အခန်း (၄၃)
ငါသည် သင့်တို့ကို သတိမပေးခဲ့သလော။ စိုးရိမ် ကြောင့်ကြခြင်း မဖြစ်နှင့်၊ သင်တို့သည် ငါ့အား နားကိုမထောင်ကြ၊ သင်တို့သည် အလွန့်အလွန် စဉ်းစားဉာဏ်မရှိသော လူတို့ဖြစ်ကြပေတကား။ သင်တို့သည် ငါ၏နှလုံးသားကို မည်သည့်အချိန်၌ နားလည်နိုင်လိမ့်မည်နည်း။ နေ့ရက်တိုင်း၌ အသစ်သော ဉာဏ်အလင်းရခြင်းရှိပြီး၊ နေ့ရက်တိုင်း၌ အသစ်သော အလင်း ရှိသည်။ ဘယ်နှစ်ကြိမ်မျှ သင်တို့သည် ထိုအရာကို သင်တို့အဖို့အလို့ငှာ နားလည်ပြီးပြီနည်း။ ငါသည် ငါကိုယ်တိုင် သင်တို့အား ပြောခဲ့ပြီး မဟုတ်သလော။ ထိုးနှက်ခြင်း ခံရချိန်မှသာလျှင် လှုပ်ရှားတတ်သော အင်းဆက်ပိုးကောင် များကဲ့သို့ သင်သည် မလှုပ်မယှက်ဖြစ်နေသေးပြီး၊ ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ကိုယ်စွမ်းကိုယ်စ ဖြင့် သင်မှ စတင်လုပ်ဆောင်ရန် နှင့် ငါ၏ ဝန်ထုပ်ဝန်ပိုးအတွက် စာနာထောက်ထားကြောင်း ပြသရန် မလုပ်ဆောင်နိုင်ပေ။ ငါသည် သင်တို့၏ ရွှင်ပျပြီး ချစ်ဖွယ်ကောင်းသော အပြုံးများ၊ ငါ့သားတို့၏ ဖျတ်လတ်၍ ထကြွလုံ့လရှိသော ဟန်အမူအရာများကို မြင်လိုသော်လည်း၊ ငါသည် မမြင်ရ။ ထိုအစား၊ သင်သည် စိတ်ခွန်အား နည်း၊ မိုက်မဲ ပြီး စဉ်းစား ဉာဏ် မရှိပေ။ သင်တို့သည် ရှာဖွေရန် သင်တို့မှ စတင်လုပ်ဆောင် သင့်သည်။ ရဲရင့်စွာ ဖြင့် အားထုတ်လော့။ သင်တို့၏ နှလုံးသားများကို သာဖွင့်၍ ငါ့ကို သင်တို့၏ အတွင်း၌နေရန် အခွင့်ပေးလော့။ သတိရှိ၍၊ နိုးကြားစွာ စောင့်ကြည့်လော့။ အသင်းတော်တွင်းရှိ အချို့သော လူတို့သည် လူတို့ကို အထင်အမြင်မှားစေကြသည်၊ ထို့ကြောင့် သင်တို့၏အသက်တာများကို ထိခိုက်ခြင်း သို့မဟုတ် အချို့သော ဆုံးရှုံးခြင်းကို ခံစားရခြင်းမှ ကင်းလွတ်စေရန် ဤနှုတ်ကပတ်တော်တို့ကို သင်သည် အစဉ်အမြဲ အလေးထားရမည်။ ငါ့အတွက် ရပ်တည်ရန် နှင့် ပြောဆိုရန် ရဲရင့်ခြင်း သင်၌ရှိသော ကာလပတ်လုံး စိတ်အေးချမ်းစွားနေလော့၊ ငါသည် အားလုံး၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းပြီး သင့်အား ခွန်အားပေးမည်။ ငါ၏ နှလုံးသားကို ကျေနပ်အားရစေသော ကာလပတ်လုံး၊ ငါသည် အစဉ်အမြဲ သင့်အား ငါ၏ အပြုံးနှင့် ငါ၏ ရည်ရွယ်ချက်များကို ပြသမည်။ သင်၌တောင့်တင်းသော ကျောရိုးရှိပြီး ယောက်ျားကလေးငယ်တစ်ဦး၏ စိတ်နေသဘောထားဖြင့် နေထိုင်သောကာလပတ်လုံး၊ ငါသည် သင့်အား ထောက်ပံ့ပြီး သင့်ကို အရေးပါသော နေရာ၌ထားမည်။ သင်သည် ငါ့ရှေ့သို့ လာသောအချိန်၌ ငါ့အနားသို့သာ ချဉ်းကပ်လော့။ သင်သည် စကားမပြောနိုင်သည့် အခါတွင် မကြောက်ရွံ့နှင့်။ သင့်ထံ၌ ရှာဖွေသော နှလုံးသားရှိသည့် ကာလပတ်လုံး၊ ငါသည် သင့်အား နှုတ်ကပတ်တော်များ ပေးမည်။ ငါသည် ချေငံပြေပြစ်သော စကားလုံးများနှင့် သင်၏မြှောက်ပင့်မှုများကို မလိုအပ်၊ ငါသည် ထိုကဲ့သို့ သော အရာကို အားလုံးထဲတွင် အမုန်းဆုံးဖြစ်သည်။ ငါသည် ထိုကဲ့သို့သော လူအား အရာအားလုံးထက်ပို၍ မနှစ်သက်ဆုံးဖြစ်သည်။ သူတို့သည် ငါ့မျက်စိ အတွင်းမှအမှိုက်စ သို့မဟုတ် ငါ့ အသားထဲမှ ဆူးကဲ့သို့ ဖယ်ထုတ် ပစ်ရမည့် အရာဖြစ်သည်။ သို့မဟုတ်လျှင်၊ ငါ့သားတို့သည် ငါ့အတွက် အာဏာစွဲကိုင် ခြင်းငှာ မတတ်နိုင်ဘဲ မွန်းကျပ်သော ဘောင်ခတ်ခြင်း ခံရလိမ့်မည်။ ငါသည် အဘယ့်ကြောင့် ကြွလာသနည်း။ ငါ့သားတို့အား ထောက်ပံ့ရန် နှင့် ခွန်အားပေးရန် အတွက် ဖြစ်ပြီး၊ သို့ဖြစ်၍ သူတို့အပေါ် ဖိနှိပ်ခြင်း၊ ကြီးနိုင်ငယ်ညှဉ်းပြုခြင်း၊ အေးစက်သော နှလုံးသား နှင့် အလွဲသုံးစားပြုခံရခြင်းတို့ကို ကြံ့ကြံ့ခံနေရသည့် သူတို့၏ နေ့ရက်များတို့သည် ထာဝရ ကွယ်ပျောက်သွားရန် ဖြစ်သည်။
ရဲရင့်လော့။ ငါသည် အစဉ်အမြဲ သင်နှင့်အတူလျှောက်လှမ်းကာ၊ သင်နှင့်အတူနေထိုင်မည်၊ သင်နှင့် စကားပြောပြီး သင်နှင့်အတူ လုပ်ဆောင်မည်။ မကြောက်ရွံ့နှင့်။ စကားပြောဖို့ရန် မတွန့်ဆုတ်နှင့်။ သင်တို့သည် အခြားသောလူများအပေါ် ခံစားချက်များ အစဉ်သဖြင့် သိုထားကြသည်၊ ရှက်ကြောက်ကာ၊ ကြောက်ရွံ့ကြသည်။ အသင်းတော်ကိုတည်ဆောက်ခြင်းအရေးတွင် အကျိုးမပြုသော သူတို့ကို ဖယ်ထုတ်ရမည်။ ဤအထဲတွင် အသင်းတော်တွင်ရှိသော အခြေအနေမကောင်းသောသူတို့နှင့် ငါ၏ နှုတ်ကပတ်တော်များအတိုင်း မလုပ်ဆောင်နိုင်သော သူတို့ပါဝင်၍၊ သင်၏ မယုံကြည်သူ ဖခင်နှင့် မိခင်တို့ကိုမူ ဖေါ်ပြရန်ပင် မလိုပေ။ ငါသည် ထိုအရာများကို အလိုမရှိ။ ၎င်းတို့သည် ချေမှုန်းသုတ်သင်ခြင်းခံရမည် ဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရှိရ။ သင်၏ လက်များနှင့် ခြေတို့ကို ချည်နှောင်ထားသော အရာများကိုသာ လွှတ်လိုက်လော့။ သင်ကိုယ်တိုင်၏ ရည်ရွယ်ချက်များကို ဆန်းစစ်ပြီး ၎င်းတို့သည် အမြတ်အရှုံးတို့နှင့်သော်လည်းကောင်း၊ ကျော်စောခြင်း နှင့် ကြွယ်ဝခြင်းနှင့်သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများနှင့်သော်လည်းကောင်း သက်ဆိုင်ခြင်း မရှိသည့် ကာလပတ်လုံး၊ ငါသည် သင့်အား အဖော်ပြု လိမ့်မည်၊ သင့်အား အမှုအရာများကို ညွှန်ပြပြီး၊ သင့်ကို အချိန်တိုင်း ရှင်းလင်းသော လမ်းညွှန်ချက်များ ပေးလိမ့်မည်။
အို၊ ငါ့သားတို့။ ငါဘာပြောသင့်သနည်း။ ငါသည် ဤအရာများကို ပြောသော်လည်း၊ သင်တို့သည် ငါ၏ နှလုံးသားအား စာနာထောက်ထားခြင်းမရှိဘဲ အလွန်တရာ ကြောက်ရွံ့နေသေးသည်။ သင်သည် မည်သည့်အရာကို ကြောက်ရွံ့နေသနည်း။ သင်သည် အဘယ့်ကြောင့် ပညတ်တော်များနှင့် စည်းမျဉ်းစည်းကမ်းများ ၏ နှောင်ဖွဲ့ခြင်းကို ခံရဆဲဖြစ်သနည်း။ ငါသည် သင်တို့အား လွတ်မြောက်စေပြီးဖြစ်သော်လည်း၊ သင်တို့သည် လွတ်လပ်ခြင်း မရရှိသေးပေ။ ဤအရာမှာ အဘယ့်ကြောင့်နည်း။ ငါနှင့်အတူ သာ၍ မိတ်သဟာယ ဖွဲ့ပါက ငါသည် သင့်ကို ပြောပြလိမ့်မည်။ ငါ့အားမစမ်းသပ်နှင့်။ ငါသည် လက်တွေ့ကျ၏။ ငါနှင့်ဆိုလျှင် မည်သည့်အရာမျှ ဟန်ဆောင်ခြင်းမရှိ။ အရာရာတိုင်းသည် လက်တွေ့ကျ၏။ ငါပြောသော အရာသည် မှန်ကန်သည်။ ငါ၏ နှုတ်ကပတ်တော် တို့အား မည်သည့် အခါမျှ ပြန်လည် မရုပ်သိမ်းပေ။