၃၈၀ ဘုရားကို သစ္စာဖောက်ခြင်း၏ အန္တရာယ်များသည့် အကျိုးဆက်များကျူး

၁ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် ဝိညာဉ် အားလုံးသည် စာတန်၏ အုပ်စိုးမှုထဲတွင် ထိန်းသိမ်းခံထားရသည်။ ခရစ်တော်ကို ယုံကြည်သောသူတို့ကိုသာ ခွဲထားပြီး၊ စာတန်၏ စခန်းမှ ကယ်တင်ခံရကာ ယနေ့၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရလေသည်။ ဤလူများသည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်မရှင်ကြတော့ချေ။ သို့သော်ငြားလည်း၊ လူသား၏ သဘာဝ ဗီဇသည် လူသား၏ ဇာတိပကတိထဲ အမြစ်တွယ်ဆဲဖြစ်သည်။ သင်တို့၏ ဝိညာဉ်သည် ကယ်တင်ခံရပြီးဖြစ်သော်လည်း သင်တို့၏ သဘာဝဗီဇက ယခင်အတိုင်း ရှိဆဲဖြစ်ပြီး၊ ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့၏ သဘာဝဗီဇက ပေကတ်ကတ်နိုင်သည်နှင့်အမျှ ငါ၏ အမှု အလွန်ရှည်ကြာရခြင်း ဖြစ်သည်။

၂ ယခု၊ သင်တို့၏ တာဝန်များကို သင်တို့ ဖြည့်ဆည်းကြသည်နှင့်အမျှ၊ သင်တို့၏ အရည်အချင်းရှိသမျှ ဆင်းရဲဒုက္ခများကို သင်တို့အားလုံး ကြုံနေကြရပေသည်၊ သို့တိုင် သင်တို့အသီးသီးသည် ငါ့ကို သစ္စာဖောက်နိုင်စွမ်းရှိကြပြီး စာတန်၏ အုပ်စိုးမှုဆီသို့၊ သူ၏ စခန်းဆီသို့ ပြန်သွားနိုင်စွမ်းရှိကြသကဲ့သို့၊ သင်တို့၏ အသက်တာဟောင်းများဆီသို့ ပြန်သွားနိုင်စွမ်း ရှိကြသည်- ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုအချိန်တွင်၊ ယခု သင်တို့ ပြသကဲ့သို့ လူ့သဘာဝ သို့မဟုတ် လူသားနှင့် ဆင်တူမှု အနည်းငယ်မျှ ပြဖို့ရန် သင်တို့အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်။ ကြီးလေးသည့် ကိစ္စရပ်များတွင်၊ သင်တို့ ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်ပို၍၊ ထာဝရ ကံဆိုးမိုးမှောင်ကျကိန်းကြုံလိမ့်မည်၊ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မည်၊ ဘယ်သောအခါမျှ တစ်ဖန် လူဝင်စားလိမ့်မည် မဟုတ်ချေ။ ငါ၏ အမှုမှာ လူတို့၏ ဝိညာဉ်များကို ကယ်တင်ခြင်း အမှု ဖြစ်သည်။ သင်၏ ဝိညာဉ်သည် စာတန်၏ လက်ထဲသို့ ကျရောက်ပါက၊ သင်၏ ခန္ဓာသည် ငြိမ်သက်ခြင်းဖြင့် အသက်ရှင် လိမ့်မည် မဟုတ်။

၃ ငါသည် သင်၏ ခန္ဓာကို ကွယ်ကာပေးနေပါက၊ သင်၏ ဝိညာဉ်သည်လည်း ငါ၏ စောင့်ရှောက်မှုအောက်တွင် ဧကန်မုချ ရှိလိမ့်မည်။ သင့်ကို အမှန်တကယ် ငါ စက်ဆုပ်ပါက၊ သင်၏ ခန္ဓာနှင့် ဝိညာဉ်တို့သည် စာတန်၏ လက်ထဲသို့ တစ်ပြိုင်နက်တည်း ကျရောက်လိမ့်မည်။ ထိုအခါ သင်၏ အခြေအနေကို သင် စိတ်ကူးနိုင်သလော။ တစ်နေ့ ငါ၏ နှုတ်ကပတ်တော်များသည် သင့်အပေါ် ကျွဲပါးစောင်းတီးဖြစ်ပါက၊ ငါ့ကို သစ္စာဖောက်သည့် သင်တို့၏ စိတ်နှလုံးများ ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်သည့်အတွက်၊ ငါ၏ အမျက်ဒေါသ လုံးဝ ကွယ်ပျောက်သည်အထိ သင့်ကို ဝေဒနာပြင်းထန်သော ညှဉ်းဆဲမှုကို ခံစေမည့် စာတန်ဆီ လုံးဝ ငါ လွှဲပြောင်းပေးအပ်မည်၊ သို့မဟုတ် ရွေးနှုတ်ကယ်တင်မရသည့် အသင် လူသားတို့ကို ငါ ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးမည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၇၉ ဘုရားကို သစ္စာဖောက်ခြင်းသည် လူ့သဘာဝသာတည်းကျူး

နောက်တစ်ခုသို့- ၃၈၁ အဘယ်သို့သောလူမျိုးသည် ကယ်တင်၍ မရနိုင်သနည်းကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၉၅ မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

၁အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်းဘုရားသခင် ဘုန်းတော်ဝန်းရံလျက်...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။