ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ရရှိပြီးသူမှာ သင်ဖြစ်သလောကျူး
၁ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ပြီးသည့်နောက် သိမ်းပိုက်ခံရရန် သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ပြီးသည့်နောက် သန့်ရှင်းစေရန်၊ အကာအကွယ်ရရန်နှင့် စောင့်ရှောက်ခံရရန်တို့အတွက် သင်လုပ်ဆောင်သောအရာများ ဟုတ်ပါသလော။ ဤအရာများထဲမှ မည်သည်ကို သင်လုပ်ဆောင်သနည်း။ သင်၏အသက်တာသည် လေးနက်သောအသက်တာ ဖြစ်ပါသလော၊ သို့မဟုတ် အဓိပ္ပာယ်ကင်းမဲ့ကာ တန်ဖိုးမရှိသည့် ဘဝလော။ သင်သည် ဇာတိပကတိကို လိုချင်သလော၊ သို့မဟုတ် သမ္မာတရားကို လိုချင်သလော။ တရားစီရင်ခြင်းကို သင်ဆန္ဒရှိပါသလော သို့မဟုတ် သက်သောင့်သက်သာ နေချင်သလော။ ဘုရားသခင်၏အလုပ်ကို များစွာတွေ့ကြုံခဲ့ပြီး၊ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ရှုမြင်ခဲ့ပြီးခြင်းဖြင့် သင်မည်သို့ လိုက်လျှောက်မည်နည်း။ ဤလမ်းကြောင်းတွင် သင်မည်သို့လျှောက်လှမ်းမည်နည်း။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်အပေါ်၌ တစ်စုံတစ်ရာသော သက်ရောက်မှု ရှိခဲ့သလော။
၂ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း သင်သိခြင်း၊ မသိခြင်းသည် သင်အသက်ရှင်နေထိုင်မှုနှင့် ဘုရားသခင်အား သင်ချစ်သည့် အတိုင်းအတာအပေါ် မှီတည်နေသည်။ သင့်နှုတ်ခမ်းများက ဘုရားသခင်အား သင်ချစ်သည်ဟုဆိုသည်။ သို့သော် သင်သည် ယခင်အတိုင်း၊ ပျက်စီးနေသည့် စိတ်သဘောထားဖြင့် ရှင်သန်နေထိုင်နေသည်။ ဘုရားသခင်ကို သင်ကြောက်ရွံ့ခြင်းမရှိ၊ အသိတရားလုံးဝမရှိ။ ယင်းကဲ့သို့သောသူများက ဘုရားသခင်ကို ချစ်ပါသလော။ ယင်းကဲ့သို့သော သူများသည် ဘုရားသခင်ကို သစ္စာစောင့်သိပါ၏လော။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံသူများ ဟုတ်သလော။ သင်က ဘုရားသခင်ကို ချစ်ပါသည်၊ ယုံကြည်ပါသည်ဟု ပြောသည်၊ သို့သော် သင်သည် သင်၏ သဘောထားခံယူချက်များကို မစွန့်လွှတ်။ သင့်အလုပ်၊ ဝင်ရောက်မှု၊ သင်ပြောသောစကားများနှင့် သင့်အသက်တာထဲတွင် ဘုရားသခင်အား သင်ချစ်ခြင်းသည် ပေါ်လွင်ထင်ရှားမှု မရှိဘဲ ဘုရားသခင်ကို ရိုသေလေးမြတ်ခြင်းလည်း မရှိ။ ထိုသူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ခံရပြီးသူလော။
၁ ယင်းကဲ့သို့သောသူသည် ပေတရု ဖြစ်နိုင်ပါမည်လော။ ပေတရုကဲ့သို့သော သူများသည် အသိပညာသာရှိပြီး ထိုသို့ အသက်ရှင်နေထိုင်ခြင်း မရှိသလော။ပေတရုက ဆုတောင်းရုံသာ ဆုတောင်းပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း မရှိပါသလော။ သင်လုပ်ဆောင်သည်မှာ မည်သူ့အတွက်ပါနည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကာလတွင် သင့်ကိုယ်သင် မည်သို့ကာကွယ်စောင့်ရှောက်မည်နည်း၊ မည်သို့သန့်ရှင်းစေမည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းသည် လူအတွက် အကျိုးမရှိပါသလော။ လူသည် သာယာပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်နေထိုင်ကာ တရားစီရင်ခြင်းကင်းမဲ့သည့် အသက်တာတွင် သန့်ရှင်းခြင်းသို့ ရောက်နိုင်ပါမည်လော။ လူသည် ပြောင်းလဲလိုပြီး သန့်ရှင်းခြင်းသို့ရောက်ရန် အလိုရှိပါက စုံလင်စေခြင်းကို မည်သို့လက်ခံသင့်ပါသနည်း။ ယနေ့ မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ပေတရု၏ အတွေ့အကြုံများ- သူသိသော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအကြောင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။