တရုတ်နိုင်ငံ၏ ရွေးကောက်ခံရသော လူတို့သည် မည်သည့် ဣသရေလမျိုးနွယ်စုကိုမျှ ကိုယ်စားပြုနိုင်စွမ်းမရှိပေ

ဒါဝိဒ်၏အိမ်တော်သည် မူလက ယေဟောဝါ၏ ကတိတော်များနှင့် အမွေကို လက်ခံရရှိသော အမျိုးအနွယ် ဖြစ်သည်။ ယင်းသည် မူလက ဣသရေလ မျိုးနွယ်စုများထဲမှ တစ်စုဖြစ်ပြီး ရွေးကောက်ခံရသော လူများထဲတွင် အပါအဝင် ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ယေဟောဝါက ဒါဝိဒ်၏အိမ်တော်နှင့် သက်ဆိုင်သော ယုဒလူအားလုံးတို့- ထိုအိမ်တော်ထဲတွင် ပေါက်ဖွားသောသူ အားလုံးတို့သည်- သူ၏အမွေကို ဆက်ခံရမည်ဟူသော ဣသရေလလူအပေါင်းတို့အတွက် ပညတ်ချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့သည် အဆတစ်ရာ ရရှိသောသူများ၊ သားဦးတို့၏ အဆင့်အတန်းကို ရရှိသောသူများ ဖြစ်ကြပေလိမ့်မည်။ ထိုအချိန်က သူတို့သည် ဣသရေလ မိသားစုများ အားလုံးကြားတွင် အမြင့်ဆုံးနေရာဖြင့် ဣသရေလလူများ အားလုံးကြားတွင် အမြင့်မြတ်ဆုံးသောလူများ ဖြစ်ကြပြီး သူတို့သည် ယဇ်ပရောဟိတ် ဝတ်ရုံများနှင့် သရဖူများကို ဝတ်ဆင်လျက်၊ ဗိမာန်တော်ထဲတွင် ယေဟောဝါကို တိုက်ရိုက် အစေခံလေ့ရှိကြသည်။ ထိုအခါ ထာဝရဘုရားသည် သူတို့အား သစ္စာစောင့်သိပြီး စင်ကြယ်သော အစေခံများအဖြစ် သမုတ်ခဲ့ပြီး သူတို့သည် ဣသရေလ၏ အခြားသော မျိုးနွယ်စုများ အားလုံးတို့၏ ကြည်ညိုလေးစားခြင်းကို ရရှိခဲ့ကြလေသည်။ ဤအကြောင်းကြောင့် ထိုအချိန်က သူတို့အားလုံးမှာ အရှင်သခင်များဟူ၍ လေးစားစွာ ရည်ညွှန်းခြင်းကို ခံရလေသည်။ ဤသည်တို့ကား ပညတ်တော်ခေတ်တွင် ယေဟောဝါ၏ အမှုတော်ပင်ဖြစ်လေသည်။ လက်ရှိခေတ်ကာလတွင် သူတို့သည် ယေဟောဝါအား ဗိမာန်တော်ထဲတွင် ထိုကဲ့သို့သော အစေခံခြင်းကို ပြုလုပ်ကြသေးသည်၊ ထို့ကြောင့် သူတို့သည် အစဉ်အမြဲပင် ယေဟောဝါမှ တင်မြှောက်ထားသော ရှင်ဘုရင်များ ဖြစ်နေကြတော့သည်။ သူတို့၏သရဖူကို အဘယ်သူမျှ လုယူ၍မရသကဲ့သို့၊ သူတို့၏ အစေခံမှုကိုလည်း အဘယ်သူမျှ ပြောင်းလဲ၍မရပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် နဂိုကတည်းက ဒါဝိဒ်၏အိမ်တော်နှင့် သက်ဆိုင်ကြသည်။ ဤအရာမှာ ယေဟောဝါမှ သူတို့အပေါ် အပ်နှင်းထားသောအရာ ဖြစ်သည်။ သင်တို့သည် ပင်ကိုအားဖြင့် ဒါဝိဒ်၏အိမ်တော်နှင့် မသက်ဆိုင်ရသော အကြောင်းရင်းမှာ သင်တို့သည် ဣသရေလ၏ပြင်ပ တစ်ပါးသောအမျိုးအနွယ်များနှင့်သာ သက်ဆိုင်ပြီး၊ ဣသရေလလူများ မဟုတ်သောကြောင့်ပင် ဖြစ်သည်။ ထို့ပြင် သင်တို့၏သဘာဝသည်လည်း ယေဟောဝါကို ဝတ်ပြုရန်မဟုတ်၊ သူ့အားပုန်ကန်ရန်သာ ဖြစ်လေသည်၊ ထို့ကြောင့် သင်တို့၏ အဆင့်သည် သဘာဝအားဖြင့် ဒါဝိဒ်၏အိမ်တော်သားများနှင့် ကွာခြားပြီး သင်တို့သည် အဆတစ်ရာ ရရှိမည့်သူများ ဖြစ်ဖို့မဆိုနှင့်၊ ငါ၏အမွေကို ဆက်ခံရမည့်သူများ မဟုတ်ကြပေ။

ထိုအချိန်က ဣသရေလသည် မတူညီသော အမျိုးများနှင့် လူမျိုးစုများ အမြောက်အမြားဖြင့် ကွဲပြားလေသည်၊ သို့တစေ သူတို့အားလုံးတို့မှာ ရွေးကောက်ခံထားရသော လူမျိုးများ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ၊ ဣသရေလသည် ယေဟောဝါရှေ့၌ ၎င်းတို့၏အဆင့်များနှင့် လူတစ်ဦးစီ နေထိုင်ရာ နယ်မြေတို့နှင့်အညီ ၎င်း၏လူတို့သည် လူမျိုးစုအားဖြင့် ခွဲထားသည်ဖြစ်၍ အခြားတိုင်းနိုင်ငံများနှင့် ကွာခြားလေသည်။ ဣသရေလမှလွဲ၍ အခြားတိုင်းပြည်များတွင်၊ လူတစ်ဦးသည် ဒါဝိဒ်၏အမျိုး၊ ယာကုပ်၏အမျိုး၊ သို့မဟုတ် မောရှေ၏အမျိုးတို့၏ အမျိုးအနွယ်ဝင်ဖြစ်ခြင်းကို သာမန်ကာလျှံကာ တောင်းဆို၍မရချေ။ ဤသည်မှာ အဖြစ်မှန်နှင့် သွေဖီနေပေမည်- ဣသရေလမျိုးနွယ်စုများကို အခြားတိုင်းတစ်ပါးများနှင့်တန်းတူဖြစ်သည်ဟု သာမန်ကာလျှံကာ လွဲမှားစွာ သတ်မှတ်၍ မရပေ။ လူတို့သည် ဒါဝိဒ်၊ အာဗြဟံနှင့် ဧသော အစရှိသည့် နာမည်များကို မကြာခဏ လွဲမှားစွာ အသုံးပြုနေကြသည်၊ သို့တည်းမဟုတ် သူတို့က- “ငါတို့သည် ယခု ဘုရားသခင်ကို လက်ခံကြပြီဖြစ်သောကြောင့်၊ ငါတို့သည် ယာကုပ်၏အမျိုးများမှ ဖြစ်ကြသည်။” ဟူ၍ ပြောကြသည်။ ထိုကဲ့သို့သော အရာများကို ပြောဆိုခြင်းသည် အခြေအမြစ်မရှိသော လူသား၏ အကြောင်းပြချက်မျှသာ ဖြစ်သည်။ ယင်းက ယေဟာဝါထံမှ တိုက်ရိုက်လာခြင်း မဟုတ်သကဲ့သို့၊ ငါကိုယ်တိုင်၏ စိတ်ကူးများထဲမှ လာခြင်းလည်း မဟုတ်ပေ။ ယင်းသည် လူသား၏ အဓိပ္ပာယ်မရှိသောစကား သက်သက်ပါတကား။ ယုံတမ်းပုံပြင်များပြောတတ်သော အဟောအပြောကောင်းသူ တစ်ဦးကဲ့သို့၊ လူတို့သည် သူတို့ကိုယ်သူတို့ ဒါဝိဒ်၏ သားစဉ်မြေးဆက်များ သို့မဟုတ် ယာကုပ်၏မိသားစုဝင်အဖြစ် အခြေအမြစ်မရှိဘဲ၊ ထင်မြင်ယူမှတ်နေကြပြီး သူတို့ကိုယ်သူတို့ ထိုသို့ဖြစ်ရန် ထိုက်တန်သည်ဟု ယုံကြည်ကြလေသည်။ ဒါဝိဒ်၏အမျိုးအနွယ်သည် ရှေးကာလကပင် ယေဟောဝါ၏ ဘိသိက်ပေးခြင်းကို ခံခဲ့ရကြောင်း၊ ဒါဝိဒ်သည် သူ့ကိုယ်သူ ဘုရင်အဖြစ် နန်းတင်ခဲ့ခြင်း မဟုတ်ကြောင်းကို လူတို့ မသိကြလေသလော။ သို့သော်လည်း ဒါဝိဒ်အမျိုးအနွယ်၏ သားစဉ်မြေးဆက်များအဖြစ် အရှက်ကင်းမဲ့စွာ ကြွေးကြော်နေသောသူ အမြောက်အမြား ရှိကြသည်၊ လူတို့သည် အလွန် မသိနားမလည်ကြသည်တကား။ အမှန်မှာမူ ဣသရေလ၏ အရေးကိစ္စများသည် တစ်ပါးအမျိုးသားများနှင့် ဘာမျှ သက်ဆိုင်ခြင်းမရှိပေ။ ယင်းတို့သည် ကွဲပြားသောအရာနှစ်ခုဖြစ်ပြီး လုံးဝမဆက်နွှယ်ကြပေ။ ဣသရေလနိုင်ငံနှင့် စပ်ဆိုင်သော အရေးကိစ္စများ အကြောင်းကို ဣသရေလလူတို့အတွက်သာ ပြောကြားနိုင်ပြီး တစ်ပါးအမျိုးသားများအတွက် ယင်းတို့က လုံးဝမဆက်စပ်ပေ၊ ထို့ပြင် လက်ရှိတွင် တစ်ပါးအမျိုးသားများ အကြားတွင်ပြုလုပ်သော အမှုသည်လည်း ထိုနည်းအတိုင်းပင် ဣသရေလလူတို့နှင့် ဘာမျှ သက်ဆိုင်ခြင်း မရှိပေ။ ငါ ယခု ပြောသောအရာက တစ်ပါးအမျိုးသားများ အကြောင်း ပြောကြားသောအရာကို အဆုံးအဖြတ်ပေးပြီး ဣသရေလထဲတွင် လုပ်ဆောင်သောအမှုကို တစ်ပါးအမျိုးသားများကြားက အမှု၏ “နိမိတ်လက္ခဏာ” အဖြစ် မှတ်ယူ၍မရနိုင်ပေ။ ယင်းက ဘုရားသခင်သည် သမရိုးကျဆန်လွန်းသည်ဟု ပြသနေမည် မဟုတ်လော။ တစ်ပါးအမျိုးသားများကြားတွင် အမှုတော် စတင်ပျံ့နှံ့သောအခါမှသာ၊ သူတို့နှင့်ပတ်သက်ပြီး ပြောထားသည့်အရာ သို့မဟုတ် သူတို့၏ရလဒ်များက ထုတ်ဖော်ခံရမည်ဖြစ်သည်။ ထို့ကြောင့် လူတို့က အတိတ်တွင် သူတို့ပြောခဲ့ကြသည့်အတိုင်း၊ “ငါတို့သည် ဒါဝိဒ်၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည်။” သို့မဟုတ် “ယေရူသည် ဒါဝိဒ်၏အမျိုးဖြစ်သည်။” ဟူ၍ ပြောကြခြင်းမှာ ပို၍ပင် ယုတ္တိမတန်ချေ။ ငါ၏အလုပ်ကို ပိုင်းကန့်ခွဲခြားထားသည်။ ငါသည် “သမင်ကို မြင်းဟုခေါ်” မည်မဟုတ်။ ထိုအစား အမှုတော်သည် ၎င်း၏ စီစဉ်ထားသော အစီအစဉ်အရ ပိုင်းခြားထားသည်။

အရှေ့သို့- မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော

နောက်တစ်ခုသို့- ကောင်းချီးမင်္ဂလာများနှင့် ပတ်သက်ပြီး သင်တို့၏နားလည်ချက်မှာ အဘယ်နည်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။