၂၈၇ လူသည် မိမိ၏ကံကြမ္မာကို ချုပ်ကိုင်ထားသလောကျူး

ဘုရားသည် သင်တို့အား ဤအဆင့်အထိ ပို့ဆောင်ခဲ့ခြင်းကြောင့်

သင့်တော်တဲ့ အစီအမံများ သူ လုပ်ဆောင်ခဲ့ပြီ။

သူ့အစီအစဉ်နဲ့ ရည်ရွယ်ချက်တို့ကို သူ ပြောပြခဲ့ရင်

ဒီအရာများ သင်တို့ မှန်ကန်စွာ သိမှာလား။


လူ့အကြံအစည်များ၊ စိတ်ဆန္ဒများ ဘုရား ကောင်းစွာ သိတယ်။

လွတ်လမ်း မရှာဖွေခဲ့ဖူးသူ ဘယ်သူရှိမလဲ။

မိမိရှေ့ရေး မစဉ်းစားခဲ့ဖူးသူ ဘယ်သူရှိမလဲ။

လူဟာ ကြွယ်ဝ ထူးချွန်သော အသိဉာဏ်ရှိပေမဲ့

ခေတ်ကာလများအပြီး၊ ပစ္စုပ္ပန် ဒီလိုဖြစ်လာမယ်

ဘယ်သူခန့်မှန်းနိုင်ခဲ့လို့လဲ။

ဒါ သင့်ကြိုးပမ်းမှု အသီးအပွင့်လား။

သင့်အားထုတ်မှုအတွက် အဖိုးအခလား။

ဒါ သင့်စိတ်နဲ့ ပုံဖော်ထားသော လှပတဲ့ ပြကွက်လား။

လူသားမျိုးနွယ်တစ်ခုလုံးအနက် ဘယ်သူက

အနန္တတန်ခိုးရှင်ရဲ့မျက်စိမှာ ဂရုစိုက်မခံရသလဲ။

အနန္တတန်ခိုးရှင် စီမံထားတဲ့အရာများအလယ်မှာ ဘယ်သူ မရှိလဲ။

မိမိရွေးချယ်မှုကြောင့် ဘယ်သူ မွေးဖွား၊ သေဆုံး ကြလို့လဲ။

လူဟာ မိမိကံကြမ္မာကို ချုပ်ကိုင်သလား။


ဘုရားဦးဆောင်မှုမပါဘဲ သူစီမံထားတဲ့ အရာများရဲ့

အပြင်ဘက်မှာ ဘယ်သူ ဦးတည်ရာလမ်း ရှိမလဲ။

လူ့စိတ်ကူးစိတ်သန်းတွေနဲ့ စိတ်ဆန္ဒတွေက

ယနေ့ထိ လူကို ပို့ဆောင်ခဲ့တာလား။

မျှော်လင့်ချက်တွေ မပြည့်စုံဘဲ လူအများ ဘဝကို ရှင်သန်ကြတယ်၊

ဒါ အတွေးမှားယွင်းမှုတွေကြောင့်လား။

ကြိုမမြင်ရတဲ့ ဝမ်းမြောက်ခြင်းနဲ့ လူများစွာ အသက်ရှင်တယ်။

များစွာ မလိုအပ်လို့လား။

လူအများ သေခြင်းတရားကို အော်ခေါ်ပေမဲ့

သေခြင်းတရား သူတို့နဲ့ ဝေးကွာ။

သေခြင်းတရားကို ကြောက်လို့ လူအများ သန်မာချင်ကြတယ်

သို့သော် သေခြင်းတရား သူတို့ကို ချဉ်းကပ်ဝါးမျို။

လူသားမျိုးနွယ်တစ်ခုလုံးအနက် ဘယ်သူက

အနန္တတန်ခိုးရှင်ရဲ့မျက်စိမှာ ဂရုစိုက်မခံရသလဲ။

အနန္တတန်ခိုးရှင် စီမံထားတဲ့အရာများအလယ်မှာ ဘယ်သူ မရှိလဲ။

မိမိရွေးချယ်မှုကြောင့် ဘယ်သူ မွေးဖွား၊ သေဆုံး ကြလို့လဲ။

လူဟာ မိမိကံကြမ္မာကို ချုပ်ကိုင်သလား။


လူအများ ငိုရှိုက်ရင်း ကောင်းကင်ကို မျှော်ကြည့်။

လူအများ စုံစမ်းခံရ၍ စမ်းသပ်မှုများ၌ ကျရှုံး။

ဘုရားသခင် လူတို့ရှေ့ မပေါ်လာပေမဲ့

ကိုယ်တော်ကို မြင်ရမှာ၊

ကိုယ်တော် သူတို့အား ထိုးနှက်မှာ ကြောက်ကြ၏။

လူတို့ ကိုယ်တော်ကို တကယ် သိသလား၊ မသိသလား။

လူတို့ တကယ် သိသလား။

လူသားမျိုးနွယ်တစ်ခုလုံးအနက် ဘယ်သူက

အနန္တတန်ခိုးရှင်ရဲ့မျက်စိမှာ ဂရုစိုက်မခံရသလဲ။

အနန္တတန်ခိုးရှင် စီမံထားတဲ့အရာများအလယ်မှာ ဘယ်သူ မရှိလဲ။

မိမိရွေးချယ်မှုကြောင့် ဘယ်သူ မွေးဖွား၊ သေဆုံး ကြလို့လဲ။

လူဟာ မိမိကံကြမ္မာကို ချုပ်ကိုင်သလား။

ဘယ်သူ မွေးဖွား၊ သေဆုံး ကြလို့လဲ။

လူဟာ မိမိကံကြမ္မာကို ချုပ်ကိုင်သလား။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၈၆ သမ္မာတရားကို ချစ်သောသူတို့သာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံနိုင်သည်

နောက်တစ်ခုသို့- ၂၈၈ လူ့လောက၏ မတရားမှုများကို ဘုရားပြုပြင်လိမ့်မည်ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။