၆၈၉ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို တွေ့ကြုံရန်မှာ အဓိပ္ပါယ်အရှိဆုံးဖြစ်သည်

၁ လူအချို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံပြီးနောက်တွင် မတုန်မလှုပ်ဖြစ်သွားကြသည်၊ သူတို့သည် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် အားအင်အကုန်လုံး ကုန်ဆုံးပြီး အဆုံး၌ သူတို့၏ သစ္စာစောင့်သိမှုလည်း ကုန်ဆုံးလေ၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းမှာ သူတို့၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရကို သတိထားရှိမှု ကင်းမဲ့ခြင်းကြောင့် တစ်စိတ်တစ်ဒေသ ဖြစ်၍၊ ဤအရာက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကျိုးနွံနာခံမှု မရှိနိုင်ခြင်းကို ဖြစ်ပေါ်စေသည်။ ယင်းမှာ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း၏ အရေးပါမှုမှာ အဘယ်အရာ ဖြစ်သည်ကို သူတို့ မသိနားမလည်သေးခြင်းကြောင့်လည်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။ လူတို့အားလုံးက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းဆိုသည်မှာ သူတို့၏ ရလဒ်များသည် သတ်မှတ်ပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် အကယ်၍ သူတို့က ဘုရားသခင်အား သစ္စာစောင့်သိမှု အနည်းငယ်ကို ပိုင်ဆိုင်ပါက ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသင့် ဟူ၍လည်းကောင်း၊ အကယ်၍ သူတို့ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပါက၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းကို ညွှန်ပြခြင်း မရှိဟူ၍လည်းကောင်း လွဲမှားစွာ ယုံကြည်ကြသည်။ ထိုကဲ့သို့သော နားလည်မှုမှားခြင်းက လူများစွာတို့ကို ဘုရားသခင်အား “သစ္စာစောင့်သိမှု” မရှိဘဲ နေဝံ့စေသည်။ အမှန်မှာမူ အဆုံးတွင်၊ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လွန်စွာ လိမ်လည်လှည့်ဖြားသောကြောင့် ဖြစ်သည်၊ သူတို့သည် ဒုက္ခဆင်းရဲကို မခံလိုကြပေ။ လူတို့သည် ကောင်းချီးမင်္ဂလာများကို အလွယ်နည်းဖြင့်သာ ရယူလိုကြသည်။

၂ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သတိမမူမိကြချေ။ ယင်းမှာ သူသည် ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်ရသေးသောကြောင့် သို့မဟုတ် သူက ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ ပြုလုပ်နေခြင်း မဟုတ်သောကြောင့် မဟုတ်ချေ။ ယင်းက ဘုရားသခင် ပြုသောအရာကို ဖြောင့်မတ်သည်ဟု လူတို့က မည်သည့်အခါမျှ မယုံကြည်ကြသောကြောင့်သာ ဖြစ်သည်။ လူသား၏ အမြင်တွင် ဘုရားသခင်၏အမှုတော်သည် ၎င်းတို့၏ အလိုဆန္ဒများနှင့် မကိုက်ညီပါက သို့မဟုတ် သူတို့မျှော်မှန်းခဲ့သည့်အရာနှင့် ထပ်တူမကျပါက သူသည် မဖြောင့်မတ်ဟူ၍ဖြစ်သည်။ သို့သော်လည်း လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များမှာ မသင့်လျော်ဘဲ သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် သူတို့၏ လုပ်ဆောင်ချက်များက ဘုရားသခင်အား ဆန့်ကျင်ကြောင်းကိုလည်း မည်သည့်အခါမျှ သဘောမပေါက်ကြချေ။ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ပြစ်မှားခြင်းများအတွက် မည်သည့်အခါမျှ ကိုင်တွယ်ဖြေရှင်းခြင်း မရှိသကဲ့သို့ ပြုပြင်ခြင်းမရှိဘဲ သို့မဟုတ် ၎င်းတို့၏ အပြစ်များအတွက် ဘယ်သောအခါမျှ ပြစ်တင်ခြင်းမရှိဘဲ၊ ယင်းအစား ၎င်းတို့ကို မည်သည့်အခါမျှ စော်ကားခြင်း မရှိသကဲ့သို့၊ ၎င်းတို့၏ အမာရွတ်များကို ဖော်ထုတ်ခြင်း မရှိဘဲ၊ တည်ငြိမ်အေးဆေးကာ ၎င်းတို့ကို ကြင်နာပြီး၊ သူ့နှင့်အတူ ၎င်းတို့ကို အတူစားသောက်စေပြီး သူနှင့်အတူ ပျော်မွေ့ခွင့်ပေးလျှင်၊ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ ဘယ်သောအခါမျှ ညည်းညူလိမ့်မည်မဟုတ်၊ သို့မဟုတ် မဖြောင့်မတ်သောသူအဖြစ် သူ့ကို ဝေဖန်အကဲဖြတ်ကြလိမ့်မည် မဟုတ်ပေ။ ယင်းထက် သူသည် အလွန် ဖြောင့်မတ်ခဲ့သည်ဟု ၎င်းတို့က သူတော်ကောင်းယောင်ဆောင်လျက် အခိုင်အမာ ဆိုကြလိမ့်မည်။

၃ ထိုသို့သော လူတို့သည် ဘုရားသခင်ကို သိကြသလော။ ၎င်းတို့၏ အကြံအစည်များသည် သူ၏ အကြံအစည်များနှင့် လုံးဝ ကိုက်ညီနိုင်သလော။ ထိုကဲ့သို့သောလူတို့သည် ဘုရားသခင်အား စိုးရိမ်ခြင်းမှ မည်သို့ရပ်တန့်နိုင်စေမည်နည်း။ လူသားတို့ကို ဘုရားသခင်က တရားစီရင်သည့်အခါ၊ ပြုပြင်သည့်အခါနှင့် ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ သူ့ကို နာခံခြင်းနှင့် ချစ်ခြင်းတွင် ၎င်းတို့ အောင်မြင်နိုင်ဖို့အလို့ငှာ၊ သူက ၎င်းတို့၏ အသက်တာ စိတ်သဘောထားများကို သန့်စင်ပြီး ပြောင်းလဲဖို့ ကြိုးစားနေသည်ကို လူတို့က အရိပ်အမြွက် မသိကြပါ။ ဘုရားသခင် ဖြောင့်မတ်သည်ကို လူတို့ တကယ်ကို မယုံကြည်ကြပေ။ လူတို့နှင့်ပတ်သက်၍ ဘုရားသခင်သည် အနည်းငယ်မျှ ပြစ်တင်ဟန် ရှိလာသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် တိုး၍ အပျက်သဘောဆောင်ကြပြီး အားနည်းလာကာ သူနှင့်ပတ်သက်၍ စတင် ညည်းညူ လာကြလေသည်။ လူများ ပြောင်းလဲပြီးသည့်နောက်တွင် မိမိတို့ကိုယ်ကိုယ် မည်သို့ ဖော်ပြသည်ကို ဘုရားသခင်က ကြည့်သည်ကို ၎င်းတို့က ယုံကြည်ဖို့ ငြင်းပယ်ကြသည်။ ၎င်းတို့က ပြောင်းလဲခြင်းအား စိတ်ကိုမဝင်စားကြပေ။ သင်သည် ဤအခြေအနေဖြင့် ဆက်သွားလျှင်၊ သင်၏အယူအဆများအားဖြင့် လှည့်စားခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ သန့်စင်ခံရနိုင်လိမ့်မည် မဟုတ်သကဲ့သို့ စုံလင်ခံရနိုင်လိမ့်မည်လည်း မဟုတ်ပေ။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၈၈ မည်သည့်အရာကို ဘုရားပြုသည်ဖြစ်စေ အားလုံးသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့တည်းကျူး

နောက်တစ်ခုသို့- ၆၉၀ နာမကျန်းမှုက ထိုးနက်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို သင်ရှာဖွေရမည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။