(ဎ) စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းတို့ကို လိုက်စားအားထုတ်ပုံနှင့် ပတ်သက်၍
(၅၀၄) လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို ကျိုးနွံနာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို ကျိုးနွံနာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို ၎င်းတို့က သက်သေခံရန် သူတောင်းဆိုလေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး လက်တွေ့ကျကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်
(၅၀၅) လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းများကို ကြုံရမည်ဖြစ်သည်။ ထို့နောက်မှသာ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သစ္စာရှိခြင်းတို့အား ရရှိနိုင်ပြီး၊ သူ့အပေါ် ဝတ်ကျေတမ်းကျေ မဖြစ်နိုင်တော့ပေ။ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲသည်မှာ ဘုရား နှုတ်ကပတ်တော်များ၏ စစ်ဆေးခြင်းအောက်တွင် ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြုပြင်ခြင်းတို့မှ တစ်ဆင့်သာ ၎င်းတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့တော့ဘဲ၊ ယင်းအစား တည်ငြိမ်ကာ ချုပ်တည်းလာကြမည်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်နှုတ်ကပတ်တော်နှင့် သူ၏အမှုကို နာခံနိုင်ကြပြီး ယင်းသည် လူသား၏ အယူအဆများနှင့် မကိုက်ညီလျှင်ပင်၊ ၎င်းတို့သည် ဤအယူအဆများကို ဘေးဖယ်ထားနိုင်ကြကာ လိုလားစွာ နာခံနိုင်ကြခြင်း ဖြစ်သည်။ အတိတ်တွင်၊ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို ပြောဆိုရာတွင်၊ အဓိကအားဖြင့် မိမိကိုယ်ကို ပုန်ကန်နိုင်ခြင်း၊ ဇာတိပကတိကို ဆင်းရဲဒုက္ခခံစားစေခြင်း၊ မိမိ၏ကိုယ်ခန္ဓာကို ပဲ့ပြင်ဆုံးမခြင်းနှင့် ဇာတိ၏လိုလားမှုများကို မိမိထံမှ ဖယ်ရှားနိုင်ခြင်းတို့ကို ရည်ညွှန်းခဲ့ပေသည်။ ယင်းမှာ စိတ်သဘောထား ပြောင်းလဲခြင်း တစ်မျိုးဖြစ်သည်။ ယနေ့တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သည့် ထုတ်ဖော်ခြင်းမှာ ဘုရားသခင်၏ မျက်မှောက် နှုတ်ကပတ်တော်များကို ကျိုးနွံနာခံခြင်းနှင့် သူ၏အသစ်သောအမှုကို အမှန်တကယ် သိရှိခြင်းဖြစ်သည်ကို အယောက်တိုင်း သိကြပေသည်။ ဤနည်းဖြင့်၊ မိမိတို့ကိုယ်တိုင်၏ အယူအဆများဖြင့် ခြယ်သခြင်းခံခဲ့ရသည့် လူတို့၏ ဘုရားသခင်နှင့်သက်ဆိုင်သော ယခင် သိနားလည်မှုသည် ဖျောက်ဖျက်ပစ်ခံရနိုင်ပြီး၊ ၎င်းတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သည့် စစ်မှန်သော အသိပညာနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းတို့ကို ရရှိနိုင်ကြပေသည်။ ဤအရာသည်သာ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော ဖော်ပြချက်တစ်ခုဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်
(၅၀၆) လူ့စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရကို သိခြင်းနှင့်သူ၏အတွေးအခေါ်၊ သဘာဝ၊ စိတ်ပိုင်းဆိုင်ရာ သဘောထားအမြင်တို့ ပြောင်းလဲခြင်းများ အားဖြင့် အခြေခံကျသော ပြောင်းလဲမှုများအားဖြင့် စတင်သည်။ ဤနည်းဖြင့်သာ လူ့စိတ်သဘောထားအတွင်း အစစ်အမှန် ပြောင်းလဲခြင်းများ ဖြစ်မြောက်ပေမည်။ လူသား၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ပေါက်ခြင်းကို ဖြစ်စေသည့် အရင်းအမြစ်မှာ စာတန်၏ အထင်အမြင်မှားစေခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အဆိပ်တို့ဖြစ်ကြသည်။ လူသားသည် စာတန်၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေခဲ့ရပြီးဖြစ်ကာ၊ သူ၏ စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့ကို ခံရသည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို လက်မခံနိုင်ခြင်း အတိအကျပင် ဖြစ်သည်။ ထို့ကြောင့် လူ့စိတ်သဘောထားအတွင်း၌ ပြောင်းလဲမှုသည် ဘုရားသခင်နှင့် သမ္မာတရားတို့နှင့် ပတ်သက်သည့် သူ၏ အသိပညာကို ပြောင်းလဲစေမည့် သူ၏အတွေးအခေါ်၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့ ပြောင်းလဲခြင်းများဖြင့် အစပြုရမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်
(၅၀၇) သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊ သူသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ရန် ဆန္ဒရှိပြီး၊ ဖန်ဆင်းခံတစ်ဦးအနေဖြင့် သူ၏တာဝန်ကို ဖြည့်ဆည်းရန် ဆန္ဒရှိပါက၊ သူသည် စာတန်၏ ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် စွမ်းအားတို့မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီး ဘုရားသခင်၏ အလင်းတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ဘုရားသခင်၏ ရိုက်နှက်ခြင်းများအား သူ့ထံမှ ခွဲခွာခွင့်မပေးရပေ။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။ လူသားသည် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး ဇာတိပကတိ၌ တည်ရှိသည်။ အကယ်၍ သူသည် သန့်ရှင်းစေခြင်းမခံရသကဲ့သို့၊ ဘုရားသခင်၏ ကွယ်ကာမှုကို မရရှိပါက၊ လူသားသည် ယခင်ထက် ပို၍ အကျင့်ပျက်လာပေလိမ့်မည်။ ဘုရားသခင်ကို ချစ်ရန် သူ ဆန္ဒရှိပါက၊ သူသည် သန့်ရှင်းစေခြင်းခံရမည်ဖြစ်ပြီး ကယ်တင်ခြင်းကို ခံရမည်။ ပေတရုက၊ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အား ကြင်နာစွာ ဆက်ဆံသည့်အခါ၊ ကျွန်ုပ် ဝမ်းမြောက်ပြီး နှစ်သိမ့်မှုကို ခံစားရသည်။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ဆုံးမသည့်အခါ၊ ကျွန်ုပ်သည် ပို၍ပင် ကြီးမားသော နှစ်သိမ့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပါသည်။ ကျွန်ုပ်သည် အားနည်းပြီး ဖော်မပြနိုင်လောက်အောင်များသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရသော်လည်း၊ မျက်ရည်များနှင့် ဝမ်းနည်းမှုများ ရှိသော်လည်း၊ ဤဝမ်းနည်းမှုမှာ ကျွန်ုပ်၏ ပုန်ကန်ခြင်းကြောင့်ဖြစ်ကာ၊ ကျွန်ုပ်၏ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ကိုယ်တော်သိပါ၏။ ကိုယ်တော်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အထမမြောက်စေနိုင်သောကြောင့် ကျွန်ုပ်ငိုကြွေးပါ၏။ ကိုယ်တော်၏ သတ်မှတ်ချက်များအတွက် ကျွန်ုပ်သည် မပြည့်စုံ မလုံလောက်သောကြောင့်၊ ကျွန်ုပ်ဝမ်းနည်းပြီး စိတ်ထိခိုက်ပါ၏၊ သို့သော် ဤနယ်ပယ်ကို ကျွန်ုပ် ကြိုးပမ်းရရှိရန် လိုလားနေပါသည်၊ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ကျွန်ုပ်တတ်စွမ်းသမျှ အားလုံးကို လုပ်ဆောင်ရန် ကျွန်ုပ် လိုလားနေပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းသည် ကျွန်ုပ်အား ကွယ်ကာမှုကို ဆောင်ကြဉ်းပေးပြီးဖြစ်သကဲ့သို့၊ အကောင်းဆုံးသော ကယ်တင်ခြင်းကို ကျွန်ုပ်အား ပေးလေပြီ။ ကိုယ်တော်၏ တရားစီရင်ခြင်းက ကိုယ်တော်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ကျော်လွန်သွားသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲ၊ ကိုယ်တော်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ကျွန်ုပ် မွေ့လျော်ခံစားနိုင်မည် မဟုတ်ပါ။ ယနေ့တွင်၊ ကိုယ်တော်၏ ချစ်ခြင်းသည် ကောင်းကင်တို့ကို ကျော်လွန်ပြီး အခြားအရာအားလုံးအထက်တွင် သာလွန်ထူးကဲ သည်ကို ကျွန်ုပ် သာ၍ပင် မြင်ရပါသည်။ ကိုယ်တော်၏ ချစ်ခြင်းသည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်သာ မဟုတ်ပါ။ ထို့ထက်ပို၍ပင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ထံမှ များစွာရရှိပြီးဖြစ်သည်။ ကိုယ်တော်၏ ပြစ်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိဘဲနှင့်၊ လူတစ်ဦးတစ်ယောက်မျှ သန့်စင်ခံရမည် မဟုတ်သကဲ့သို့၊ လူတစ်ဦးတစ်ယောက်မျှ ဖန်ဆင်းရှင်၏ မေတ္တာကို တွေ့ကြုံခံစားနိုင်မည် မဟုတ်ပါ။”
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
(၅၀၈) သင်သည် စုံလင်စေခြင်းခံရလိုလျှင်၊ ရှေးဦးစွာ ဘုရားသခင်၏ ထောက်ခံခြင်းခံရရန် လိုသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က သူထောက်ခံသော သူကိုလည်းကောင်း သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူကိုလည်းကောင်း စုံလင်စေသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သင် အညီဖြစ်လိုလျှင် စိတ်တော်နှင့် တွေ့စေလိုလျှင် သင်သည် ဘုရားသခင်၏အလုပ်ကို ကျိုးနွံနာခံတတ်သော စိတ်နှလုံး ရှိရမည်၊ သမ္မာတရားကို ကြိုးစားအားထုတ်ပြီး အရာရာ၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို လက်ခံ ရပေမည်။ သင်၏လုပ်ဆောင်မှု အားလုံး ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးမှုကို ခံယူပြီးပြီလော။ သင်၏ ရည်ရွယ်ချက်သည် မှန်ကန်သလော။ သင်၏ ရည်ရွယ်ချက် မှန်ကန်ပါက၊ ဘုရားသခင်က သင့်ကို ချီးကျူးပေမည်၊ သင်၏ရည်ရွယ်ချက် မမှန်ကန်ပါက သင်၏နှလုံးသားတွင် ချစ်မြတ်နိုးသည်မှာ ဘုရားသခင် မဟုတ်ဘဲ၊ ဇာတိပကတိနှင့် စာတန်ဖြစ်ကြောင်း ဤသည်က ပြသသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အရာရာကို စစ်ဆေးခြင်းကို လက်ခံရန် နည်းလမ်းတစ်ရပ် အဖြစ် ဆုတောင်းခြင်းကို အသုံးပြုရမည်။ သင် ဆုတောင်းသောအခါ ငါသည် ကိုယ်တိုင်ကိုယ်ကျ သင်၏ရှေ့တွင် ရပ်မနေသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်နှင့်အတူ ရှိနေပြီး၊ သင် ဆုတောင်းနေသည်ကား ငါကိုယ်တိုင်အပြင် ဘုရားသခင်၏ ဝိညာဉ်တော်ထံကိုပါ ဆုတောင်းနေခြင်း ဖြစ်သည်။ ဤဇာတိပကတိကို အဘယ့်ကြောင့် သင်ယုံကြည်သနည်း။ သူ့ထံတွင် ဘုရားသခင်၏ ဝိညာဉ်တော် ရှိသောကြောင့် သင်ယုံကြည်ခြင်းပင် ဖြစ်သည်။ သူ၌ ဘုရားသခင်၏ ဝိညာဉ်တော်မရှိလျှင် ဤပုဂ္ဂိုလ်ကို သင် ယုံကြည်မည်လော။ ဤပုဂ္ဂိုလ်ကို သင်ယုံကြည်ပါက၊ သင်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို သင်ကြောက်ရွံ့သည့်အခါ၊ သင်သည် ဘုရားသခင်၏ဝိညာဉ်တော်ကို ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းသည် ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းဖြစ်ပြီး ဤပုဂ္ဂိုလ်ကို ယုံကြည်ခြင်းသည်လည်း ဘုရားသခင်၏ဝိညာဉ်တော်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်ဆုတောင်းသောအခါ၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်နှင့်အတူရှိပြီး ဘုရားသခင်သည် သင်၏အရှေ့၌ ရှိသည်ကို သင်ခံစားရ၏၊ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်ဆုတောင်း ပဌနာပြုခြင်း ဖြစ်သည်။ မျက်မှောက်ကာလတွင် လူအများစုသည် သူတို့၏ အပြုအမူများကို ဘုရားသခင်ရှေ့သို့ယူလာရန် အထူး ကြောက်ရွံ့နေကြသည်၊ သင့်အနေဖြင့် သူ၏ ဇာတိပကတိကို လှည့်ဖြားနိုင်သော်လည်း၊ သူ၏ ဝိညာဉ်တော်ကို လှည့်ဖြား၍ မရပေ။ ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို မခံနိုင်သည့် မည်သည့်အရာ မဆိုသည် သမ္မာတရားနှင့် မကိုက်ညီသည့်အတွက် ဘေးဖယ်ထားသင့်သည်၊ သို့မဟုတ်ပါက ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်ဖြစ်သည်။ ထိုကြောင့် သင် ဆုတောင်းသည့်အခါ၊ သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် မိတ်သဟာယ ပြုသည့်အခါ၊ သို့မဟုတ် သင်၏တာဝန်ကို လုပ်ဆောင်ပြီး သင်၏ အရေးကိစ္စများ ကိုင်တွယ်ခြင်းကို ဆောင်ရွက်သည့်အခါ သင်၏စိတ်နှလုံးကို ဘုရားသခင် ရှေ့မှောက်တွင် တစ်ချိန်လုံး ဆက်ကပ်ရမည်။ သင်၏လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သည့် အခါတွင် ဘုရားသခင်သည် သင်နှင့်အတူ ရှိမည်ဖြစ်ပြီး၊ သင်၏ရည်ရွယ်ချက်သည် မှန်ကန်ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဖြစ်နေသမျှ၊ သင်၏ လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်သည် လက်ခံပေမည်၊ သင်သည် သင်၏လုပ်ငန်းဆောင်တာကို ဖြည့်ဆည်းဖို့ရန် သင့်ကိုယ်သင် စိတ်ရင်းမှန်ဖြင့် လုံးလုံးလျားလျား ပေးအပ် မြှုပ်နှံထားသင့်သည်။ သင်ဆုတောင်းသည့်အခါ၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးရှိပြီး ဘုရားသခင်၏ စောင့်ရှောက်ခြင်း၊ ကွယ်ကာခြင်းနှင့် စေ့စေ့စပ်စပ် စစ်ဆေးခြင်းတို့ကို ရှာဖွေလျှင်၊ အကယ်၍ ထိုအရာများသည် သင်၏ရည်ရွယ်ချက်ဖြစ်လျှင်၊ သင်၏ ဆုတောင်းချက်များသည် ထိရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် အစည်းအဝေးများတွင် သင် ဆုတောင်းသည့်အခါ မုသားမပြောဘဲ သင်၏ စိတ်နှလုံးကိုဖွင့်၍ ဆုတောင်းကာ သင်၏စိတ်ထဲရှိသမျှကို ပြောလျှင် သင်၏ ဆုတောင်းချက်များသည် ဧကန်မုချ ထိရောက်ပေလိမ့်မည်။ သင့်ထံတွင် ဘုရားသခင်ကို လေးလေးနက်နက် ချစ်သော စိတ်နှလုံးတစ်ခု ရှိလျှင် ဘုရားသခင်အား “ကောင်းကင်၊ မြေကြီးနှင့် ခပ်သိမ်းသော အရာတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် သစ္စာဆိုပါသည်။ ကိုယ်တော်၏ ဝိညာဉ်တော်သည် အကျွန်ုပ် ပြုသမျှသော အရာအားလုံးတို့ကို စစ်ဆေး၍ အကျွန်ုပ်ကို အမြဲကာကွယ် စောင့်ရှောက်တော်မူကာ၊ အကျွန်ုပ်ပြုသမျှအရာတို့သည် ကိုယ်တော်၏ မျက်မှောက်တော်၌ တည်စေတော်မူပါ။ အကျွန်ုပ် စိတ်နှလုံးသည် သခင့်ကို ချစ်မြတ်နိုးမှု မရှိတော့ခဲ့သော်၊ သို့မဟုတ် ကိုယ်တော်ကို သစ္စာဖောက်ခဲ့သော်၊ အကျွန်ုပ်ကို ပြင်းထန်စွာ ပြစ်တင်ဆုံးမ၍ ကျိန်ဆဲတော်မူပါ။ ဤကမ္ဘာတွင် သာမက နောင်လာမည့် ကပ်ကမ္ဘာတိုင်အောင် ကျွန်ုပ်ကို ခွင့်လွှတ်တော် မမူပါနှင့်။” ဟု ကျမ်းသစ္စာ ကျိန်ဆိုလော့။ ထိုသို့သော သင် ကျိန်ဆိုဝံ့သလော။ သင်မကျိန်ဆိုဝံ့ပါက သင်သည် သူရဲဘောကြောင်ပြီး၊ သင့်ကိုယ်သင်သာ ချစ်မြတ်နိုးသေးသည်ကို ပြ၏။ သင်တို့၌ ဤစိတ်ဆုံးဖြတ်ချက် ရှိသလော။ ဤသည်မှာ သင်ဆုံးဖြတ်ချက် အစစ်အမှန်ဖြစ်ပါက၊ ဤကဲ့သို့သော ကျိန်ဆိုမှုကို သင်ပြုသင့်သည်။ ထိုသို့ ကျိန်ဆိုရန် သင်သန္နိဌာန် ချထားပြီးပါက၊ သင်၏ စိတ်ဆုံးဖြတ်ချက်ကို ဘုရားသခင်က ဖြည့်စွမ်းပေးလိမ့်မည်။ သင် ဘုရားသခင် ထံသို့ ကျိန်ဆိုမှုတစ်ခုပြုသည့်အခါ၊ သူနားထောင်သည်။ သင်သည် ဒုစရိုက်နှင့် ပြည့်ဝသူလော၊ ဖြောင့်မတ်သူလော ဟူသည်ကို သင်၏ဆုတောင်းခြင်းနှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုများကို တိုင်းတာ၍ ဘုရားသခင် ဆုံးဖြတ်သည်။ ယခု ဤအရာသည် သင်တို့ကို စုံလင်စေသည့် ဖြစ်စဉ်ဖြစ်ပြီး၊ စုံလင်စေခြင်းအပေါ် သင်သည် စစ်မှန်သော ယုံကြည်မှု ရှိလျှင်၊ သင်သည် သင်၏လုပ်ဆောင်ချက် အားလုံးကို ဘုရားသခင်ရှေ့သို့ ယူလာ၍ သူ၏စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံယူလိမ့်မည်၊ အကယ်၍ သင်သည် မအပ်မရာ ပုန်ကန်မှုတစ်ခုခု ကိုလုပ်ပါက၊ သို့မဟုတ် ဘုရားသခင်ကို သစ္စာဖောက်ပါက၊ ဘုရားသခင်သည် သင်ကျိန်ဆိုထားသည့်အတိုင်း အကောင်အထည် ဖော်မည်ဖြစ်၍၊ သင်၌ သေပြီးနောက် ထာဝရအပြစ်ဒဏ်ဖြစ်စေ၊ ပြစ်တင်ဆုံးမခြင်းဖြစ်စေ၊ သင်၌ မည်သည့်အရာ ဖြစ်သည် ဖြစ်စေ၊ ဤသည်မှာ သင်ကိုယ်တိုင်၏ လုပ်ဆောင်မှုကြောင့် ဖြစ်သည်။ ထိုကျိန်ဆိုခြင်းကို သင်ပြုခြင်း ဖြစ်သောကြောင့် ကျိန်ဆိုချက်အတိုင်း လုပ်ဆောင်သင့်သည်။ သင်သည် ကျိန်ဆိုခြင်းကို ပြုသော်လည်း၊ မလိုက်နာပါက၊ သေလွန်ပြီးသည့်တိုင် ထာဝရပြစ်ဒဏ်ကို ခံရလိမ့်မည်။ ဤကျိန်ဆိုမှုသည် သင်၏ ကျိန်ဆိုမှုဖြစ်သည့်အတွက်၊ ဘုရားသခင်က သင်၏ကျိန်ဆိုမှုကို အကောင်အထည် ဖော်လိမ့်မည်။ အချို့သောသူများသည် ဆုတောင်းခြင်း အမှုကိုပြုပြီးနောက် “အားလုံးပြီးကုန်ပြီ။ ငါ့ရဲ့ကာမရာဂ လိုက်စားဖို့နဲ့ စားသောက် ပျော်ပါးဖို့ အခွင့်အရေးလေးတော့ သွားပါပြီ၊ ယုတ်မာတာတွေလုပ်ဖို့ အခွင့်အရေးတွေလည်း သွားပါပြီ၊ လောကကြီးမှာ လောကီ တမ်းတခြင်းတွေကို မွေ့လျော်ဖို့ အခွင့်အရေးတွေ သွားပါပြီ” ဟု ညည်းညူကြသည်။ ဤသူများသည် လောကီအရာများနှင့် ဒုစရိုက်အပြစ်ကို ခင်တွယ်နေသေးသောသူများ ဖြစ်ပြီး၊ ထာဝရပြစ်ဒဏ်ကို မလွဲမသွေခံရမည့်သူများ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် အညီဖြစ်သောသူများကို စုံလင်စေသည်
(၅၀၉) ဘုရားသခင်၏ လူသားများကို စုံလင်စေခြင်းတွင် စည်းကမ်းတစ်ခု ရှိသည်။ ယင်းက သင်၌ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခုရှိပြီး သင့်ကို အပျက်သဘောဆောင်သော အခြေအနေများက ခွဲထုတ်နိုင်ရန်၊ သူသည် သင်၏နှစ်လိုဖွယ်ရာ ကောင်းသောအပိုင်းကို အသုံးပြုလျက်၊ သင်၏ ဝိညာဉ်ကို လွတ်မြောက်မှု ရရှိစေကာ၊ သင့်အား သူ့ကို ပိုချစ်နိုင်အောင် ပြုလုပ်၍ သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်မည်ဖြစ်သည်။ သင်သည် ရိုးစင်းပြီး ပွင့်လင်းသည်၊ မိမိကိုယ်မိမိသိရန် လိုလားပြီး သမ္မာတရားကိုလည်း လက်တွေ့လုပ်ဆောင်လိုသည်။ ဘုရားသခင်သည် သင့်ကို မုချဧကန် ကောင်းချီးပေးလိမ့်မည်၊ ထို့ကြောင့် သင်သည် အားနည်းကာ အပျက်သဘော ဆောင်သောအခါများတွင် သင့်ကိုယ်သင် သာ၍ သိမြင်လာရန်၊ သင့်အတွက်သင် အပြစ်ဝန်ခံရေးအတွက် ပိုမိုလိုလားရန်နှင့် သင်လက်တွေ့လုပ်ဆောင်သင့်သည့် အရာများကို သာ၍ လက်တွေ့လုပ်ဆောင်နိုင်ရန် ကူညီလျက်၊ ဘုရားသခင်သည် သင့်အား ဉာဏ်အလင်း နှစ်ဆပေးသည်။ ဤနည်းအားဖြင့်သာ သင်၏စိတ်နှလုံးသည် ငြိမ်းချမ်း၍ သက်သာရာရမည် ဖြစ်သည်။ ဘုရားသခင်ကို သိမြင်ရန် သာမန်အားဖြင့် အလေးဂရုပြုသောသူ၊ မိမိကိုယ်ကိုယ် သိမြင်ရန် အလေးဂရုပြုသောသူနှင့် မိမိ၏ လက်တွေ့လုပ်ဆောင်မှုကို အလေးဂရုပြုသောသူသည် ဘုရားသခင်၏ အလုပ်ကို မကြာခဏ လက်ခံရရှိနိုင်မည့်အပြင် ကိုယ်တော်၏လမ်းပြမှုနှင့် ဉာဏ်အလင်းပေးမှုကိုလည်း မကြာခဏ ရရှိနိုင်ပေမည်။ ထိုကဲ့သို့သောသူသည် အပျက်သဘောဆောင်သော အခြေအနေတစ်ရပ်တွင် ရှိသော်လည်း၊ သူသည် အသိစိတ်၏ လုပ်ဆောင်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့်ဖြစ်စေ၊ အမှုအရာများကို ချက်ချင်းပင် ပြောင်းလဲနိုင်သည်။ လူတစ်ဦးသည် မိမိ၏ အခြေအနေ မှန်နှင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် အလုပ်ကို သိသည့်အခါတွင် သူ၏စိတ်နေသဘောကို ပြုပြင်ခြင်း အမြဲရရှိနိုင်သည်။ မိမိကိုယ်မိမိသိလိုကာ ပွင့်လင်းရန် လိုလိုလားလား ရှိသူတစ်ဦးသည် သမ္မာတရားကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် ဘုရားသခင်အပေါ် သစ္စာရှိပြီး၊ ဘုရားသခင်ကို သစ္စာရှိသောသူတစ်ဦး၏ ဘုရားသခင်ကို နားလည်ခြင်းသည် နက်နဲသည်ဖြစ်စေ တိမ်သည်ဖြစ်စေ၊ နည်းပါးသည်ဖြစ်စေ၊ များပြားသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်ကို နားလည်သောသူဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ လူသားများ ရရှိသည့်အရာတစ်ခု ဖြစ်သည်၊ ယင်းသည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးအမြတ် ဖြစ်သည်။ ဘုရားသခင်ကို သိရှိသောသူသည် အခြေခံရှိသောသူ ဖြစ်သည်၊ ရူပါရုံရှိသောသူ ဖြစ်သည်။ ဤကဲ့သို့သောသူသည် ဘုရားသခင်၏ လူ့ဇာတိကို အသေအချာသိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏အလုပ်ကိုလည်း အသေအချာသိသည်။ ဘုရားသခင်သည် မည်ကဲ့သို့ လုပ်ဆောင်စေကာမူ၊ မည်ကဲ့သို့ ပြောဆိုစေကာမူ၊ အခြားသူများသည် မည်ကဲ့သို့ အနှောင့်အယှက် ဖြစ်စေကာမူ၊ ထိုသူသည် မားမားမတ်မတ် ရပ်တည်ကာ ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ လူတစ်ဦးသည် ထိုကဲ့သို့ဖြစ်လေလေ၊ သူနားလည်သည့် သမ္မာတရားကို လုပ်ဆောင်နိုင်လေလေ ဖြစ်သည်။ ထိုသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အစဉ် လက်တွေ့လုပ်ဆောင်နေသောကြောင့် ထိုသူသည် ဘုရားသခင်အား သိရှိနားလည်မှုကို ပို၍ ရရှိပြီး ဘုရားသခင်အတွက် ထာဝရ သက်သေခံရန် ပိုင်းဖြတ်ထားသော စိတ်ကိုလည်း ပိုင်ဆိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်
(၅၁၀) ဘုရားသခင်ကို ယုံကြည်ရာ၌ အကယ်၍လူတို့သည် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲစေလိုလျှင် ထိုသူတို့သည် မိမိတို့ကိုယ်ကိုယ် လက်တွေ့အသက်တာမှ ခွဲခွာခြင်း မပြုရပေ။ လက်တွေ့အသက်တာတွင် သင်သည် သင့်ကိုယ်သင် သိရမည်၊ သင့်ကိုယ်သင် ပုန်ကန်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံး ရမည်သာမက တဖြည်းဖြည်း ပြောင်းလဲခြင်းကို ရရှိနိုင်ခြင်း မရှိသေးမီတွင် အခြေခံသဘောတရားများ၊ အခြေခံအသိဉာဏ်နှင့် ခပ်သိမ်းသောအမှုအရာတို့၌ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူ နေထိုင်ခြင်း စည်းမျဉ်းစည်းကမ်းများကို လေ့လာရမည်။ သင်သည် စစ်မှန်မှုအတွင်း နက်နက်ရှိုင်းရှိုင်း မသွားဘဲ၊ လက်တွေ့ဘဝထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ၊ သဘောတရားဆိုင်ရာ အသိပညာကိုသာ စူးစိုက်ပြီး ဘာသာရေး ပွဲလမ်းသဘင်များ ကြားတွင်သာ နေထိုင်မည်ဆိုပါက၊ သင်သည် စစ်မှန်မှုအတွင်း မည်သည့်အခါမျှ ဝင်ရောက်မည် မဟုတ်၊ သင့်ကိုယ်သင်နှင့် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ သင်သည် အစဉ်အမြဲ မျက်စိကန်းလျက် အသိပညာ ကင်းမဲ့လျက်ရှိမည်။ ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်း အမှုသည် တိုတောင်းသော အချိန်ကာလပြီးနောက် ၎င်းတို့ကို ပုံမှန် လူသားဘဝများအား အသက်ရှင်ခွင့်ပေးဖို့ မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မှားယွင်းသော အယူအဆများနှင့် အယူဝါဒများကို ပြောင်းလဲဖို့လည်း မဟုတ်ပေ။ ယင်းထက်၊ သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲရန်၊ ၎င်းတို့၏ ဘဝနေထိုင်မှု နည်းလမ်းဟောင်း တစ်ခုလုံးကို ပြောင်းလဲရန်နှင့် ၎င်းတို့၏ခေတ်နောက်ကျသော တွေးတောပုံများကို ပြောင်းလဲရန်နှင့် သူ၏စိတ်အမြင်ကို ပြောင်းလဲရန် ဖြစ်သည်။ အသင်းတော်အသက်တာကိုသာ အာရုံစိုက်ခြင်းသည် လူတို့၏ အသက်တာ၏ အကျင့်ဟောင်းများ သို့မဟုတ် ကာလကြာရှည်စွာ သူတို့နေထိုင်ခဲ့ပုံ အဟောင်းများကို ပြောင်းလဲမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ လူတို့သည် လက်တွေ့ဘဝမှ မကင်းကွာရပေ။ ဘုရားသခင်က လူတို့ကို အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် ပုံမှန်လူ့သဘာဝဖြင့် နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း နေရန်၊ အသင်းတော်အသက်တာ သက်သက်တွင်သာ မဟုတ်ဘဲ၊ လက်တွေ့အသက်တာတွင် သူတို့၏တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ လူတစ်ဦးသည် အရာရာကို လက်တွေ့ အသက်တာသို့ ဦးတည်ရမည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့သည် လက်တွေ့ဘဝထဲ ဝင်ရောက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ် သိနားလည်ခြင်း ရှိမလာနိုင်ပါက၊ ထို့ပြင် လက်တွေ့ဘဝတွင် ပုံမှန်လူ့သဘာဝကို အသက်မရှင်နိုင်ပါက၊ ထိုသူတို့သည် မဖြစ်ထွန်းသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်အား ပုန်ကန်သော သူအားလုံးတို့သည် လက်တွေ့အသက်တာကို မဝင်ရောက်နိုင်သူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် လူ့သဘာဝအကြောင်း ပြောဆိုသော်လည်း နတ်ဆိုးသဘာဝအတိုင်း အသက်ရှင်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့အားလုံးသည် သမ္မာတရားအကြောင်း ပြောဆိုသော်လည်း ယင်းအစား အယူဝါဒများကိုသာ အသက်ရှင်နေထိုင်သူများ ဖြစ်ကြသည်။ လက်တွေ့ဘဝတွင် သမ္မာတရားအတိုင်း မနေထိုင်နိုင်သူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းကို ခံရသူများ ဖြစ်သည်။ သင်သည် လက်တွေ့အသက်တာသို့ ဝင်ရောက်ခြင်းကို လေ့ကျင့်ရမည်၊ သင်ကိုယ်တိုင်၏ အားနည်းချက်များ၊ ပုန်ကန်ခြင်းများနှင့် မသိနားမလည်မှုများကို သိရမည့်အပြင် သင်၏ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် အားနည်းချက်များကို သိရမည်။ ထိုနည်းဖြင့် သင်၏ အသိပညာသည် သင်၏ လက်တွေ့ အခြေအနေနှင့် အခက်အခဲများနှင့် ပေါင်းစပ်သွားလိမ့်မည်။ ယင်းသို့သော အသိပညာသည်သာ စစ်မှန်ပြီး သင်၏ ကိုယ်ပိုင်အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်စေမည်ဖြစ်ကာ သင်၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အသင်းတော် အသက်တာနှင့် လက်တွေ့အသက်တာ ဆွေးနွေးခြင်း
(၅၁၁) ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်၏ဝန်ထုပ်ကို လက်ခံခြင်းနှင့် ဘုရားသခင် သင့်ကို အပ်နှံသည့် လုပ်ငန်းတာဝန်များကို လက်ခံခြင်းဟူသည့် ဤအရာအားလုံးသည် သင့်ရှေ့တွင် လမ်းကြောင်းတစ်ခု ရှိနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် သင့်ထံတွင် ဝန်ထုပ်ပိုရှိလေ သူ၏ စုံလင်စေခြင်းခံရဖို့ သင့်အတွက် လွယ်ကူလေလေ ဖြစ်လိမ့်မည်။ အချို့သော သူတို့သည် ခေါ်ခြင်းခံရသည့်အချိန်တွင်ပင် ဘုရားသခင်ကို အစေခံရာ၌ အခြားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားခြင်းမရှိကြချေ။ ဤလူများသည် သက်တောင့်သက်သာရှိခြင်းတွင် သောက်စားမြူးထူးဖို့သာ ဆန္ဒရှိသည့် ပျင်းရိသောလူများ ဖြစ်ကြသည်။ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အစေခံဖို့ သင် စေခိုင်းခံရလေလေ၊ သင်သည် အတွေ့အကြုံ ရရှိလေလေ ဖြစ်လိမ့်မည်။ သာ၍ များသော ဝန်ထုပ်များနှင့် အတွေ့အကြုံများရှိခြင်းကြောင့် စုံလင်ခြင်းခံရဖို့ အခွင့်အရေးများ သင် သာ၍ ရရှိလိမ့်မည်။ ထို့ကြောင့်၊ သင်သည် ဘုရားသခင်ကို စစ်မှန်ရိုးသားမှုဖြင့် အစေခံနိုင်ပါက၊ ဘုရားသခင်၏ဝန်ထုပ်ဝန်ပိုးအပေါ် သင် သတိရှိလိမ့်မည်။ ထိုသို့ဖြစ်သဖြင့်၊ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများ သာ၍ ရှိလိမ့်မည်။ လောလောဆယ်တွင် စုံလင်စေခြင်း ခံရလျက်ရှိသည်မှာ ထိုသို့သော လူစုတစ်စုသာ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တို့ထိလေလေ၊ ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိဖို့အချိန်ကို သင် ဆက်ကပ်လေလေ ဖြစ်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ ရယူခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်။ နောက်ဆုံးတွင် သင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး ဖြစ်လာမည့်အချိန်အထိ ဖြစ်သည်။ လက်ရှိတွင်၊ အသင်းတော်အတွက် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်ခြင်း မရှိသည့် သူအချို့ရှိသည်။ ဤလူများသည် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်းနိုင်ကာ၊ မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိအတွက်သာ ဂရုစိုက်ကြသည်။ ထိုသို့သောလူများသည် အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မျက်စိလည်းကန်းနေကြသည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ မမြင်နိုင်ပါက မည်သည့် ဝန်ထုပ်ကိုမျှ သင် သယ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားလေလေ၊ သင့်ထံ သူ အပ်နှံသည့် ဝန်ထုပ်သည် ကြီးမားလေလေ ဖြစ်လိမ့်မည်။ တစ်ကိုယ်ကောင်းဆန်သူများသည် ထိုသို့သောအရာများကို ဒုက္ခခံရန် လိုလားခြင်းမရှိကြချေ။ ၎င်းတို့သည် အဖိုးအခပေးရန် လိုလားခြင်း မရှိကြသကဲ့သို့၊ အကျိုးဆက်အနေဖြင့် ဘုရားသခင်၏စုံလင်စေခြင်း ခံရမည့် အခွင့်အရေးများကို ၎င်းတို့ လက်လွတ်သွားကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိခိုက်အောင် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အလေးထားသူတစ်ဦးဖြစ်ပါက၊ အသင်းတော်အတွက် စစ်မှန်သော ဝန်ထုပ်တစ်ခုကို သင် ဖြစ်ပေါ်စေလိမ့်မည်။ အမှန်တွင်၊ အသင်းတော်အတွက် သင် ဖြစ်ပေါ်စေသည့် ဤဝန်ထုပ်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုသို့သော အတွေ့အကြုံများအား သင့်ကို အသုံးပြုစေဖို့ဖြစ်သောကြောင့် ဤအရာကို အသင်းတော်အတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်မည့်အစား၊ သင်ကိုယ်တိုင်၏ အသက်တာအတွက် သင် သယ်ပိုးသည့် ဝန်ထုပ်တစ်ခုဟု ခေါ်ဖို့ ပိုကောင်းပေမည်။ ထို့ကြောင့် အသင်းတော်အတွက် အကြီးမားဆုံးသော ဝန်ထုပ်ကို သယ်ဆောင်သူ မည်သူမဆို၊ အသက်ဝင်ရောက်မှုအတွက် ဝန်ထုပ်တစ်ခုကို သယ်ဆောင်သူ မည်သူမဆို ၎င်းတို့သည် ဘုရားသခင်၏စုံလင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြလိမ့်မည်။ ဤအရာကို သင်ရှင်းလင်းစွာ မြင်ပြီးပြီလော။ သင်ပါဝင်သောအသင်းတော်သည် သဲကဲ့သို့ လူစုကွဲနေသော်လည်း သင်သည် စိုးရိမ်ခြင်း မရှိသကဲ့သို့ ပူပန်ခြင်းလည်း မရှိပါက၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်စားသောက်ခြင်း မရှိသည့်အခါ သင်သည် မသိကျိုးကျွန်ပင်ပြုထားပါက၊ သင်သည် မည်သည့်ဝန်ထုပ်ကိုမျှ သယ်ဆောင်နေခြင်း မရှိပေ။ ထိုသို့သောလူများသည် ဘုရားသခင် အထူးနှစ်သက်သည့် သူမျိုး မဟုတ်ပေ။ ဘုရားသခင် အထူးနှစ်သက်သည့်သူမျိုးက ဖြောင့်မတ်ခြင်းတရားအတွက် ဆာငတ်မွတ်သိပ်ပြီး သူ၏ရည်ရွယ်ချက်များအပေါ် အလေးထား၏။ ထို့ကြောင့်၊ သင်တို့သည် လက်ရှိအချိန်တွင် ဘုရားသခင်၏ ဝန်ထုပ်အပေါ် သတိရှိသင့်ပေသည်။ သင်သည် ဘုရားသခင်၏ဝန်ထုပ်များအပေါ် သတိရှိခြင်း မကြီးထွားမီ၊ ဘုရားသခင်က သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို လူသားမျိုးနွယ် အားလုံးထံသို့ ထုတ်ဖော်ပြဖို့ရန်အတွက် မစောင့်ဆိုင်းသင့်ပေ။ ထိုအချိန်အရောက်တွင် အလွန် နောက်ကျသွားမည် မဟုတ်လော။ ယခုအချိန်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရရန် အခွင့်ကောင်းတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် ဤအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပါက၊ မောရှေသည် ခါနန်ပြည်သို့ မဝင်ရောက်နိုင်ခဲ့သဖြင့်၊ သူ့ဘဝ၏ ကျန်ရှိသည့်အချိန်များတွင် နောင်တရကာ ကြေကွဲဝမ်းနည်းခြင်းဖြင့် သေအံ့ဆဲဆဲ ဖြစ်ခဲ့သကဲ့သို့၊ သင်၏ကျန်ရှိသည့် ဘဝအချိန်များတွင် ထိုအရာအတွက် သင် နောင်တရလိမ့်မည်။ ဘုရားသည် လူအားလုံးထံ မိမိ၏ဖြောင့်မတ်ခြင်းတရားကို ထုတ်ဖော်ပြသည်နှင့် သင်သည် နောင်တဖြင့် ပြည့်မည်။ ဘုရားသခင်က သင့်ကို ပြစ်တင်ဆုံးမခြင်းမရှိလျှင်ပင်၊ သင်ကိုယ်တိုင်၏ နောင်တကြောင့် သင်သည် မိမိကိုယ်ကို ပြစ်တင်ဆုံးမလိမ့်မည် ဖြစ်သည်။ အချို့သည် ဤအရာကို ယုံကြည်လက်ခံခြင်း မရှိကြသော်လည်း၊ သင် မယုံကြည်ပါက၊ စောင့်သာ ကြည့်လော့။ ၎င်းတို့၏ တစ်ခုတည်းသော ရည်မှန်းချက်က ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေဖို့သာဖြစ်သည့် လူအချို့ ရှိပေသည်။ ဤနှုတ်ကပတ်တော်များအတွက် သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ဖို့ လိုလိုလားလား ရှိသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းကိုရရှိဖို့အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလော့
(၅၁၂) လူတစ်ဦးတစ်ယောက်ချင်းစီ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လျှောက်လှမ်းရမည့် လမ်းကြောင်းရှိပြီး အယောက်စီတိုင်းကို စုံလင်စေခြင်းခံရခွင့် ပေးသည်။ သင်၌ရှိသည့် အပျက်သဘောထားမှတစ်ဆင့် သင်ကိုယ်တိုင်ပျက်စီးခြင်းကို သင့်ကို သိစေပြီး၊ ထိုအပျက်သဘောထားကို စွန့်လွှတ်လိုက်ခြင်းအားဖြင့် သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို တွေ့မည် ဖြစ်သည်၊ ထိုအရာ အားလုံးတို့သည် သင့်ကို စုံလင်စေသည့် နည်းများပေတည်း။ ထို့အပြင် သင့်အတွင်း၌ရှိသည့် အပြုသဘောဆောင်သော အရာအချို့၏ အဆက်မပြတ် လမ်းပြပို့ဆောင်မှုနှင့် အလင်းပေးခြင်းအားဖြင့် သင်သည် သင်၏ လုပ်ငန်းတာဝန်ကို ကြိုတင်ဖြည့်ဆည်းမည် ဖြစ်ပြီး၊ ထိုးထွင်းသိမြင်မှုကြီးထွားလာပြီး အမြော်အမြင် ရရှိလာမည် ဖြစ်သည်။ သင်သည် အဆင်ပြေနေသည့် အချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုရန် အထူးလိုလားပြီး ဆုတောင်းရန် အထူးလိုလားကာ၊ ကြားနာရသည့် ဒေသနာများကို သင်၏အသက်တာနှင့် ဆက်စပ်နိုင်သည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်သည် သင်၏အတွင်း၌ အသိဉာဏ်ပွင့်လင်းစေကာ အလင်းပေး၍၊ အပြုသဘောဆောင်သည့် လက္ခဏာထဲရှိသော အရာအချို့ကို သင့်အား နားလည်သဘောပေါက်စေသည်။ ဤသည်မှာ အပြုသဘောဆောင်သော လက္ခဏာထဲတွင် သင့်ကို စုံလင်စေပုံ ဖြစ်၏။ အပျက်သဘောဆောင်သော အခြေအနေများတွင် သင်သည် အားနည်းကာ အပျက်သဘောဆောင်နေသည်။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ခံစားရ၏၊ သို့သော်လည်း ဘုရားသခင်သည် သင့်ကိုအလင်းပေးကာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေ့ရန် ကူညီနေသည်။ ဤအခြေအနေမျိုးမှ ထွက်လာခြင်းသည် အပျက်သဘောလက္ခဏာထဲတွင် စုံလင်စေခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားကို အပြုသဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း၊ အပျက်သဘောဆောင်သော ရှုထောင့်၌သော်လည်းကောင်း စုံလင်စေနိုင်သည်။ ထိုအချက်မှာ သင့်အနေဖြင့် တွေ့ကြုံခံစားနိုင်ခြင်းရှိမရှိအပေါ် မူတည်ပြီး၊ ဘုရားသခင်အားဖြင့် စုံလင်စေခြင်း ခံနေရခြင်းကို သင်လိုက်စားမှု ရှိ၊ မရှိအပေါ် မူတည်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်စေနေခြင်းကို အမှန်တကယ် ရှာဖွေလျှင်၊ အပျက်သဘောသည် သင့်အား ဆုံးရှုံးမှုကို မခံရစေနိုင်ပေ၊ သို့သော် သာ၍စစ်မှန်သောအရာများကို သင့်ထံယူဆောင်လာနိုင်ပြီး သင်၏အထဲတွင် ချို့တဲ့နေသော အရာများကို သာ၍သိရှိစေနိုင်မည် ဖြစ်သည့်အပြင်၊ သင်၏ အခြေအနေအမှန်များကိုလည်း သာ၍ နားလည်စေနိုင်မည်ဖြစ်ပြီး၊ လူသား၌ ဘာမျှမရှိ၊ လူသားသည် ဘာမှမဟုတ်ဟူသည်ကို သိမြင်စေနိုင်သည်၊ အကယ်၍ သင်သည် စမ်းသပ်မှုများကို မကြုံရလျှင်၊ သိရှိမည်မဟုတ်ဘဲ မိမိကိုယ်မိမိ အခြားသူများ၏ အထက်၌ရှိကာ အခြားသူများအားလုံးထက် သာသည်ဟု အမြဲထင်မည် ဖြစ်သည်။ ဤအရာများအားလုံးအားဖြင့် သင်သည် ယခင်ဖြစ်ပွားခဲ့သည့် အရာများအားလုံးသည် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများဖြစ်ပြီး ဘုရားသခင် ကာကွယ်စောင့်ရှောက်သည့်အရာများ ဖြစ်သည်ကို သင်သိလာလိမ့်မည် ဖြစ်သည်။ စမ်းသပ်မှုများအတွင်းသို့ ဝင်ရောက်ခြင်းသည် သင့်အား ချစ်ခြင်းနှင့်ယုံကြည်ခြင်း ကင်းမဲ့စေကာ၊ ဆုတောင်းခြင်းလည်း မရှိ၊ ဓမ္မသီချင်းများလည်း သီဆိုနိုင်စွမ်းမရှိ ဖြစ်စေမည်၊ ထို့ပြင် ထိုကဲ့သို့သောအချိန်မျိုးတွင် သင်သည် သတိမထားမိဘဲနှင့် မိမိကိုယ်မိမိ သိကျွမ်းလာမည်ဖြစ်သည်။ ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြုပြင်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူပြုပြင်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ပြုပြင်ခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်
(၅၁၃) လက်ရှိအချိန်တွင်၊ သင်တို့ အဓိက ရှာဖွေသင့်သည့်အရာမှာ အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရရန်နှင့် သင်တို့အထဲတွင် ဘုရားသခင်၏ ဖြစ်ခြင်း သာ၍ဖြစ်ပေါ်စေဖို့အလို့ငှာ၊ သင် ရင်ဆိုင်ရသည့် လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးမှတစ်ဆင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ဖြစ်သည်။ သင်သည် ဦးစွာပထမ ဘုရားသခင်၏ အမွေဥစ္စာ ရရှိရမည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်ထံမှ သာ၍များပြားပြီး သာ၍ကြီးမားသော ကောင်းချီးမင်္ဂလာများကို အမွေခံရန် အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။ ဤအရာအားလုံးသည် အခြားအရာများအားလုံးမတိုင်မီ သင်တို့ ရှာဖွေသင့်ပြီး နားလည်သင့်သည့်အရာများ ဖြစ်သည်။ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ သင် ကြိုးစားလေလေ၊ အရာခပ်သိမ်းတွင် ဘုရားသခင်၏လက်ကို သင်မြင်လေလေ ဖြစ်လိမ့်မည်၊ ယင်း၏ အကျိုးဆက်အနေဖြင့် သင်သည် ကွဲပြားသော ရှုထောင့်များမှတစ်ဆင့်နှင့် ကွဲပြားသော ကိစ္စရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖြစ်တည်မှုထဲသို့ ဝင်ရောက်ဖို့နှင့် သူ၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ တက်ကြွစွာ ကြိုးစားလိမ့်မည် ဖြစ်သည်။ အပြစ်များကို မကျူးလွန်ခြင်း၊ သို့မဟုတ် အယူအဆများ မရှိခြင်း၊ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်မရှိခြင်းနှင့် လူသား အလိုဆန္ဒ မရှိခြင်းမျှကဲ့သို့သော အပျက်သဘောဆောင်သောအခြေအနေများဖြင့် သင်သည် ကျေနပ်ရောင့်ရဲ၍ မဖြစ်ပေ။ ဘုရားသခင်သည် လူသားကို နည်းလမ်း အမြောက်အများဖြင့် စုံလင်စေသည်။ သင် ရရှိသောအရာကို သာ၍အလျှံပယ်ဖြစ်စေဖို့ရန် သူသည် သင့်ကို အပြုသဘောဆောင်သော အခြေအနေများဖြင့်သာမက၊ အပျက်သဘောဆောင်သော အခြေအနေများဖြင့်လည်း စုံလင်စေနိုင်ပေသည်။ နေ့ရက်စဉ်တိုင်းတွင် စုံလင်စေခြင်းခံရဖို့ အခွင့်အရေးများနှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့ အချိန်အခါများ ရှိပေသည်။ ထိုသို့ အချိန်တစ်ခုကြာ တွေ့ကြုံပြီးနောက်တွင်၊ သင်သည် ကြီးမားစွာ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး၊ ယခင်က သင် မသိနားမလည်ခဲ့သည့် အရာများစွာကို အလိုအလျောက် သင် နားလည်လိမ့်မည် ဖြစ်သည်။ အခြားသူများထံမှ ညွှန်ကြားချက် လိုအပ်လိမ့်မည် မဟုတ်။ သင် မသိလိုက်ဘဲနှင့်၊ သင်သည် အရာခပ်သိမ်းတွင် ဉာဏ်အလင်းပေးခြင်းကို ရရှိပြီး သင်၏ အတွေ့အကြုံများအားလုံးထဲသို့ အသေးစိတ်ကျကျ ဝင်ရောက်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်းပေးလိမ့်မည် ဖြစ်သည်။ သင်သည် လက်ဝဲ သို့မဟုတ် လက်ျာဘက်သို့ သွေလွဲမသွားဖို့အလို့ငှာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ လမ်းပြလိမ့်မည်ဖြစ်ပြီး၊ ထို့ကြောင့် သင်သည် သူ၏ စုံလင်စေခြင်းထံ လမ်းကြောင်းပေါ်သို့ ခြေချမိလိမ့်မည်ဖြစ်သည်။
...သင်တို့သည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရရန် ဆန္ဒရှိပါက၊ ကိစ္စရပ်အားလုံးတွင် မည်သို့ တွေ့ကြုံရမည်ကို သင်ယူရမည်ဖြစ်ပြီး၊ သင်၌ ဖြစ်ပျက်သည့် အရာရာတိုင်း၌ ဉာဏ်အလင်းပေးခြင်းကို ရယူနိုင်ရမည်ဖြစ်သည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းသည် သင့်ကို အကျိုးကျေးဇူး ယူဆောင်လာပေးသင့်ပြီး၊ သင့်ကို အပျက်သဘော မဆောင်စေသင့်ပေ။ မည်သို့ဆိုစေ၊ သင်သည် ဘုရားသခင်၏ဘက်တွင် ရပ်နေစဉ် အမှုအရာများကို သုံးသပ်ဆင်ခြင်နိုင်သင့်ပြီး လူသား၏ ရှုထောင့်မှ ၎င်းတို့ကို မစိစစ်သင့်ပေ သို့မဟုတ် မလေ့လာသင့်ပေ (ဤသည်မှာ သင်၏အတွေ့အကြုံ၌ သွေဖည်မှု ဖြစ်ပေမည်)။ သင်သည် ထိုသို့တွေ့ကြုံပါက၊ သင်၏ စိတ်နှလုံးသည် သင့်အသက်တာ၏ ဝန်ထုပ်များဖြင့် ပြည့်နေလိမ့်မည်။ သင်သည် သင်၏ လက်တွေ့လုပ်ဆောင်မှုတွင် လွယ်လင့်တကူ မသွေဖည်ဘဲလျက်၊ ဘုရားသခင်၏ မျက်နှာအလင်းတွင် စဉ်ဆက်မပြတ် အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ရှေ့တွင် တောက်ပသော အနာဂတ်ရှိလေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ အလွန်များလှစွာသော အခွင့်အရေးများ ရှိပေသည်။ ယင်းသည် သင်တို့အနေဖြင့် ဘုရားသခင်ကို အမှန်ချစ်သောသူတစ်ဦး ဖြစ်၊ မဖြစ်ဆိုသည်နှင့် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့နှင့် ဘုရားသခင်၏ ရယူခြင်းခံရဖို့၊ ပြီးလျှင် သူ၏ ကောင်းချီးမင်္ဂလာများနှင့် အမွေဥစ္စာကိုရရှိရန် သန္နိဌာန်ရှိသည်၊ မရှိသည် ဆိုသည့်အပေါ် အားလုံးမူတည်ပေသည်။ သန္နိဌာန်ရှိရုံမျှသည် မလုံလောက်ပေ။ သင်တို့အနေဖြင့် များစွာသော အသိပညာများ ရှိရမည်၊ သို့မဟုတ်ပါက သင်တို့၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် သင်တို့ အမြဲ သွေဖည်နေကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ တစ်ဦးစီတိုင်းကို စုံလင်စေရန် လိုလားလျက်ရှိ၏။ ယခုအခြေအနေတွင်၊ လူအများစုသည် ဘုရားသခင်၏အမှုကို အလွန်ကြာမြင့်စွာ လက်ခံနှင့်ကြပြီး ဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ အရိပ်ခိုခြင်းမျှထိသာ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားကြကာ ဇာတိပကတိ၏ သက်သာမှုအနည်းငယ်ကို ၎င်းတို့အား ပေးရန်သာ ဘုရားသခင်ကို အခွင့်ပေးဖို့ လိုလားနေကြသော်လည်း၊ သာ၍များပြီး သာ၍ မြင့်မားသော ထုတ်ဖော်ခြင်းများကို ရရှိရန် လိုလားလျက်မရှိကြပေ။ ဤရာက လူသား၏စိတ်နှလုံးသည် အမြဲ ပြင်ပတွင် ရှိနေသေးသည်ကို ပြသပေသည်။ လူသား၏အလုပ်၊ သူ၏အစေခံခြင်းနှင့် သူ၏ဘုရားသခင်ကို ချစ်သော စိတ်နှလုံးသည် မစင်ကြယ်မှုများ သာ၍ နည်းပါးသော်လည်း၊ သူ၏ အတွင်းပိုင်း အနှစ်သာရနှင့် မတိုးတက်သော အတွေးခေါ်ခြင်းတို့နှင့် ပတ်သက်သရွေ့၊ လူသားသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှုကို အစဉ်မပြတ် ရှာဖွေနေသေးကာ၊ လူသားကို ဘုရားသခင် စုံလင်စေခြင်း၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များ မည်သည့်အရာများ ဖြစ်နိုင်သည်ကို ဘာမျှအရေးမထားပေ။ ထို့ကြောင့် လူအများစု၏ အသက်တာများသည် အောက်တန်းကျကာ ယိုယွင်းဆဲ ဖြစ်သည်။ ၎င်းတို့၏ အသက်တာများသည် စိုးစဉ်းမျှ ပြောင်းလဲခြင်းမရှိလေပြီ။ ၎င်းတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းကို အရေးကြီးသည့်ကိစ္စတစ်ခုအဖြစ် လုံးဝမယူမှတ်ကြချေ၊ ယင်းမှာ ၎င်းတို့အနေဖြင့် ဟန်ဆောင်လုပ်ပြနေကြပြီး ဖြစ်ကတတ်ဆန်း နေရင်း၊ မရေရာသော တည်ရှိခြင်းတွင် လွင့်မျောလျက်၊ အခြားသူများအတွက်သာ ယုံကြည်ခြင်း ရှိသည့်အလား ဖြစ်သည်။ သာ၍များပြီး သာ၍ ကြွယ်ဝသော အရာများကို ရရှိရင်း၊ ယနေ့တွင် ဘုရားသခင်၏အိမ်၌ သာ၍ကြီးမြတ်သော ကြွယ်ဝမှုနှင့်ဆိုင်သည့် လူများ ဖြစ်လာရင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို သာ၍ ရရှိရင်း၊ အရာခပ်သိမ်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်နိုင်သောသူ နည်းပါးပေသည်။ သင်သည် အရာခပ်သိမ်း၌ ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ကြိုးစားပြီး၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင် ကတိပေးထားသည့်အရာကို ရရှိနိုင်ပါက၊ အရာခပ်သိမ်း၌ သင်သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခံရဖို့ ကြိုးစားပြီး၊ နှစ်ကာလများကို အလဟဿ လက်လွတ်မသွားစေပါက၊ ဤသည်မှာ တက်ကြွစွာ ဝင်ရောက်ရန် အကောင်းဆုံးသော လမ်းကြောင်းဖြစ်သည်။ ထိုသို့ဖြင့်သာ သင်သည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့ ထိုက်တန်ကာ အရည်အချင်း ပြည့်မီလာလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်း ခံရပြီးသော သူတို့အဖို့ ကတိတော်များ
(၅၁၄) သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် အသုံးပြုခြင်းခံရသည့် လူအချို့၌သာ အလုပ်လုပ်သည်သာမက၊ ထို့ထက်ပို၍ အသင်းတော်၌ အလုပ်လုပ်သည်။ သူသည် မည်သူ့အထဲ၌မဆို အလုပ်လုပ်နေနိုင်သည်။ သူသည် ပစ္စုပ္ပန်ကာလ၌ သင့်အထဲမှာ အလုပ်လုပ်ကောင်း လုပ်လိမ့်မည်ဖြစ်ပြီး ဤအမှုကို သင်တွေ့ကြုံရလိမ့်မည်။ နောက်ထပ်ကာလအတွင်း၌ သူသည် အခြားလူတစ်ယောက်အထဲ၌ အလုပ်လုပ်ကောင်းလုပ်နိုင်ပြီး၊ ထိုအခြေအနေတွင် သင်မြန်မြန်လိုက်ရမည်။ ပစ္စုပ္ပန်ကာလ၏ အလင်းကို သင် ပို၍နီးကပ်စွာ လိုက်လေလေ၊ သင်၏အသက်တာ ပို၍ ကြီးထွားနိုင်လေလေ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်ပုဂ္ဂိုလ်အမျိုးအစား ဖြစ်ပါစေ၊ သူ့အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပါက သင်လိုက်ရမည်။ သူတို့၏ အတွေ့အကြုံများကို သင့်အတွေ့အကြုံများမှတစ်ဆင့် ခံစားလော့၊ ထိုအခါ သင်သည် ပို၍ပင် အဆင့်မြင့်သော အရာများကို ရရှိလိမ့်မည်။ ထိုသို့လုပ်ခြင်းဖြင့် သင်သည် ပိုမိုလျင်မြန်စွာ တိုးတက်လာလိမ့်မည်။ ဤသည်မှာ လူသားအတွက် စုံလင်ခြင်း၏ လမ်းကြောင်းဖြစ်ပြီး အသက်တာ ကြီးထွားသည့် နည်းလမ်းဖြစ်သည်။ စုံလင်စေခြင်းလမ်းကြောင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအား သင်၏ကျိုးနွံနာခံမှုအားဖြင့် ရောက်ရှိလေသည်။ ဘုရားသခင်က မည်သည့်လူအမျိုးအစားအားဖြင့် သင့်ကို စုံလင်စေမည်ကိုလည်းကောင်း၊ သူက မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာအားဖြင့် သင့်အား အမှုအရာများကို ရရှိခွင့်ပြုမည် သို့မဟုတ် မြင်ခွင့်ပြုမည်ကိုလည်းကောင်း သင်မသိချေ။ သင်သည် ဤလမ်းမှန်ပေါ်၌ လျှောက်လှမ်းနိုင်လျှင်၊ သင့်အနေဖြင့် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးသည်ကိုခံရဖို့ ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ယင်းကပြသသည်။ သင်မလျှောက်လှမ်းနိုင်ပါက၊ သင့်အနာဂတ်သည် မျှော်လင့်ချက်မရှိ၊ အလင်းရောင်ကင်းမဲ့သော အနာဂတ်ဖြစ်ကြောင်း ယင်းကပြသသည်။ သင်သည် လမ်းမှန်ပေါ်သို့ ရောက်သောအခါ၊ အရာခပ်သိမ်း၌ ဖွင့်ပြမှုကို ရရှိလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အခြားသူများကို မည်သည့်အရာ ဖွင့်ပြသည်ဖြစ်စေ၊ သင်သည် သူတို့၏ သိကျွမ်းခြင်းအပေါ် အခြေခံပြီး အမှုအရာများကို သင်ကိုယ်တိုင် ကြုံတွေ့ခံစားရအောင် ဆက်လက်လုပ်ဆောင်လျှင်၊ ဤအတွေ့အကြုံသည် သင့်ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ သင်သည် ဤအတွေ့အကြုံမှနေ၍ အခြားသူများကို ကူညီထောက်ပံ့နိုင်လိမ့်မည်။ စကားလုံးများ သံယောင်လိုက်ခြင်းအားဖြင့် အခြားသူများကို ကူညီထောက်ပံ့သော သူများသည် မည်သည့်အတွေ့အကြုံမျှ မရှိသောလူတို့ဖြစ်သည်။ သင်ကိုယ်တိုင်၏ တကယ့်အတွေ့အကြုံနှင့် သိကျွမ်းခြင်းအကြောင်းကို စမပြောနိုင်သေးခင်၌၊ သင်သည် အခြားသူများ၏ အလင်းဖွင့်ပြခြင်းနှင့် ဉာဏ်အလင်းပေးမှုအားဖြင့် လက်တွေ့လုပ်ဆောင်နည်းကို တွေ့ရှိရန် သင်ယူရမည်။ ဤအရာက သင်ကိုယ်တိုင်၏ အသက်တာအတွက် သာ၍ ကြီးမားသော အကျိုးကျေးဇူး ဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ဆီမှ လာသော အရာမှန်သမျှကို ကျိုးနွံနာခံလျက် ထိုကဲ့သို့ တွေ့ကြုံသင့်သည်။ သင်၏အသက်တာ ကြီးထွားနိုင်စေရန်အတွက် သင်သည် အရာရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေပြီး အရာရာ၌ သင်ခန်းစာများကို သင်ယူလေ့လာသင့်သည်။ ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်ခြင်းက အလျင်မြန်ဆုံးသော တိုးတက်မှုကို ဖြစ်စေနိုင်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်
(၅၁၅) သင်သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းခံရဖို့ အမှန်တကယ် ဆန္ဒရှိလျှင်၊ သင်၏ ဇာတိပကတိကို စွန့်ပယ်ဖို့သတ္တိ သင့်မှာရှိလိမ့်မည်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး အပျက်သဘောဆောင်မည် သို့မဟုတ် အားနည်းမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ထံမှ လာသမျှအားလုံးကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး၊ အခြားလူများရှေ့၌ ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ နောက်ကွယ်၌ဖြစ်စေ၊ သင်၏အပြုအမူအားလုံးကို ဘုရားသခင်ထံတင်ပြနိုင်လိမ့်မည်။ သင်သည် ရိုးသားသောလူ တစ်ယောကကဲ့သို့ လုပ်ဆောင်ပြီး အရာခပ်သိမ်း၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသူ ဖြစ်လိမ့်မည်။ လူများရှေ့၌ တစ်မျိုး၊ လူတို့နောက်ကွယ်၌ တစ်မျိုး ပြုမူတတ်သည့် လိမ်လည်လှည့်ဖြားသော လူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရရန် ဆန္ဒမရှိကြပေ။ သူတို့ အားလုံးသည် ထာဝရပြစ်ဒဏ်ခံရခြင်းနှင့် ပျက်စီးခြင်း၏သားများ ဖြစ်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် မဟုတ်ဘဲ၊ စာတန်နှင့် ဆိုင်သောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရွေးချယ်သည့် လူအမျိုးအစား မဟုတ်ပါတကား။ အကယ်၍ သင့်အပြုအမူများနှင့် အမူအကျင့်တို့ကို ဘုရားသခင်၏ရှေ့၌ ပြရန် သို့မဟုတ် ဘုရားသခင်၏ ဝိညာဉ်တော်က စိစစ်ရန် မဖြစ်နိုင်ပါက၊ ယင်းမှာ သင်၌ တစ်ခုခုမှားနေကြောင်း သက်သေဖြစ်သည်။ သင်သည် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းကို အာရုံစိုက်မှသာ၊ သင်သည် စုံလင်စေခြင်းခံရမည့် လမ်းကြောင်းပေါ်၌ ရပ်တည်နေနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရရန်နှင့် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် သင်အမှန်တကယ် ဆန္ဒရှိလျှင်၊ ညည်းညူသည့်စကား တစ်ခွန်းမျှမဟဘဲ၊ ဘုရားသခင်၏အမှုကို ထင်ရာမြင်ရာ အကဲဖြတ်ခြင်း၊ သို့မဟုတ် ကောက်ချက်ချခြင်းမရှိဘဲ၊ ဘုရားသခင်၏ အမှုခပ်သိမ်းကို သင်ကျိုးနွံနာခံသင့်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့အတွက် အနည်းဆုံး သတ်မှတ်ချက်များ ဖြစ်ပါသည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို ရှာဖွေသောသူတို့အတွက် လိုအပ်သော သတ်မှတ်ချက်တစ်ခုက ဤသို့ဖြစ်သည်။ အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးဖြင့် ပြုမူလုပ်ဆောင်လော့။ အရာခပ်သိမ်းတွင် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးဖြင့် ပြုမူလုပ်ဆောင်ခြင်း ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ အပြုအမူများနှင့် အမူအကျင့်အားလုံးမှာ ဘုရားသခင်၏ရှေ့၌ ပြ၍ရသည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ထို့ပြင် သင်၌ မှန်ကန်သော ရည်ရွယ်ချက်များ ရှိသောကြောင့် သင်၏အပြုအမူများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်သည် ၎င်းတို့ကို ဘုရားသခင်အား (သို့မဟုတ်) သင်၏ညီအစ်ကို မောင်နှမများအား ပြသရန် မကြောက်ရွံ့ဘဲ၊ ဘုရားသခင်၏ရှေ့၌ သင်သစ္စာဆိုရဲလေသည်။ သင်သည် သင်၏ ရည်ရွယ်ချက်တိုင်း၊ အတွေးတိုင်းနှင့် စိတ်ကူးတိုင်းကို ဘုရားသခင်၏ရှေ့၌ သူ စောင့်ကြည့်လေ့လာရန်အတွက် ပြရမည်။ သင်သည် ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်လျှင်၊ သင့်အသက်တာထဲက တိုးတက်မှုမှာ မြန်ဆန်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် ကျိုးနွံနာခံသောသူတို့သည် ဘုရားသခင်၏ ရယူခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်
(၅၁၆) အကယ်၍ သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုပေးခြင်း ခံရလိုပါက သမ္မာတရား၏ ကဏ္ဍတိုင်းကို ပိုင်ဆိုင်ရမည်။ ဒုက္ခခံရန် စိတ်ပိုင်းဖြတ်ချက်၊ ယုံကြည်ခြင်း၊ သည်းခံခြင်း၊ ကျိုးနွံနာခံခြင်းနှင့် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်း၊ သူ၏ ဝမ်းနည်းမှုနှင့် အပင်ပန်းခံသော ရည်ရွယ်ချက်များအား အရေးထားနိုင်စွမ်းတို့ကို ပိုင်ဆိုင်ရမည်။ လူတစ်ဦးကို စုံလင်စေခြင်းမှာ မလွယ်ကူဘဲ သင်တွေ့ကြုံရသော စစ်ဆေးခြင်း တစ်ခုစီတိုင်းတွင် သင်၏ယုံကြည်ခြင်းနှင့် ချစ်ခြင်း လိုအပ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိုပါက၊ လှည့်လည်သွားလာရုံမျှနှင့် မလုံလောက်သည် သာမက၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရုံမျှနှင့်လည်း မလုံလောက်ပါ။ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရသောသူတစ်ဦး ဖြစ်လာနိုင်ရန် သင်၌ အရာများစွာကို ပိုင်ဆိုင်ရမည်။ ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။ ဘုရားသခင်သည် သင့်ထံမှ သူ့ကိုယ်သူ ပုန်းကွယ်နေသည့်အခါ၊ သူ့နောက်သို့လိုက်ရန်၊ သင်၏ရှိရင်းစွဲမေတ္တာကို တုံ့ဆိုင်းခွင့်မပြုဘဲ သို့မဟုတ် ပျောက်ကွယ်ခွင့်မပြုဘဲ ထိန်းသိမ်းထားရန်အတွက် သင်၌ ယုံကြည်ခြင်း ရှိနိုင်ရမည်။ ဘုရားသခင် မည်သည့်အရာကို ပြုသည်ဖြစ်စေ သင်သည် ဘုရားသခင်အား သူဆန္ဒရှိသလို စီစဉ်ညွှန်ကြားခွင့်ပြုရမည်ဖြစ်ပြီး သူ့အပေါ် စောဒကတက်မည့်အစား ကိုယ့်ဇာတိပကတိကိုယ် ကျိန်စာတိုက်ရမည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် ဘုရားသခင်ကို ကျေနပ်စေရန် သင်ချစ်သည့်အရာကို စွန့်လွှတ်ရခြင်း၏ ဝေဒနာကို သည်းခံလိုစိတ်ရှိရမည်ဖြစ်ပြီး ခါးသီးစွာ ငိုကြွေးလိုစိတ်ရှိရမည်။ ဤသည်သာလျှင် စစ်မှန်သောချစ်ခြင်းနှင့် စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု အမှန်တကယ် မည်သို့ပင်ရှိစေကာမူ သင်တို့သည် ဒုက္ခဆင်းရဲခံရန် ဤစိတ်ပိုင်းဖြတ်ချက်နှင့် ဤစစ်မှန်သော ယုံကြည်ခြင်း နှစ်မျိုးလုံးကို ရှေးဦးစွာ ပိုင်ဆိုင်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ချက်လည်း ရှိရမည်။ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ ကိုယ်တိုင်ကိုယ်ကျ ဒုက္ခဆင်းရဲခံရန်နှင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ နစ်နာဆုံးရှုံးမှုကို ခံယူရန် လိုလိုလားလား ရှိရမည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
(၅၁၇) စိတ်သဘောထား ပြောင်းလဲခြင်းသည် အဓိကအားဖြင့် လူတစ်ယောက်၏ သဘာဝ ပြောင်းလဲခြင်းကို ညွှန်းဆိုသည်။ လူတစ်ယောက်၏ သဘာဝနှင့် သက်ဆိုင်သော အရာများကို ပြင်ပအပြုအမူများဖြင့် မသိမြင်နိုင်ပေ။ ထိုအရာများသည် သူ့ဖြစ်တည်မှု၏ တန်ဖိုးနှင့် အဓိပ္ပာယ်အပြင် ဘဝအပေါ် သူ၏ အမြင်နှင့်လည်းကောင်း၊ သူ၏ စံနှုန်းများနှင့်လည်းကောင်း တိုက်ရိုက်ဆက်နွှယ်နေသည်။ ထိုအရာများတွင် သူ၏ ဝိညာဉ်အတွင်းပိုင်း၌ ရှိသောအရာများနှင့် သူ၏ အနှစ်သာရတို့ ပါဝင်သည်။ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်လျှင် ဤကဏ္ဍများတွင် ပြောင်းလဲမှုကို ကြုံရမည် မဟုတ်ပေ။ ဘုရားအမှုတော်ကို တွေ့ကြုံခြင်း၊ သမ္မာတရားသို့ အပြည့်အဝ ဝင်ရောက်ခြင်း၊ မိမိ၏ စံနှုန်းများကို ပြောင်းလဲခြင်း၊ ဖြစ်တည်မှုနှင့် ဘဝအပေါ် မိမိ၏ အမြင်များကို ပြောင်းလဲခြင်း၊ အမှုအရာများအပေါ် မိမိ၏ အမြင်များကို ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီစေခြင်း၊ ဘုရားသခင်အပေါ် အပြည့်အဝ နာခံနိုင်စွမ်းနှင့် သစ္စာစောင့်သိနိုင်စွမ်း ရှိလာခြင်းတို့အားဖြင့်သာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ လက်ရှိတွင် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဆင်းရဲဒုက္ခကို ရင်ဆိုင်ရသောအခါ အနည်းငယ် အားစိုက်ထုတ်ပြီး ကြံ့ကြံ့ခံနိုင်သည့်ပုံစံ ရှိနိုင်သည်။ အထက်မှလာသော အလုပ်အစီအစဉ်များကို ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။ သို့မဟုတ် သင့်ကို သွားခိုင်းသည့် မည်သည့်နေရာကိုမဆို သင် သွားကောင်းသွားနိုင်သည်။ အပေါ်ယံတွင် သင်သည် အတော်အတန် နာခံခြင်းရှိသည့် ပုံစံရှိနိုင်သည်။ သို့သော် သင်၏ အယူအဆများနှင့် မကိုက်သောအရာတစ်ခုခု ဖြစ်ပျက်သောအခါ သင်၏ ပုန်ကန်ခြင်းက ထွက်ပေါ်လာတော့သည်။ ဥပမာ သင်သည် ပြုပြင်ခြင်းကို ကျိုးနွံနာခံခြင်း မရှိပေ။ ကပ်ဘေးကျရောက်သောအခါ သင်သည် ပို၍ပင် နာခံခြင်းမရှိပေ။ ဘုရားသခင်ကိုပင် စောဒကတက်ရဲသည်။ ထို့ကြောင့် အပြင်ပန်းတွင်ရှိသော ထိုကျိုးနွံနာခံခြင်းနှင့် ပြောင်းလဲခြင်း အနည်းငယ်သည် အပြုအမူပြောင်းလဲခြင်း အနည်းငယ်သာဖြစ်သည်။ ပြောင်းလဲခြင်း အနည်းငယ် ရှိသော်လည်း ယင်းကို သင်၏ စိတ်သဘောထား ပြောင်းလဲခြင်းအဖြစ် မှတ်ယူဖို့ မလုံလောက်ပေ။ သင်သည် လမ်းကြောင်းများစွာကို လျှောက်သွားကောင်း လျှောက်သွားနိုင်မည်။ ဆင်းရဲဒုက္ခများစွာကို ခံစားကောင်း ခံစားနိုင်မည်။ ကြီးစွာသော အရှက်ရခြင်းကို တောင့်ခံကောင်း တောင့်ခံနိုင်မည်။ ဘုရားသခင်နှင့် အလွန်နီးကပ်သည်ဟု သင်ခံစားကောင်း ခံစားရနိုင်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အပေါ်တွင် အလုပ်အချို့ လုပ်ကောင်း လုပ်နိုင်မည်။ သို့ရာတွင် သင်၏ အယူအဆများနှင့် မညီသော အရာတစ်ခုကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်အား တောင်းဆိုသောအခါ သင်သည် နာခံခြင်းမရှိဘဲ ဖြစ်နေနိုင်သည်။ ထိုအစား သင်သည် ဆင်ခြေများ ရှာနိုင်သည်။ ဘုရားသခင်ကို ပုန်ကန်ပြီး အာခံနိုင်သည်။ အခြေအနေဆိုးလျှင် ဘုရားသခင်ကို မေးခွန်းထုတ်ပြီး ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုနိုင်သည်။ ဤသို့ဆိုလျှင် အလွန်ဆိုးသော ပြဿနာဖြစ်လိမ့်မည်။ သင့်တွင် ဘုရားသခင်ကို အာခံသော သဘာဝရှိသေးသည်ကိုလည်းကောင်း၊ သမ္မာတရားကို သင်အမှန်တကယ် နားမလည်သည်ကိုလည်းကောင်း၊ သင်၏အသက်စိတ်သဘောထား ပြောင်းလဲခြင်း လုံးဝမရှိသေးသည်ကိုလည်းကောင်း ပြလိမ့်မည်။ လူအချို့သည် အထုတ်ခံရပြီးနောက်၊ သို့မဟုတ် ရှင်းလင်းခံရပြီးနောက်တွင် ဘုရားသခင်ကို ဝေဖန်အပြစ်တင်ခြင်းပင် ပြုရဲသေးပြီး ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟုပင် ပြောရဲကြသေးသည်။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းခုံခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်းပင် ပြုကြသည်။ ၎င်းတို့သွားသည့် နေရာတိုင်းတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် ဘုရားသခင်အပေါ် မကျေနပ်မှုများကို ဖြန့်ဝေသည်။ ဤသို့သောသူများသည် ဘုရားသခင်ကို အာခံသည့် နတ်ဆိုးများဖြစ်သည်။ နတ်ဆိုးဆန်သော သဘာဝရှိသည့် သူများသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်၍ စွန့်ပစ်ခြင်းခံရသင့်သည်။ အခြေအနေတိုင်းတွင် သမ္မာတရားကို ရှာဖွေနိုင်ပြီး လက်ခံနိုင်သောသူများ၊ ဘုရားသခင်၏ အမှုတော်ကို နာခံနိုင်သောသူများသာ သမ္မာတရားကို ရရှိပြီး စိတ်သဘောထားပြောင်းလဲမှုကို ရရှိရန် မျှော်လင့်ချက်ရှိသည်။ သင်၏ အတွေ့အကြုံများတွင် အပြင်ပန်း၌ သာမန်ပုံစံရှိသော အခြေအနေများကြား ပိုင်းခြားသိမြင်တတ်ရန် သင်ယူရမည်။ သင်သည် ဆုတောင်းစဉ်တွင် ရှိုက်ငိုခြင်း၊ ငိုယိုခြင်း ရှိနိုင်သည်။ သို့မဟုတ် သင်၏ စိတ်နှလုံးက ဘုရားသခင်ကို အလွန်ချစ်သည်၊ ဘုရားသခင်နှင့် အလွန်နီးစပ်သည်ဟု ခံစားရနိုင်သည်။ သို့တိုင်အောင် ဤအခြေအနေများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသာဖြစ်ပြီး သင်က ဘုရားသခင်ကို ချစ်သောသူဖြစ်သည်ဟု မညွှန်ပြပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်ခြင်း မရှိသည့် အချိန်တွင်ပင်၊ သင်၏ ကိုယ်ပိုင်အယူအဆများနှင့် မကိုက်ညီသော အရာများကို ဘုရားသခင် လုပ်ဆောင်သောအခါတွင်ပင် ဘုရားသခင်ကို ချစ်ပြီး ကျိုးနွံနာခံနိုင်ဆဲ ဖြစ်လျှင် ထိုအခါမှသာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူ ဖြစ်သည်။ ထိုအခါမှသာ သင်သည် အသက်စိတ်သဘောထား ပြောင်းလဲပြီးသောသူဖြစ်သည်။ ဤသူကသာ သမ္မာတရား စစ်မှန်မှုရှိသောသူ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ
(၅၁၈) တစ်ဦးတစ်ယောက်၏ စိတ်သဘောထား ပြောင်းလဲခြင်းသည် အပြုအမူ ပြောင်းလဲခြင်းမဟုတ်သကဲ့သို့ ဟန်ဆောင်ထားသည့် အပြင်ပန်း ပြောင်းလဲမှုတစ်ခု သို့မဟုတ် စိတ်အားထက်သန်မှုကြောင့် ဖြစ်လာသည့် တဒင်္ဂ အပြောင်းအလဲတစ်ခုလည်း မဟုတ်ပေ။ ဤအပြောင်းအလဲများ မည်မျှကောင်းသည်ဖြစ်စေ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများကို အစားမထိုးနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအပြင်ပန်း ပြောင်းလဲမှုများကို လူသား အားထုတ်မှုများဖြင့် စွမ်းဆောင်ရရှိနိုင်သော်လည်း အသက်စိတ်သဘောထား ပြောင်းလဲမှုများကို မိမိ၏ အားထုတ်မှုတစ်ခုတည်းဖြင့် မစွမ်းဆောင်မရရှိနိုင်သောကြောင့် ဖြစ်သည်။ ဤအရာကို ရရှိရန် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို တွေ့ကြုံခြင်းအပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ စုံလင်စေခြင်းကိုလည်း လိုအပ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် အပြုအမူကောင်းအချို့ကို ပြသော်ငြားလည်း ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြ၊ ဘုရားသခင်ကို အမှန်တကယ် မချစ်ကြချေ။ သို့မဟုတ် ဘုရားအလိုတော်ကို လိုက်မလျှောက်နိုင်ကြချေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာက အသက်စိတ်သဘောထား ပြောင်းလဲမှုကို လိုအပ်သောကြောင့်ဖြစ်ပြီး အပြုအမူ ပြောင်းလဲရုံမျှက လုံးဝ မလုံလောက်သောကြောင့်ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲမှုမှာ သမ္မာတရားကို သင် သိမှတ်ကာ တွေ့ကြုံပြီးဖြစ်ကြောင်းနှင့် သမ္မာတရားက သင်၏ အသက်ဖြစ်လာပြီးဖြစ်ကြောင်း၊ ယင်းက သင်၏ အသက်တာအပြင် သင်နှင့်ပတ်သက်သည့် အရာရာတိုင်းကို လမ်းညွှန်ကာ စိုးမိုးနိုင်ကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သမ္မာတရားကို အသက်အဖြစ် ပိုင်ဆိုင်သောသူတို့သည်သာလျှင် မိမိတို့ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့်သူများ ဖြစ်သည်။ အတိတ်တွင် သင်နားလည်လျက်နှင့် လက်တွေ့မလုပ်ဆောင်နိုင်သည့် သမ္မာတရားအချို့ ရှိကောင်းရှိမည်ဖြစ်သော်လည်း ယခုတွင် အတားအဆီးများ မရှိဘဲ၊ သို့မဟုတ် အခက်အခဲမရှိဘဲ သင်နားလည်သည့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို ယခု သင်လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် အေးချမ်းမှု၊ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်နေသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့်အခါတွင်မူ နာကျင်မှုခံစားရပြီး သင်၏ အသိစိတ် နှောင့်ယှက်ခံရသည်။ အရာရာတွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ပြီး အသက်ရှင်ခြင်းအတွက် အခြေခံအုတ်မြစ်ရှိနိုင်သည်။ ဤသည်မှာ သင်၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ယခုတွင် သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများ၊ သင်၏ ဇာတိပကတိဆိုင်ရာ နှစ်ခြိုက်မှုများနှင့် လိုက်စားမှုများ၊ ယခင်က သင် လက်မလွှတ်နိုင်သည့်အရာများကို အလွယ်တကူ လက်လွှတ်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များက အမှန်တကယ် ကောင်းမွန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက လုပ်ဆောင်ရန် အကောင်းဆုံးသော အရာဖြစ်သည်ဟု သင် ခံစားသည်။ ဤသည်မှာ သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသည်။ စိတ်သဘောထား ပြောင်းလဲမှုသည် အလွန်ရိုးရှင်းပုံရသော်လည်း အမှန်တကယ်တွင် အတွေ့အကြုံများစွာ ပါဝင်သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဤကာလအတောအတွင်းတွင် လူတို့သည် အခက်အခဲများစွာ ခံစားဖို့လိုအပ်သည်၊ မိမိတို့ကိုယ်တိုင်၏ ခန္ဓာများကို ချိုးနှိမ်ပြီး မိမိတို့ ဇာတိပကတိကို ပုန်ကန်ဖို့ လိုအပ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကိုလည်း ၎င်းတို့ ကြုံဖို့လိုအပ်ပြီး များစွာသော ကျရှုံးမှုများ၊ ပြိုလဲမှုများ၊ အတွင်းပိုင်း ရုန်းကန်မှုများနှင့် မိမိတို့ စိတ်နှလုံးအတွင်းရှိ ညှဉ်းဆဲခြင်းများကိုလည်း တွေ့ကြုံဖို့ လိုအပ်သည်။ ဤအတွေ့အကြုံများနောက်တွင်သာ လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝအပေါ် သိနားလည်မှုအချို့ ရှိနိုင်၏။ သို့သော်လည်း အချို့ သိနားလည်မှုများသည် ပြည့်စုံသော ပြောင်းလဲမှုကို ချက်ချင်း မဖြစ်စေပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နည်းနည်းချင်းစီဖြင့် နောက်ဆုံးတွင် မဖယ်ရှားနိုင်မီ ရှည်ကြာသော အတွေ့အကြုံကာလကို ဖြတ်သန်းရမည်ဖြစ်သည်။ ဤသည်မှာ တစ်ဦးတစ်ယောက်၏ စိတ်သဘောထားကို ပြောင်းလဲဖို့ တစ်သက်တာကြာရသည့် အကြောင်းရင်း ဖြစ်သည်။ ဥပမာအားဖြင့် ကိစ္စတစ်ခုတွင် ဖောက်ပြန်ပျက်စီးခြင်းကို သင်ဖွင့်ပြပါက ထိုအရာကို သဘောပေါက်လိုက်သည်နှင့် သမ္မာတရားကို သင် ချက်ချင်း လက်တွေ့လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ ဤသိနားလည်မှု အဆင့်တွင် အခြားသူများသည် သင့်ကို ပြုပြင်ကြသည်။ ထိုအခါ သင်၏ ပတ်ဝန်းကျင်က သင့်ကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ မဖြစ်မနေ ဆောင်ရွက်စေသည်။ တစ်ခါတစ်ရံ သင်သည် ထိုသို့လုပ်ဆောင်ရန် မပြေလည်သေးသကဲ့သို့ သင့်ကိုယ်သင် “ငါ ဤသို့ လုပ်ဆောင်ရန် လိုအပ်သလော။ ငါလုပ်ချင်သည့်အတိုင်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ငါအမြဲ စေခိုင်းခံနေရသနည်း။ ဤအရာကို ငါ မလုပ်ချင်၊ ငါ ပင်ပန်းသည်” ဟု ဆိုသည်။ ဘုရားအမှုတော်ကို တွေ့ကြုံရန် အောက်ပါဖြစ်စဉ်ကို ဖြတ်သန်းဖို့ လိုအပ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးခြင်းမှ သမ္မာတရားကို လိုလိုလားလား လက်တွေ့လုပ်ဆောင်ခြင်းသို့၊ အပျက်သဘောဆောင်နေခြင်းနှင့် အားနည်းနေခြင်းမှ ဇာတိပကတိကို ပုန်ကန်ရန် ခွန်အားနှင့် အစွမ်းအစ ရှိလာခြင်းသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်ဖြစ်သည်။ လူတို့သည် အတွေ့အကြုံ အတိုင်းအတာတစ်ခုသို့ ရောက်ပြီးနောက် အချို့သော စမ်းသပ်မှုများ၊ စစ်ဆေးခြင်းကို ကြုံရပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားအချို့ကို သိနားလည်လာသည့်အခါ အနည်းငယ် ပျော်ရွှင်လာကာ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူရန် လိုလိုလားလား ရှိလာလိမ့်မည်။ အစတွင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးသည်။ မိမိ၏တာဝန်များကို သစ္စာစောင့်သိစွာဖြင့် ထမ်းဆောင်ခြင်းကို ဥပမာတစ်ခုအဖြစ် ကြည့်လော့။ သင်၏တာဝန်များကို ထမ်းဆောင်ခြင်းအကြောင်းနှင့် ဘုရားသခင်ကို သစ္စာစောင့်သိခြင်းအကြောင်း သိနားလည်မှုအချို့ သင်၌ ရှိသည်။ ထို့အပြင် သမ္မာတရားကို နားလည်မှုအချို့လည်း သင်၌ ရှိသည်။ သို့ရာတွင် မည်သည့်အချိန်၌ သင်သည် လုံးလုံးလျားလျား သစ္စာစောင့်သိနိုင်မည်နည်း။ သင်သည် သင်၏တာဝန်များကို အမည်ခံအရရော လုပ်ဆောင်ချက်အရပါ မည်သည့်အချိန်တွင် ထမ်းဆောင်နိုင်လိမ့်မည်နည်း။ ဤအရာသည် လုပ်ငန်းစဉ်တစ်ခုကို လိုအပ်လိမ့်မည်။ ဤလုပ်ငန်းစဉ် အတောအတွင်း သင်သည် ဒုက္ခဆင်းရဲများစွာကို ခံစားရနိုင်သည်။ လူအချို့သည် သင့်ကို ပြုပြင်ကြမည်ဖြစ်ပြီး အခြားသူများက သင့်ကို ဝေဖန်ကောင်း ဝေဖန်ကြမည်။ အယောက်တိုင်း၏ မျက်လုံးများသည် သင့်အပေါ်တွင်ရှိပြီး သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာကြလိမ့်မည်ဖြစ်သဖြင့် ထိုအခါမှသာ သင်သည် အမှားပြုလုပ်မိပြီးဖြစ်ကြောင်း၊ ညံ့ဖျင်းစွာ လုပ်ဆောင်ထားသူမှာ သင်သာလျှင် ဖြစ်ကြောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိမှု မရှိခြင်းသည် လက်မခံနိုင်စရာဖြစ်ကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိ၍ မဖြစ်ကြောင်းတို့ကို စတင်နားလည်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေ၍ အမှားတစ်ခုကို သင်ပြုလုပ်မိသောအခါ သင့်ကို ပြစ်တင်ဝေဖန်လိမ့်မည်။ ဤလုပ်ငန်းစဉ်အတောအတွင်း သင်သည် သင့်အကြောင်းနှင့်ပတ်သက်၍ အချို့အရာတို့ကို နားလည်လာလိမ့်မည် ဖြစ်သည့်အပြင် သင်၌ မစင်ကြယ်မှု မြောက်မြားစွာ ရှိနေကြောင်း၊ သင်၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် များလွန်းသော ကိုယ်ပိုင်ရည်ရွယ်ချက်များကို သင်လက်သင့်ခံထားပြီး လွန်ကျူးသော အလိုဆန္ဒများစွာ သင်၌ ရှိနေကြောင်းတို့ကို သိလာလိမ့်မည်။ ဤအရာများ၏ အနှစ်သာရကို သင်နားလည်သွားသည်နှင့် တစ်ပြိုင်နက် သင်သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ပြီး စစ်မှန်သော နောင်တရရှိနိုင်လျှင် သင်သည် ထိုဖောက်ပြန်ပျက်စီးသော အရာများမှ သန့်စင်ခံရနိုင်၏။ အကယ်၍ ဤပုံစံဖြင့် သင်သည် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ ရှာဖွေပါက ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ခြေချမိလိမ့်မည် ဖြစ်သည်။ စစ်မှန်သော အသက်တာ အတွေ့အကြုံများကို သင် စတင် ရရှိလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြည်းဖြည်းချင်း စတင် သန့်စင်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပို၍ သန့်စင်လေလေ၊ အသက်တာ စိတ်သဘောထားက အသွင်သဏ္ဌာန် ပြောင်းလဲလေလေ ဖြစ်သည်။
ယခုတွင် လူများစွာတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြသော်လည်း အနှစ်သာရအားဖြင့် လူမည်မျှသည် မိမိတို့တာဝန်များကို ဖြစ်သလိုလုပ်နေကြသနည်း။ လူမည်မျှက သမ္မာတရားကို လက်ခံပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း မိမိတို့တာဝန်များကို ထမ်းဆောင်နိုင်ကြသနည်း။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးနောက်တွင် လူမည်မျှသည် မိမိတို့တာဝန်များကို ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ဖြည့်ဆည်းကြသနည်း။ ဤအရာများကို ပိုမိုဆန်းစစ်ခြင်းအားဖြင့် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အမှန်တကယ် စံမီခြင်းရှိမရှိဆိုသည်ကို သိနိုင်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်သဘောထား ပြောင်းလဲပြီးခြင်း ရှိမရှိဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်နိုင် လိမ့်မည်။ မိမိ၏ စိတ်သဘောထား ပြောင်းလဲအောင် စွမ်းဆောင်ခြင်းသည် ရိုးရှင်းသည့်ကိစ္စ မဟုတ်ပေ။ ယင်းမှာ အပြုအမူတွင် ပြောင်းလဲမှု အနည်းငယ် ရှိခြင်း၊ သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာအချို့ ရရှိခြင်း၊ သမ္မာတရား၏ ရှုထောင့်တိုင်းနှင့်ပတ်သက်သည့် မိမိ၏ အတွေ့အကြုံအကြောင်းကို အနည်းငယ် ပြောပြနိုင်ခြင်း၊ သို့မဟုတ် ပြောင်းလဲမှုအချို့ကို ရရှိခြင်း၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရပြီးနောက် အနည်းငယ် ကျိုးနွံနာခံတတ်လာခြင်းတို့ကိုသာ မဆိုလိုပေ။ ဤအရာများသည် တစ်ဦးတစ်ယောက်၏ အသက်စိတ်သဘောထား အသွင်ပြောင်းလဲမှုကို မဖြစ်စေပေ။ ဤအရာကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင့်အနေဖြင့် အတော်အတန် ပြောင်းလဲကောင်း ပြောင်းလဲနိုင်သော်လည်း သင်သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးပေ။ သင်သည် ယာယီ သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခုနှင့် အဆင်ပြေသည့် အခြေအနေတစ်ခုတွင် ရှိကောင်း ရှိနေသောကြောင့် သို့မဟုတ် သင်၏ လတ်တလော အခြေအနေများက သင့်ကို မဖြစ်မနေလုပ်စေသောကြောင့် ဤနည်းဖြင့် သင် ပြုမူခြင်း ဖြစ်ကောင်းဖြစ်မည်။ ထို့အပြင် သင်သည် ကောင်းသည့် စိတ်အခြေအနေတွင် ရှိသည့်အခါ၊ သင်၏ အခြေအနေက ပုံမှန်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သင်၌ ရှိသည့်အခါ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သို့သော် သင်သည် စမ်းသပ်မှုအလယ်တွင် ရှိသည်ဆိုပါစို့၊ သင်၏ စမ်းသပ်မှုအလယ်တွင် ယောဘကဲ့သို့ ဆင်းရဲဒုက္ခကို သင် ခံစားနေရချိန်၊ သို့မဟုတ် သေခြင်းတရား၏ စမ်းသပ်မှုကို ရင်ဆိုင်ရသည်ဆိုပါစို့။ ဤအရာဖြစ်လာသည့်အခါ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ဦးမည်လော၊ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဦးမည်လော။ “ကိုယ်တော့်ကို သိကျွမ်းလာပြီးနောက်တွင် သေရမည်ဆိုလျှင်ပင်၊ ကျွန်ုပ်သည် အဘယ်သို့များ အလွန်ဝမ်းမြောက်စွာနှင့် ပျော်ရွှင်စွာ မသေဘဲ နေနိုင်မည်နည်း” ဟု ပေတရုပြောသည့်အရာကဲ့သို့သော အရာတစ်ခုကို သင် ပြောနိုင်သလော။ မည်သည့်အရာကို ပေတရုက တန်ဖိုးထားသနည်း။ ပေတရုတန်ဖိုးထားခဲ့သည်မှာ ကျိုးနွံနာခံမှုဖြစ်ပြီး ဘုရားသခင်ကို သိကျွမ်းခြင်းမှာ အရေးအကြီးဆုံးသော အရာဖြစ်သည်ဟု သူ မှတ်ယူသည်။ ထို့ကြောင့် သေသည်အထိ သူ ကျိုးနွံနာခံနိုင်ခဲ့လေသည်။ စိတ်သဘောထား ပြောင်းလဲမှုသည် ညတွင်းချင်း ဖြစ်သည် မဟုတ်။ စွမ်းဆောင်ရရှိရန် တစ်သက်တာလုံး အတွေ့အကြုံလိုသည်။ သမ္မာတရားကို သိနားလည်ခြင်းသည် အနည်းငယ်သာ၍ လွယ်ကူသော်လည်း အမျိုးမျိုးသော အခြေအနေများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် ခက်ခဲ၏။ အဘယ်ကြောင့် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် အမြဲ အခက်ကြုံကြရသနည်း။ အမှန်တွင် ဤအခက်အခဲများအားလုံးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ထိုအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလာသည့် အဟန့်အတားများ ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိရန် ဆင်းရဲဒုက္ခများစွာ ခံစားပြီး အဖိုးအခပေးရမည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သင်၌ မရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဖို့ လိုမည်မဟုတ်ပေ။ ဤသည်မှာ သိသာသည့်အချက်တစ်ခုဖြစ်သည် မဟုတ်လော။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်နေသည့်အလား ထင်ကောင်းထင်ရမည် ဖြစ်သော်လည်း လက်တွေ့တွင် သင်သည် ထိုသို့ လုပ်ဆောင်နေကြောင်း သင့်လုပ်ဆောင်ချက်များ၏ သဘောသဘာဝက ညွှန်ပြခြင်း မရှိပေ။ ဘုရားသခင်နောက် လိုက်လျှောက်ကြရာတွင် များစွာသောလူတို့က မိမိတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်ကို စွန့်ပစ်နိုင်ကာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ကြသဖြင့် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသည်ဟု ယုံကြည်ကြလေသည်။ သို့ရာတွင် သူတို့သည် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မည်သည့်အခါမျှ ပေးနိုင်ခြင်း မရှိကြချေ။ ဤနေရာတွင် မည်သည့်အရာ အတိအကျဖြစ်ပျက်နေသနည်း။ ၎င်းတို့ကို လူ့အယူအဆများဖြင့် အကဲဖြတ်ရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည့်ပုံပေါက်သည့်တိုင် ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ဘုရားသခင်က အသိအမှတ်မပြုပေ။ သင်လုပ်ဆောင်သည့်အရာများ၏ နောက်ကွယ်တွင် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များရှိပြီး မသန့်မရှင်းဖြစ်ပါက သင်သည် စည်းမျဉ်းများမှ သွေဖည်နိုင်ဖွယ်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ပြော၍ မရပေ။ ဤသည်မှာ အပြုအမူတစ်မျိုးသာ ဖြစ်သည်။ အတိအကျဆိုပါက သင်၏ ဤသို့သော အပြုအမူမျိုးသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရဖို့ သေချာသလောက် ရှိ၏။ ယင်းသည် ဘုရား၏ အသိအမှတ်ပြုခြင်း သို့မဟုတ် အောက်မေ့ခြင်းကို ခံရမည် မဟုတ်ပေ။ ဤအရာကို အနှစ်သာရနှင့် ဇာစ်မြစ်အထိ ဆက်လက်၍ ခွဲစိတ်လေ့လာကြည့်ပါက သင်သည် မကောင်းမှုပြုသည့်သူတစ်ဦးဖြစ်ပြီး သင်၏ ဤအပြင်ပန်း အပြုအမူများသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သဘောညီမျှ၏။ အပြင်ပန်းတွင် သင်သည် တစ်စုံတစ်ရာကို နှောင့်ယှက်ခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်း မရှိသည့်အပြင် သမ္မာတရားတစ်ခုတလေကို အမှန်တကယ် ထိခိုက်စေခြင်း မရှိပေ။ ၎င်းသည် ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည်ဟု ထင်ရသည့်တိုင် အတွင်း၌မူ လူသား၏ ညစ်ညမ်းစေသောအရာများနှင့် ရည်ရွယ်ချက်များရှိကာ ယင်း၏ အနှစ်သာရသည် မကောင်းမှုပြုခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ စိတ်သဘောထား ပြောင်းလဲမှု ရှိမရှိနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းနှင့် သင့်လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ အကြောင်းရင်းများကို ကြည့်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကို ဆုံးဖြတ်သင့်သည်။ ယင်းမှာ သင်၏ လုပ်ရပ်များက လူ့စိတ်ကူးများ၊ လူ့အတွေးအခေါ်များနှင့် ကိုက်ညီခြင်းရှိမရှိ သို့မဟုတ် ယင်းတို့သည် သင်၏ အကြိုက်နှင့် ကိုက်ခြင်း ရှိမရှိတို့အပေါ် မတည်မှီပေ။ ထိုကဲ့သို့သော အရာများသည် အရေးမကြီးချေ။ အမှန်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သင်ကိုက်ညီမှု ရှိမရှိ၊ သင်၏ လုပ်ဆောင်ချက်များက သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် သူ၏ သတ်မှတ်ချက်များ၊ စံနှုန်းများနှင့် ပြည့်မီခြင်း ရှိမရှိ ဘုရားသခင် ပြောသောအရာအပေါ် မူတည်သည်။ သင့်ကိုယ်သင် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် တိုင်းထွာခြင်းသည်သာ မှန်ကန်တိကျ၏။ စိတ်သဘောထား၌ ပြောင်းလဲခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းသည့်အပြင် လွယ်လည်း မလွယ်ကူပေ။ ယခု ဤအရာကို သင်တို့ နားလည်ပါသလော။ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုတလေ သင်တို့ ရှိပါသလော။ ပြဿနာတစ်ခု၏ အနှစ်သာရနှင့် ပတ်သက်လာသည့်အခါ ယင်းကို သင်တို့ နားလည်ကောင်း နားလည်မည်မဟုတ်။ သင်တို့၏ ဝင်ရောက်မှုသည် လွန်ကဲစွာ အပေါ်ယံဖြစ်လေပြီ။ သင်တို့သည် စောစောထပြီး နောက်ကျမှ အိပ်ရာဝင်လျက် အရုဏ်တက်မှ နေဝင်ဆည်းဆာထိတိုင် တစ်နေ့တာလုံး ပြေးလွှားလှုပ်ရှားကြသော်လည်း အသက်စိတ်သဘောထား အသွင်ပြောင်းလဲမှုကို မစွမ်းဆောင်မရရှိကြသေးသည့်အပြင် စိတ်သဘောထား အသွင်ပြောင်းလဲခြင်းက မည်သည့်အရာ ဖြစ်သည်ကိုလည်း သဘောမပေါက်နိုင်ကြပေ။ ဤအရာက သင်တို့၏ ဝင်ရောက်မှုမှာ ပေါ့တန်လွန်းသည်ဟု ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်ကို သင်တို့ မည်မျှကြာ ယုံကြည်လာသည်ဖြစ်စေ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း၏ အနှစ်သာရအပြင် ထိုအရာနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့် နက်ရှိုင်းသော အရာများကို မသိဘဲ ရှိနေနိုင်သည်။ ယင်းက သင်၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုနိုင်သလော။ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုခြင်း ရှိမရှိကို သင်တို့ မည်သို့ သိရှိသနည်း။ အနည်းဆုံးအနေဖြင့် သင် လုပ်ဆောင်သည့် အရာတိုင်းနှင့်စပ်လျဉ်း၍ ထူးထူးခြားခြား တည်ကြည်ခိုင်မာလာသည်ကို သင်ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်နေစဉ်တွင် သို့မဟုတ် သာမန်အချိန်များတွင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြနေပြီး အသိဉာဏ် ပွင့်လင်းနေစေကာ သင့်အထဲတွင် အလုပ်လုပ်နေသည်ကို သင် ခံစားရလိမ့်မည်။ သင်၏ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဒွန်တွဲလျက် အံကိုက်ဖြစ်လိမ့်မည်ဖြစ်ပြီး အတွေ့အကြုံ အတိုင်းအတာတစ်ခု သင် ရရှိပြီးသည်နှင့်တစ်ပြိုင်နက် အတိတ်က သင် ပြုမူခဲ့သည့်ပုံသည် အတော် သင့်တော်သည်ကို သင် ခံစားရလိမ့်မည်။ သို့သော် အချိန်ကာလတစ်ခုကြာ အတွေ့အကြုံ ရရှိပြီးနောက်တွင် အတိတ်က သင် လုပ်ဆောင်ခဲ့သည့် အရာများထဲမှ အချို့သည် မသင့်တော်သကဲ့သို့ ယင်းတို့နှင့် ပတ်သက်၍ သင် စိတ်ကျေနပ်မှုမရှိခဲ့သည်ကို သင် ခံစားရပြီး ထိုအရာများသည် သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိဟု ခံစားရပါက ဤအရာက သင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းသည် ဘုရားသခင်ကို ခုခံရာတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သက်သေပြပေသည်။ ယင်းမှာ သင်၏ အစေခံခြင်းသည် ပုန်ကန်မှု၊ ခုခံမှုနှင့် လူသား ပြုမူသည့် နည်းလမ်းများဖြင့် ပြည့်နေပြီး စိတ်သဘောထား ပြောင်းလဲမှုများကို လုံးဝ စွမ်းဆောင်မရရှိနိုင်သည့် အထောက်အထားဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ
(၅၁၉) လူတစ်ဦးသည် အပြုအမူကောင်းများစွာ ရှိပါက သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်နိုင်သည်။ ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုများကို သင် ပိုင်ဆိုင်နိုင်သည်။ လူအချို့သည် စိတ်ထက်သန်မှုရှိသည်၊ အယူဝါဒကို ပြောဆိုနိုင်သည်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်နိုင်ပြီး ကောင်းမှုများစွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အကြောင်း ပြော၍ရနိုင်သမျှမှာ လူ့သဘာဝ အနည်းငယ် ပိုင်ဆိုင်သည်ဟူ၍ ဖြစ်သည်။ အယူဝါဒပြောဆိုနိုင်ပြီး စည်းမျဉ်းစည်းကမ်းများကို အစဉ်လိုက်နာသူများသည် သမ္မာတရားကို သေချာပေါက် လက်တွေ့မလုပ်ဆောင်နိုင်ချေ။ ၎င်းတို့ပြောသည့်အရာသည် မှန်ကန်ပြီး၊ ပြဿနာများ ကင်းရှင်းပုံရသော်လည်း၊ သမ္မာတရား၏ အနှစ်သာရနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် မည်သည့်အရာမျှ ပြောစရာ မရှိကြချေ။ ထို့ကြောင့် တစ်စုံတစ်ဦးက အယူဝါဒကို မည်မျှပြောဆိုနိုင်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုသကဲ့သို့၊ အယူဝါဒမည်မျှ နားလည်သည်ဖြစ်စေ၊ မည်သည့်ပြဿနာကိုမျှ ၎င်းတို့ မဖြေရှင်းနိုင်ပေ။ ဘာသာရေး အယူအဆသမားအားလုံးက ကျမ်းစာကို ရှင်းပြနိုင်သော်လည်း၊ အဆုံးတွင်၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရား အလုံးစုံကို ၎င်းတို့ လက်မခံသောကြောင့် အားလုံးကျရှုံးကြသည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်း ခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို ပုန်ကန်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခု ပေါ်လွင်ထင်ရှားသည့်ပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့် မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ မည်သည့်နေရာကို ၎င်းတို့ ယူသင့်ပြီး ကျိုးကြောင်းဆီလျော်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်ကြောင်း၊ မည်ကဲ့သို့ တာဝန်သိတတ်ရမည် ဖြစ်ကြောင်း၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ဖြစ်ကြောင်းကိုသာမက မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ထို့ကြောင့် မိမိတို့စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် အတော်အတန် ယုတ္တိတန်ကြပြီး ထိုသို့သောလူများသာ လူသားပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားလည်ကြသောကြောင့် အမှုအရာများကို သမ္မာတရားနှင့်အညီ ပြောဆိုကာ မြင်နိုင်ကြသည်။ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အခြားသူများက ၎င်းတို့အပေါ် အကောင်းမြင်စေရန် အပြင်ပန်းတွင် မည်သည့်အရာ လုပ်ဆောင်ဖို့ကို အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်အရေးကြီးသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား စစ်မှန်မှု အမြောက်အမြား ရှိသည်မှာ သေချာပြီး အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ လုပ်ရပ်များ၏ စည်းမျဉ်းများဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရားကို မရရှိသေးသူများသည် အသက်စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရရှိကြသေးပေ။ စိတ်သဘောထားရှိ ပြောင်းလဲမှုကို မည်သို့ အတိအကျ စွမ်းဆောင်ရရှိသနည်း။ လူသားများသည် စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ခုခံကြပြီး၊ ဘုရားကို ခုခံသည့် သဘာဝရှိကြသည်။ ဘုရားကိုခုခံတတ်သည့် သဘာဝရှိပြီး ဘုရားကို ခုခံနိုင်ကြသူတို့အား ဘုရားကို ကျိုးနွံနာခံပြီး ကြောက်ရွံ့နိုင်ကြသူများအဖြစ်သို့ ပြောင်းလဲခြင်းအားဖြင့် လူတို့ကို ဘုရားသခင် ကယ်တင်သည်။ ဤသည်မှာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မည်မျှရှိသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သရွေ့ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ပြီး စမ်းသပ်မှုများနှင့် စစ်ဆေးမှုအမျိုးမျိုး လက်ခံနိုင်သရွေ့ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုရှိလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိကြသည့်အခါ မိမိတို့ကိုယ်တိုင်နှင့် စာတန်ကို မုန်းနိုင်ကြလိမ့်မည်၊ ပြီးလျှင် စာတန်ကို ပုန်ကန်ပြီး ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံရန် လိုလားနေကြလိမ့်မည်။ လူတစ်ဦးသည် ဤစိတ်ပိုင်းဖြတ်မှုရှိသည်နှင့် သမ္မာတရားကို လိုက်စားနိုင်သည်။ လူတို့သည် ဘုရားအပေါ် စစ်မှန်သည့် အသိရှိကြပါက ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံရပြီး ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့အတွင်းတွင် အမြစ်တွယ်ကာ ၎င်းတို့၏ အသက်နှင့် ၎င်းတို့တည်ရှိခြင်း အခြေခံဖြစ်လာပြီးဖြစ်ပါက ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ပြီး လုံးဝ ပြောင်းလဲကာ လူသစ်များဖြစ်လာပြီးဖြစ်ပါက ဤအရာကို ၎င်းတို့ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုအဖြစ် ယူဆပေသည်။ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူသားသဘာဝရှိခြင်းဟု မဆိုလိုသကဲ့သို့ လူတို့၏ အပြင်ဘက် စိတ်သဘောထားများက ယခင်ထက် ပိုမိုအောက်ကျို့တတ်သည်ဟု မဆိုလိုပေ။ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို အနည်းငယ် နားထောင်နိုင်သည်ဟု မဆိုလိုပေ၊ ဤအပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲမှ အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော သရုပ်သကန်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက ၎င်းတို့ထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ၊ ၎င်းတို့အတွင်းတွင် အုပ်စိုးပြီး ၎င်းတို့အသက် ဖြစ်လာပြီးဖြစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များလည်း ပြောင်းလဲပြီး ဖြစ်သည်။ လောကထဲနှင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်၊ လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားသခင်ကို အဆင်းနီသော နဂါးကြီးက ခုခံပုံနှင့် အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ရိပ်စားမိနိုင်သည်။ ၎င်းတို့ စိတ်နှလုံးတွင် အဆင်းနီသော နဂါးကြီးနှင့် စာတန်ကို မုန်းတီးနိုင်ပြီး ဘုရားဘက်သို့ လုံးဝ လှည့်ကာ ဘုရားနောက် လိုက်နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်ကာ ဘုရား၏ ရယူခြင်းခံရပြီးဖြစ်သည်ဆိုသည့် သဘောဖြစ်သည်။ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများသည် အခြေခံကျသော ပြောင်းလဲမှုများဖြစ်သော်လည်း အပြုအမူရှိ အပြောင်းအလဲများမှာ အပေါ်ယံ ဖြစ်သည်။ အသက်စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိပြီးသည့်သူတို့သာ သမ္မာတရားကို ရရှိပြီးသူများဖြစ်ပြီး ၎င်းတို့သည်သာ ဘုရားသခင်၏ ရယူခြင်းခံရပြီး ဖြစ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
(၅၂၀) ဖောက်ပြန်ပျက်စီးခြင်းမှ သန့်စင်သွားရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များ၊ စာတန်၏ အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ဤအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့်အခါ သင် ဝန်ခံပြီး နာခံသင့်သည်၊ ကွဲပြားသည့် ရွေးချယ်မှုတစ်ခုကို သင် ပြု၍မရသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မိမိကိုယ်ကို သိရှိသင့်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်းဟု ဆိုလိုပေသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သူ၏ မိန့်မြွက်ချက်များက မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော လူတို့သည် လူသားသဘာဝ အနည်းငယ်မျှ ရှိကြလျှင်ပင်၊ ကောင်းမှုအချို့ လုပ်ဆောင်နိုင်ကြပြီး၊ ဘုရားသခင်အတွက် စွန့်လွှတ်ကာ အသုံးခံနိုင်လျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်ကာ သမ္မာတရားကို လေးလေးနက်နက် သဘောမထားကြချေ။ ထို့ကြောင့် ၎င်းတို့၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ မပြောင်းလဲပေ။ ပေတရုသည် အခြားတပည့်တော်များနှင့် တူညီသည့် လူ့သဘာဝရှိသော်လည်း သမ္မာတရားကို သူ၏ ထက်ထက်သန်သန် လိုက်စားမှုက ပေါ်လွင်ခဲ့သည်ကို သင် မြင်နိုင်ပေသည်။ ယေရှုက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သူသည် လေးလေးနက်နက် တွေးဆခဲ့သည်။ ယေရှုက၊ “ရှိမုန်ဗာယောန၊ သင်သည် ငါ့ကို ချစ်သလော” ဟု မေးခဲ့သည်။ ပေတရုက၊ “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ ရှိသည့် ဖခမည်းတော်ကိုသာ ချစ်သည်။ သို့သော် ကမ္ဘာမြေပေါ်က သခင့်ကို ကျွန်ုပ်မချစ်ရသေးပါ” ဟု ရိုးသားစွာ ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ သူက၊ “ဤသည်မှာ မမှန်ပါ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးတွင် ဘုရားတစ်ပါးတည်း ရှိသည်မဟုတ်ပါလား။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ငါ ချစ်ပါက၊ ငါ၏ ချစ်ခြင်းသည် လက်တွေ့မကျပေ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ငါ ချစ်ရမည်၊ အကြောင်းမှာ ထိုအခါမှသာ ငါ၏ချစ်ခြင်းမေတ္တာ လက်တွေ့ကျလိမ့်မည် ဖြစ်သည်” ဟု တွေးရင်း၊ နားလည်ခဲ့သည်။ ထို့ကြောင့်၊ ပေတရုသည် ယေရှု တောင်းဆိုခဲ့ဖူးသည့် အရာမှ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်လာခဲ့သည်။ ဘုရားသခင်ကို ချစ်ဖို့နှင့် ဤချစ်ခြင်းမေတ္တာ လက်တွေ့ကျဖို့အတွက်၊ လူတစ်ဦးသည် ကမ္ဘာမြေပေါ်က လူ့ဇာတိခံ ဘုရားသခင်ကို ချစ်ရမည်ဖြစ်သည်။ မရေရာသကဲ့သို့ မြင်၍မရသည့် ဘုရားသခင်ကို ချစ်ခြင်းသည် မစစ်မှန်သကဲ့သို့ လက်တွေ့မကျပေ၊ လက်တွေ့ကျသည့်၊ မြင်၍ရနိုင်သည့် ဘုရားသခင်ကို ချစ်ခြင်းမှာမူ သမ္မာတရား ဖြစ်သည်။ ယေရှု၏ နှုတ်ကပတ်တော်များမှ၊ ပေတရုသည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုကို သိနားလည်မှု ရရှိခဲ့သည်။ သိသိသာသာပင်၊ ပေတရု၏ ဘုရားသခင်၌ ယုံကြည်မှုသည် သမ္မာတရားကို လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ထားပေသည်။ နောက်ဆုံးတွင် သူသည် လက်တွေ့ကျသည့် ဘုရားသခင်- ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အပေါ် ချစ်ခြင်းကို ရရှိခဲ့သည်။ ပေတရုသည် သူ၏ သမ္မာတရားကို လိုက်စားခြင်းတွင် အထူးသဖြင့် စိတ်အားထက်သန်ခဲ့သည်။ ယေရှုက သူ့ကို လမ်းညွှန်သည့် အခါတိုင်းတွင်၊ သူသည် ယေရှု၏ နှုတ်ကပတ်တော်များကို လေးလေးနက်နက် တွေးဆခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိမီနှင့် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို သူ သိနားလည်ခြင်းမရှိမီတွင် သူသည် လများစွာကြာ၊ တစ်နှစ်ကြာ သို့မဟုတ် နှစ်များစွာကြာပင် တွေးဆခဲ့ကောင်း တွေးဆခဲ့ပေမည်။ ဤနည်းဖြင့် ပေတရုသည် သမ္မာတရားထဲသို့ ဝင်ရောက်ခဲ့၏။ သူထိုသို့ဝင်ရောက်နေစဉ် သူ၏ အသက် စိတ်သဘောထားက ပြောင်းလဲခဲ့ပြီး အသစ်ပြုပြင်ခြင်းခံခဲ့ရသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
(၅၂၁) စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ ဖော်ထုတ်ချက်နှင့်အညီ ဖြစ်ပျက်ရမည်ဖြစ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌သာ တစ်ဦးတစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အကျည်းတန်သော သဘာဝကို သိရှိနိုင်သည်၊ မိမိ၏ ကိုယ်ပိုင်သဘာဝထဲက စာတန်၏ အမျိုးမျိုးသော အဆိပ်များကို သတိပြုနိုင်သည်၊ မိမိ မိုက်မဲပြီး မသိနားမလည်သည်ကို နားလည်နိုင်ပြီး မိမိ၏ သဘာဝထဲက အားနည်းပြီး အပျက်သဘောဆောင်သော အရိပ်လက္ခဏာများကို သတိပြုမိနိုင်သည်။ ဤအရာများကို အပြည့်အဝ သိရှိပြီးသည့်နောက်တွင် သင်သည် မိမိကိုယ်ကို စစ်မှန်စွာ မုန်းတီးနိုင်ပြီး ဇာတိပကတိကို အမှန်တကယ် ပုန်ကန်နိုင်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစ်သမတ်တည်း ဆောင်ရွက်နိုင်သည်၊ သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်တွင် သမ္မာတရားကို မလျှော့တမ်းလိုက်စားနိုင်သည်၊ သင်၏စိတ်သဘောထား ပြောင်းလဲမှုရှိအောင် စွမ်းဆောင်နိုင်သည်၊ ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့နောက်တွင် ပေတရု၏ လမ်းကြောင်းကို သင်စတင်လျှောက်မိနှင့်ပြီး ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်မပါဘဲနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ မပါဘဲ၊ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်ကြသကဲ့သို့၊ မိမိတို့ကိုယ်ကို မပုန်ကန်နိုင်ကြသောကြောင့် ဤလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲပေလိမ့်မည်။ ပေတရု၏ စုံလင်ခြင်းလမ်းကြောင်းကို လိုက်လျှောက်ခြင်းသည် အဓိကအားဖြင့် စိတ်ခိုင်မာမှုရှိခြင်း၊ ယုံကြည်ချက် ရှိခြင်းနှင့် ဘုရားသခင်ကို ကိုးစားခြင်းတို့အပေါ် တည်မှီပေသည်။ ထို့အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ကျိုးနွံနာခံရမည်။ အရာခပ်သိမ်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမပါဘဲ လုပ်ဆောင်၍ မရပေ။ ဤအရာများသည် အဓိက ရှုထောင့်များဖြစ်သည်၊ ယင်းထဲမှ မည်သည့်အရာကိုမျှ ချိုးဖောက်၍ မရပေ။ အတွေ့အကြုံထဲတွင် မိမိကိုယ်ကို သိရှိရန် အလွန် ခက်ခဲ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်မရှိလျှင် အချည်းနှီးသာဖြစ်သည်။ ပေတရု၏ လမ်းကြောင်းကို လျှောက်ရန်၊ မိမိကိုယ်ကို သိရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား အသွင်ပြောင်းလဲခြင်း အပေါ် အာရုံစူးစိုက်ရမည်။ ပေါလု၏ လမ်းကြောင်းသည် အသက်ကို ရှာဖွေခြင်း သို့မဟုတ် မိမိကိုယ်ကို သိရှိခြင်းအပေါ် အာရုံစိုက်ခြင်း လမ်းကြောင်းတစ်ခုမဟုတ်ပေ။ သူသည် အထူးသဖြင့် အမှုကို လုပ်ဆောင်ခြင်း၊ ယင်း၏လွှမ်းမိုးမှုနှင့် အရှိန်အဟုန်အပေါ် အာရုံစိုက်ခဲ့၏။ သူ၏ ကြံရွယ်ချက်မှာ သူ၏ အလုပ်နှင့် ဆင်းရဲဒုက္ခခံစားခြင်း အတွက် အလဲအလှယ်အနေဖြင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို ရရှိဖို့နှင့် ဘုရားသခင်ထံမှ ဆုလာဘ်များရရှိဖို့ ဖြစ်သည်။ ဤကြံရွယ်ချက်သည် မှားယွင်း၏။ ပေါလုသည် အသက်အပေါ် အာရုံမစိုက်ခဲ့သကဲ့သို့၊ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိခြင်းအပေါ် အရေးထားမှုတစ်ခုတလေမျှ မရှိခဲ့ပေ။ သူသည် ဆုလာဘ်များအပေါ်သာ အာရုံစိုက်ခဲ့သည်။ သူသည် မှားယွင်းသည့် ရည်မှန်းချက်ပန်းတိုင်များ ရှိခဲ့သောကြောင့်၊ သူ လျှောက်လှမ်းခဲ့သည့် လမ်းကြောင်းသည်လည်း အမှန်ပင် မှားယွင်းခဲ့လေသည်။ ဤအရာကို သူ၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော သဘာဝအားဖြင့် ဖြစ်ပေါ်စေခဲ့ပေသည်။ သိသိသာသာပင်၊ ပေါလုသည် မည်သည့် သမ္မာတရားကိုမှ မပိုင်ဆိုင်ခဲ့သကဲ့သို့၊ သူသည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိခဲ့ပေ။ လူတို့ကို ကယ်တင်ခြင်းနှင့် ပြောင်းလဲခြင်းတွင်၊ ဘုရားသခင်သည် အဓိကအားဖြင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲ၏။ သူ၏ နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ လူတို့အထဲ၌ အသွင်ပြောင်းလဲသော စိတ်သဘောထားများနှင့် ဘုရားသခင်ကို သိရှိနိုင်စွမ်း၊ သူ့ကို ကျိုးနွံနာခံနိုင်စွမ်းနှင့် ပုံမှန်နည်းလမ်းဖြင့် သူ့ကို ကိုးကွယ်နိုင်စွမ်း တို့ကို ပိုင်ဆိုင်ခြင်း၏ ရလဒ်ကို ရရှိဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ အမှုတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ ပေါလု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ အလိုကို တိုက်ရိုက် ချိုးဖောက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ပေသည်။ ယင်းသည် ဘုရားသခင်၏အလိုကို လုံးဝ ဆန့်ကျင်ပေသည်။ သို့သော်၊ ပေတရု၏ ရှာဖွေခြင်း နည်းလမ်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီခဲ့သည်၊ သူသည် အသက်အပေါ်၊ စိတ်သဘောထား ပြောင်းလဲမှုများအပေါ် အာရုံစိုက်ခဲ့သည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် လူသားများထဲ၌ ရရှိဖို့ ဘုရားသခင် ဆန္ဒရှိသည့် ရလဒ် အတိအကျ ဖြစ်ပေသည်။ ထို့ကြောင့် ပေတရု၏ လမ်းကြောင်းသည် ကောင်းချီးခံစားရပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိလေသည်။ ပေါလု၏ လမ်းကြောင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သောကြောင့်၊ ဘုရားသခင်သည် ယင်းကို မုန်းတီးကာ ကျိန်ဆဲလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
(၅၂၂) မျက်မှောက်ခေတ်တွင် လူအများစုက မိမိကိုယ်ကိုမိမိအပေါ် အလွန်ပင် အပေါ်ယံဆန်သော သိနားလည်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့သဘာဝ၏ အစိတ်အပိုင်းဖြစ်သော အမှုအရာများကို ရှင်းလင်းစွာ သိမြင်လာခြင်း လုံးဝမရှိခဲ့ကြပေ။ ၎င်းတို့သည် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော အခြေအနေ အနည်းငယ်၊ သူတို့ပြုလုပ်တတ်သည့် အမှုအရာများ၊ သို့မဟုတ် သူတို့၏ အားနည်းချက်များ အနည်းငယ်ကိုသာ သိကြပြီး၊ ဤအရာက ၎င်းတို့အား မိမိကိုယ်ကိုသိသည်ဟု ယုံကြည်စေသည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် စည်းမျဉ်းစည်းကမ်းအနည်းငယ်ကို လိုက်နာကာ အချို့သော ကဏ္ဍများတွင် အမှားမလုပ်မိရန် သေချာစေပြီး၊ ထိုထိုသော ကျူးလွန်ပြစ်မှားခြင်းများ မလုပ်မိအောင် ရှောင်ကြဉ်နိုင်လျှင် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်း၌ စစ်မှန်မှုပိုင်ဆိုင်သည်ဟု မိမိကိုယ်ကို သဘောထားပြီး ကယ်တင်ခံရလိမ့်မည်ဟု ယူဆတတ်ကြသည်။ ဤသည်မှာ လုံးလုံးလျားလျားပင် လူသား၏ စိတ်အထင်ဖြစ်သည်။ ထိုအရာများကို သင်လိုက်နာလျှင် မည်သည့် ကျူးလွန်ပြစ်မှားခြင်းကိုမျှ မလုပ်မိစေဖို့ သင် အမှန်တကယ် ရှောင်ကြဉ်လာနိုင်လိမ့်မည်လော။ စိတ်သဘောထား၌ စစ်မှန်သောပြောင်းလဲမှုကို သင်ရရှိပြီးဖြစ်လိမ့်မည်လော။ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ကို သင် အမှန်တကယ် အသက်ရှင်နေလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ထိုနည်းအတိုင်း အမှန်ပင် ကျေနပ်စေနိုင်သလော။ လုံးဝကျေနပ်စေနိုင်မည် မဟုတ်၊ ဤသည်မှာ သေချာ၏။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် လူတစ်ဦးက မြင့်မားသော စံနှုန်းများရှိပြီး သမ္မာတရားနှင့် သူ၏ အသက်တာစိတ်သဘောထား၌ အသွင်ပြောင်းလဲမှု အတော်အတန် ရရှိထားသောအခါမှသာ အလုပ်ဖြစ်လေသည်။ ဤသည်မှာ ရှေးဦးစွာ မိမိကိုယ်ကို သိရန် စိတ်နှစ်မြုပ်လုပ်ဆောင်ခြင်းလိုအပ်သည်။ လူတို့၏ မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန်ပေါ့တန်လျှင်၊ ပြဿနာများကို ဖြေရှင်းဖို့ မဖြစ်နိုင်သည်ကို ၎င်းတို့ တွေ့ရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တာ စိတ်သဘောထား တကယ်ကို ပြောင်းလဲလိမ့်မည်မဟုတ်။ မိမိကိုယ်ကို နက်နဲသိမ်မွေ့သော အဆင့်တစ်ခုအထိ သိရှိရန် လိုအပ်၏၊ ယင်းမှာ မိမိ၏ ကိုယ်ပိုင်သဘာဝအား သိရှိခြင်းကို ဆိုလိုသည်။ ထိုသဘာဝတွင် မည်သည့် အရိပ်လက္ခဏာများ ပါဝင်သည်၊ ဤအရာများ မည်သို့ ပေါ်ပေါက်သည်၊ ထို့ပြင် ၎င်းတို့ မည်သည့်အရပ်မှ လာခဲ့သည် စသည်တို့ဖြစ်သည်။ ထို့အပြင်၊ ဤအရာများကို သင် အမှန်တကယ် မုန်းတီးနိုင်ပါသလော။ သင်၏ ကိုယ်ပိုင် အကျည်းတန်သော ဝိညာဉ်နှင့် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို သင် မြင်ပြီးပြီလော။ မိမိကိုယ်ကို၏ အမှန်တရားကို သင် အမှန်တကယ် တွေ့မြင်နိုင်လျှင်၊ သင်သည် မိမိကိုယ်ကို မုန်းတီးလိမ့်မည်။ မိမိကိုယ်ကို မုန်းတီးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်သောအခါ၊ သင်သည် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်ဖြစ်ပြီး ယင်းကို အားသွန်ခွန်စိုက်လုပ်ရသည်ဟု ယုံကြည်ခြင်းမရှိဘဲ သမ္မာတရားကို ဆောင်ရွက်ဖို့ ခွန်အား သင်ရှိပါလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် မိမိတို့၏ သွေးသား နှစ်သက်မှုများနောက် လိုက်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အတော်ကောင်းသည်ဟု ထင်မှတ်ကြကာ ၎င်းတို့၏ လုပ်ရပ်များမှာ မှန်ကန်ပြီး တရားသည်၊ ၎င်းတို့တွင် အမှားများမရှိသကဲ့သို့ မှန်ကန်မှုတွင် လုံးလုံးလျားလျား ရှိသည်ဟုပင် ခံစားကြသောကြောင့် ၎င်းတို့သည် တရားမျှတခြင်းက ၎င်းတို့ဖက်တွင် ရှိသည်ဟု ယူဆချက်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိကြလေ၏။ လူတစ်ဦးသည် မိမိ၏ စစ်မှန်သော သဘာဝမှာ မည်သည့်အရာဖြစ်သည်ကို မြင်သည့်အခါ၊ မည်မျှအကျည်းတန်ပုံ၊ မည်မျှစက်ဆုပ်ဖွယ်ကောင်းပုံနှင့် မည်မျှသနားဖွယ်ကောင်းပုံကို မြင်သည့်အခါတွင် မိမိကိုယ်ကို အလွန်အမင်း ဂုဏ်ယူနေခြင်း၊ လွန်လွန်ကဲကဲ မာနထောင်လွှားခြင်းနှင့် ယခင်ကဲ့သို့ မိမိကိုယ်ကို အလွန်ပင် ကျေနပ်အားရခြင်းတို့ မရှိတော့ပေ။ “ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို လက်တွေ့ကျင့်ဆောင်ရာတွင် အလွန်အလေးအနက်ထားပြီး လက်တွေ့ကျရမည်။ ထိုသို့မဟုတ်လျှင် ကျွန်ုပ်သည် လူသားဖြစ်ခြင်း၏ စံချိန်နှင့် ကိုက်ညီလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင်၏ မျက်မှောက်ထဲ၌ အသက်ရှင်ရန် ရှက်လိမ့်မည်” ဟု သူ ခံစားရသည်။ သူသည် သူ့ကိုယ်သူ အမှန်တကယ် အသုံးမကျသူ၊ အမှန်တကယ် အရေးမပါသူအဖြစ် မြင်လေ၏။ ဤအချိန်တွင် သမ္မာတရားကို ကျင့်ဆောင်ရန် သူ့အတွက် လွယ်ကူပြီး သူ၌ လူသားတစ်ဦးဖြစ်သည့်အတိုင်း အတော်ပင်တူလာမည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် မုန်းတီးသည့်အခါမှသာ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်ပေသည်။ ၎င်းတို့ မိမိကိုယ်ကို မမုန်းတီးလျှင်၊ ဇာတိပကတိကို ၎င်းတို့ ပုန်ကန်နိုင်လိမ့်မည်မဟုတ်။ မိမိကိုယ်ကို အမှန်တကယ် မုန်းတီးခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤတွင် ပိုင်ဆိုင်ရမည့် အရာအချို့ရှိသည်။ ပထမဦးစွာ၊ မိမိ၏ ကိုယ်ပိုင် သဘာဝကို သိရှိခြင်းနှင့်၊ ဒုတိယ၊ မိမိကိုယ်ကိုချို့တဲ့ပြီး နုံချာသောသူအဖြစ် မြင်ခြင်း၊ မိမိကိုယ်ကိုအလွန်အမင်း သေးနုပ်ပြီး အရေးမပါသူအဖြစ် မြင်ခြင်းနှင့် နုံချာပြီး ညစ်ပတ်သော မိမိ၏ ကိုယ်ပိုင် ဝိညာဉ်ကို မြင်ခြင်းတို့ ဖြစ်သည်။ မိမိ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို အပြည့်အဝ မြင်ပြီး ဤရလဒ်ရရှိသည့်အခါတွင်၊ လူတစ်ဦးသည် မိမိကိုယ်ကိုသိကျွမ်းခြင်းအား အမှန်တကယ်ရရှိပြီး၊ မိမိကိုယ်ကိုအပြည့်အဝ သိရှိလာပြီဟု ဆိုနိုင်ပေသည်။ ထိုအခါတွင်မှ မိမိကိုယ်ကို ကျိန်ဆဲမိသည်အထိ ရောက်လျက် မိမိကိုယ်ကို အမှန်တကယ် မုန်းတီးနိုင်ပြီး၊ လူသားတစ်ဦးနှင့် မဆင်တော့သည်အထိ စာတန်အားဖြင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခံခဲ့ရသည်ကို အမှန်တကယ် ခံစားနိုင်ပေသည်။ ထို့နောက်တွင်၊ တစ်နေ့၊ သေခြင်း၏ ခြိမ်းခြောက်မှု ထွက်ပေါ်သောအခါ၊ ထိုသို့သော လူတစ်ဦးက၊ “ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော အပြစ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်သည် အမှန်ပင် ဖြောင့်မတ်ပေ၏၊ ကျွန်ုပ် အမှန်တကယ် သေသင့်သည်တကား” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် သူသည် ဘုရားသခင်ကို အပြစ်တင်ဖို့မဆိုထားနှင့်၊ မကျေနပ်ချက်ပင် တင်လိမ့်မည်မဟုတ်ဘဲ၊ သူသည် အလွန်နုံချာပြီး သနားစဖွယ်ဖြစ်သည်၊ ဘုရားသခင်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရပြီး ဖျက်ဆီးခံရသင့်သည်အထိ အလွန် ညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသကဲ့သို့၊ သူ၏ ဝိညာဉ်ကဲ့သို့သော ဝိညာဉ်သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်ဖို့ရန် မသင့်တော်ဟု တကယ်ကို ခံစားရပေသည်။ ထို့ကြောင့် ဤလူသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စောဒကတက်လိမ့်မည်မဟုတ်၊ သို့မဟုတ် အာခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ လူတစ်ဦးသည် မိမိကိုယ်ကို မသိရှိသကဲ့သို့ မိမိကိုယ်ကို အတော်ကောင်းမွန်သည်ဟု ထင်မှတ်သေးလျှင်၊ သေခြင်းက တံခါးခေါက်သည့်အခါ၊ ဤလူက၊ “ကျွန်ုပ်၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်သည် အလွန်ကောင်းစွာ ပြုခဲ့ပေပြီ။ ကျွန်ုပ် အလွန်များစွာ ရှာဖွေပြီးဖြစ်သည်။ အလွန်များစွာ ကျွန်ုပ် ပေးဆပ်ခဲ့ပြီးဖြစ်သည်၊ အလွန်များစွာ ကျွန်ုပ် ဒုက္ခခံစားပြီးဖြစ်သည်၊ သို့တိုင် နောက်ဆုံးတွင်၊ ဘုရားသခင်က ယခု ကျွန်ုပ်ကို သေခိုင်းလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား အဘယ်မှာရှိသည်ကို ကျွန်ုပ်မသိ။ အဘယ်ကြောင့် ကျွန်ုပ်ကို သေဖို့ သူ စေခိုင်းနေရပါသနည်း။ ကျွန်ုပ်သေရမည်ဆိုလျှင်၊ မည်သူ ကယ်တင်ခံရလိမ့်မည်နည်း။ လူသားမျိုးနွယ်သည် အဆုံးသတ်သို့ ရောက်ရှိလိမ့်မည် မဟုတ်လော”ဟု တွေးလိမ့်မည်။ ပထမဦးစွာ၊ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများ ရှိ၏။ ဒုတိယ၊ ဤလူသည် မည်သည့် ကျိုးနွံနာခံခြင်း တစ်ခုတလေကိုမျှ မပြသဘဲလျက် ညည်းညူနေပေသည်။ ဤသည်မှာ ပေါလုကဲ့သို့ ဖြစ်၏။ သူသေခါနီးအချိန်တွင်၊ သူသည် မိမိကိုယ်ကို မသိရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း နီးကပ်လာသည့်အချိန်တွင်၊ အားလုံးကအလွန် နောက်ကျခဲ့ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
(၅၂၃) လူတို့သည် စုံလင်စေခြင်း လမ်းကြောင်းပေါ်သို့ ခြေချသောအခါတွင်၊ ၎င်းတို့၏ စိတ်သဘောထားဟောင်းများကို ပြောင်းလဲနိုင်စွမ်းရှိလာသည်။ ထို့အပြင်၊ ၎င်းတို့၏ အသက်တာသည် ဆက်လက်ကြီးထွားပြီး၊ သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ၎င်းတို့ တဖြည်းဖြည်း ဝင်ရောက်ကြလေသည်။ ၎င်းတို့သည် လောကနှင့် သမ္မာတရားကို မလိုက်စားသောသူ အားလုံးအား စက်ဆုပ်ရွံရှာ နိုင်ကြ၏။ အထူးသဖြင့် မိမိတို့ကိုယ်ကိုယ် စက်ဆုပ် ရွံရှာကြသည်၊ သို့သော် ထို့ထက်ပို၍၊ မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစွာ သိရှိကြလေသည်။ ၎င်းတို့သည် သမ္မာတရားဖြင့် အသက်ရှင်ရန် လိုလားနေကြပြီး၊ သမ္မာတရားကို လိုက်စားဖို့ကို မိမိတို့၏ ရည်မှန်းချက် ဖြစ်စေကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဦးနှောက်မှ ဖြစ်ပေါ်သော အတွေးများအတွင်းတွင် အသက်ရှင်ဖို့ လိုလားလျက် မရှိကြသကဲ့သို့၊ လူသား၏ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု မှတ်ယူခြင်း၊ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ကို စက်ဆုပ်ရွံရှာမှု ခံစားရလေသည်။ ၎င်းတို့သည် အားကောင်းသည့် ရည်မွန်သော အသိစိတ်ဖြင့် စကားပြောဆိုကြသည်၊ အမှုကိစ္စများကို ကြုံတွေ့ရသည့်အခါတွင် ချင့်ချိန်နိုင်စွမ်းနှင့် ဉာဏ်ပညာ ရှိကြပြီး ဘုရားသခင်ကို သစ္စာစောင့်သိကာ ကျိုးနွံနာခံကြလေသည်။ ၎င်းတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း ဖြစ်စဉ်တစ်ခုကို တွေ့ကြုံရပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်း ဖြစ်လာကြရုံသာမက၊ ဘုရားသခင်ထံမှလာသော ဤပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအတွက် ကျေးဇူးတင်ရှိတတ်ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း မပါဘဲ၊ မဖြစ်နိုင်သကဲ့သို့ ယင်းသည် ၎င်းတို့အား ကွယ်ကာသည်ကို ၎င်းတို့ ယုံကြည်ကြလေသည်။ ၎င်းတို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ဗိုက်ပြည့်သည်အထိစားရန် မုန့်ကိုရှာဖွေခြင်းတို့နှင့်ဆိုင်သည့် ယုံကြည်ခြင်းကို မလိုက်စားကြပေ။ ဇာတိပကတိနှင့်ဆိုင်သော တစ်ခဏတာ ပျော်ရွှင်မှုများကိုလည်း ၎င်းတို့ မလိုက်စားကြချေ။ ဤသည်မှာ စုံလင်စေခြင်းခံရသူတို့၌ ဖြစ်ပေါ်သည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု၏ စစ်မှန်သော ဇာတ်လမ်း (၄)
(၅၂၄) အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ကာ၊ မိမိ၏စကားများနှင့် လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ သမ္မာတရား၏ လက္ခဏာသွင်ပြင်များ အားလုံး၏စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပါက၊ ထိုသူသည် ဘုရားသခင်အားဖြင့် စုံလင်လာရသည့် လူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်တို့သည် ၎င်းတို့အတွက် လုံးလုံး ထိရောက်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် သူ၏အသက် ဖြစ်လာပြီးဖြစ်ကြောင်း၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်ကြောင်းကို ဆိုနိုင်သည်။ ထို့နောက်တွင် ၎င်းတို့ဇာတိပကတိ၏ သဘာဝသည်၊ ဆိုလိုသည်မှာ ၎င်းတို့ မူလတည်ရှိခြင်း၏ တကယ့်အခြေခံအုတ်မြစ်သည် တစ်ပိုင်းတစ်စစီ တုန်လှုပ်၍ ပြိုလဲလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် ပိုင်ဆိုင် ပြီးသည့်နောက်တွင်မှသာ လူသစ်များ ဖြစ်လာကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အသက် ဖြစ်လာပါက၊ ဘုရားသခင် အမှု၏ ရူပါရုံ၊ လူသားမျိုးနွယ် အပေါ် သူ၏ ဖော်ထုတ်ခြင်းများနှင့် သတ်မှတ်ချက်များနှင့် ၎င်းတို့ ဖြည့်ဆည်းဖို့ ဘုရားသခင် တောင်းဆိုသည့် လူသားအသက်တာအတွက် စံနှုန်းများသည် ၎င်းတို့၏ အသက် ဖြစ်လာပါက၊ ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများအတိုင်း လူတို့ အသက်ရှင်ပါက၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် စုံလင်စေခြင်း ခံရပေသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ပြန်လည်မွေးဖွားသူများ ဖြစ်ကြပြီး၊ လူသစ်များ ဖြစ်လာကြပြီးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ပေတရု ရှာဖွေလိုက်စားခဲ့သော လမ်းကြောင်းဖြစ်၏၊ ဤသည်မှာ စုံလင်စေခြင်းခံရသည့် လမ်းကြောင်း ဖြစ်၏။ ပေတရုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် စုံလင်စေခြင်းခံရပြီး သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသက်ကိုရ၏။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် သူ၏အသက် ဖြစ်လာပြီး သူသည် သမ္မာတရားကို ရရှိထားသူတစ်ဦး ဖြစ်လာခဲ့၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း
(၅၂၅) လူတို့တွင် ဘုရားသခင်၏ စိတ်သဘောထားအပေါ် စစ်မှန်သော သိနားလည်မှုရှိသောအခါ၊ ဘုရားသခင်၏ စိတ်သဘောထားသည် စစ်မှန်ကြောင်း၊ အမှန်တကယ် သန့်ရှင်းကြောင်းနှင့် အမှန်တကယ် ဖြောင့်မတ်ကြောင်း ၎င်းတို့ မြင်နိုင်သည့်အခါ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ချီးမွမ်းနိုင်သောအခါ ဘုရားသခင်ကို အမှန်တကယ် သိကြလိမ့်မည်။ ပြီးလျှင် သမ္မာတရားကို ရရှိကြပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်ကို သိကျွမ်းသည့်သူများသာလျှင် အလင်း၌ အသက်ရှင်ကြလေသည်။ ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းခြင်း၏ တိုက်ရိုက်အကျိုးတရားသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်ခြင်းနှင့် ကျိုးနွံနာခံနိုင်ခြင်းပင် ဖြစ်သည်။ လူတို့က ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းကာ သမ္မာတရားကို နားလည်ပြီး ရရှိသည့်အခါတွင် ဘဝအပေါ် ၎င်းတို့၏ လောကအမြင်နှင့် သဘောထားတို့သည် စစ်မှန်သော ပြောင်းလဲမှုတစ်ခု ကြုံတွေ့ရသည်။ ယင်းနောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထား၌လည်း စစ်မှန်သော ပြောင်းလဲမှုတစ်ခု ပေါ်ပေါက်လာသည်။ လူများ၌ မှန်ကန်သည့် ဘဝရည်မှန်းချက်များ ရှိသည့်အခါ၊ သမ္မာတရားကို လိုက်စားနိုင်ပြီး သမ္မာတရားအတိုင်း ကျင့်ကြံပြုမူကြသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး သူ့နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်သည့်အခါ၊ မိမိတို့ စိတ်နှလုံး၏ နက်ရှိုင်းရာအထိ တည်ငြိမ်ခြင်းကို ခံစားရပြီး လင်းလက်သည့်အပြင် ၎င်းတို့၏ စိတ်နှလုံးများသည် မှောင်မိုက်ခြင်း ကင်းသည့်အခါ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်တော်၌ လုံးလုံးလျားလျား အချုပ်အချယ်ကင်းပြီး လွတ်မြောက်စွာ အသက်ရှင်နိုင်သည့်အခါ ထိုအခါမှသာ ၎င်းတို့သည် စစ်မှန်သော လူ့အသက်တာကို ရရှိနိုင်ပြီး ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ပိုင်ဆိုင်သည့်သူများ ဖြစ်လာကြပြီးဖြစ်သည်။ ထို့အပြင် သင်နားလည်ပြီး ရရှိခဲ့သည့် သမ္မာတရားအားလုံးသည် ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်ကိုယ်တော်တိုင်ထံမှ လာသည်။ ဖန်ဆင်းရှင်ဖြစ်လေသူ အမြင့်ဆုံးသော ဘုရား၏ အသိအမှတ်ပြုခြင်းကို သင်ရရှိသောအခါမှသာ၊ ထို့ပြင် သင်သည်စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နေသည်ဟု သူပြောသောအခါမှသာ သင်၏ ဘဝသည် အဓိပ္ပာယ်အရှိဆုံး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း
(၅၂၆) ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် လူသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အသိပညာကို လိုက်စားဖို့ မဆိုထားနှင့်၊ အသက်နှင့်ဆိုင်သည့် အမှုကိစ္စများအကြောင်းကို အလေးအနက်မထားလျှင်၊ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မလိုက်စားလျှင်၊ သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများကို မလိုက်စားလျှင်၊ သူသည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်သည် စုံလင်စေခြင်းခံရရန် ဆန္ဒရှိပါက၊ ဘုရားသခင်၏အမှုကို သင် နားလည်ရမည်။ အထူးသဖြင့် သင်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၏ အရေးပါမှုနှင့် ဤအမှုကို လူသားအပေါ် အဘယ်ကြောင့် လုပ်ဆောင်ရသည်ကို နားလည်ရမည်။ သင်သည် ဤအမှုကို လက်ခံနိုင်ပါသလော။ ဤပြစ်တင်ဆုံးမခြင်းမျိုးအတောအတွင်းတွင်၊ သင်သည် ပေတရုကဲ့သို့ တူညီသည့်အတွေ့အကြုံနှင့် အသိပညာတို့ကို စွမ်းဆောင် ရရှိနိုင်သလော။ အကယ်၍ သင်သည် ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားပါက၊ ပြီးလျှင် သင့်စိတ်သဘောထား၌ ပြောင်းလဲမှုများကို သင် လိုက်စားပါက၊ သင်သည် စုံလင်စေခြင်းခံရဖို့ အခွင့်အရေး ရှိပေသည်။
စုံလင်စေခြင်းခံရမည့်သူများအတွက်၊ သိမ်းပိုက်ခံရခြင်းနှင့် ဆိုင်သော အမှု၏ ဤအဆင့်သည် မရှိမဖြစ် ဖြစ်သည်။ လူသည် သိမ်းပိုက်ခံရပြီးသည်နှင့်တစ်ပြိုင်နက်မှသာ၊ သူသည် စုံလင်စေခြင်း အမှုကို တွေ့ကြုံနိုင်ပေသည်။ သိမ်းပိုက်ခံရခြင်း အခန်းကဏ္ဍကိုသာ ဆောင်ရွက်ခြင်းတွင် ကြီးမားသော တန်ဖိုးမရှိပေ၊ ယင်းသည် သင့်အား ဘုရားသခင် အသုံးပြုခြင်းအတွက် သင့်တော်စေလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်ကို မလိုက်စားသကဲ့သို့၊ မိမိကိုယ်ကိုယ်၌ ပြောင်းလဲမှုနှင့် အသစ်ပြုပြင်ခြင်းတို့ကို မလိုက်စားသည့်အတွက်၊ ဧဝံဂေလိတရား ဖြန့်ဝေရာတွင် သင်၏ အခန်းကဏ္ဍကို သင် လုံးဝ ဆောင်ရွက်နိုင်မည် မဟုတ်ပေ၊ ထို့ကြောင့် သင်သည် စစ်မှန်သော ဘဝ အတွေ့အကြုံ မရှိပေ။ ဤအဆင့်ဆင့်ဖြစ်သော အမှုအတောအတွင်းတွင်၊ တစ်ချိန်က သင်သည် အစေခံသူတစ်ဦးအဖြစ်နှင့် အဖြည့်ခံတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သော်လည်း၊ နောက်ဆုံးတွင် သင်သည် ပေတရုအဖြစ် မလိုက်စားသကဲ့သို့၊ သင်၏ လိုက်စားမှုသည် ပေတရု စုံလင်စေခြင်းခံခဲ့ရသည့် လမ်းကြောင်းအတိုင်း မဟုတ်ပါက၊ သင့်စိတ်သဘောထား၌ အလိုအလျောက် ပြောင်းလဲမှုကို သင်တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် စုံလင်စေခြင်းခံရခြင်းကို လိုက်စားသည့် သူတစ်ဦးဖြစ်ပါက၊ သင်သည် သက်သေခံပြီးဖြစ်လိမ့်မည်၊ သင်က “ဘုရားသခင်၏ ဤအဆင့်ဆင့်ဖြစ်သော အမှုတွင်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုကို လက်ခံပြီးဖြစ်ကာ၊ ကျွန်ုပ်သည် ကြီးစွာသော ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရပြီးဖြစ်သော်လည်း၊ ဘုရားသခင်သည် လူသားအား မည်သို့ စုံလင်စေသည်ကို ကျွန်ုပ်သိလာရပြီးဖြစ်ပါသည်၊ ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သော အမှုကို ကျွန်ုပ်ရရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် အသိပညာကို ကျွန်ုပ်သိရှိပြီးဖြစ်ကာ သူ၏ ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်ကို ကယ်တင်ပြီးဖြစ်သည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားသည် ကျွန်ုပ်အပေါ်သို့ ရောက်လာပြီးဖြစ်ကာ ကျွန်ုပ်ထံ ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော် ဆောင်ကြဉ်းပြီးဖြစ်သည်။ ကျွန်ုပ်ကို ကွယ်ကာကာ သန့်စင်စေပြီးဖြစ်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ဖြစ်ပါ၏။ ကျွန်ုပ်သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မခံခဲ့ရပြီးဖြစ်ပါက၊ ပြီးလျှင် ဘုရားသခင်၏ ကြမ်းတမ်းသော နှုတ်ကပတ်တော်များ ကျွန်ုပ်အပေါ်သို့ မရောက်လာခဲ့ပြီးဖြစ်ပါက၊ ကျွန်ုပ်သည် ဘုရားသခင်အား သိရှိနိုင်ပြီးဖြစ်မည်မဟုတ်သကဲ့သို့၊ ကျွန်ုပ်သည် ကယ်တင်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပါ။ ယနေ့တွင် ကျွန်ုပ်မြင်ရသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် လူသားတို့ မွေ့လျော်ထိုက်သောကြောင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဖန်ဆင်းရှင် ပြုလုပ်ခဲ့သောအရာများ အားလုံးကို မွေ့လျော်ရသည်သာမက၊ သာ၍ အရေးကြီးသည်မှာ၊ ဖန်ဆင်းခံများအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ ဖြောင့်မတ်သော တရားစီရင်ခြင်းတို့ကိုလည်း မွေ့လျော်သင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မွေ့လျော် သင့်သည်။ ကိုယ်တော်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့အပြင်၊ ကြီးစွာသော မေတ္တာ ရှိပါသည်။ ကျွန်ုပ်သည် ယနေ့ ဘုရားသခင်၏ မေတ္တာကို လုံးဝ ရရှိနိုင်စွမ်းမရှိသော်လည်း၊ ယင်းကိုသိမြင်ရန် ကျွန်ုပ်တွင် အခွင့်ကောင်း ရှိလေပြီ၊ ဤတွင် ကျွန်ုပ် ကောင်းချီးခံစားရပါသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ စုံလင်စေခြင်းခံရခြင်းကို တွေ့ကြုံရသည့်သူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်း ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့ပြောဆိုသော အသိပညာဖြစ်ပါသည်။ ထိုသို့သော လူများသည် ပေတရုနှင့်တူကြပေသည်။ ပေတရုကဲ့သို့ တူညီသော အတွေ့အကြုံများ ရှိကြသည်။ ထိုသို့သော လူများသည် အသက်ကို ရရှိပြီးသူများ၊ အမှန်တရားကို ပိုင်ဆိုင်သော သူများလည်း ဖြစ်သည်။ ၎င်းတို့သည် တကယ့်အဆုံးထိ တွေ့ကြုံသောအခါ၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတောအတွင်းတွင် ၎င်းတို့သည် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် လုံးဝ ဧကန်မုချ ဖယ်ရှားကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ရယူခြင်းကို ခံရကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
(၅၂၇) ငါလိုချင်သည်မှာ ပေတရုကဲ့သို့သော လူများ၊ စုံလင်အောင်ပြုခံရခြင်းကို လိုက်စားသော လူများဖြစ်၏။ ယနေ့၏ သမ္မာတရားကို တမ်းတပြီး ရှာဖွေသူများအား ထိုသမ္မာတရားကို ပေးထားပေသည်။ ဤကယ်တင်ခြင်းကို ဘုရားသခင်အားဖြင့် ကယ်တင်ခံရဖို့ တမ်းတသူများကို ပေးထားကာ၊ သင်တို့၏ ရယူခြင်းခံရဖို့သာ မရည်ရွယ်ပေ။ ယင်း၏ ရည်ရွယ်ချက်မှာ သင်တို့သည် ဘုရားသခင်၏ ရယူခြင်း ခံရနိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်က သင်တို့ကို ရယူနိုင်ဖို့အလို့ငှာ သင်တို့က ဘုရားသခင်ကို ရယူပေသည်။ ယနေ့တွင် ငါသည် သင်တို့အား ဤနှုတ်ကပတ်တော်များကို ပြောဆိုပြီးဖြစ်ကာ သင်တို့သည် ယင်းတို့ကို ကြားရပြီးဖြစ်သကဲ့သို့၊ သင်တို့သည် ဤနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်ကြပေသည်။ အဆုံးတွင် ဤနှုတ်ကပတ်တော်များကို သင်တို့ လက်တွေ့လုပ်ဆောင်သည့် အချိန်သည် ဤနှုတ်ကပတ်တော်များမှတစ်ဆင့် သင်တို့ကို ငါရယူပြီးဖြစ်သည့် အခိုက်အတန့် ဖြစ်လိမ့်မည်။ တစ်ချိန်တည်းတွင်၊ သင်တို့သည် ဤနှုတ်ကပတ်တော်များကိုလည်း ရရှိပြီးဖြစ်လိမ့်မည်၊ ဆိုလိုသည်မှာ သင်တို့သည် ဤအထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ သင်တို့သည် သန့်ရှင်းစေခြင်း ခံရပြီးသည်နှင့်တစ်ပြိုင်နက်၊ စစ်မှန်သော လူသားတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်စွမ်းမရှိပါက သို့မဟုတ် စုံလင်စေခြင်းကို ခံရပြီးသော သူတစ်ဦး၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်စွမ်း မရှိပါက၊ သင်သည် သမ္မာတရား မရှိသောကြောင့်၊ ဆိုလိုသည်မှာ သင်သည် ယေဟောဝါ၏ ဇီဝအသက်မရှိသကဲ့သို့၊ ထိုသို့ဖြင့် သင်သည် ဝိညာဉ်မရှိသော လူသေတစ်ဦး ဖြစ်သောကြောင့်၊ လူသားတစ်ဦး မဟုတ်ဘဲ၊ လမ်းလျှောက်နေသော အလောင်းကောင်တစ်ကောင်၊ သားရဲတစ်ကောင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သိမ်းပိုက်ခံရပြီးနောက် သက်သေခံရန် ဖြစ်နိုင်သော်လည်း၊ သင်ရရှိသည်မှာ ကယ်တင်ခြင်း အနည်းငယ်သာဖြစ်ပြီး၊ သင်သည် ဝိညာဉ်ပိုင်ဆိုင်သည့် သက်ရှိတစ်ဦး ဖြစ်မလာသေးပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို သင်တွေ့ကြုံရပြီး ဖြစ်သော်လည်း၊ အကျိုးဆက်အနေဖြင့် သင်၏စိတ်သဘောထားက အသစ်ပြုပြင်ခြင်းမခံရပေ သို့မဟုတ် ပြောင်းလဲခြင်းမရှိပေ။ သင်သည် ယခင်ပုံစံအတိုင်း ရှိဆဲဖြစ်ပြီး၊ သင်သည် စာတန်နှင့် သက်ဆိုင်ဆဲဖြစ်ကာ သန့်ရှင်းစေခြင်း မခံရသေးပေ။ စုံလင်စေခြင်းကို ခံရပြီးသူများသာ တန်ဖိုးရှိပြီး၊ ဤကဲ့သို့သော လူများသည်သာ စစ်မှန်သော အသက်ကို ရရှိကြပြီး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
(၅၂၈) အစေခံခြင်းနှင့်ဆိုင်သော သင်၏အနာဂတ်လမ်းကြောင်းတွင်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များ အထမြောက်အောင် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ အရေးကြီးသော အချက်တစ်ချက်မှာ အသက်ဝင်ရောက်မှု ရရှိရန် အားထုတ်ဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို ရရှိရန် အားထုတ်ဖို့နှင့် သမ္မာတရားထဲသို့ သာ၍နက်ရှိုင်းစွာ ဝင်ရောက်ခြင်းကို ရရှိရန် အားထုတ်ဖို့ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အားဖြင့် စုံလင်ခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်းဆီသို့သွားရာ လမ်းကြောင်း ဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိသူများ ဖြစ်ကြသော်လည်း၊ မည်သည့် စေခိုင်းချက်တာဝန်မျိုးနည်း။ ဤအရာသည် အမှု၏ နောက်တဆင့်နှင့် ဆက်နွှယ်နေ၏။ အမှု၏ နောက်တစ်ဆင့်သည် စကြဝဠာတစ်ခွင်လုံးအနှံ့ ဆောင်ရွက်သည့် သာ၍ကြီးမားသော အမှုဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် သင်တို့အား သူ၏ အနာဂတ်အမှုအတွက် နမူနာများ ဖြစ်စေလျက်၊ အနာဂတ်တွင် ဘုရားသခင်သည် သူ၏ အမှုမှတစ်ဆင့် သူ၏ ဘုန်းအသရေကို ရရှိခြင်း၏ သက်သေ အမှန်တကယ် သင် ဖြစ်လာဖို့အလို့ငှာ သင်၏ အသက်တာ စိတ်သဘောထား၌ ပြောင်းလဲမှုများကို ယနေ့ သင် ရရှိအောင် အားထုတ်သင့်ပေသည်။ သင့်အနေဖြင့် ဘုရားသခင်၏ အသုံးပြုခြင်း ခံရနိုင်ကာ သူ့အတွက် သက်သေခံနိုင်ဖို့အလို့ငှာ၊ ယနေ့ ရရှိအောင် အားထုတ်ခြင်းသည် အနာဂတ်အမှုအတွက် အခြေခံအုတ်မြစ် ချခင်းခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်။ ဤအရာကို သင်၏ ရရှိအောင်အားထုတ်မှု၏ ရည်မှန်းချက်ဖြစ်စေပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်ကို သင် ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်၏ ရရှိအောင်အားထုတ်မှု ရည်မှန်းချက်ကို မြင့်မားစွာ သင်ချမှတ်လေလေ၊ သင်သည် စုံလင်ခြင်းခံရနိုင်လေလေ ဖြစ်သည်။ သမ္မာတရားနောက် သင် လိုက်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် အလုပ်လုပ်လေလေ ဖြစ်သည်။ သင်၏ ရရှိအောင် အားထုတ်မှုတွင် သင် အားအင် စိုက်ထုတ်လေလေ၊ သင်သည် ရရှိလေလေ ဖြစ်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့ကို ၎င်းတို့၏အတွင်းပိုင်း အခြေအနေအရ စုံလင်စေသည်။ လူအချို့က ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရဖို့ သို့မဟုတ် သူ၏ စုံလင်စေခြင်းခံရဖို့ လိုလားခြင်းမရှိ၊ ၎င်းတို့အနေဖြင့် ၎င်းတို့၏ဇာတိပကတိကိုသာ ဘေးကင်းစေချင်ပြီး မည်သည့် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်ကိုမျှ မခံစားစေချင်ဟု ဆိုကြသည်။ လူအချို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် လိုလားခြင်း မရှိကြသော်လည်း၊ အနက်ဆုံးသော တွင်းထဲသို့ ကျဆင်းရန် လိုလားနေကြ၏။ ထိုသို့ဆိုပါက၊ ဘုရားသခင်သည် သင်၏ဆန္ဒကိုလည်း ခွင့်ပြုမည် ဖြစ်သည်။ သင် မည်သည့်အရာကို ရရှိအောင် အားထုတ်ပါစေ၊ ဘုရားသခင်သည် ဖြစ်စေလိမ့်မည်။ ထို့ကြောင့်၊ လက်ရှိအချိန်တွင် သင်သည် မည်သည့်အရာကို ရရှိအောင် အားထုတ်နေသနည်း။ စုံလင်ခြင်းခံရခြင်းလော။ သင်၏ ယခုလက်ရှိ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် ဘုရားသခင်၏ စုံလင်ခြင်းခံရခြင်းနှင့် ဘုရားသခင်၏ရယူခြင်းကို ခံရခြင်း အတွက်လော။ သင့်အနေဖြင့် သင်၏ နေ့စဉ်အသက်တာတွင် မိမိကိုယ်မိမိ ထိုသို့ စဉ်ဆက်မပြတ် စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ သင်သည် တစ်ခုတည်းသော ရည်မှန်းချက်ကို ရရှိအောင် သင်၏စိတ်နှလုံး ရှိသမျှဖြင့် အားထုတ်ပါက၊ ဘုရားသခင်သည် သင့်ကို ဧကန်မုချ စုံလင်စေမည် ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ လူတို့ကို သန့်ရှင်းသောဝိညာဉ်တော် ဦးဆောင်သည့် လမ်းကြောင်းသည် ၎င်းတို့၏ ရရှိအောင် အားထုတ်ခြင်းအားဖြင့် ရရှိပေသည်။ ဘုရားသခင်၏ စုံလင်စေခြင်းနှင့် ရယူခြင်းတို့ကို သင် ဆာငတ်လေလေ၊ သင့်အတွင်းတွင် သန့်ရှင်းသောဝိညာဉ်တော် အမှုပြုလေလေ ဖြစ်သည်။ သင်သည် ရှာဖွေရန်ပျက်ကွက်လေလေ ဖြစ်ပြီး၊ အပျက်သဘောဆောင်က နောက်ဆုတ်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ရန် အခွင့်အလမ်းများကို သင် ပိတ်ပင်လေလေ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို စွန့်ပစ်လိမ့်မည်။ သင်သည် ဘုရားသခင်၏ စုံလင်ခြင်းခံရရန် ဆန္ဒရှိသလော။ ဘုရားသခင်၏ရယူခြင်းခံရန် သင် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းခံရန် ဆန္ဒရှိသလော။ သင်တို့သည် စကြဝဠာနှင့် အရာခပ်သိမ်းတို့က ဘုရားသခင်၏လုပ်ဆောင်ချက်များ သင်တို့အထဲ၌ ထင်ရှားသည်ကို မြင်နိုင်ကြဖို့အလို့ငှာ၊ သင်တို့သည် ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရရန်၊ ဘုရားသခင်၏ ရယူခြင်းခံရရန်နှင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရန်အတွက် အရာရာကို လုပ်ဆောင်ခြင်းကို လုပ်ဆောင်သင့်ကြပေသည်။ သင်တို့သည် အရာခပ်သိမ်းထဲတွင် ဆရာတစ်ဆူ ဖြစ်ပြီး၊ ရှိသမျှ အရာအားလုံးအလယ်တွင်၊ သင်တို့သည် ဘုရားသခင်အား သက်သေခံချက်နှင့် ဘုန်းအသရေတို့ကို သင်တို့မှတစ်ဆင့် မွေ့လျော်ခံစားခွင့် ပေးကြလိမ့်မည်။ ဤသည်မှာ သင်တို့သည် မျိုးဆက်များအားလုံးထဲမှ ကောင်းချီးမင်္ဂလာအခံစားရဆုံး ဖြစ်သည်ဆိုသည့် သက်သေဖြစ်ပေ၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသောသူများ ဖြစ်သည်