတန့်နေခြင်း ပျောက်သွားလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်တွင်၊ လူသားမျိုးနွယ်သည် အခြားသက်ရှိ အရာများထက် များစွာမြင့်မားပေသည်။ ဘုရားသခင်သည် အပင်အမျိုးအစားအသီးသီးအတွက် ပတ်ဝန်းကျင်တစ်ရပ်ကို ပြင်ဆင်ပေးခဲ့ပြီး၊ တိရစ္ဆာန်အမျိုးအစား အသီးသီးအတွက် အစားအစာနှင့် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် ၎င်းတို့ ပတ်ဝန်းကျင်၏ တင်းကျပ်ဆုံး လိုအပ်ချက်များရှိပြီး ထိုလိုအပ်ချက်များကို နည်းနည်းလေးမျှ လျစ်လျူရှု၍မရနိုင်ပေ။ လျစ်လျူရှုမိခဲ့ပါက၊ လူသားမျိုးနွယ်သည် ပုံမှန်နည်းလမ်းဖြင့် ကြီးထွားတိုးတက်ခြင်း၊ အသက်ရှင်ခြင်းနှင့် မျိုးပွားခြင်းတို့ကို ဆက်လက်လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ဤအရာကို သူ၏ စိတ်နှလုံးထဲတွင် အသိဆုံးသောသူမှာ ဘုရားသခင် ဖြစ်၏။ ဤအရာကို ဘုရားသခင် လုပ်ဆောင်ခဲ့ချိန်တွင်၊ သူသည် အခြားမည်သည့်အရာမဆိုထက် ထိုအရာအပေါ် သာ၍ အလေးထားခဲ့၏။ သင့်ဘဝတွင် သင်မြင်နိုင်ပြီး မွေ့လျော်နိုင်သည့် သာမညောင်ည အရာတစ်ချို့ သို့မဟုတ် မွေးကတည်းက သင်၌ရှိခဲ့ပြီးဖြစ်သည့် သင်မြင်ကာ မွေ့လျော်သော အရာတစ်ခု၏ အရေးပါမှုကို သင့်အနေဖြင့် သတိပြုမိနိုင်ခြင်း ရှိကောင်း ရှိလိမ့်မည်မဟုတ်သော်လည်း၊ ဘုရားသခင်သည် သင့်အတွက် အချိန်ကြာမြင့်စွာက သို့မဟုတ် တိတ်တဆိတ်ဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားနှင့်ပြီးဖြစ်သည်။ တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ၊ ဘုရားသခင်သည် လူသားမျိုးနွယ်အဖို့ မသင့်လျော်သကဲ့သို့ လူ့ကိုယ်ခန္ဓာကို အန္တရာယ်ဖြစ်စေကောင်း ဖြစ်စေနိုင်မည့် အပျက်သဘောဆောင်သော အရာအားလုံးကို ဖယ်ရှား၍ လျော့ပါးစေပြီးဖြစ်၏။ ဤအရာက မည်သည့်အရာကို ပြသနည်း။ ယင်းက ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်က ၎င်းတို့အပေါ် ဘုရားသခင် ထားရှိခဲ့သည့် သဘောထားကို ပြပါသလော။ ထိုသဘောထားမှာ အဘယ်နည်း။ ဘုရားသခင်၏သဘောထားမှာ ဂရုတစိုက်ရှိပြီး လေးနက်၏၊ ပြီးလျှင် ထိုသဘောထားသည် မည်သည့်ရန်သူ အင်အားစုများမဆို၊ ပြင်ပ အရာများ သို့မဟူတ် သူနှင့်သက်ဆိုင်ခြင်း မရှိသော အခြေအနေများ၏ မည်သည့်နှောင့်ယှက်မှုကိုမျှ သည်းမခံခဲ့ပေ။ ဤတွင် ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းနှင့် စီမံခန့်ခွဲခြင်းထဲက ဘုရားသခင်၏သဘောထားကို မြင်နိုင်ပေသည်။ ပြီးလျှင် ဘုရားသခင်၏သဘောထားမှာ အဘယ်နည်း။ လူသားမျိုးနွယ် မွေ့လျော်သည့် ရှင်သန်မှုနှင့် ဘဝအတွက် ပတ်ဝန်ကျင်မှတဆင့်အပြင်၊ ၎င်းတို့၏နေ့စဉ် အစားအသောက််နှင့် နေ့စဉ်လိုအပ်ချက်များတွင် လူကို ဘုရားသခင်သည် ဖန်ဆင်းခဲ့သည့် အချိန်ကတည်းက လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တာဝန်ယူသော သဘောထား အပြင်၊ ယခုအချိန်ကာလ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ စိတ်ပိုင်းဖြတ်မှုကို ငါတို့တွေ့နိုင်၏။ ဤအရာများတွင် ဘုရားသခင်၏ စစ်မှန်မှုကို မြင်နိုင်သလော။ သူ၏ အံ့သြဖွယ်ရာဖြစ်ခြင်းကို မြင်နိုင်သလော။ သူ၏ မတွေးတတ်အောင် နက်နဲမှုကို မြင်နိုင်သလော။ သူ၏ အနန္တတန်ခိုးကို မြင်နိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ထောက်ပံ့ရန်အပြင် သူ၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းကို ထောက်ပံ့ခြင်းအဖို့ သူ၏အမြော်အမြင်ရှိပြီး တန်ခိုးကြီးမားသော နည်းလမ်းများကို အသုံးပြုလေသည်။ ယခု သင်တို့ကို အလွန်များစွာ ငါ ပြောပြီးဖြစ်သည်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ဟု သင်တို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ယင်းမှာ သေချာပေါက် ထိုသို့ဖြစ်၏။ သင်တို့၌ သံသယတစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် အရာခပ်သိမ်းကို တည်ရှိကာ အသက်ရှင်စေနိုင်ပြီး၊ မျိုးပွားကာ ဆက်လက်ရှင်သန်စေနိုင်သည့် ထောက်ပံ့မှု၏ အရင်းအမြစ်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင်မှတစ်ပါး အရင်းအမြစ် မရှိသောကြောင့်၊ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်သည်ကိုပြရန် အရာခပ်သိမ်းအတွက် ဘုရားသခင်၏ ထောက်ပံ့မှုသည် လုံလောက်ပေသည်။ လူတို့၏ အခြေခံအကျဆုံး ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များဖြစ်စေ၊ ၎င်းတို့၏ နေ့စဉ်ဘဝလိုအပ်ချက်များဖြစ်စေ၊ သို့မဟုတ် လူတို့၏ဝိညာဉ်များကို သူထောက်ပံ့ပေးသည့် သမ္မာတရား လိုအပ်မှုဖြစ်စေ ဘုရားသခင်သည် အရာခပ်သိမ်း၏ လိုအပ်ချက် အားလုံးနှင့် လူသားမျိုးနွယ်၏ လိုအပ်ချက်အားလုံးကို ထောက်ပံ့ ပေး၏။ နည်းလမ်းအားလုံးဖြင့်၊ လူသားရှုထောင့်မှ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ အဆင့်အတန်းကို ကြည့်သည်တွင်၊ ဘုရားသခင်ကိုယ်တိုင်သာလျှင် အရာခပ်သိမ်းအတွက် အသက် အရင်းအမြစ်ဖြစ်၏။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့အနေနှင့် မြင်နိုင်ကာ ခံစားနိုင်သော ဤရုပ်ဝတ္ထုလောက၏ အုပ်စိုးသူ၊ အရှင်သခင်နှင့် ထောက်ပံ့သူဖြစ်၏။ လူသားမျိုးနွယ် အတွက် ဤသည်မှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာ မဟုတ်လော။ ဤတွင် အခြားအရာ တစ်ခုမျှမရှိပေ။ ထို့ကြောင့် ကောင်းကင်၌ ငှက်များပျံသန်းနေသည်ကို သင်တွေ့သည့်အခါ၊ ဘုရားသခင်သည် ပျံသန်းနိုင်သော အရာများအားလုံး ဖန်ဆင်းခဲ့သည်ကို သင်သိသင့်သည်။ ရေထဲ၌ ကူးခပ်ကြသော သက်ရှိသတ္တဝါများရှိပြီး ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းများ ရှိကြ၏။ မြေကြီးထဲတွင် အသက်ရှင်ကြသည့် သစ်ပင်များနှင့် အပင်များသည် နွေဦးရာသီတွင် အဖူးထွက်ပြီး ပေါက်ကာ၊ ဆောင်းဦးရာသီတွင် အသီးသီးပြီး ရွက်ဟောင်းခြွေသည်၊ ပြီးလျှင် ဆောင်းရာသီ အရောက်တွင် ထိုအပင်များသည် ဆောင်းရာသီကို ကျော်လွှား လွန်မြောက်ဖို့ ပြင်ဆင်ကြသည်နှင့်အမျှ အရွက်အားလုံး ကြွေကျကုန်လေသည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် ရှင်သန်မှု နည်းလမ်းဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး အသီးသီးသည် ကွဲပြားသော ပုံစံများနှင့် ကွဲပြားသော နည်းလမ်းများဖြင့် အသက်ရှင်ကြကာ ၎င်း၏အသက်ခွန်အားနှင့် ၎င်းရှင်သန်သည့် ပုံသဏ္ဌာန်ကို ပြသရန် ကွဲပြားသည့် နည်းလမ်းများကို အသုံးပြုကြ၏။ အသက်ရှင်ခြင်းနှင့်ပတ်သက်၍ သတ္တဝါများ မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ရှိကြ၏။ ကွဲပြားသော ဇီဝပုံစံများနှင့် သက်ရှိအရာအားလုံးအပေါ် ဘုရားသခင် အုပ်စိုးခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက်လော။ (ဟုတ်ပါသည်။) သူသည် လူသားမျိုးနွယ် ရှင်သန်ရေးအတွက် ဘဝနိယာမအားလုံးကို ထိန်းချုပ်၏။ ဤအရာက လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ဘုရားသခင်အတွက် မည်မျှ အရေးကြီးသည်ကိုသာ ပြလေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၈)

ယင်းမှာ ဘုရားသခင်သည် သူ့ရွေးချယ်ခံလူတို့၏ ဘုရားသခင်သာမဟုတ်သည်ကို လူတို့အား သိခွင့်ပေးဖို့ ဖြစ်သည်။ သင်သည် လောလောဆယ် ဘုရားသခင်နောက်သို့ လိုက်ပြီး၊ သူသည် သင်၏ဘုရားသခင်ဖြစ်သော်လည်း သူ့နောက်သို့ မလိုက်သော သူတို့၏ ဘုရားသခင် ဖြစ်သလော။ ဘုရားသခင်သည် သူ့နောက်သို့ မလိုက်သောသူတို့အားလုံး၏ ဘုရားသခင်လော။ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဘုရားသခင်လော။ (ဟုတ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်၏အမှုနှင့် လုပ်ဆောင်ချက်များသည် နယ်ပယ်အရ သူ့နောက်လိုက်သောသူတို့ထိမျှသာ ကန့်သတ်ပါသလော။ (မကန့်သတ်ပါ။) သူ၏အမှုနှင့် လုပ်ဆောင်ချက်များ၏ နယ်ပယ်မှာ အဘယ်နည်း။ အနည်းဆုံးအနေဖြင့်၊ သူ၏ အမှုနှင့် လုပ်ဆောင်ချက်များ၏ နယ်ပယ်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် ဖန်ဆင်းခြင်း အရာအားလုံးကို ခြုံငုံပေသည်။ အများဆုံးအနေဖြင့်၊ ယင်းသည် လူတို့ မမြင်နိုင်သည့် စကြဝဠာတစ်ခုလုံးကို ခြုံငုံ၏။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးကြားတွင် သူ၏အမှုကို လုပ်ဆောင်ပြီး သူ၏လုပ်ဆောင်မှုများကို ဆောင်ရွက်ကာ၊ ဤအရာသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် လူတို့သိလာဖို့ အခွင့်ပေးရန် လုံလောက်ပေသည်။ သင်သည် ဘုရားသခင်ကို သိချင်ပါက၊ သူ့ကို အမှန်တကယ် သိကျွမ်းလိုပါက၊ သူ့ကို အမှန်တကယ် နားလည်လိုပါက၊ သင့်ကိုယ်သင် ဘုရားသခင်၏ အမှုအဆင့်သုံးဆင့်နှင့်သာ သို့မဟုတ် အတိတ်က သူ ဆောင်ရွက်ခဲ့သည့် အမှုဇာတ်ကြောင်းများနှင့်သာ မကန့်သတ်လေနှင့်။ သင်သည် သူ့ကို ထိုနည်းဖြင့် သိရန်ကြိုးစားပါက သင်သည် ဘုရားသခင်အား ကန့်သတ်ချက်များ ထားရှိနေခြင်း၊ သူ့ကို ဘောင်ခတ်နေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်အား အလွန်သေးနုပ်သော အရာတစ်ခုအဖြစ် မြင်နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လူတို့ကို မည်သို့ ထိခိုက်မည်နည်း။ သင်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာကောင်းခြင်းနှင့် သာလွန်မှုတို့ကို မည်သည့်အခါမျှ သိနိုင်မည် မဟုတ်သကဲ့သို့ သူ၏တန်ခိုး၊ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းနှင့် သူ၏ ဩဇာအာဏာ အတိုင်းအတာတို့ကိုလည်း မည်သည့်အခါမျှ သိနိုင်မည်မဟုတ်ပေ။ ထိုသို့သော သိနားလည်မှုတစ်ရပ်သည် ဘုရားသခင်မှာ အရာခပ်သိမ်း၏ အုပ်စိုးရှင်ဖြစ်သည်ဆိုသည့် သမ္မာတရားအား သင်၏လက်ခံနိုင်စွမ်းအပြင် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့နှင့်ဆိုင်သည့် သင်၏ အသိပညာအပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကို သင်၏သိနားလည်ခြင်းသည် အတိုင်းအတာအားဖြင့် အကန့်အသတ်ရှိပါက၊ သင်ရရှိနိုင်သည့် အရာသည်လည်း အကန့်အသတ်ရှိ၏။ ဤသည်မှာ သင့်အနေဖြင့် သင်၏အတိုင်းအတာကို ချဲ့ထွင်ကာ သင်၏နယ်ပယ်ကို တိုးချဲ့ရမည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားအမှု၏ နယ်ပယ်၊ သူ၏ စီမံခန့်ခွဲမှု၊ သူ၏အုပ်စိုးမှုနှင့် သူ စီမံခန့်ခွဲသည့် အရာအားလုံးနှင့် သူ အုပ်စိုးသည့် အရာများ- ထိုအရာအားလုံးကို သင် နားလည်ဖို့ ကြိုးစားသင့်၏။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် သိလာသင့်သည်မှာ ဤအရာများမှတဆင့် ဖြစ်သည်။ ထိုသို့သော နားလည်မှုတစ်ခုဖြင့်၊ ၎င်းတို့ကြားတွင် ဘုရားသခင်က အရာခပ်သိမ်းကို အုပ်စိုးသည်၊ စီမံခန့်ခွဲပြီး ထောက်ပံ့သည်ကို မရည်ရွယ်ဘဲ သင်ခံစားလာ ရလိမ့်မည်ဖြစ်ပြီး၊ သင်သည် အရာခပ်သိမ်း၏ အစိတ်အပိုင်း တစ်ရပ်နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်ကိုလည်း အမှန်တကယ် ခံစားရလိမ့်မည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ထောက်ပံ့ပေးသည်နှင့်အမျှ၊ သင်သည်လည်း ဘုရားသခင်၏ အုပ်စိုးမှုနှင့် ထောက်ပံ့မှုကို လက်ခံလျက်ရှိပေသည်။ ဤသည်မှာ မည်သူမျှမငြင်းနိုင်သည့် အမှန်တရားဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ ၎င်းတို့၏ ကိုယ်ပိုင် နိယာမများကို လိုက်နာရပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင်၊ အရာခပ်သိမ်းသည် ရှင်သန်မှုအတွက် မိမိတို့ကိုယ်ပိုင် စည်းမျဉ်းများ ရှိကြလေသည်။ လူသားမျိုးနွယ်၏ကြမ္မာနှင့် လိုအပ်ချက်များ သည်လည်း ဘုရားသခင်၏အုပ်စိုးမှုနှင့် ထောက်ပံ့မှုတို့ဖြင့် အတူတကွ ဆက်နွှယ်၏။ ယင်းမှာ ဘုရားသခင်၏စိုးမိုးမှုနှင့် အုပ်စိုးမှု အောက်တွင် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းတို့သည် ဆက်နွှယ်ကြသည်၊ တစ်ဦးကိုတစ်ဦး အမှီပြုကြပြီး ကံတူ အကျိုးပေးတူကြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ အရာခပ်သိမ်းကို ဘုရားသခင်ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်နှင့် တန်ဖိုးဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၈)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၇၉)

ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများအပေါ် အခြေခံပြီး အရာအားလုံးကို ဖန်ဆင်းခဲ့သည့် အချိန် ကတည်းက အရာအားလုံးသည် လှုပ်ရှား လည်ပတ်လျက်ရှိပြီး ဆက်လက်၍ ပုံမှန်ဖွံ့ဖြိုးတိုးတက် နေသည်။ သူ့မျက်မှောက်တော်အောက်တွင်၊ သူ့စည်းမျဉ်းအောက်တွင် အရာအားလုံးသည် လူသားတို့၏ ရှင်သန်ရပ်တည်မှုနှင့် ယှဉ်တွဲလျက် ပုံမှန်ဖွံ့ဖြိုးတိုးတက် နေသည်။ ဘယ်အရာမျှ ဤနိယာမများကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ ဘယ်အရာမျှ ဤနိယာမများကို မဖျက်ဆီးပစ် နိုင်ပေ။ ဘုရားသခင်၏ စည်းမျဉ်းကြောင့် သက်ရှိသတ္တဝါ အားလုံးက ပွားများနိုင်ခြင်းဖြစ်ပြီး သူ၏စည်းမျဉ်းနှင့် စီမံခန့်ခွဲမှုကြောင့် သက်ရှိသတ္တဝါအားလုံး ရှင်သန် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ စည်းမျဉ်းအောက်တွင် သက်ရှိအားလုံး ဖြစ်တည်လာပြီး ရှင်သန်ကြီးထွားကာ ပျောက်ကွယ်ပြီး အစီအစဉ် တကျပုံစံနှင့် ပြန်လည်မွေးဖွားသည်ဟု ဆိုလိုသည်။ နွေဦးရာသီ ရောက်သည့်အခါတွင် ခပ်ဖွဲဖွဲရွာနေသည့်မိုးက နွေဦး၏ခံစားချက်ကို သယ်ဆောင်လာပြီး ကမ္ဘာမြေကို စွတ်စိုစေသည်။ မြေပြင်သည် စတင်ပျော့ပြောင်းလာကာ မြက်ပင်များ ပေါက်လာပြီး မြေကြီးကိုဖြတ်သန်း၍ အပေါ်ကို ထိုးဖောက်လာကာ သစ်ပင်များက တဖြည်းဖြည်းနှင့် စိမ်းလန်းလာသည်။ ဤသက်ရှိအရာ အားလုံးက ကမ္ဘာမြေကြီးဆီကို လတ်ဆတ်သည့် ရှင်သန်တက်ကြွမှုများ သယ်ဆောင်လာသည်။ ဤသည်မှာ အရာအားလုံး ဖြစ်တည်လာပြီး ရှင်သန်ကြီးထွားလာသည့် မြင်ကွင်းဖြစ်သည်။ တိရစ္ဆာန်ပေါင်းစုံသည်လည်း နွေဦး၏နွေးထွေးမှုကို ခံစားပြီး နှစ်သစ်တစ်ခုကို စတင်ရန်အတွက် သူတို့၏တွင်းများထဲမှ ထွက်လာသည်။ သက်ရှိသတ္တဝါအားလုံးသည် နွေရာသီတွင် နေပူစာလှုံကြပြီး ရာသီဥတုက သယ်ဆောင်လာသည့် နွေးထွေးမှုကို နှစ်သက်ခံစားကြသည်။ သူတို့ လျင်မြန်စွာ ကြီးထွားကြ သည်။ သစ်ပင်များ၊ မြက်ပင်များနှင့် အပင်အမျိုးအစား အားလုံးသည် အလွန်လျင်မြန်စွာ ကြီးထွားလာ ပြီးနောက်တွင် ဖူးပွင့်ပြီး အသီးသီးကြသည်။ လူသားတို့ အပါအဝင် သက်ရှိသတ္တဝါအားလုံးသည် နွေရာသီတွင် အလွန်အလုပ်ရှုပ်ကြသည်။ ဆောင်းဦးရာသီတွင် မိုးသည် ဆောင်းဦးရာသီ၏ အေးမြမှုကို သယ်ဆောင်လာပြီး သက်ရှိသတ္တဝါအမျိုးအစားအားလုံးသည် ရိတ်သိမ်းရာသီကို စတင်တွေ့ကြုံလာကြသည်။ အရာအားလုံးသည် အသီးသီးကြပြီးလျှင် ဆောင်းရာသီအတွက် အစားအစာကို ကြိုတင်ပြင်ဆင်ရန်အလို့ငှာ လူသားတို့သည် ဤအသီးအနှံအမျိုးအစား အမျိုးမျိုးကို စတင်ရိတ်သိမ်းကြသည်။ ဆောင်းရာသီတွင် အရာအားလုံးသည် တိတ်ဆိတ်စွာနေ ရန်အတွက် အေးမြခြင်းတွင် တဖြည်းဖြည်း စတင်ခိုနားလာ ကြပြီး ဤရာသီတွင် လူများလည်း အနားယူကြသည်။ နွေဦးရာသီမှ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီကို ကူးပြောင်းခြင်းများဖြစ်သည့် ပြောင်းလဲမှုများက ဘုရားသခင် တည်ထောင်ခဲ့သည့် နိယာမများအရ ဖြစ်ပေါ်ကြသည်။ ဤနိယာမများကို အသုံးပြု၍ သက်ရှိသတ္တဝါနှင့် လူသားအားလုံးကို သူဦးဆောင်ပြီး မတူညီသည့်အပူချိန်၊ မတူညီသောဥတုများရှိသည့် ရပ်တည် ရှင်သန်နိုင်သော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရင်း လူသားတို့အတွက် အရောင်စုံလင် ကြွယ်ဝလှသည့် ဘဝကို တည်ထောင်ခဲ့သည်။ ဤအစီအစဉ်တကျပြုလုပ်ထားသည့်၊ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်အောက်တွင် လူသားများသည်လည်း အစီအစဉ်တကျနှင့် ရှင်သန်နိုင်၊ ပွားများနိုင်သည်။ လူသားများက ဤနိယာမများကို မပြောင်းလဲနိုင်၊ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် အဘယ်အရာမျှ ဤအရာများကို မချိုးဖောက်နိုင်ပေ။ ကမ္ဘာကြီးတွင် မည်သည့်အစွန်းရောက်သော ပြောင်းလဲမှုများ ဖြစ်ပွားပါစေ၊ ဤနိယာမများက ဆက်လက်တည်ရှိနေပြီး ဘုရားသခင်တည်ရှိသည့်အတွက် ဤနိယာမများ တည်ရှိသည်။ ဤအရာသည် ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏ စီမံခန့်ခွဲမှုကြောင့်ဖြစ်သည်။ ဤကဲ့သို့သော အစီအစဉ်ကျပြီး ပိုမိုကြီးမားသည့် ပတ်ဝန်းကျင်မျိုးတွင် လူသားတို့၏ ဘဝများသည် ဤနိယာမနှင့်စည်းမျဉ်းများအတွင်းတွင် ရှေ့ဆက်သွား သည်။ ဤနိယာမများသည် လူသားမျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို ပြုစုပျိုးထောင်ပေးခဲ့ပြီး ဤနိယာမ အတွင်းတွင် လူသားမျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ရပ်တည်ခဲ့ကြသည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အစီအစဉ်တကျဖြစ်သော ရှင်သန်ရပ်တည်နိုင်သည့် ဤပတ်ဝန်းကျင်နှင့် ဖြစ်တည်မှုများကို လူတို့သည် လူသားမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နှစ်သက်ခံစား ခဲ့ကြသည်။ ဤနိယာမအမျိုးအစားများသည် အစကတည်းက တည်ရှိနေသည်ကို လူများခံစားကြရ သော်လည်း၊ ဤအရာများကို လုံးဝ မနှစ်သက်ကြ သော်လည်း၊ ဤနိယာမများကို ဘုရားသခင်သည် စီစဉ်ကိုင်တွယ်နေပြီး စိုးမိုးထားသည်ကို သူတို့မခံစားနိုင် သော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် ဤမပြောင်းလဲသည့်အမှုကို အမြဲတမ်း အာရုံစိုက်နေသည်။ ဤမပြောင်းလဲသည့် အမှုတွင် သူ၏ရည်ရွယ်ချက်က လူသားတို့ ရှေ့ဆက်နိုင်ရန်အလို့ငှာ လူသားတို့၏ ဆက်လက်ရှင်သန်နိုင်ရေးအတွက်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၀)

ပထမဦးဆုံး ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များ၊ အင်းအိုင်များ အတွက် နယ်နိမိတ်စည်းများ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေကြီး ပေါ်တွင် တောင်များ၊ လွင်ပြင်များ၊ သဲကန္တာရများ၊ တောင်ကုန်းများနှင့် ရေအစုအဝေးများအမျိုးမျိုးရှိသည်။ ၎င်းတို့မှာ မတူညီသည့် မြေပြင်အနေအထားများ မဟုတ်ပေလော။ ဘုရားသခင်သည် ဤမတူညီသည့် မြေပြင်အနေအထား အမျိုးအစားများကြားတွင် နယ်နိမိတ် စည်းများ ရေးဆွဲခဲ့သည်။ နယ်နိမိတ်စည်းများ ရေးဆွဲသည့် အကြောင်းကို ပြောသည့်အခါ တောင်များတွင် သူတို့၏ အကန့်အသတ်ဘောင်များရှိသည်၊ လွင်ပြင်များတွင် သူတို့၏ အကန့်အသတ်ဘောင်များ ရှိသည်၊ သဲကန္တာရများတွင် အတိုင်းအတာတစ်ချို့ရှိပြီး တောင်ကုန်းများတွင် ပုံသေနေရာတစ်ခု ရှိသည်ဟု ဆိုလိုသည်။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ပုံသေပမာဏ နှင့် ရေအစုအဝေးများလည်း ရှိသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ အရာအားလုံးကို အလွန် ရှင်းလင်းတိကျစွာ ခွဲခြမ်းခဲ့သည်။ တောင်တစ်ခု၏အချင်းဝက်က ကီလိုမီတာ မည်မျှရှိသည်၊ သူ၏အတိုင်းအတာက မည်မျှရှိသည် စသည်တို့ကို ဘုရားသခင်က ပိုင်းခြားသတ်မှတ်ပြီးဖြစ်သည်။ လွင်ပြင်တစ်ခု၏ အချင်းဝက်က ကီလိုမီတာ မည်မျှ ရှိသည်နှင့် သူ၏အတိုင်းအတာကိုလည်း သူပိုင်းခြား သတ်မှတ်ပြီး ဖြစ်သည်။ အရာအားလုံးကို ဖန်ဆင်း သည့်အခါတွင်လည်း သဲကန္တာရ၏ အတိုင်းအတာနှင့် တောင်ကုန်းတို့၏အတိုင်းအတာ၊ သူတို့၏ ပမာဏများ၊ အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည် စသည်တို့ကို သူသတ်မှတ်ခဲ့သည်၊ ဤအရာများ အားလုံးကိုလည်း သူသတ်မှတ်ခဲ့သည်။ မြစ်များနှင့် အင်းအိုင်များ၏ အတိုင်းအတာကိုလည်း ဤအရာများကို သူဖန်ဆင်းခဲ့သည့်အချိန်တွင် သတ်မှတ်ခဲ့သည်၊ သူတို့အားလုံးတွင် နယ်နိမိတ်စည်းများ ရှိကြသည်။ ဤသို့ဆိုလျှင် “နယ်နိမိတ်စည်းများ” ဟု ပြောသည့်အခါ အဘယ်အရာကိုဆိုလိုသနည်း။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စည်းမျဉ်းပုံစံက အရာအားလုံးအတွက် နိယာမများကို ချမှတ်နေခြင်းဖြစ်ကြောင်းကို ခုတင်ပြောခဲ့ကြသည်။ ဆိုလိုသည်မှာ တောင်များ၏ အတိုင်းအတာနှင့် နယ်နိမိတ်စည်းများသည် ကမ္ဘာ၏လည်ပတ်မှုကြောင့် သို့မဟုတ် အချိန်ကုန်လွန်မှုကြောင့် ကျယ်မသွား သို့မဟုတ် လျော့မသွားပေ။ ဤအရာသည် ပုံသေဖြစ်သည်။ ဤ “ပုံသေဖြစ်မှု” က ဘုရားသခင်၏ စည်းမျဉ်းဖြစ်သည်။ လွင်ပြင်များ၏ နေရာများအတွက်မူ၊ သူတို့၏ အတိုင်းအတာက အဘယ်အရာဖြစ်သည်၊ သူတို့ကို အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည်ဆိုသည်ကို ဘုရားသခင်သည် သတ်မှတ်ထားပြီးဖြစ်သည်။ သူတို့တွင် နယ်နိမိတ်စည်း တစ်ခုရှိသည်။ အဖုအထစ်တစ်ခုက လွင်ပြင်အလယ်တွင် သူ့ဘာသာ ပေါ်ထွက်လာမည် မဟုတ်ပေ။ လွင်ပြင်က ရုတ်တရက် တောင်အဖြစ် ပြောင်းသွားမည် မဟုတ်ပေ၊ ဤသို့ ဖြစ်မည်မဟုတ်ပေ။ ယခုတင်ပြောခဲ့သည့် နိယာမများနှင့် နယ်နိမိတ်စည်းများက ဤအရာကို ရည်ညွှန်းသည်။ သဲကန္တာရနှင့်ပတ်သက်၍မူ သဲကန္တာရ၏ အခန်းကဏ္ဍ သို့မဟုတ် အခြားမြေပုံစံ အနေအထားများ သို့မဟုတ် ပထဝီဝင်ဆိုင်ရာနေရာများကို ဤနေရာ၌ ပြောမည်မဟုတ်ဘဲ သူတို့၏ နယ်နိမိတ်စည်းများကိုသာ ပြောမည်ဖြစ်သည်။ ဘုရားသခင်၏ စည်းမျဉ်းအောက်တွင် သဲကန္တာရ၏ အတိုင်းအတာသည်လည်း ကျယ်လာမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အား သူ၏နိယာမ၊ သူ၏အတိုင်းအတာကို ပေးအပ်ပြီးဖြစ်၍ ဖြစ်သည်။ သူ၏နေရာက မည်မျှကျယ်သည်နှင့် သူ၏ အခန်းကဏ္ဍက အဘယ်အရာဖြစ်သည်၊ အဘယ်အရာနှင့် နယ်နိမိတ်ကန့်သတ်ထားသည်၊ အဘယ်အရပ်မှာ ရှိသည် စသည့်အရာများကို ဘုရားသခင်သည် သတ်မှတ်ထားပြီး ဖြစ်သည်။ သူသည် သူ၏အတိုင်းအတာကို ကျော်သွားမည် မဟုတ်ပေ။ သူ၏အနေအထားကို ရွှေ့မည်မဟုတ်ဘဲ၊ သူ၏အကျယ်အဝန်းကို သူ့ဘာသာ ချဲ့ထွင်မည်မဟုတ်ပေ။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ရေများ၏ စီးဆင်းမှုများသည် အစီအစဉ်တကျပြုလုပ်ထားပြီး အဆက်မပြတ် ဖြစ်ပေါ်နေသော်လည်း၊ သူတို့၏နယ်မြေ သို့မဟုတ် သူတို့၏ နယ်နိမိတ်စည်းများကို မည်သည့်အခါမျှ ကျော်မသွားဖူးပေ။ သူတို့အားလုံးက သူတို့စီးဆင်းရမည့် ဦးတည်ချက်အတိုင်း စီးဆင်းရင်း အစီအစဉ်တကျပုံစံနှင့် ဦးတည်ချက် တစ်ခုတည်းသို့စီးဆင်းသည်။ ထို့ကြောင့် ဘုရားသခင်၏ စည်းမျဉ်း၏ နိယာမများအောက်တွင် မြစ်များ သို့မဟုတ် အင်းအိုင်များက အလိုလို ခြောက်သွေ့သွားမည်မဟုတ်ပေ။ သို့မဟုတ် ကမ္ဘာ၏လည်ပတ်ခြင်း၊ အချိန်ကုန်ဆုံးခြင်းတို့ကြောင့် သူ၏ဦးတည်ချက် သို့မဟုတ် သူ၏စီးဆင်းမှုပမာဏကို အလိုလို ပြောင်းလဲမည်မဟုတ်ပေ။ ဤအရာများ အားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကြားတွင် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာအားလုံး၌ သူတို့၏ သတ်မှတ်ထား သည့်နေရာ၊ အကျယ်အဝန်းနှင့် အတိုင်းအတာများ ရှိကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ သူတို့၏ နယ်နိမိတ် စည်းများကို သတ်မှတ်ခဲ့ပြီး အလိုလို ပုံစံတစ်မျိုး ပြောင်းခြင်း၊ အသစ်ပြန်ဖြစ်ခြင်း၊ ပြောင်းလဲခြင်းတို့ မဖြစ်နိုင်ပေ။ “အလိုလို” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ရာသီဥတု၊ အပူချိန် သို့မဟုတ် ကမ္ဘာ၏လည်ပတ်မှု မြန်နှုန်းကြောင့် ရမ်းသမ်း၍ ရွှေ့ခြင်း၊ ချဲ့ခြင်း သို့မဟုတ် သူတို့၏မူလနဂိုပုံစံကို ပြောင်းလဲခြင်း ဖြစ်မည်မဟုတ်ဟု ဆိုလိုသည်။ ဥပမာ တောင်တစ်လုံး၌ သူ့အမြင့်နှင့်သူရှိသည်၊ အောက်ခြေက သူ့နေရာနှင့်သူရှိသည်၊ သူ၏ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်ခုရှိပြီး သူ့အပင်ပမာဏနှင့်သူရှိသည်။ ဤအရာများ အားလုံးကို ဘုရားသခင် စီစဉ်ပြီးတွက်ချက်ခဲ့ခြင်းဖြစ်ပြီး သူ၏အမြင့်သို့မဟုတ် အကျယ်အဝန်းက သူ့အလိုလို ပြောင်းလဲသွားမည် မဟုတ်ပေ။ လွင်ပြင်များအတွက်မူ လူအများစုသည် လွင်ပြင်များတွင် နေထိုင်ကြပြီး ရာသီဥတု ပြောင်းလဲခြင်းက သူတို့၏နေရာ သို့မဟုတ် သူတို့တည်ရှိမှု၏ တန်ဖိုးအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များနှင့် ဤမြေအနေအထားအမျိုးမျိုးတွင် ပါဝင်သည့် အရာများပင်လျှင် သူ့အလိုလို ပြောင်းလဲမည်မဟုတ်ပေ။ ဥပမာ သဲကန္တာရတွင် ပါဝင်သည့် အရာများ၊ မြေအောက်က တွင်းထွက်ပစ္စည်းများ၊ ပါဝင်သည့် သဲပမာဏ၊ သဲ၏အရောင်များ၊ ၎င်း၏အထူ၊ ဤအရာများက သူ့အလိုလို မပြောင်းလဲပေ။ အဘယ်ကြောင့် သူ့အလိုလို မပြောင်းလဲကြသနည်း။ ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဤမတူညီသည့် မြေပြင်အနေအထားများ နှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့ အားလုံးအတွင်းတွင် သူသည် စီစဉ်ထား၍ စနစ်တကျရှိသည့် နည်းလမ်းတစ်ရပ်ဖြင့် အရာအားလုံးကို စီမံခန့်ခွဲနေသည်။ ထို့ကြောင့် ဤပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံရပြီးနောက်တွင် နှစ်ထောင်ချီ၍၊ နှစ်သောင်းချီ၍ တည်ရှိနေဆဲဖြစ်သည်။ သူတို့သည် သူတို့၏ အခန်းကဏ္ဍတစ်ခုစီကို လုပ်ဆောင်နေဆဲဖြစ်သည်။ အချို့အချိန်ကာလအတွင်းတွင် မီးတောင်များ ပေါက်ကွဲသော်လည်း၊ အချို့ကာလ အတွင်းတွင် ငလျင်လှုပ်မှုများ ဖြစ်ပေါ်သော်လည်း၊ ကြီးမားသည့် ကုန်းမြေရွေ့ပြောင်းမှုများ ရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်မြေအနေအထားကိုမဆို သူ၏ နဂိုလုပ်ဆောင်မှုများကို လုံးဝ ဆုံးရှုံးခွင့်ပြုမည်မဟုတ်ပေ။ ဘုရားသခင်၏ ဤစီမံခန့်ခွဲမှု၊ ဤနိယာမများအပေါ် သူ၏စိုးမိုးမှုနှင့် ဆုပ်ကိုင်ထားမှုများကြောင့် လူသားမျိုးနွယ် မှ ခံစားသည့်၊ လူသားမျိုးနွယ်မှ မြင်တွေ့ရသည့် ဤအရာအားလုံးသည် ကမ္ဘာမြေကြီးအပေါ်တွင် အစီအစဉ် တကျပုံစံနှင့် ရပ်တည်နိုင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် ကမ္ဘာတွင်ဖြစ်တည်နေသည့် ဤမြေအနေအထား အမျိုးမျိုးအားလုံးကို မည်သည့်အတွက်ကြောင့် ဤနည်းလမ်းနှင့် စီမံသနည်း။ ရည်ရွယ်ချက်မှာ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးတွင် ရပ်တည်ရှင်သန်နေသည့် သက်ရှိသတ္တဝါများ အားလုံးသည် တည်ငြိမ်သည့် ပတ်ဝန်းကျင်ကို ရရှိပြီး ဤတည်ငြိမ်သည့် ပတ်ဝန်းကျင်တွင် ဆက်လက်ရှင်သန်ပြီး ပွားများနိုင်ကြရန်အတွက် ဖြစ်သည်။ ရွေ့လျားနိုင်သည့် သက်ရှိများ၊ မရွေ့လျားနိုင်သည့်သက်ရှိများ၊ မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူသည့်အရာများနှင့် မရှူသည့်အရာများ၊ ဤအရာအားလုံးသည် လူသားမျိုးနွယ် ရှင်သန်ရေးအတွက် တမူထူးခြားသည့် ပတ်ဝန်းကျင် တစ်ခုကို ပြုလုပ်ဖန်တီးကြသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးကသာ လူသားမျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို ပြုစုပျိုးထောင်နိုင်ပြီး ဤသို့သော ပတ်ဝန်းကျင်မျိုးကသာ လူသားများကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ငြိမ်းချမ်းစွာနှင့် ဆက်လက် ရှင်သန်စေနိုင်သည်။

ယခု ပြောခဲ့သည့်အကြောင်းအရာက အတော်အတန် ကျယ်ပြန့်သည့် အကြောင်းအရာဖြစ်သည်။ ထို့ကြောင့် သင်တို့အတွက် အလှမ်းဝေးကောင်းဝေးနေနိုင်သည်။ သို့သော် သင်တို့ နားလည်နိုင်သည် မဟုတ်လော။ ဆိုလိုသည်မှာ အရာအားလုံးအပေါ် သူ၏အုပ်စိုးမှုထဲတွင် ရှိသည့် ဘုရားသခင်၏နိယာမတရားများသည် အလွန် အရေးကြီးသည်။ အလွန်အရေးကြီးသည်။ ဤနိယာမများ အတွင်းတွင် သက်ရှိအားလုံးကြီးထွားရန်အတွက် ကြိုတင်သတ်မှတ်ချက်က အဘယ်အရာနည်း။ ဤသည်မှာ ဘုရားသခင်၏ စည်းမျဉ်းကြောင့်ဖြစ်သည်။ သူ၏ စည်းမျဉ်းအတွင်းတွင် အရာအားလုံးသည် သူတို့၏ကိုယ်ပိုင် လှုပ်ရှားလည်ပတ်မှုများကို လုပ်ဆောင်ကြခြင်းသည် သူ၏စည်းမျဉ်းကြောင့်ဖြစ်သည်။ ဥပမာ တောင်များက သစ်တောများကို ပျိုးထောင်ပေးသည်။ သစ်တောများက တစ်လှည့် သူတို့ထဲတွင် နေထိုင်ကြသည့် ငှက်နှင့် သားရဲတိရစ္ဆာန်များကို စောင့်ရှောက်သည်။ လွင်ပြင်များက လူသားတို့ ကောက်ပဲသီးနှံများ စိုက်ပျိုးရန်အတွက်နှင့် ငှက်နှင့် သားရဲအမျိုးမျိုးတို့အတွက် ပြင်ဆင်ထားသည့် ဇာတ်စင်တစ်ခု ဖြစ်သည်။ လွင်ပြင်များသည် လူသားအများစုကို ပြန့်ပြူးသည့် မြေပေါ်တွင် နေခွင့်ပေးပြီး လူများ၏ဘဝများကို အဆင်ပြေစေသည်။ လွင်ပြင်များတွင် မြက်ခင်းပြင်များလည်း ပါဝင်သည်။ အလွန်ကြီးမားသည့် မြက်ခင်းပြင်များ ဖြစ်သည်။ မြက်ခင်းပြင်များသည် ကမ္ဘာမြေကြီး၏ သဘာဝပေါက်ပင်များ ဖြစ်သည်။ သူတို့သည် မြေကြီးကို ကာကွယ်ပေးပြီး မြက်ခင်းပြင်များပေါ်တွင်နေသည့် ကျွဲနွား၊ သိုးနှင့် မြင်းများကို ပြုစုစောင့်ရှောက်သည်။ သဲကန္တာရသည်လည်း သူ၏တာဝန်ကို ဆောင်ရွက်သည်။ သဲကန္တာရမှာ လူသားများ နေထိုင်ရန်အတွက် နေရာမဟုတ်ပေ။ သူ၏တာဝန်က စိုစွတ်သည့်ရာသီဥတုများကို ပိုမိုခြောက်သွေ့စေရန်ဖြစ်သည်။ မြစ်များနှင့် အင်းအိုင်တို့၏ စီးဆင်းမှုသည် လူသားများ၏ သောက်ရေအတွက် အဆင်ပြေစေသည်။ သူတို့စီးဆင်းသည့်အရပ်တိုင်းတွင် လူများ၌ သောက်ရန်ရေရှိမည် ဖြစ်ပြီး ဤစီးဆင်းမှုများက အရာအားလုံး၏ ရေလိုအပ်မှုကို ဖြည့်ဆည်းရာ၌ အထောက်အကူပြု၏။ ယင်းတို့သည် မြေအနေအထား အမျိုးမျိုးအတွက် ဘုရားသခင်ရေးဆွဲထားသည့် နယ်နိမိတ်စည်းများ ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၁)

ဘုရားသခင် ရေးဆွဲထားသည့် ဤနယ်နိမိတ် စည်းများကြောင့် မြေအနေအထားအမျိုးမျိုးသည် အသက်ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များကို ထုတ်လုပ်ပေးပြီး ဤရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်များသည် ငှက်များနှင့် သားရဲတိရစ္ဆာန် အမျိုးမျိုးတို့အတွက် အဆင်ပြေ၍ ရှင်သန်ရပ်တည်ရေး အတွက် နေရာတစ်နေရာကိုလည်း သယ်ဆောင်ပေးသည်။ ဤအရာမှ သက်ရှိသတ္တဝါအမျိုးမျိုး၏ ရှင်သန်ရပ်တည်နိုင် သည့် ပတ်ဝန်းကျင်သည် ဖွံ့ဖြိုးတိုးတက်လာသည်။ ဤသည်မှာ နောက်ပြောမည့် ဒုတိယအချက်ဖြစ်သည်။ ဦးစွာအနေဖြင့် ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများက မည်သည့်နေရာတွင် နေထိုင်သနည်း။ သစ်တောများနှင့် တောအုပ်များတွင် နေကြသလော။ ဤအရာများက သူတို့၏ ဇာတိမြေနေရာများ ဖြစ်သည်။ ထို့ကြောင့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များအတွက် နယ်နိမိတ်စည်းမျဉ်းများ ပြုလုပ်ခြင်းအပြင် ဘုရားသခင်သည် ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များအားလုံးအတွက်လည်း နယ်နိမိတ်စည်းမျဉ်းများ ရေးဆွဲခဲ့သည်။ သဘာဝနိယာမ တရားများကိုလည်း သတ်မှတ်ခဲ့သည်။ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များကြားက မတူညီမှုများ၊ မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်တို့ တည်ရှိမှုကြောင့် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးများ၊ ပိုးမွှားများနှင့် အပင်တို့သည် ရှင်သန်ရပ်တည်မှု အတွက် မတူညီသည့် ပတ်ဝန်းကျင်တို့ ရှိကြသည်။ ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများသည် အပင်အမျိုးမျိုးကြားတွင် နေထိုင်ကြသည်၊ ငါးများက ရေတွင်နေပြီး အပင်များက ကုန်းမြေပေါ်တွင် ပေါက်သည်။ ကုန်းမြေတွင် တောင်များ၊ လွင်ပြင်များ၊ တောင်ကုန်းများကဲ့သို့ နေရာအမျိုးမျိုးပါဝင်သည်။ ထို့ကြောင့် ငှက်များနှင့် သားရဲတိရစ္ဆာန်တို့၌ သူတို့၏ သတ်မှတ်ထားသည့် မွေးရပ်မြေ ရှိသွားသည်နှင့် အခြားနေရာများကို လျှောက်ပြီး လှည့်လည်မသွားလာ တော့ပေ။ သူတို့၏ မွေးရပ်မြေက တောများနှင့် တောင်များဖြစ်သည်။ အကယ်၍ တစ်နေ့တွင် သူတို့၏ မွေးရပ်မြေက ဖျက်ဆီးခံရလျှင် ဤအစီအစဉ်က ပရမ်းပတာ ဖြစ်သွားပါလိမ့်မည်။ ဤအစီအစဉ်က ပရမ်းပတာဖြစ်သွား သည်နှင့်တစ်ပြိုင်နက် ဖြစ်လာမည့် အကျိုးဆက်များက အဘယ်အရာများနည်း။ မည်သူတို့ကို အရင်ဦးဆုံး ထိခိုက်မည်နည်း။ (လူသားမျိုးနွယ်ဖြစ်ပါသည်။) လူသားမျိုးနွယ်ဖြစ်သည်။ ဘုရားသခင်ချမှတ်ခဲ့သည့် ဤနိယာမများနှင့် အကန့်အသတ်များအတွင်းတွင် တမူထူးခြားသည့်ဖြစ်ရပ်မျိုး သင်တို့တွေ့ဖူးသလော။ ဥပမာ ဆင်များက သဲကန္တာရထဲတွင် ဤအတိုင်း လှည့်ပတ် သွားလာနေခြင်းမျိုး။ ဤအရာကို သင်တို့ တွေ့ဖူးသလော။ ဤကဲ့သို့သာဆိုလျှင် အလွန်ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်နေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆင်များက တောထဲတွင်နေထိုင်ပြီး ဤနေရာက သူတို့အတွက် ဘုရားသခင်ပြင်ဆင်ထားခဲ့သည့် အသက်ရှင်သန်ရေး အတွက် ပတ်ဝန်းကျင်ဖြစ်သောကြောင့်ဖြစ်သည်။ သူတို့၌ ရှင်သန်ရေးအတွက် သူ့ပတ်ဝန်းကျင်နှင့်သူရှိပြီး သတ်မှတ်ထားသည့် သူ့မွေးရပ်မြေနှင့်သူရှိသည်။ ထို့ကြောင့် ဆင်က အဘယ်ကြောင့် လျှောက်ပြီး သွားလာနေမည်နည်း။ ခြင်္သေ့ သို့မဟုတ် ကျားများက ပင်လယ်ဘက်တွင် လှည့်လည်သွားလာနေကြခြင်းကို မည်သူမြင်ဖူးသနည်း။ မည်သူမျှ မမြင်ဖူးဘူး မဟုတ်လော။ ခြင်္သေ့နှင့် ကျားတို့၏ မွေးရပ်မြေက သစ်တောများနှင့် တောင်များဖြစ်သည်။ ပင်လယ်ထဲတွင်ရှိသည့် ဝေလငါးများနှင့် ငါးမန်းများက သဲကန္တာရထဲတွင် သွားလာနေသည်ကို မြင်ဖူးကြသလော။ မည်သူမျှ ဤကဲ့သို့ မမြင်ဖူးကြဘူး မဟုတ်လော။ ဝေလငါးများနှင့် ငါးမန်းများက ပင်လယ်ထဲတွင် သူတို့အိမ်ကိုပြုလုပ်ကြသည်။ လူတို့၏ သက်ရှိ ပတ်ဝန်းကျင်တွင် ဝက်ဝံညိုများနှင့်အတူတူ နေသည့်လူများ ရှိသလော။ သူတို့အိမ်များ၏ အတွင်းအပြင်တွင် ဒေါင်းများ သို့မဟုတ် အခြားငှက်များ အမြဲတမ်းဝန်းရံနေသည့် လူများ ရှိသလော။ လင်းယုန်များ သို့မဟုတ် တောငန်းများသည် မျောက်များနှင့် ဆော့ကစားနေကြသည်ကို မည်သူမြင်ဖူး သနည်း။ (မမြင်ဖူးပါ။) ဤကဲ့သို့သာဆိုလျှင် ဤအရာများအားလုံးက တမူထူးဆန်းနေသည့် ဖြစ်ရပ်များ ဖြစ်နေမည်ဖြစ်သည်။ သင်တို့၏အမြင်များတွင် တမူထူးခြားသည့်ဖြစ်ရပ်များကို ငါပြောပြရသည့် အကြောင်းရင်းက ဘုရားသခင်ဖန်ဆင်းခဲ့သည့် သတ္တဝါအားလုံးသည် တစ်နေရာထဲတွင် ပုံသေသတ်မှတ်ခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူနိုင်သည်ဖြစ်စေ၊ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သူတို့အားလုံးတွင် နိယာမများရှိသည်ကို သင်တို့ နားလည်စေရန်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို ဘုရားသခင်မဖန်ဆင်းခင် ရှေးယခင်ကတည်းက သူတို့၏ ကိုယ်ပိုင်မွေးရပ်မြေအတွက်၊ သူတို့၏ ကိုယ်ပိုင်ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင် အတွက် သူပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဤသက်ရှိ သတ္တဝါများသည် သူတို့၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သတ်မှတ်ထားသည့် ကိုယ်ပိုင်ပတ်ဝန်းကျင်၊ သူတို့၏ ကိုယ်ပိုင်အစားအစာ၊ သတ်မှတ်ထားသည့် ကိုယ်ပိုင် မွေးရပ်မြေများ၊ သူတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် သင့်တော်သော သတ်မှတ်ထားသည့် ကိုယ်ပိုင်နေရာများ၊ သူတို့ရှင်သန်ရပ်တည်ရန်အတွက် သင့်တော်သည့် အပူချိန် နှင့် နေရာများရှိကြသည်။ ဤနည်းအားဖြင့် သူတို့သည် လျှောက်ပြီး လှည့်လည်သွားလာခြင်း သို့မဟုတ် လူသားတို့၏ရှင်သန်ရပ်တည်ရေးကို ထိခိုက်ခြင်း သို့မဟုတ် သူတို့၏အသက်ရှင်သန်မှုများကို သက်ရောက်စေခြင်းတို့ ပြုမည်မဟုတ်ပေ။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင် စီမံသည့် ပုံစံပင်ဖြစ်သည်။ လူသားတို့ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အကောင်းဆုံး ပတ်ဝန်းကျင်ကို ထောက်ပံ့ရန်ဖြစ်သည်။ အရာအားလုံး ထဲက သက်ရှိသတ္တဝါတိုင်းတွင် ရှင်သန်ရပ်တည်နိုင်ရန် အတွက် သူတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်အတွင်းတွင် အသက်ရှင်သန်နိုင်သည့် အစားအစာများ ရှိကြသည်။ ဤအစားအစာများနှင့်အတူ အသက်ရှင်ရပ်တည်နိုင်ရေး အတွက် သူတို့၏ ဇာတိပတ်ဝန်းကျင်အတွင်းတွင် သူတို့ကို သတ်မှတ်ထားသည်။ ဤကဲ့သို့ ပတ်ဝန်းကျင် အမျိုးအစားတွင် သူတို့သည် ဘုရားသခင် သူတို့အတွက် ချမှတ်ခဲ့သည့် နိယာမများနှင့်အညီ ရှင်သန်ဆဲ၊ ပွားများဆဲ၊ ရှေ့ဆက်နေကြဆဲ ဖြစ်သည်။ ဤနိယာမ အမျိုးအစား များကြောင့်၊ ဘုရားသခင်၏ ခွဲခန့်မှတ်သားထားခြင်း ကြောင့်၊ အရာအားလုံးသည် လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်စွာ ပြုမူလှုပ်ရှားပြီး လူသားမျိုးနွယ်နှင့် အရာအားလုံးသည် အပြန်အလှန် မှီခိုနေကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၂)

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့ပြီး သူတို့အတွက် နယ်နိမိတ်စည်းများကို တည်ထောင်ခဲ့သည်၊ သူတို့အထဲတွင် သူသည် သက်ရှိအမျိုးအစားအားလုံးကို ပြုစုစောင့်ရှောက်ခဲ့သည်။ ထိုအတောအတွင်း သူသည် လူသားတို့အတွက် မတူညီသည့် ရှင်သန်ရပ်တည်နိုင်ရေး နည်းလမ်းတို့ကိုလည်း ပြင်ဆင်ခဲ့သည်၊ ထို့ကြောင့် လူသားများ ရှင်သန်ရပ်တည်ရန်အတွက် နည်းလမ်း တစ်ခုသာ ရှိခြင်းမဟုတ်သည်ကို သင်မြင်နိုင်၏။ သူတို့တွင် ရှင်သန်ရပ်တည်နိုင်ရန် ပတ်ဝန်းကျင်အမျိုးအစား သည်လည်း တစ်ခုသာ ရှိသည်မဟုတ်ပေ။ လူသားတို့၏ ဘဝကို အသွေးအသားနှင့် ဆက်လက်ရှင်သန်နိုင်စေ ရန်အတွက် အလွန်အရေးကြီးသည့် အစားအစာနှင့် ရေအရင်းအမြစ် အမျိုးအစား အမျိုးမျိုးကို ဘုရားသခင် ပြင်ဆင်သည့်အကြောင်းကို ယခင်က ပြောခဲ့သည်။ သို့သော် ဤလူသားမျိုးနွယ်ထဲတွင် လူအားလုံးက အစေ့အဆန်များ နှင့်သာ ရပ်တည်စားသောက်နေကြသည် မဟုတ်ပေ။ လူများတွင် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် မြေပြင်အနေအထားများကြောင့် မတူညီသည့် ရှင်သန် ရပ်တည်နိုင်ရေး နည်းလမ်းများ ရှိကြသည်။ ဤရှင်သန် ရပ်တည်နိုင်ရေး နည်းလမ်းများအားလုံးကို ဘုရားသခင် ပြင်ဆင်ပြီး ဖြစ်သည်။ ထို့ကြောင့် လူသားအားလုံးက လယ်စိုက်ပျိုးရေးကိုသာ လုပ်ကိုင်ကြသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားအားလုံးက ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းမှသာ အစားအစာကို ရရှိခြင်းမဟုတ်ပေ။ ဤအရာသည် ယခုပြောဆိုမည့် တတိယအချက်ဖြစ်သည်။ လူသားတို့၏ ရှင်သန်နေထိုင်မှုပုံစံအမျိုးမျိုးမှ နယ်နိမိတ်စည်းမျဉ်းများ ဖြစ်ပေါ်လာသည်။ ဤသို့ဆိုလျှင် လူသားများတွင် အခြား မည်သည့် ဘဝနေထိုင်မှုပုံစံ အမျိုးအစားများ ရှိသနည်း။ လူသားများတွင် အခြား မည်သည့်အစားအစာအရင်းအမြစ် အမျိုးအစားများ ရှိသနည်း။ အဓိကအမျိုးအစားအချို့ ရှိသည်။

ပထမဆုံးက အမဲလိုက်သည့် ဘဝနေထိုင်မှုပုံစံ ဖြစ်သည်။ အားလုံး ဤအရာကို သိသည်။ သိကြသည် မဟုတ်လော။ သင်တို့အားလုံးက ခေတ်မီလူသားများ ဖြစ်သည်။ မည်သို့အမဲလိုက်သည်၊ သေနတ်ကို မည်သို့ကိုင်ရသည်ကို သင်တို့မသိပေ။ သင်တို့၏ အစားအစာအရင်းအမြစ်များကို မြေကြီးမှ ထုတ်လုပ်ခြင်း ဖြစ်သည်။ အမဲလိုက်ခြင်းနှင့် အသက်မွေးသည့်သူများက အဘယ်အရာကို စားသနည်း။ (တောကောင်။) သူတို့က တောထဲတွင်ရှိသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်တို့ကို စားသည်။ “တောကောင်” က ခေတ်စကားလုံးဖြစ်သည်။ မုဆိုးများက တောကောင်အနေနှင့် မတွေးပေ။ ယင်းတို့ကို အစားအစာအနေနှင့် သူတို့၏နေ့စဉ်အစားအစာအနေနှင့် တွေးသည်။ ဥပမာ သူတို့ သမင်တစ်ကောင် ရသည်။ သူတို့ ဤသမင်ကို ရသည့်အခါတွင် လယ်သမားက မြေကြီးထဲမှ ကောက်ပဲသီးနှံတို့ကို ရသကဲ့သို့ပင်ဖြစ်သည်။ လယ်သမား တစ်ယောက်က မြေကြီးထဲမှ ကောက်ပဲသီးနှံများကိုရပြီး သူ၏ကောက်ပဲသီးနှံများကို မြင်ရသည့်အခါတွင် ပျော်ရွှင်ပြီး စိတ်ကျေနပ်မှုရသည်။ စားစရာ ကောက်ပဲသီးနှံများ ရှိသည့်အတွက် မိသားစုသည် ဆာလောင်မည်မဟုတ်ပေ။ သူ့နှလုံးသားက စိတ်သက်သာရာရပြီး ကျေနပ်မှုရရှိသည်။ မုဆိုးတစ်ဦးသည်လည်း သူဖမ်းမိသည့်အကောင်ကို ကြည့်သည့်အခါတွင် စိတ်သက်သာ ကျေနပ်မှုကိုရရှိသည်။ အဘယ်ကြောင့်ဆိုလျှင် အစားအစာအတွက် စိတ်ပူစရာ မလိုတော့၍ဖြစ်သည်။ နောက်တစ်ခါ စားရန်အတွက် စားစရာရှိသည်။ ဆာလောင်မည်မဟုတ်တော့ပေ။ ဤသူမှာ အသက်မွေးရန်အတွက် အမဲလိုက်သူဖြစ်သည်။ အမဲလိုက်ပြီး အစာရှာသည့်သူအများစုက တောင်ပေါ် သစ်တောများတွင် နေထိုင်သည်။ သူတို့သည် လယ်စိုက်ပျိုးခြင်း မလုပ်ကြပေ။ ထိုနေရာတွင် စိုက်ပျိုးနိုင်သည့်မြေကို ရှာဖွေတွေ့ရှိရန် မလွယ်ပေ။ ထို့ကြောင့် သူတို့သည် သက်ရှိအမျိုးမျိုး၊ သားကောင်အမျိုးမျိုးတို့အပေါ်တွင် ရှင်သန်ရပ်တည်သည်။ ဤသည်မှာ သာမန်လူသားတို့နှင့် ကွဲပြားသည့် ပထမ ဘဝနေမှုပုံစံဖြစ်သည်။

ဒုတိယအမျိုးအစားက မွေးမြူရေး ဘဝနေမှုပုံစံ ဖြစ်သည်။ အသက်မွေးရန်အတွက် မွေးမြူရေးလုပ်သူများက လယ်စိုက်ပျိုးခြင်း လုပ်ကြသလော။ (မလုပ်ကြပေ။) ဤသို့ဆိုလျှင် သူတို့ဘာလုပ်သနည်း။ ဤနေရာ၌ မွန်ဂိုလူမျိုးပါသည်ဆိုလျှင် သင်တို့၏ လှည့်လည်သွားလာတတ်သည့် ဘဝနေမှုပုံစံကို အနည်းငယ် ပြောနိုင်သည်။ (အများအားဖြင့် ကျွန်ုပ်တို့သည် အသက်မွေးဝမ်းကျောင်းအတွက် ကျွဲနွားနှင့်သိုးများကို မွေးမြူပါသည်။ လယ်စိုက်ပျိုးခြင်း မလုပ်ကြပါ။ ဆောင်းရာသီ၌ ကျွန်ုပ်တို့၏ မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ်ပြီး စားသောက်ပါ၏။ ကျွန်ုပ်တို့၏ အဓိကအစားအစာမှာ အမဲသားနှင့် သိုးသားဖြစ်ပါ၏။ နွားနို့လက်ဖက်ရည် သောက်ပါ၏။ မွေးမြူရေးသမားများက လေးရာသီလုံး အလုပ်ရှုပ်နေသော်လည်း သူတို့က ကောင်းကောင်းစားကြသည်။ နွားနို့၊ နို့ထွက်ပစ္စည်း သို့မဟုတ် အသားတို့ပြတ်လတ်ခြင်းမရှိကြပေ။) မွန်ဂိုလူမျိုးများက အမဲသားနှင့် သိုးသားကို အဓိကစားသည်။ နွားနို့နှင့် သိုးနို့သောက်သည်။ သူတို့၏မျက်နှာတွင် နေရောင်ကျရောက်နေလျက် သူတို့၏ ဆံပင်ကို လေတိုက်နေလျက် သူတို့၏တိရစ္ဆာန်များကို မွေးမြူထိန်းကျောင်းရန်အတွက် ကွင်းပြင်ထဲတွင်ရှိသည့် ကျွဲများနှင့် မြင်းများကို စီးကြသည်။ သူတို့တွင် ခေတ်ပေါ်ရှင်သန်နေထိုင်မှု၏ ဖိအားများမရှိပေ။ သူတို့သည် ကျယ်ပြန့်သည့် အပြာရောင် ကောင်းကင်ကြီးနှင့် မြက်ခင်းလွင်ပြင်များကိုသာ တစ်နေကုန် တွေ့မြင်ရသည်။ မွေးမြူရေးလုပ်ပြီး အသက်မွေးသူများ အများစုသည် မြက်ခင်းပြင်များပေါ်တွင်သာ နေကြပြီး မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် သူတို့၏လှည့်လည်သွားလာသည့် ဘဝနေမှုပုံစံအတိုင်း ဆက်လက်နေထိုင်နိုင်ကြသည်။ မြက်ခင်းပြင်များပေါ်က ဘဝသည် အနည်းငယ် အထီးကျန်သော်လည်း အလွန်ပျော်ရွှင်ရသည့် ဘဝလည်း ဖြစ်သည်။ ဆိုးဝါးသည့် ဘဝနေမှုပုံစံတစ်ခု မဟုတ်ပေ။

တတိယအမျိုးအစားမှာ ငါးဖမ်းခြင်း ဘဝနေမှုပုံစံ ဖြစ်သည်။ ပင်လယ်အနား သို့မဟုတ် သေးငယ်သည့် ကျွန်းများပေါ်တွင်နေထိုင်သည့် လူအနည်းငယ်ရှိသည်။ သူတို့က ရေများနှင့်ပတ်လည်ဝိုင်းနေပြီး ပင်လယ်ကြီးကို မျက်နှာမူနေသည်။ ဤလူအများက အသက်မွေး ဝမ်းကျောင်းအတွက် ငါးဖမ်းသည်။ အသက်မွေးဝမ်းကျောင်း အတွက် ငါးဖမ်းသည့် ဤလူများအတွက် အစားအစာ အရင်းအမြစ်က အဘယ်အရာနည်း။ ငါးအမျိုးအစား အားလုံး၊ ပင်လယ်စာနှင့် ရေထွက်ပစ္စည်းများ မဟုတ်လော။ ဟောင်ကောင်သည် တံငါရွာလေးသာ ဖြစ်ခဲ့စဉ်က ထိုအရပ်တွင်နေထိုင်သည့် လူများသည် အသက်မွေး ဝမ်းကျောင်းအတွက် ငါးဖမ်းကြသည်။ လယ်စိုက်ပျိုးခြင်း မလုပ်ကြပေ။ နေ့စဉ် ငါးသွားဖမ်းကြသည်။ သူတို့၏ အဓိကအစားအစာက ငါးနှင့်ပင်လယ်စာအမျိုးမျိုးတို့ ဖြစ်သည်။ သူတို့သည် ဆန်၊ ဂျုံနှင့် နေ့စဉ် လိုအပ်သည့်အရာများကိုလည်း ငါးအချို့နှင့် ရံဖန်ရံခါ လဲလှယ်တတ်ကြသည်။ ဤသည်မှာ ရေနားတွင်နေသည့် သူများ၏ မတူညီသည့် ဘဝနေမှုပုံစံများဖြစ်သည်။ ရေနားတွင်နေထိုင်သည့်သူများသည် သူတို့အကျိုးအတွက် ရေကိုမှီခိုအားထားကြပြီး ငါးဖမ်းခြင်းက သူတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်သည်။ ဤအရာသည် သူတို့၏ အသက်မွေးဝမ်းကျောင်းဖြစ်ပြီး သူတို့၏ အစားအစာ အရင်းအမြစ်လည်းဖြစ်သည်။

အသက်မွေးရန်အတွက် လယ်စိုက်ပျိုးသည့်သူများကို ဖယ်လိုက်လျှင် အထက်တွင် ဖော်ပြခဲ့သော မတူညီသည့် ဘဝနေမှု ပုံစံသုံးမျိုးရှိသည်။ မွေးမြူရေး၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းနှင့် ရပ်တည်သည့်သူများကို ထားလိုက်လျှင် လူအများစုက အသက်မွေးဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးကြသည်။ လယ်စိုက်ပျိုးသည့် သူများက အဘယ်အရာလိုအပ်သနည်း။ မြေကြီးလိုအပ်သည်။ သူတို့သည် အသက်ရှင်သန်ရပ်တည်နိုင်ရန်အတွက် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ကောက်ပဲသီးနှံများ စိုက်ပျိုး၏။ သူတို့၏အစားအစာကို ကမ္ဘာမြေကြီးမှ ရသည်။ ဟင်းသီးဟင်းရွက်၊ အသီးများ သို့မဟုတ် အစေ့အဆန်များကို စိုက်သည်ဖြစ်စေ၊ သူတို့၏ အစာနှင့် နေ့စဉ်လိုအပ်ချက်များကို သူတို့အားလုံး ကမ္ဘာမြေကြီးမှ ရရှိသည်။

ဤမတူညီကြသည့် ဘဝနေမှုပုံစံများအတွက် အခြေခံ လိုအပ်သည့်အခြေအနေများက မည်သို့နည်း။ ရှင်သန် ရပ်တည်ရန်အတွက် သူတို့၏ပတ်ဝန်းကျင်ကို အခြေခံ ထိန်းသိမ်းမှု မလိုအပ်သလော။ တစ်နည်းအားဖြင့် အမဲလိုက်ခြင်းဖြင့် အသက်မွေးသူများက တောတောင်သစ်ပင်များ သို့မဟုတ် ငှက်များနှင့် သားရဲတိရစ္ဆာန်များကို ဆုံးရှုံးရသည်ဆိုလျှင် သူတို့၏ အသက်မွေးဝမ်းကျောင်းမှုမှာ ပျောက်ဆုံးသွားတော့မည်။ ဤလူမျိုးစုများနှင့် ဤကဲ့သို့သောလူများ သွားရမည့် ဦးတည်ချက်မှာ မရေမရာဖြစ်လာမည်ဖြစ်ပြီး သူတို့သည် ပျောက်ပင်ပျောက်ကွယ်သွားမည်။ ထို့ပြင် စားဝတ်နေရေးအတွက် မွေးမြူရေးလုပ်သူများက အဘယ်အရာကို အားထားရမည်နည်း။ သူတို့အမှန်တကယ် မှီခိုနေကြသည်မှာ မွေးမြူရေးတိရစ္ဆာန်များမဟုတ်ဘဲ သူတို့၏ မွေးမြူရေးတိရစ္ဆာန်များ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်၊ မြက်ခင်းပြင်ဖြစ်သည်။ မြက်ခင်းပြင်များ မရှိလျှင် သူတို့၏မွေးမြူရေး တိရစ္ဆာန်များကို အဘယ်အရပ်၌ အစာကျွေးမည်နည်း။ ကျွဲနွားများနှင့် သိုးများက အဘယ်အရာကို စားကြမည်နည်း။ မွေးမြူရေး တိရစ္ဆာန်များမရှိလျှင် လှည့်လည်နေထိုင်သည့် လူမျိုးစုများက အသက်မွေးဝမ်းကျောင်းစရာ ရှိမည် မဟုတ်ပေ။ သူတို့တွင် အသက်မွေးဝမ်းကျောင်း လုပ်စရာရှိမည်မဟုတ်ပေ။ သူတို့၏ အသက်မွေး ဝမ်းကျောင်း အရင်းအမြစ်မရှိလျှင် လူများက အဘယ်အရပ်ကို သွားကြမည်နည်း။ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရန်က အလွန်ခက်ခဲလာမည်။ သူတို့တွင် အနာဂတ်ရှိမည်မဟုတ်တော့ပေ။ ရေအရင်းအမြစ်မရှိလျှင် မြစ်များနှင့် အင်းအိုင်များက ခြောက်သွေ့လာမည်။ အသက်ရှင်ရန်အတွက် ရေကို မှီခိုအားထားရသည့် ငါးအားလုံးက ရှိပါတော့မည်လော။ ဤငါးများ ရှိတော့မည်မဟုတ်ပေ။ အသက်မွေးဝမ်းကျောင်းအတွက် ရေနှင့် ငါးကို အမှီပြုရသည့် လူများက ဆက်ပြီး ရှင်သန်ရပ်တည်နိုင်ပါ့မည်လော။ သူတို့တွင် စားစရာမရှိလျှင်၊ သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်မရှိလျှင် ဤလူများသည် ဆက်လက်ရှင်သန်ရပ်တည်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူတို့၏ အသက်မွေးဝမ်းကျောင်း သို့မဟုတ် ရှင်သန်ရပ်တည်နိုင်ရေးနှင့်ပတ်သက်ပြီး ပြဿနာရှိလာလျှင် ထိုလူမျိုးများသည် ရှေ့ဆက်နိုင်မည်မဟုတ်ပေ။ ပျောက်ကွယ်သွားနိုင်သည်။ ကမ္ဘာမြေကြီးမှ ပျက်သုဉ်း သွားနိုင်သည်။ နောက်ပြီးလျှင် အသက်မွေး ဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးသူများသည် သူတို့၏ မြေများကို ဆုံးရှုံးသွားလျှင်၊ အပင်များ မစိုက်နိုင်ဖြစ်ပြီး အပင်အမျိုးမျိုးမှ အစားအစာများကို သူတို့ရမည် မဟုတ်တော့လျှင် ရလဒ်က အဘယ်အရာ ဖြစ်လာမည်နည်း။ အစားအစာမရှိလျှင် လူများက ဆာလောင်ပြီး သေဆုံးကုန်ကြမည် မဟုတ်လော။ လူများက ဆာလောင်ပြီး သေကြေကုန်လျှင် ဤလူမျိုးသည် ပျောက်ကွယ်သွားမည် မဟုတ်လော။ ထို့ကြောင့် ဤအရာသည် ပတ်ဝန်းကျင်အမျိုးမျိုးကို ဘုရားသခင် ထိန်းသိမ်းသည့် ရည်ရွယ်ချက်ပင်ဖြစ်သည်။ ပတ်ဝန်းကျင် အမျိုးမျိုးနှင့် ဂေဟစနစ်များကို ထိန်းသိမ်းခြင်း၊ ပတ်ဝန်းကျင်တစ်ခုစီတိုင်းတွင်ရှိသည့် မတူညီသည့် သက်ရှိသတ္တဝါများကို ထိန်းသိမ်းခြင်းတွင် ဘုရားသခင်၌ ရည်ရွယ်ချက် တစ်ခုသာရှိသည်။ လူပေါင်းစုံကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များတွင် ရှင်သန်နေထိုင်ကြသည့် လူများကို စောင့်ရှောက်ရန်ဖြစ်သည်။

အကယ်၍ အရာအားလုံးသည် သူတို့၏ကိုယ်ပိုင် နိယာမများ ဆုံးရှုံးသွားလျှင် သူတို့သည် ဆက်လက် တည်ရှိမည်မဟုတ်ပေ။ အကယ်၍ အရာအားလုံး၏ နိယာမများသည် ဆုံးရှုံးသွားလျှင် အရာအားလုံးထဲတွင် ရှိသည့် သက်ရှိသတ္တဝါတို့သည် ရှေ့ဆက်နိုင်မည် မဟုတ်တော့ပေ။ လူသားများသည်လည်း သူတို့ရှင်သန် ရပ်တည်နိုင်ရန် မှီခိုနေရသည့် ရှင်သန်ရပ်တည်ရေး ပတ်ဝန်းကျင် ပျောက်ဆုံးသွားမည်ဖြစ်သည်။ လူသားတို့သည် ဤအရာများအားလုံးပျောက်ဆုံးသွားလျှင် သူတို့ ဆက်လက်ရှင်သန်ပြီး မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် ပွားများနိုင်မည်မဟုတ်ပေ။ ယခုအချိန်ထိ လူသားတို့ ရှင်သန်ရပ်တည်နေနိုင်သည့် အကြောင်းက ဘုရားသခင်သည် အရာအားလုံးကို လူသားများကို ပြုစုစောင့်ရှောက်ရန်၊ လူသားတို့ကို ကွဲပြားသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ရန် ထောက်ပံ့ထားခြင်း ကြောင့် ဖြစ်သည်။ လူသားတို့ ယခုအချိန်ထိ ရှင်သန်ရပ်တည်နေနိုင်ခြင်း၊ လက်ရှိနေ့ရက်အထိ ရှင်သန်ရပ်တည်နေနိုင်ခြင်းက ဘုရားသခင်သည် လူသားတို့ကို မတူညီသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ထားသည့်အတွက်ကြောင့်သာဖြစ်သည်။ အကျိုးရှိပြီး အစီအစဉ်တကျဖြစ်သည့် သတ်မှတ်ထားပြီးဖြစ်သော ရှင်သန်ရပ်တည်နိုင်သည့် ထိုသို့သော ပတ်ဝန်းကျင် အမျိုးအစားနှင့်ဆိုလျှင် ကမ္ဘာမြေကြီးပေါ်တွင်ရှိသည့် လူအမျိုးအစားအားလုံး၊ လူမျိုးစုအားလုံးသည် သူတို့၏ ခွဲခန့်မှတ်သားထားသည့် ကိုယ်ပိုင်နယ်မြေအတွင်းတွင် ရှင်သန်နိုင်မည်ဖြစ်သည်။ ဤနယ်မြေ သို့မဟုတ် နယ်နိမိတ်စည်းများကို မည်သူမျှ ကျော်မသွားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို သေချာချမှတ်ထားသူမှာ ဘုရားသခင်ဖြစ်၍ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ဤနည်းလမ်းနှင့် အဘယ်ကြောင့် ချမှတ်ထားသနည်း။ ဤအရာသည် လူသားအားလုံးအတွက် အကယ်ပင် အရေးကြီးသည်။ အကယ်ပင် အရေးကြီးသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၃)

စတုတ္ထအားဖြင့် ဘုရားသခင်သည် ကွဲပြားသည့် လူမျိုးများကြားတွင် နယ်နိမိတ်စည်းများ သတ်မှတ်ခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် လူဖြူ၊ လူမဲ၊ လူညို၊ လူဝါတို့ရှိကြသည်။ ဤအရာများက ကွဲပြားသည့် လူအမျိုးအစားများဖြစ်သည်။ ဘုရားသခင်သည် ဤကွဲပြားသည့် လူအမျိုးအစားတို့၏ ဘဝများအတွက် နယ်မြေကိုလည်း သတ်မှတ်ခဲ့သည်။ လူများက ဤအရာကို သတိမမူမိဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် ရှင်သန်ရပ်တည်နိုင်သည့် သင့်တော်သော ပတ်ဝန်းကျင်အတွင်းတွင် နေထိုင်ကြသည်။ ဤအရာမှ မည်သူမျှ အပြင်မထွက်နိုင်ပေ။ ဥပမာ လူဖြူများကို ကြည့်ပါ၊ မည်သည့်နေရာတွင် သူတို့အများစု နေထိုင်ကြသနည်း။ သူတို့သည် အများအားဖြင့် ဥရောပနှင့် အမေရိကတွင် နေထိုင်ကြသည်။ လူမဲများက အာဖရိကတိုက်အတွင်းတွင် အဓိက နေထိုင်ကြသည်။ ထို့ပြင် လူညိုများက မည်သည့်နေရာများတွင် နေထိုင်ကြသနည်း။ ထိုင်း၊ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်နှင့် လာအိုစသော အရှေ့တောင်အာရှနှင့် အာရှတောင်ပိုင်းတွင် အဓိကအားဖြင့် နေထိုင်ကြသည်။ လူဝါများမူ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြား ဤကဲ့သို့နိုင်ငံများဖြစ်သည့် အာရှတွင် အဓိက နေထိုင်ကြသည်။ ဤကွဲပြားသည့်လူမျိုးများကို ကမ္ဘာတွင်ရှိသည့် ကွဲပြားသည့်အပိုင်းများတွင် ပြန့်နှံ့စေရန်အတွက် ဘုရားသခင်သည် ဤမတူညီသည့် လူမျိုးအားလုံးကို သင့်တော်စွာ ဖြန့်ခဲ့သည်။ ကမ္ဘာ၏ ဤမတူညီသည့် အပိုင်းများတွင် ဘုရားသခင်သည် ကွဲပြားသည့် လူမျိုးတစ်ခုစီအတွက် သင့်တော်သည့် ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကို ရှေးယခင်ကတည်းက ပြင်ဆင်ခဲ့သည်။ ဤရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင် အမျိုးအစားများထဲတွင် ဘုရားသခင်သည် သူတို့အတွက် မြေကြီးအရောင်နှင့် ပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့သည်။ တစ်နည်းပြောရလျှင် လူဖြူများ၏ ကိုယ်ခန္ဓာနှင့် လူမဲတို့၏ ကိုယ်ခန္ဓာထဲရှိ ပါဝင်ပစ္စည်းများသည် မတူညီပေ။ အခြားလူမျိုးများ၏ ကိုယ်ခန္ဓာရှိ ပါဝင်ပစ္စည်းများနှင့်လည်း ကွဲပြားသည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် ထိုလူမျိုးအတွက် ရှင်သန်ရပ်တည်နိုင်ရန် ဤကဲ့သို့သော ပတ်ဝန်းကျင်ကို ပြင်ဆင်ခဲ့သည်။ သူထိုသို့ပြုခြင်း၏ ရည်ရွယ်ချက်က ဤလူအမျိုးအစားများက ပွားများလာသည့်အခါ၊ အရေအတွက် တိုးပွားလာသည့်အခါတွင် ဤနယ်မြေတွင်သာ တည်ရှိနေနိုင်အောင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့ကို မဖန်ဆင်းမီတွင် ဤအရာများအားလုံးကို စဉ်းစားထားပြီးဖြစ်သည်။ လူဖြူများအတွက် ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်နိုင်ခွင့်ပြုရန်အတွက် ဥရောပနှင့် အမေရိကကို ပေးသည်။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့်အခါတွင် သူ့ထံ၌ အစီအစဉ်ရှိပြီးဖြစ်သည်။ ဤကုန်းမြေအပိုင်းတွင် အဘယ်အရာကိုထည့်မည်၊ ထိုကုန်းမြေအပိုင်းတွင် အဘယ်အရာကို ပြုစုပျိုးထောင်မည်ဆိုသည့်အပေါ်တွင် ရည်ရွယ်ချက်၊ ဦးတည်ချက် ရှိနှင့်ပြီးဖြစ်သည်။ ဥပမာ ဘုရားသခင်သည် မည်သည့်တောင်များ၊ မည်မျှများသည့်လွင်ပြင်များ၊ မည်မျှများသည့် ရေအရင်းအမြစ်၊ မည်သည့်ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ မည်သည့်ငါးများ၊ မည်သည့်အပင်များ ဤကုန်းမြေပေါ်တွင် ရှိမည်ဆိုသည်ကို ရှေးကတည်းက ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ လူမျိုးတစ်ခုအတွက်၊ လူမျိုးစု တစ်ခုတို့ ရှင်သန်ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်ကို ပြင်ဆင်သည့်အခါတွင် ဘုရားသခင်သည် အချက်အလက် အများအပြားကို ထည့်သွင်းစဉ်းစားသည်။ ပထဝီဆိုင်ရာ ပတ်ဝန်းကျင်၊ မြေကြီး၏ ပါဝင်ပစ္စည်း၊ ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးအမျိုးမျိုး၏ အရွယ်အစား၊ ငါးထဲတွင်ရှိသည့် ပါဝင်ပစ္စည်း၊ မတူညီသည့် ရေအရည်အသွေးနှင့် မတူညီသည့် အပင်အမျိုးအစား အားလုံး စသဖြင့်...ဘုရားသခင်သည် ယခင်တည်းက ဤအရာများ အားလုံးကို ပြင်ဆင်ပြီးဖြစ်သည်။ ဤပတ်ဝန်းကျင်အမျိုးအစားသည် လူဖြူများအတွက် ဘုရားသခင် ဖန်ဆင်းပြီး ပြင်ဆင်ခဲ့သည့် ရှင်သန်ရပ်တည်နိုင်သည့် ဇာတိပတ်ဝန်းကျင်ဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် ဤအရာများအတွက် များစွာစဉ်းစားခဲ့သည်ကို သင်တို့ မြင်သလော။ (မြင်ပါသည်။ လူအမျိုးမျိုးအတွက် ဘုရားသခင်၏ စဉ်းစားသုံးသပ်မှုက အလွန် စဉ်းစဉ်းစားစားရှိပါသည်။ ကွဲပြားသည့် လူအမျိုးမျိုးတို့ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်အတွက် သူသည် ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးအမျိုးအစားများ၊ တောင်များ မည်မျှရှိမည်နှင့် လွင်ပြင် မည်မျှရှိမည် စသည်တို့ကို ပြင်ဆင်ခဲ့ပါသည်။ ဤအရာအားလုံးကို အလွန်စဉ်းစဉ်းစားစားနှင့် အတိအကျ ထည့်သွင်းစဉ်းစားထားပါသည်။) ဥပမာ၊ လူဖြူများက မည်သည့်အစားအစာများကို အဓိက စားသနည်း။ လူဖြူများစားသည့် အစားအစာများက အာရှသားများ စားသည့်အစားအစာနှင့် အလွန်ကွဲပြားသည်။ လူဖြူများစားသည့် အဓိက အစားအစာများက အသား၊ ကြက်ဥ၊ နွားနို့နှင့် ကြက်ဘဲ အသားတို့ဖြစ်သည်။ အစေ့အဆန်များဖြစ်သည့် ပေါင်မုန့်နှင့် ဆန်သည် ယေဘူယျအားဖြင့် ပန်းကန်၏ဘေးတွင်ထားသည့် အရံအစားအစာများဖြစ်သည်။ ဟင်းသီးဟင်းရွက်များကို စားသည့်အခါပင် အမဲကင် သို့မဟုတ် ကြက်သားကို ထည့်စားကြသည်။ ဂျုံပါဝင်သည့် အစားအစာကို စားသည့်အခါပင် ဒိန်ခဲ၊ ကြက်ဥ သို့မဟုတ် အသားတို့ကို ထည့်ကြသည်။ ဆိုလိုချင်သည်မှာ သူတို့၏ အဓိက အစားအစာများသည် ဂျုံပါဝင်သည့်အစားအစာ သို့မဟုတ် ဆန်မဟုတ်ပေ၊ သူတို့သည် အသားနှင့် ဒိန်ခဲများကို တော်တော်များများ စားကြသည်။ ကယ်လိုရီ အလွန်များသည့် အစားအစာများကို စားကြသောကြောင့် ရေခဲရေကို မကြာခဏသောက်ကြသည်။ ထို့ကြောင့် လူဖြူများသည် အကယ်ပင် ကျန်းမာသန်စွမ်းကြသည်။ ဤအရာများက သူတို့အသက်တာများအတွက် အရင်းအမြစ် ဖြစ်သည်။ ဘုရားသခင် သူတို့အတွက် ပြင်ဆင်ထားသည့် သူတို့၏ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်ဖြစ်ပြီး ဤကဲ့သို့သော ဘဝနေမှုပုံစံမျိုးကို သူတို့အတွက် ခွင့်ပြုထားသည်။ ဤဘဝနေမှုပုံစံက တစ်ခြားလူမျိုးများ၏ ဘဝနေမှုပုံစံများနှင့် မတူပေ။ ဤဘဝနေမှုပုံစံတွင် မှန်ခြင်း၊ မှားခြင်း မရှိပေ။ ဘုရားသခင် ခွဲခန့်မှတ်သားထားသည့် နဂိုမူလအရာ ဖြစ်ပြီး၊ ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူတို့အတွက် ပြင်ဆင်ပေး ထားသည့် ရှင်သန်ရပ်တည်မှု ပတ်ဝန်းကျင်ကြောင့်၊ သူတို့၏ လူမျိုးကြောင့် ဤလူမျိုး အမျိုးအစားသည် သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် သီးသန့် ဘဝနေထိုင်မှု ပုံစံနှင့် သီးသန့် အရင်းအမြစ်များရှိကြသည်။ လူဖြူများ အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်မှ သူတို့ရရှိသည့် နေ့စဉ်အစားအစာများ သည် ပေါများကြွယ်ဝသည်ဟု သင်ဆိုနိုင်သည်။

ဘုရားသခင်သည် အခြားလူမျိုးများ ရှင်သန်ရပ်တည် နိုင်ရန်အတွက် လိုအပ်သည့် ပတ်ဝန်းကျင်ကိုလည်း ပြင်ဆင်ခဲ့သည်။ လူမဲများလည်းရှိသည်။ လူမဲများက မည်သည့်နေရာတွင် တည်ရှိသနည်း။ အဓိကအားဖြင့် အာဖရိကအလယ်ပိုင်းနှင့် တောင်ပိုင်းများတွင် တည်ရှိသည်။ အသက်ရှင်ရန်အတွက် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်သည် သူတို့အတွက် အဘယ်အရာပြင်ဆင်ခဲ့သနည်း။ အပူပိုင်းမုတ်သုံတောများ၊ ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ သဲကန္တာရများနှင့် ဤအရာများနှင့်အတူရှိမည့် အပင်အမျိုးမျိုးတို့ဖြစ်သည်။ သူတို့တွင် ရေ၊ သူတို့၏ အသက်မွေးမှုများနှင့် အစားအစာ တို့အတွက် အရင်းအမြစ်များရှိသည်။ ဘုရားသခင်သည် သူတို့အပေါ် မတရားမပြုလုပ်ပေ။ သူတို့အဘယ်အရာများ ပြုလုပ်သည်ဖြစ်စေ သူတို့၏ ရှင်သန်ရပ်တည်မှုက ပြဿနာမဖြစ်ခဲ့ချေ။ သူတို့သည် ကမ္ဘာ၏အစိတ်အပိုင်း တစ်ခုအတွင်းတွင် သီးသန့်တည်နေရာနှင့် သီးသန့် အကျယ်အဝန်းတို့လည်း ပိုင်ဆိုင်ကြသည်။

ယခု လူဝါများအကြောင်း အနည်းငယ်ပြောကြစို့။ လူဝါများက အဓိကအားဖြင့် အရှေ့အရပ်တွင် နေကြသည်။ အရှေ့တိုင်းအရပ်နှင့် အနောက်တိုင်းအရပ်တို့၏ ပတ်ဝန်းကျင်နှင့် ပထဝီဝင်ဆိုင်ရာ တည်နေရာများတွင် မည်သည့်ကွာခြားချက်များရှိသနည်း။ အရှေ့တိုင်းတွင် ကုန်းမြေအများစုသည် သီးနှံဖြစ်ထွန်းသည်။ ဝတ္ထုပစ္စည်းများ၊ တွင်းထွက်အနည်များနှင့် ကြွယ်ဝနေသည်။ ဆိုလိုသည်မှာ မြေပေါ်နှင့် မြေအောက်က အရင်းအမြစ်အားလုံးသည် ပေါကြွယ်ဝသည်။ ဤလူအုပ်စုအတွက်၊ ဤလူမျိုးအတွက် ကိုက်ညီသည့်မြေကြီး၊ ရာသီဥတုနှင့် သူတို့အတွက် သင့်တော်သည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးတို့ကို ဘုရားသခင်ပြင်ဆင်ခဲ့သည်။ ထိုပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် အနောက်တိုင်းဘက်က ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အကြားတွင် အင်မတန် ကွဲပြားသော်လည်း လူများလိုအပ်သည့် အစားအစာ၊ အသက်မွေးမှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် အရင်းအမြစ်များကို ဘုရားသခင်ပြင်ဆင်ထားခြင်းဖြစ်သည်။ အနောက်တိုင်းတွင် လူဖြူများ၌ ရှိသည့်အရာနှင့် ကွဲပြားသည့် ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင်သာဖြစ်သည်။ သို့သော် သင်တို့ကို ပြောပြရန်လိုသည့် သင်တို့၏အာရုံစိုက်မှုကိုလိုအပ်သည့် အရာတစ်ခုက အဘယ်အရာနည်း။ အရှေ့ပိုင်းလူမျိုး၏ အရေအတွက်က အတော်ကလေးမြင့်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုမြေပေါ်တွင် အနောက်တိုင်းအရပ်နှင့် မတူညီသည့် ပစ္စည်းများ များစွာထည့်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ၏ ထိုအစိတ်အပိုင်းတွင် သူသည် မတူညီသည့် မြေပြင်များ အများအပြားနှင့် ပေါကြွယ်ဝသည့် ဝတ္ထုပစ္စည်းအမျိုးမျိုးကိုလည်း ထည့်သွင်းခဲ့သည်။ အလွန်ပေါများသည့် သဘာဝအရင်းအမြစ်များဖြစ်သည်။ မြေပြင်အနေအထားသည်လည်း အမျိုးမျိုးရှိပြီး ကွဲပြားသည်။ အရှေ့တိုင်းလူမျိုး၏ များပြားလှသည့် အရေအတွက်များကို ပြုစုစောင့်ရှောက်ရန်အတွက် လုံလောက်သည်။ အနောက်တိုင်းနှင့် မတူညီသည့် အရာတစ်ခုက အရှေ့ပိုင်းတွင်၊ တောင်ဘက်မှ မြောက်ဘက်၊ အရှေ့ဘက်မှ အနောက်ဘက်၊ ရာသီဥတုသည် အနောက်တိုင်းထက် ပိုကောင်းသည်။ ရာသီဥတုလေးခုကို ရှင်းလင်းစွာ ချမှတ်ထားသည်။ အပူချိန်က သက်သောင့်သက်သာရှိသည်။ သဘာဝအရင်းအမြစ်များက ပေါကြွယ်ဝသည်။ သဘာဝရှုခင်းများနှင့် မြေပြင်အနေအထား အမျိုးအစားများသည် အနောက်တိုင်းထက် ပိုကောင်းသည်။ ဘုရားသခင်သည် ဤအရာကို မည်သည့်အတွက်ကြောင့်လုပ်ခဲ့သနည်း။ ဘုရားသခင်သည် လူဖြူများနှင့် လူဝါများကြားတွင် အလွန်အကျိုးအကြောင်းသင့်သည့် ညီမျှမှုကို ဖန်ဆင်းခဲ့သည်။ ဤအရာသည် မည်သည်ကိုဆိုလိုသနည်း။ သူတို့၏ အစားအစာနှင့်ပတ်သက်သည့် အချက်အလက်တိုင်း၊ သူတို့ အသုံးပြုသည့် အရာများ၊ လူဖြူများ နှစ်သက်သည့်အရာများသည် လူဝါများ နှစ်သက်သည့်အရာများထက် ပိုပြီးကောင်းသည်။ သို့သော် ဘုရားသခင်သည် မည်သည့်လူမျိုးကိုမျှ မတရားမပြုလုပ်ပေ။ ဘုရားသခင်သည် လူဝါများကို ရှင်သန်ရပ်တည်ရန်အတွက် ပိုလှပပြီး ပိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ပေးခဲ့သည်။ ဤအရာသည် ညီမျှမှုဖြစ်သည်။ သင်တို့ နားလည်ပြီမဟုတ်လော။

ဘုရားသခင်သည် မည်သည့်လူအမျိုးအစားက ကမ္ဘာ၏မည်သည့်အပိုင်းတွင် နေမည်ဆိုသည်ကို ခွဲခန့်မှတ်သားထားပြီးဖြစ်ပြီး လူသားတို့သည် ထိုနယ်မြေ၏ အပြင်ကို သွား၍မရပေ။ ဤအရာသည် အလွန် ထူးခြားဆန်းကြယ်သည့်အရာဖြစ်သည်။ မတူညီသည့်ခေတ် သို့မဟုတ် အချိန်ကာလများတွင် စစ်ပွဲများ နယ်ချဲ့မှုများ ရှိလျှင်ပင် ဤစစ်ပွဲများ၊ နယ်ချဲ့ကျူးကျော်မှုများက ဘုရားသခင်သည် လူမျိုးတိုင်းအတွက် ခွဲခန့်မှတ်သားထားသည့် ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင်ကို မဖျက်ဆီးနိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာ၏ အချို့အပိုင်းတွင် လူမျိုးများကိုချမှတ်ခဲ့ပြီး သူတို့သည် ထိုနယ်မြေ၏ အပြင်ကို သွား၍မရပေ။ လူများက သူတို့၏ ပိုင်နက်ကို ပြောင်းလဲရန် သို့မဟုတ် ချဲ့ထွင်ရန် ရည်မှန်းချက်မျိုးရှိလျှင်ပင် ဘုရားသခင်၏ ခွင့်ပြုချက်မပါလျှင် လုပ်နိုင်ရန် အလွန်ခက်ခဲနေမည်ဖြစ်သည်။ အောင်မြင်ရန်အတွက် အလွန်ခက်ခဲပါလိမ့်မည်။ ဥပမာ လူဖြူများသည် သူတို့၏ ပိုင်နက်မြေကို ချဲ့ထွင်လိုပြီး အခြားနိုင်ငံများကို နယ်ချဲ့သိမ်းပိုက်သည်။ ဂျာမန်များက အခြားနိုင်ငံများကို ကျူးကျော်ဝင်ရောက်သည်။ အင်္ဂလန်က အိန္ဒိယကို သိမ်းပိုက်သည်။ ရလဒ်က မည်သို့နည်း။ အဆုံးတွင် သူတို့ ကျရှုံးခဲ့သည်။ ဤအရှုံးမှ အဘယ်အရာကို မြင်ရသနည်း။ ဘုရားသခင်ခွဲခန့်မှတ်သားထားသည့်အရာကို ဖျက်ဆီးပစ်ရန် ခွင့်မပြုထားပေ။ ထို့ကြောင့် အင်္ဂလန်၏ နယ်မြေချဲ့ထွင်မှုတွင် သင်မြင်ခဲ့ရသည့် အရှိန်အဟုန်က မည်မျှပင်ကြီးမားပါစေ အဆုံးတွင်တော့ ရလဒ်က သူတို့သည် ဆုတ်ခွာခဲ့ရပြီး ထိုနယ်မြေသည် အိန္ဒိယကသာ ပိုင်ဆိုင်ဆဲဖြစ်သည်။ ထိုနယ်မြေတွင် ဆက်လက်နေထိုင်သည့်သူများသည် အိန္ဒိယများပင်ဖြစ်သည်။ အင်္ဂလိပ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင် ခွင့်မပြုသည့်အရာဖြစ်သည့်အတွက်ဖြစ်သည်။ သမိုင်း သို့မဟုတ် နိုင်ငံရေးကို သုတေသနပြုလုပ်ခဲ့သည့်သူအချို့က ဤအရာနှင့်ပတ်သက်ပြီး သုတေသနစာတမ်းများ တင်ပြထားသည်။ အင်္ဂလန်က မည်သည့်အတွက်ကြောင့် ကျရှုံးသနည်းဆိုသည့် အကြောင်းပြချက်များကို ပြောသည်။ ဤအရာသည် လူမျိုးစုတစ်စုကို အုပ်စိုး၍ မရနိုင်သောကြောင့် သို့မဟုတ် အခြားလူသားနှင့်ဆိုင်သည့် အကြောင်းပြချက် အချို့ကြောင့် ဖြစ်နိုင်သည်ဟုပြောသည်။ ဤအရာများက အကြောင်းပြချက် အစစ်မဟုတ်ပေ။ အကြောင်းပြချက် အမှန်မှာ ဘုရားသခင်ကြောင့် ဖြစ်သည်။ သူက ဤအရာကို ခွင့်မပြုပေ။ ဘုရားသခင်သည် လူမျိုးစုတစ်ခုကို နယ်မြေတစ်ခုတွင် နေစေခဲ့ပြီး သူတို့ကို ထိုနေရာမှာ နေရာချပေးထားသည်။ ဘုရားသခင်သည် သူတို့ကို ရွှေ့ပြောင်းခွင့်မပြုလျှင် သူတို့သည် ဘယ်တော့မျှ ရွှေ့ပြောင်းနိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် သူတို့အတွက် နယ်မြေသတ်မှတ်ပေးခဲ့လျှင် သူတို့သည် ထိုနယ်မြေအတွင်း၌သာ နေထိုင်ပါလိမ့်မည်။ လူသားတို့သည် ဤနယ်မြေကို ဖောက်ထွက်ခြင်း သို့မဟုတ် ချိုးဖောက်ခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ သေချာသည်။ နယ်ချဲ့များ၏ အင်အားက မည်မျှပင်ကြီးပါစေ သို့မဟုတ် နယ်ချဲ့ခံရသည့်သူများ၏ အင်အားက မည်မျှပင် အားနည်းပါစေ အဆုံးတွင် သူတို့၏ အောင်မြင်မှုက ဘုရားသခင်အပေါ်တွင်သာ မူတည်သည်။ သူက ဤအရာကို ခွဲခန့်မှတ်သားထားပြီးဖြစ်ပြီး မည်သူမျှ ဤအရာကို မပြောင်းလဲနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၄)

အရာအားလုံးကြီးထွားရန်အတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် နိယာမများ၏ ရှုထောင့်မှ ကြည့်သည့်အခါတွင် လူသားအားလုံးသည် မည်သည့်အမျိုးအစားဖြစ်စေ ဘုရားသခင်၏ ထောက်ပံ့မှုအောက်တွင် နေနေကြသည်။ ၎င်းတို့အားလုံးသည် သူ၏ ပြုစုပျိုးထောင်မှုအောက်တွင် နေနေကြသည် မဟုတ်လော။ ဤနိယာမများက ဖျက်ဆီးခံရလျှင် သို့မဟုတ် လူသားတို့အတွက် ဤကဲ့သို့သော နိယာမများကို ဘုရားသခင်သည် မတည်ဆောက်ခဲ့လျှင် သူတို့၏ ရှေ့ရေးက မည်သို့ဖြစ်မည်နည်း။ လူသားများသည် အသက်ရှင်သန်ရပ်တည်ရန်အတွက် သူတို့၏ အခြေခံပတ်ဝန်းကျင်ကို ဆုံးရှုံးသွားပြီးနောက်တွင် သူတို့တွင် အစားအစာ အရင်းအမြစ်ရှိပါဦးမည်လော။ အစားအစာအရင်းအမြစ်သည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ လူများက သူတို့၏ အစားအစာ အရင်းအမြစ် ပျောက်ဆုံးသွားလျှင်၊ ဆိုလိုသည်မှာ သူတို့သည် စားသောက်ရန်အတွက် ဘာမျှရရှိနိုင်မည်မဟုတ်လျှင် သူတို့ ဘယ်နှစ်ရက် ထပ်ပြီး အသက်ရှင်နိုင်မည်နည်း။ တစ်လပင် ဆက်ပြီး မရှင်သန်နိုင်တော့ခြင်းမျိုး ဖြစ်နိုင်သည်။ သူတို့၏ ရှင်သန်ရပ်တည်မှုသည် ပြဿနာတစ်ခု ဖြစ်လာမည်။ ထို့ကြောင့် လူသားတို့ ရှင်သန်ရပ်တည်ရေးအတွက်၊ သူတို့ဆက်လက် တည်ရှိပြီး ပွားများရန်အတွက်၊ တည်မြဲနိုင်ရန်အတွက် ဘုရားသခင်လုပ်ဆောင်သည့်အရာ တစ်ခုချင်းစီတိုင်းသည် အလွန်အရေးကြီးသည်။ အရာအားလုံးထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် တစ်ခုချင်းစီတိုင်းသည် လူသားတို့၏ ရှင်သန်ရပ်တည်မှုနှင့် နီးစပ်စွာ ဆက်စပ်နေပြီး ခွဲခြား၍မရပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုသည် ပြဿနာတစ်ခုဖြစ်လာလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ရှေ့ဆက်နိုင်ပါမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုက တည်ရှိနေပါဦးမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူပြုစုပျိုးထောင်သည့် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရပ်တည်မှုနှင့် ယှဉ်တွဲတည်ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည်အရာအားလုံးအတွက် မည်သည့်အရာကိုပင် ပြင်ဆင်ပါစေ၊ လူသားတို့အတွက် မည်သည့်အရာကိုပင်လုပ်ပါစေ၊ ဤအရာများအားလုံးသည် သူ့အတွက် လိုအပ်ပြီး လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးသည်။ အရာအားလုံးအတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် ဤနိယာမများသည် ထွက်ခွာသွားလျှင်၊ ဤနိယာမများသည် ချိုးဖောက်သွားလျှင် သို့မဟုတ် နှောင့်ယှက်ခံရလျှင် အရာအားလုံးသည် ဆက်ပြီးတည်ရှိနိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်သည် ဆက်လက်တည်ရှိမည်မဟုတ်ပေ။ သူတို့၏ နေ့စဉ် အစားအစာများလည်း ရှိမည်မဟုတ်သကဲ့သို့ သူတို့သည်လည်း တည်ရှိမည် မဟုတ်တော့ပေ။ ဤအကြောင်းအချက်ကြောင့် လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုလည်း ဆက်လက်တည်ရှိမည်မဟုတ်ပေ။

ဆွေးနွေးခဲ့သည့် အရာတိုင်း၊ တစ်ခုချင်းစီတိုင်း၊ အချက်အလက်တိုင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ရှင်သန်ရပ်တည်မှုနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်။ သင်တို့သည် ဤသို့ပြောကောင်းပြောနိုင်သည်။ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် အလွန်ကြီးလွန်းသည်။ ကျွန်ုပ်တို့ မမြင်နိုင်ပါ။” ထို့ပြင် ဤကဲ့သို့ ပြောမည့်လူများလည်း ရှိကောင်းရှိနိုင်သည်။ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် ကျွန်ုပ်တို့နှင့် ဘာမျှ မသက်ဆိုင်ပါ။” သို့သော် သင်သည် အရာအားလုံး၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ရှင်သန်နေသည်ဆိုသည်ကို မမေ့နှင့်။ သင်သည် ဘုရားသခင်၏အုပ်ချုပ်မှုအတွင်းရှိ အရာအားလုံး၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ အရာအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုမှ ခွဲထွက်၍မရပေ။ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ သူ၏အုပ်စိုးမှုအောက်မှ ခွဲထွက်၍မရပေ။ သူ၏အုပ်ချုပ်မှုကို ဆုံးရှုံးခြင်းနှင့် သူ၏ပံ့ပိုးမှုကို ဆုံးရှုံးခြင်းသည် လူတို့၏ဘဝများ၊ အသွေးအသားနှင့် လူတို့၏ဘဝများ ပျောက်ကွယ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်တို့ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကို ဘုရားသခင် တည်ဆောက်ခြင်း၏ အရေးပါမှု ဖြစ်သည်။ သင်သည် မည်သည့်လူမျိုးဖြစ်စေ သို့မဟုတ် မည်သည့်ကုန်းမြေတွင် နေသည်ဖြစ်စေ၊ အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်မှ သင့်ကိုယ်သင် ခွဲထွက်၍မရပေ။ ထို့ပြင် လူသားတို့အတွက် သူတည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်၏ ပြုစုစောင့်ရှောက်ခြင်း၊ ပံ့ပိုးခြင်းများမှ သင်ခွဲထွက်၍မရနိုင်ပေ။ သင်၏ အသက်မွေးဝမ်းကျောင်း၊ အသက်ရှင်သန်ရန်အတွက် သင်မှီခိုသည့်အရာ၊ အသွေးအသားနှင့် သင့်ဘဝကို ထောက်ပံ့ရန် သင်မှီခိုသည့်အရာသည် မည်သည့်အရာပင်ဖြစ်စေ ဘုရားသခင်၏ အုပ်ချုပ်မှုနှင့် သူ၏စီမံခန့်ခွဲမှုမှ သင့်ကိုယ်သင် ခွဲထွက်၍ မရနိုင်ပေ။ အချို့လူများက ဤသို့ပြောသည်။ “ကျွန်ုပ်က လယ်သမားမဟုတ်ပါ၊ အသက်မွေးဝမ်းကျောင်းရေးအတွက် ကောက်ပဲသီးနှံမစိုက်ပါ။ ကျွန်ုပ်၏အစားအစာအတွက် ကောင်းကင်ဘုံကို အမှီမပြုပါ၊ ထို့ကြောင့် ဘုရားသခင် တည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်တွင် ကျွန်ုပ်ရှင်သန်နေသည်မဟုတ်ပါ။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးက ကျွန်ုပ်ကို ဘာမျှမပေးပါ။” သို့သော် ဤသည်မှာ မှန်သလော။ သင်အသက်မွေးရန်အတွက် ကောက်ပဲသီးနှံမစိုက်ပျိုးဟု သင်ဆိုသည်။ သို့သော် အစေ့အဆန်များကို သင်မစားသလော။ အသားနှင့် ဥများမစားသလော။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မစားသလော။ သင်စားသည့်အရာအားလုံး၊ သင်လိုအပ်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်တည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရနိုင်ပေ။ ထို့ပြင် လူသားမျိုးနွယ် လိုအပ်သည့် အရာအားလုံး၏ အရင်းအမြစ်သည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးမှ ခွဲခြား၍မရပေ။ သင်သောက်သုံးသည့်ရေ၊ သင်ဝတ်သည့် အဝတ်အစား၊ သင်အသုံးပြုသည့် အရာများအားလုံး၊ မည်သည့်အရာသည် အရာအားလုံးထဲတွင် မပါဝင်သနည်း။ အချို့လူများက ဤသို့ပြောသည်။ “အရာအားလုံးထဲမှ ရယူထားခြင်းမဟုတ်သည့် ပစ္စည်းအချို့ရှိသည်။ ပလတ်စတစ်ကို အရာအားလုံးထဲမှ ရယူထားခြင်းမဟုတ်ပါ။ ဤအရာသည် ဓါတုပစ္စည်းဖြစ်သည်။ လူလုပ်ထားသည့် အရာဖြစ်သည်။” ဤသည်မှာ မှန်သလော။ ပလတ်စတစ်သည် လူလုပ်ထားသည့် အရာပင်ဖြစ်သည်။ ဓါတုပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် ပလတ်စတစ်၏ နဂိုပါဝင်ပစ္စည်းများသည် မည်သည့်နေရာမှ လာသနည်း။ နဂိုမူလပါဝင်ပစ္စည်းများသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဝတ္ထုပစ္စည်းများမှ ရသည်။ သင်နှစ်သက်ခံစားသည့် အရာများ၊ သင်မြင်သည့်အရာများ၊ သင်အသုံးပြုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးမှ ရရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည့် အသက်မွေးဝမ်းကျောင်းပင်ဖြစ်စေ၊ သို့မဟုတ် လူများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် နေထိုင်သည့် မည်သည့်ပတ်ဝန်းကျင်အမျိုးအစားပင်ဖြစ်စေ၊ ဤအရာများသည် ဘုရားသခင်၏ ပံ့ပိုးမှုမှ ခွဲထွက်မသွားနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၅)

လူတို့၏ နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မည်မျှနားလည်သနည်းဆိုသည်က သူတို့နှလုံးသားထဲတွင် ဘုရားသခင်က နေရာမည်မျှယူထားသနည်းဆိုသည်ကို သတ်မှတ်သည်။ သူတို့နှလုံးသားထဲတွင် ဘုရားသခင်ကို သိခြင်းအဆင့်က မည်မျှကြီးသည်ဆိုခြင်းက သူတို့နှလုံးသားထဲတွင် ဘုရားသခင်က မည်မျှကြီးမြတ်သည် ဆိုခြင်းပင်ဖြစ်သည်။ သင်သိသည့် ဘုရားက အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေလျှင် သင်ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေမည်ဖြစ်သည်။ သင်သိသည့် ဘုရားသည် သင်၏ ကိုယ်ပိုင်နယ်ပယ်မှာသာ ကန့်သတ်ခြင်းခံထားရသည်ဆိုလျှင် သူက အလွန်သေးငယ်သည့် ဘုရားဖြစ်ပြီး စစ်မှန်သည့် ဘုရားသခင်နှင့် ဘာမျှမသက်ဆိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အတိုင်းအဆမဲ့တန်ခိုးကြီးမားမှုကို သိခြင်း၊ ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာအမှန်ကို သိခြင်း၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ အရာအားလုံးကြားတွင် သူထုတ်ဖော်ပြသခဲ့သည့်အရာကို သိခြင်း၊ ဤအရာများသည် ဘုရားသခင်သည် သိမြင်ရန် ကြိုးစားသည့်သူ တစ်ယောက်ချင်းစီတိုင်းအတွက် အလွန်အရေးကြီးသည်။ ဤအရာများသည် လူများ သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်နိုင်မှု ရှိမရှိအပေါ်တွင် တိုက်ရိုက် ဆက်စပ်မှု ရှိနေသည်။ သင်က ဘုရားသခင်အပေါ် သင်၏နားလည်မှုကို စကားလုံးများသက်သက်အဖြစ်သာ ကန့်သတ်ထားလျှင်၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအပေါ်တွင်၊ သင်ရေတွက်သည့် ဘုရားသခင်၏ကျေးဇူးတော် သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ နည်းပါးသော သက်သေခံခြင်းအပေါ်တွင်သာ ကန့်သတ်ထားလျှင် သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင် လုံးဝမဟုတ်ဟု ငါပြောမည်။ သူကိုယ်တော်တိုင်နှင့် သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုလျှင် စစ်မှန်သည့်ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးသည့်၊ အရာအားလုံးကြားတွင် လျှောက်သွားသည့်၊ အရာအားလုံးကို စီမံသည့်သူဖြစ်သည်။ သူသည် လူသားအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။ အရာအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။ ငါပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူများ၏ သေးငယ်သည့်အပိုင်းမှာသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ လက်ရှိအချိန်၌ သူ့နောက်ကိုလိုက်နေသည့်လူများထံ၌သာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာအားလုံးအထဲတွင်၊ အရာအားလုံး၏ ရှင်သန်ရပ်တည်မှုတွင်၊ အရာအားလုံး၏ ပြောင်းလဲခြင်းနိယာမများထဲတွင် ထုတ်ဖော်ပြသခြင်းခံရသည်။

သင်သည် အရာအားလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်မှန်သမျှကို မမြင်နိုင်လျှင် သို့မဟုတ် မသိမြင်နိုင်လျှင် သူ၏ မည်သည့်လုပ်ဆောင်ချက်ကိုမျှ သင်သက်သေခံနိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် မည်သည့်သက်သေမျှ မခံနိုင်ဘူးဆိုလျှင်၊ သင်သိသည့် သေးငယ်သည့် ဘုရားဟုခေါ်သည့်အရာကို ဆက်လက်ပြောဆိုနေလျှင်၊ သင်၏ကိုယ်ပိုင် စိတ်ကူးထဲတွင်သာ ကန့်သတ်ထားပြီး သင်၏ကျဉ်းမြောင်းသည့် စိတ်အတွင်းမှာပဲရှိသည့်ဘုရား၊ ဤကဲ့သို့သော ဘုရားမျိုးကို ဆက်ပြောဆိုနေလျှင် ဘုရားသခင်သည် သင်၏ယုံကြည်မှုကို ဘယ်တော့မျှ ချီးမြှောက်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံသည့်အခါတွင် သင်က ဘုရားသခင်၏ကျေးဇူးတော်ကို မည်သို့နှစ်သက်ခံစားသည်၊ ဘုရားသခင်၏ဆုံးမမှုနှင့် ပြစ်ဒဏ်ခတ်မှုကို မည်သို့လက်ခံသည်၊ သူ့အတွက် သင်၏ သက်သေခံခြင်း၌ သူ၏ ကောင်းချီးများကို မည်သို့နှစ်သက်ခံစားသည် စသည်တို့ကိုသာ အသုံးပြုလျှင်၊ ဤအရာသည် အင်မတန် မလုံလောက်ဘဲ သူ့ကိုကျေနပ်စေရန် အဝေးကြီးလိုပါသေးသည်။ သင်သည် ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီသည့် ဘုရားသခင်အတွက် သက်သေခံခြင်းပြုလုပ်လိုလျှင်၊ စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်၏ သက်သေကိုခံလိုလျှင် ဘုရားသခင်၏ လုပ်ဆောင်ချက်များမှတစ်ဆင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်မြင်ရမည်။ အရာအားလုံးအပေါ်တွင် သူ၏အုပ်ချုပ်မှုမှ ဘုရားသခင်၏ အခွင့်အာဏာကို သင်တွေ့မြင်ပြီး လူသားအားလုံးအတွက် သူမည်သို့ ပံ့ပိုးပေးသည်ဆိုသည့် သမ္မာတရားကို သင်မြင်ရမည်။ သင်သည် အသက်တာ၌ သင်၏လိုအပ်ချက်များ၊ စားစရာ၊ သောက်စရာများက ဘုရားသခင်ထံမှ လာသည်ဆိုသည်ကိုသာ အသိအမှတ်ပြုပြီး အရာအားလုံးကို အသုံးပြု၍ လူသားအားလုံးအတွက် ဘုရားသခင် ထောက်ပံ့သည်ဆိုသည့် သမ္မာတရား၊ အရာအားလုံးအပေါ်တွင် သူ၏အုပ်ချုပ်မှုနှင့် လူသားများကို သူဦးဆောင်သည်ဆိုသည်ကို သင်မသိမြင်ပါက သင်သည် ဘုရားသခင်အတွက် ဘယ်တော့မျှ သက်သေခံနိုင်မည် မဟုတ်ပေ။ ယခု ဤအရာအားလုံးကို သင်နားလည်ပြီမဟုတ်လော။ ဤအရာများအားလုံးကို ပြောရသည့် ရည်ရွယ်ချက်က မည်သို့နည်း။ ဤအရာများကို သင်တို့ ခပ်ပေါ့ပေါ့မထားရန်၊ ယခုပြောခဲ့သည့် ခေါင်းစဉ်များက အသက်တာထဲသို့ သင်တို့၏ကိုယ်ပိုင်ဝင်ရောက်ခြင်းနှင့် မသက်ဆိုင်ဟု မမြင်စေရန်၊ ဤခေါင်းစဉ်များကို ဗဟုသုတတစ်မျိုးသက်သက် သို့မဟုတ် အယူဝါဒသက်သက်တစ်ခုအနေနှင့် မခံယူစေရန်အတွက် ဖြစ်သည်။ သင်သည် ဤကဲ့သို့ သဘောထားမျိုးနှင့် ဤအရာများကို နားထောင်လျှင် ဘာတစ်ခုမျှ ရမည်မဟုတ်ပေ။ ဘုရားသခင်ကိုသိရန် ဤကြီးမားသည့် အခွင့်အလမ်းကြီးကို သင်ဆုံးရှုံးရမည်ဖြစ်သည်။

ဤအရာများအားလုံးကို ငါပြောရခြင်း၏ ပန်းတိုင်က အဘယ်အရာနည်း။ ငါ၏ပန်းတိုင်က ဘုရားသခင်ကို လူများသိရန်၊ ဘုရားသခင်၏ လက်တွေ့လုပ်ဆောင်ချက်များကို လူများ နားလည်ရန်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားလည်ပြီး သူ၏ လုပ်ဆောင်ချက်များကို သိသည့်အချိန်ကျမှသာ သူ့ကို သိရန် ဖြစ်နိုင်ခြေ သို့မဟုတ် အခွင့်အလမ်း သင့်မှာ ရှိမည်ဖြစ်သည်။ ဥပမာ သင်က လူတစ်ယောက်ကို နားလည်လိုပါက သူတို့ကို မည်သို့ နားလည်မည်နည်း။ သူတို့၏ အပြင်ပန်းသဏ္ဌာန်ကိုကြည့်ခြင်းအားဖြင့်လော။ သူတို့ဝတ်သည့်၊ ဝတ်ဆင်ထားသည့်အရာကို ကြည့်ခြင်းအားဖြင့်လော။ သူတို့ လမ်းလျှောက်ပုံကို ကြည့်ခြင်းအားဖြင့်လော။ သူတို့၏ အသိပညာအတိုင်းအတာကို ကြည့်ခြင်းအားဖြင့်လော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် လူတစ်ယောက်ကို သင်မည်ကဲ့သို့ နားလည်အောင်လုပ်မည်နည်း။ လူတစ်ယောက်၏ ပြောဆို၊ ပြုမူပုံများမှတစ်ဆင့်၊ သူတို့ အတွေးများမှတစ်ဆင့်၊ သူတို့ဖော်ပြသည့်၊ ဖွင့်ပြသည့်အရာများမှတစ်ဆင့် သင်အကဲဖြတ်သည်။ ဤသည်မှာ လူတစ်ယောက်ကို သင်သိနိုင်သည့်နည်း၊ နားလည်နိုင်သည့်နည်းဖြစ်သည်။ ဤသို့ပင် သင်တို့က ဘုရားသခင်ကို သိချင်သည်ဆိုလျှင် သူ၏လက်တွေ့ကျသည့်ဘက်၊ သူ၏မှန်ကန်သည့်ဘက်ကို သိချင်သည်ဆိုလျှင် သူလုပ်ဆောင်သည့် လက်တွေ့အရာတစ်ခုချင်းစီနှင့် သူ၏လုပ်ဆောင်ချက်များမှတစ်ဆင့် သူ့ကို သိရမည်။ ဤအရာသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၆)

ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အချိန်တွင် ဤအရာများကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များအတွက် အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန်၊ အပင်များ၊ တိရစ္ဆာန်အမျိုးအစားအားလုံး၊ ငှက်များ၊ ပိုးမွှားများအတွက် အသက်ရှင်သန်မှု အခြေအနေကို ဟန်ချက်ညီစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ သူ၏ ပန်းတိုင်က သူတည်ဆောက်ခဲ့သည့် နိယာမအတွင်းတွင် သက်ရှိသတ္တဝါအားလုံးသည် ရှင်သန်နေထိုင်ပြီး မျိုးပွားကြခြင်းအခွင့်ကို ပေးရန်ဖြစ်သည်။ အရာအားလုံးသည် ဤနိယာမများ၏ အပြင်ဘက်ကို သွား၍မရပေ။ ဤနိယာမများကို ချိုးဖောက်၍မရပေ။ ဤကဲ့သို့သော အခြေခံ ပတ်ဝန်းကျင်အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ရှင်သန်နိုင်မည်။ ပွားများနိုင်မည်။ မည်သည့်သတ္တဝါမဆို ဘုရားသခင်တည်ဆောက်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားလျှင် သို့မဟုတ် သူ့စည်းမျဉ်းအောက်က ကြီးထွားမှုနှုန်း၊ အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်သွားလျှင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါလိမ့်မည်။ နောက်ပြီး တစ်ချိန်တည်းတွင်ပင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုအတွက် အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါအမျိုးအစားတစ်ခုက အရေအတွက် အလွန်များလျှင် လူများ၏အစားအစာကို လုယက်မည်။ လူများ၏ ရေအရင်းအမြစ်များကို ဖျက်ဆီးမည်။ သူတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြပါလိမ့်မည်။ ဤသို့ဖြင့် လူသား၏မျိုးပွားမှု သို့မဟုတ် ရှင်သန်ရပ်တည်ရေး အဆင့်သည် ချက်ချင်းပင် ထိခိုက်မှုရှိလာမည်။ ဥပမာ ရေသည် အရာအားလုံးအတွက် အလွန်အရေးကြီးသည်။ ကြွက်၊ ပုရွက်ဆိတ်၊ ခြနှင့် ဖားများ သို့မဟုတ် အခြားတိရစ္ဆာန်များ၏ အရေအတွက်က အလွန်များလျှင် သူတို့သည် ရေကို ပိုသောက်ကြမည်။ သူတို့သောက်သုံးသည့် ရေပမာဏ တိုးမြှင့်လာသည့်အခါတွင် သတ်မှတ်ထားပြီးဖြစ်သည့် သောက်ရေနှင့် ရေပါဝင်သည့်နေရာ အရင်းအမြစ်များအတွင်းတွင် လူများ၏ သောက်ရေနှင့် ရေအရင်းအမြစ်များသည် လျော့ကျလာမည်။ သူတို့သည် ရေပြတ်လပ်လာမည်။ တိရစ္ဆာန်မျိုးစုံ၏ အရေအတွက် တိုးမြင့်လာခြင်းကြောင့် လူများ၏ သောက်ရေသည် ဖျက်ဆီးခံရလျှင်၊ မသန့်စင်တော့လျှင် သို့မဟုတ် ပြတ်တောက်သွားလျှင် ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသည့် ရှင်သန်ရပ်တည်ရေး ပတ်ဝန်းကျင်အောက်တွင် လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်ရေးသည် အမှန်တကယ်ကို အန္တရာယ်ကျရောက်လာပါလိမ့်မည်။ သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်မျိုး သို့မဟုတ် သက်ရှိသတ္တဝါအမျိုးမျိုးသည် သူတို့၏သင့်တော်သည့် အရေအတွက်ကို ကျော်လွန်သွားလျှင် လေ၊ အပူချိန်၊ စိုစွတ်မှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် လူသားတို့၏ နေရာအတွင်းတွင်ရှိသည့် လေထုပင်လျှင် အဆိပ်သင့်လာမည်ဖြစ်ပြီး အခြေအနေအမျိုးမျိုးအထိ ဖျက်ဆီးခံရမည်။ အလားတူပင် ဤခြေအနေမျိုးတွင် လူသားတို့၏ ရှင်သန်ရပ်တည်ရေးနှင့် ကံကြမ္မာသည် ထိုပတ်ဝန်းကျင်မျိုး၏ အန္တရာယ်ကျရောက်လာပါဦးမည်။ ထို့ကြောင့် လူများသည် ဤဟန်ချက်ညီမှုများ ဆုံးရှုံးသွားလျှင် သူတို့အသက်ရှူသည့်လေသည် ပျက်စီးမည်။ သူတို့သောက်သည့်ရေသည် ညစ်ညမ်းမည်။ သူတို့လိုအပ်သည့် အပူချိန်သည်လည်း ပြောင်းလဲသွားပြီး မတူညီသည့် အခြေအနေအမျိုးမျိုးအထိ ထိခိုက်ပါလိမ့်မည်။ ဤကဲ့သို့ဖြစ်လာလျှင် လူသားတို့၏ ရှင်သန်ရပ်တည်နိုင်သည့် ဇာတိ ပတ်ဝန်းကျင်သည် ကြီးမားသည့် ထိခိုက်မှုနှင့် စိန်ခေါ်မှုများ ကျရောက်လာပါလိမ့်မည်။ လူသားတို့၏ ရှင်သန်ရပ်တည်နိုင်ရေး အခြေခံ ပတ်ဝန်းကျင်သည် ဖျက်ဆီးခံရသည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ရှေ့ရေးက မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ အလွန်အရေးကြီးသည့် ပြဿနာဖြစ်သည်။ လူသားမျိုးနွယ်အတွက် အရာအားလုံးသည် မည်ကဲ့သို့ဖြစ်သည်၊ သူဖန်ဆင်းခဲ့သည့် အမျိုးအစားတိုင်း၏ တာဝန်၊ ယင်းက လူများအပေါ်တွင် မည်သို့သက်ရောက်မှုမျိုးရှိသည်၊ လူသားမျိုးနွယ်အတွက် မည်မျှထိ အကျိုးရှိသည် စသည်တို့ကို ဘုရားသခင်သိသည့်အတွက်ကြောင့် ဘုရားသခင်၏ နှလုံးသားထဲတွင် ဤအရာများအားလုံးအတွက် အစီအစဉ်တစ်ခုရှိပြီး သူဖန်ဆင်းခဲ့သည့် အရာတစ်ခုချင်းစီတိုင်းကို စီမံသည်။ ထို့ကြောင့် လူသားအတွက် သူလုပ်ဆောင်သည့် အရာအားလုံးသည် အလွန်အရေးကြီးသည်။ ယင်းတို့အားလုံးသည် လိုအပ်သည်။ ထို့ကြောင့် အရာအားလုံးထဲတွင် ဂေဟစနစ်ဆိုင်ရာ ဖြစ်ရပ်အချို့ကို သင်မြင်သည်ဖြစ်စေ သို့မဟုတ် အရာအားလုံးထဲတွင် သဘာဝနိယာမအချို့ကို သင်မြင်သည်ဖြစ်စေ ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာတစ်ခုစီတိုင်း၏ လိုအပ်မှုအပေါ်တွင် သင်သည် သံသယဖြစ်မည်မဟုတ်တော့ပေ။ အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် လူသားမျိုးနွယ်အတွက် ထောက်ပံ့သည့် သူ၏နည်းလမ်းအမျိုးမျိုးအပေါ်တွင် ဖြစ်သလို ဝေဖန်အကဲဖြတ်ရန်အတွက် အသိပညာမရှိသည့် စကားလုံးများကို သင်အသုံးပြုမည် မဟုတ်တော့ပေ။ သူဖန်ဆင်းခဲ့သည့် အရာအားလုံးအတွက် ဘုရားသခင်၏ နိယာမပေါ်တွင် ဖြစ်သလို ကောက်ချက်ချခြင်းများလည်း လုပ်မည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၇)

ရုပ်ဝတ္ထုလောကအတွက် လူတို့သည် အချို့သောအရာများ သို့မဟုတ် သဘာဝဖြစ်စဉ်များကို နားမလည်ပါက သက်ဆိုင်ရာအချက်အလက်များကို ၎င်းတို့ ရှာဖွေနိုင်ကြသည်။ သို့မဟုတ်ပါက ၎င်းတို့၏မူရင်းဇာစ်မြစ်နှင့် ၎င်းတို့၏နောက်ခံဇာတ်လမ်းကိုသိရန် လမ်းကြောင်းအမျိုးမျိုး အသုံးပြုနိုင်၏။ သို့သော် ငါတို့ယနေ့ပြောဆိုနေကြသည့် အခြားလောက၊ ရုပ်ဝတ္ထုလောကပြင်ပတွင် တည်ရှိသည့် ဝိညာဉ်လောကနှင့်ပတ်သက်၍မူ လူတို့သည် ၎င်းအကြောင်း တစ်စုံတစ်ရာသိရှိရန် နည်းလမ်းများ သို့မဟုတ် လမ်းကြောင်းများ လုံးဝမရှိပေ။ ဤအရာကို အဘယ်ကြောင့် ငါပြောသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏လောကတွင် ရုပ်ဝတ္ထုလောက၏အရာခပ်သိမ်းသည် လူသား၏ ရုပ်ခန္ဓာတည်ရှိမှုမှ ခွဲခြား၍မရပေ။ ထို့အပြင် ရုပ်ဝတ္ထုလောကမှ အရာခပ်သိမ်းသည် ၎င်းတို့၏ ရုပ်ခန္ဓာအသက်ရှင်မှုနှင့် ရုပ်ခန္ဓာအသက်တို့မှ ခွဲခြား၍မရဟု လူတို့ထင်မြင်ကြသဖြင့် လူအများစုသည် ၎င်းတို့၏မျက်စိရှေ့မှောက်ရှိ အရာဝတ္ထုများ၊ ၎င်းတို့မြင်နိုင်သည့်အရာများကိုသာ သိကြ၊ မြင်ကြသည်။ သို့ရာတွင် ဝိညာဉ်လောကနှင့်၊ ဆိုလိုသည်မှာ အခြားလောကနှင့်သက်ဆိုင်သည့် အရာခပ်သိမ်းနှင့် ပတ်သက်၍မူ လူအများစုသည် မယုံကြည်ဟုဆိုပါက မှန်ပေသည်။ လူတို့သည် ၎င်းကို မမြင်နိုင်သောကြောင့်ဖြစ်ကာ သူတို့က ၎င်းကို နားလည်ရန်မလို၊ ၎င်းအကြောင်း တစ်စုံတစ်ရာ သိရန်မလို၊ ဝိညာဉ်လောကသည် ရုပ်ဝတ္ထုလောကမှ လုံးဝကွဲပြားပုံကို ဘာမျှပြောရန်မလိုဟု ထင်မြင်ယူဆသောကြောင့် ဖြစ်သည်။ ထို့ပြင် လူသားများအတွက် ယင်းသည် လျှို့ဝှက်ပြီး ကန့်သတ်ထားသော်လည်း၊ ဘုရားသခင်၏ရှုထောင့်မှ ပွင့်လျက်ရှိသောကြောင့် လူတို့သည် ဤလောက၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကိုနားလည်မည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိရာတွင် လွန်စွာ အခက်အခဲရှိပေသည်။ ငါပြောမည့် ဝိညာဉ်လောကအကြောင်း ကွဲပြားသောလက္ခဏာများမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာ အာဏာပိုင်သမှုတို့နှင့်သာ သက်ဆိုင်သည်။ ငါသည် နက်နဲသောအရာများကို ထုတ်ဖော်မည်မဟုတ်သကဲ့သို့ သင်တို့သိလိုသည့် လျှို့ဝှက်ချက်များကို သင်တို့အား ငါပြောမည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် ဘုရားသခင်၏ ထောက်ပံ့ခြင်းနှင့် သက်ဆိုင်သဖြင့် သင်တို့သိရန် လိုအပ်သည့် အပိုင်းကိုသာ ငါပြောမည်။

ပထမအနေနှင့် သင်တို့အား ငါမေးခွန်းတစ်ခု မေးမည်။ သင်တို့၏စိတ်တွင် ဝိညာဉ်လောကဟူသည်မှာ အဘယ်နည်း။ ယေဘုယျအားဖြင့်ပြောရလျှင် ၎င်းသည် ရုပ်ဝတ္ထုလောကပြင်ပရှိ လောက၊ လူတို့မမြင်နိုင်၊ မထိတွေ့နိုင်သော လောကတစ်ရပ်ဖြစ်၏။ သို့သော် သင်တို့၏စိတ်ကူးတွင် ဝိညာဉ်လောကသည် မည်သို့သော လောကမျိုး ဖြစ်သင့်သနည်း။ ၎င်းကို မမြင်နိုင်သည် အကျိုးဆက် အနေဖြင့် သင်တို့သည် ၎င်းကို စိတ်ကူးနိုင်စွမ်းမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ရာတွင် သင်တို့သည် ၎င်း၏ဒဏ္ဍာရီပုံပြင်များ ကြားသည့်အခါ သင်တို့သည် စဉ်းစားဆဲဖြစ်ကာ သင်တို့ကိုယ်သင်တို့ ရပ်တန့်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ ငါသည် ဤသည်ကို အဘယ်ကြောင့်ပြောသနည်း။ များစွာသောလူတို့၌ ငယ်ရွယ်စဉ်က ၎င်းတို့အပေါ် ဖြစ်ပျက်သောအရာ တစ်စုံတစ်ခု ရှိသည်။ တစ်စုံတစ်ဦးမှ ၎င်းတို့အား တစ္ဆေများ၊ လိပ်ပြာများအကြောင်း ကြောက်ရွံ့ဖွယ် ဇာတ်လမ်းတစ်ပုဒ်ပြောသည့်အခါ ထိုသူတို့သည် အလွန်အမင်း ကြောက်ရွံ့ကြ၏။ ၎င်းတို့ အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။ ၎င်းတို့သည် ထိုအရာများကို စိတ်ကူးနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို မမြင်နိုင်သော်လည်း ထိုအရာများသည် ၎င်းတို့၏အခန်း ပတ်ပတ်လည်တွင်ရှိကာ၊ တစ်နေရာရာတွင် သို့မဟုတ် မှောင်မိုက်တစ်နေရာတွင် ကွယ်ဝှက်လျက်ရှိသည်ဟု ခံစားရ၍ ၎င်းတို့သည် ကြောက်ရွံ့လွန်းသဖြင့် မအိပ်ဝံ့ကြချေ။ အထူးသဖြင့် ညအခါတွင် ၎င်းတို့သည် အခန်းထဲ၌ဖြစ်စေ၊ ခြံဝင်းထဲ၌ ဖြစ်စေ တစ်ဦးတည်း မနေဝံ့ကြပေ။ ဤသည်မှာ သင်တို့၏စိတ်ကူးစိတ်သန်းရှိ ဝိညာဉ်လောကဖြစ်၍ ကြောက်ဖွယ်ရာဟု လူတို့ထင်ကြသည့် လောကဖြစ် သည်။ စင်စစ်တွင် လူတိုင်း၌စိတ်ကူးစိတ်သန်းအချို့ ရှိကာ လူတိုင်း တစ်စုံတစ်ရာကို ခံစားနိုင်ကြ၏။

ဝိညာဉ်လောကဟူသည် အဘယ်နည်း။ သင်တို့အား တို၍လွယ်ကူသော ရှင်းလင်းချက်တစ်ရပ် ငါပေးမည်။ ဝိညာဉ်လောကသည် အရေးကြီးသောနေရာ၊ ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသောနေရာတစ်ခု ဖြစ်သည်။ ၎င်းသည် အရေးကြီးသည်ဟု ငါအဘယ်ကြောင့်ပြောသနည်း။ ဤအကြောင်းကို ငါတို့အသေးစိတ်ပြောဆိုဆွေးနွေးကြမည်။ ဝိညာဉ်လောက၏ တည်ရှိမှုသည် လူသားမျိုးနွယ်၏ ရုပ်ဝတ္ထုလောကနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်။ ၎င်းသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုအောက်ရှိ လူ၏ရှင်ခြင်းနှင့် သေခြင်းသံသရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤသည်မှာ ၎င်း၏အခန်းကဏ္ဍဖြစ်ကာ ၎င်း၏တည်ရှိနေမှုအရေးကြီးရခြင်း၏ အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ၎င်းသည် အာရုံငါးပါးဖြင့် မသိနိုင်သောနေရာဖြစ်သောကြောင့် ၎င်းတည်ရှိခြင်း ရှိမရှိကို မည်သူကမျှ တိကျစွာ အကဲမဖြတ်နိုင်ပေ။ ဝိညာဉ်လောက၌ဖြစ်ပျက်နေသောအရာများသည် လူသားမျိုးနွယ်၏ တည်ရှိမှုနှင့် အတွင်းကျကျ ဆက်စပ်နေလျက် ၎င်း၏ရလဒ်အနေဖြင့် လူသားမျိုးနွယ် အသက်တာဖွဲ့စည်းပုံသည်လည်း ဝိညာဉ်လောက၏ ကြီးမားသောလွှမ်းမိုးမှု ခံရသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဆက်စပ်သလော။ ဆက်စပ်သည်။ ငါသည် ဤအရာကိုပြောသောအခါ ဤအကြောင်းအရာကို ငါအဘယ်ကြောင့်ပြောသည်ကို သင်တို့နားလည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရားသခင်၏အချုပ်အခြာအာဏာ၊ သူ၏စီမံအုပ်ချုပ်မှုတို့နှင့် သက်ဆိုင်၍ဖြစ်သည်။ လူတို့မမြင်နိုင်သည့် ဤကဲ့သို့သော လောကတစ်ရပ်တွင် ၎င်း၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်း၊ အမိန့်နှင့် စီမံအုပ်ချုပ်မှုစနစ်တို့သည် ရုပ်ဝတ္ထုလောက၏ မည်သည့်နိုင်ငံမဆို ၏ ဥပဒေနှင့်စနစ်တိုင်းထက် များစွာသာလွန်၍ မြင့်မားကာ ဤလောက၌အသက်ရှင်နေသော မည်သည့်သတ္တဝါမျှ ၎င်းတို့ကို ဆန့်ကျင် သို့မဟုတ် ပိုင်စိုးပိုင်နင်း ပြုဝံ့မည်မဟုတ်ပေ။ ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုတို့နှင့် ဆက်စပ်သလော။ ဤလောကတွင် ရှင်းလင်းသည့် စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်များ၊ ရှင်းလင်းသည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ရှင်းလင်းသော ဥပဒေပြဋ္ဌာန်းချက်များ ရှိကြ၏။ ကွဲပြားသောအဆင့်များနှင့် ကွဲပြားသောနေရာများတွင် ဘီလစ်စာရေးကြီးများသည် ၎င်းတို့၏တာဝန်ကို တစ်သဝေမတိမ်းလိုက်နာကြကာ စည်းကမ်းများနှင့် စည်းမျဉ်းများကို လိုက်နာကြ၏။ အကြောင်းမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းတစ်ရပ်ကို ချိုးဖောက်ခြင်း၏အကျိုးဆက်ကို ၎င်းတို့သိကြ၏၊ ဘုရားသခင်သည် ဆိုးယုတ်သူကို မည်သို့အပြစ်ပေး၍ ကောင်းသူကို မည်သို့ ထောမနာပြုသည်ကို ၎င်းတို့ ရှင်းလင်းစွာသိကြသည့်အပြင်၊ အရာခပ်သိမ်းကို သူမည်သို့စီမံခန့်ခွဲသည်၊ အရာခပ်သိမ်းကို သူမည်သို့အုပ်ချုပ်သည်ကိုလည်း ရှင်းလင်းစွာသိကြသည်၊ ထို့အပြင် ဘုရားသခင်သည် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များကို မည်သို့ လုပ်ဆောင်သည်ကိုလည်း ၎င်းတို့ရှင်းလင်းစွာ မြင်သောကြောင့် ဖြစ်၏။ ဤသည်တို့သည် လူသားမျိုးနွယ်တို့နေထိုင်သော ရုပ်ဝတ္ထုလောကနှင့် ကွဲပြားသလော။ ကြီးမားစွာ ကွဲပြား၏။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် လုံးဝကွဲပြားသောလောကဖြစ်၏။ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် ပြဋ္ဌာန်းချက်များရှိသဖြင့် ၎င်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီမံအုပ်ချုပ်မှုအပြင် ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့် သက်ဆိုင်၏။ ဤသည်ကိုကြားခဲ့ပြီးဖြစ်သဖြင့် ငါသည် ဤအကြောင်းအရာကိုပြောရန် အလွန်လိုအပ်သည်ဟု သင်တို့ မထင်သလော။ သင်တို့သည် အတွင်းထဲ၌ရှိသည့် လျှို့ဝှက်ချက်များကို သင်ယူလိုသည့်ဆန္ဒ ရှိသည် မဟုတ်လော။ (ဟုတ်ကဲ့၊ ရှိပါသည်။) ယင်းမှာ ဝိညာဉ်လောက၏ အယူအဆဖြစ်သည်။ ၎င်းသည် ရုပ်ဝတ္ထုလောကနှင့် အတူယှဉ်တွဲရပ်တည်လျက်ရှိကာ၊ တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာကို နာခံရသော်လည်း ဤလောကအပေါ် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုနှင့် အချုပ်အခြာအာဏာသည် ရုပ်ဝတ္ထုလောကထက် များစွာသာ၍ တင်းကျပ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၈)

လူသားမျိုးနွယ်အကြားတွင် ငါသည် လူအားလုံးကို အမျိုးအစား သုံးမျိုးအဖြစ် ခွဲခြားသည်။ ပထမအမျိုးအစားမှာ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများမရှိသည့် မယုံကြည်သူများဖြစ်ကြ၏။ ၎င်းတို့ကို မယုံကြည်သူများဟု ခေါ်ကြ၏။ မယုံကြည်သူများအနက် အလွန့်အလွန်များပြားသော လူများစုမှာ ပိုက်ဆံတွင်သာ ယုံကြည်ကြ၏၊ ၎င်းတို့၏ကိုယ်ကျိုးစီးပွားနောက်ကိုသာ လိုက်ကြ၍ ၎င်းတို့သည် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကိုသာ အဓိကထားကြကာ ရုပ်ဝတ္ထုလောကကိုသာ ယုံကြည်ကြလျက် ရှင်ခြင်းနှင့် သေခြင်း သံသရာ၊ သို့မဟုတ် နတ်ဘုရားများနှင့် တစ္ဆေများအကြောင်း ဆိုရိုးများကို မယုံကြည်ကြပေ။ ငါသည် ထိုသူတို့အား မယုံကြည်သူများအဖြစ် အမျိုးအစားခွဲခြားကာ ၎င်းတို့သည် ပထမအမျိုးအစားဖြစ်၏။ ဒုတိယအမျိုးအစားမှာ မယုံကြည်သူများမှလွဲ၍ ယုံကြည်သူအမျိုးမျိုးဖြစ်၏။ လူသားမျိုးနွယ်အကြားတွင် ငါသည် ထိုယုံကြည်သူတို့ကို အဓိကအမျိုးအစား အချို့ခွဲခြား၏။ ပထမမှာ ယုဒအမျိုး၊ ဒုတိယမှာ ဘရင်ဂျီ၊ တတိယမှာ ခရစ်ယာန်၊ စတုတ္ထမှာ မွတ်စလင်နှင့် ပဉ္စမမှာ ဗုဒ္ဓဘာသာဝင်တို့ဖြစ်ကြ၍ ငါးမျိုးရှိ၏။ ၎င်းတို့သည် ယုံကြည်သူအမျိုးအစား အမျိုးမျိုးဖြစ်သည်။ တတိယအမျိုးအစားမှာ ဘုရားသခင်ကို ယုံကြည်သူများဖြစ်ကြသည်။ ဤသည်မှာ သင်တို့နှင့် သက်ဆိုင်သည်။ ထိုကဲ့သို့သော ယုံကြည်သူတို့သည် ယနေ့ ဘုရားသခင်နောက်လိုက်သောသူများ ဖြစ်ကြ၏။ ထိုသူတို့အား ဘုရားသခင်မှ ရွေးချယ်ထားသူများနှင့် အစေခံသူများဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထား၏။ ဤအဓိကအမျိုးအစားများကို ရှင်းလင်းစွာ ခွဲခြားပြီးဖြစ်သည်။ ထို့ကြောင့် ယခု သင်တို့၏စိတ်ထဲတွင် သင်တို့သည် လူအမျိုးအစားများနှင့် အဆင့်များကို ရှင်းလင်းစွာ ခွဲခြားနိုင်ကြသည်၊ မှန်သလော။ ပထမသည် မယုံကြည်သူများဖြစ်သည်။ မယုံကြည်သူများမှာ မည်သည်ဆိုသည်ကို ငါပြောခဲ့ပြီးဖြစ်သည်။ ကောင်းကင်ရှိအဖိုးအိုကို ယုံကြည်သူများကို မယုံကြည်သူများဟု ယူဆရသလော။ မယုံကြည်သူအများအပြားသည် ကောင်းကင်ရှိအဖိုးအိုကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် လေ၊ မိုးနှင့် မိုးခြိမ်းသံတို့အားလုံးသည် ဤကောင်းကင်ရှိအဖိုးအို၏ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ယုံကြည်ကြသည်။ ကောင်းကင်ရှိအဖိုးအိုကို ၎င်းတို့သည် ကောက်ပဲသီးနှံများ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းရေးတို့အတွက် အားထားကြ၏။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ပြောသည်နှင့် ၎င်းတို့သည် စိတ်မပါဖြစ်သွားကြ၏။ ဤသည်ကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆို၍ရနိုင်သလော။ မယုံကြည်သူများတွင် ထိုကဲ့သို့သောလူတို့ ပါဝင်သည်။ ဤသည်ကို သင်နားလည်သည် မဟုတ်လော။ ဤအတန်းစားများကို မမှားလေနှင့်။ ဒုတိယအမျိုးအစားမှာ ယုံကြည်သူများဖြစ်၏။ တတိယအမျိုးအစားမှာ ယနေ့ ဘုရားသခင်နောက် လိုက်သောသူများဖြစ်၏။ ငါသည် လူအားလုံးအား ဤအမျိုးအစားများအဖြစ် အဘယ်ကြောင့် ခွဲခြားခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော လူအမျိုးအစားတို့သည် ကွဲပြားသော အဆုံးသတ်နှင့် ခရီးပန်းတိုင် ရှိ၍ဖြစ်၏။) ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကွဲပြားသော လူမျိုးများနှင့် လူအမျိုးအစားများသည် ဝိညာဉ်လောကသို့ ပြန်သွားကြသည့်အခါ ၎င်းတို့တစ်ဦးစီသည် ကွဲပြားသော သွားစရာနေရာ ရှိမည်ဖြစ်သည်၊ ရှင်ခြင်းနှင့် သေခြင်းသံသရာ၏ ကွဲပြားသောနိယာမများကို ခံစားရမည်ဖြစ်ကာ ဤသည်မှာ လူတို့အား ဤအဓိကအမျိုးအစားများအဖြစ် ငါအမျိုးအစားခွဲခြားရခြင်း၏ အကြောင်းရင်းဖြစ်၏။

မယုံကြည်သူများ၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ

မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာနှင့် စကြစို့။ လူတစ်ဦးသေဆုံးပြီးနောက် ၎င်းတို့ကို ဝိညာဉ်လောကမှ ဘိလစ်စာရေးမှ ခေါ်သွား၏။ ၎င်းတို့၏ မည်သည့်အရာကို ယူသွားခြင်းခံသနည်း။ ၎င်းတို့၏ ဇာတိခန္ဓာမဟုတ်ဘဲ ၎င်းတို့၏လိပ်ပြာဖြစ်၏။ ၎င်းတို့၏လိပ်ပြာကို ယူသွားခြင်းခံရသည့်အခါ၊ ၎င်းတို့သည် ဝိညာဉ်လောက၏ ကိုယ်စားလှယ်လုပ်ငန်း တစ်နေရာသို့ ရောက်ရှိသွားကြသည်။ ထိုနေရာသည် မကြာသေးမီကမှ သေဆုံးသွားသူများ၏ လိပ်ပြာများကို အထူးလက်ခံသည့် နေရာဖြစ်၏။ (မှတ်ချက်- တစ်စုံတစ်ဦး သေဆုံးပြီးနောက် ၎င်းတို့သွားရောက်သည့် ပထမဆုံးနေရာမှာ ဝိညာဉ်လိပ်ပြာအတွက် ထူးခြားနေ၏။) ထိုနေရာသို့ ၎င်းတို့ကို ခေါ်သွားသောအခါ၊ အရာရှိတစ်ဦးသည် ပထမဆုံးစစ်ဆေးမှုများကို ပြုလုပ်၏၊ ၎င်းတို့၏အမည်၊ လိပ်စာ၊ အသက်နှင့် သူတို့၏ အတွေ့အကြုံများတို့ကို အတည်ပြု၏။ ၎င်းတို့ အသက်ရှင်ခဲ့စဉ် ၎င်းတို့ ပြုလုပ်သည့်အရာတိုင်း၊ ကို စာအုပ်တစ်အုပ်တွင် မှတ်တမ်းတင်ထားကာ တိကျမှုအတွက် အတည်ပြုရန် စစ်ဆေး၏။ အားလုံးကို စစ်ဆေးပြီးနောက် ၎င်းကို အပြစ်ဒဏ်ပေးရမည်လော သို့မဟုတ် ဆက်လက်၍လူဝင်စားရမည်လောဟူသည်ကို ဆုံးဖြတ်ရန် ထိုသူ၏ဘဝတစ်လျှောက်လုံး အပြုအမူနှင့် လုပ်ဆောင်ချက်များကို အသုံးပြု၏။ ဤသည်မှာ ပထမအဆင့်ဖြစ်သည်။ ဤပထမအဆင့်သည် ထိတ်လန့်ဖွယ်ဖြစ်သလော။ ဤသည်မှာ ထိတ်လန့်ဖွယ်ရာ မကောင်းလွန်းပေ၊ အဘယ်ကြောင့်ဆိုသော် တစ်ခုတည်းသော ဖြစ်ပျက်သွားသည့်အရာမှာ ထိုသူသည် မှောင်မိုက်၍ အကျွမ်းတဝင်မရှိသော နေရာသို့ ရောက်ရှိခဲ့ခြင်းပင်ဖြစ်၏။

ဒုတိယအဆင့်တွင် ဤသူသည် ၎င်း၏ဘဝတစ်လျှောက်လုံး ဆိုးရွားသည့်အရာများစွာ ပြုလုပ်ခဲ့ပါက၊ များစွာသော စဉ်းလဲသည့်လုပ်ရပ်များ ကျူးလွန်ခဲ့ပါက၊ ၎င်းသည် အပြစ်ဒဏ်ပေးခြင်းခံရရန် အပြစ်ဒဏ်ပေးသည့်နေရာ တစ်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရပေမည်။ ထိုနေရာသည် လူတို့အား အပြစ်ဒဏ်ပေးခြင်းကို ဖော်ညွှန်းသည့်နေရာ ဖြစ်လိမ့်မည်။ ၎င်းတို့ကို အပြစ်ဒဏ်ပေးပုံ အသေးစိတ် မှာ ၎င်းတို့ကျူးလွန်ခဲ့သည့် အပြစ်များအပေါ်တွင် မူတည်၍ ၎င်းတို့ မသေဆုံးမီ ကောက်ကျစ်စဉ်းလဲသည့် အရာများ မည်မျှပြုလုပ်ခဲ့သည်ဟူသည့်အပေါ် မူတည်သည်။ ဤသည်မှာ ဒုတိယအဆင့်တွင် ဖြစ်ပေါ်သည့် ပထမအခြေအနေဖြစ်၏။ ၎င်းတို့မသေဆုံးမီပြုလုပ်ခဲ့သည့်အရာများနှင့် ကျူးလွန်ခဲ့သည့် မကောင်းမှုတို့ကြောင့် ၎င်းတို့၏အပြစ်ဒဏ်နောက်ပိုင်း ၎င်းတို့ဝင်စားသည့်အခါ၊ ၎င်းတို့ ရုပ်ဝတ္ထုလောကအတွင်း နောက်တစ်ကြိမ်မွေးဖွားသောအခါ၊ လူအချို့သည် ဆက်လက်၍ လူဖြစ်ကာ၊ အချို့သည် တိရစ္ဆာန်များ ဖြစ်သွားကြမည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ဝိညာဉ်လောကသို့ ပြန်သွားပြီးနောက် ၎င်းကျူးလွန်ခဲ့သည့် မကောင်းမှုကြောင့် ၎င်းသည် အပြစ်ဒဏ်ပေးခြင်း ခံရ၏။ ထို့အပြင် ၎င်းတို့ပြုလုပ်ခဲ့သည့် ကောက်ကျစ်စဉ်းလဲမှုများကြောင့် နောက်တစ်ဖန် ဝင်စားသောအခါ ၎င်းတို့သည် လူမဖြစ်ဘဲ တိရစ္ဆာန်တစ်ကောင် ဖြစ်သွားမည်မှာ သေချာသလောက်ရှိသည်။ ၎င်းတို့ဖြစ်နိုင်သည့် တိရစ္ဆာန်များတွင် နွားများ၊ မြင်းများ၊ ဝက်များနှင့် ခွေးများ ပါဝင်သည်။ အချို့လူများသည် ကောင်းကင်ရှိငှက် တစ်ကောင် သို့မဟုတ် ဘဲတစ်ကောင် သို့မဟုတ် ဘဲငန်းတစ်ကောင် ဖြစ်သွားနိုင်သည်။ ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားခဲ့ပြီးနောက်၊ ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့သည် ဝိညာဉ်လောကသို့ ပြန်သွားကြကာ ယခင်ကဲ့သို့ပင် ၎င်းတို့ မသေဆုံးမီ ၎င်းတို့၏အပြုအမူအပေါ် အခြေပြု၍ ၎င်းတို့လူဝင်စားခြင်းရှိမရှိကို ဝိညာဉ်လောကမှ ဆုံးဖြတ်လိမ့်မည်။ လူအများစုသည် မကောင်းမှုများစွာကို ကျူးလွန်ကြ၏၊ ၎င်းတို့၏အပြစ်များသည် ဆိုးရွားလွန်းလှ၏၊ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်အဖြစ် ဝင်စားကြ၏။ ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ်၊ ဤသည်မှာ ကြောက်မက်ဖွယ်ဖြစ်သလော။ (ကြောက်မက်ဖွယ်ဖြစ်၏။) မည်သည့်အရာသည် သင်တို့အတွက် ထိတ်လန့်ဖွယ်ဖြစ်သနည်း။ လူတစ်ဦးမှ တိရစ္ဆာန်ဖြစ်သွားခြင်းသည် ထိတ်လန့်ဖွယ်ဖြစ်၏။ ထို့အပြင် လူတစ်ဦးအတွက်၊ တိရစ္ဆာန်တစ်ဦးဖြစ်သွားခြင်းတွင် အနာကျင်ဆုံးမှာ မည်သည့်အရာနည်း။ ဘာသာစကား မရှိခြင်း၊ ထုံနသောအတွေးများသာရှိခြင်း၊ တိရစ္ဆာန်များပြုလုပ်သည့် အရာများသာ ပြုလုပ်နိုင်၍ တိရစ္ဆာန်များ စားသည့်အစာများသာ စားနိုင်ခြင်း၊ တိရစ္ဆာန်တစ်ကောင်၏ ထုံအသောစိတ်ဓာတ်နှင့် ကိုယ်လက်အမူအရာ မျက်နှာရိပ်ကဲ ရှိခြင်း၊ လမ်းမတ်မတ်မလျှောက်နိုင်ခြင်း၊ လူတို့နှင့် ပြောဆိုဆက်ဆံမှုမပြုနိုင်ခြင်းနှင့် တိရစ္ဆာန်တို့နှင့် လုံးဝဆက်စပ်မှုမရှိသည့် လူတို့၏အပြုအမူနှင့် လုပ်ဆောင်မှုများဖြစ်၏။ ဆိုလိုသည်မှာ အရာခပ်သိမ်းအကြားတွင် တိရစ္ဆာန်တစ်ကောင်ဖြစ်ခြင်းသည် သက်ရှိအားလုံးအနက် သင့်အား အနိမ့်ဆုံးဖြစ်စေ၍ လူတစ်ဦးဖြစ်ခြင်းထက် သာ၍နာကျင်၏။ ဤသည်မှာ မကောင်းမှုများစွာပြုလုပ်ခဲ့၍ ကြီးမားသော အပြစ်များ ကျူးလွန်ခဲ့သောသူများအပေါ် ဝိညာဉ်လောက၏ အပြစ်ဒဏ်၏ လက္ခဏာသွင်ပြင် တစ်ရပ်ဖြစ်၏။ အပြစ်ဒဏ်၏ပြင်းထန်မှုနှင့်ပတ်သက်၍ ၎င်းကို ထိုသူတို့ ဖြစ်သွားသည့် တိရစ္ဆာန် အမျိုးအစားအရ ဆုံးဖြတ်သည်။ ဥပမာ ဝက်တစ်ကောင်ဖြစ်ခြင်းသည် ခွေးတစ်ကောင်ဖြစ်ခြင်းထက် သာ၍ကောင်းသလော။ ဝက်တစ်ကောင်သည် ခွေးတစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင် နေထိုင်သလော။ သာ၍ဆိုးရွားသည် မဟုတ်လော။ လူတို့သည် နွား သို့မဟုတ် မြင်းတစ်ကောင် ဖြစ်သွားပါက ၎င်းတို့သည် ဝက်တစ်ကောင်ထက် သာ၍ကောင်းမွန်စွာ သို့မဟုတ် သာ၍ဆိုးရွားစွာ အသက်ရှင် နေထိုင်မည်လော။ (သာ၍ကောင်းမွန်စွာ နေထိုင်မည်။) တစ်စုံတစ်ဦးသည် ကြောင်တစ်ကောင်ဖြစ်သွားပါက သာ၍ သက်သောင့်သက်သာ ရှိမည်လော။ တိရစ္ဆာန်များအကြား သင့်တွင်ရွေးချယ်ချက်တစ်ရပ်ရှိခဲ့ပါက သင်သည် ကြောင်တစ်ကောင် ဖြစ်သွားရန် ရွေးချယ်လိမ့်မည်ဖြစ်ပြီး ဤသည်မှာ မြင်း သို့မဟုတ် နွားတစ်ကောင်ဖြစ်သွားသည်ထက် သာ၍သက်သောင့်သက်သာ ရှိပေသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် အချိန်အများစုကို အိပ်လျက် ပျင်းရိပျင်းတွဲနေနိုင်၍ဖြစ်သည်။ နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်သွားခြင်းမှာ သာ၍ ပင်ပန်းခက်ခဲသဖြင့် လူတို့သည် နွား သို့မဟုတ် မြင်းအဖြစ် ဝင်စားပါက ၎င်းတို့သည် ကြိုးစားအားထုတ်ရသည်ဖြစ်၍ ဤသည်မှာ ပြင်းထန်သည့် အပြစ်ဒဏ်တစ်ရပ်ဟု ထင်ရသည်။ ခွေးတစ်ကောင်ဖြစ်သွားရသည်မှာ နွား သို့မဟုတ် မြင်းတစ်ကောင်ထက် အနည်းငယ် သာသည်။ အဘယ်ကြောင့်ဆိုသော် ခွေးတစ်ကောင်သည် ၎င်း၏သခင်နှင့် သာ၍ရင်းနှီးသော ဆက်ဆံရေးရှိ၍ဖြစ်သည်။ ထိုထက်ပို၍၊ ယနေ့တွင် များစွာသောလူတို့သည် ခွေးမွေးထားကြပြီး သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် ၎င်းသည် ထိုသူတို့ပြောနေသည့်အရာ အများစုကို နားလည်ရန် သင်ယူခဲ့ပြီးဖြစ်၏။ ခွေးတစ်ကောင်သည် ၎င်း၏သခင်၏စကားလုံးများစွာကို နားလည်နိုင်သည့်အတွက် ၎င်းသည် ၎င်း၏သခင်အား ကောင်းစွာနားလည်ကာ တစ်ခါတစ်ရံတွင် ၎င်း၏သခင်၏ စိတ်နေစိတ်ထား၊ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုလုပ်နိုင်၏။ ထို့ကြောင့် သခင်သည် ထိုခွေးကို သာ၍ကောင်းမွန်စွာ ဆက်ဆံ၍ ထိုခွေးသည် သာ၍ကောင်းမွန်စွာ စားသောက်ကာ၊ ၎င်းနာကျင်နေသည့်အခါ သာ၍ ကြည့်ရှုစောင့်ရှောက်ခြင်း ခံရ၏။ ထို့ကြောင့် ဤခွေးသည် ပျော်ရွှင်ဖွယ်ရာဘဝတစ်ခုကို မွေ့လျော်ခြင်း မရှိပေဘူးလော။ သို့ဖြစ်၍ ခွေးတစ်ကောင်ဖြစ်ခြင်းသည် နွား သို့မဟုတ် မြင်းတစ်ကောင်ဖြစ်ခြင်းထက် သာ၍ကောင်းပေ၏။ ဤအရာတွင် လူတစ်ဦး၏အပြစ်ဒဏ်၏ပြင်းထန်မှုသည် ၎င်းတို့ တိရစ္ဆာန်တစ်ကောင်အဖြစ် အကြိမ်ရေမည်မျှ ဝင်စားမည်နှင့် မည်သည့်တိရစ္ဆာန်အမျိုးအစားအဖြစ် ၎င်းတို့ ဝင်စားမည်ကို ဆုံးဖြတ်၏။

၎င်းတို့အသက်ရှင်စဉ်တွင် ၎င်းတို့သည် အပြစ်များစွာကျူးလွန်ခဲ့သဖြင့် အချို့သောလူများသည် တိရစ္ဆာန်အဖြစ် ခုနစ်ကြိမ်မှ ဆယ့်နှစ်ကြိမ် ဝင်စားခြင်းဖြင့် အပြစ်ပေးခြင်း ခံရပေမည်။ အကြိမ်ရေအတော်အတန် အပြစ်ပေးခံရပြီးနောက် ၎င်းတို့ဝိညာဉ်လောကသို့ ပြန်သည့်အခါ ၎င်းတို့သည် အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခံရ၏။ ဤနေရာရှိ ဝိညာဉ်လိပ်ပြာ အမျိုးမျိုးသည် အပြစ်ဒဏ်ခံရပြီးဖြစ်ပြီး လူဝင်စားရန် ပြင်ဆင်လျက်ရှိသည့် အမျိုးအစားဖြစ်သည်။ ဤနေရာသည် ဝိညာဉ် လိပ်ပြာတစ်ခုစီကို ၎င်းတို့မွေးဖွားမည့်မိသားစု၊ ၎င်းတို့လူဝင်စားသည်နှင့် ၎င်းတို့ပါဝင်မည့်အခန်းကဏ္ဍ စသည်ဖြင့်အရ အမျိုးအစားခွဲခြား၏။ ဥပမာ အချို့သူတို့သည် ဤလောကသို့ လာသည့်အခါ အဆိုတော်များဖြစ်လာမည် ဖြစ်သဖြင့် ၎င်းတို့သည် အဆိုတော်များအကြား ထားပေးခံရ၏။ အချို့သောသူများမှာ ဤလောကသို့ လာသည့်အခါ စီးပွားရေးသမားများ ဖြစ်လာမည်ဖြစ်သဖြင့် ၎င်းတို့သည် စီးပွားရေးသမားများအကြား ထားပေးခံရ၏။ ထို့အပြင် တစ်စုံတစ်ဦးသည် လူဖြစ်သည့်အခါ သိပ္ပံပညာဆိုင်ရာ သုတေသီတစ်ဦးဖြစ်ရန်ဆိုပါက ၎င်းတို့သည် သိပ္ပံပညာဆိုင်ရာ သုတေသီများအကြား ထားပေးခံရသည်။ ၎င်းတို့ကို အုပ်စုအလိုက်ခွဲပြီးနောက် တစ်ဦးစီကို ကွဲပြားသည့်အချိန်နှင့် သတ်မှတ်ထားသည့် ရက်စွဲအရ၊ ယနေ့ လူတို့ အီးမေးလ်ပို့သည့်အတိုင်း၊ ပို့လိုက်၏။ ဤအရာတွင် ရှင်ခြင်းနှင့်သေခြင်း သံသရာတစ်ခု ပြီးဆုံးလိမ့်မည်။ လူတစ်ဦး ဝိညာဉ်လောကထဲသို့ ရောက်သည့်ရက်မှ ၎င်း၏အပြစ်ဒဏ် အဆုံးသတ်အထိ သို့မဟုတ် ၎င်းသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ကြိမ်ဖန်များစွာ ဝင်စားခဲ့ပြီးနောက် လူတစ်ဦးအဖြစ် ပြန်ဝင်စားရန်ပြင်ဆင်နေသည်အထိဖြစ်ပြီး ဤဖြစ်စဉ်မှာ ပြီးဆုံးပြီဖြစ်သည်။

အပြစ်ဒဏ်ပေးခြင်းခံရပြီးကာ တိရစ္ဆာန်အဖြစ် ဝင်စားခြင်းမရှိသူများသည် လူဖြစ်ရန် ရုပ်ဝတ္ထုလောကသို့ လျင်မြန်စွာ အပို့ခံရမည်လော။ သို့မဟုတ် ၎င်းတို့ လူသားအကြားမလာနိုင်မီ မည်မျှကြာမည်နည်း။ ဤသို့ဖြစ်ပျက်နိုင်သည့် ကြိမ်နှုန်းမှာ မည်မျှနည်း။ ဤအတွက် အချိန်ကန့်သတ်ချက်များရှိသည်။ ဝိညာဉ်လောကတွင်ဖြစ်သည့် အရာခပ်သိမ်းသည် သင့်တော်သည့် အချိန်ကန့်သတ်ချက်များနှင့် စည်းကမ်းများ လိုက်နာရသည်။ ဤသည်ကို ငါသည် ကိန်းဂဏန်းများနှင့်ရှင်းပြပါက သင်တို့ နားလည်လိမ့်မည်။ အချိန်ကာလတိုအတွင်း ဝင်စားသူများအတွက် ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့အား လူအဖြစ် ပြန်လည်မွေးဖွားရန်အတွက် ပြင်ဆင်ပြီးဖြစ်လိမ့်မည်။ အတိုဆုံးအချိန်မှာ သုံးရက်ဖြစ်သည်။ အချို့သောသူများအတွက် ဤသည်မှာ သုံးလဖြစ်၏၊ အချို့အတွက် ဤသည်မှာ သုံးနှစ်ဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးဆယ်ဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးရာဖြစ်၏၊ အချို့အတွက် ဤသည်မှာ အနှစ်သုံးထောင်ပင်ဖြစ်၏ စသည်ဖြင့် ဖြစ်၏။ ထို့ကြောင့် ဤအချိန်စည်းကမ်းများအကြောင်း မည်သည့်အရာများပြောနိုင်မည်နည်း။ ထို့အပြင် အသေးစိတ်အချက်အလက်များမှာ မည်သည်တို့နည်း။ ၎င်းတို့ကို လူ့လောကဖြစ်သည့် ရုပ်ဝတ္ထုလောကအနေဖြင့် ဝိညာဉ်တစ်ခုထံမှ လိုအပ်သည့်အရာအပေါ်နှင့် ဤလောကတွင် ဤဝိညာဉ်ပါဝင်ရမည့် အခန်းကဏ္ဍတို့အပေါ် အခြေခံထား၏။ လူတို့သည် သာမန်လူတစ်ဦးအဖြစ် ဝင်စားသည့်အခါ ၎င်းတို့အများစုသည် များမကြာမီ လူဝင်စားကြ၏။ အဘယ်ကြောင့်ဆိုသော် လူသား၏လောကသည် ထိုကဲ့သို့သော သာမန်လူတို့ကို အရေးတကြီးလိုအပ်နေသည့်အတွက် ဖြစ်၏။ ထို့ကြောင့် သုံးရက်ကြာပြီးနောက် ၎င်းတို့အား ၎င်းတို့မသေဆုံးမီရှိခဲ့သည့် မိသားစုနှင့် လုံးဝကွဲပြားသည့် မိသားတစ်စုထံသို့ ထပ်မံပို့လိုက်၏။ သို့သော် ဤလောကတွင် အထူးအခန်းကဏ္ဍမှပါဝင်သောသူအချို့ ရှိ၏။ “အထူး” ဆိုသည်မှာ လူသား၏လောကတွင် ထိုသူများအတွက် ကြီးမားသည့်လိုအပ်ချက် မရှိဟု ဆိုလိုခြင်းဖြစ်သည်။ ထိုကဲ့သို့သောအခန်းကဏ္ဍတွင် ပါဝင်ရန် လူများစွာ မလိုပေ။ ထို့ကြောင့် ယင်းက အနှစ်သုံးရာ ကြာနိုင်သည်။ ဤလိပ်ပြာသည် အနှစ်သုံးရာကြာမှ တစ်ကြိမ်လာမည် သို့မဟုတ် အနှစ်သုံးထောင်ကြာမှပင် တစ်ကြိမ် လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခန်းကဏ္ဍကို လူသား၏လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် မလိုအပ်၍ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ဝိညာဉ်လောက၏ တစ်နေရာရာတွင် ထား၏။ ဥပမာအနေဖြင့် ကွန်ဖြူးရှပ်ကို ကြည့်လော့။ သူသည် တရုတ်ရိုးရာယဉ်ကျေးမှုအပေါ် အလွန်လေးနက်သော အကျိုးသက်ရောက်မှု ရှိခဲ့သည်။ သူ၏ရောက်ရှိလာမှုသည် ထိုခေတ်ကာလလူတို့၏ ယဉ်ကျေးမှု၊ အသိပညာ၊ ရိုးရာနှင့် တွေးခေါ်မှုတို့အပေါ် နက်ရှိုင်းသည့် သက်ရောက်မှုရှိခဲ့သည်။ သို့သော် ဤကဲ့သို့သောလူတစ်ဦးသည် ခေတ်တိုင်းတွင် မလိုအပ်ပေ။ ထို့ကြောင့် သူသည် ပြန်လည်ဝင်စားခြင်းမတိုင်မီ ဝိညာဉ်လောကတွင် နှစ်သုံးရာ သို့မဟုတ် နှစ်သုံးထောင် စောင့်နေလျက် နေရသည်။ လူသား၏လောကသည် ဤသို့သောတစ်စုံတစ်ဦးကို မလိုအပ်သည့်အတွက် ၎င်းသည် အချည်းနှီး စောင့်ခဲ့ရ၏။ ၎င်း၏အခန်းကဏ္ဍကဲ့သို့ အခန်းကဏ္ဍများ အလွန် နည်းပါးသည့်အတွက် သူ့အတွက် လုပ်ရာအနည်းငယ်သာရှိသဖြင့် သူ့အား လူသား၏လောက အလိုရှိသည့်အခါ ပို့လိုက်ရန် များသောအားဖြင့် ဝိညာဉ်လောက တစ်နေရာတွင် အချည်းနှီးထားခဲ့ရ၏။ ဤသည်တို့မှာ လူအများစု ပြန်လည်ဝင်စားသည့် အကြိမ်နှုန်းအတွက် ဝိညာဉ်နယ်ပယ်၏ အချိန်စည်းကမ်းများ ဖြစ်၏။ ၎င်းတို့သည် သာမန်လူတစ်စုံတစ်ဦးဖြစ်စေ၊ ထူးခြားသည့် လူတစ်စုံတစ်ဦးဖြစ်စေ၊ လူတို့ပြန်လည်ဝင်စားခြင်းအတွက် ဝိညာဉ်လောကသည် သင့်တော်သည့် စည်းကမ်းများနှင့် မှန်ကန်သည့် အလေ့အကျင့်များရှိကာ၊ ဤစည်းကမ်းများနှင့် အလေ့အကျင့်များကို ဘုရားသခင်မှချပေးလိုက်ခြင်းဖြစ်ကာ မည်သည့်ဘိလစ် သို့မဟုတ် ဝိညာဉ်လောကရှိ မည်သည့်သတ္တဝါကမျှ ဆုံးဖြတ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၈၉)

မည်သည့်ဝိညာဉ်လိပ်ပြာအတွက်မဆို ၎င်းတို့ပြန်လည်ဝင်စားခြင်း၊ ဤဘဝတွင် ၎င်းတို့၏ အခန်းကဏ္ဍ၊ ၎င်းတို့မွေးဖွားသည့် မိသားစုနှင့် ၎င်းတို့၏ဘဝ မည်သို့မည်ပုံရှိသည်မှာ ၎င်းတို့၏ အတိတ်ဘဝနှင့် နီးစပ်စွာသက်ဆိုင်၏။ လူအမျိုးမျိုး လူသား၏လောကအတွင်း လာရောက်ကြကာ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍသည် ၎င်းတို့ထမ်းဆောင်သည့်တာဝန်များကဲ့သို့ ကွဲပြားကြ၏။ ၎င်းတာဝန်တို့မှာ မည်သည်တို့နည်း။ အချို့သောသူတို့သည် အကြွေးပြန်ဆပ်ရန် လာကြ၏။ ၎င်းတို့သည် ယခင်ဘဝက အခြားသူများအား ပိုက်ဆံအကြွေးများစွာ တင်ရှိခဲ့ပါက ဤဘဝတွင် အကြွေးဆပ်ရန် လာကြ၏။ ထိုအတောအတွင်း အချို့လူများသည် အကြွေးကောက်ခံရန် လာကြ၏။ ၎င်းတို့သည် ယခင်ဘဝက အရာများနှင့် ငွေကြေးများ လိမ်ညာခံရသည်မှာ များလွန်းသောကြောင့် ဝိညာဉ်လောကသို့ ရောက်ပြီးနောက် ဝိညာဉ်လောကသည် ၎င်းတို့အား ဤဘဝတွင် တရားမျှတမှုပေး၍ အကြွေးကောက်ခံခွင့် ပေးမည်ဖြစ်သည်။ အချို့သူများသည် ကျေးဇူးကြွေးဆပ်ရန် လာကြ၏။ ယခင်ဘဝအတွင်း ၎င်းတို့မသေဆုံးမီ တစ်စုံတစ်ဦးသည် ၎င်းတို့အပေါ် ကြင်နာခဲ့ကာ ဤဘဝတွင် လူဝင်စားရန် ကြီးမားသည့် အခွင့်အရေးတစ်ရပ် ရရှိခဲ့သဖြင့် ၎င်းတို့သည် ကျေးဇူးကြွေးဆပ်ရန် ပြန်လည်မွေးဖွားကြ၏။ ထိုအတောအတွင်း အခြားသူများသည် အသက်တစ်ခု အလျော်တောင်းရန် ပြန်လည်မွေးဖွားခဲ့ကြ၏။ မည်သူ၏အသက်ကို ၎င်းတို့တောင်းဆိုသနည်း။ ယခင်ဘဝက ၎င်းတို့ကိုသတ်ခဲ့သူဖြစ်၏။ အတိုချုပ်အားဖြင့်၊ လူတိုင်း၏ လက်ရှိဘဝသည် ၎င်းတို့၏ယခင်ဘဝနှင့် ခိုင်မာစွာဆက်စပ်နေကြ၏။ ခွဲခြား၍မရအောင် ဆက်စပ်နေ၏။ ဆိုလိုသည်မှာ လူတိုင်း၏ လက်ရှိဘဝသည် ၎င်းတို့၏ယခင်ဘဝ၏ သက်ရောက်မှုကို ကြီးမားစွာခံရသည်။ ဥပမာ ဇန်သည် မသေဆုံးမီက လီအား ငွေကြေးမြောက်များစွာ လိမ်လည်ခဲ့၏။ ထို့ကြောင့် ဇန်သည် လီအပေါ် အကြွေးတင်နေသလော။ ၎င်းသည် အကြွေးတင်နေသည့်အတွက် လီသည် ဇန်ထံမှ အကြွေးကောက်ခံသည်မှာ သဘာဝကျသလော။ ထို့ကြောင့် ၎င်းတို့သေဆုံးပြီးနောက် ၎င်းတို့နှစ်ဦးအကြား ကျေအေးရန် အကြွေးရှိနေသည်။ ၎င်းတို့ပြန်လည်ဝင်စား၍ ဇန်သည် လူဖြစ်သည့်အခါ လီသည် ၎င်းထံမှအကြွေးကို မည်သို့ကောက်ခံသနည်း။ တစ်နည်းမှာ လီသည် ဇန်၏သားအဖြစ် ပြန်လည်မွေးဖွားခြင်းဖြင့် လီသည် သူ၏အကြွေးကောက်ခံ၏၊ ဇန်သည် ဝင်ငွေမြောက်မြားစွာရ၍ ၎င်းကို လီမှ ဖြုန်းတီး၏။ ဇန်သည် ဝင်ငွေမည်မျှပင်ရသည်ဖြစ်စေ သူ့သားလီမှ ၎င်းကိုသုံးခြင်းအားဖြင့် သူ့အား “ကူညီ” ၏။ ဇန်သည် ဝင်ငွေမည်မျှပင်ရသည်ဖြစ်စေ မည်သည့်အခါမျှ လုံလောက်ခြင်းမရှိပေ။ ထိုအတောအတွင်း ၎င်း၏သားမှာ အကြောင်းရင်း တစ်ခုမဟုတ်တစ်ခုကြောင့် ကွဲပြားသောနည်းနာများအားဖြင့် ၎င်းဖခင်၏ပိုက်ဆံများကို အဆုံးတွင် အသုံးပြုသည်ချည်းဖြစ်၏။ ဇန်သည် “ငါ့သားသည် အဘယ်ကြောင့် ဂြိုဟ်ကောင် အမြဲဖြစ်နေခဲ့သနည်း။ အခြားသူများ၏သားများသည် အဘယ်ကြောင့် အလွန်ကောင်းမွန်သနည်း။ ငါ၏သားသည် အဘယ်ကြောင့် ရည်မှန်းချက်မရှိရသနည်း။ သူသည် အဘယ်ကြောင့် လွန်စွာအသုံးမကျကာ ဝင်ငွေတစ်စုံတစ်ရာရှာ နိုင်စွမ်း မရှိသနည်း။ ငါသည် အဘယ်ကြောင့် သူ့အားအမြဲပံ့ပိုးနေရသနည်း။ ငါသည် သူ့အားပံ့ပိုးရမည်ဖြစ် သဖြင့် ငါသည် ပံ့ပိုးမည်ဖြစ်သော်လည်း ငါသည် သူ့အား ပိုက်ဆံမည်မျှပင်ပေးစေကာမူ သူသည် အဘယ်ကြောင့် အမြဲပင် ထပ်မံလိုအပ်နေသနည်း။ သူသည် အဘယ်ကြောင့် အလုပ်ကိုမူမကြိုးစားနိုင်ဘဲ လတ်လျားလတ်လျားနေခြင်း၊ စားခြင်း၊ သောက်ခြင်း၊ မတရားမေထုန်ပြုကျင့်ခြင်းနှင့် လောင်းကစားခြင်းများကို လုပ်သနည်း။ ဘာတွေများ ဖြစ်နေသနည်း” ဟု နားဝေတိမ်တောင်ဖြစ်နေ၏။ ထို့နောက် ဇန်သည် “အတိတ်ဘဝက ငါသည် သူ့အပေါ်အကြွေးတင်ခဲ့၍ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက ငါသည် အပြည့်အဝဆပ်လိုက်မည်။ ငါအပြည့်အဝ မဆပ်မချင်း ဤအရာအဆုံးသတ်မည် မဟုတ်ပေ” ဟု ခေတ္တခဏ စဉ်းစား၏။ လီသည် သူ၏အကြွေးကို အမှန်တကယ် ပြန်ရခဲ့သည့်နေ့ ရောက်လာချင် ရောက်လာမည်ဖြစ်ကာ၊ သူသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ရှိသည့်အခါ၊ သူသည် ရုတ်တရက် ဆင်ခြင်တုံတရား ပေါ်လာမည်ဖြစ်သည်။ “ငါ့ဘဝ၏ ပထမတစ်ပိုင်းတွင် ငါသည် ကောင်းတာတစ်ခုမျှ မလုပ်ခဲ့ပေ။ ငါ့အဖေ လုပ်ကိုင်ရာမှရသည့်ပိုက်ဆံအားလုံး ငါဖြုန်းတီးခဲ့၏။ ငါသည် လူကောင်းတစ်ယောက်ဖြစ်သင့်သည်။ ငါ့ကိုယ်ငါ စိတ်တင်းထားမည်။ ငါသည် ရိုးသား သူတစ်ဦး ဖြစ်၍ သင့်တော်စွာနေကာ ငါ့အဖေအား မည်သည့်အခါမျှ ထပ်မံ၍ သောက မဖြစ်စေတော့။” သူသည် အဘယ်ကြောင့် ဤသို့စဉ်းစားသနည်း။ သူသည် အဘယ်ကြောင့် ပိုမိုကောင်းမွန်ရန်အတွက်ရုတ်တရက် ပြောင်းလဲသွားသနည်း။ ဤအတွက် အကြောင်းရင်းတစ်ရပ် ရှိသလော။ မည်သည့်အကြောင်းရင်းနည်း။ (အဘယ်ကြောင့်ဆိုသော် လီသည် သူ၏အကြွေးကို ကောက်ခံခဲ့ပြီးဖြစ်၍ ဖြစ်သည်။ ဇန်သည် သူ၏အကြွေးကို ဆပ်ခဲ့ပြီးဖြစ်သည်။) ဤအရာတွင် အကြောင်းနှင့် အကျိုးရှိသည်။ ဤဇာတ်လမ်းမှာ ၎င်းတို့နှစ်ဦး မမွေးဖွားမီ ကာလကြာမြင့်သည့်အချိန်ကတည်းက စတင်ကာ ၎င်းတို့၏ ဤအတိတ်ဘဝဇာတ်လမ်းသည် ၎င်းတို့၏ လက်ရှိဘဝသို့ ပါလာခဲ့ပြီး ၎င်းတို့နှစ်ဦး မည်သူကမျှ မည်သူကိုမျှ အပြစ်မတင်နိုင်ပေ။ ဇန်သည် ၎င်း၏သားအား မည်သည့်အရာကို သင်ကြားပေးခဲ့သည်ဖြစ်စေ၊ သူ၏သားသည် မည်သည့်အခါကမျှ နားထောင်ခဲ့ခြင်းမရှိဘဲ မည်သည့်အခါကမျှ အလုပ်ကြိုးစားခဲ့ခြင်း မရှိပေ။ သို့သော် အကြွေးကျေသည့်နေ့တွင် ၎င်းအား သင်ပေးစရာမလိုပေ။ သူ၏သားသည် အလိုအလျောက် နားလည်သွားခဲ့၏။ ဤသည်မှာ လွယ်ကူသော နမူနာတစ်ခုဖြစ်သည်။ ထိုကဲ့သို့သော အခြားနမူနာများ များစွာရှိသလော။ (ရှိပါသည်။) ထို့အပြင် ယင်း က လူတို့အား မည်သည့်အရာ ပြောပြသနည်း။ (၎င်းတို့ ကောင်းကောင်းနေသင့်ပြီး မကောင်းမှု မပြုသင့်ပါ။) ၎င်းတို့ မကောင်းမှုမပြုသင့်ဘဲ ပြုလုပ်သည့် မကောင်းမှုများအတွက် ဒဏ်ခတ်ခံရမည်ဖြစ်ကြောင်း ပြော၏။ မယုံကြည်သူ အများစုသည် မကောင်းမှုများစွာ ကျူးလွန်ကြကာ ၎င်းတို့ပြုလုပ်သည့် မကောင်းမှုများသည် ဒဏ်ခတ်ခံရခြင်းနှင့် ကြုံခဲ့ရသည် မဟုတ်လော။ သို့သော် ဤဒဏ်ခတ်မှုမှာ ထင်ရာပြုခြင်းလော။ ဒဏ်ခတ်ခံရခြင်းနှင့် ကြုံရသည့်အရာအားလုံးတွင် နောက်ကြောင်းရာဇဝင်နှင့် အကြောင်းရင်းတစ်ရပ်ရှိကြ၏။ သင်သည် တစ်စုံတစ်ဦးကို ငွေများလိမ်လည်ပြီးနောက် သင်၌ မည်သည့်အရာမျှ မဖြစ်ဟု ထင်သလော။ သင်သည် ၎င်းတို့ကို လှည့်ဖျား၍ ၎င်းတို့၏ငွေကို ယူပြီးနောက် သင့်အတွက် အကျိုးဆက်များ မရှိဟု သင်ထင်သလော။ ဤသည်မှာ မဖြစ်နိုင်ပေ၊ အကျိုးဆက်များ ရှိလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မည်သူတို့ပင် ဖြစ်စေကာမူ၊ သို့မဟုတ် ဘုရားသခင်တစ်ပါးရှိသည်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူတိုင်းသည် မိမိတို့၏အပြုအမူအတွက် တာဝန်ယူရမည်ဖြစ်၍ ၎င်းတို့၏လုပ်ဆောင်မှုများအတွက် အကျိုးဆက်များကို ခံရမည်ဖြစ်သည်။ ဤရိုးရှင်းသော နမူနာနှင့်ပတ်သက်၍၊ ဇန်သည် အပြစ်ဒဏ်ခံရ၍ လီသည် ပြန်လည် ဆပ်ပေးခြင်းခံရသည်မှာ တရားသည် မဟုတ်လော။ လူတို့သည် ဤသို့အရာများ ပြုလုပ်သည့်အခါ ထိုကဲ့သို့သော ရလဒ်ရှိ၏။ ၎င်းသည် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုမှ ခွဲခြား၍မရပေ။ မယုံကြည်သူများ ဖြစ်နေသော်လည်း၊ ဘုရားသခင်ကို မယုံကြည်သူများ၏တည်ရှိမှုသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သည့် အမိန့်ပြန်တမ်းများနှင့် အမိန့်များ၏ အုပ်စိုးမှုကို ခံရကာ၊ ၎င်းမှ မည်သူမျှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ ဤ လက်တွေ့အရှိတရား ကို မည်သူမျှရှောင်ရှားနိုင်ခြင်း မရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၀)

ယုံကြည်ခြင်း လုံးဝမရှိသူများသည် မြင်နိုင်သည့်အရာအားလုံးသည် တည်ရှိ၍ မမြင်နိုင်သည့်အရာ သို့မဟုတ် လူတို့မှ အလွန်ဝေးကွာသောအရာ အားလုံးသည် မတည်ရှိဟု ယုံကြည်လေ့ရှိသည်။ ၎င်းတို့သည် “ရှင်ခြင်းနှင့် သေခြင်းသံသရာ” မရှိ၊ “အပြစ်ဒဏ်” မရှိဟု ယုံကြည်ခြင်းကို နှစ်သက်သဖြင့် ထိုသူတို့သည် လိပ်ပြာမလုံမဖြစ်ဘဲ အပြစ်ကျူးလွန်ကာ မကောင်းမှု ကျူးလွန်ကြ၏။ ထိုသို့ကျူးလွန်ပြီးနောက် ၎င်းတို့သည် အပြစ်ပေးခံရ၏။ သို့မဟုတ် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားကြ၏။ မယုံကြည်သူများအကြား လူအမျိုးမျိုး၏ အများစုသည် ဤအဆိုးသံသရာအတွင်း ကျရောက်ကြသည်။ ဤသည်မှာ ဝိညာဉ်လောကသည် သက်ရှိသတ္တဝါအားလုံးအပေါ် ၎င်း၏စီမံအုပ်ချုပ်မှုတွင် တင်းကျပ်ကြောင်းကို ၎င်းတို့ မသိသောကြောင့်ဖြစ်သည်။ သင်ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ဤအမှန်တရား ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ မျက်လုံးများဖြင့် လေ့လာဆန်းစစ်သည့် နယ်ပယ် မှ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်းမရှိဘဲ၊ ဘုရားသခင်၏ ကောင်းကင်ဘုံနှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများနှင့် အမိန့်များမှ မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အရာမျှ လွတ်မြောက်နိုင်ခြင်းမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လူတိုင်း အပြစ်ကျူးလွန်ခြင်းနှင့် မကောင်းမှုကျူးလွန်ခြင်းသည် လက်ခံနိုင်ဖွယ် မဟုတ်ကြောင်းနှင့် အကျိုးဆက်များရှိကြောင်း ဤရိုးရှင်းသည့် နမူနာက ပြောသည်။ အခြားသူတစ်ဦးအား ပိုက်ဆံလိမ်လည်ခဲ့သူ တစ်စုံတစ်ဦးသည် ဤသို့အပြစ်ပေးခံရသောအခါ ထိုအပြစ်ဒဏ်သည် တရားမျှတ၏။ အများအပြားမြင်တွေ့ရသည့် ဤကဲ့သို့သော အပြုအမူသည် ဝိညာဉ်လောက၏ အပြစ်ပေးခြင်းခံရသည်။ ဘုရားသခင်၏ အမိန့်များနှင့် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများအားဖြင့် အပြစ်ပေးခံရ၏။ ထို့ကြောင့် ဆိုးရွားစွာ ပြစ်မှုကျူးလွန်သည့်အပြုအမူနှင့် ကောက်ကျစ်စဉ်းလဲသော အပြုအမူ၊ မုဒိမ်းကျင့်ခြင်းနှင့် တိုက်ခိုက်လုယူခြင်း၊ လိမ်ညာခြင်းနှင့် လှည့်ဖြားခြင်း၊ ခိုးမှုနှင့် လုယက်မှု၊ လူသတ်မှုနှင့် မီးရှို့မှု စသည်တို့သည် ပြင်းထန်မှုကွဲပြားသည့် အပြစ်ဒဏ်အမျိုးမျိုးကို သာ၍ပင်ခံရသည်။ ပြင်းထန်မှုကွဲပြားသည့် ဤအပြစ်ဒဏ်များတွင် မည်သည်တို့ ပါဝင်သနည်း။ ၎င်းတို့အချို့မှာ ပြင်းထန်မှုအဆင့်ကို သတ်မှတ်ရန် အချိန်ကို အသုံးပြု၏၊ အချို့မှာ ကွဲပြားသောနည်းစနစ်အားဖြင့် ထိုသို့ပြုလုပ်ကာ အခြားသူများသည် လူတို့ ပြန်ဝင်စားသည့်အခါ သွားသောနေရာအားဖြင့် ထိုသို့ပြုလုပ်၏။ ဥပမာ အချို့သူများသည် အပြောအဆို ညစ်ညမ်းသည်။ “အပြောအဆို ညစ်ညမ်းသည်” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ၎င်းသည် အခြားသူများအား မကြာခဏဆဲဆိုခြင်းနှင့် မလိုမုန်းထားသော စကား၊ လူတို့အား ဆဲဆိုသည့်စကားတို့ မကြာခဏ အသုံးပြုခြင်းကို ဆိုလိုသည်။ မလိုမုန်းထားသော စကားမှာ မည်သည့်လက္ခဏာ ပြသနည်း။ တစ်စုံတစ်ဦးတွင် ဆိုးယုတ်သော နှလုံးသားရှိသည်ဟူသော လက္ခဏာပြသည်။ လူတို့အား ဆဲဆိုသော မလိုမုန်းထားသော စကားသည် ထိုကဲ့သို့သောသူတို့၏ ပါးစပ်များမှ လာလေ့ရှိကာ၊ ထိုသို့သော မလိုမုန်းထားသော စကားနှင့်အတူ ပြင်းထန်သည့် အကျိုးဆက်များ အတူပါလာသည်။ ထိုသူများသေဆုံးပြီး သင့်တော်သည့် အပြစ်ဒဏ်ရရှိပြီးနောက်၊ ထိုသူတို့သည် ဆွံ့အသူများအဖြစ် ပြန်လည်မွေးဖွားနိုင်သည်။ အချို့သောသူများသည် ၎င်းတို့အသက်ရှင်နေစဉ်တွင် လွန်စွာ အပိုင်ကြံတတ်သည်။ ထိုသူတို့သည် သူတပါးအပေါ် အခွင့်ကောင်းယူလေ့ရှိသည်။ ၎င်းတို့၏ လျှို့ဝှက်ကြံစည်မှုများသည် အထူးသဖြင့် ကောင်းမွန်စွာ စီစဉ်ထားကြကာ အခြားသူများအပေါ် ထိခိုက်နစ်နာစေသည့်အရာ များစွာပြုလုပ်ကြ၏။ ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ ကျပ်မပြည့်သူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဒုက္ခိတအဖြစ် ဖြစ်နိုင်သည်။ အချို့သူများသည် သူတပါးကိုယ်ရေးကိုယ်တာကိစ္စများကို မကြာခဏချောင်းကြည့်လေ့ရှိသည်။ ၎င်းတို့၏မျက်လုံးများသည် ၎င်းတို့သိခွင့်မရှိသည့်အရာများစွာကို တွေ့ကြကာ ၎င်းတို့ သိခွင့်မရှိသည့် အရာများစွာကို သိကြ၏။ ထို့ကြောင့် ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ မျက်မမြင်များ ဖြစ်နိုင်သည်။ အချို့သူများသည် ၎င်းတို့အသက်ရှင်စဉ်က လွန်စွာ လျင်မြန်ထက်မြက်၏။ ၎င်းတို့သည် မကြာခဏ ခိုက်ရန်ဖြစ်ပွားလေ့ရှိကာ မကောင်းမှုများစွာ လုပ်ကြ၏။ ထို့ကြောင့် ၎င်းတို့ကို ပြန်လည်မွေးဖွားသည့်အခါ ၎င်းတို့သည် ဒုက္ခိတများ ဖြစ်နိုင်၏။ ခြေကျိုးနေနိုင်၏။ သို့မဟုတ် လက်တစ်ဘက် မရှိ ဖြစ်နိုင်၏။ သို့မဟုတ် ကျောတွင်ဘုကြီးရှိနေနိုင်၏။ ခြေထော့ကျိုးဖြင့် လမ်းလျှောက်နိုင်၏။ သို့မဟုတ် ခြေတစ်ဘက်မှာ အခြားတစ်ဘက်ထက် သာ၍တိုခြင်း စသည်တို့ဖြစ်နိုင်၏။ ဤအရာတွင် ၎င်းတို့သည် အသက်ရှင်စဉ် ၎င်းတို့ကျူးလွန်ခဲ့သည့် မကောင်းမှုအဆင့်အပေါ်မူတည်၍ ကွဲပြားသော အပြစ်ဒဏ်များ ခံရခြင်းဖြစ်၏။ ထို့ကြောင့် သင်တို့ အဘယ်သို့ပြောမည်နည်း။ လူတို့သည် အဘယ်ကြောင့် မျက်လုံးများစွေနေကြသနည်း။ ထိုကဲ့သို့သောသူများ များစွာရှိသလော။ ယနေ့ အနီးအနားတွင် ထိုသူတို့ များစွာရှိကြ၏။ အချို့သောသူများသည် ၎င်းတို့၏အတိတ်ဘဝတွင် ၎င်းတို့၏မျက်လုံးများကို လွန်စွာအသုံးပြုခဲ့သောကြောင့် မျက်လုံးများစွေနေခြင်း ဖြစ်၏။ ၎င်းတို့သည် မကောင်းသည့်အရာ များစွာကို ပြုလုပ်ခဲ့ကြ၏။ ထို့ကြောင့် ဤဘဝအတွင်း ၎င်းတို့မွေးဖွားသည့်အခါ ၎င်းတို့၏မျက်လုံးများ စွေနေကြကာ ကြီးလေးသောကိစ္စများတွင် ၎င်းတို့သည် မျက်မမြင်များပင် ဖြစ်ကြ၏။ ဤသည်မှာ ဝဋ်လည်ခြင်းပင်ဖြစ်၏။ အချို့သူများသည် ၎င်းတို့မသေဆုံးမီ အခြားသူများနှင့် ကောင်းစွာ အဆင်ပြေကြသည်၊ ၎င်းတို့ချစ်ခင်သူများ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သူများအတွက် ကောင်းသောအရာ များစွာ လုပ်ပေး၏။ ၎င်းတို့သည် သူတပါးအပေါ် ပေးကမ်းစွန့်ကြဲမှုများ၊ စောင့်ရှောက်မှုများပေးခြင်း သို့မဟုတ် ငွေကြေးအရ အထောက်အကူပေးခြင်းများပြုလုပ်ကာ အခြားသူများသည် ၎င်းတို့အား လွန်စွာ အထင်ကြီးကြ၍ ထိုကဲ့သို့သောသူများသည် ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ အပြစ်ပေးခြင်း မခံရပေ။ မယုံကြည်သူ တစ်ဦးအနေဖြင့် မည်သည့်နည်းနှင့်မျှ အပြစ်ပေးမခံရခြင်းမှာ ထိုသူသည် လွန်စွာကောင်းမွန်သူတစ်ဦး ဖြစ်ခဲ့သည်ဟု ဆိုလို၏။ ဘုရားသခင်ရှိခြင်းကို ယုံကြည်မည့်အစား ထိုသူတို့သည် ကောင်းကင်ရှိ အဖိုးအိုကိုသာ ယုံကြည်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏အထက်တွင် ဝိညာဉ်တစ်ပါးသည် ၎င်းတို့လုပ်သမျှကို ကြည့်နေသည်ဟုသာ ယုံကြည်၏။ ဤသည်ကိုသာ ၎င်းတို့ယုံကြည်ကြ၏။ ရလဒ်မှာ ၎င်းတို့သည် များစွာသာ၍ လိမ္မာကြခြင်းဖြစ်၏။ ထိုသူတို့သည် ကြင်နာသောစိတ်နှလုံးရှိ၍ စေတနာရှိကြ၏။ အဆုံးတွင် ထိုသူတို့ ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ ဝိညာဉ်လောကသည် ၎င်းတို့အား အလွန်ကောင်းမွန်စွာ ဆက်ဆံမည်ဖြစ်၍ ၎င်းတို့သည် မကြာမီ လူဝင်စားကြလိမ့်မည်။ ၎င်းတို့သည် ပြန်လည်မွေးဖွားလာကြသောအခါ မည်သို့သော မိသားစုတွင် ၎င်းတို့ရောက်ရှိကြမည်နည်း။ ဤမိသားစုသည် ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း ငြိမ်းချမ်းလိမ့်မည်။ မိသားစုဝင်များအကြား သဟဇာတရှိကာ ၎င်းတို့သည် တည်ငြိမ်အေးချမ်း၍ ပျော်ရွှင်ဖွယ်ရာနေ့ရက်များကို ကျော်လွန်ကြမည်ဖြစ်သည်။ လူတိုင်းသည် ဝမ်းမြောက်ကြလျက်၊ ၎င်းတို့သည် ကောင်းမွန်သော အသက်တာကို ရကြလိမ့်မည်။ ထိုသူသည် အရွယ်ရောက်သောအခါ ကြီးမားသော ဆွေမျိုးမိသားစုကြီး ရှိလိမ့်မည်။ ၎င်းတို့၏သားသမီးများသည် ပါရမီရှိသူများဖြစ်ကာ အောင်မြင်မှုပျော်မွေ့ရလိမ့်မည်။ ထို့အပြင် ၎င်းတို့၏မိသားစုများသည် ကောင်းမွန်သောအခွင့်အလမ်းများ ပျော်မွေ့ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောရလဒ်သည် ထိုသူ၏အတိတ်ဘဝနှင့် ကြီးမားစွာ ဆက်စပ်နေသည်။ လူတစ်ဦးသေဆုံးပြီးနောက် ပြန်ဝင်စားသည့်အခါ ၎င်းသွားသည့်နေရာနှင့်၊ အမျိုးသားများဖြစ်စေ အမျိုးသမီးများဖြစ်စေ၊ ၎င်း၏လုပ်ငန်းတာဝန်မှာ မည်သည့်အရာဖြစ်ခြင်း၊ ၎င်း၏အသက်တာတွင် ကြုံရမည့်အရာ၊ ၎င်းအပေါ်နှောင့်နှေးစေသည့် အခက်အခဲများ၊ ၎င်းခံစားရမည့် ကောင်းချီးမင်္ဂလာများ၊ ၎င်းကြုံတွေ့မည့်သူများ၊ ၎င်းအပေါ် ဖြစ်ပေါ်သည့်အရာများကို မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိ၊ ရှောင်ရှားနိုင်ခြင်းမရှိ၊ သို့မဟုတ် ဖုံးကွယ်နိုင်ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်သည်။ သင်၏ဘဝသတ်မှတ်ခံရပြီးနောက် သင်၌ဖြစ်ပေါ်သည့်အရာကို သင် မည်သို့ ကြိုးစား၍ရှောင်ရှားသည်ဖြစ်စေ၊ မည်သည့်နည်းလမ်းဖြင့် ကြိုးစား၍ရှောင်ရှားသည်ဖြစ်စေ၊ ဝိညာဉ်လောကရှိ ဘုရားသခင်က သင့်အတွက် သတ်မှတ်ထားသည့် ဘဝလမ်းကြောင်းကို ချိုးဖောက်ရန် လမ်း သင့်တွင် လုံးဝမရှိဟု ဆိုလိုခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ပြန်ဝင်စားသည့်အခါ သင့်ဘဝ၏ကံကြမ္မာသည် သတ်မှတ်ပြီးသားဖြစ်၍ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ လူတိုင်းဤအရာကို ရင်ဆိုင်သင့်ပြီး ရှေ့ဆက်သွားသင့်သည်။ ဤသည်မှာ ဤလောကတွင်နေထိုင်သော မည်သူတစ်ဦးမျှ ရှောင်ရှားနိုင်ခြင်းမရှိသော ကိစ္စတစ်ရပ်ဖြစ်၍ ဤကိစ္စထက်သာ၍ စစ်မှန်သောကိစ္စမရှိပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၁)

ဤအရာကို နားလည်ခဲ့ပြီးနောက် ဘုရားသခင်သည် မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာအတွက် အလွန်ပင် အမှားမခံဘဲ တင်းကျပ်သော စစ်ဆေးမှုများနှင့် စီမံအုပ်ချုပ်မှု ရှိသည်ကို သင်တို့ တွေ့ကြသလော။ ပထမအနေဖြင့် ဘုရားသခင်သည် ဝိညာဉ်လောကတွင် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များ အမျိုးမျိုးကို ချမှတ်ခဲ့၏။ ထို့အပြင် ကောင်းကင်နှင့်သက်ဆိုင်သော ဤအမိန့်ပြန်တမ်းများ၊ အမိန့်များနှင့် စနစ်များကို ကြေညာပြီးနောက် ဘုရားသခင်မှ သတ်မှတ်ထားသည့်အတိုင်း ဝိညာဉ်လောကရှိ အရာရှိရာထူးအမျိုးမျိုးတွင် ရှိသော သတ္တဝါအမျိုးမျိုးသည် တစ်သဝေမတိမ်း ထမ်းဆောင်ကြသည့်အပြင် ၎င်းတို့ကို မည်သူကမျှ မချိုးဖောက်ဝံ့ကြပေ။ ထို့ကြောင့် လူ၏ လောကရှိ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့်သေခြင်း သံသရာစက်ကွင်း၌ တစ်စုံတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားသည်ဖြစ်စေ၊ လူအဖြစ် ဝင်စားသည်ဖြစ်စေ၊ နှစ်မျိုးစလုံးအတွက် ဥပဒေများရှိ၏။ ဤဥပဒေများမှာ ဘုရားသခင်ထံမှလာသောကြောင့် မည်သူမျှ ချိုးဖောက်ဝံ့ခြင်း မရှိသကဲ့သို့ မည်သူမျှ ချိုးဖောက်နိုင်ခြင်းလည်း မရှိပေ။ ဘုရားသခင်၏ ဤကဲ့သို့သော အချုပ်အခြာ အာဏာကြောင့်သာနှင့် ဤကဲ့သို့သော ဥပဒေများရှိနေသည့်အတွက်ကြောင့် လူတို့မြင်သည့် ရုပ်ဝတ္ထုလောကသည် ပုံမှန်ဖြစ်၍ စနစ်တကျရှိနေခြင်း ဖြစ်၏။ ဘုရားသခင်၏ ဤကဲ့သို့သော အချုပ်အခြာ အာဏာကြောင့်သာ လူသားမျိုးနွယ်သည် လူသားတို့လုံးဝ မမြင်နိုင်သည့် အခြားလောကနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်၍ ၎င်းနှင့် သဟဇာတရှိစွာ နေထိုင်နိုင်ခြင်းဖြစ်၏။ ဤအရာအားလုံးမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲခြား၍မရပေ။ လူတစ်ဦး၏ဇာတိဘဝ သေဆုံးပြီးနောက်၊ ဝိညာဉ်လိပ်ပြာသည် အသက်ရှိနေသေးသောကြောင့် ဘုရားသခင်၏ စီမံအုပ်ချုပ်မှုသာ မရှိပါက မည်သည့်အရာ ဖြစ်မည်နည်း။ ထိုလိပ်ပြာသည် နေရာအနှံ့ ဟိုဟိုသည်သည် လျှောက်သွားနေ၍၊ နေရာအနှံ့ ကျူးကျော်ဝင်ရောက်ကာ လူသားမျိုးနွယ်၏လောကရှိ သက်ရှိများကိုပင် အန္တရာယ်ပြုလိမ့်မည်။ ထိုအန္တရာယ်သည် လူသားမျိုးနွယ်အပေါ်တွင်သာမဟုတ်ဘဲ အပင်များနှင့် တိရစ္ဆာန်များအပေါ်လည်း အန္တရာယ်ပြုနိုင်၏။ သို့သော် ပထမဦးစွာ အန္တရာယ်ပြုခံရမည်မှာ လူတို့ဖြစ်၏။ ဤသည်သာဖြစ်ပါက၊ ထိုကဲ့သို့သော ဝိညာဉ်လိပ်ပြာသည် စီမံအုပ်ချုပ်မှု မရှိဘဲ လူတို့အပေါ် အမှန်တကယ်ပင် အန္တရာယ်ပြုကာ ဆိုးယုတ်သည့်အရာများ အမှန်တကယ်ပင် ပြုလုပ်ပါက ဝိညာဉ်လောကတွင်လည်း ဤလိပ်ပြာကို သင့်တော်စွာ ကိုင်တွယ်လိမ့်မည်။ အမှုအရာများသည် ကြီးလေးပါက ထိုလိပ်ပြာသည် မကြာမီ တည်ရှိတော့မည် မဟုတ်ဘဲ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြစ်နိုင်ပါက ၎င်းကို တစ်နေရာရာတွင်ထားပြီးနောက် ပြန်ဝင်စားစေလိမ့်မည်။ ဝိညာဉ်လိပ်ပြာအမျိုးမျိုးအပေါ် ဝိညာဉ်လောက၏ စီမံအုပ်ချုပ်မှုပြုလုပ်ရန် အမိန့်ထုတ်ပြန်လိုက်ကာ အဆင့်များနှင့် စည်းကမ်းများအတိုင်း ထမ်းဆောင်၏ဟု ဆိုလိုခြင်းဖြစ်၏။ ထိုကဲ့သို့သော စီမံအုပ်ချုပ်မှုကြောင့်သာ လူသား၏ ရုပ်ဝတ္ထုလောကသည် ပရမ်းပတာမဖြစ်ခဲ့ဘဲ၊ ရုပ်ဝတ္ထုလောက၏ လူသားမျိုးနွယ်သည် ပုံမှန်စိတ်နေစိတ်ထား၊ ပုံမှန် ဆင်ခြင်တုံတရားနှင့် စနစ်တကျရှိသော ဇာတိဘဝ ပိုင်ဆိုင်ခြင်းဖြစ်၏။ လူသားမျိုးနွယ်သည် ဤကဲ့သို့သော သာမန်ဘဝကို ရရှိပြီးနောက်မှသာ ဇာတိပကတိ၌နေသူတို့သည် ဆက်လက်၍ ရှင်သန်နိုင်ကာ မျိုးဆက်များတစ်လျှောက် မျိုးပွားနိုင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၂)

မယုံကြည်သူများနှင့်ပတ်သက်၍ ဘုရားသခင်၏လုပ်ဆောင်ချက်များ နောက်ကွယ်ရှိ အခြေခံစည်းမျဉ်းသည် ကောင်းသူများကို ဆုချ၍ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းလော။ ခြွင်းချက်များ ရှိသလော။ (မရှိပါ။) ဘုရားသခင်၏လုပ်ဆောင်ချက်များတွင် အခြေခံစည်းမျဉ်းတစ်ရပ်ရှိသည်ဟု သင်တို့မြင်သလော။ မယုံကြည်သူများသည် ဘုရားသခင်အား အကယ်စင်စစ် မယုံကြည်ပေ၊ ထိုသူတို့သည် ဘုရားသခင်၏ အစီအမံကို လိုက်နာခြင်းမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိပေ။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုရန်မှာ သာ၍ပင်နည်းသေး၏။ ပို၍ကြီးလေးသည်မှာ ထိုသူတို့သည် ဘုရားသခင်အပေါ် မထီမဲ့မြင်ပြုကာ သူ့အားကျိန်ဆဲကာ ဘုရားသခင်ကို ယုံကြည်သူများအပေါ် ရန်လိုကြ၏။ ထိုသူတို့သည် ဘုရားသခင်အပေါ် ဤသို့သော သဘောထား ရှိသော်လည်း ၎င်းတို့ကို ဘုရားသခင်၏စီမံအုပ်ချုပ်မှုမှာ သူ၏အခြေခံသဘောတရားများမှ သွေဖည်ခြင်း မရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အား သူ၏အခြေခံသဘောတရားများ၊ သူ၏စိတ်သဘောထားတို့နှင့်အညီ စနစ်တကျနည်းဖြင့် စီမံအုပ်ချုပ်၏။ ဘုရားသခင်သည် ၎င်းတို့၏ရန်လိုမှုအပေါ် မည်သို့သဘောထားသနည်း။ မသိနားမလည်မှုဟု သဘောထား၏။ ထို့ကြောင့် သူသည် မယုံကြည်သူအများစုဖြစ်သော ဤသူတို့ကို တိရစ္ဆာန်များအဖြစ် တစ်ကြိမ်ပြန်ဝင်စားစေခဲ့၏။ ထို့ကြောင့် ဘုရားသခင်၏မျက်လုံးများထဲတွင် မယုံကြည်သူများသည် မည်သည်တို့ဖြစ်သနည်း။ ၎င်းတို့သည် ခြံမွေးတိရစ္ဆာန်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ခြံမွေးတိရစ္ဆာန်များကို စီမံအုပ်ချုပ်ကာ သူသည် လူသားမျိုးနွယ်ကို စီမံအုပ်ချုပ်၏။ ထို့အပြင် သူသည် ဤကဲ့သို့သောလူအမျိုးအစားအတွက် တူညီသောအခြေခံသဘောတရားများ ရှိ၏။ ဤသူတို့အပေါ် ဘုရားသခင်၏စီမံအုပ်ချုပ်မှုနှင့် ၎င်းတို့အပေါ် သူ၏ပြုမူဆောင်ရွက်ချက်များ၌ပင် ဘုရားသခင်၏စိတ်သဘောထားနှင့် အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုအတွက် ဥပဒေများကို မြင်နိုင်သေး၏။ ထို့ကြောင့် ငါခုတင်ပြောသည့် မယုံကြည်သူများကို သူစီမံအုပ်ချုပ်သည့် အခြေခံသဘောတရားများတွင် သင်တို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တွေ့မြင်သလော။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့တွေ့သလော။ (ကျွန်ုပ်တို့ တွေ့ပါသည်။) ဘုရားသခင်သည် အရာခပ်သိမ်း၏ မည်သည့်အရာကို ကိုင်တွယ်သည်ဖြစ်စေ သူသည် သူ၏ကိုယ်ပိုင် အခြေခံ သဘောတရားများနှင့် စိတ်သဘောထားနှင့်အညီ ပြုမူလုပ်ကိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရဖြစ်၏။ သူသည် ဤကဲ့သို့သောလူစားမျိုးကို ခြံမွေးတိရစ္ဆာန်ဟု ယူဆသဖြင့် သူသည် အမိန့်များ သို့မဟုတ် ကောင်းကင်နှင့်သက်ဆိုင်သော အမိန့်ပြန်တမ်းများကို သာမန်ကာလျှံကာ ချိုးဖောက် လိုက်မည် မဟုတ်ပေ။ ဘုရားသခင်သည် စိုးစဉ်းမျှပင် အစီအစဉ်ပျက်စေခြင်းမရှိဘဲ အခြေခံ သဘောတရားများနှင့်အညီ ပြုမူလုပ်ကိုင်၏။ သူ၏ပြုမူဆောင်ရွက်ချက်များသည် မည်သည့်အချက်မျှ၏ သက်ရောက်မှု လုံးဝမရှိဘဲ သူသည် မည်သည်ကိုပြုလုပ်သည်ဖြစ်စေ ၎င်းသည် သူ၏ကိုယ်ပိုင် အခြေခံသဘောတရားများကို လုံးဝလိုက်နာ၏။ ဤသည်မှာ ဘုရားသခင်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရရှိ၍ဖြစ်သည်။ ဤအနှစ်သာရမှာ မည်သည့်ဖန်ဆင်းထားသည့်သတ္တဝါမျှ မပိုင်ဆိုင်သော သူ၏အနှစ်သာရ၏ လက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်၏။ ဘုရားသခင်သည် သူဖန်ဆင်းသည့်အရာ အားလုံးအကြား အရာဝတ္ထုတိုင်း၊ လူတိုင်းနှင့် သက်ရှိတိုင်းကို ကိုင်တွယ်ရာတွင်၊ ချဉ်းကပ်ရာတွင်၊ စီမံခန့်ခွဲရာတွင်၊ စီမံအုပ်ချုပ်ရာတွင်နှင့် အုပ်စိုးရာတို့တွင် တာဝန်ကျေပွန်ကာ တာဝန်သိ၏။ ထို့အပြင် သူသည် ၎င်းအရာ၌ မည်သည့်အခါကမျှ ပေါ့လျော့ခဲ့ခြင်း မရှိပေ။ ကောင်းသောသူများအပေါ် သူသည် သနားခြင်းကရုဏာတော်ရှိ၍ ကြင်နာ၏။ ဆိုးယုတ်သောသူများအပေါ် သူသည် အကြင်နာကင်းသော အပြစ်ဒဏ်သင့်စေ၏။ ထို့အပြင် သက်ရှိသတ္တဝါအမျိုးမျိုးအတွက် သူသည် ကွဲပြားသောအချိန်များတွင် လူသားမျိုးနွယ်၏လောက၏ ကွဲပြားသောသတ်မှတ်ချက်များနှင့်အညီ အချိန်မီ၊ ပုံမှန်နည်းဖြင့် သင့်တော်သော စီမံမှုများကိုပြုလုပ်ရာ ဤသက်ရှိသတ္တဝါအမျိုးမျိုးသည် စနစ်ကျသောနည်းဖြင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍများနှင့်အညီ ပြန်ဝင်စားကြကာ ရုပ်ဝတ္ထုလောကနှင့် ဝိညာဉ်လောကအကြား စနစ်ကျသောနည်းဖြင့် ရွေ့လျားသွားလာကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၃)

သက်ရှိသတ္တဝါတစ်ခု၏သေဆုံးခြင်း၊ ရုပ်ခန္ဓာအသက်အဆုံးသတ်ခြင်းသည် ထိုသက်ရှိသတ္တဝါသည် ရုပ်ဝတ္ထုလောကမှ ဝိညာဉ်လောကအတွင်း ရောက်ရှိသွားကြောင်း လက္ခဏာဖြစ်၍၊ ရုပ်ခန္ဓာအသက်အသစ် မွေးဖွားခြင်းသည် သက်ရှိသတ္တဝါတစ်ခု ဝိညာဉ်လောကမှ ရုပ်ဝတ္ထုလောကသို့ လာကာ ၎င်း၏အခန်းကဏ္ဍကို စတင်လက်ခံ၍ ၎င်း၏အခန်းကဏ္ဍတွင် စတင်ပါဝင်ကြောင်း လက္ခဏာဖြစ်၏။ သတ္တဝါတစ်ခု ထွက်ခွာသည်ဖြစ်စေ၊ ရောက်ရှိသည်ဖြစ်စေ၊ နှစ်ခုစလုံးသည် ဝိညာဉ်လောက၏အလုပ်မှ ခွဲခြား၍မရပေ။ လူတစ်ဦးသည် ရုပ်ဝတ္ထုလောကအတွင်း ရောက်လာသည့်အခါ၌ ၎င်းတို့သွားရောက်သည့် မိသားစု၊ ၎င်းတို့ဆိုက်ရောက်သည့် ခေတ်၊ ၎င်းတို့ဆိုက်ရောက်သည့်အချိန်နှင့် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍတို့အတွက် ဝိညာဉ်လောကရှိ ဘုရားသခင်မှ သင့်တော်သည့်အစီအမံများနှင့် ချမှတ်ချက်များ ပြုလုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဤသူ၏အသက်တာတစ်ခုလုံး၊ ၎င်းပြုလုပ်သည့် အရာများ၊ ၎င်းလိုက်လျှောက်သည့်လမ်းကြောင်းများသည် အမှားအယွင်း စိုးစဉ်းမျှမရှိဘဲ ဝိညာဉ်လောက၏ အစီအမံများအတိုင်းရှေ့ဆက်လေသည်။ ထိုအတောအတွင်း အသက်ခန္ဓာအဆုံးသတ်သည့်အခါနှင့် အဆုံးသတ်ပုံသတ်နည်းနှင့် အဆုံးသတ်သည့်နေရာတို့ကို ဝိညာဉ်လောကအတွက် ရှင်းလင်း၍ ထိုးထွင်းသိမြင်နိုင်၏။ ဘုရားသခင်သည် ရုပ်ဝတ္ထုလောကကို အုပ်ချုပ်၍ ဝိညာဉ်လောကကို အုပ်ချုပ်ကာ သူသည် ဝိညာဉ်လိပ်ပြာတစ်ပါး၏ သာမန် ရှင်ခြင်းနှင့်သေခြင်း သံသရာကို နှောင့်နှေးစေမည် မဟုတ်သကဲ့သို့ လိပ်ပြာတစ်ပါး၏ ရှင်ခြင်းနှင့်သေခြင်း သံသရာ၏ အစီအမံများတွင်လည်း အမှားများ ကျူးလွန်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်လောက၏တရားဝင်ရာထူးများ၌ရှိသည့် ဘိလစ်စာရေးတစ်ဦးစီသည် ဘုရားသခင်၏ ညွှန်ကြားချက်များ၊ စည်းကမ်းများတို့နှင့်အညီ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်၍ လုပ်သင့်သော အရာများကို လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏လောကတွင် လူသားမြင်တွေ့သည့် ရုပ်ဝတ္ထုအဖြစ်အပျက် တိုင်းသည် စနစ်တကျရှိ၍ ပရမ်းပတာများ လုံးဝမပါဝင်ပေ။ ဤသည်အားလုံးမှာ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် စနစ်တကျ အုပ်ချုပ်မှုကြောင့်အပြင် ဘုရားသခင်၏သြဇာအာဏာသည် အရာခပ်သိမ်းအပေါ် အုပ်ချုပ်သည့်အတွက်ကြောင့်ဖြစ်ကာ၊ သူအုပ်ချုပ်သည့်အရာအားလုံးတွင် လူသားတို့နေထိုင်သည့် ရုပ်ဝတ္ထုလောက ပါဝင်ရုံသာမက လူသားမျိုးနွယ်၏နောက်ကွယ်မှ မမြင်နိုင်သော ဝိညာဉ်လောကလည်း ပါဝင်၏။ ထို့ကြောင့် လူသားမျိုးနွယ်သည် ကောင်းမွန်သောအသက်တာ ရရှိလို၍ ကောင်းမွန်သော ပတ်ဝန်းကျင်များတွင် နေထိုင်လိုပါက လူသားအား မြင်တွေ့နိုင်သော ရုပ်ဝတ္ထုလောက တစ်ရပ်လုံး ပေးရမည့်အပြင် မည်သူမျှ မမြင်နိုင်ဘဲ လူသားမျိုးနွယ်ကိုယ်စား သက်ရှိသတ္တဝါတိုင်းကို အုပ်ချုပ်ကာ စနစ်တကျရှိသော ဝိညာဉ်လောကကိုပါ ပေးရမည်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၄)

ယုံကြည်ခြင်းရှိသော လူအမျိုးမျိုး၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ

ပထမအမျိုးအစားဖြစ်သော မယုံကြည်သူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာကို ငါတို့ ခုတင် ဆွေးနွေးခဲ့ကြသည်။ ယခု ဒုတိယအမျိုးအစားဖြစ်သော ယုံကြည်ခြင်းရှိသောလူအမျိုးမျိုးကို ဆွေးနွေးကြစို့။ “ယုံကြည်ခြင်းရှိသောလူအမျိုးမျိုး၏ ရှင်ခြင်းနှင့် သေခြင်းသံသရာ” သည်လည်း လွန်စွာအရေးကြီးသည့် အကြောင်းအရာဖြစ်ကာ၊ ၎င်းကို သင်တို့ နားလည်မှုအချို့ရှိရန်မှာ သင့်တော်လျော်ကန်၏။ ပထမအနေနှင့် “ယုံကြည်ခြင်းရှိသောလူများ” တွင် ရှိသည့် “ယုံကြည်မှု” သည် မည်သည့်ယုံကြည်မှုများကို ရည်ညွှန်းသည်ကို ငါတို့ ပြောဆိုဆွေးနွေးကြစို့။ ယုဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဘရင်ဂျီဘာသာ၊ အစ္စလမ်ဘာသာနှင့် ဗုဒ္ဓဘာသာ၊ ဤအဓိက ဘာသာငါးမျိုးကို ဆိုလိုသည်။ မယုံကြည်သူများအပြင် ဤအဓိကဘာသာ ငါးမျိုးကို ယုံကြည်သောသူများသည် ကမ္ဘာ့လူဦးရေ၏ ကြီးမားသောပမာဏတစ်ရပ် ဖြစ်သည်။ ဤဘာသာ ငါးမျိုးအကြား ၎င်းတို့၏ယုံကြည်ခြင်းကို အသက်မွေးဝမ်းကျောင်းမှုအဖြစ် ပြုလုပ်ခဲ့သူများမှာ နည်းပါးသော်လည်း ဤဘာသာများတွင် ယုံကြည်သူများစွာရှိ၏။ ၎င်းတို့၏ယုံကြည်သူများသည် သေဆုံးသောအခါ ကွဲပြားသည့်အရပ်တစ်ခုသို့ သွားကြ၏။ မည်သူနှင့် “ကွဲပြားသနည်း”။ ငါတို့ခုတင်ပြောနေသည့် မယုံကြည်သူများ၊ ယုံကြည်ခြင်းမရှိသူများဖြစ်၏။ ၎င်းတို့သေဆုံးပြီးနောက် ဤဘာသာငါးမျိုးတို့ကို ယုံကြည်သူများသည် အခြားနေရာတစ်ခုသို့၊ မယုံကြည်သူများမှ ကွဲပြားသည့် နေရာတစ်ခုသို့ သွားကြ၏။ သို့သော် လုပ်ငန်းစဉ်မှာမူ အတူတူပင်ဖြစ်၏။ ဝိညာဉ်လောကသည်လည်း ၎င်းတို့မသေဆုံးမီ လုပ်ဆောင်ခဲ့သည့်အရာအားလုံးအပေါ် အခြေပြု၍ တရားစီရင်ခြင်းတစ်ခု လုပ်ဆောင်မည် ဖြစ်သည် ထို့နောက်တွင် ထိုသူတို့သည် လျော်ညီစွာ အရေးယူဆောင်ရွက်ခြင်း ခံရမည်။ သို့ရာတွင် ထိုသူတို့အား အရေးယူဆောင်ရွက်ရန် အခြားတစ်နေရာတွင် အဘယ်ကြောင့် ထားသနည်း။ ဤသည်အတွက် အရေးကြီးသည့် အကြောင်းရင်းတစ်ရပ် ရှိပေ၏။ ထိုအကြောင်းရင်းမှာ မည်သည်နည်း။ သင်တို့အား ဥပမာတစ်ခုသုံး၍ ငါပြောပြမည်။ သို့ရာတွင် ငါမပြောပြမီ သင်တို့သည် သင်တို့ကိုယ်သင်တို့ “၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း အနည်းငယ်သာရှိ၍ ဖြစ်နိုင်သည်။ ၎င်းတို့သည် အပြည့်အဝ မယုံကြည်သူများ မဟုတ်ပေ။” ဟု စဉ်းစားနေနိုင်သည်။ ဤသည်မှာ အကြောင်းရင်း မဟုတ်ပေ။ ၎င်းတို့အား အခြားတစ်နေရာတွင် ထားရခြင်းအတွက် အလွန်အရေးကြီးသည့် အကြောင်းရင်းတစ်ရပ် ရှိ၏။

ဗုဒ္ဓဘာသာကို ကြည့်လော့။ သင်တို့ကို ငါအမှန်တရားတစ်ရပ် ပြောပြမည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ပထမအနေနှင့် ဗုဒ္ဓဘာသာသို့ ပြောင်းလဲသက်ဝင်သွားသူတစ်ဦးဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သိသူတစ်စုံတစ်ဦးဖြစ်၏။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ၎င်း၏ဆံပင်ညှပ်၍ ဘုန်းကြီး သို့မဟုတ် သီလရှင်တစ်ပါးဖြစ်သည့်အခါ ၎င်းသည် မိမိကိုယ်ကိုယ် လောကီ ကမ္ဘာမှ ခွဲထွက်ကာ လူ့လောက၏ ပွက်ပွက်ညံသံကို ဝေးကွာစွာ ချန်ရစ်ထားခဲ့သည်ဟု ဆိုလိုခြင်းဖြစ်၏။ ၎င်းတို့သည် နေ့စဉ် သုတ်များကို ရွတ်ဖတ်ပြီး ဗုဒ္ဓ၏နာမတို့ကို သံပြိုင်ရွတ်ဆိုကာ သက်သတ်လွတ်အစာကိုသာ စားကြ၏။ တပသီဘဝ၌ နေထိုင်ကြပြီး ၎င်းတို့သည် ၎င်းတို့၏နေ့ရက်များကို ဆီမီးခွက်၏ အေး၍အားနည်းသော အလင်းရောင်ကို အဖော်ပြုရင်း ဖြတ်သန်းကြ၏။ ၎င်းတို့သည် ၎င်းတို့၏ဘဝတစ်ခုလုံးကို ဤနည်းဖြင့် ကုန်ဆုံးကြသည်။ ၎င်းတို့၏ခန္ဓာအသက် ပြီးဆုံးသောအခါ၊ ၎င်းတို့သည် ၎င်းတို့၏ဘဝ အကျဉ်းချုပ်တစ်ရပ် ပြုလုပ်၏။ သို့သော် ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် သေဆုံးပြီးနောက် မည်သည့်နေရာသို့ သွားမည်၊ မည်သူနှင့်တွေ့မည်၊ မည်သို့အဆုံးသတ်မည်ကို မသိကြပေ။ ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် ဤအရာများအပေါ် မရှင်းလင်းကြပေ။ ၎င်းတို့၏ဘဝတစ်လျှောက်လုံးကို ယုံကြည်ချက်တစ်ရပ်ကို အဖော်ပြုရင်း ဆင်ကန်းတောတိုး ကုန်ဆုံးကြခြင်းထက် ပို၍ မည်သည့်အရာမျှ မပြုခဲ့ကြပေ။ ၎င်းနောက် ထိုသူတို့သည် ဆင်ကန်းတောတိုးဆန္ဒများနှင့် စိတ်ကူးယဉ်စံများလိုက်ပါ၍ လောကမှ ထွက်ခွာကြ၏။ ၎င်းတို့ သက်ရှိလောကမှ ထွက်ခွာသည့်အခါ ဤသည်မှာ ၎င်းတို့၏ခန္ဓာအသက် အဆုံးသတ်ခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ၎င်းတို့သည် ဝိညာဉ်လောကရှိ ၎င်းတို့၏မူရင်းနေရာသို့ ပြန်သွားကြသည်။ ဤသူသည် မြေကြီးသို့ပြန်သွားရန် ဝင်စား၍ ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းကို ဆက်လက်ပြုလုပ်ခြင်း ရှိမရှိမှာ ၎င်းတို့မသေဆုံးမီ ၎င်းတို့၏အပြုအမူနှင့် ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းအပေါ်တွင် မူတည်သည်။ ၎င်းတို့၏အသက်တာကာလအတွင်း မည်သည့်အမှားမျှ မပြုလုပ်ခဲ့ပါက ၎င်းတို့သည် လျင်မြန်စွာ ပြန်လည်ဝင်စားကြကာ ဘုန်းကြီး သို့မဟုတ် သီလရှင် တဖန်ပြန်ဖြစ်မည့် မြေကြီးပေါ်သို့ တဖန်ပြန်ပို့ခြင်း ခံရလိမ့်မည်ဖြစ်သည်။ ပထမဆုံးအကြိမ်၏ လုပ်ငန်းစဉ်အတိုင်း ၎င်းတို့၏ ရုပ်ခန္ဓာသည် ၎င်းတို့ဘာသာ ၎င်းတို့ ပျိုးထောင်ပြီးနောက် ၎င်းတို့သေဆုံးကြကာ ၎င်းတို့ စစ်ဆေးခြင်းခံရသည့် ဝိညာဉ်လောကသို့ ပြန်သွားကြသည်။ ၎င်းနောက် ပြဿနာများမရှိပါက ၎င်းတို့သည် လူ့လောကသို့ တစ်ဖန်ပြန်လာနိုင်ကြပြီး ဗုဒ္ဓဘာသာသို့ နောက်တစ်ဖန်ကူးပြောင်း၍ ၎င်းတို့ဘာသာ၎င်းတို့ ပျိုးထောင်ခြင်းကို ဆက်လက်ပြုလုပ်ကြ၏။ သုံးကြိမ်မှ ခုနစ်ကြိမ် ပြန်ဝင်စားပြီးနောက် ၎င်းတို့သည် ၎င်းတို့၏ ခန္ဓာအသက်ပြီးဆုံးတိုင်း သွားသည့် ဝိညာဉ်လောကသို့ တစ်ဖန်ပြန်ကြလိမ့်မည်။ လူ့လောကရှိ ၎င်းတို့၏ အရည်အချင်းအမျိုးမျိုးနှင့် အပြုအမူသည် ဝိညာဉ်လောက၏ ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ပြန်တမ်းများနှင့်အညီ ဖြစ်ပါက ယခုအချိန်မှစ၍ ၎င်းတို့သည် ထိုနေရာတွင် ရှိကြလိမ့်မည်။ ၎င်းတို့သည် လူအဖြစ် ပြန်ဝင်စားခြင်း မရှိတော့ဘဲ မြေကြီးပေါ်တွင် မကောင်းမှုပြုလုပ်ခြင်းအတွက် အပြစ်ပေးခံရမည့် အန္တရာယ်လည်း ရှိမည်မဟုတ်ပေ။ ထိုသူတို့သည် ဤဖြစ်စဉ်ကို မည်သည့်အခါမျှ ထပ်မံ တွေ့ကြုံရတော့မည် မဟုတ်ပေ။ ယင်းအစား ၎င်းတို့၏အခြေအနေများအရ ၎င်းတို့သည် ဝိညာဉ်နယ်ပယ်တွင် ရာထူးတစ်ခုကို ယူလိမ့်မည်။ ဤသည်မှာ “ဗုဒ္ဓအဖြစ်ကို ရယူခြင်း” ဟု ဗုဒ္ဓဘာသာဝင်များ ရည်ညွှန်းသည့်အရာဖြစ်၏။ ဗုဒ္ဓအဖြစ်ကို ရယူခြင်းဟူသည်မှာ အဓိကအားဖြင့် ဝိညာဉ်လောက၏ အရာရှိတစ်ဦးအဖြစ်သို့ ပေါက်မြောက်မှုကို ရရှိခြင်းဖြစ်ပြီး၊ ထို့နောက် ပြန်ဝင်စားခြင်း သို့မဟုတ် အပြစ်ဒဏ်ခံရမည့် အန္တရာယ်၌ မရှိတော့ခြင်းကို ဆိုလိုသည်။ ထို့ထက်ပို၍၊ ပြန်လည်ဝင်စားပြီးနောက် လူသားဖြစ်ခြင်း၏ အနှောင့်အယှက် ခံစားရခြင်း မရှိတော့ဟု ဆိုလိုသည်။ ထို့ကြောင့် ၎င်းတို့သည် တိရစ္ဆာန်တစ်ကောင်အဖြစ် ပြန်လည်ဝင်စားရန် အလားအလာတစ်စုံတစ်ရာ ရှိသေးသလော။ (မရှိပါ။) ဤသည်မှာ ထိုသူတို့သည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ် ရယူရန်ကျန်ရှိနေကာ ပြန်လည်ဝင်စားခြင်း ရှိတော့မည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓအဖြစ် ပေါက်မြောက်မှုကို ရရှိခြင်း၏ နမူနာတစ်ရပ်ဖြစ်သည်။ ပေါက်မြောက်မှုကို မရရှိသူများအတွက်မူ ၎င်းတို့သည် ဝိညာဉ်လောကသို့ ပြန်သွားသည့်အခါ ၎င်းတို့အသက်ရှင်စဉ် မိမိဘာသာ ပျိုးထောင်ခြင်းကို လုံ့လဝီရိယရှိစွာ မကျင့်သုံးခဲ့ကြောင်း သို့မဟုတ် ဗုဒ္ဓဘာသာမှ ပြဋ္ဌာန်းသည့်အတိုင်း သုတ်များကို ရွတ်ဖတ်ရာနှင့် ဗုဒ္ဓ၏နာမတို့ကို သံပြိုင်ရွတ်ဆိုရာ၌ တာဝန်မကျေပွန်ခဲ့ကြောင်း၊ ထို့အစား မကောင်းသောအမှုများစွာကို ကျူးလွန်ခဲ့ကြောင်းနှင့် ဆိုးယုတ်သော အမူအကျင့်များစွာ၌ ပါဝင်ခဲ့ကြောင်း တွေ့ရှိသောသူ သက်ဆိုင်ရာ အရာရှိ၏ စစ်ဆေးခြင်းနှင့် အတည်ပြုခြင်းခံရသည်။ ယင်းအစား ၎င်းတို့သည် မကောင်းမှုများစွာကျူးလွန်ကြကာ ဆိုးယုတ်မှုများစွာ ကျူးလွန်ခဲ့ကြ၏။ ထို့နောက် ဝိညာဉ်လောကတွင် ၎င်းတို့မကောင်းမှုပြုလုပ်ခြင်းအပေါ် တရားစီရင်ချက်ချမှတ်ပြီးနောက် ၎င်းတို့အပြစ်ပေးခြင်းခံရမည်မှာ သေချာ၏။ ဤအရာ၌ ခြွင်းချက်လုံးဝ မရှိပေ။ ထိုသို့လျှင် ထိုကဲ့သို့သောလူတစ်ဦးက ပေါက်မြောက်မှုကို မည်သည့်အခါ၌ ရရှိနိုင်မည်နည်း။ ၎င်းတို့ မကောင်းမှုပြုလုပ်ခြင်းမရှိသည့် အသက်တာ၌၊ ဝိညာဉ်လောကသို့ ပြန်ရောက်လာပြီးနောက် ၎င်းတို့မသေဆုံးမီ ၎င်းတို့သည် မည်သည့်မှားယွင်းသည့်အရာမျှ မပြုလုပ်ခဲ့ကြောင်း တွေ့ကြ၏။ ထို့နောက် ၎င်းတို့သည် ဆက်၍ပြန်ဝင်စားကြကာ၊ သုတ်များကို ဆက်လက်ရွတ်ဖတ်ရင်းနှင့် ဗုဒ္ဓ၏နာမတို့ကို သံပြိုင်ရွတ်ဆိုရင်း ၎င်းတို့၏နေ့ရက်များကို ဆီမီး၏ အေး၍အားနည်းသော ၎င်းတို့အလင်းရောင်ဖြင့် ကျော်လွန်ကြ၏။ ၎င်းတို့သည် မည်သည့်သက်ရှိကိုမျှ မသတ်၊ အသားမစားဘဲ လူ့လောက ဒုက္ခများကို ချန်ထားခဲ့ကာ အခြားသူများနှင့် အငြင်းပွားခြင်းမရှိလျက် လူ့လောကတွင် ပါဝင်ခြင်းမရှိကြပေ။ ဤလုပ်ငန်းစဉ်အတွင်း ၎င်းတို့သည် မကောင်းမှု မလုပ်ကြပေ။ ၎င်းနောက် ထိုသူတို့သည် ဝိညာဉ်လောကသို့ ပြန်သွားကြကာ ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့် အပြုအမူများ အားလုံး စစ်ဆေးခံရပြီးနောက်၊ ၎င်းတို့သည် လူ့လောကအတွင်း နောက်တစ်ကြိမ်ပို့ခြင်း ခံရကာ ဤသံသရာတွင် သုံးကြိမ်မှ ခုနစ်ကြိမ်လည်နေ၏။ ဤကာလအတွင်း လက်မခံဖွယ် အပြုအမူကို ကျူးလွန်မထားလျှင် ၎င်းတို့၏ ဗုဒ္ဓအဖြစ်ကို ရယူခြင်းသည် ဆက်လက်၍ သက်ရောက်မှုမရှိဘဲ နှောင့်နှေးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ယုံကြည်သူအားလုံး၏ ရှင်ခြင်း နှင့် သေခြင်းသံသရာ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ၎င်းတို့သည် “ပေါက်မြောက်မှုကို ရယူနိုင်” ၍ ဝိညာဉ်လောကတွင် ရာထူးတစ်ရပ် ရယူနိုင်ကြ၏။ ဤသည်မှာ မယုံကြည်သူများမှ ၎င်းတို့ကွဲပြားသည့် အချက်ဖြစ်၏။ ပထမအနေဖြင့် ၎င်းတို့သည် မြေကြီးပေါ်တွင် အသက်ရှင်လျက်ရှိစဉ် ဝိညာဉ်လောကတွင် ရာထူးတစ်ရပ်ယူနိုင်သောသူများ၏ အမူအကျင့်သည် မည်သို့နည်း။ ၎င်းတို့သည် မကောင်းမှု လုံးဝမပြုရပေ။ လူသတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှု သို့မဟုတ် တိုက်ခိုက်လုယက်မှု မကျူးလွန်ရပေ။ ၎င်းတို့ လိမ်လည်မှု၊ လှည့်ဖြားမှု၊ ခိုးမှု သို့မဟုတ် လုယက်မှု ကျူးလွန်ပါက ၎င်းတို့သည် ပေါက်မြောက်မှု မရရှိနိုင်ပေ။ ၎င်းတို့သည် မကောင်းမှုပြုလုပ်ခြင်းနှင့် ဆက်စပ်မှု သို့မဟုတ် နှီးနွှယ်မှု တစ်စုံတစ်ရာရှိပါက ဝိညာဉ်လောက၏ အပြစ်ဒဏ်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ဗုဒ္ဓအဖြစ်ကို ရရှိသော ဗုဒ္ဓဘာသာဝင်များအတွက် ဝိညာဉ်လောကသည် သင့်တော်သော အစီအမံများ ပြုလုပ်ပေးသည်- ဗုဒ္ဓဘာသာနှင့် ကောင်းကင်ရှိ အဖိုးအိုတို့ကို ယုံကြည်ပုံရသူများကို စီမံအုပ်ချုပ်ရန် ၎င်းတို့ တာဝန်ပေးခံရနိုင်သည်။ ဗုဒ္ဓဘာသာဝင်များသည် အုပ်ချုပ်စီရင်ပိုင်ခွင့် အာဏာတစ်ရပ် ရရှိကာ ၎င်းတို့သည် မယုံကြည်သူများကိုသာ စီမံအုပ်ချုပ်နိုင်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် အလွန်အရေးမပါသော ဘိလစ်စာရေး ဖြစ်နိုင်သည်။ ဤကဲ့သို့ ခွဲဝေချထားပေးခြင်းသည် ဤဝိညာဉ်လိပ်ပြာတို့၏ သဘာဝနှင့်အညီဖြစ်သည်။ ဤသည်မှာ ဗုဒ္ဓဘာသာ၏ ဥပမာတစ်ရပ်ဖြစ်သည်။

ငါတို့ပြောဆိုခဲ့သည့်ဘာသာငါးခုအကြား ခရစ်ယာန်ဘာသာသည် အနည်းငယ်ထူးခြားသည်။ ခရစ်ယာန်ဘာသာသည် မည်သို့ထူးခြားသနည်း။ ဤသူတို့သည် စစ်မှန်သောဘုရားသခင်ကို ယုံကြည်ကြသူများ ဖြစ်၏။ စစ်မှန်သောဘုရားသခင်ကို ယုံကြည်သောသူများကို ဤနေရာတွင် မည်သို့ စာရင်းဝင်နိုင်သနည်း။ ခရစ်ယာန်ဘာသာသည် ယုံကြည်ခြင်းတစ်မျိုးဖြစ်သည့်အတွက် ၎င်းသည် ယုံကြည်ခြင်းနှင့်သာ သက်ဆိုင်သည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ ၎င်းသည် အခမ်းအနားတစ်မျိုး၊ ဘာသာတရားတစ်မျိုးနှင့် ဘုရားသခင်နောက် စစ်မှန်စွာ လိုက်လျှောက်သူများ၏ ယုံကြည်ခြင်းမှ ကွဲပြားသည့် အရာတစ်မျိုးဖြစ်၏။ ငါသည် ၎င်းကို အဓိကဘာသာ ငါးမျိုးအကြား စာရင်းဝင်စေခဲ့ခြင်း အကြောင်းရင်းမှာ ခရစ်ယာန်ဘာသာသည် ယုဒဘာသာ၊ ဗုဒ္ဓဘာသာနှင့် အစ္စလမ်ဘာသာတို့၏အဆင့်သို့ လျှော့ချခံရသည့်အတွက်ဖြစ်၏။ ခရစ်ယာန်အများစုသည် ဘုရားသခင်ရှိကြောင်း သို့မဟုတ် သူသည် အရာခပ်သိမ်းအပေါ် အုပ်စိုးကြောင်းကို မယုံဘဲ သူ၏တည်ရှိမှုကို သာ၍ပင် မယုံကြည်ပေ။ ယင်းအစား ဓမ္မပညာအကြောင်းပြောရန် ၎င်းတို့သည် ကျမ်းပိုဒ်များကို အသုံးပြုရုံမျှသာရှိကာ၊ လူတို့အား ကြင်နာရန်၊ ဒုက္ခခံရန်နှင့် ကောင်းသောအရာများကို ပြုလုပ်ရန် သင်ကြားရေးအတွက် ဓမ္မပညာကို အသုံးပြုကြ၏။ ၎င်းမှာ ခရစ်ယာန်ဘာသာသည် မည်သို့သောဘာသာဟူသည် ဖြစ်၏။ ၎င်းသည် ဓမ္မပညာနှင့်သက်ဆိုင်သော အယူဝါဒများကိုသာ အာရုံစိုက်လျက် ဘုရားသခင်၏ လူသားကို စီမံခန့်ခွဲခြင်းနှင့် ကယ်တင်ခြင်းအမှုနှင့် လုံးဝသက်ဆိုင်ခြင်း မရှိပေ။ ၎င်းသည် ဘုရားသခင်မှ အသိအမှတ်မပြုသော ဘုရားသခင်နောက်လိုက်သူများ၏ ဘာသာတစ်ရပ်ဖြစ်၏။ သို့သော် ၎င်းတို့အပေါ် ချဉ်းကပ်ရာတွင်လည်း ဘုရားသခင်၌ အခြေခံသဘောတရားတစ်ရပ် ရှိ၏။ သူသည် ၎င်းတို့အား မယုံကြည်သူများကို ဆက်ဆံကိုင်တွယ်သကဲ့သို့ပင် စိတ်ဆန္ဒရှိသည့်အတိုင်း ပေါ့တန်စွာ ဆက်ဆံကိုင်တွယ်ခြင်း မပြုပေ။ ၎င်းတို့အား သူ၏ချဉ်းကပ်နည်းသည် ဗုဒ္ဓဘာသာဝင်များကို ချဉ်းကပ်နည်းအတိုင်းဖြစ်၏။ ၎င်းတို့အသက်ရှင်နေစဉ်တွင် ခရစ်ယာန်တစ်ဦးသည် ကိုယ့်စည်းကမ်းနှင့်ကိုယ် နေပါက၊ မိမိတို့ကိုယ်တိုင်၏ အပြုအမူအပေါ် တောင်းဆိုချက်များပြုလုပ်ရာတွင် ပညတ်တော်ဆယ်ပါးကို အတိအကျလိုက်နာကာ ဥပဒေများနှင့် ပညတ်ချက်များကို လိုက်နာပါက၊ ထို့အပြင် ဤသည်ကို ၎င်းတို့၏အသက်တာ တစ်လျှောက်လုံး ပြုလုပ်နိုင်ပါက၊ ၎င်းတို့သည်လည်း ချီဆောင်ခြင်းဟုခေါ်သည့်အရာကို စစ်မှန်စွာမရယူနိုင်မီ ရှင်ခြင်းနှင့်သေခြင်းသံသရာများကို ဖြတ်ကျော်ရာတွင် တူညီသောအချိန်ပမာဏ ကုန်ဆုံးမည်ဖြစ်သည်။ ဤချီဆောင်ခြင်း အထမြောက်ပြီးနောက် ထိုသူတို့သည် ဝိညာဉ်လောကအတွင်း ဆက်လက်တည်ရှိကာ ထိုနေရာတွင် ရာထူးတစ်ရပ် ရယူလျက် ၎င်း၏ဘိလစ်စာရေးများအနက် တစ်ဦးဖြစ်လာ၏။ အလားတူပင် ထိုသူတို့သည် မြေကြီးပေါ်တွင် မကောင်းမှုကျူးလွန်ပါက၊ ဆိုးယုတ်၍ အပြစ်ကျူးလွန်မှု များလွန်းသောအခါ ၎င်းတို့သည် ကွဲပြားသောပြင်းထန်မှုဖြင့် အပြစ်ပေးခံရလျက် ဆုံးမပဲ့ပြင်ခြင်းခံရမည်မှာ ရှောင်လွှဲ၍ မရပေ။ ဗုဒ္ဓဘာသာတွင် ပေါက်မြောက်မှုကို ရယူခြင်းဆိုသည်မှာ အဆုံးစွန်သုခတည်းဟူသော စင်ကြယ်သည့် နယ်မြေဆီသို့ ကျော်ဖြတ်သွားခြင်းဟု အဓိပ္ပာယ်ရသော်လည်း ခရစ်ယာန်ဘာသာတွင် ၎င်းကို မည်သို့ခေါ်ကြသနည်း။ ၎င်းကို “ကောင်းကင်နိုင်ငံ ဝင်ရောက်ခြင်း” နှင့် “ချီဆောင်ခံရခြင်း” ဟုခေါ်၏။ စစ်မှန်စွာချီဆောင်ခံရသူတို့သည်လည်း ရှင်ခြင်းနှင့်သေခြင်းသံသရာ သုံးကြိမ်မှ ခုနစ်ကြိမ်ဖြတ်သန်းပြီးနောက် သေဆုံးကာ အိပ်ပျော်သွားသည့်အတိုင်း ဝိညာဉ်လောကသို့ ရောက်လာကြ၏။ ၎င်းတို့သည် စံချိန်မီပါက အခန်းကဏ္ဍတစ်ရပ် ရယူရန် ဆက်၍တည်ရှိနိုင်ပြီး မြေကြီးပေါ်ရှိလူတို့နှင့် မတူဘဲ ရိုးရှင်းသောနည်းလမ်းတစ်ရပ် သို့မဟုတ် အစဉ်အလာနှင့်အညီ ပြန်ဝင်စားကြမည် မဟုတ်ပေ။

ဤဘာသာအားလုံးအကြားတွင် ၎င်းတို့ပြောဆိုသောအရာနှင့် ၎င်းတို့ကြိုးပမ်းအားထုတ်ကြသော အရာအတွက် အဆုံးသတ်သည် ဗုဒ္ဓဘာသာတွင် ပေါက်မြောက်မှု ရရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။ ကွဲပြားသောနည်းများဖြင့် အထမြောက်ကြခြင်းသာဖြစ်၏။ ၎င်းတို့အားလုံးသည် တစ်မျိုးတစ်စားတည်းပင်ဖြစ်ကြ၏။ ၎င်းတို့၏အပြုအမူတွင် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာလိုက်နာနိုင်သော ဤဘာသာများမှလူတို့၏ ဤအစိတ်အပိုင်းအတွက် ဘုရားသခင်သည် ၎င်းတို့နှင့်သင့်တော်သော ခရီးပန်းတိုင်၊ သင့်တော်သော သွားစရာနေရာ ပေး၍ ၎င်းတို့ကို သင့်တော်စွာ ကိုင်တွယ်၏။ ဤအရာအားလုံးသည် ကျိုးကြောင်းဆီလျော်သော်လည်း လူတို့စိတ်ကူးသကဲ့သို့ မဟုတ်ပေ၊ မှန်သည် မဟုတ်လော။ ခရစ်ယာန်များ မည်သို့ဖြစ်သည်ကို ယခုကြားပြီးနောက် သင်တို့ မည်သို့ခံစားရသနည်း။ ထိုသူတို့အတွက် သင်တို့ စိတ်ထိခိုက်သလော။ ၎င်းတို့ကို စာနာသလော။ (အနည်းငယ် စာနာပါသည်။) ၎င်းတို့ ဆောင်ရွက်နိုင်စရာ ဘာမျှမရှိပေ။ ၎င်းတို့သည် မိမိကိုယ်ကိုယ်မိမိ အပြစ်တင်ရန်သာ ရှိတော့သည်။ ငါဤသို့ အဘယ်ကြောင့်ပြောသနည်း။ ဘုရားသခင်၏ အမှုသည် စစ်မှန်၏။ ဘုရားသခင်သည် အသက်ရှင်ကာ အမှန်ရှိ၏။ ထို့အပြင် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် လူတိုင်းကို ရည်ရွယ်ထားခြင်းဖြစ်၏။ ထိုသို့ဖြစ်လျှင် ခရစ်ယာန်တို့သည် ဤသည်ကို အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့သည် ဘုရားသခင်အား အဘယ်ကြောင့် အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလျက် ဆန့်ကျင်ကာ ညှဉ်းပန်းနှိပ်စက်သနည်း။ ဤကဲ့သို့သော အဆုံးသတ်ခြင်းကို ရရှိခြင်းသည်ပင် ဤသူတို့အတွက် ကံကောင်းခြင်းဖြစ်သဖြင့် သင်တို့သည် ၎င်းတို့အတွက် အဘယ်ကြောင့် စိတ်မကောင်းဖြစ်ကြသနည်း။ ၎င်းတို့ ဤသို့ကိုင်တွယ်ခံရသည်မှာ ကြီးမားသော သည်းခံမှုကိုပြ၏။ ဘုရားသခင်ကို ၎င်းတို့ဆန့်ကျင်သည့်အတိုင်းအတာကို အခြေပြု၍ ၎င်းတို့သည် ဖျက်ဆီးခံရသင့်သည်။ သို့သော် ဘုရားသခင်သည် ဤသို့မပြုဘဲ ခရစ်ယာန်ဘာသာအား သာမန်ဘာသာတစ်ရပ်ကို ကိုင်တွယ်သည့်နည်းတူသာ ကိုင်တွယ်၏။ ထို့ကြောင့် အခြားဘာသာများအကြောင်း အသေးစိတ်ပြောရန် လိုသလော။ ဤဘာသာအားလုံး၏ လက္ခဏာမှာ လူတို့ သာ၍ခက်ခဲမှုကို ခံစားရန်၊ မကောင်းမှု မပြုရန်၊ ကောင်းသောအရာများကို ပြောရန်၊ ကောင်းမှုပြုရန်၊ သူတပါးအား ဆဲရေးခြင်း မပြုရန်၊ သူတပါးအပေါ် အလွယ်တကူ ဆုံးဖြတ်ချက်မချရန်၊ အငြင်းပွားမှုများမှ ဝေးရာတွင်နေရန်၊ ကောင်းသောအရာများကို ပြုလုပ်ရန်၊ လူကောင်းတစ်ဦးဖြစ်ရန် ဖြစ်၏။ ဘာသာရေးအများစု၏ သင်ကြားပို့ချချက်များမှာ ဤကဲ့သို့ဖြစ်၏။ ထို့ကြောင့် ဤယုံကြည်သူများ၊ ဘာသာအမျိုးမျိုးနှင့် ဘာသာရေးဂိုဏ်းခွဲအမျိုးမျိုးမှ ဤလူတို့သည် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာ လိုက်နာနိုင်ပါက ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ရှိနေသောအချိန်အတွင်း ကြီးမားသော အမှားများ သို့မဟုတ် အပြစ်များ ကျူးလွန်မည်မဟုတ်ဘဲ သုံးကြိမ်မှ ခုနစ်ကြိမ် ပြန်ဝင်စားပြီးနောက် ဘာသာရေး ကျင့်ဝတ်သီလများကို တင်းကျပ်စွာလိုက်နာနိုင်သော ဤလူတို့ အနည်းနှင့်အများသည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်ကို ရယူရန် ဆက်လက်တည်ရှိကြမည်။ ထိုကဲ့သို့သောလူတို့ အများအပြားရှိသလော။ (အများအပြားမရှိပါ။) သင်၏အဖြေကို မည်သည့်အရာအပေါ် အခြေခံထားသနည်း။ ကောင်းမှုပြုခြင်း၊ ဘာသာရေးစည်းကမ်းများနှင့် ဥပဒေများကို လိုက်နာခြင်းတို့သည် မလွယ်ကူပေ။ ဗုဒ္ဓဘာသာသည် လူတို့အား အသားစားခွင့်မပြုပေ။ သင် ဤသို့ပြုနိုင်သလော။ သင်သည် မီးခိုးရောင် ဝတ်ရုံများဝတ်ရလျက် ဗုဒ္ဓဘာသာဘုရားကျောင်းများတွင် တစ်နေကုန် သုတ်များ ရွတ်ဖတ်ပြီး ဗုဒ္ဓ၏နာမများ သံပြိုင်ရွတ်ဆိုရမည်ဆိုလျှင် ယင်းကို သင်ပြုလုပ်နိုင်မည်လော။ လွယ်ကူမည်မဟုတ်ပေ။ ခရစ်ယာန်တို့တွင် ပညတ်တော်ဆယ်ပါးရှိ၏။ ပညတ်ချက်များနှင့် ပညတ်တရား များသည် လိုက်နာရန် လွယ်ကူသလော။ မလွယ်ကူပေ။ သူတပါးကို ဆဲရေးတိုင်းထွာခြင်းမပြုရဟူသည်ကို ကြည့်ကြစို့။ လူတို့သည် ဤစည်းကမ်းကို လိုက်နာနိုင်စွမ်း မရှိပေ။ မိမိကိုယ်ကိုယ် တားဆီးနိုင်စွမ်းမရှိသည့်အတွက် ၎င်းတို့သည် ဆဲရေးတိုင်းထွာကြ၏။ ဆဲရေးတိုင်းထွာပြီးနောက် ၎င်းတို့သည် ပြန်ပြောင်း၍ မရတော့ပေ။ ထိုအခါ ၎င်းတို့ မည်သည့်အရာ ပြုလုပ်သနည်း။ ညတွင် ၎င်းတို့သည် ၎င်းတို့၏အပြစ်များကို ဝန်ခံကြ၏။ တစ်ခါတစ်ရံတွင် သူတပါးအား ဆဲရေးတိုင်းထွာပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် အမုန်းတရား ရှိနေသေးကာ၊ ၎င်းတို့သည် ထိုသူတို့အား မည်သည့်အချိန်တွင် အန္တရာယ်ပြုမည်ကို အစီအစဉ်ပြုလုပ်သည့် အတိုင်းအတာအထိပင် သွားကြ၏။ အတိုချုပ်အားဖြင့်၊ သေဆုံးနေသော ဤတရားသေဝါဒ အကြားတွင် နေထိုင်သူတို့အတွက် အပြစ်မပြုလုပ်ရန် သို့မဟုတ် မကောင်းမှုမကျူးလွန်ရန်မှာ မလွယ်ကူပေ။ ထို့ကြောင့် ဘာသာရေးတိုင်းတွင် လက်တစ်ဆုပ်စာ လူတို့သာလျှင် ပေါက်မြောက်မှုကို အမှန်တကယ် ရယူနိုင်ကြ၏။ ဤဘာသာများနောက် လိုက်ကြသူအများအပြားရှိသည့်အတွက် အများအပြားသည် ဝိညာဉ်လောကတွင် အခန်းကဏ္ဍတစ်ရပ်ကို ရယူရန် ဆက်လက်တည်ရှိနိုင်ကြမည်ဟု သင်ထင်၏။ သို့ရာတွင် ဤမျှမများပြားကြပေ။ အနည်းငယ်သာလျှင် ဤသည်ကို အထမြောက်နိုင်ကြ၏။ ယုံကြည်ခြင်းရှိသောလူများအတွက် ရှင်ခြင်းနှင့်သေခြင်းသံသရာမှာ ယေဘုယျအားဖြင့် ဤမျှသာဖြစ်၏။ အခြားအရာများမှ ၎င်းတို့ ကွဲပြားသည့်အချက်မှာ ၎င်းတို့သည် ပေါက်မြောက်မှုကို ရယူနိုင်ခြင်းဖြစ်ပြီး ဤသည်မှာ မယုံကြည်သူများနှင့် ၎င်းတို့၏ ခြားနားချက်ဖြစ်၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၅)

ဘုရားသခင်နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ

နောက်၊ ဘုရားသခင်နောက်လိုက်သောသူတို့၏ ရှင်ခြင်းနှင့်သေခြင်းသံသရာအကြောင်း ပြောကြစို့။ ဤအရာသည် သင်တို့နှင့်သက်ဆိုင်သည့်အတွက် အာရုံစိုက်လော့။ ပထမအနေဖြင့်၊ ဘုရားသခင် နောက်လိုက်သောသူများကို မည်သည့်အမျိုးအစားများ ခွဲခြားနိုင်သည်ကို စဉ်းစားလော့။ (ဘုရားသခင်မှ ရွေးချယ်သူများနှင့် အစေခံသူများ။) ဘုရားသခင်မှ ရွေးချယ်သူများနှင့် အစေခံသူများဟူ၍ နှစ်ခုရှိ၏။ ပထမ ငါတို့ ဘုရားသခင်ရွေးချယ်သူများအကြောင်းကို ပြောမည်။ ၎င်းတို့ အနည်းငယ်သာရှိသည်။ “ဘုရားသခင်၏ရွေးချယ်သောသူများ” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက် လူသားဖြစ်ပေါ်သည့်အခါ ဘုရားသခင်သည် သူ့နောက်လိုက်သူတစ်စုကို ရွေးချယ်ခဲ့ကာ ၎င်းတို့ကို “ဘုရားသခင်၏ရွေးချယ်သောသူများ” ဟု ရိုးရှင်းစွာ ခေါ်ကြ၏။ ဤသူများကို ဘုရားသခင်ရွေးချယ်ခြင်းတွင် အထူးအတိုင်းအတာနှင့် အရေးပါမှုရှိ၏။ ထိုအတိုင်းအတာမှာ ဘုရားသခင်သည် အရေးပါသော အမှုကိုပြုတိုင်း ၎င်းတို့လာရမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အား ထူးခြားစေသည့် အရာများအနက် ပထမဆုံးအရာဖြစ်၏။ ၎င်းတို့၏ အရေးပါမှုမှာ အဘယ်နည်း။ ဘုရားသခင်မှ ၎င်းတို့အား ရွေးချယ်ခြင်းသည် ၎င်းတို့တွင် ကြီးမားသောအရေးပါမှုရှိ သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဤသူတို့အား ပြည့်စုံစေပြီး စုံလင်စေလိုသည့် ဆန္ဒရှိကာ သူ၏စီမံအုပ်ချုပ်သော အမှုပြီးဆုံးသွားသည့်အခါ သူသည် ဤလူတို့ကို ရယူလိမ့်မည်ဟု ဆိုလိုသည်။ ဤအရေးပါမှုမှာ ကြီးမားသည်မဟုတ်လော။ ထို့ကြောင့် ဤရွေးချယ်ခံရသူများသည် ဘုရားသခင်အတွက် ကြီးမားစွာအရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်မှ ရယူရန် ရည်ရွယ်သူများဖြစ်ကြ၍ ဖြစ်သည်။ အစေခံသူများအတွက်မူ၊ ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းမှ ခွဲထွက်၍၊ ၎င်းတို့၏ဇာစ်မြစ်များအကြောင်း ဦးစွာပြောကြစို့။ “အစေခံသူ” ၏ တိုက်ရိုက်အဓိပ္ပာယ်မှာ အစေခံသောသူဖြစ်၏။ အစေခံသောသူများသည် ယာယီဖြစ်၏။ ၎င်းတို့သည် ထိုသို့ ရေရှည် သို့မဟုတ် ထာဝရ မပြုလုပ်ဘဲ ယာယီ ခန့်အပ် သို့မဟုတ် စုဆောင်းခံရသူများဖြစ်၏။ ၎င်းတို့အများစုမှာ မယုံကြည်သူများ အကြားမှ ရွေးချယ်ထားသူများ ဖြစ်ကြ၏။ ၎င်းတို့ ကမ္ဘာမြေကြီးသို့ လာသည့်အချိန်သည် ဘုရားသခင်၏ အမှုတွင် အစေခံသူများ အခန်းကဏ္ဍကို ၎င်းတို့ တာဝန်ယူရန် အမိန့်ချမှတ်သော အချိန်ဖြစ်၏။ ၎င်းတို့သည် အရင်ဘဝက တိရစ္ဆာန်တစ်ကောင် ဖြစ်ခဲ့နိုင်သော်လည်း ၎င်းတို့သည် မယုံကြည်သူများအထဲမှ တစ်ဦးလည်း ဖြစ်နိုင်၏။ ယင်းမှာ အစေခံသူများ၏ ဇာစ်မြစ်များဖြစ်ကြ၏။

ဘုရားသခင်၏ ရွေးချယ်ခံရသူများထံ ပြန်သွားကြစို့။ ဘုရားသခင်၏ ရွေးချယ်ခံရသူများသည် ၎င်းတို့သေဆုံးသည့်အခါ မယုံကြည်သူများ၊ ယုံကြည်ခြင်းရှိသော လူ အမျိုးမျိုးတို့နှင့် လုံးဝကွဲပြားသောနေရာသို့သွားကြ၏။ ထိုနေရာတွင် ၎င်းတို့သည် ကောင်းကင်တမန်များနှင့် ဘုရားသခင်၏တမန်များ လိုက်ပါလျက် ဘုရားသခင် ကိုယ်တော်တိုင် စီမံအုပ်ချုပ်သည့် နေရာဖြစ်၏။ ဤနေရာတွင် ဘုရားသခင်ရွေးချယ်ခံရသောသူတို့သည် ၎င်းတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် ဘုရားသခင်ကို မမြင်နိုင်ကြသော်လည်း ဝိညာဉ်လောက၏ အခြားမည်သည့်နေရာနှင့်မျှ မတူပေ။ ၎င်းသည် ဤအစိတ်အပိုင်းမှလူတို့ သေဆုံးပြီးနောက် သွားသည့်နေရာဖြစ်၏။ ၎င်းတို့သေဆုံးသည့်အခါ ၎င်းတို့သည်လည်း ဘုရားသခင်၏တမန်များ၏ မညှာမတာ စုံစမ်းစစ်ဆေးခြင်းကို ခံရ၏။ မည်သည့်အရာကို စုံစမ်းစစ်ဆေးသနည်း။ ဘုရားသခင်၏တမန်များသည် ဤသူတို့ ဘုရားသခင်ကိုယုံကြည်ခြင်း၌ ၎င်းတို့၏ဘဝတစ်လျှောက်လုံး လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းများ၊ ၎င်းအချိန်အတွင်း ထိုသူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ဖူးခြင်း ရှိမရှိ၊ ကျိန်ဆဲခဲ့ဖူးခြင်း ရှိမရှိနှင့် ကြီးလေးသည့်အပြစ်များ သို့မဟုတ် မကောင်းမှုများ ကျူးလွန်ခဲ့ခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးကြ၏။ ဤစုံစမ်းစစ်ဆေးမှုတွင် ထိုသူသည် ထွက်ခွာမည် သို့မဟုတ် နေမည်ဟူသည့်မေးခွန်းကို ဖြေရှင်း၏။ “ထွက်ခွာသည်” ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “နေသည်” ဟူသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ “ထွက်ခွာသည်” ဟူသည်မှာ ၎င်းတို့၏အပြုအမူအပေါ် အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ၏အဆင့်အကြား ဆက်လက်တည်ရှိခြင်း ရှိမရှိကို ရည်ညွှန်း၏။ “နေသည်” ဟူသည်မှာ ၎င်းတို့သည် နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ ပြည့်စုံစေခြင်း ခံရသူများအကြား ဆက်လက်တည်ရှိနိုင်ခြင်း ရှိမရှိကို ရည်ညွှန်း၏။ နေသူများအတွက် ဘုရားသခင်သည် အထူးအစီအမံများ ရှိသည်။ သူ၏အမှုကာလတစ်ခုစီတိုင်းအတွင်း ဘုရားသခင်သည် ထိုသို့သောလူတို့ကို တမန်တော်များ အဖြစ်ဆောင်ရွက်ရန် သို့မဟုတ် အသင်းတော်များကို ပြန်လည်နိုးထစေသည့်အမှု ပြုလုပ်ရန် သို့မဟုတ် ၎င်းတို့ကို စောင့်ရှောက်ရန် စေလွှတ်လိမ့်မည်။ သို့သော် ထိုကဲ့သို့သောအမှုကို ဆောင်ရွက်နိုင်စွမ်းရှိသူများ၏ ပြန်ဝင်စားသည့် အကြိမ်ရေနှုန်းမှာ ကြိမ်ဖန်တလဲ ပြန်လည်မွေးဖွားသော မယုံကြည်သူများလောက် မများပေ။ ယင်းအစား ထိုသူတို့သည် ဘုရားသခင်၏ အမှု၏ လိုအပ်ချက်များနှင့် အဆင့်များတို့နှင့်အညီ ကမ္ဘာမြေကြီးပေါ်သို့ ပြန်ပို့ခံရကာ၊ မကြာခဏ ဝင်စားသူများ မဟုတ်ကြပေ။ ထို့ကြောင့် ၎င်းတို့မည်သည့်အချိန်တွင် ပြန်ဝင်စားသည်နှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ရှိသလော။ ၎င်းတို့သည် နှစ်အနည်းငယ်ကြာတိုင်း တစ်ကြိမ် လာကြသလော။ ထိုသူတို့သည် ဤကဲ့သို့သော အကြိမ်ရေနှုန်းဖြင့် လာကြသလော။ မလာကြပါ။ ဤအရာကို ဘုရားသခင်၏အမှု၊ သူ့အမှု၏အဆင့်များနှင့် သူ၏လိုအပ်ချက်များအပေါ်တွင် အခြေခံထားပြီး စည်းမျဉ်းစည်းကမ်းများ မရှိပေ။ တစ်ခုတည်းသောစည်းမျဉ်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်း သူ့အမှု၏နောက်ဆုံးအဆင့်ကို လုပ်ဆောင်သည့်အခါ၊ ဤရွေးချယ်ထားသောသူများ အားလုံး လာကြလိမ့်မည်။ သူတို့အားလုံး လာကြသည့်အခါ ဤသည်မှာ ထိုသူတို့ နောက်ဆုံးအကြိမ် ပြန်ဝင်စားခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ ဘုရားသခင်၏အမှု၏ နောက်ဆုံးအဆင့်အတွင်း အထမြောက်ရမည့်ရလဒ်အပေါ် အခြေခံထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အမှု၏နောက်ဆုံးသောအဆင့်တွင် ဘုရားသခင်သည် ဤရွေးချယ်ထားသောလူတို့ကို လုံးဝပြည့်စုံ စေလိမ့်မည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤနောက်ဆုံးသောအဆင့်တွင် ဤသူတို့သည် ပြည့်စုံစေခြင်းခံရ၍ စုံလင် စေခြင်း ခံရပါက ထိုသူတို့သည် ယခင်ကကဲ့သို့ ပြန်ဝင်စားကြလိမ့်မည် မဟုတ်ပေ။ လူသားဖြစ်ခြင်းလုပ်ငန်းစဉ်သည် လုံးဝပြီးဆုံး သွားမည်ဖြစ်သကဲ့သို့ ပြန်ဝင်စားသည့် လုပ်ငန်းစဉ်သည်လည်း လုံးဝပြီးဆုံးသွားပေမည်။ ဤသည်မှာ နေမည့်လူများနှင့် သက်ဆိုင်၏။ ထို့ကြောင့် မနေနိုင်သောသူများသည် မည်သည့်နေရာသို့ သွားကြသနည်း။ မနေနိုင်သောသူများ သွားစရာ သင့်တော်သောနေရာတစ်ခု ရှိ၏။ ပထမအနေဖြင့်၊ ၎င်းတို့၏ မကောင်းမှုပြုခြင်း၊ ၎င်းတို့ပြုလုပ်ခဲ့သည့်အမှားများနှင့် ၎င်းတို့ကျူးလွန်ခဲ့သည့်အပြစ်များ၏ ရလဒ်အနေဖြင့် ၎င်းတို့သည်လည်း အပြစ်ပေးခံရ၏။ ၎င်းတို့အပြစ်ပေးခံရပြီးနောက်၊ ဘုရားသခင်သည် အခြေအနေကို အကျိုးပြုသည်အတိုင်း သူတို့အား မယုံကြည်သူများ သို့မဟုတ် ယုံကြည်ခြင်းရှိသောလူအမျိုးမျိုးအကြား ရှိရန် စီမံလိမ့်မည်။ ဤသည်မှာ ၎င်းတို့အတွက် ဖြစ်နိုင်ခြေရှိသော အခြေအနေနှစ်ခုရှိသည်၊ တစ်ခုမှာ အပြစ်ဒဏ်ပေးခံရပြီးနောက် ၎င်းတို့ပြန်ဝင်စားသောအခါ ဘာသာတစ်ချို့မှ လူတို့အကြား နေရန်နှင့် အခြားတစ်ခုမှာ မယုံကြည်သူတစ်ဦးဖြစ်သွားရန် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူတစ်ဦး ဖြစ်သွားပါက အခွင့်အလမ်းအားလုံး ဆုံးရှုံးသွားလိမ့်မည်။ သို့သော် ၎င်းတို့သည် ယုံကြည်ခြင်းရှိသော လူတစ်ဦး၊ ဥပမာ ခရစ်ယာန်တစ်ဦး ဖြစ်သွားပါက၊ ၎င်းတို့တွင် ဘုရားသခင်၏ ရွေးချယ်ခံရသူများ၏ အဆင့်များအကြားသို့ ပြန်သွားရန် အခွင့်အလမ်း ရှိသေး၏။ ဤအရာ၌ လွန်စွာရှုပ်ထွေးသော ဆက်နွယ်မှုများရှိ၏။ အတိုချုပ်အားဖြင့် ဘုရားသခင်၏ရွေးချယ်ခံရသူများသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသော တစ်စုံတစ်ရာပြုလုပ်သည့်အခါ ၎င်းတို့သည် အခြားသူများအားလုံးကဲ့သို့ပင် အပြစ်ပေးခံရလိမ့်မည်။ ဥပမာ ယခင်က ငါတို့ဆွေးနွေးခဲ့ကြသည့် ပေါလုကို ကြည့်လော့။ ပေါလုသည် အပြစ်ပေးခံရသူများ၏ ဥပမာတစ်ရပ်ဖြစ်သည်။ ငါပြောနေသည့်အကြောင်းအရာကို သင်တို့ သဘောပေါက်သလော။ ဘုရားသခင်၏ ရွေးချယ်ခံရသူများ၏ နယ်ပယ်မှာ တရားသေ သတ်မှတ်ထားသည်လော။ (၎င်း၏အများစုမှာ တရားသေသတ်မှတ်ထားသည်။) ၎င်း၏အများစုမှာ တရားသေသတ်မှတ်ထားသော်လည်း သေးငယ်သောအစိတ်အပိုင်းမှာ တရားသေသတ်မှတ်ထားခြင်း မရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤနေရာ၌ ငါသည် အထင်ရှားဆုံးအကြောင်းရင်းဖြစ်သည့် မကောင်းမှု ကျူးလွန်ခြင်းကို ရည်ညွှန်းခဲ့ပြီးဖြစ်သည်။ ထိုသူတို့သည် မကောင်းမှုကျူးလွန်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်ပေ။ ထို့အပြင် ဘုရားသခင်သည် ၎င်းတို့ကို မလိုချင်သည့်အခါ သူသည် ၎င်းတို့အား လူမျိုးအမျိုးမျိုးနှင့် လူအမျိုးအစား အမျိုးမျိုးတို့အကြား ပစ်လိုက်သဖြင့် ၎င်းတို့တွင် မျှော်လင့်ချက် မရှိဘဲ ၎င်းတို့ ပြန်သွားရန် ခက်ခဲစေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ခံရသောလူတို့၏ ရှင်ခြင်းနှင့် သေခြင်းသံသရာနှင့် ဆက်စပ်နေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၆)

နောက်တစ်ခုမှာ အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်းသံသရာဖြစ်၏။ အစေခံသူများ၏ ဇာစ်မြစ်များအကြောင်းကို ငါတို့ပြောဆိုခဲ့ကြပြီ၊ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏အတိတ်ဘဝများက မယုံကြည်သူများနှင့် တိရစ္ဆာန်များမှ ပြန်ဝင်စားကြခြင်းဖြစ်သည်။ အမှု၏နောက်ဆုံးအဆင့် ရောက်ရှိခြင်းနှင့်အတူ ဘုရားသခင်သည် မယုံကြည်သူများမှ ထိုကဲ့သို့သော လူတစ်စုကို ရွေးချယ်ခဲ့ကာ ဤအုပ်စုမှာ အထူးအုပ်စုဖြစ်၏။ ထိုကဲ့သို့သော လူတို့ကို ဘုရားသခင်ရွေးချယ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့အနေဖြင့် သူ၏အမှုကို အစေခံရန်ဖြစ်၏။ “အစေခံခြင်း” ဟူသည် ကြားရသည်မှာ ရည်မွန်လှသော စကားလုံးမဟုတ်ပေ။ တစ်စုံတစ်ဦးမှ နှစ်သက်မည့် စကားလုံးလည်း မဟုတ်ပေ။ သို့သော် ၎င်းသည် မည်သူ့ကို ရည်ရွယ်ထားသည်ကို ငါတို့ကြည့်သင့်သည်။ ဘုရားသခင်၏ အစေခံသူများ တည်ရှိနေခြင်းတွင် အထူး အရေးပါမှုတစ်ရပ် ရှိ၏။ ၎င်းတို့ကို ဘုရားသခင်မှ ရွေးချယ်ထားသည့်အတွက် အခြားမည်သူမျှ ၎င်းတို့၏အခန်းကဏ္ဍတွင် မပါဝင်နိုင်ပေ။ ထို့အပြင် ဤအစေခံသူများ၏ အခန်းကဏ္ဍမှာ မည်သည်နည်း။ ဘုရားသခင်၏ ရွေးချယ်ခံရသူများကို အစေခံရန်ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့၏အခန်းကဏ္ဍမှာ ဘုရားသခင်၏အမှုတွင် အစေခံရန်၊ ဘုရားသခင်၏ အမှုတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘုရားသခင်မှ သူရွေးချယ်ထားသူများကို စုံလင်စေခြင်းအမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်၏။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းနေကြသည်ဖြစ်စေ၊ အမှုအချို့ကို ထမ်းဆောင်နေသည်ဖြစ်စေ၊ သို့မဟုတ် အချို့သော အလုပ်များကို တာဝန်ယူသည်ဖြစ်စေ ထည့်သွင်းမစဉ်းစားဘဲ ထိုသူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်မှာ အဘယ်နည်း။ ၎င်းတို့အပေါ် သူ၏သတ်မှတ်ချက်များမှာ အလွန်မညှာမတာဖြစ်သလော။ (မဟုတ်ပါ။ ဘုရားသခင်သည် ၎င်းတို့ သစ္စာစောင့်သိရန် တောင်းဆို၏။) အစေခံသူများသည်လည်း သစ္စာစောင့်သိရ၏။ သင်၏ ဇာစ်မြစ် သို့မဟုတ် ဘုရားသခင်သည် သင့်ကို အဘယ်ကြောင့် ရွေးချယ်သနည်းဟူသည်ကို ထည့်သွင်းမစဉ်းစားဘဲ သင်သည် ဘုရားသခင်၏အပေါ်၊ သင့်ကို ဘုရားသခင် အပ်နှံသည့်တာဝန်အပြင် သင့်တွင် တာဝန်ရှိသည့် အလုပ်နှင့် သင်ဆောင်ရွက်သည့် တာဝန်အပေါ်တွင်လည်း သစ္စာစောင့်သိရမည်။ အစေခံသူများသည် သစ္စာစောင့်သိနိုင်ကြ၍ ဘုရားသခင်အား ကျေနပ်စေနိုင်ပါက ၎င်းတို့၏အဆုံးမှာ မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဆက်လက်၍ တည်ရှိနိုင်ကြလိမ့်မည်။ ဆက်လက်တည်ရှိနေသော အစေခံသူများဖြစ်ဖို့ရန်မှာ ကောင်းချီးမင်္ဂလာ တစ်ရပ်ဖြစ်သလော။ ဆက်လက်တည်ရှိနေခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ဤကောင်းချီးမင်္ဂလာမှာ မည်သည့် အဓိပ္ပာယ်ရှိသနည်း။ အဆင့်အတန်းအရ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံရသူများနှင့် တူပုံမရပေ။ ၎င်းတို့သည် ကွဲပြားပုံရ၏။ အကယ်စင်စစ်မူ ၎င်းတို့ ဤဘဝတွင်ခံစားသည့် အရာသည် ဘုရားသခင်၏ ရွေးချယ်ခံလူတို့ ခံစားသည့်အရာနှင့် အတူတူပင် မဟုတ်သလော။ အနည်းဆုံးအနေဖြင့် ဤဘဝတွင် ၎င်းသည် အတူတူပင်ဖြစ်၏။ သင်တို့ ဤအရာကို မငြင်းပယ်ကြ၊ ဟုတ်သည်မဟုတ်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၊ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ ထောက်ပံ့ပေးမှု၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ ဤအရာများကို မည်သူသည် မမွေ့လျော်ဘဲ နေသနည်း။ လူတိုင်း ယင်း ကြွယ်ဝမှု၌ မွေ့လျော်ကြ၏။ အစေခံသူတစ်ဦး၏ ကိုယ်ပိုင်အမှတ်အသားသည် အစေခံသူဖြစ်သော်လည်း ဘုရားသခင်အတွက်မူ ၎င်းတို့သည် သူဖန်ဆင်းခဲ့သော အရာအားလုံးအနက် တစ်ခုဖြစ်၏။ ၎င်းတို့၏အခန်းကဏ္ဍသည် အစေခံသူဖြစ်သည်ဟူ၍သာ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ခုအနေဖြင့် အစေခံသူတစ်ဦးနှင့် ဘုရားသခင်၏ရွေးချယ်ခံလူတို့အကြား ကွဲပြားချက်တစ်ရပ် ရှိသလော။ လက်တွေ့တွင် မရှိပေ။ အမည်နာမအားဖြင့် ကွာခြားချက်ရှိ၏၊ အနှစ်သာရအားဖြင့် ကွာခြားချက်ရှိ၏၊ ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍအရ ကွာခြားချက်ရှိ၏၊ သို့ရာတွင် ဘုရားသခင်သည် ဤသူများအပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ထို့ကြောင့် ဤသူများသည် အစေခံသူများဟု အဘယ်ကြောင့် သတ်မှတ်ခံရသနည်း။ သင်တို့ ဤအရာကို နားလည်သင့်သည်။ အစေခံသူများသည် မယုံကြည်သူများအကြားမှ လာကြ၏။ မယုံကြည်သူများကို ဖော်ပြခြင်းမှာ ၎င်းတို့၏အတိတ်သည် မကောင်းကြောင်းကို ပြောခြင်းဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများဖြစ်ကြ၏။ ၎င်းတို့၏အတိတ်တွင် ၎င်းတို့အားလုံးသည် ဘုရားမဲ့ဝါဒီများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ကြဘဲ ဘုရားသခင်အပေါ်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာတို့အပေါ် ရန်လိုခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ဘုရားသခင်ရှိကြောင်းကိုလည်း မယုံကြည်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့အများအပြားသည် နားလည်နိုင်စွမ်းမရှိဟု ပြော၍ရသည်။ တိရစ္ဆာန်များသည် လူတို့၏စကားများကို နားလည်နိုင်စွမ်းမရှိသကဲ့သို့ အစေခံသူများသည် ဘုရားသခင်ပြောနေသည့်အရာများ၊ သူ၏သတ်မှတ်ချက်များ၊ အဘယ်ကြောင့် သူသည် ဤသတ်မှတ်ချက်များ ပြုသနည်းဟူသည်တို့ကို နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် နားမလည်ပေ၊ ၎င်းတို့အဘို့ ဤအရာများသည် နားမလည်နိုင်ဖွယ်ရာဖြစ်သည်။ ၎င်းတို့ ဉာဏ်အလင်းမရဘဲ ရှိကြ၏။ ထိုအကြောင်းရင်းကြောင့် ဤလူတို့သည် ငါတို့ပြောသည့် အသက်ကို မပိုင်ဆိုင်ကြပေ။ လူတို့သည် အသက်မရှိဘဲ သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့တွင် သမ္မာတရား တပ်ဆင်ထားသလော။ ၎င်းတို့တွင် ဘုရားသခင်နှုတ်ကပတ်တော်၏ အတွေ့အကြုံနှင့် အသိပညာတို့ တပ်ဆင်ထားသလော။ (မတပ်ဆင်ထားပါ။) အစေခံသူတို့၏ ဇာစ်မြစ်များသည် ယင်းသို့ဖြစ်၏။ သို့သော် ဤအစေခံသူများကို ဘုရားသခင် ပြုလုပ်ခဲ့သည့်အတွက် ၎င်းတို့အပေါ် သူ၏သတ်မှတ်ချက်များအတွက် အဆင့်အတန်းများ ရှိဆဲဖြစ်၏။ သူသည် ၎င်းတို့အပေါ် အထင်အမြင်သေးခြင်း မရှိဘဲ ၎င်းတို့အပေါ် ဝတ်ကျေတမ်းကျေ ပြုမူခြင်းလည်း မရှိပေ။ ၎င်းတို့သည် သူ၏နှုတ်ကပတ်တော်များကို နားမလည်ဘဲ အသက်မရှိကြသော်လည်း ဘုရားသခင်သည် ၎င်းတို့အပေါ် ကြင်နာကာ ထိုသူတို့နှင့် သက်ဆိုင်သော သူ၏သတ်မှတ်ချက်များတွင် အဆင့်အတန်းများ ရှိဆဲဖြစ်၏။ သင်တို့သည် ယခုတင် ဤအဆင့်အတန်းများ ဖြစ်သည့် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းနှင့် သူပြောသည့်အရာကို ပြုလုပ်ခြင်းအကြောင်း ပြောခဲ့၏။ သင်၏အစေခံမှုတွင် သင်သည် လိုအပ်သည့်နေရာတွင် အစေခံရမည်ဖြစ်ကာ၊ အဆုံးတိုင်အောင် အစေခံရမည်ဖြစ်၏။ သင်သည် သစ္စာစောင့်သိသော အစေခံသူတစ်ဦး ဖြစ်နိုင်ပါက၊ အဆုံးထိတိုင်အောင် အစေခံနိုင်၍ ဘုရားသခင်မှ သင့်ကိုပေးအပ်သည့်တာဝန်ကို စုံလင်စွာ ပြီးဆုံးအောင် ပြုလုပ်နိုင်ပါက သင်သည် တန်ဖိုးရှိသော အသက်တာကို ရှင်သန်လိမ့်မည်ဖြစ်သောကြောင့် သင်သည် ဆက်လက်တည်ရှိ နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်ကို သိရန် အနည်းငယ် သာ၍အားထုတ်ပါက၊ သင်သည် သာ၍ကြိုးစားပါက၊ သင်၏အားထုတ်မှုများကို နှစ်ဆပြုလုပ်နိုင်ပါက၊ ဘုရားသခင်ကို သိခြင်းအကြောင်း အနည်းငယ်ပြောနိုင်ပါက၊ ဘုရားသခင်အတွက် သက်သေခံနိုင်ပါက၊ ထိုထက်မက သင်သည် ဘုရားသခင်၏အလိုတော် တစ်စုံတစ်ရာကို နားလည်နိုင်ပါက၊ ဘုရားသခင်၏အမှုတွင် ပူးပေါင်းဆောင်ရွက်နိုင်ကာ ဘုရားသခင်၏အလိုတော်ကို အတော်အတန် ဂရုပြုမိပါက ဤအစေခံသူဖြစ်သော သင်သည် အခြေအနေပြောင်းလဲလိမ့်မည်။ ထိုအခြေအနေပြောင်းလဲမှုသည် မည်သည့်အရာဖြစ်မည်နည်း။ သင်သည် ဆက်လက်တည်ရှိရုံသာ မဖြစ်နိုင်တော့ပေ။ သင်၏အပြုအမူနှင့် သင်၏ကိုယ်ပိုင် မျှော်မှန်းချက်များနှင့် လိုက်စားမှုအပေါ် အခြေခံ၍ ဘုရားသခင်သည် သင်အား ရွေးချယ်ခံရသူတစ်ဦးဖြစ်စေမည်။ ဤသည်မှာ သင်၏အခြေအနေ ပြောင်းလဲခြင်းဖြစ်လိမ့်မည်။ အစေခံသူများအတွက် ဤအရာတွင် မည်သည်မှာ အကောင်းဆုံးနည်း။ ဤသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံလူတို့မှ တစ်ဦးဖြစ်နိုင်ခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ရွေးချယ်ခံသူများထဲမှ တစ်ဦးဖြစ်လာခဲ့ပါက၊ ဤသည်မှာ ၎င်းတို့သည် မယုံကြည်သူတစ်ဦးကဲ့သို့ တိရစ္ဆာန်တစ်ကောင်အဖြစ် ဝင်စားရန်မလိုတော့ဟု အဓိပ္ပာယ်ရ၏။ ဤသည်မှာ ကောင်းသလော။ ကောင်းသည့်အပြင် သတင်းကောင်းလည်း ဖြစ်၏။ အစေခံသူများကို ပုံသွင်း၍ရသည်ဟု ဆိုလိုခြင်းဖြစ်၏။ ဘုရားသခင်သည် အစေခံသူတစ်ဦးအား အစေခံရန် ခွဲခန့်မှတ်သားသည့်အခါ ထိုသူသည် ထာဝရအစေခံမည်ဟူသော သဘောဖြစ်၏။ ဤသို့ သေချာပေါက် မဟုတ်ပေ။ ထိုသူ၏ တစ်ဦးခြင်း အပြုအမူအရ ဘုရားသခင်သည် ၎င်းအား ကွဲပြားစွာ ကိုင်တွယ်၍ သူ့အား ကွဲပြားစွာ ဖြေကြားမည် ဖြစ်သည်။

သို့ရာတွင် အဆုံးတိုင်အောင် အစေမခံနိုင်သောသူများ ရှိကြ၏။ ၎င်းတို့အစေခံစဉ်အတွင်း လမ်းတစ်ဝက်တွင် အရှုံးပေးကာ ဘုရားသခင်အား စွန့်ခွာသူများရှိကြ၏။ မကောင်းသောအရာများစွာ ပြုလုပ်သူများရှိကြကာ ဘုရားသခင်၏ အမှုကို ကြီးမားစွာအန္တရာယ်ပြု၍ ကြီးမားစွာ ထိခိုက်စေသူများပင် ရှိ၏။ ဘုရားသခင်အား ကျိန်ဆဲသည့် အစေခံသူများပင် စသည်ဖြင့် ရှိ၏။ ထို့ကြောင့် ဤသို့ ပြုပြင်၍ မရသောအကျိုးဆက်များသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ဤကဲ့သို့သော မကောင်းသည့် အပြုအမူတစ်ရပ်သည် ၎င်းတို့၏အစေခံမှု အဆုံးသတ်ခြင်းဟု အဓိပ္ပာယ်ရလိမ့်မည်။ သင်အစေခံစဉ်အတွင်း သင်၏အပြုအမူသည် ညံ့ဖျင်းလွန်းသဖြင့်၊ သင်သည် သင့်ကိုယ်သင် လက်ခံနိုင်သည်ထက် ကျော်လွန်သဖြင့်၊ သင်၏အစေခံမှုသည် သတ်မှတ်ထားသည့် အဆင့်အတန်း မပြည့်မီကြောင်း ဘုရားသခင်တွေ့သည့်အခါ သူသည် သင်အစေခံရန် အရည်အချင်းပြည့်မီမှုကို ဖယ်ရှား၍ သင့်ကို အစေခံခွင့်ပြုမည်မဟုတ်ပေ။ သူသည် သင့်အား သူ၏မျက်လုံးများ ရှေ့မှောက်နှင့် ဘုရားသခင်၏ အိမ်တော်မှ ဖယ်ရှားလိမ့်မည်ဖြစ်သည်။ ယင်းမှာ သင်သည် အစေမခံလိုခြင်းဖြစ်သည် မဟုတ်သလော။ သင်သည် မကောင်းမှု အစဉ်ပြုလုပ်လိုသည် မဟုတ်လော။ သင်သည် အစဉ်ပင် သစ္စာမဲ့သည် မဟုတ်လော။ ထိုသို့ဖြစ်ပါက လွယ်ကူသည့်ဖြေရှင်းချက်တစ်ရပ် ရှိသည်။ သင်၏ အစေခံရန်အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရမည်။ ဘုရားသခင်အတွက် အစေခံတစ်ဦးထံမှ ၎င်း၏ အစေခံရန်အရည်အချင်းပြည့်မီမှု ဖယ်ရှားခြင်းသည် ဤအစေခံသူ၏အဆုံးကို ကြေညာလိုက်ပြီဟု အဓိပ္ပာယ်ရပြီး ထိုသူတို့သည် ဘုရားသခင်အတွက် အစေခံရန် အရည်အချင်းမီတော့မည် မဟုတ်၊ ဘုရားသခင်သည် ၎င်း၏အစေခံမှုကို မလိုအပ်တော့၊ မည်မျှကောင်းမွန်သော ပြောဆိုမှုများပြုလုပ်သည်ဖြစ်စေ ထိုစကားများသည် အချည်းနှီးသာ ဖြစ်လိမ့်မည်။ ဤအခြေအနေထိရောက်သည့်အခါ ပြန်လည်ပြုပြင်၍ မရတော့ပေ။ ဤကဲ့သို့သော အစေခံသူသည် ပြန်လမ်းရှိလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော အစေခံသူများကို ဘုရားသခင်သည် မည်သို့ကိုင်တွယ်သနည်း။ သူသည် ၎င်းတို့အား အစေခံမှုမှ ရပ်စဲရုံသာပြုသလော။ မဟုတ်ပေ။ သူသည် ၎င်းတို့အား ဆက်လက်တည်ရှိနေခြင်းမှ တားဆီးရုံသာ ပြုသလော။ သို့မဟုတ် သူသည် ၎င်းတို့အား တစ်ဘက်သို့ဖယ်၍ ၎င်းတို့ပြန်လှည့်လာရန် စောင့်သလော။ သူသည် ထိုသို့မပြုပေ။ ဘုရားသခင်သည် အစေခံသူများကို လွန်စွာချစ်လှသည် မဟုတ်သည်မှာ မှန်ပေ၏။ လူတစ်ဦးသည် ဘုရားသခင်ကို အစေခံရာ၌ ဤသို့သော သဘောထားရှိပါက၊ ဤသဘောထား၏ ရလဒ်အနေဖြင့် ဘုရားသခင်သည် ၎င်း၏ အစေခံရန်အရည်အချင်းပြည့်မီမှုကို ဖယ်ရှား၍ မယုံကြည်သူများကြားထဲ နောက်တစ်ကြိမ် ပြန်၍စွန့်ပစ်လိုက်လိမ့်မည်။ မယုံကြည်သူများအကြား ပြန်၍စွန့်ပစ်ခြင်းခံရသော အစေခံသူ၏ ကံကြမ္မာမှာ အဘယ်နည်း။ မယုံကြည်သူများ၏ ကံကြမ္မာနှင့် အတူတူပင်ဖြစ်၏။ တိရစ္ဆာန်အဖြစ် ပြန်ဝင်စားကာ ဝိညာဉ်လောကတွင် မယုံကြည်သူများ၏ အပြစ်ဒဏ်ကို ရရှိခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ၎င်းတို့၏အပြစ်ဒဏ်တွင် ကိုယ်တိုင်စိတ်ဝင်စားခြင်း ရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏အမှုနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ ရှိတော့မည် မဟုတ်၍ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သည့် ၎င်းတို့၏ဘဝ အဆုံးဖြစ်ရုံသာမက ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာ၏ အဆုံး၊ ၎င်းတို့ကံကြမ္မာ၏ ကြေညာချက်လည်းဖြစ်သည်။ ထို့ကြောင့် အစေခံသူများသည် ညံ့ဖျင်းစွာ အစေခံပါက၊ ထိုသူတို့သည် အကျိုးသက်ရောက်မှုများကို ၎င်းတို့ကိုယ်တိုင် ခံစားရမည်ဖြစ်သည်။ အစေခံသူတစ်ဦးသည် အဆုံးတိုင်အောင် အစေခံနိုင်စွမ်းမရှိပါက သို့မဟုတ် လမ်းတစ်ဝက်တွင် ၎င်းတို့၏ အစေခံရန် အရည်အချင်းပြည့်မီမှု ဖယ်ရှားခံရလျှင် ထိုသူသည် မယုံကြည်သူများအကြားသို့ ပစ်ထည့်ခြင်း ခံရမည်ဖြစ်ပြီး ထိုသို့ မယုံကြည်သူများအကြားသို့ ပစ်ထည့်ခြင်း ခံရပါက ၎င်းသည် ခြံမွေးတိရစ္ဆာန်များ၊ အသိဉာဏ် သို့မဟုတ် ဆင်ခြင်ဉာဏ်မရှိသော လူများနည်းတူ ကိုင်တွယ်ခံရမည်။ ငါဤသို့ပြောသည့်အခါ သင်တို့နားလည်သည် မဟုတ်လော။

အထက်ပါအရာမှာ ဘုရားသခင်မှ သူရွေးချယ်ထားသူများနှင့် အစေခံသူများ၏ ရှင်ခြင်းနှင့်သေခြင်း သံသရာကို ကိုင်တွယ်ခြင်းဖြစ်၏။ ဤသည်ကို ကြားပြီးနောက် သင်တို့မည်သို့ခံစားရသနည်း။ ငါခုတင်ပြောခဲ့သည့် အကြောင်းအရာ၊ ဘုရားသခင်၏ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများအကြောင်းကို ငါပြောခဲ့ဖူးသလော။ အကယ်စင်စစ်အားဖြင့် ငါပြောခဲ့ဖူးသည်။ သို့သော် သင်တို့ မမှတ်မိပေ။ ဘုရားသခင်သည် သူ၏ရွေးချယ်ခြင်း ခံရသူများနှင့် အစေခံသူများအပေါ် ဖြောင့်မတ်၏။ အရာခပ်သိမ်း၌ သူသည် ဖြောင့်မတ်သည် မဟုတ်လော။ သင် တစ်စုံတစ်ရာ အပြစ်ရှာနိုင်သည့်နေရာ ရှိသလော။ “ဘုရားသခင်သည် ရွေးချယ်ခံရသူများအပေါ် အဘယ်ကြောင့် သည်းခံလွန်းသနည်း။ ထို့အပြင် သူသည် အစေခံသူများအပေါ် အဘယ်ကြောင့် အနည်းငယ်သာ သည်းခံသနည်း။” ဟု ပြောသူများ ရှိသလော။ တစ်ဦးတစ်ယောက်သည် အစေခံသူများအတွက် ရပ်တည်ပေးရန် ဆန္ဒရှိသလော။ “ဘုရားသခင်သည် အစေခံသူများအား အချိန်ပို၍ပေးနိုင်သလော။ ၎င်းတို့အပေါ် သာ၍ စိတ်ရှည်ရှည်နှင့် သည်းခံနိုင်မည်လော။” ဤစကားများ မှန်သလော။ (မမှန်ပေ။) ၎င်းတို့အဘယ်ကြောင့် မမှန်သနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အစေခံသူများဖြစ်စေခြင်းဖြင့် အမှန်တကယ် အခွင့်အရေးပေးခံရခဲ့ပြီးဖြစ်သည်။) အကယ်စင်စစ် အစေခံသူများသည် အစေခံခွင့်ရရှိရုံဖြင့် အခွင့်အရေးပေးခံရပြီးဖြစ်သည်။ “အစေခံသူများ” ဟူသည့် အခေါ်အဝေါ် မရှိဘဲ၊ အစေခံသူများ၏ အလုပ်မရှိဘဲ ဤအစေခံသူများသည် အဘယ်အရပ်တွင် ရှိမည်နည်း။ မယုံကြည်သူများအကြား ခြံမွေးတိရစ္ဆာန်များနှင့် ရှင်လျက်၊ သေလျက်ရှိမည်။ ယနေ့ ၎င်းတို့သည် ကြီးမားလှသော မည်သည့် ကျေးဇူးတော်များ ခံစားကြရသနည်း။ ဘုရားသခင်၏ရှေ့မှောက် လာရောက်ခွင့်ရလျက်၊ ဘုရားသခင်၏အိမ်တော်သို့ လာရောက်ခွင့်ရကြခြင်း ဖြစ်သည်။ ဤသည်မှာ ကြီးမားလွန်းလှသော ကျေးဇူးတော်ပင်ဖြစ်၏။ ဘုရားသခင်သည် သင့်အား အစေခံရန် ဤအခွင့်အရေးကို မပေးပါက သင်သည် ဘုရားသခင်ရှေ့မှောက် လာရောက်ရန် အခွင့်အရေး မည်သည့်အခါမျှ ရခဲ့မည် မဟုတ်ပေ။ အနည်းဆုံးအနေဖြင့်ပြောရလျှင် သင်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ကာ ပေါက်မြောက်မှုကို ရရှိထားပြီးဖြစ်ပင်လျှင် သင်သည် ဝိညာဉ်လောကတွင် အများဆုံးအနေနှင့် လက်တိုလက်တောင်းလုပ်ရသူ တစ်ဦးသာဖြစ်၏။ သင်သည် ဘုရားသခင်အား မည်သည့်အခါမျှ တွေ့မည်မဟုတ်၊ သူ့အသံ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များ ကြားမည်မဟုတ်၊ သင့်အပေါ် သူ၏ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများ ခံစားရမည်မဟုတ်ဘဲ သင်သည် သူနှင့် မျက်နှာချင်းဆိုင်ရန် မည်သည့်အခါမျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင်များ ရှေ့မှောက်တွင် ရှိသည့်တစ်ခုတည်းသောအရာမှာ ရိုးရှင်းသည့် အလုပ်တာဝန်များသာ ဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်အားသိရန် မဖြစ်နိုင်ဘဲ ဆင်ကန်းတောတိုး လိုက်နာ၍ နာခံရုံသာ ဖြစ်နိုင်သည်။ အစေခံသူများမှာမူ အမှု၏ဤအဆင့်အတွင်း များစွာရရှိကြ၏။ ပထမအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏အသံကို ကြားရန်၊ သူ၏နှုတ်ကပတ်တော်များကို ကြားရန်နှင့် လူတို့အား သူပေးသည့် ကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများကို တွေ့ကြုံခံစားနိုင်ရန် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် နိုင်ကြပေသည်။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်မှပေးသည့် နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မွေ့လျော်နိုင်ကြ၏။ ၎င်းတို့သည် အကယ်စင်စစ်ပင် မြောက်မြားစွာရရှိကြ၏။ ထို့ကြောင့် အစေခံသူတစ်ဦးအနေဖြင့် သင်သည် သင့်တော်သည့် ကြိုးပမ်းအားထုတ်မှုပင် မပြုနိုင်ပါက ဘုရားသခင်သည် သင့်ကို ဆက်လက်ထားရှိမည်လော။ သူသည် သင့်ကို မထားရှိနိုင်ပေ။ သင့်အပေါ် များစွာသောတောင်းဆိုမှု မပြုသော်လည်း သင်သည် သူတောင်းဆိုသည့် မည်သည့်အရာကိုမျှ သင့်တော်စွာ မပြုလုပ်ပေ၊ သင်သည် သင်၏တာဝန်ကို စောင့်ထိန်းခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်သည် သင့်ကို မထားနိုင်သည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြစ်သည်။ အလိုမလိုက်သော်လည်း သူသည် သင့်အပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ဤသည်မှာ ဘုရားသခင် ပြုမူမှုများ၏ အခြေခံသဘောတရားများဖြစ်၏။ ဘုရားသခင်သည် လူများနှင့် သတ္တဝါများအားလုံးအပေါ် ဤသို့ပြုမူ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၇)

ဝိညာဉ်လောကနှင့်ပတ်သက်၍ ဝိညာဉ်လောကရှိ သတ္တဝါအမျိုးမျိုးသည် အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်လျှင်၊ ၎င်းတို့၏အလုပ်ကို မှန်ကန်စွာ မလုပ်လျှင်၊ ဘုရားသခင်တွင်လည်း ၎င်းတို့ကို ကိုင်တွယ်ရန် အလားတူ လိုက်လျောညီထွေသော ကောင်းကင်ဘုံနှင့်ဆိုင်သည့် အမိန့်ပြန်တမ်းများနှင့် အမိန့်များရှိ၏။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ အနှစ် ထောင်ပေါင်းများစွာသော စီမံခန့်ခွဲသည့်အမှုကာလအတွင်း အမှားပြုလုပ်ခဲ့သည့် အချို့သော ဘိလစ်စာရေးများ မျိုးဖြုတ်ခံရကာ၊ အချို့မှာ ယနေ့ ထိန်းသိမ်းခံရနေဆဲဖြစ်၍ အပြစ်ပေးခံရနေဆဲဖြစ်၏။ ဤသည်မှာ ဝိညာဉ်လောကရှိ သတ္တဝါတိုင်း ရင်ဆိုင်ရမည့်အရာဖြစ်၏။ ၎င်းတို့သည် အမှားအယွင်း တစ်စုံတစ်ရာပြုလုပ်လျှင်ဖြစ်စေ၊ မကောင်းမှု တစ်စုံတစ်ရာ ကျူးလွန်သည်ဖြစ်စေ အပြစ်ပေးခံရ၏။ ဤသည်မှာ ဘုရားသခင်သည် သူ၏ရွေးချယ်ခြင်းခံရသူများနှင့် အစေခံသူများအပေါ် ချဉ်းကပ်နည်းနှင့် အတူတူပင်ဖြစ်၏။ ထို့ကြောင့် ဝိညာဉ်လောကတွင်ဖြစ်စေ၊ ရုပ်ဝတ္ထုလောကတွင်ဖြစ်စေ၊ ဘုရားသခင်ပြုမူဆောင်ရွက်သည့် အခြေခံသဘောတရားများသည် မပြောင်းလဲပေ။ သင်သည် ဘုရားသခင်၏ ဆောင်ရွက်ချက်များကို မြင်နိုင်သည်ဖြစ်စေ၊ မြင်နိုင်ခြင်း မရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့၏အခြေခံသဘောတရားများမှာ ပြောင်းလဲခြင်းမရှိပေ။ တစ်လျှောက်လုံးတွင် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် သူ၏ချဉ်းကပ်မှုနှင့် အရာခပ်သိမ်းကို သူ၏ကိုင်တွယ်မှုတွင် တူညီသော အခြေခံသဘောတရားများ ရှိသည်။ ဤသည်မှာ ပြောင်းလဲ၍မရပေ။ ဘုရားသခင်သည် မယုံကြည်သူများအကြား၌ သင့်တော်စွာနေသောသူများအပေါ် ကြင်နာ၍ ဘာသာတစ်ရပ်စီတိုင်းရှိ လိမ္မာ၍ မကောင်းမှုမပြုသူများအတွက် အခွင့်အရေးများ ချန်ထားပေးကာ ဘုရားသခင်မှ စီမံခန့်ခွဲသည့် အရာခပ်သိမ်းရှိ ၎င်းတို့၏အခန်းကဏ္ဍတွင် ပါဝင်ခွင့်ပေး၍ ၎င်းတို့လုပ်သင့်သည့်အရာကို လုပ်ခွင့်ပြုသည်။ အလားတူစွာပင် ဘုရားသခင်နောက်လိုက်သူများအကြား၊ သူရွေးချယ်ထားသောလူတို့အကြား၊ ဘုရားသခင်သည် သူ၏အခြေခံသဘောတရားများနှင့်အညီ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်း မရှိပေ။ သူသည် စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းအပေါ် ကြင်နာ၍ စိတ်ရင်းမှန်ဖြင့် သူ့နောက်လိုက်သူတိုင်းကို ချစ်၏။ မယုံကြည်သူများ၊ ယုံကြည်ခြင်းရှိသော လူအမျိုးမျိုးနှင့် ဘုရားသခင်၏ရွေးချယ်ခံရသူများစသည်ဖြင့် ထိုသူအမျိုးမျိုးတို့အတွက်သာ ဘုရားသခင်ချပေးသည့်အရာ ကွဲပြား၏။ မယုံကြည်သူများကို ကြည့်ကြစို့။ ၎င်းတို့သည် ဘုရားသခင်ကို မယုံကြည်ဘဲ ဘုရားသခင်သည် ၎င်းတို့အား ခြံမွေးတိရစ္ဆာန်များကဲ့သို့ မြင်သော်လည်း အရာခပ်သိမ်းအကြားတွင် ၎င်းတို့တစ်ဦးစီတိုင်းသည် စားစရာအစာရှိ၏၊ ကိုယ်ပိုင်နေရာရှိကာ ပုံမှန် ရှင်ခြင်းနှင့်သေခြင်း သံသရာရှိ၏။ မကောင်းမှုပြုသူတို့သည် အပြစ်ပေးခြင်းခံရကာ ကောင်းမှုပြုသူများသည် ကောင်းချီးခံစားရ၍ ဘုရားသခင်၏ အကြင်နာကို လက်ခံရရှိကြ၏။ ၎င်းမှာ ဤသို့ပင်မဟုတ်လော။ ယုံကြည်ခြင်းရှိသောလူ များအတွက် ပြန်လည်မွေးဖွားခြင်း တစ်ကြိမ်ပြီးနောက် တစ်ကြိမ်ဖြစ်တိုင်း ၎င်းတို့သည် ဘာသာရေး ကျင့်ဝတ်သီလများကို အတိအကျ လိုက်နာနိုင်ပါက၊ ၎င်းပြန်လည်မွေးဖွားခြင်းများအားလုံး၏နောက်ပိုင်းတွင် ဘုရားသခင်သည် အဆုံး၌ ၎င်းတို့အတွက် သူ၏ကြေညာချက် ပြုလုပ်လိမ့်မည်။ အလားတူစွာပင် ယနေ့ သင်သည် ဘုရားသခင်၏ ရွေးကောက်ခံရသူတစ်ဦးဖြစ်စေ၊ အစေခံသူတစ်ဦးဖြစ်စေ၊ သင်တို့ကိုလည်း အတန်းထဲသို့ ခေါ်သွင်းလိမ့်မည်ဖြစ်ပြီး သူချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ စီမံအုပ်ချုပ်မှုအမိန့်များနှင့်အညီ သင်တို့၏အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်။ ဘာသာအမျိုးမျိုးနှင့်သက်ဆိုင်သော ယုံကြည်ခြင်းရှိသော လူအမျိုးအစားအမျိုးမျိုးဖြစ်သည့်၊ ဤလူအမျိုးအစား အမျိုးမျိုးအကြား ဘုရားသခင်သည် နေထိုင်စရာနေရာ ပေးခဲ့ပြီးပြီလော။ ယုဒဘာသာသည် မည်သည့်အရပ်တွင်ရှိသနည်း။ ဘုရားသခင်သည် ထိုသူတို့၏ယုံကြည်ခြင်းတွင် ဝင်ရောက်နှောင့်ယှက်ပြီလော။ မနှောင့်ယှက်ခဲ့ပြီ မဟုတ်လော။ ထို့အပြင် ခရစ်ယာန်ဘာသာ မှာ အဘယ်နည်း။ ၎င်းကိုလည်း သူမနှောင့်ယှက်ခဲ့ပေ။ သူသည် ၎င်းတို့အား ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာခွင့်ပြုကာ၊ ၎င်းတို့အား စကားလည်းမပြော၊ ဉာဏ်အလင်းလည်းမပေးသည့်အပြင်၊ ၎င်းတို့အား မည်သည့်အရာမှ ဖော်ပြခြင်း မရှိပေ။ “သင်မှ မှန်သည်ဟုထင်ပါက၊ ထိုနည်းအတိုင်း ယုံကြည်လော့။” ဘရင်ဂျီတို့သည် မာရိကိုယုံကြည်ကြ၍၊ မာရိအားဖြင့် ဤသတင်းသည် ယေရှုထံသို့ ရောက်သွားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ယုံကြည်မှုပုံစံ ဖြစ်သည်။ ဘုရားသခင်သည် ထိုသူတို့၏ယုံကြည်ခြင်းကို ပြုပြင်ခဲ့ဖူးသလော။ ဘုရားသခင်သည် ၎င်းတို့အား စိတ်ကြိုက်လုပ်ကိုင်ခွင့်ပေး၏။ ၎င်းတို့အား လုံးဝဂရုမပြုဘဲ နေထိုင်စရာနေရာတစ်ခုပေး၏။ မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအပေါ်လည်း သူသည် ဤသို့ပင်လော။ ထိုသူတို့အတွက်လည်း သူသည် ကန့်သတ်ချက်များ သတ်မှတ်ခဲ့ကာ၊ ၎င်းတို့၏သက်ဆိုင်ရာယုံကြည်ခြင်းများတွင် ဝင်ရောက်နှောင့်ယှက်ခြင်း မရှိဘဲ ၎င်းတို့၏ကိုယ်ပိုင်နေထိုင်ရာနေရာများ ရှိခွင့်ပြု၏။ အရာခပ်သိမ်းကို ကောင်းမွန်စွာ စနစ်တကျစီမံထား၏။ ထို့ကြောင့် ဤအရာအားလုံးတွင် သင်တို့မည်သည့်အရာတွေ့သနည်း။ ဘုရားသခင်သည် သြဇာအာဏာပိုင်ဆိုင်သော်လည်း သူသည် သူ၏သြဇာအာဏာကို အလွဲသုံးစားမပြုသည်ကို တွေ့၏။ ဘုရားသခင်သည် အရာခပ်သိမ်းကို စုံလင်စွာ စနစ်တကျစီမံထား၏။ ဘုရားသခင်သည် နည်းစနစ်ကျနကာ ဤသည်တွင် သူ၏ဉာဏ်အမြော်အမြင်နှင့် အနန္တတန်ခိုး ပါရှိ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၈)

ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ဒြပ်

ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ အရာခပ်သိမ်းကို စီမံအုပ်ချုပ်တော်မူသောသူ ဖြစ်၏။ သူသည် ရှိသမျှအားလုံးကို ဖန်ဆင်းခဲ့၏။ ရှိသမျှအားလုံးကို စီမံအုပ်ချုပ်၍ ရှိသမျှအားလုံးကို အုပ်စိုးကာ ရှိသမျှအားလုံးကို ထောက်ပံ့ပေး၏။ ဤသည်မှာ ဘုရားသခင်၏ဂုဏ်ဒြပ်ဖြစ်၍ ဘုရားသခင်၏ ပင်ကိုလက္ခဏာဖြစ်၏။ အရာခပ်သိမ်းနှင့် ရှိသမျှအရာအားလုံးအတွက် ဘုရားသခင်၏ပင်ကိုလက္ခဏာမှာ ဖန်ဆင်းရှင်နှင့် အရာခပ်သိမ်းကို အုပ်ချုပ်သူ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်ပိုင်ဆိုင်သော ကိုယ်ပိုင်လက္ခဏာဖြစ်၍ သူသည် အရာခပ်သိမ်းတို့အကြားတွင် အတုမရှိဖြစ်၏။ လူသားမျိုးနွယ်အကြားဖြစ်စေ၊ ဝိညာဉ်လောကတွင်ဖြစ်စေ၊ ဘုရားသခင်၏ မည်သည့်ဖန်ဆင်းခံသတ္တဝါမျှ ဘုရားသခင်၏ ပင်ကိုယ်လက္ခဏာနှင့် ဂုဏ်ဒြပ်ကို အတုအယောင်ပြုလုပ်ရန် သို့မဟုတ် အစားထိုးရန် မည်သည့်နည်းလမ်း သို့မဟုတ် မည်သည့်အကြောင်းပြချက်မျှ အသုံးမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အကြားတွင် ဤပင်ကိုယ်လက္ခဏာ၊ တန်ခိုး၊ သြဇာအာဏာနှင့် အရာခပ်သိမ်းအပေါ် အုပ်ချုပ်နိုင်စွမ်းကို ပိုင်ဆိုင်သောသူ တစ်ဦးတည်းဖြစ်သော ငါတို့၏ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်သာ ရှိ၍ဖြစ်သည်။ သူသည်အရာခပ်သိမ်းအကြားတွင် နေထိုင်ရွေ့လျားသွားလာသည်။ သူသည် အရာခပ်သိမ်း၏အထက် အမြင့်ဆုံးသောနေရာသို့ တက်ကြွနိုင်၏။ သူသည် လူသားတစ်ဦးဖြစ်လာခြင်း၊ အသွေးအသား ခန္ဓာဖြစ်သောသူတို့အကြား တစ်ဦးဖြစ်လာခြင်း၊ လူတို့နှင့် မျက်နှာချင်းဆိုင်လာ၍ ၎င်းတို့နှင့်အတူ ကောင်းခြင်းဆိုးခြင်းများကို မျှဝေခံစားခြင်းဖြင့် သူ့ကိုယ်သူ နှိမ့်ချနိုင်၏။ တစ်ချိန်တည်းတွင် သူသည် ရှိသမျှအရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်၍ ရှိသမျှအရာခပ်သိမ်း၏ ကံကြမ္မာနှင့် ရွေ့လျားရာကို ဆုံးဖြတ်၏။ ထို့အပြင် သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်၏ ဦးတည်ချက်ကို လမ်းပြ၏။ ဤကဲ့သို့သောဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံး၏ ဝတ်ပြုကိုးကွယ်ခြင်း၊ နာခံခြင်းနှင့် သိခြင်းတို့ ခံရသင့်သည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်၏ မည်သည့်အုပ်စု၊ မည်သည့်အမျိုးအစားတို့နှင့်သက်ဆိုင်သည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်နောက်လိုက်ခြင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ဘုရားသခင်၏ အုပ်ချုပ်မှုကို လက်ခံခြင်းနှင့် သင်၏ကံကြမ္မာအတွက် ဘုရားသခင်၏ အစီအမံများကို လက်ခံခြင်းသည်သာ မည်သူမဆို၊ မည်သည့်သက်ရှိသတ္တဝါအတွက်မဆို တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ကာ လိုအပ်သော ရွေးချယ်စရာဖြစ်၏။ ဘုရားသခင်၏ အတုမရှိမှုတွင် သူ၏သြဇာအာဏာ၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏အနှစ်သာရနှင့် အရာခပ်သိမ်းအတွက် သူထောက်ပံ့ပေးသည့် နည်းလမ်းများ အားလုံးသည် အတုမရှိကြောင်းကို လူတို့တွေ့ကြ၏။ သူ၏အတုမရှိမှုသည် ဘုရားသခင်ကိုယ်တော်တိုင်၏ စစ်မှန်သောပင်ကိုယ်လက္ခဏာကို ဆုံးဖြတ်၍ သူ၏ဂုဏ်ဒြပ်ကို ဆုံးဖြတ်၏။ ထို့ကြောင့် သတ္တဝါတို့အားလုံးအကြားတွင် ဝိညာဉ်လောက သို့မဟုတ် လူသားမျိုးနွယ်အကြား ရှိသော မည်သည့် သက်ရှိသတ္တဝါမဆို ဘုရားသခင်နေရာတွင် အစားဝင်ရောက်လိုပါက ဘုရားသခင်ကို တုပ ရန် ကြိုးစားသကဲ့သို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားပင်ဖြစ်၏။ ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာ၊ တန်ခိုးနှင့် ဂုဏ်ဒြပ်ကိုပိုင်ဆိုင်သည့် ဤကဲ့သို့သော ဖန်ဆင်းရှင်နှင့် အုပ်စိုးသူတစ်ဦးအပေါ် လူသား၏သတ်မှတ်ချက်များကား အဘယ်နည်း။ ဤသည်မှာ လူတိုင်းအတွက် ရှင်းလင်းသင့်ပြီး ၎င်းတို့ မှတ်မိသင့်ကြပြီး၊ ၎င်းသည် ဘုရားသခင်ရော လူသားအတွက်ပါ လွန်စွာ အရေးကြီး၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၉၉)

ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားအမျိုးမျိုး

ဘုရားသခင်အပေါ် လူတို့ပြုမူပုံသည် ၎င်းတို့၏ကံကြမ္မာကို အဆုံးအဖြတ်ပေးကာ ၎င်းတို့အပေါ် ဘုရားသခင်၏ အပြုအမူနှင့် ၎င်းတို့ကို ကိုင်တွယ်ပုံကို ဆုံးဖြတ်၏။ ဤအချိန်တွင် ဘုရားသခင်အပေါ် လူတို့ပြုမူပုံ ဥပမာအချို့ ငါပေးမည်။ ဘုရားသခင်အပေါ် ၎င်းတို့ပြုမူသည့် အပြုအမူများနှင့် သဘောထားများသည် မှန်ကန်ခြင်း ရှိမရှိ တစ်စုံတစ်ရာ နားစွင့်ကြစို့။ အောက်ပါ လူခုနစ်မျိုးတို့၏ အပြုအမူကို စဉ်းစားကြစို့-

၁) ဘုရားသခင်အပေါ် ၎င်း၏သဘောထားက အထူးရယ်ဖွယ်ကောင်းသော လူတစ်မျိုးရှိ၏။ ဘုရားသခင်သည် ဘုရားလောင်းဖြစ်သည်၊ သို့မဟုတ် လူ့အစဉ်အလာစကား၏ သန့်ရှင်းသူတစ်ဦးဖြစ်၍ လူတို့နှင့် ဆုံသည့်အခါ လူတို့မှ သုံးကြိမ်ဦးညွှတ်ကာ၊ ၎င်းတို့စားသောက်ပြီးနောက် အမွှေးတိုင်ထွန်းရန် လိုသည်ဟု ၎င်းတို့ထင်ကြ၏။ ထို့ကြောင့် ၎င်းတို့၏စိတ်နှလုံးများထဲတွင် ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အတွက် ကျေးဇူးတင်ကာ၊ ဘုရားသခင်အား ကျေးဇူးတင်သဖြင့် ၎င်းတို့သည် ဤကဲ့သို့သော စိတ်ဆန္ဒပေါ်ပေါက်လေ့ရှိသည်။ ယနေ့ ၎င်းတို့ယုံကြည်သော ဘုရားသခင်အနေဖြင့် ၎င်းတို့၏ နှလုံးသားများတွင်တောင့်တသော သန့်ရှင်းသူကဲ့သို့ ၎င်းတို့တွေ့ဆုံသည့်အခါ သုံးကြိမ်ဦးညွှတ်၍၊ စားသောက်ပြီးသည့်အခါ သူ့ထံသို့ အမွှေးတိုင်ထွန်းသော အပြုအမူကို လက်ခံနိုင်ရန် ၎င်းတို့ အလွန်မျှော်လင့်ကြ၏။

၂) အချို့သူများသည် ဘုရားသခင်အား သက်ရှိအားလုံးကို ဒုက္ခဝေဒနာမှ ဖယ်ရှားနိုင်ကာ ၎င်းတို့ကို ကယ်တင်သည့် သက်ရှိဗုဒ္ဓကဲ့သို့ မြင်ကြ၏။ ၎င်းတို့သည် ဘုရားသခင်အား ဒုက္ခပင်လယ်မှ ဝေးရာသို့ ခေါ်ဆောင်သွားနိုင်သော သက်ရှိဗုဒ္ဓကဲ့သို့ မြင်ကြ၏။ ဤလူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဘုရားသခင်အား ဗုဒ္ဓကဲ့သို့ ကိုးကွယ်ဝတ်ပြုခြင်းဖြစ်၏။ ၎င်းတို့သည် အမွှေးတိုင် မထွန်း၊ မကန်တော့၊ မပူဇော်သော်လည်း ၎င်းတို့၏နှလုံးသားများထဲတွင် ဘုရားသခင်သည် ထိုကဲ့သို့သော ဗုဒ္ဓသာဖြစ်၍ ၎င်းတို့အား ကြင်နာကာ ညှာတာရန်၊ သက်ရှိသတ္တဝါကို လုံးဝမသတ်ရန်၊ သူတပါးအား ဆဲရေးတိုင်းထွာခြင်း မပြုရန်၊ ရိုးသားဖြောင့်မတ်ပုံရသည့် ဘဝတွင် နေထိုင်၍ မကောင်းမှုမပြုရန်၊ ဤအရာများသာ တောင်းဆို၏။ ဤသည်မှာ ၎င်းတို့၏နှလုံးသားများရှိ ဘုရားသခင်ဖြစ်၏။

၃) အချို့သူများသည် ဘုရားသခင်အား ကြီးမြတ်သောသူ သို့မဟုတ် ကျော်ကြားသူတစ်ဦးအဖြစ် ဝတ်ပြုကိုးကွယ်ကြ၏။ ဥပမာ ဤကြီးမြတ်သောသူသည် မည်သည့်နည်းဖြင့် ပြောဆိုသည်ကို နှစ်သက်သည်၊ မည်သည့်အသံအတက်အကျဖြင့် ပြောသည်၊ မည်သည့်စကားလုံးများနှင့် ဝေါဟာရကို အသုံးပြုသည်၊ ၎င်း၏ အသံနေအသံထား၊ လက်ဟန်များ၊ အယူအဆများနှင့် အပြုအမူများ၊ ဟန်အမူအရာ၊ ၎င်းတို့အားလုံးကို ထိုသူတို့ အတုခိုးကာ၊ ဤအရာများသည် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခြင်းလမ်းကြောင်းတွင် အပြည့်အဝ ပေါက်ဖွားလာစေရမည့်အရာများဖြစ်သည်။

၄) အချို့သူများသည် ဘုရားသခင်အား ဧကရာဇ်တစ်ပါးဟုမြင်ကာ၊ သူသည် အရာခပ်သိမ်း၏ အထက်တွင် ရှိသည်ဟု ခံစားရလျက် မည်သူမျှသူ့အား ပုန်ကန်ပြစ်မှားဝံ့ခြင်းမရှိ၊ ပြစ်မှားပါက အပြစ်ပေးခံရမည်ဟု ခံစားရ၏။ ၎င်းတို့သည် ဤကဲ့သို့သော ဧကရာဇ်ကို ဝတ်ပြုကိုးကွယ်ခြင်းမှာ ဧကရာဇ်များသည် ၎င်းတို့၏နှလုံးသားများတွင် သေချာနေရာတစ်ခုယူထား၍ဖြစ်သည်။ ဧကရာဇ်တို့၏ အတွေးများ၊ အပြုအမူ၊ သြဇာအာဏာနှင့် သဘောသဘာဝများ၊ ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ကိုယ်ရေးကိုယ်တာဘဝသည်ပင် လူတို့နားလည်ရမည့်အရာများအားလုံး ဖြစ်သွားကာ၊ ၎င်းတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် ကိစ္စများဖြစ်သွားသဖြင့် ၎င်းတို့သည် ဘုရားသခင်အား ဧကရာဇ် တစ်ပါးကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ဤကဲ့သို့သော ယုံကြည်ခြင်းပုံစံသည် ရယ်ဖွယ်ရာဖြစ်၏။

၅) အချို့သောသူများသည် ဘုရားသခင်တည်ရှိခြင်းအပေါ် လေးနက်၍မဆုတ်မနစ်သော အထူးယုံကြည်ခြင်းတစ်ရပ် ရှိ၏။ ၎င်းတို့ဘုရားသခင်ကိုသိခြင်းသည် အပေါ်ယံဆန်လွန်း၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အတွေ့အကြုံ များစွာမရှိသဖြင့် ၎င်းတို့သည် ဘုရားသခင်အား ရုပ်ထုတစ်ခုကဲ့သို့ ဝတ်ပြုကိုးကွယ်ကြ၏။ ဤရုပ်တုသည် ၎င်းတို့၏နှလုံးသားများတွင်ရှိသော ဘုရားသခင်ဖြစ်၏။ ၎င်းသည် ထိုသူတို့ ကြောက်ရွံ့၍ ဦးညွှတ်ရမည့် အရာတစ်ခုဖြစ်ကာ၊ ၎င်းတို့လိုက်နာ၍ အတုခိုးရမည့် အရာတစ်ခုဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့၏ ဘဝတစ်လျှောက်လုံး လိုက်နာရမည့် ရုပ်တုတစ်ခုကဲ့သို့မြင်၏။ ၎င်းတို့သည် ဘုရားသခင်ပြောဆိုသော အသံနေအသံထားကို အတုခိုးကာ၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်နှစ်သက်သောသူများကို အတုခိုးကြ၏။ ၎င်းတို့သည် ရိုးစင်းပြီး၊ ဖြူစင် ဖြောင့်မတ်ပုံရသည့် အရာများကို လုပ်ကိုင်လေ့ရှိကာ ဤရုပ်တုနောက်ကို ၎င်းတို့မည်သည့်အခါမျှ မခွဲခွာနိုင်သည့် ကြင်ဖော်ကြင်ဖက် သို့မဟုတ် လက်တွဲဖော်ကဲ့သို့ပင် လိုက်ကြ၏။ ၎င်းတို့၏ယုံကြည်ခြင်းပုံစံမှာ ယင်းကဲ့သို့ဖြစ်၏။

၆) ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ပြီး၍ တရားဟောချက် များစွာကြားပြီးသော်လည်း ၎င်းတို့၏နှလုံးသားများတွင် ဘုရားသခင်အပေါ်၎င်းတို့၏အပြုအမူအတွက် တစ်ခုတည်းသော အခြေခံသဘောတရားမှာ ၎င်းတို့သည် အစဉ်ပင် မျက်နှာလိုမျက်နှာရ လုပ်နေရမည်၊ သို့မဟုတ် ဖော်လံဖားရမည်၊ သို့မဟုတ်ပါက ဘုရားသခင်အား ချီးမွမ်း၍ လက်တွေ့မကျသော နည်းလမ်းတစ်ရပ်ဖြင့် သူ့အားချီးကျူးရမည်ဟု ခံစားရသောသူ အချို့ရှိ၏။ ဘုရားသခင်သည် ၎င်းတို့အား ဤကဲ့သို့ပြုမူရမည်ဟု တောင်းဆိုသော ဘုရားသခင်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြကာ ထိုကဲ့သို့မပြုပါက ၎င်းတို့သည် သူ၏ဒေါသကို အချိန်မရွေး နှိုးဆွနိုင်သည်၊ သို့မဟုတ် သူ့အား ပြစ်မှားနိုင်ကာ၊ အပြစ်ပြုလုပ်ခြင်း၏ ရလဒ်အနေဖြင့် ဘုရားသခင်သည် ၎င်းတို့အား အပြစ်ပေးမည်ဟု ယုံကြည်ကြ၏။ ဤသည်မှာ ၎င်းတို့၏နှလုံးသားများတွင် ရှိသည့် ဘုရားသခင်ဖြစ်၏။

၇) ထို့နောက် ဘုရားသခင်၌ ဝိညာဉ်ရေးအာဟာရ ရှာဖွေတွေ့ရှိသော လူအများစုရှိ၏။ ထိုသူတို့သည် ဤလောကတွင်နေသဖြင့် ငြိမ်သက်ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း မရှိဘဲ မည်သည့်နေရာတွင်မျှ သက်သာမှု ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို ရှာဖွေတွေ့ရှိပြီးနောက်၊ သူ၏နှုတ်ကပတ်တော်များကို မြင်ကာကြားပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် ၎င်းတို့သည် တိတ်တဆိတ် ဝမ်းမြောက်ကြလျက် ဘဝင်ခိုက်နေကြသည်။ ဤသို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် အဆုံး၌ ၎င်းတို့အား ပျော်ရွှင်မှုပေးမည့် တစ်နေရာတွေ့ခဲ့ပြီ၊ အဆုံး၌ ၎င်းတို့အား ဝိညာဉ်ရေး အာဟာရ ထောက်ပံ့ပေးမည့် ဘုရားသခင်ကို တွေ့ခဲ့ပြီဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်အား လက်ခံကာ သူ့နောက် စတင်လိုက်ပြီးနောက်တွင် ၎င်းတို့သည် ပျော်ရွှင်လာကာ ၎င်းတို့၏ဘဝများကို ကျေနပ်ကြလျက်၊ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ ဘဝကို အိပ်ပျော်နေစဉ် ယောင်ယမ်းလမ်းလျှောက်ကာ ဖြတ်သန်းကြသော မယုံကြည်သူများကဲ့သို့ မဖြစ်တော့ဘဲ ဘဝတွင် မျှော်လင့်စရာ တစ်စုံတစ်ရာရှိသည်ဟု ၎င်းတို့ခံစားကြရ၏။ ထို့ကြောင့် ဤဘုရားသခင်က ၎င်းတို့၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကာ စိတ်ရောဝိညာဉ်ပါ ကြီးမားသည့် ပျော်ရွှင်မှုပေးနိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မသိဘဲနှင့် ၎င်းတို့သည် ၎င်းတို့ကို ဝိညာဉ်ရေးအာဟာရပေးသည့်၊ ၎င်းတို့၏ဝိညာဉ်နှင့် မိသားတစ်စုလုံးကို ပျော်ရွှင်မှုပေးသည့် ဤဘုရားသခင်ကို မထားရစ်နိုင်ဖြစ်သွားကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အား ဝိညာဉ်ရေး အာဟာရယူလာပေးရုံမှလွဲ၍ မည်သည့်အရာမျှ သာ၍လုပ်ရန်မလိုဟု ၎င်းတို့ယုံကြည်သည်။

အထက်ဖော်ပြပါ လူအမျိုးအစားအမျိုးမျိုးတို့၏ ဘုရားသခင်အပေါ်ထားရှိသော သဘောထားများသည် သင်တို့အကြားတွင် တည်ရှိသလော။ (ရှိပါ၏။) ဘုရားသခင်ကို ယုံကြည်ခြင်း၌ တစ်စုံတစ်ဦး၏နှလုံးသားတွင် ဤသဘောထားတစ်ခုခုပါရှိပါက ထိုသူသည် ဘုရားသခင်ရှေ့မှောက် စစ်မှန်စွာ လာရောက်နိုင်မည်လော။ တစ်စုံတစ်ဦး၏နှလုံးသား၌ ဤသဘောထားတစ်ခုခုပါရှိပါက ထိုသူသည် ဘုရားသခင်ကို ယုံကြည်သလော။ ထိုသူသည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ကို ယုံကြည်သလော။ (မယုံကြည်ပါ။) သင်သည် အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်ကို မယုံကြည်သည့်အတွက် မည်သူ့ကို ယုံကြည်သနည်း။ သင်ယုံကြည်သည်မှာ အတုမရှိသော ဘုရားသခင်ကိုယ်တော်တိုင်မဟုတ်လျှင် သင်သည် ရုပ်တုတစ်ခု သို့မဟုတ် ကြီးမြတ်သော လူတစ်ဦး သို့မဟုတ် ဘုရားလောင်းကို ယုံကြည်သည်၊ သင်၏နှလုံးသားတွင် သင်သည် ဗုဒ္ဓကိုယုံကြည်သည်မှာ ဖြစ်နိုင်၏။ ထို့အပြင် သင်သည် သာမန်လူတစ်ဦးကို ယုံကြည်သည်မှာ ဖြစ်နိုင်၏။ အချုပ်အားဖြင့် ဘုရားသခင်အပေါ် လူတို့၏ယုံကြည်ခြင်းပုံစံအမျိုးမျိုးနှင့် သဘောထားများကြောင့် လူတို့သည် ၎င်းတို့ကိုယ်တိုင်ထင်ရှားစွာသိမြင်သည့် ဘုရားသခင်ကို ၎င်းတို့၏နှလုံးသားများတွင် ထားကြ၏။ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ဘုရားသခင်အပေါ်သတ်မှတ်ကြ၏။ ၎င်းတို့၏သဘောထားများနှင့် စိတ်ကူးစိတ်သန်းများကို အတုမရှိသောဘုရားသခင်ကိုယ်တော်တိုင်နှင့် ဘေးချင်းယှဉ်လျက် ထားကြကာ ထို့နောက်တွင် ၎င်းတို့ကို ဆက်ကပ်အပ်နှံခြင်းခံရရန် ဆွဲကိုင်ထားကြ၏။ လူတို့သည် ဘုရားသခင်အပေါ် ဤကဲ့သို့သော မသင့်တော်သည့် သဘောထားများရှိသောအခါ မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ၎င်းတို့သည် စစ်မှန်သော ဘုရားသခင်ကိုယ်တော်တိုင်ကို ငြင်းပယ်၍ ဘုရားသခင်အတုကို ဝတ်ပြုကိုးကွယ်ကြသည်ဟု အဓိပ္ပာယ် ရပြီး၊ ဘုရားသခင်ကို ယုံကြည်နေသည့်တစ်ချိန်တည်းမှာပင် ထိုသူတို့သည် ဘုရားသခင်ကို ငြင်းပယ်ကာ သူ့ကိုဆန့်ကျင်၍ စစ်မှန်သောဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်သည်ဟု အဓိပ္ပာယ်ရ၏။ လူတို့သည် ဤကဲ့သို့သောယုံကြည်ခြင်းပုံစံများကို ဆက်၍စွဲကိုင်နေကြပါက ၎င်းတို့အတွက် မည်သည့်အကျိုးဆက် ရှိမည်နည်း။ ဤကဲ့သို့သော ယုံကြည်မှုပုံစံများဖြင့် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန် တစ်ကြိမ်တစ်ခါမျှ ပိုမို နီးစပ်ခြင်း ရှိနိုင်မည်လော။ (၎င်းတို့နီးစပ်ခြင်း မရှိနိုင်ပါ။) ဆန့်ကျင်ဘက်အနေဖြင့်၊ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကြောင့် ဘုရားသခင်၏လမ်းမှ သာ၍ဝေးသွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ရှာဖွေသည့်ဦးတည်ချက်သည် ဘုရားသခင်မှ ၎င်းတို့အပေါ် သတ်မှတ်ထားသည့် ဦးတည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သည်။ “နှစ်ဘီးတပ် စစ်ရထားကို မြောက်ဘက်သို့မောင်းခြင်းအားဖြင့် တောင်ဘက်သို့သွားခြင်း” ဟူသည့်ဇာတ်လမ်းကို သင်တို့ ကြားဖူးသလော။ ဤအရာသည် နှစ်ဘီးတပ် စစ်ရထားကို မြောက်ဘက်သို့မောင်းခြင်းအားဖြင့် တောင်ဘက်သို့သွားခြင်းကိစ္စတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည်။ လူတို့သည် ဘုရားသခင်ကို ဤကဲ့သို့ အဓိပ္ပါယ်မရှိသော နည်းလမ်းဖြင့် ယုံကြည်ပါက သင်သည် ပို၍ ကြိုးစားလေလေ၊ ဘုရားသခင်ထံမှ သာ၍ဝေးကွာလေလေဖြစ်၏။ ထို့ကြောင့် ငါသည် သင်တို့အား ဤသို့ဆုံးမ၏- သင်တို့စတင်ဆောင်ရွက်ခြင်း မပြုမီ သင်သည် မှန်ကန်သည့်လားရာဘက်သို့ သွား မသွားဆိုသည်ကို ဦးစွာသိမြင်ရမည်။ သင်၏အားထုတ်မှုများတွင် ပစ်မှတ်ထားဆောင်ရွက်ကာ သင်တို့ကိုယ်သင်တို့ “ငါယုံကြည်သည့်ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်ချုပ်သူလော။ ငါယုံကြည်သည့်ဤဘုရားသခင်သည် ငါ့အား ဝိညာဉ်ရေးအာဟာရပေးသည့် တစ်စုံတစ်ဦးသာလော။ သူသည် ငါ၏ ရုပ်တုလော။ ငါယုံကြည်သည့် ဤဘုရားသခင်သည် ငါ့အား အဘယ်အရာတောင်းဆိုသနည်း။ ဘုရားသခင်သည် ငါပြုသမျှအမှုကို ထောက်ခံသလော။ ငါပြုသမျှနှင့် ငါလိုက်စားသမျှသည် ဘုရားသခင်ကိုသိခြင်းအတွက် လိုက်စားခြင်းလော။ ၎င်းသည် ငါ့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ ငါလိုက်လျှောက်သည့်လမ်းကြောင်းသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ထောက်ခံခြင်းကို ခံရသလော။ ဘုရားသခင်သည် ငါ၏ယုံကြည်ခြင်းအပေါ် ကျေနပ်သလော။” ဟု မေးဖြစ်အောင်မေးလော့။ သင်သည် သင့်ကိုယ်သင် ဤမေးခွန်းများကို မကြာခဏနှင့် ထပ်တလဲလဲ မေးသင့်သည်။ သင်သည် ဘုရားသခင်ကို သိခြင်းနောက် လိုက်လိုသည့်ဆန္ဒရှိပါက သင်သည် ဘုရားသခင်ကို ကျေနပ်စေခြင်းမပြုနိုင်မီ ရှင်းလင်းသည့် အသိနှင့် ရှင်းလင်းသည့် ရည်ရွယ်ချက်များ ရှိရမည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၂၀၀)

သူ့အပေါ် လူသားမျိုးနွယ်ထားရှိသင့်သည်ဟု ဘုရားသခင် သတ်မှတ်ထားသောသဘောထား

အကယ်စင်စစ် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် လွန်စွာတောင်းဆိုမှု မပြုပေ။ သို့မဟုတ် အနည်းဆုံးအနေဖြင့် သူသည် လူတို့စိတ်ကူးသလောက် မညှာမတာခိုင်းခြင်းမပြုပေ။ အကယ်၍ ဘုရားသခင်သည် မည်သည့်နှုတ်ကပတ်တော်ကိုမျှ မမိန့်မြွက်ခဲ့ပါက၊ သူ၏စိတ်နေသဘောထား၊ သို့မဟုတ် မည်သည့်လုပ်ဆောင်ချက်ကိုမျှ မဖော်ပြခဲ့ပါက၊ ဘုရားသခင်ကိုသိခြင်းသည် သင်တို့အတွက် လွန်စွာ ခက်ခဲပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် သူ၏အလိုတော်ကို လူတို့သည် ကောက်ချက်ချရမည်ဖြစ်၍၊ ဤသည်မှာ ၎င်းတို့အတွက် လွန်စွာခက်ခဲ၏။ သို့သော် သူ၏အမှု နောက်ဆုံးအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့၊ များစွာသောပမာဏရှိသည့် အလုပ်ကို လုပ်ဆောင်ခဲ့ကာ လူတို့အပေါ် သတ်မှတ်ချက်များစွာ ပြုလုပ်ခဲ့၏။ သူ၏နှုတ်ကပတ်တော်များနှင့် များစွာသောပမာဏရှိသည့် သူ၏အမှုတို့တွင် သူသည် လူတို့အား သူကြိုက်နှစ်သက်သည့်အရာ၊ သူစက်ဆုပ်သည့်အရာနှင့် မည်သို့သော လူများ ၎င်းတို့ဖြစ်သင့်သည်ကို သူအသိပေးခဲ့သည်။ ဤအရာများကို နားလည်ပြီးနောက် ၎င်းတို့၏နှလုံးသားများတွင် လူတို့သည် ဘုရားသခင်၏သတ်မှတ်ချက်များနှင့်ဆိုင်သော တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ် ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မရေရာမှုနှင့် စိတ်ကူးသက်သက်ဖြစ်ခြင်းအလယ်၌ ဘုရားသခင်ကို မယုံကြည်ကြသည့်အပြင် မရေရာသောဘုရားသခင်ကို မယုံကြည်ကြတော့ပေ။ သို့မဟုတ် မရေရာခြင်းနှင့် စိတ်ကူးသက်သက်သာဖြစ်ခြင်းနှင့် ဘာမျှမရှိခြင်းအကြားတွင် ဘုရားသခင်နောက် မလိုက်တော့ပေ။ ယင်းအစား လူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို ကြားနိုင်၍ ၎င်းတို့သည် သူ၏သတ်မှတ်ချက်များ၏စံနှုန်းများကို နားလည်နိုင်ကာ ၎င်းတို့ကို ရရှိနိုင်ကြ၏။ ထို့အပြင် ဘုရားသခင်သည် လူသားတို့အား ၎င်းတို့သိသင့်၍ နားလည်သင့်သည့်အရာအားလုံးကို ပြောပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြု၏။ ယနေ့ လူတို့သည် ၎င်းတို့အပေါ် ဘုရားသခင်၏သတ်မှတ်ချက်များ၊ ဘုရားသခင်သည် မည်သည်ဖြစ်ကြောင်း၊ ဘုရားသခင်ကို ၎င်းတို့အဘယ်ကြောင့်ယုံကြည်ရခြင်းနှင့် ဘုရားသခင်ကို ၎င်းတို့မည်သို့ယုံကြည်သင့်သည်၊ သူ့အပေါ် မည်သို့ပြုမူသင့်သည်ကို မသိဆဲရှိနေပါက ဤအရာ၌ ပြဿနာတစ်ရပ်ရှိနေ၏။...လူသားမျိုးနွယ်နှင့် သူ့နောက်လိုက်သော သူများအပေါ် ဘုရား၏ မှန်ကန်သော သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်၏- ဘုရားသခင်သည် သူ့နောက်သို့လိုက်သောသူများထံမှ စစ်မှန်သောယုံကြည်ခြင်း၊ သစ္စာရှိသောနောက်လိုက်ခြင်း၊ အကြွင်းမဲ့နာခံခြင်း၊ စစ်မှန်စွာသိခြင်းနှင့် အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းစသည့် အရာငါးခုကို တောင်းဆိုထား၏။

ဤအရာငါးခုတွင် လူတို့သည် ဘုရားသခင်အား မေးခွန်းမထုတ်တော့ရန်နှင့် ၎င်းတို့၏စိတ်ကူးစိတ်သန်းများ သို့မဟုတ် မရေရာဘဲ စိတ်ကူးသက်သက် သဘောထားများကို အသုံးပြု၍ သူ့နောက်မလိုက်ရန် တောင်းဆိုထား၏၊ ၎င်းတို့သည် ဘုရားသခင်နောက်သို့ စိတ်ကူးစိတ်သန်းများ သို့မဟုတ် အယူအဆများဖြင့် မလိုက်ရ။ သူ၏နောက်သို့လိုက်သောသူတိုင်းသည် သစ္စာရှိစွာလိုက်၍၊ စိတ်မပါ့တပါ သို့မဟုတ် သန္နိဋ္ဌာန်မရှိဘဲ မလိုက်ရန် သတ်မှတ်ထား၏။ ဘုရားသခင်သည် သင့်အပေါ် သတ်မှတ်ချက်များ ပြုလုပ်သည့်အခါ၊ သို့မဟုတ် သင့်ကိုစမ်းသပ်သည့်အခါ၊ တရားစီရင်သည့်အခါ၊ သင့်ကို ရိုက်နှက်ဆုံးမပြီး ပြုပြင်သည့်အခါ၊ သို့မဟုတ် ဆုံးမပဲ့ပြင်၍ ရိုက်နှက်သည့်အခါ သင်သည် သူ့ကို လုံးဝနာခံရမည်။ အကြောင်းတရားကို မမေးသင့်၊ သို့မဟုတ် သတ်မှတ်ချက်များ မပြုလုပ်ရဘဲ အကြောင်းပြချက်ကို သာ၍မပြောသင့်ပေ။ သင်၏နာခံမှုသည် လုံးဝဥဿုံ နာခံမှုဖြစ်ရမည်။ ဘုရားသခင်ကိုသိခြင်းသည် လူတို့ အချို့တဲ့နေဆုံး နေရာဖြစ်၏။ ၎င်းတို့သည် ဘုရားသခင်နှင့်သက်ဆိုင်ခြင်းမရှိသော ဆိုရိုးများ၊ မိန့်မြွက်ချက်များနှင့် စကားများကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်။ ဤစကားများသည် ဘုရားသခင်ကိုသိခြင်းအတွက် အတိကျဆုံးသော အဓိပ္ပာယ် သတ်မှတ်ချက်များဖြစ်သည်ဟု ယုံကြည်လျက် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်။ လူတို့၏စိတ်ကူးစိတ်သန်း၊ ၎င်းတို့ကိုယ်တိုင်၏ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ကိုယ်ပိုင် အသိဉာဏ်တို့မှလာသော ဤဆိုရိုးများသည် ဘုရားသခင်၏အနှစ်သာရနှင့် စိုးစဉ်းမျှ ဆက်စပ်မှုမရှိသည်ကို ၎င်းတို့ သိပ်မသိပေ။ ထို့ကြောင့် ဘုရားသခင်မှ နှစ်သက်သည့်သူများရှိ အသိဉာဏ်တွင် ဘုရားသခင်သည် သင့်ကို ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်တို့ကို သိရုံသာ တောင်းဆိုသည်မဟုတ်ဘဲ ဘုရားသခင်ကို သင်၏သိခြင်းသည် မှန်ကန်ရန်လည်း တောင်းဆိုကြောင်းကို ငါသည် သင်တို့အား ပြောပြလို၏။ သင်သည် ဝါကျတစ်ကြောင်းသာ ပြောနိုင်သည်ဖြစ်သော်လည်း၊ သို့မဟုတ် အနည်းငယ်သာ သိသော်လည်း၊ ဤအနည်းငယ်သည် မှန်ကန်၍ စစ်မှန်ကာ ဘုရားသခင်ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် သဟဇာတဖြစ်၏။ ဘုရားသခင်သည် သူ့အပေါ် လူတို့၏ လက်တွေ့မကျဘဲ ပေါ့ပေါ့တန်တန် ချီးမွမ်းခြင်းနှင့် ချီးကျူးခြင်းတို့ကို စက်ဆုပ်ရွံရှာသောကြောင့်ဖြစ်သည်။ ထိုထက်ပို၍ လူတို့သူ့အား လေကဲ့သို့သဘောထားသောအခါ သူမုန်းတီး၏၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ဆွေးနွေးစဉ် လူတို့သည် ပေါ့တန်စွာပြောဆိုခြင်း၊ ဆန္ဒရှိသည်အတိုင်း တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုခြင်း၊ ၎င်းတို့၏စိတ်ထဲတွင် သင့်တော်သည်ဟုထင်တိုင်း ပြောဆိုခြင်းတို့ကို သူမုန်းတီး၏၊ ထို့အပြင် ဘုရားသခင်ကို သူတို့သိသည်ဟု ယုံကြည်သောသူများ၊ ဘုရားသခင်အကြောင်း အကြောင်းအရာများကို ကန့်သတ်ချုပ်ချယ်မှု သို့မဟုတ် သံသယမရှိဘဲ ဆွေးနွေးကြသည့် ဘုရားသခင်ကို သိခြင်းအပေါ် ဝါကြွားသူများကို မုန်းတီး၏။ ၎င်းသတ်မှတ်ချက်ငါးခုအနက် နောက်ဆုံးမှာ အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်သူတို့အားလုံးအပေါ် သူ၏အဆုံးစွန်သော သတ်မှတ်ချက်ဖြစ်၏။ တစ်စုံတစ်ဦး၏ ဘုရားသခင်ကိုသိခြင်းသည် မှန်ကန်၍စစ်မှန်သည့်အခါ ထိုသူတို့သည် ဘုရားသခင်အား စစ်မှန်စွာ ရိုသေလေးမြတ်၍ မကောင်းမှုကို စစ်မှန်စွာရှောင်ရှားနိုင်၏။ ဤရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသား၏ နက်ရှိုင်းသောနေရာမှလာ၍ လိုလိုလားလားရှိပြီး ဤသည်မှာ ဘုရားသခင်မှ ၎င်းတို့အပေါ် ဖိအားပေး၍ မဟုတ်ပေ။ ဘုရားသခင်သည် သူ့အပေါ် ကောင်းမွန်သည့်သဘောထား သို့မဟုတ် အမူအကျင့် သို့မဟုတ် ပြင်ပအပြုအမူ လက်ဆောင်ပေးရန် သင့်အား မတောင်းဆိုပေ။ ယင်းအစား သင်သည် သူ့အားရိုသေလေးမြတ်ရန်နှင့် သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာမှ သူ့ကို ကြောက်ရွံ့ရန် သူတောင်းဆို၏။ ဤရိုသေလေးမြတ်မှုသည် သင့်ဘဝ အနေအထားပြောင်းလဲမှုများ၏ ရလဒ်အနေဖြင့် ရရှိခြင်းဖြစ်သည်။ ဤသည်မှာ သင်သည် ဘုရားသခင်ကိုသိခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏လုပ်ဆောင်ချက်များကို နားလည်ခြင်းကြောင့်၊ သင်သည် ဘုရားသခင်၏အနှစ်သာရကို နားလည်ခြင်းကြောင့်နှင့် သင်သည် ဘုရားသခင်ဖန်ဆင်းထားသော သတ္တဝါတစ်ခုဖြစ်ကြောင်း အမှန်တရားကို အသိအမှတ်ပြုခဲ့ခြင်းတို့ကြောင့် ဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် ရိုသေလေးမြတ်မှုကို အဓိပ္ပာယ်သတ်မှတ်ရန် “အူလှိုက်သည်းလှိုက်” ဟူသောစကားလုံးကို အသုံးပြုရခြင်းအတွက် ငါ၏ရည်မှန်းချက်မှာ ဘုရားသခင်အတွက် လူတို့၏ရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသားများ၏ အရင်းခံနေရာမှ လာသင့်သည်ကို လူသားမျိုးနွယ်မှ နားလည်စေရန်ဖြစ်သည်။

ယခု ၎င်းသတ်မှတ်ချက်ငါးခုကို စဉ်းစားလော့။ သင်တို့အကြားတွင် ပထမသုံးခုကို ရယူနိုင်သူ တစ်စုံတစ်ဦး ရှိသလော။ စစ်မှန်သောယုံကြည်ခြင်း၊ သစ္စာရှိသော နောက်လိုက်ခြင်းနှင့် လုံးဝဥဿုံနာခံခြင်းတို့ကို ငါဆိုလိုခြင်းဖြစ်သည်။ သင်တို့အကြားတွင် ဤအရာများကို လုပ်နိုင်စွမ်းရှိသူ တစ်စုံတစ်ဦးရှိသလော။ ငါသည် ငါးခုစလုံးဟုပြောခဲ့ပါက သင်တို့အနက် တစ်စုံတစ်ဦးမျှ ပြုလုပ်နိုင်စွမ်းရှိမည်မဟုတ်သည်မှာ မလွဲမသွေဖြစ်မည်ကို ငါသိ၏။ သို့သော် ငါသည် သုံးခုသို့ လျှော့ချခဲ့သည်။ သင်တို့သည် ၎င်းအရာတို့ကို စွမ်းဆောင်ခဲ့ ခြင်း ရှိမရှိကို စဉ်းစားလော့။ “စစ်မှန်သောယုံကြည်ခြင်း” သည် ရယူရန်လွယ်ကူသလော။ (မလွယ်ကူပါ။) မလွယ်ကူပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်အား မကြာခဏ မေးခွန်းထုတ်၍ ဖြစ်သည်။ “သစ္စာရှိသော နောက်လိုက်ခြင်း” ရော။ ဤ “သစ္စာရှိသော” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ (စိတ်မပါ့တပါ မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။) စိတ်မပါ့တပါ မဟုတ်ဘဲ စိတ်ပါလက်ပါဖြစ်ခြင်းဖြစ်သည်။ သင်ပြောလိုက်သည်မှာ ကွက်တိပင်ဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် ဤသတ်မှတ်ချက်ကို စွမ်းဆောင်နိုင်စွမ်း ရှိသလော။ သင်သည် သာ၍ကြိုးစားရမည် မဟုတ်လော။ လက်ရှိအချိန်တွင် ဤသတ်မှတ်ချက်ကို သင်မစွမ်းဆောင်သေးပေ။ “လုံးဝဥဿုံ နာခံခြင်း” ရော။ စွမ်းဆောင်ပြီးပြီလော။ (မစွမ်းဆောင်သေးပါ။) ၎င်းကိုလည်းသင်စွမ်းဆောင်ခြင်း မရှိသေးပေ။ သင်သည် မကြာခဏ နာခံမှုမရှိဘဲ ပုန်ကန်၏။ သင်သည် မကြာခဏ နားမထောင်၊ သို့မဟုတ် လိုက်နာလိုသည့်ဆန္ဒမရှိ၊ သို့မဟုတ် မကြားလိုပေ။ ဤသည်တို့သည် အသက်တာအတွင်း ဝင်ရောက်ခြင်း နောက်သို့လိုက်နေသောလူများ အထမြောက်ကြသည့် အခြေခံကျဆုံးသော သတ်မှတ်ချက် သုံးရပ်ဖြစ်ကာ၊ သင်တို့၌ ၎င်းတို့ကို စွမ်းဆောင်ခြင်း မရှိသေးပေ။ ထို့ကြောင့် ယခုအချိန်တွင် သင်တို့၌ ကြီးမားသော အလားအလာရှိသလော။ ယနေ့ ဤနှုတ်ကပတ်တော်တို့ကို ငါပြောကြားသည်ကို ကြားပြီးနောက် သင်တို့ လိုလားတောင့်တကြသလော။ (ဟုတ်ကဲ့။) သင်တို့လိုလားတောင့်တသင့်ပေသည်။ မလိုလားမတောင့်တဘဲ မရှိလေနှင့်။ သင်တို့ကိုယ်စား ငါလိုလားတောင့်တမိသည်။ အခြားသတ်မှတ်ချက်နှစ်ခုကို ငါဆွေးနွေးမည်မဟုတ်ပေ။ ၎င်းတို့ကို မည်သို့မျှ အထမြောက်နိုင်စွမ်း မရှိသည်မှာ သေချာ၏။ သင်တို့သည် လိုလားတောင့်တနေကြ၏။ ထို့ကြောင့် သင်တို့သည် သင်တို့၏ရည်မှန်းချက်များကို ဆုံးဖြတ်ပြီးပြီလော။ ၎င်းဦးတည်ချက်အတွက် မည်သည့်ရည်မှန်းချက်များနောက် သင်လိုက်၍ သင်၏အားထုတ်မှုများကို မြှုပ်နှံသင့်သနည်း။ သင့်တွင် ရည်မှန်းချက်တစ်ရပ် ရှိသလော။ ငါ ရှင်းရှင်းပြောမည်- သင်တို့ ဤသတ်မှတ်ချက်ငါးခုကို အထမြောက်သည့်အခါ သင်တို့သည် ဘုရားသခင်အား ကျေနပ်စေပြီးဖြစ်လိမ့်မည်။ ၎င်းတို့တစ်ခုစီသည် အညွှန်းတစ်ခုဖြစ်၏။ ၎င်းသည် လူတို့၏ အသက်တာအတွင်းဝင်ရောက်မှု ရင့်ကျက်ပြီဖြစ်ကြောင်းနှင့် ဤအရာ၏ နောက်ဆုံးရည်မှန်းချက်၏ အညွှန်းတစ်ခုဖြစ်သည်။ ငါသည် အသေးစိတ်ပြောကြားရန်နှင့် သင်တို့အပေါ်သတ်မှတ်ရန် ဤသတ်မှတ်ချက်များမှ တစ်ခုကိုသာရွေးချယ်လျှင်ပင် စွမ်းဆောင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို ခံစားကာ အားထုတ်မှုအတိုင်းအတာတစ်ရပ် ထည့်ဝင်ရမည်ဖြစ်သည်။ ထို့အပြင် မည်သို့သော စိတ်ဓာတ်မျိုး သင်တို့၌ ရှိသင့်သနည်း။ ခွဲစိတ်သည့်စားပွဲပေါ်သို့တက်ရန် စောင့်နေသည့် ကင်ဆာဝေဒနာရှင်တစ်ဦးနှင့် အလားတူပင် ဖြစ်သင့်သည်။ ငါ အဘယ်ကြောင့် ဤသို့ပြောသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်လိုသောဆန္ဒ ရှိ၍ ဘုရားသခင်ကို ရရှိကာ သူ၏ကျေနပ်မှုကို ရရှိလိုသောဆန္ဒရှိပါက သင်သည် အတိုင်းအတာတစ်ရပ်အထိ အခက်အခဲကို မခံစား၊ သို့မဟုတ် အားထုတ်မှုအတိုင်းအတာတစ်ရပ်ကို ထည့်ဝင်ခြင်း မရှိလျှင် သင်သည် ဤအရာများကို စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် တရားဟောချက်များစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ကြားဖူးခဲ့ခြင်းကြောင့် ထိုတရားဟောချက်သည် သင်၏တရားဟောချက် ဖြစ်သွားသည်ဟု မဆိုလိုပေ၊ သင်သည် ၎င်းကို မှတ်သားကာ သင်နှင့်သက်ဆိုင်သော အရာတစ်ခုအဖြစ် ပြောင်းလဲရမည်၊ ဤနှုတ်ကပတ်တော်များနှင့် တရားဟောချက်တို့ကို သင့်နေထိုင်ပုံအတွက် လမ်းပြခွင့်ပြု၍ လူ့ဘဝနှင့်ဆိုင်သော တန်ဖိုးနှင့် အဓိပ္ပာယ်တို့ကို သင်၏ဘဝအတွင်း ယူလာ၍ သင့်ဘဝအတွင်း တစ်သားတည်း ဖြစ်စေရမည်ဖြစ်ကာ၊ သင်၏တည်ရှိမှုအတွင်း ယူဆောင်လာရမည် ဖြစ်သည်။ ထို့နောက် ဤနှုတ်ကပတ်တော်များကို ကြားရသည်မှာ သင့်အဘို့ ထိုက်တန်လိမ့်မည်ဖြစ်သည်။ ငါပြောသည့် နှုတ်ကပတ်တော်များသည် သင်၏ဘဝတွင် တိုးတက်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေပါက သို့မဟုတ် သင်၏ဖြစ်တည်မှုတွင် မည်သည့်တန်ဖိုးတစ်စုံတစ်ရာမျှ မရှိစေပါက ၎င်းတို့ကို သင်နားထောင်ရာ၌ အကျိုးမရှိပေ။ ဤသည်ကို သင်တို့နားလည်သည် မဟုတ်လော။ ၎င်းကိုနားလည်ပြီးနောက် ကျန်သည့်အရာမှာ သင်တို့အပေါ်တွင်သာ မူတည်သည်။ သင်တို့ စတင်လုပ်ဆောင် ကြရတော့မည်။ သင်တို့သည် အရာခပ်သိမ်း၌ လွန်စွာအလေးအနက်ထားရမည်။ မရေမရာ မဖြစ်လေနှင့်။ အချိန် ကုန်လွန်နေပြီဖြစ်သည်။ သင်တို့အကြား အများစုသည် ဘုရားသခင်ကို ဆယ်နှစ်ကျော် ယုံကြည်လာခဲ့ပြီးဖြစ်သည်။ ဤဆယ်နှစ်ကြာ ယုံကြည်ခြင်းကို ပြန်ပြောင်းကြည့်ရှုလော့။ သင်တို့ မည်မျှရရှိခဲ့ပြီနည်း။ ထို့အပြင် သင်တို့၌ ဤအသက်တာ၏ ဆယ်စုနှစ်ပေါင်း မည်မျှကျန်သေးသနည်း။ မရှည်ကြာ ပေ။ ဘုရားသခင်၏အမှု သင့်ကိုစောင့်နေခြင်း ရှိမရှိ၊ သူသည် သင့်အတွက် အခွင့်အရေးတစ်ရပ် ချန်ထားပေးခြင်း ရှိမရှိ၊ သူသည် ဤအလုပ်ကို တဖန်ပြန်လုပ်မည် မလုပ်မည်ကို အမှတ်မထားလေနှင့်။ ဤအကြောင်း မပြောလေနှင့်။ သင်သည် သင်၏လွန်ခဲ့သောဆယ်နှစ်ကို နောက်ပြန်လှည့်နိုင်သလော။ ကျော်ဖြတ်သွားသော နေ့ရက်တိုင်းနှင့် သင်လှမ်းသည့် ခြေလှမ်းတိုင်းဖြင့် သင့်တွင်ရှိသည့် နေ့ရက်များသည် တစ်ရက်လျော့နည်းသွားပေ၏။ အချိန်သည် မည်သည့်လူသားကိုမျှ မစောင့်ပေ။ သင်သည် ၎င်းကို သင့်ဘဝ၌ အကောင်းဆုံးသောအရာ၊ အစားအစာ၊ အဝတ်အစား သို့မဟုတ် မည်သည့်အရာမဆိုထက် သာ၍အရေးကြီးသောအရာအဖြစ် ချဉ်းကပ်လျှင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ သင်သည် အကျိုးအမြတ် ရရှိခြင်းသာ ဖြစ်လိမ့်မည်။ သင်သည် အချိန်ရှိမှသာ ယုံကြည်၍ သင်၏ ယုံကြည်ခြင်းအပေါ် သင်၏အာရုံအားလုံးကို မြှုပ်နှံနိုင်စွမ်း မရှိပါက၊ သင်သည် အစဉ်ပင် မရေရာမှု၌ နစ်မြုပ်နေလျှင် သင်သည် မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)” မှ

အရှေ့သို့- ဘုရားသခင်ကို သိမြင်ခြင်း (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်

ဘုရားသခင်ကို သင်အဘယ်ကြောင့် ယုံကြည်သနည်း။ လူအများစုသည် ဤမေးခွန်းအပေါ် ဝေခွဲမရဖြစ်ကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင်နှင့်...

သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)

သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏...

အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်

လူအများစုသည် ၎င်းတို့၏ အနာဂတ် ခရီးပန်းတိုင်အတွက် သို့မဟုတ် ခဏတာ ပျော်ရွှင်မှုအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ မည်သည့်...

ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

အချိန်သည် နီးကပ်လာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာပြီဖြစ်သည့်အတွက်၊ နောက်ဆုံးသောကာလ၏ အမှုသည် အားလုံးကို ၎င်းတို့၏ အမျိုးအစားအလိုက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။