ဝိညာဉ်၏ အော်သံ
၁
စီစီပီ အုပ်စိုးသော တရုတ်ပြည်မတွင် အသက်ရှင်ရင်း၊ ဘုရားသခင်ကို ယုံကြည်ရန် အလွန်ခက်ခဲလှပေ။
ပုံမှန်အတိုင်း ကျွန်ုပ်တို့ မစည်းဝေးနိုင်သည်သာမက၊ ဧဝံဂေလိတရားကို ဖြန့်ဝေချိန်တွင်လည်း ဖမ်းဆီးမှုကို ရင်ဆိုင်ရသည်။
ကျွန်ုပ်တို့ ပုံမှန်စည်းဝေးနိုင်ပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်သည့်နေရာတစ်ခုဖြစ်သော ကျွန်ုပ်၏ အိမ်သည် မည်သည့်အချိန်များမှ ကျွန်ုပ်အပိုင် ဖြစ်မည်နည်း။
ဖမ်းဆီးခြင်းကို ကြောက်ရွံ့ခြင်းမရှိဘဲ မည်သည့်အချိန်တွင် ဧဝံဂေလိတရားကို ကျွန်ုပ် ဖြန့်ဝေပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်မည်နည်း။
မည်သည့်အချိန်တွင် ကျွန်ုပ် ပြေးနေသည်ကို ရပ်ပြီး၊ ကျွန်ုပ်၏ မိဘများ၊ ချစ်ရသူများနှင့်အတူ ရှိနိုင်မည်နည်း။
လွတ်လပ်စွာ ယုံကြည်မှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတို့သည် မည်သည့်အချိန်တွင် မုသားအဖြစ်မှ ရပ်ဆဲမည်နည်း။
အို၊ ကျွန်ုပ်၏ ညီမများ ထောင်မှ မကြာခင် လွတ်ဖို့အရေး မျှော်လင့်လိုက်သည်မှာ။
အို၊ ကျွန်ုပ်၏ မာတုရ ညီအစ်ကိုများအတွက် တရားမျှတမှုကို ကျွန်ုပ် တောင့်တလိုက်သည်မှာ။
ဆိုးညစ်သော နတ်ဆိုးများ အုပ်စိုးသည့် ဤနိုင်ငံသည်ဆိုးညစ်လိုက်သည်မှာ ။ လူ့ဘဝ၏ အလင်းအဘယ်မှာနည်း။
ခရစ်တော်နောက်လိုက်ရင်း၊ ဆင်းရဲဒုက္ခ မည်မျှ ကြီးမားပါစေ၊ ဘုရားသခင်ကို ထူးကဲသော သက်သေ ကျွန်ုပ် ခံရမည်။
၂
နှိပ်စက်ညှင်းပန်းခြင်းနှင့် ဆင်းရဲဒုက္ခမှတဆင့်၊ စီစီပီသည် စာတန်၏ ပြယုဂ်ဖြစ်သည်ကို ကျွန်ုပ် မြင်ရသည်။
ယင်းက ခရစ်တော်ကို လိုက်လံဖမ်းဆီးပြီး ခရစ်ယာန်များကို နှိပ်စက်ညှင်းပန်းကာ သတ်ဖြတ်သည်။ ယင်း၏ မကောင်းမှုကျူးလွန်ခြင်းက အဆုံးမရှိပေ။
တရုတ်ပြည်ရှိ လွတ်လပ်စွာ ယုံကြည်မှု သည် စီစီပီ အာဏာရစဉ်တွင် မဖြစ်နိုင်ပေ။
ခရစ်တော်နောက် ကျွန်ုပ် လိုက်ပြီး သမ္မာတရားနှင့် အသက်ကို ရှာဖွေလိုက်စားသည့်အချိန်တွင်၊ ကျွန်ုပ်၏ ကိုယ်ပိုင်အသက်ကို မည်သို့ ဂရုစိုက်နိုင်မည်နည်း။
ခရစ်တော်၏ နှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပြီး၊ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲခိုင်နေသည်။
စီစီပီ မည်မျှ အစွန်းရောက်ပါစေ၊ ဘုရားသခင့် လူတို့၏ စုံလင်ခြင်းအတွက် အစေခံဆဲ ဖြစ်သည်။
ဘုရားသခင်၏ လူတို့ ပိုမိုရင့်ကျက်လေလေ၊ စာတန်သည် ပိုပို ရှုံးနှိမ့်လေလေဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဧကန်မုချ ပြည့်စုံလိမ့်မည်။
ဘုရားသခင်ကို သက်သေခံရန် အောင်မြင်သောသူများ အုပ်စုတစ်စုကို ဘုရားသခင် ပြုလုပ်နှင့်လေပြီ။
နောက်ဆုံးတစ်ကျော့၊ ဆင်းရဲဒုက္ခ မည်မျှ ကြီးမားပါစေ ၊ကျွန်ုပ် ဟောပြောပြီး ဘုရားသခင်ကို သက်သေခံမည်။
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို ကျွန်ုပ် သိမှတ်ပြီး၊ သံမဏိ နှလုံးသားတစ်ခုဖြင့် ဘုရားသခင်နောက် ကျွန်ုပ် လိုက်သည်။