၆၂၀ ဘုရားအလိုတော်ကို ထမ်းဆောင်ခြင်း၌ သင့်စိတ်နှလုံးကို မြှုပ်နှံထားလော့ကျူး

၁ ငါ၏ နှုတ်ကပတ်တော်နှင့်ပတ်သက်၍ အနည်းငယ်သော မရေရာခြင်း သို့မဟုတ် အရေးမထားခြင်းသည်ပင်လျှင် လက်ခံနိုင်ဖွယ် မဟုတ်ကြောင်း သင့်ကို ငါသတိပေးလိုသည်။ သင်သည် ငါ၏ ရည်ရွယ်ချက်များနှင့်အညီ အလေးဂရုပြုပြီး နာခံကာ၊ လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် အမြဲတမ်း နိုးကြားနေရမည်ဖြစ်ပြီး၊ မာနထောင်လွှားသော သို့မဟုတ် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု ယူမှတ်သော စိတ်သဘောထားကို လုံးဝ မပြသရပေ။ သင်၏အထဲ၌ ရှိနှင့်ပြီးသော ပင်ကို စိတ်သဘောထားဟောင်းကို စွန့်ပစ်ရန် သင်သည် အစဉ်အမြဲပင် ငါ့အပေါ် အမှီပြုရမည်။ သင်သည် ငါ၏ရှေ့တွင် သာမန်အခြေအနေကို အစဉ်အမြဲ ထိန်းသိမ်းထားနိုင်ရမည်ဖြစ်ပြီး၊ တည်ငြိမ်သော စိတ်သဘောထား ပိုင်ဆိုင်သင့်သည်။ သင်တို့၏ တွေးခေါ်ခြင်းသည် သင့်တင့်လျောက်ပတ်ပြီး ကြည်လင်ပြတ်သားကာ၊ မည်သည့်လူပုဂ္ဂိုလ်၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာတို့၏ ထိန်းချုပ်ခံရခြင်း သို့မဟုတ် တိမ်းညွတ်စေခြင်းကို မခံရသင့်ပေ။ သင်သည် ငါ၏မျက်မှောက်တွင် အစဉ်အမြဲ ငြိမ်သက်နိုင်စွမ်းရှိကာ၊ ငါနှင့် စဉ်ဆက်မပြတ် ရင်းနှီးကျွမ်းဝင်မှုနှင့် မိတ်သဟာယ ဖွဲ့ခြင်းကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ သင်သည် ကြံ့ခိုင်ခြင်းနှင့် အားမာန်ကို ပြသကာ၊ ငါအတွက် သင်၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်ရမည်ဖြစ်သည်။ ထ၍ ငါ၏ကိုယ်စား စကားပြောလော့၊ ထို့ပြင် အခြားသောလူတို့ ပြောကောင်းပြောမည့်အရာကို မကြောက်ရွံ့လေနှင့်။ ငါ၏ ရည်ရွယ်ချက်များကိုသာ ဖြည့်ဆည်းပြီး မည်သူ့ကိုမျှ သင့်အား ထိန်းချုပ်ခွင့် မပေးလေနှင့်။ သင့်အား ငါထုတ်ဖော်သောအရာကို ငါ၏ ရည်ရွယ်ချက်များနှင့်အညီ လိုက်နာရမည်ဖြစ်ပြီး၊ နှောင့်နှေးကြန့်ကြာ၍ မရပေ။

၂ ငါသည် သင်၏ ကိုးစားရာနှင့် သင်၏အကွယ်အကာဖြစ်ကာ၊ အရာခပ်သိမ်းသည် ငါ၏လက်ထဲတွင်ရှိသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်အရာကို ကြောက်သနည်း။ သင်သည် လွန်ကဲစွာ စိတ်လှုပ်ရှားနေသည် မဟုတ်လော။ သင်သည် သင်၏ စိတ်ခံစားမှုများကို တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားရမည်။ ငါသည် စိတ်ခံစားမှုကြောင့် လုပ်ဆောင်မှုမပြုဘဲ၊ ထိုအစား ဖြောင့်မတ်ခြင်းကို ကျင့်သုံးသည်။ ယုံကြည်ခြင်းရှိလော့။ ယုံကြည်ခြင်းရှိလော့။ ငါသည် သင်၏ အနန္တတန်ခိုးရှင် ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သင်၌ ထိုးထွင်းသိမြင်မှု တစ်စုံတစ်ရာ ရှိကောင်းရှိလိမ့်မည် ဖြစ်သော်လည်း၊ သင်သတိထားရဦးမည် ဖြစ်သည်။ အသင်းတော်၊ ငါ၏ အလိုတော်နှင့် ငါ၏စီမံခန့်ခွဲမှု အဖို့အလို့ငှာ သင်သည် အပြည့်အဝ ဆက်ကပ်အပ်နှံရမည်ဖြစ်ပြီး၊ အလုံးစုံသော နက်နဲရာများနှင့် ရလဒ်များကို သင့်အား ရှင်းလင်းစွာ တွေ့မြင်စေမည် ဖြစ်သည်။ နောက်ထပ်ကြန့်ကြာခြင်း ရှိတော့မည်မဟုတ်ဘဲ၊ နေ့ရက်ကာလတို့သည် အဆုံးသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။ သင်သည် အသက်တာ၌ ကြီးထွားလာပြီး ရင့်ကျက်ရန် မည်ကဲ့သို့ ကြိုးစားသင့်သနည်း။ သင်သည် သာ၍ဆောလျင်စွာ ငါ့အတွက် အသုံးဝင်လာစေရန် သင့်ကိုယ်သင် မည်ကဲ့သို့ ပြုလုပ်နိုင်သနည်း။ သင်သည် ငါ၏ အလိုတော်ကိုဆောင်ရွက်ရန် မည်ကဲ့သို့ ထောက်ကူမည်နည်း။ ဤမေးခွန်းများက များစွာသော ဆင်ခြင်တွေးတောခြင်းနှင့်၊ ငါနှင့် ပို၍နက်ရှိုင်းသော မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်သည်။ ငါ့ကိုအမှီပြုလော့၊ ငါ့ကိုယုံကြည်လော့၊ မည်သည့်အခါမျှ အရေးမထားခြင်း မရှိဘဲ ငါ၏ လမ်းညွှန်မှုနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်ရမည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၉)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၁၉ သမ္မာတရားအတွက် ကောင်းသည့် တိုက်ပွဲကို ဝင်လော့ကျူး

နောက်တစ်ခုသို့- ၆၂၁ မိမိစိတ်သဘောထား မပြောင်းလဲပါက ဘုရားကို အစေမခံနိုင်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၈၅၃ အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု

၁ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကိုအမှုတော်ဆောင်ရွက်ချိန်တိုင်း...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။