ဘုရားက သည်းခံသောကြောင့် သင့်ကိုယ်သင် အလိုမလိုက်နှင့်ကျူး
၁ ငါ့အား သိကျွမ်းသော လူများမှာ အနည်းငယ်မျှသာ ရှိသော်ငြားလည်း ထိုအကြောင်းကြောင့် ငါသည် လူသားမျိုးနွယ်အပေါ်သို့ ငါ၏အမျက်ဒေါသကို ဖွင့်ချမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် လူသတ္တဝါများ၌ အလွန်များလှသော ချွတ်ယွင်းချက်များ ရှိနေသောကြောင့် ၎င်းတို့အား ငါတောင်းဆိုသော အဆင့်ကို ကြိုးပမ်းရရှိရန် ၎င်းတို့အတွက် ခဲယဉ်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ငါသည် လူသားမျိုးနွယ်အပေါ် နှစ်ထောင်ပေါင်းများစွာပင် သက်ညှာပေးနေခဲ့သည်မှာ မျက်မှောက်ကာလထိတိုင်ပင် ဖြစ်တော့သည်။ သို့သော်လည်း ငါ၏သက်ညှာပေးမှုကြောင့် သင်တို့သည် မိမိကိုယ်မိမိ အလိုလိုက်ခြင်းငှာ အလွန်အမင်း အသင့်ဖြစ်မနေကြရန် ငါမျှော်လင့်သည်၊ ယင်းအစား သင်တို့သည် ပေတရုမှတစ်ဆင့် ငါ့အား သိကျွမ်းလာကြပြီး ငါ့ကိုရှာဖွေကြရန်၊ ပေတရု၏ အဖြစ်အပျက်များ အားလုံးမှတစ်ဆင့် မကြုံစဖူးသော နည်းလမ်းဖြင့် ဗျာဒိတ်တော်ကို လက်ခံကြရန်နှင့် ဤနည်းဖြင့် ယခင်က လူသားမျိုးနွယ်မှ မရရှိခဲ့သော နယ်ပယ်တစ်ခုသို့ ရောက်ရှိနိုင်ရန်သာ ငါမျှော်လင့်သည်။ ငါ့အား သိကျွမ်းရန် ရှာဖွေခြင်းသည် အခရာကျသောအရာပင်ဖြစ်သည်၊ သို့သော်လည်း သင်တို့သည် စစ်မှန်သော လက်တွေ့ကျင့်ဆောင်မှုကို အာရုံထားရန်လည်း ပျက်ကွက်ခြင်း မရှိသင့်ပေ။ သင်တို့သည် ငါ၏လမ်းပြမှုကို ကျိုးနွံနာခံနိုင်ပြီး သင်တို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် အကြံအစည်များကို လက်သင့်ခံခြင်းအား ရပ်တန်းက ရပ်ကြရန် မျှော်လင့်သောအားဖြင့် ငါသည် သင်တို့ထံသို့ ထိုးထွင်းသိမြင်နိုင်စွမ်းသော ဉာဏ်များကို ငါ၏နှုတ်ကပတ်တော်များထဲတွင် တိုက်ရိုက်ပင် ထုတ်ဖော်ပေးနေပေသည်။
၂ စကြဝဠာအနှံ့အပြားနှင့် မိုးမျက်နှာကြက်၏ အကန့်အသတ်မဲ့သော ဟင်းလင်းပြင် အနှံ့အပြားတွင် ကောင်းကင်နှင့် မြေကြီး၌ရှိကြကုန်သော အရာများအားလုံးအကြား၊ ကမ္ဘာမြေကြီးပေါ်မှ အင်္သချေသော အရာများအကြားနှင့် ကောင်းကင်ဘုံမှ အင်္သချေသော အရာများအကြား အယောက်ချင်းစီတိုင်းသည် ငါ့အလုပ်၏ နောက်ဆုံးသော အဆင့်အတွက် ၎င်းတို့၏ ခွန်အားအလုံးစုံကို ဆက်ကပ်အပ်နှံလျက် ရှိသည်။ သင်တို့သည် ဘေးစည်းမှ ပွဲကြည့်ပရိသတ်များ အဖြစ်သာ ရှိနေရစ်ရန်၊ စာတန်အင်အားစုများ၏ ဟိုဟိုသည်သည် တွန်းထိုးခြင်းခံရရန် အလိုမရှိသည်မှာ သေချာသည် မဟုတ်လော။ လူသားများသည် သူတို့၏နှလုံးသားများအတွင်း၌ ကိုင်စွဲထားသော ငါနှင့်ပတ်သက်သည့် အသိပညာကို စာတန်သည် အစဉ်တစိုက်ပင် ဝါးမြိုလျက်ရှိပြီး၊ အစဉ်တစိုက်ပင် သွားများဖြဲလျက်နှင့် ခြေသည်းလက်သည်းများကို ထုတ်ထားလျက်၊ ၎င်း၏အသက်ထွက်ခါနီး ရုန်းကန်မှု၏ နောက်ဆုံးသော မချိတင်ကဲဝေဒနာကို ခံစားလျက်ရှိသည်။ သင်တို့သည် ၎င်း၏လိမ်လည်လှည့်ဖြားသော ပရိယာယ်များတွင် ယခုအချိန်၌ ဖမ်းဆီးခံရရန် အလိုရှိကြသလော။ ငါ့အလုပ်၏ နောက်ဆုံးသောကဏ္ဍသည် အပြီးသတ်သွားသောအချိန်၌ သင်တို့သည် မိမိတို့၏ အသက်ကို ဖြတ်တောက်ပစ်ရန် အလိုရှိကြသလော။ ငါ၏သက်ညှာခြင်းကို နောက်ထပ်တစ်ကြိမ် ထပ်၍ဝေငှခံရရန် သင်တို့သည် ငါ့အား စောင့်နေဆဲ မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ ငါ့အား သိကျွမ်းရန် ရှာဖွေခြင်းသည် အခရာကျသောအရာပင်ဖြစ်သည်၊ သို့သော်လည်း သင်တို့သည် စစ်မှန်သော လက်တွေ့ကျင့်ဆောင်မှုကို အာရုံထားရန်လည်း ပျက်ကွက်ခြင်း မရှိသင့်ပေ။ သင်တို့သည် ငါ၏လမ်းပြမှုကို ကျိုးနွံနာခံနိုင်ပြီး သင်တို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် အကြံအစည်များကို လက်သင့်ခံခြင်းအား ရပ်တန်းက ရပ်ကြရန် မျှော်လင့်သောအားဖြင့် ငါသည် သင်တို့ထံသို့ ထိုးထွင်းသိမြင်နိုင်စွမ်းသော ဉာဏ်များကို ငါ၏နှုတ်ကပတ်တော်များထဲတွင် တိုက်ရိုက်ပင် ထုတ်ဖော်ပေးနေပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၆” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။