၂၄၃ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ငြင်းဆန်ခြင်း၏ အကျိုးဆက်များကျူး
နောက်ဆုံးသောကာလရဲ့ခရစ်တော် အသက်ယူဆောင်
ထာဝရ အစဉ်တည်တံ့သော သမ္မာတရားလမ်း၊
အားလုံး အသက်ရရှိရာ
လူတို့ သိကျွမ်းပြီး ဘုရားလက်ခံမယ့် လမ်း
၁
နောက်ဆုံးသောကာလရဲ့ ခရစ်တော် ပေးတဲ့
အသက်လမ်းခရီးကို သင် မရှာရင်
ယေရှုရဲ့ ချီးမွမ်းခြင်းကို သင် ဘယ်တော့မှ ရမည်မဟုတ်၊
ကောင်းကင်သို့ ဝင်မည်မဟုတ်
သင်ဟာ ရုပ်သေးရုပ်၊ အတိတ်သမိုင်းရဲ့ အကျဉ်းသား ဖြစ်လို့ပဲ
စည်းမျဉ်းများရဲ့ ထိန်းချုပ်မှု၊
အတိတ်သမိုင်းရဲ့ ချုပ်နှောင် ခံရသူများ
အသက်၊ ထာဝရအသက်လမ်းကို ဘယ်တော့မှ ရမည်မဟုတ်ပါ
နှစ်ထောင်ချီ ဖက်တွယ်လေပြီးသော
နောက်ကျိတဲ့ ရေကိုသာ ရမယ်
ပလ္လင်တော်မှ စီးဆင်းသော အသက်စမ်းရေတော့ မရဘူး
နောက်ဆုံးသောကာလရဲ့ခရစ်တော် အသက်ယူဆောင်
ထာဝရ အစဉ်တည်တံ့သော သမ္မာတရားလမ်း၊
အားလုံး အသက်ရရှိရာ
လူတို့ သိကျွမ်းပြီး ဘုရား လက်ခံမယ့် လမ်း
၂
အသက်ရေ မရရှိသူများသည် အလောင်းကောင်များ၊
စာတန်ရဲ့ ကစားစရာများ၊ ငရဲရဲ့ သားများ ဖြစ်မယ်
သူတို့သည် ဘုရားကို ဘယ်လို မြင်နိုင်မလဲ
မလှုပ်မယှက် အတိတ်ကို သင် ဖက်တွယ်နေရင်၊
အခြေအနေ ပြောင်းလဲပစ်ဖို့ အားမစိုက်ရင်
ဘုရားနဲ့ အမြဲ ဆန့်ကျင်နေမှာ မဟုတ်လား
နောက်ဆုံးသောကာလရဲ့ခရစ်တော် အသက်ယူဆောင်
ထာဝရ အစဉ်တည်တံ့သော သမ္မာတရားလမ်း၊
အားလုံး အသက်ရရှိရာ
လူတို့ သိကျွမ်းပြီး ဘုရား လက်ခံမယ့် လမ်း
၃
ဘုရားရဲ့အမှု ခြေလှမ်းများ ကျယ်ပြန့်ကာ အားကြီး
လှုပ်ခတ်သော လှိုင်းများနှင့် ထစ်ချုန်းသော ကောင်းကင်လိုဖြစ်လည်း၊
သေမင်းအား မလှုပ်မရှား သင် စောင့်မျှော်
သိုးသူငယ်ရဲ့ နောက်လိုက်အဖြစ် သင့်ကို ဘယ်လို သိနိုင်မလဲ
ဘုရားကို အမြဲဆန်းသစ်ပြီး လုံးဝ မအိုဟောင်းသူအဖြစ်
သင် သည် ဘယ်လိုသက်သေပြမလဲ
အိုဟောင်းသော စကားများက သင့်ကို ခေတ်သစ်ဆီသို့
ဘယ်လို ပို့ဆောင်နိုင်မလဲ
ဘုရားရဲ့အမှုကို ရှာဖွေပြီး ကောင်းကင်ဘုံ သွားဖို့
သင့်အား ဘယ်လိုလမ်းပြမလဲ
အဲဒီစကားများ ခဏတာဖြေသိမ့်စရာ သက်သက်
အသက် ပေး၊ စုံလင်စေသော သမ္မာတရားများ မဟုတ်
ဒါကို ပြန်မဆန်းစစ်ထိုက်ဘူး မဟုတ်လား
အတွင်း နက်နဲမှုများကို သင် မမြင်နိုင်ဘူးလား
သင် ဘုရားနဲ့ ကိုယ်တိုင်တွေ့ဆုံဖို့ရာ
ကောင်းကင်ဘုံသို့ ကိုယ်ပိုင်လမ်း ဖောက်နိုင်ရဲ့လား
ယခု အမှုပြုနေသူ၊
နောက်ဆုံးသောကာလမှာ လူသားကို ကယ်တင်သူကို ကြည့်ပါ
မဟုတ်ရင်တော့ သမ္မာတရားနှင့်အသက်ကို
သင် ဘယ်တော့မှ ရရှိမှာ မဟုတ်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်