အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း
လူအများက ၎င်းတို့သည် အသင်းတော်အသက်တာ အတွင်းသာ ပြောင်းလဲနိုင်ကြပြီး အသင်းတော် အသက်တာအတွင်း မဟုတ်လျှင် ပြောင်းလဲခြင်းကို လက်တွေ့အသက်တာတွင် မရနိုင်သကဲ့သို့ ပြောင်းလဲနိုင်ခြင်း မရှိကြကြောင်း ခံစားရသည်။ ဤတွင် ပြဿနာကို သင်တို့ မြင်နိုင်သလော။ ဘုရားသခင်ကို လက်တွေ့အသက်တာအတွင်း ဆောင်ယူခြင်းအကြောင်းကို ယခင်က ငါ ဆွေးနွေးပြီးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများအတွက် ဤသည်မှာ ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုကို ဝင်ရောက်ရန် လမ်းကြောင်း ဖြစ်၏။ အမှန်မှာ အသင်းတော် အသက်တာသည် လူများကို စုံလင်အောင် ပြုလုပ်ပေးသည့် အကန့်အသတ်ရှိသော လမ်းခရီးမျှသာ ဖြစ်သည်။ လူများကို စုံလင်အောင် ပြုလုပ်ပေးသည့် မူလပတ်ဝန်းကျင်မှာ လက်တွေ့အသက်တာ ဖြစ်နေဆဲပင်တည်း။ ဤသည်မှာ ငါ ပြောခဲ့သည့် အမှန်တကယ်ဖြစ်သော ကျင့်သုံးခြင်းနှင့် အမှန်တကယ်ဖြစ်သော လေ့ကျင့်ခြင်း ဖြစ်ပြီး ယင်းတို့က လူများအား ပုံမှန်လူ့သဘာဝ အသက်တာတစ်ခုကို ရရှိစေကာ နေ့စဉ်ဘဝတွင် စစ်မှန်သော လူတစ်ယောက်ပုံသဏ္ဌာန်ကို ရှင်သန်နေထိုင်စေသည်။ တစ်ချက်မှာ လူတစ်ဦးသည် မိမိ၏ ပညာရေးအဆင့်ကို မြှင့်တင်ရန်၊ ဘုရားနှုတ်ကပတ်တော်ကို နားလည်ရန်နှင့် နားလည်မှုစွမ်းရည် ရရှိရန် လေ့လာရမည်ဖြစ်သည်။ အခြားတစ်ချက်မှာ လူတစ်ဦးသည် ကျင့်ကြံပြုမူခြင်း၏ အခြေခံအသိ ရှိထားရမည်ဖြစ်ပြီး ပုံမှန်လူ့သဘာဝ၏ ထိုးထွင်းအသိနှင့် ဆင်ခြင်တုံတရားတို့ကို ရရှိရမည်။ အကြောင်းမှာ လူအများသည် ဤနယ်ပယ်များတွင် လုံးဝနီးပါး ကင်းမဲ့နေခြင်းကြောင့် ဖြစ်၏။ ထို့ပြင် လူတစ်ဦးသည် အသင်းတော်အသက်တာမှတစ်ဆင့် ဘုရားနုတ်ကပတ်တော်ကိုလည်း အရသာခံတတ်လာရမည်ဖြစ်ပြီး တဖြည်းဖြည်းနှင့် သမ္မာတရားကို ရှင်းလင်းစွာ နားလည်လာရမည်ဖြစ်သည်။
ဘုရားသခင်ကို ယုံကြည်ရာ၌ ဘုရားသခင်ကို လက်တွေ့အသက်တာ အတွင်းသို့ ဆောင်ယူရမည်ဟု အဘယ်ကြောင့် ဆိုသနည်း။ လူများကို ပြောင်လဲပေးသည်မှာ အသင်းတော်အသက်တာသာ မဟုတ်ချေ။ ပို၍ အရေးကြီးသည်မှာ လက်တွေ့အသက်တာသည် လူအများအား လက်တွေ့ကျမှုကို ဝင်ရောက်နိုင်စေသည်။ သင်တို့သည် ဝိညာဉ်ရေးရာ အခြေအနေနှင့် ဝိညာဉ်ရေးရာ အရေးကိစ္စများအကြောင်း အမြဲ ပြောဆိုခဲ့ကြသည်။ သို့ရာတွင် လက်တွေ့အသက်တာရှိ အမှုအရာများစွာနှင့် ပတ်သက်လာလျှင် လေ့ကျင့်ခြင်းနှင့် ဝင်ရောက်ခြင်းတို့ကို အာရုံစိုက်မှု နည်းခဲ့သည်။ သင်သည် နေ့တိုင်း စာရေးခဲ့သည်၊ နေ့တိုင်း နားထောင်ခဲ့သည်၊ ပြီးလျှင် နေ့တိုင်း စာဖတ်ခဲ့သည်။ သင်သည် ထမင်းချက်နေစဉ်တွင်ပင် “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်ထံ၌ ကျွန်ုပ်၏ အသက်တာ ဖြစ်ပါစေ။ ကျွန်ုပ်အား ကောင်းချီးပေးတော်မူပြီး ယနေ့ကို မည်သို့ ဖြတ်သန်းသင့်ပုံကို သင်က ကျွန်ုပ်အား ဉာဏ်အလင်းပေးတော်မူပါ။ ယနေ့နှင့်ပတ်သက်၍ ကျွန်ုပ်အား ကိုယ်တော်က မည်သည့်အရာကို ဉာဏ်အလင်းပေးတော်မသည်ဖြစ်စေ၊ ကိုယ်တော့်နှုတ်ကပတ်တော်သည် ကျွန်ုပ်အသက်တာအဖြစ် လုပ်ဆောင်နိုင်စေရန် ကျေးဇူးပြု၍ ယခုအချိန်တွင် ယင်းကို နားလည်နိုင်ခွင့် ပေးသနားတော်မူပါ။” ဟု ဆုတောင်းခဲ့သည်။ သင်သည် ညစာစားနေချိန်တွင်လည်း “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်အား ဤထမင်းဟင်းကို ပေးသနားတော်မူလေပြီ။ ကျွန်ုပ်တို့အား ကောင်းချီးပေးတော်မူပါ။ အာမင်။ ကိုယ်တော့်ထံပါး ကျွန်ုပ်တို့ နေပါရစေ။ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ရှိနေပါစေ။ အာမင်။” ဟု ဆုတောင်းခဲ့သည်။ သင်သည် ညစာစားပြီးနောက် ပန်းကန်ဆေးနေစဉ် “ဘုရားသခင်၊ ကျွန်ုပ်သည် ဤပန်းကန်လုံး ဖြစ်၏။ ကျွန်ုပ်တို့ကို စာတန်က ဖောက်ပြန်ပျက်စီးစေရန်ပြုလုပ်ခဲ့သဖြင့် ကျွန်ုပ်တို့သည် အသုံးပြုပြီး၍ ရေနှင့် ဆေးကြောသန့်စင်ရမည့် ပန်းကန်လုံးများနှင့် တထေရာတည်း တူနေပါသည်။ ကိုယ်တော်သည် ရေ ဖြစ်သည်။ ကိုယ်တော့်နှုတ်ကပတ်တော်သည် ကျွန်ုပ်အသက်တာကို ပေးသော သက်စမ်းရေ ဖြစ်သည်။” ဟု တောင်စဉ်ရေမရ စပြောခဲ့သည်။ သင် သတိမထားမိခင်တွင်ပင် အိပ်ရာဝင်ချိန် ရောက်ခဲ့ပြီ။ ထို့နောက် သင်က “ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးခဲ့ပြီး တစ်နေ့တာလုံး လမ်းညွှန်ပေးခဲ့သည်။ ကိုယ်တော့်ကို ကျွန်ုပ် အမှန်တကယ် ကျေးဇူးတင်ပါသည်။...” ဟု တစ်ဖန် တောင်စဉ်ရေမရ စတင်ပြောဆိုပြန်သည်။ ဤသည်မှာ သင် တစ်နေ့တာလုံး ကုန်ဆုံးသည့် ပုံစံ ဖြစ်သည်။ ထို့နောက်တွင် သင် အိပ်စက်သည်။ လူအများစုက နေ့စဉ် ဤအတိုင်း နေထိုင်ကြသည်။ ယခုအခါ၌ပင် ၎င်းတို့သည် အမှန်တကယ် ဝင်ရောက်မှုကို လျစ်လျူရှုပြီး ၎င်းတို့၏ ဆုတောင်းမှုများတွင် နှုတ်က ရေရွတ်ခြင်းကိုသာ အာရုံစိုက်ကြသည်။ ဤသည်မှာ ၎င်းတို့၏ ယခင်အသက်တာ၊ ၎င်းတို့၏ အသက်တာဟောင်း ဖြစ်သည်။ ပြီးလျှင် အများစုမှာ ဤအတိုင်း ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် လေ့ကျင့်မှု တစ်စုံတရာမျှ မရှိကြပေ။ ထို့ပြင် ၎င်းတို့သည် စစ်မှန်သော ပြောင်းလဲမှုများ အနည်းအကျဉ်းကို ကြုံတွေ့ရသည်။ ၎င်းတို့သည် ဆုတောင်းမှုများတွင် နှုတ်ကသာ ရေရွတ်နေပြီး ဘုရားသခင်ထံ စကားအားဖြင့်သာ တိုးဝင်ချဉ်းကပ်ကာ ၎င်းတို့၏ နားလည်မှုကမူ လုံးဝ နက်ရှိုင်းလာခြင်း မရှိပေ။ အရိုးရှင်းဆုံး ဥပမာဖြစ်သော အိမ်သန့်ရှင်းရေး လုပ်ခြင်းကို ကြည့်ကြပါစို့။ သင့်အိမ် ညစ်ပတ်နေသည်ကို သင် မြင်ပြီး ထိုနေရာတွင် ထိုင်၍ “ဘုရားသခင်၊ စာတန်က ကျွန်ုပ်ကို မည်မျှ နက်နဲစွာ အကျင့်ပျက်သွားစေခဲ့သည်ကို ကြည့်ပါလော့။ ကျွန်ုပ်သည် ဤအိမ်ကဲ့သို့ ညစ်ပတ်နေပါ၏။ ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော့်အား အမှန်တကယ် ချီးမွမ်းပြီး ကျေးဇူးတင်ပါ၏။ ကိုယ်တော်၏ ကယ်တင်မှုနှင့် ဉာဏ်အလင်းပြမှုတို့ မရှိလျှင် ကျွန်ုပ် ဤအချက်ကို နားလည်သဘောပေါက်ခဲ့မည် မဟုတ်ပါ။” ဟု ဆုတောင်းသည်။ သင်သည် ထိုနေရာတွင် ထိုင်၍ တောင်စဉ်ရေမရ လျှောက်ပြောကာ အချိန်ကြာရှည်စွာ ဆုတောင်းရုံ ဆုတောင်းနေပြီး ထို့နောက်တွင် သင်သည် တောင်စဉ်ရေမရ လျှောက်ပြောနေသော အဘွားကြီးတစ်ဦးကဲ့သို့ ဘာမှမဖြစ်ခဲ့သလို ပြုမူနေလိုက်သည်။ သင်သည် ဝိညာဉ်ရေးရာ အသက်တာကို အမှန်တကယ် စစ်မှန်သော ဝင်ရောက်မှု လုံးဝ မရှိဘဲ အပေါ်ယံ လက်တွေ့လုပ်ဆောင်မှု အလွန်အကျွံဖြင့် ဤလမ်းစဉ်အတိုင်း ဖြတ်သန်းသည်။ လက်တွေ့အသက်တာ လေ့ကျင့်မှုကို ဝင်ရောက်ခြင်းတွင် လူအများ၏ တကယ့်အသက်တာများနှင့် ၎င်းတို့၏ လက်တွေ့အသက်တာ အခက်အခဲများ ပါဝင်သည်။ ဤသည်မှာ ၎င်းတို့ ပြောင်းလဲသည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ လက်တွေ့အသက်တာ မရှိဘဲ လူများကို မပြောင်းလဲစေနိုင်ပါ။ ဆုတောင်းရာတွင် နှုတ်မှ တဖွဖွ ဆုတောင်းနေရုံဖြင့် အဘယ်အကျိုး ရှိမည်နည်း။ လူ့သဘာဝကို နားလည်ခြင်း မရှိလျှင် အရာခပ်သိမ်းသည် အချိန်ဖြုန်းခြင်း ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းတစ်ခု မရှိလျှင် ပို၍ပင် အချည်းနှီးအားထုတ်မှုဖြစ်သည်။ သာမန်ဆုတောင်းမှုသည် လူများအား ပုံမှန်အတွင်းစိတ် အခြေအနေကို ထိန်းသိမ်းဖြစ်အောင် ကူညီပေးနိုင်သည်။ သို့ရာတွင် ၎င်းတို့ကို ယင်းက လုံးလုံးလျားလျား ပြောင်းလဲနိုင်ခြင်း မရှိပေ။ လူတို့၏ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှု၊ မာနထောင်လွှားမှု၊ ဂုဏ်မောက်မှု၊ ဘဝင်မြင့်မှုတို့ကို သိရှိခြင်းနှင့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိခြင်းတို့ဖြစ်သည့် ဤအမှုအရာများကို သိရှိခြင်းသည် ဆုတောင်းခြင်းဖြင့် ရောက်မလာပေ။ ၎င်းတို့သည် ဘုရားနုတ်ကပတ်တော်ကို အရသာခံခြင်းဖြင့် ရှာဖွေတွေ့ရှိနိုင်သည်။ ၎င်းတို့ကို လက်တွေ့အသက်တာတွင် သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပြမှုကြောင့် သိရှိသည်။ ယနေ့ခေတ် လူများအားလုံးသည် အတော်အတန် ကောင်းစွာ စကားပြောဆိုနိုင်ကြပြီး ခေတ်အဆက်ဆက်၊ မျိုးဆက်အဆက်ဆက်တစ်လျှောက်ရှိ အခြားမည်သည့်တရားတော်များထက်မဆို ပို၍ မြင့်မြတ်သော၊ အမြင့်မြတ်ဆုံး တရားတော်များကို ၎င်းတို့ နားထောင်ဖူးကြပေပြီ။ သို့ရာတွင် ယင်း၏ အနည်းအကျဉ်းကိုသာ ၎င်းတို့၏ လက်တွေ့ အသက်တာများတွင် အမှန်တကယ် အကောင်အထည်ဖော်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ လက်တွေ့ အသက်တာတွင် ဘုရားသခငမရှိ။ ပြောင်းလဲပြီးနောက်တွင် ၎င်းတို့သည် လူသစ်တစ်ဦး၏ အသက်တာကို နေထိုင်ခြင်း မရှိပေ။ ၎င်းတို့သည် လက်တွေ့အသက်တာတွင် အသက်ရှင် နေထိုင်ခြင်း မပြုကြသကဲ့သို့ လက်တွေ့အသက်တာထဲသို့ ဘုရားသခင်ကို ဆောင်ယူလာခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် ငရဲ၏ သားသမီးများကဲ့သို့ နေထိုင်ကြသည်။ ဤသည်မှာ သိသာထင်ရှားသော လမ်းလွဲခြင်း မဟုတ်လော။
ပုံမှန်လူတစ်ဦး၏ ပုံသဏ္ဌာန်ကို ပြန်ရစေရန်၊ ဆိုလိုသည်မှာ ပုံမှန်လူ့သဘာဝကို ရရှိရန် လူများသည် ဘုရားသခင်ကို စကားဖြင့်သာ ကျေနပ်စေရုံမျိုး မလုပ်ဆောင်နိုင်ပါ။ ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရာတွင် မိမိကိုယ်ကိုယ်သာ ဘေးဖြစ်စေပြီး ယင်းသည် ၎င်းတို့၏ ဝင်ရောက်မှု သို့မဟုတ် ပြောင်းလဲမှုကို အကျိုးမရှိစေပါ။ သို့ဖြစ်ရာ ပြောင်းလဲမှု ရရှိစေရန် လူများက တဖြည်းဖြည်း လေ့ကျင့်ရမည် ဖြစ်သည်။ ၎င်းတို့သည် တဖြည်းဖြည်း ဝင်ရောက်ခြင်း၊ နည်းနည်းချင်းစီ ရှာဖွေပြီး စူးစမ်းလေ့လာခြင်း၊ အပြုသဘောဆောင်သည့် ဘက်မှ ဝင်ရောက်ခြင်းနှင့် သမ္မာတရားရှိသော လက်တွေ့ကျသည့် အသက်တာ၊ သူတော်စင်တစ်ဦး၏ အသက်တာကို နေထိုင်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်သည်။ အနာဂတ်တွင် စစ်မှန်သော အမှုအရာများ၊ စစ်မှန်သော ဖြစ်ရပ်များနှင့် စစ်မှန်သော ပတ်ဝန်းကျင်များသည် လူများကို အမှန်တကယ်ဖြစ်သော လေ့ကျင့်မှုကို ရရှိစေမည်ဖြစ်သည်။ လူများသည် အမှုအရာများကို နှုတ်ဖြင့် ပြောဆိုနေစရာ မလိုအပ်ပေ။ ထိုအစား တကယ့်ပတ်ဝန်းကျင်များဖြင့် လေ့ကျင့်ရပါမည်။ လူများသည် ပထမဦးစွာ ၎င်းတို့ အစွမ်းအစ ညံ့ဖျင်းကြောင်း သိနားလည်လာကြသည်။ ထို့နောက် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို ပုံမှန် စားသောက်ပြီး ပုံမှန် ဝင်ရောက်ကာ လေ့ကျင့်ခြင်းလည်း လုပ်ဆောင်သည်။ ဤနည်းအားဖြင့်သာ ၎င်းတို့တွင် လက်တွေ့ကျမှု ရှိနိုင်ပြီး ဤသည်မှာ ဝင်ရောက်မှု ပို၍ပင် လျင်မြန်စွာ ဖြစ်နိုင်သည့် ပုံစံ ဖြစ်သည်။ လူများကို ပြောင်းလဲရန် စစ်မှန်မှုသွင်ပြင်လက္ခဏာတစ်ခုခု ရှိရမည်။ ၎င်းတို့ကို အမှန်တကယ်ဖြစ်သော အမှုအရာများ၊ အမှန်တကယ်ဖြစ်သော ဖြစ်ရပ်များနှင့် အမှန်တကယ်ဖြစ်သော ပတ်ဝန်းကျင်များမှတစ်ဆင့် လေ့ကျင့်ရမည်။ လူတစ်ဦးသည် အသင်းတော် အသက်တာတစ်ခုတည်းကိုသာ မှီခိုနေခြင်းဖြင့် စစ်မှန်သော လေ့ကျင့်မှု ရရှိနိုင်မည်လော။ လူများသည် ဤနည်းအားဖြင့် လက်တွေ့ကျမှုကို ဝင်ရောက်နိုင်မည်လော။ မဝင်ရောက်နိုင်ပါ။ လူများသည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်လျှင် ၎င်းတို့၏ ဘဝနေနည်း ပုံစံဟောင်းနှင့် အမှုအရာများ လုပ်ဆောင်သည့် နည်းလမ်းများကို ပြောင်းလဲနိုင်သည်။ ဤသည်မှာ လူများ ပျင်းရိခြင်းကြောင့် အလုံးစုံ မဟုတ်သလို မှီခိုအားကိုးမှုအဆင့် မြင့်မားခြင်းကြောင့်လည်း အလုံးစုံ မဟုတ်ချေ။ ယင်းသည် လူများတွင် ရှင်သန်ခြင်းအတွက် လုပ်နိုင်စွမ်း မရှိခြင်းကြောင့်သာ ဖြစ်သည်။ ဘုရားသခင်က လူများထံမှ တောင်းဆိုသော သာမန်လူတစ်ဦး၏ ပုံသဏ္ဌာန်အတွက် မည်သို့သော စံနှုန်း ရှိကြောင်းကို ၎င်းတို့ နားလည်ဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ ရှေးယခင်က လူများသည် ပြောဆိုခြင်း၊ စကားပြောခြင်း၊ မိတ်သဟာယဖွဲ့ခြင်းတို့ကို အမြဲ လုပ်ဆောင်နေခဲ့ကြပြီး ၎င်းတို့သည် “အဟောအပြော ကောင်းသူများ” ပင် ဖြစ်လာခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့အနက် မည်သူကမျှ ၎င်းတို့အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုကို မလိုက်စားခဲ့ကြပေ။ ထိုအစား ၎င်းတို့သည် အလွန် လေးနက်သော သဘောတရားများကို ဆက်တိုက် လိုက်စားခဲ့ကြသည်။ ထို့ကြောင့် ယနေ့အခါတွင် လူများသည် ၎င်းတို့အသက်တာများတွင် ဘုရားသခင်အပေါ် ယုံကြည်ခြင်းဆိုင်ရာ ဤဘာသာရေးပုံစံကို ပြောင်းလဲရမည်။ ၎င်းတို့သည် ဖြစ်ရပ်တစ်ခု၊ အမှုအရာတစ်ခု၊ လူတစ်ဦးကို အာရုံစိုက်ခြင်းဖြင့် ဝင်ရောက် လေ့ကျင့်ရမည်။ ၎င်းတို့သည် ယင်းကို အာရုံစိုက်၍ လုပ်ဆောင်ရမည်။ သို့မှသာ ၎င်းတို့သည် ရလဒ်များ ရရှိနိုင်မည်ဖြစ်သည်။ လူများ ပြောင်းလဲစေရန် ၎င်းတို့သည် အနှစ်သာရအားဖြင့် ပြောင်းလဲရမည်။ အလုပ်သည် လူများ၏ အနှစ်သာရ၊ ၎င်းတို့ နေထိုင်မှုပုံစံအပြင် ၎င်းတို့၏ ပျင်းရိမှု၊ မှီခိုအားကိုးမှုနှင့် မျက်လုံးစုံမှိတ်ပြီး လက်ခံမှုတို့ကိုလည်း ရည်ရွယ်ထားရမည်။ ဤနည်းလမ်းဖြင့်သာ ၎င်းတို့ ပြောင်းလဲနိုင်ပေမည်။
အသင်းတော်အသက်တာသည် နယ်ပယ်အချို့တွင် ရလဒ်များ ထွက်ပေါ်စေနိုင်လျှင်ပင် လက်တွေ့အသက်တာက လူများကို ပြောင်းလဲစေနိုင်သည်မှာ အဓိကအချက် ဖြစ်နေဆဲ ဖြစ်သည်။ လူတစ်ဦး၏ သဘာဝဟောင်းကို လက်တွေ့အသက်တာ မပါဘဲ ပြောင်းလဲနိုင်ခြင်း မရှိပေ။ ဥပမာအားဖြင့် ကျေးဇူးတော်ခေတ်က ယေရှု၏ လုပ်ဆောင်မှုကို ကြည့်ကြပါစို့။ ယေရှုသည် ယခင်ဥပဒေများကို ဖျက်သိမ်း၍ ခေတ်သစ်၏ ပညတ်တော်များကို တည်ထောင်သည့်အခါ လက်တွေ့အသက်တာမှ အမှန်တကယ်ဖြစ်သော ဥပမာများကို အသုံးပြု၍ ပြောဆိုသည်။ ဥပုသ်နေ့တစ်နေ့တွင် ယေရှုသည် တမန်တော်များကို ဦးဆောင်၍ ဂျုံခင်းကို ဖြတ်သွားနေစဉ် တပည့်တော်များသည် ဗိုက်ဆာလာ၍ ဂျုံနှံများကို ခူးကာ စားကြသည်။ ဖာရိရှဲများက ယင်းကို မြင်ပြီး ၎င်းတို့သည် ဥပုသ်စောင့်ခြင်း မရှိကြောင်း ဆိုကြသည်။ လူများသည် ဥပုသ်စောင့်နေစဉ် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ရကြောင်း ပြောပြီး တွင်းထဲ ကျသွားသော နွားသူငယ်ကို ကယ်တင်ဖို့ ဥပုသ်စောင့်နေစဉ်ကာလတွင် ခွင့်ပြုမထားကြောင်းလည်း ၎င်းတို့က ဆိုကြသည်။ ယေရှုက ဤဖြစ်ရပ်များကို ကိုးကား၍ ခေတ်သစ်ပညတ်တော်များကို တဖြည်းဖြည်း ပြဋ္ဌာန်းခဲ့သည်။ ထိုအချိန်တွင် သူသည် လူများ နားလည်ပြီး ပြောင်းလဲအောင် ကူညီဖို့ စစ်မှန်သော အရေးကိစ္စများစွာကို အသုံးပြုခဲ့သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အလုပ်ကို လုပ်ဆောင်သည့် စည်းမျဉ်း ဖြစ်ပြီး ယင်းသည် လူများကို ပြောင်းလဲစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ စစ်မှန်သော အရေးကိစ္စများ မရှိဘဲ လူများက အယူဝါဒများကို နားလည်မှုသာ ရှိပြီး အမှုအရာများကို ဉာဏ်ဖြင့်သာ နားလည်သဘောပေါက်နိုင်သည်ဆိုလျှင် ဤသည်မှာ လူများကို ပြောင်းလဲရန် ထိရောက်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ လေ့ကျင့်မှုမှတစ်ဆင့် ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှု ရရှိခြင်းနှင့် ပတ်သက်၍ ယင်းသည် မည်သို့ ဖြစ်လာသနည်း။ လူများသည် နားထောင်ခြင်း၊ ဖတ်ရှုခြင်း၊ အမှုအရာအချို့ကို နားလည်ရန် ကြိုးစားခြင်းတို့ကို လုပ်ဆောင်ရုံမျှဖြင့် ဉာဏ်ပညာနှင့် ထိုးထွင်းသိမြင်မှုတို့ ရရှိနိုင်သလော။ ဤသည်မှာ မည်သို့ ဖြစ်နိုင်သနည်း။ လူများသည် လက်တွေ့အသက်တာတွင် နားလည်ပြီး တွေ့ကြုံရမည်။ ထို့ကြောင့် လူတစ်ဦးသည် လေ့ကျင့်ရမည်ဖြစ်ပြီး လက်တွေ့အသက်တာနှင့် ကင်းကွာမနေရပေ။ လူများသည် သွင်ပြင်လက္ခဏာအမျိုးမျိုးကို အာရုံစိုက်ရမည်ဖြစ်ပြီး ပညာရေးအဆင့်၊ ခံစားမှုကို ထိထိမိမိ ပြနိုင်ခြင်း၊ အမှုအရာများကို မြင်နိုင်စွမ်း၊ ပိုင်းခြားသိမြင်မှု၊ ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်စွမ်း၊ အခြေခံအသိဉာဏ်နှင့် လူ့သဘာဝ၏ စည်းကမ်းချက်များနှင့် လူများ၌ ရှိထားရမည့် လူ့သဘာဝဆိုင်ရာ အခြားအမှုအရာများဟူသည့် သွင်ပြင်လက္ခဏာအမျိုးမျိုးတွင် ဝင်ရောက်မှု ရှိရမည်။ နားလည်မှုကို ရရှိပြီးနောက် လူများသည် ဝင်ရောက်မှုကို အာရုံစိုက်ရမည်။ ထို့နောက်မှသာ ပြောင်းလဲမှုကို ရရှိနိုင်၏။ လူတစ်ဦးသည် နားလည်မှု ရရှိသွားသော်လည်း လက်တွေ့လုပ်ဆောင်မှုကို လျစ်လျူရှုထားလျှင် ပြောင်းလဲမှုသည် မည်သို့ ဖြစ်နိုင်မည်နည်း။ ယခုအခါတွင် လူများသည် များစွာ နားလည်ကြသော်လည်း ၎င်းတို့သည် ယင်းကို အမှန်တကယ် အသက်ရှင် နေထိုင်ခြင်း မရှိထားကြပေ။ သို့ဖြစ်ရာ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို နားလည်မှု အနည်းအကျဉ်းသာ ရှိကြသည်။ သင်သည် မဖြစ်စလောက်မျှသာ အသိဉာဏ် ပွင့်လင်းသွားသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အလင်းပေးခြင်း အနည်းငယ်ကို ရရှိသွားသော်လည်း လက်တွေ့အသက်တာတွင် ဝင်ရောက်ခြင်း မရှိပေ၊ သို့တည်းမဟုတ် သင်သည် ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ ဂရုပင် မစိုက်ကောင်းမစိုက်နိုင်ပေ။ သို့ဖြစ်ရာ သင်သည် ပြောင်းလဲမှု များစွာ မကြုံတွေ့ရချေ။ ထိုသို့ အချိန်အကြာကြီး ကြာမြင့်ပြီးနောက်တွင် လူများသည် များစွာ နားလည်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အယူဝါဒများဆိုင်ရာ အသိနှင့်ပတ်သက်၍ များစွာ ပြောဆိုနိုင်ကြသော်လည်း ၎င်းတို့၏ ပြင်ပ စိတ်သဘောထားမှာ ယခင်အတိုင်း ဆက်လက်ရှိနေပြီး ၎င်းတို့၏ မူလအစွမ်းအစမှာ ယခင်အတိုင်း ဆက်ရှိနေကာ အနည်းငယ်မျှပင် တိုးတက်မှု မရှိပါ။ ဤသို့ ဖြစ်နေလျှင် သင်သည် နောက်ဆုံး၌ မည်သည့်အချိန်တွင် ဝင်ရောက်မည်နည်း။
အသင်းတော်အသက်တာသည် ဘုရားနှုတ်ကပတ်တော်များကို အရသာခံရန် လူများ စုဝေးသည့် အသက်တာတစ်မျိုးသာ ဖြစ်ပြီး ယင်းသည် လူတစ်ဦးအသက်တာ၏ အစငယ်လေးတစ်ခုသာ ဖြစ်၏။ လူများ၏ လက်တွေ့အသက်တာသည် ၎င်းတို့၏ အသင်းတော်အသက်တာနှင့်လည်း တူနိုင်ပြီး ဘုရားနှုတ်ကပတ်တော်များကို ပုံမှန် အရသာခံခြင်း၊ ပုံမှန် ဆုတောင်း၍ ဘုရားနှင့် နီးကပ်စွာ နေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း အရာခပ်သိမ်းကို လုပ်ဆောင်သော လက်တွေ့အသက်တာတစ်ခုကို နေထိုင်ခြင်း၊ သမ္မာတရားနှင့်အညီ အရာခပ်သိမ်းကို လုပ်ဆောင်သော လက်တွေ့အသက်တာတစ်ခုကို နေထိုင်ခြင်း၊ ဆုတောင်းမှုကို လက်တွေ့လုပ်ဆောင်၍ ဘုရားသခင်ရှေ့တွင် တိတ်ဆိပ်စွာ နေမှုကို လက်တွေ့လုပ်ဆောင်သည့်၊ ဓမ္မတေးများကို သီဆို၍ ကခြင်းကို လက်တွေ့လုပ်ဆောင်သည့် လက်တွေ့အသက်တာတစ်ခုကို နေထိုင်ခြင်းတို့ကို ပုံမှန် လုပ်ဆောင်သော ပုံမှန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု ပါဝင်နိုင်လျှင် ဤသည်မှာ ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော် ရှိသည့် အသက်တာတစ်ခုသို့ ဆောင်ယူပေးသည့် တစ်ခုတည်း အသက်တာမျိုး ဖြစ်သည်။ လူအများစုသည် ၎င်းတို့ အသင်းတော်အသက်တာ၏ နာရီအချို့အတွင်း ၎င်းတို့၏ အခြေအနေကိုသာ အာရုံစိုက်ပြီး ထိုနာရီများပြင်ပရှိ ၎င်းတို့၏ အသက်တာသည် ၎င်းတို့အတွက် စိုးရိမ်ပူပန်စရာ မရှိသကဲ့သို့ “ဂရုစိုက်ခြင်း” မရှိကြပေ။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်နေချိန်၊ ဓမ္မတေးများ သီဆိုနေချိန် သို့မဟုတ် ဆုတောင်းနေချိန်တွင်သာ သူတော်စင်များအသက်တာကို ဝင်ရောက်ပြီး ယင်းနောက် ထိုအချိန်များပြင်ပတွင် ၎င်းတို့၏ နဂိုအခြေအနေအတိုင်း ပြန်ရောက်သွားကြသော လူများစွာလည်း ရှိသည်။ ဤသို့ နေထိုင်ခြင်းသည် လူများအား ဘုရားသခင်ကို သိစေရန်ကို မဆိုထားနှင့်။ ၎င်းတို့ကို လုံးဝ ပြောင်းလဲခြင်းပင် မလုပ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူများသည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲမှုကို လိုလားလျှင် ၎င်းတို့သည် လက်တွေ့အသက်တာမှ မိမိကိုယ်ကိုယ် ခွဲထုတ်ထားခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် တဖြည်းဖြည်း ပြောင်းလဲမှု မရရှိနိုင်မီ အမှုအရာအားလုံးတွင် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် ပုန်ကန်ရမည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်၊ ထို့ပြင် စည်းမျဉ်းများ၊ အခြေခံအသိဉာဏ်နှင့် ကျင့်ကြံပြုမူမှုစည်းကမ်းချက်များကို သင်ယူရမည်။ သင်သည် အယူဝါဒဆိုင်ရာ အသိကိုသာ အာရုံစိုက်ပြီး လက်တွေ့ကျမှုအတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်ခြင်းလည်း မရှိ၊ လက်တွေ့အသက်တာအတွင်း ဝင်ရောက်ခြင်းလည်း မရှိဘဲ ဘာသာရေးထုံးတမ်းဓလေ့ရှိသော အသက်တာတစ်ခုကိုသာ နေထိုင်လျှင် သင်သည် လက်တွေ့ကျမှုကို မည်သည့်အခါမှ ဝင်ရောက်မည်မဟုတ်ပေ၊ သင်သည် သင့်ကိုယ်သင်၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမှ သိမည် မဟုတ်ပေ၊ ထို့ပြင် သင်သည် ထာဝရ မျက်စိကန်းပြီး မသိနားမလည်ဖြစ်နေမည်ဖြစ်သည်။ လူများကို ကယ်တင်သည့် ဘုရားသခင်၏ အလုပ်သည် ၎င်းတို့ကို အချိန်တိုအတွင်း သာမန်လူ့ဘဝကို နေထိုင်ခွင့်ပြုရန် မဟုတ်သလို ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အယူဝါဒများကို ပြောင်းလဲရန်လည်း မဟုတ်ပေ။ ထိုထက် သူ၏ ရည်ရွယ်ချက်သည် လူများ၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲရန်၊ ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံဟောင်းကို လုံးဝ ပြောင်းလဲရန်နှင့် ၎င်းတို့၏ မတိုးတက်သော စဉ်းစားတွေးခေါ်မှုနှင့် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အမြင်တို့ကို အလုံးစုံ ပြောင်းလဲပစ်ရန် ဖြစ်သည်။ အသင်းတော်အသက်တာကိုသာ အာရုံစိုက်ခြင်းသည် လူများ၏ အသက်တာ အကျင့်ဟောင်းများကို ပြောင်းလဲပေးမည်မဟုတ်သလို ၎င်းတို့ အချိန်ကြာမြင့်စွာ နေထိုင်လာသည့် ပုံစံဟောင်းများကိုလည်း ပြောင်းလဲသွားစေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ လူများသည် လက်တွေ့အသက်တာနှင့် ကင်းကွာသွားခြင်း မရှိရပေ။ ဘုရားသခင် တောင်းဆိုသည်မှာ လူများသည် အသင်းတော်အသက်တာတွင်သာမက လက်တွေ့အသက်တာတွင်လည်း ပုံမှန် လူ့သဘာဝကို အသက်ရှင် နေထိုင်ရန်၊ ၎င်းတို့သည် အသင်းတော်အသက်တာတွင်သာမက လက်တွေ့အသက်တာတွင်လည်း သမ္မာတရားကို အသက်ရှင် နေထိုင်ရန်နှင့် ၎င်းတို့သည် အသင်းတော်အသက်တာတွင်သာမက လက်တွေ့အသက်တာတွင်လည်း ၎င်းတို့၏ လုပ်ငန်းများကို ကျေပွန်အောင် ဆောင်ရွက်ရန် ဖြစ်သည်။ လက်တွေ့ကျမှုကို ဝင်ရောက်ရန် လူတစ်ဦးသည် အရာရာတိုင်းကို လက်တွေ့အသက်တာဆီသို့ ပြောင်းလဲပေးရမည်။ ဘုရားသခင်ကို ယုံကြည်ရာ၌ လူများသည် လက်တွေ့အသက်တာကို ဝင်ရောက်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ့်ကိုယ် သိရှိလာနိုင်ခြင်း မရှိလျှင်၊ ထို့ပြင် ၎င်းတို့သည် လက်တွေ့အသက်တာတွင် ပုံမှန် လူ့သဘာဝကို အသက်ရှင် နေထိုင်နိုင်ခြင်း မရှိလျှင် ၎င်းတို့သည် ရှုံးနိမ့်သူများ ဖြစ်လာပေမည်။ ဘုရားသခင်ကို ပုန်ကန်သူများသည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သည့် လူခပ်သိမ်း ဖြစ်သည်။ ၎င်းတို့သည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း မကောင်းဆိုးဝါးများ၏ သဘာဝကို အသက်ရှင် နေထိုင်သော လူခပ်သိမ်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအကြောင်း ပြောဆိုကြသော်လည်း ထိုအစား အယူဝါဒများကို အသက်ရှင် နေထိုင်သော လူခပ်သိမ်း ဖြစ်သည်။ လက်တွေ့အသက်တာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်က ပစ်ပယ်ခြင်းကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာတွင် သင်၏ ဝင်ရောက်မှုကို လက်တွေ့လုပ်ဆောင်ရမည်၊ သင့်ကိုယ်ပိုင်ချို့ယွင်းချက်များ၊ ပုန်ကန်မှုနှင့် ရူးမိုက်မှုတို့ကို သိရမည်၊ ထို့ပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ဤနည်းဖြင့် သင့်အသိသည် သင်၏ လက်တွေ့အခြေအနေနှင့် အခက်အခဲများတွင် ပေါင်းစည်းသွားမည်ဖြစ်သည်။ ဤသို့သော အသိသည်သာ စစ်မှန်ပြီး သင့်အား သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည်ကာ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိစေနိုင်မည်ဖြစ်သည်။
ယခုအခါ လူများကို စုံလင်အောင် ပြုလုပ်ပေးခြင်းကို ပုံစံတကျ စတင်ပြီးဖြစ်သဖြင့် သင်သည် လက်တွေ့အသက်တာကို ဝင်ရောက်ရမည်။ သို့ဖြစ်ရာ ပြောင်းလဲမှုကို ရရှိရန် သင်သည် လက်တွေ့အသက်တာကို ဝင်ရောက်ခြင်းမှ စတင်ရမည်ဖြစ်ပြီး တဖြည်းဖြည်း ပြောင်းလဲရမည်။ သင်သည် ပုံမှန် လူ့သဘာဝကို ဖျက်သိမ်းပြီး ဝိညာဉ်ရေးရာ အရေးကိစ္စများအကြောင်းကိုသာ ပြောဆိုလျှင် အမှုအရာများသည် ခြောက်သွေ့ပြီး ငြီးငွေ့ဖွယ် ကောင်းလာမည်၊ ယင်းတို့သည် သဘာဝမကျ ဖြစ်လာမည်၊ ထို့နောက်တွင် လူများသည် မည်သို့ ပြောင်းလဲနိုင်မည်နည်း။ ယခုအခါ သင့်ကို လက်တွေ့အသက်တာသို့ ဝင်ရောက်၍ လေ့ကျင့်ရန် ပြောသည်၊ ဤသည်တို့အားလုံးမှာ လက်တွေ့ကျသော အတွေ့အကြုံကို ဝင်ရောက်ရန် အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ လူများ လုပ်ဆောင်ရမည့် အမှုအရာ၏ ကဏ္ဍ္ဌတစ်ရပ် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မှာ အဓိကအားဖြင့် လမ်းခရီးကို ဦးဆောင်ရန် ဖြစ်ပြီး ကျန်အလုပ်မှာ လူများ၏ လေ့ကျင့်မှုနှင့် ဝင်ရောက်မှုတို့အပေါ် မူတည်သည်။ ခပ်သိမ်းသော လူများသည် လက်တွေ့အသက်တာကို ဝင်ရောက်မှု ရရှိပြီး ဘုရားသခင်ကို ၎င်းတို့၏ လက်တွေ့အသက်တာဆီသို့ ဆောင်ကြဉ်းရန် လမ်းကြောင်းအမျိုးမျိုးကို လိုက်လျှောက်ရမည်ဖြစ်ပြီး စစ်မှန်သော ပုံမှန် လူ့သဘာဝတစ်ခုကို အသက်ရှင် နေထိုင်ရမည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသည့် တစ်ခုတည်းသော အသက်တာမျိုး ဖြစ်သည်။