၅၃၂ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးသူတို့သည် သုတ်သင်ခြင်းခံရလိမ့်မည်ကျူး

၁ ဘုရားသခင်၏အလုပ်နှင့်နှုတ်ကပတ်တော်တို့သည် သင်တို့၏ စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ် ဖြစ်စေရန် ရည်ရွယ်သည်။ ကိုယ်တော်၏ပန်းတိုင်သည် သင်တို့အား ဘုရား၏အလုပ်နှင့် နှုတ်ကပတ်တော်ကို နားလည်စေရန် သို့မဟုတ် သိရှိစေရန်သက်သက် မဟုတ်ပေ။ ယင်းသည် မလုံလောက်ပေ။ သင်သည်နားလည်နိုင်စွမ်းရှိသူ ဖြစ်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ရန် အခက်အခဲ မရှိသင့်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော် အများစုကို လူ့ဘာသာစကားဖြင့် ရေးသားထားသည့်အပြင် ကိုယ်တော်သည် အင်မတန်ရိုးရှင်းစွာ စကားပြောသောကြောင့် ဖြစ်သည်။ ဘုရားသခင်က သင့်အား မည်သည့်အရာကို နားလည်စေချင်ပြီး လက်တွေ့လုပ်ဆောင်စေချင်သည်ကို သင်သည် ကောင်းမွန်စွာ သင်ယူနိုင်စွမ်းရှိသည်။ ဤသည်မှာ နားလည်နိုင်စွမ်းရှိသော သာမန်လူတစ်ယောက် တတ်နိုင်သည့် အရာပင်တည်း။

၂ ယခုအဆင့်တွင် ဘုရားသခင် မြွက်ဟနေသည့် နှုတ်ကပတ်တော်များသည် ထူးခြားစွာ ရှင်းလင်းလွယ်ကူနေသည်။ ထို့အပြင် ဘုရားသခင်သည် လူများမစဉ်းစားမိသော အရာများစွာနှင့် လူသား၏ အခြေအနေ အမျိုးမျိုးတို့ကို ထောက်ပြနေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် အလုံးစုံကို ခြုံငုံမိကာ လပြည့်ဝန်း၏အလင်းရောင်ပမာ ကြည်လင်နေပေသည်။ သို့ဖြစ်၍ ယခုလူများသည် အကြောင်းအရာများစွာကို နားလည်ကြ သော်ငြားလည်း၊ လိုအပ်နေဆဲဖြစ်သည့် အရာတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ လူများသည် သူတို့ရရှိနိုင်ရန် ပြုထားသော မည်သည့်အရာကိုမဆို ခံယူရန်သက်သက် စောင့်စားနေမည့်အစား သမ္မာတရား၏ လက္ခဏာသွင်ပြင် အလုံးစုံကို မိမိကိုယ်တိုင် အသေးစိတ်ခံစားရမည်။ ပိုပြီးအသေးစိတ် စူးစမ်းရှာဖွေရမည်။ ဤသို့မဟုတ်ပါက သူတို့သည် ကပ်ပါးကောင်များထက် အနည်းငယ် သာရုံသာ ရှိလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည့်တိုင် ယင်းကို လက်တွေ့လုပ်ဆောင်ခြင်း မရှိ။ ထိုကဲ့သို့သော လူစားသည် သမ္မာတရားကို မချစ်ခင်ဘဲ ၎င်းကို အဆုံးတွင် ဖယ်ရှားပေမည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၃၁ လူသားကို ကယ်တင်ဖို့ အလွန်ခက်ခဲသည်

နောက်တစ်ခုသို့- ၅၃၃ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူ မည်သူမဆို ဖယ်ရှင်းသုတ်သင်ခံရလိမ့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။