၂၂၁ လူသစ်တစ်ဦးဖြစ်လာခြင်း

၁ အတိတ်က ဘုရားသခင်အပေါ် ကျွန်ုပ်၏ ယုံကြည်မှုကို စဉ်းစားရင်း ကျွန်ုပ်၏ စိတ်နှလုံးက အင်မတန် ကျေးဇူးတင်ရှိမှု ခံစားရပေ။ သမ္မာတရားကို ကျွန်ုပ် မလိုက်စားခဲ့သောကြောင့် ဝမ်းနည်းမှုများစွာဖြင့် ကျွန်ုပ်ကျန်ရစ်သည်။ ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်ရန် ဘုရားသခင်က ကျွန်ုပ်ကို ချီးမြှောက်ခဲ့သော်လည်း ကိုယ်တော်၏ အလိုတော်ကို ကျွန်ုပ် အရေးမထားခဲ့။ မိမိကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ဖို့ရန် အဓိကထားလျက် ကျွန်ုပ်အလုပ်လုပ်ပြီး တရားဟောခဲ့သည်။ အခြားသူများ၏ ကြည်ညိုခံရခြင်းနှင့် လေးစားခံရခြင်းကို ကျွန်ုပ် ပျော်မွေ့ခဲ့သည်။ ဘုရားသခင်ကို အမည်ခံဖြင့် ကျွန်ုပ်အစေခံခဲ့သော်လည်း အမှန်တွင် ကျွန်ုပ်သည် မိမိကိုယ်ကိုယ် တည်ဆောက်နေခဲ့သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အသိပေးခဲ့ပြီး သတိပေးခဲ့သော်လည်း ကျွန်ုပ် အရေးမစိုက်ခဲ့ပေ။ ကျွန်ုပ်သည် ဆုလာဘ်များအတွက်၊ သရဖူအတွက်သာ အလျှော့မပေးတမ်း ပြေးလွှားနေခဲ့သည်။ နာမည်နှင့် ဂုဏ်ဒြပ်အတွက် ကျွန်ုပ်ရုန်းကန်ခဲ့သည်၊ ယင်းမှာ ဘုရားသခင်အဖို့ အလွန်စက်ဆုပ်ဖွယ်ရာပင်။

၂ ဘုရားသခင်သည် သူ၏မျက်နှာကို ကွယ်ဝှက်သဖြင့် လှည့်ပြန်စရာနေရာမရှိဘဲ အမှောင်ထဲသို့ ကျွန်ုပ်လဲကျခဲ့သည်။ လမ်းလျှောက်နေသော အလောင်းကောင်အလား နှစ်များစွာကဲ့သို့ ခံစားရသည့် နေ့များကို ကျွန်ုပ် ရှင်သန်ဖြတ်သန်းခဲ့ရပေ။ စမ်းသပ်မှုများကြားတွင် ဘုရားသခင်၏တရားစီရင်ခြင်းကို ကျွန်ုပ် လက်ခံပြီး မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခဲ့၊ ထို့နောက်မှသာ ကျွန်ုပ်သည် မာနထောင်လွှားလွန်းလှသည်မှာ ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးခဲ့သည်ကို သတိပြုမိသည်။ ကျွန်ုပ်သည် သမ္မာတရားမရှိဘဲ၊ မိမိကိုယ်ကို ဝါကြွားခဲ့သည်_ ယင်းက အလွန်ရှက်ဖွယ်ကောင်းပေသည်။ ကောင်းကင်တမန်မင်း၏ သဘာဝကဲ့သို့ဖြစ်သော ကျွန်ုပ်၏ သဘာဝသည် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံသင့်ပေသည်။ ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ရင်း နောင်တကြီးစွာဖြင့် ဘုရားသခင်ရှေ့ ကျွန်ုပ်လဲကျခဲ့သည်။ ဘုရားသခင်ကို အလွန်ပုန်ကန်တတ်ပြီး အာခံတတ်သည့် ကျွန်ုပ် လူသားဟု အခေါ်ခံရဖို့ အဘယ်မှာ ထိုက်တန်နိုင်မည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံကာ စိတ်သဘောထားပိုင်း ပြောင်းလဲမှုကို ရရှိဖို့ ကျွန်ုပ်ဆန္ဒရှိသည်။

၃ ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းအားဖြင့် ဘုရားသခင်၏ စိတ်သဘောထား ဖြောင်မတ်သည်ကို ကျွန်ုပ်သိလာရသည်။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျွန်ုပ်ကြည်ညိုပြီး နာခံကာ လူသားပုံသဏ္ဍာန်အနည်းငယ်ကို ကျွန်ုပ် အသက်ရှင်နေထိုင်သည်။ စိတ်သဘောထားပိုင်း ပြောင်းလဲမှုမရှိဘဲ ဘုရားသခင်ကို အစေခံဖို့ ကျွန်ုပ်မထိုက်တန်သည်ကို ယခုမှ ကျွန်ုပ်သိသည်။ ကျွန်ုပ်ကို ကိုယ်တော်၏ ကွယ်ကာမှုအောက်သို့ ပို့ဆောင်ပေးသည့် ဘုရားသခင်၏ အချိန်မီတရားစီရင်ခြင်းကို ကျွန်ုပ်ကျေးဇူးတင်မိပါသည်။ ယခုတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်မြည်းစမ်းပြီးဖြစ်ကာ ယင်းသည် အလွန်မှန်ကန်ပြီး အလွန်စစ်မှန်ပေသည်။ အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ်ဘယ်သောအခါမျှ ပုန်ကန်မည် မဟုတ်တော့ပါ သို့မဟုတ် ကိုယ်တော့်ကို ဝမ်းနည်းစေမည် မဟုတ်တော့ပါ။ ကျွန်ုပ်သည် ဤနောက်ဆုံး အချိန်နာရီများကို မြတ်နိုးရန်နှင့် လူသစ်တစ်ဦး ဖြစ်လာရန်၊ အခြားသူများ၏ အထင်ကြီးမှုကို မရှာဖွေဘဲ ကိုယ်တော်၏ အလိုတော်ကိုသာ ကျေနပ်စေရန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်ကာ အရာခပ်သိမ်းတွင် ကိုယ်တော်ကို ချီးမြောက်ပြီး သက်သေခံရန်သာ ဆန္ဒရှိပါသည်။

အရှေ့သို့- ၂၂၀ ကျွန်ုပ်၏ လမ်းဟောင်းများဆီ ပြန်သွားကာ ဘုရားသခင်ကို တစ်ဖန်မနာကျင်စေလိုပေ

နောက်တစ်ခုသို့- ၂၂၂ အသင်းတော် ဓမ္မတေးသီချင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။