၅၄၀ ဘုရား၏ရယူခြင်းကို ခံရရန် အမှောင်လွှမ်းမိုးမှုကို ဖယ်ရှားလော့ကျူး

၁ အမှောင်၏လွှမ်းမိုးမှုဆိုသည်မှာ အဘယ်နည်း။ “အမှောင်၏လွှမ်းမိုးမှု” ဟု ခေါ်ဆိုသည့် ဤအရာမှာ စာတန်၏ လှည့်ဖြားခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း၊ ချည်နှောင်ခြင်းနှင့် လူတို့ကို ထိန်းချုပ်ခြင်းတို့၏ လွှမ်းမိုးမှုဖြစ်သည်။ စာတန်၏စွမ်းအားမှာ သေခြင်းတရား၏ ရောင်ဝါလက္ခဏာရှိသော လွှမ်းမိုးမှုတစ်ခု ဖြစ်သည်။ စာတန်၏အုပ်စိုးမှုအောက်၌ အသက်ရှင်ကြသူအားလုံးသည် ပျက်စီးကိန်း ကြုံရပေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းရရှိပြီးနောက် သင်သည် အမှောင်၏ လွှမ်းမိုးမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံ စစ်မှန်ရိုးသားစွာ ဆုတောင်းပြီးသည်နှင့်တစ်ပြိုင်နက်၊ သင်သည် သင်၏စိတ်နှလုံးကို သူ့ထံ လုံးဝ လှည့်လေသည်၊ ထိုအချိန်တွင် သင့်စိတ်နှလုံးသည် ဘုရားသခင်၏ဝိညာဉ်တော်၏ တို့ထိခြင်း ခံရပေသည်။ သင်သည် မိမိကိုယ်ကိုယ် သူ့ထံ လုံးဝပေးအပ်ဖို့ တိုး၍ လိုလားလျက်ရှိပြီး၊ ဤအခိုက်အတန့်တွင် အမှောင်၏လွှမ်းမိုးမှုမှ သင် လွတ်မြောက်ပြီး ဖြစ်လိမ့်မည်။ လူသား လုပ်သမျှတိုင်းသည် ဘုရားသခင် နှစ်သက်သောအရာ ဖြစ်ပြီး သူ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက၊ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းနှင့် သူ၏ စောင့်ရှောက်မှုနှင့် ကွယ်ကာမှုအောက် အသက်ရှင်သူတစ်ဦး ဖြစ်သည်။

၂ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ပြုမူရင်းနှင့် သူ၏ တည်ရှိခြင်းကို မယုံကြည်ဘဲလျက် သူ့ကို အရူးလုပ်ဖို့ အမြဲကြိုးပမ်းနေကြပါက- ဤသူအားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ကြသည့်လူများ ဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးသော လူသားများသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြ၏။ ဆိုလိုသည်မှာ၊ ၎င်းတို့အားလုံးသည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင် ကြပေသည်။ ဘုရားသခင်ကို မယုံကြည်သော သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်နေကြ၏။ ဘုရားသခင်ကို ယုံကြည်သူများသည် သူ၏ နှုတ်ကပတ်တော်များအတွင်း အမှန်တကယ် အသက်ရှင်ကောင်း ရှင်ကြမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံကောင်း နာခံကြမည်မဟုတ်သည့်အတွက်၊ ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သောသူများပင်လျှင် ဘုရားသခင်၏ အလင်းထဲတွင် သေချာပေါက် အသက်ရှင်ကောင်း ရှင်နေကြလိမ့်မည် မဟုတ်ပေ။

၃ သင်သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံလိုပါက၊ ပထမဦးစွာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟရင်းနှင့် သူ့ထံ လုံးဝ လှည့်ရင်း၊ စာတန်၏ အမှောင်လွှမ်းမိုးမှုမှ လွတ်မြောက်ရမည်။ ယခု သင် လုပ်ဆောင်နေသော အရာများကို ဘုရားသခင် ချီးမွမ်းမည်လော။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ လှည့်ပြီးပြီလော။ သင် လုပ်ဆောင်ပြီးခဲ့သော အရာများသည် သင့်ကို ဘုရားသခင် တောင်းဆိုသော အရာများဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြသလော။ အချိန်တိုင်း သင့်ကိုယ်သင် ဆန်းစစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် အာရုံစိုက်လော့။ သူ၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို ချခင်းထားလော့၊ သူ့ကို ရိုးသားစစ်မှန်မှုဖြင့် ချစ်လော့၊ ပြီးလျှင် ဘုရားသခင်အတွက် သင့်ကိုယ်သင် သစ္စာရှိစွာ အသုံးခံလော့။ ဤအရာကို လုပ်ဆောင်သောလူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ဧကန်မုချ ရရှိကြလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၃၉ စာတန်၏ စွမ်းအားကို သမ္မာတရား လိုက်စားခြင်း မရှိဘဲ မစွန့်ပစ်နိုင်

နောက်တစ်ခုသို့- ၅၄၁ အမှောင်လွှမ်းမိုးမှုကို ဖယ်ရှားရန် ဘုရား၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်လော့ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၃၆ ခပ်သိမ်းသောအရာတို့ တည်ရှိသည့် နိယာမများကို ဘုရားသခင် အုပ်စိုး၏

၁ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၄၆၇ ဘုရား စကားသည်လူသားတို့ လိုက်လျှောက်သင့်သောလမ်းခရီး

၁ခေတ်အဆက်ဆက် ဘုရား လောကတွင် အမှုတော်ဆောင်ရွက်စဉ်ခါလူတွေကို စကားတချို့ သူအမြဲမိန့်မှာ သမ္မာတရားများ ဟောကြားဤသမ္မာတရားများ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။