၈၂၆ ယုံကြည်သူတစ်ဦးအနေနှင့် သင်၏တာဝန်မှာ ဘုရားအတွက် သက်သေခံရန်ဖြစ်၏ကျူး
၁
စာတန်ကို ဘုရားသခင်၏ အောင်နိုင်ခြင်းသက်သေသည်
လူကို သူ၏ အပြည့်အဝ သိမ်းယူခြင်းသက်သေအတိုင်း
လူ၏ သစ္စာစောင့်သိခြင်းနှင့် နာခံခြင်း၌
ရှိသည်ကို သင်သိသင့်သည်
သင်၏ ဘုရားကို ယုံကြည်ခြင်းတာဝန်မှာ သူ့ကို သက်သေခံရန်
သူ့အပေါ် ၌သာ သစ္စာစောင့်သိရန်နှင့်
အဆုံးထိ ကျိုးနွံနာခံရန် ဖြစ်ပေသည်
၂
ဘုရား သူ့အမှု နောက်တစ်ဆင့် မစတင်မီ
သူ့အတွက် သင် ဘယ်လို သက်သေခံမည်နည်း
သင် သူ့ကို ဘယ်လို သစ္စာရှိစွာ နာခံမည်နည်း
သင့်အလုပ်အပေါ် သစ္စာရှိမှာလား၊ လက်လျှော့လိုက်မှာလား
သူ့စီမံမှုများကို လိုက်နာမှာလား
သူ၏ပြစ်တင်ဆုံးမမှု
ရှောင်လွဲရန် လမ်းတစ်ဝက်၌ ထွက်ပြေးမှာလား
သစ္စာစောင့်သိ နာခံလျက်
သူ့အတွက် သက်သေခံရန် ဘုရား ပြစ်တင်ဆုံးမတော်မူ
သင်၏ ဘုရားကို ယုံကြည်ခြင်းတာဝန်မှာ သူ့ကို သက်သေခံရန်
သူ့အပေါ် ၌သာ သစ္စာစောင့်သိရန်နှင့်
အဆုံးထိ ကျိုးနွံနာခံရန် ဖြစ်ပေသည်
၃
ယခု ပြစ်တင်ဆုံးမခြင်းမှာ
ဘုရားအမှုနောက်တစ်ဆင့်ကို ဆောင်ရွက်ရန်နှင့်
အမှုကို အဆီးအတားမဲ့ တိုးတက်စေရန်ပင် ဖြစ်သည်
ပညာသတိရှိလော့၊ သင့်ဘဝနှင့် အဓိပ္ပာယ်ကို
သုံးမရသည့် သဲလုံးကဲ့သို့ သဘောမထားနှင့်
နောက်အမှုတော် ဘာဖြစ်မည်၊
အမှုတော်ကို ဘယ်လိုဆောင်ရွက်မည်ကို သင်သိနိုင်သလော
ဘုရားသခင်အမှုကို ကြုံတွေ့ခြင်းနှင့်
သူ့ကို ယုံကြည်ခြင်း၏အဓိပ္ပာယ်ကို သင်တို့သိသင့်သည်
ဤခေတ်ကို အဆုံးသတ်ဖို့ ဘုရား အမှန်တကယ် ကြွလာ
သို့သော် သူ ခေတ်စတင်မည်၊ အမှုသစ်စတင်မည်၊
အဓိကအားဖြင့် နိုင်ငံတော်ဧဝံဂေလိဖြန့်ဝေမည်ကို သင်သိရမည်
၎
လတ်တလောအမှုမှာ ခေတ်စတင်ရန်နှင့် နောင်ကာလတွင်
ဧဝံဂေလိတရားကိုဖြန့်ကာ အနာဂတ်တွင်
ခေတ်ကို အဆုံးသတ်စေဖို့
အုတ်မြစ်ချရန်သာ ဖြစ်သည်
ဘုရားအမှု သင်တွေးထင်သည့်အတိုင်း မရိုးရှင်းသကဲ့သို့
သင်ယုံကြည်သည့်အတိုင်း တန်ဖိုးမမဲ့ဘူး
သူ့အမှုတော်အတွက် သင့်ဘဝကို ပေးအပ်၍
သူ့ဘုန်းအသရေအတွက် သင့်ကိုယ်သင် ဆက်ကပ်ပါ
သူ့အတွက် သက်သေခံရန်၊
သူ၏ဧဝံဂေလိဖြန့်ဝေရန်
ဘုရား သင့်ကို ကြာမြင့်စွာ တောင့်တခဲ့သည်
သူ့စိတ်နှလုံးသား၌ ရှိသည့်အရာကို သင်သိသင့်
သင်၏ ဘုရားကို ယုံကြည်ခြင်းတာဝန်မှာ သူ့ကို သက်သေခံရန်
သူ့အပေါ် ၌သာ သစ္စာစောင့်သိရန်နှင့်
အဆုံးထိ ကျိုးနွံနာခံရန် ဖြစ်ပေသည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်