၃၀၄ လူသားတော်၏ကြွလာခြင်းသည် လူအားလုံးကို ပေါ်လွင်စေပြီကျူး

၁ ခရစ်တော်နှင့် ထိတွေ့ဆက်ဆံမှုမပြုမီ သင်၏စိတ်နေ သဘောထားသည် လုံးလုံးလျားလျား ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ သင်သည် ခရစ်တော်၏ သစ္စာစောင့်သိသော နောက်လိုက်ဖြစ်ကြောင်း၊ ခရစ်တော်၏ ကောင်းချီးမင်္ဂလာများကို သင့်ထက် ပို၍ခံစားထိုက်သူ မည်သူမျှမရှိကြောင်း သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်သည်၊ ထို့ပြင် လမ်းခရီးများစွာ ဖြတ်သန်းခဲ့ပြီး အလုပ်များစွာ လုပ်ဆောင်ခဲ့ကာ အသီးအပွင့်များစွာ သီးပွင့်စေခဲ့ပြီဖြစ်သောကြောင့် သင်သည် နောက်ဆုံးတွင် သရဖူကိုဆွတ်ခူးရမည့်သူတစ်ဦး အသေအချာဖြစ်လိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆကောင်း ယူဆနိုင်၏။ သို့ရာတွင် သင်သိမည်မဟုတ်သော အမှန်တရား တစ်ရပ်ရှိ၏၊ လူသားသည် ခရစ်တော်ကိုမြင်သောအခါ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထား၊ သူ၏ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့မှာ ထုတ်ဖော်ခြင်းခံရပြီး၊ ဤအချိန်တွင် ထုတ်ဖော်ခြင်းခံရသည့် ပုန်ကန်မှုနှင့် တွန်းလှန်ခြင်းတို့သည် အခြားအချိန်ထက်ပို၍ အသေအချာ ပြည့်စုံစွာ ပေါ်လွင်နေလိမ့်မည်။

၂ ဤသည်မှာ ခရစ်တော်သည် လူသားတော်ဖြစ်ပြီး သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသည့် လူသားတော်ဖြစ်သဖြင့် လူတို့သည် သူ့ကိုရိုသေခြင်းမရှိ၊ လေးစားခြင်းလည်း မရှိသောကြောင့်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဇာတိခန္ဓာ၌ အသက်ရှင်သည့်အတွက် လူသား၏ ပုန်ကန်မှုသည် အလွန်စေ့စေ့စပ်စပ်နှင့် အသေးစိတ် ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်ခံရခြင်းဖြစ်၏။ ထို့ကြောင့် ခရစ်တော်ကြွလာခြင်းက လူသားမျိုးနွယ်၏ ပုန်ကန်မှုအားလုံးကို တူးဖော်ပြသခဲ့ပြီး လူသားမျိုးနွယ်၏ သဘောသဘာ၀ကို အထင်းသား ပေါ်လွင်စေခဲ့ပြီဟု ငါဆို၏။ ဤအရာကို “ကျားတစ်ကောင်ကို တောင်အောက်သို့ဆင်းလာအောင် ဖျားယောင်းခြင်း” နှင့် “ဝံပုလွေ တစ်ကောင်ကို သူ၏တွင်းအပြင်သို့ ထွက်လာအောင် သွေးဆောင်ခြင်း” ဟု ခေါ်သည်။ သင်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည်ဟု ဆိုဝံ့သလော။ သင်သည် ဘုရားသခင်အပေါ် အပြည့်အဝ နာခံမှုကို ပြသသည်ဟု ဆိုဝံ့သလော။ သင်သည် မပုန်ကန်တတ်ပါဟု ဆိုဝံ့သလော။

၃ သင်သည် ခရစ်တော်နှင့် အမှန်တကယ် အသက်ရှင်နေထိုင်သောအခါ သင်၏စကားများနှင့် အပြုအမူများမှတစ်ဆင့် မိမိကိုယ်ကို မှန်ကန်သည်၊ မိမိကိုယ်ကို အရေးပါသည်ဟု ထင်နေခြင်းတို့ တစ်စတစ်စပေါ်လွင်လာမည်ဖြစ်ပြီး သင်၏ ထောင်လွှားသောဆန္ဒများနှင့် သင်၏ နာခံမှုမရှိသော စိတ်ဓာတ်နှင့် ရောင့်ရဲတင်းတိမ်မှုကင်းမဲ့ခြင်းတို့သည်လည်း ပကတိ အတိုင်း ထုတ်ဖော်ပြသခံရလိမ့်မည်။ နောက်ဆုံးတွင် ရေသည်မီးနှင့် သဟဇာတမဖြစ်သည့်နည်းတူ သင်သည် ခရစ်တော်နှင့် သဘောကွဲလွဲသည်အထိ သင်၏မောက်မာခြင်းသည် သာ၍ကြီးမား လာပြီးနောက် သင်၏သဘောသဘာဝသည် လုံးလုံးမြင်သာ လာလိမ့်မည်။ သို့သော် ထိုအခါ၌ပင် သင်သည် သင်ကိုယ်တိုင်၏ပုန်ကန်မှုကို အသိအမှတ်ပြုရန် ဆက်လက်ငြင်းဆိုနေသေး၏။ ထို့အစား ဤကဲ့သို့သော ခရစ်တော်ကို လူသားအနေဖြင့် လက်ခံရန်မလွယ်ကူကြောင်း၊ သူသည် လူသားအပေါ် လွန်စွာမှပင် တောင်းဆိုလွန်းကြောင်း၊ အကယ်၍ သူသည် ပို၍ကြင်နာတတ်သော ခရစ်တော်ဖြစ်ခဲ့လျှင် မိမိသည် အပြည့်အဝ ကျိုးနွံနာခံလိမ့်မည်ဟု သင့်အနေဖြင့် ထင်မြင်ယူဆသည်။

၄ သင်တို့၏ ပုန်ကန်ခြင်းမှာ တရားပြီး သူသည် သင်တို့ကို တရားလွန်အောင် တွန်းအားပေးသည့်အခါမှသာ သူ့ကိုပုန်ကန်တတ်သည်ဟု သင်တို့ ယူဆထားသည်။ သင်သည် ခရစ်တော်ကို ဘုရားသခင်ဟု မမှတ်ယူကြောင်းကိုလည်းကောင်း၊ သင်သည် သူ့ကိုနာခံရန် ရည်ရွယ်ချက်မရှိကြောင်းကိုလည်းကောင်း သင်တို့အနေဖြင့် မည်သည့် အခါကမျှ မထည့်တွက်ခဲ့ကြပေ။ စင်စစ်အားဖြင့် ခရစ်တော်သည် သင့်ကိုယ်ပိုင်သဘောဆန္ဒများအတိုင်း လုပ်ဆောင်ရမည်ဟု သင်ခေါင်းမာစွာ တောင်းဆိုပြီး၊ သူသည် သင့်ကိုယ်ပိုင်စိတ်ကူးနှင့် သဘောကွဲလွဲသည့်အရာတစ်ခုမျှ ပြုလုပ်သည်နှင့်တစ်ပြိုင်နက် သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦးသာဖြစ်သည်ဟု သင်ထင်မြင် ယူဆတော့သည်။ သင်တို့ထဲတွင် ဤနည်းဖြင့် သူနှင့်ဖက်ပြိုင်ခဲ့သူ အများအပြား မရှိပေသလော။ သို့ဖြစ်လျှင် သင်တို့ယုံကြည်သောသူမှာ အဘယ်သူနည်း။ ထို့ပြင် သင်တို့ မည်သည့်နည်းဖြင့် ရှာဖွေသနည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၀၃ ခရစ်တော်အပေါ် စစ်မှန်သော ယုံကြည်ခြင်း သင်၌ရှိသလောကျူး

နောက်တစ်ခုသို့- ၃၀၅ ထိုသို့သော ဆင်ခြင်တုံတရားဖြင့် ဘုရားသခင်ကို ဆက်သွယ်ရန် သင်မထိုက်တန်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။