ကိုယ်တော်အားဖြင့် ဖန်ဆင်းခံရ၊ ကိုယ်တော်နှင့် သက်ဆိုင်နေ
၁
ကျွန်ုပ်၏ အနိမ့်အမြင့်များစွာတစ်လျှောက်၊ ပြောင်းလဲမှုများ မရေတွက်နိုင်။
လေတိုက်ခတ်ခံရကာ မိုးရေများဖြင့် ရွှဲရွှဲစိုလျက်၊ ကိုယ်တော်ကို ထပ်ကြပ်မကွာ ကျွန်ုပ် လိုက်ပေ။
အန္တရာယ်နှင့် အခက်အခဲက စစ်မှန်သော ချစ်ခြင်းနှင့် သနားကြင်နာခြင်းတို့၏ အယောင်ဆောင်မှု ဖြစ်ပေ။
မကုန်ဆုံးသော ချစ်ခြင်းဖြင့် ကိုယ်တော်ကို ကျွန်ုပ်၏ ထိခိုက်ခံရသည့် နှလုံးသား မြတ်နိုးပေ။
ဆောင်းက နွေဦးအဖြစ် အကြိမ်မည်မျှ ပြောင်းပြီနည်း။
ခါးသီးပြီးနောက် ချိုမြိန်သည်၊ အသီးသီးကို တစ်ခုပြီးတစ်ခု အရသာခံရသည်။
ဆောင်းဦး လေများက ကုန်ဆုံးသွား၊ နွေဦးကာလ ပန်းပွင့်များကို ကျွန်ုပ် ကြိုဆို။
အို၊ စစ်သားတစ်ဦး၏ ဘဝ မတည်တံ့ခြင်းများ၊ ကိုယ်တော်၏ စိတ်နှလုံးကို ကျွန်ုပ် သိပေ။
ဤလောကထဲ ကိုယ်တော် နှိမ့်ချစွာ ဝင်ရောက်ခဲ့ချိန် ကိုယ်တော် ဒုက္ခဆင်းရဲခံခဲ့။
လေနှင့်မိုးတို့ဖြင့် အဆက်မပြတ် ထုနှက်ခံရလျက်၊ မည်သူမျှ ကိုယ်တော်ကို မသနားခဲ့။
လူထုများ၏ ပစ်ပစ်ခါခါ ပစ်ပယ်ခံရလျက်၊ စကားဖြင့်ပြောဖို့ အလွန် နာကျင်လှပေ။
သို့သော် ကိုယ်တော်၏ နှလုံးသား စိတ်ဆန္ဒကို ကိုယ်တော်၏ နှုတ်ကပတ်တော်များတွင် တွေ့နိုင်ပေ။
ကိုယ်တော်၏ အသက် နှုတ်ကပတ်တော်များက ကျွန်ုပ် နှလုံးသားကို
အတွင်းထိ ရေလောင်းပေ၊ အတွင်းထိ ရေလောင်းပေ။
ကောင်းရာသို့ ပြောင်းလဲရင်း၊ ကျွန်ုပ်၏ နှလုံးသားက ကိုယ်တော်ကို မြတ်နိုးပေ။
ကျွန်ုပ်၏နှလုံးသားက မည်သည့်အချိန်တွင် ကိုယ်တော်၏ နှလုံးသားနှင့် တစ်ခုတည်း ဖြစ်လိမ့်မည်နည်း။
ကျွန်ုပ်သည် ကိုယ်တော်အားဖြင့် ဖန်ဆင်းခံရကာ ကိုယ်တော်နှင့် သက်ဆိုင်ပေ။
ယုံကြည်ခြင်းကို ချိုးဖျက်ဖို့က ထာဝရ အပြစ် ဖြစ်လိမ့်မည်။
ကိုယ်တော်၏ ဒဏ်ရာရသော နှလုံးသားက သွန်းလောင်းသည့် မျက်ရည်များကို ကျွန်ုပ် သုတ်ပစ်မည်။
ကိုယ်တော်၏ စိတ်ဆန္ဒကို ပေးအပ်ဖို့၊ ကျွန်ုပ်၏ နှလုံးသားကို ကိုယ်တော်ထံ ပေးမည်။
၂
ကိုယ်တော် ထွက်သွားသည့်အခါ၊ မည်သည့်အချိန် ကိုယ်တော် ပြန်လာမည်ကို သိဖို့ခက်ပေ။
ခွဲခွာခြင်းက သေခြင်းကဲ့သို့ ရက်စက်ပေ၊ အင်မတန် နာကျင်သော မျက်ရည်များ ကျွန်ုပ် ငိုကြွေးရ။
စွန်ခွာဖို့ ကျွန်ုပ် အချိန်ဆွဲနေ၊ စက်ဆုပ်မိနေသည်၊ ကျွန်ုပ်၏ နှလုံးသား လုံးဝ မွစာကြဲနေ။
ကျွန်ုပ်၏ မျက်လုံးများ စိတ်အားထက်သန်စွာ အားစိုက်သည်၊ ကိုယ်တော်၏ ပြန်ကြွလာခြင်းကို ကျွန်ုပ် တောင့်တ။
ကျွန်ုပ် မကွယ်ဝှက်နိုင်သည်မှာ ညိုးငယ်သော စိတ်ဝိညာဉ်ဖြစ်ပေ။
ဒူးထောက်လျက် ကျွန်ုပ်၏ ဝိညာဉ်ကို နောင်တက ထိုးဖောက်သည်ကို ကျွန်ုပ် ခံစားရ။
အိမ်နီးချင်းတစ်ဦးကဲ့သို့ ရင်းနှီးသော မိတ်ဆွေ၊ ပင်လယ်များ ခြားသော်လည်းလေ။
သေးနုတ်သော ပူဇော်မှု ကိုယ်တော့်ရှေ့မှောက်တွင် ကျွန်ုပ် ချခင်းပေ။
ကျွန်ုပ်တို့ ဆုံတွေ့သည့်အခါ၊ ကျွန်ုပ်ကို ကိုယ်တော် ပြုံးပြပေ။
ကိုယ်တော်၏ အသက် နှုတ်ကပတ်တော်များက ကျွန်ုပ် နှလုံးသားကို
အတွင်းထိ ရေလောင်းပေ၊ အတွင်းထိ ရေလောင်းပေ။
ကောင်းရာသို့ ပြောင်းလဲရင်း၊ ကျွန်ုပ်၏ နှလုံးသားက ကိုယ်တော်ကို မြတ်နိုးပေ။
ကျွန်ုပ်၏နှလုံးသာက မည်သည့်အချိန်တွင် ကိုယ်တော်၏ နှလုံးသားနှင့် တစ်ခုတည်း ဖြစ်လိမ့်မည်နည်း။