ကျွန်ုပ်၏ ရိုးသားသော စိတ်နှလုံးကို ဘုရားသခင်အား ကျွန်ုပ် ပေးသည်
၁
ကောင်းချီးခံစားရကာ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့၊ ဘုရားသခင်၏ အိမ်တော်တွင် ကျွန်ုပ် နေထိုင်ခဲ့။
ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်ခဲ့လည်း၊ ယင်းက ကျွန်ုပ်၏ အပေးအယူလုပ်တတ်သော သဘောထားနှင့် ရောယှက်နေခဲ့။
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့မှတဆင့်သာ၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ရှင်းရှင်းလင်းလင်း ကျွန်ုပ် မြင်ခဲ့။
ကျွန်ုပ် တစ်ကိုယ်ကောင်းဆန်ကာ လှည့်စားတတ်ပေ၊ မည်သည့် အသိစိတ်နှင့် ကျိုးကြောင်းဆင်ခြင်မှုမဆို ပျောက်ဆုံးခဲ့သည်မှာ အချိန်ကြာညောင်းခဲ့ပေ။
ကျွန်ုပ်ကို ဘုရားသခင်က မမောနိုင် မပန်းနိုင် လမ်းညွှန်ပြပေ၊ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မကြာခင် ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ရင်းလေ။
မိခင်တစ်ဦးက သား၏ ပြန်လာခြင်းကို စောင့်ဆိုင်းသကဲ့သို့ ဘုရားသခင် စောင့်ဆိုင်း၊ မျှော်လင့်ပေ။
ဘုရားသခင်၏ ကျေးဇူးတော်ကို ပြန်အမှတ်ရလျက်၊ ကျွန်ုပ်၏ စိတ်နှလုံးက နောင်တဖြင့် ပြည့်ပေ၊ အမှန်တကယ်ပင် ကျွန်ုပ် အလွန် မပုန်ကန်သင့်သလို ဘုရားသခင်ကို မလှည့်ဖြားသင့်ပေ။
ကျွန်ုပ်၏ နက်ရှိုင်းသော ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်ုပ် အလွန်စက်ဆုပ်မိ။ သမ္မာတရားကို လိုက်စားခြင်းမရှိဘဲ၊ ဘုရားသခင်၏ စိတ်နှလုံးကို အကြီးအကျယ် ကျွန်ုပ် ဒဏ်ရာရစေပြီ။
စုံလင်ခံရဖို့ အခွင့်အရေးများစွာ ကျွန်ုပ် လွဲချော်လေပြီ။ အလွန်ကောင်းသောအချိန် ဆုံးရှုံးသွားလေပြီ။
ဘုရားသခင်ကို ကျွန်ုပ် အဘယ်သို့ ဆက်လက် ပုန်ကန်ကာ ဒဏ်ရာရစေနိုင်မည်နည်း။ သမ္မာတရားကို လိုက်စားကာ လူသားပုံသဏ္ဍာန်တစ်ခုကို အသက်ရှင်နေထိုင်ဖို့ ကျွန်ုပ် လိုလားနေ။
၂
သမ္မာတရားကို ရရှိနိုင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ကျွန်ုပ် အလုပ်ကြိုးစားပေ။
ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းက မကြာခဏ ခေါင်းထောင်သည်၊ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ကျွန်ုပ် တရားစီရင်ခံရကာ ပြစ်တင်ဆုံးမခံရပေ။
ဆင်းရဲဒုက္ခနှင့် ညှင်းဆဲမှုတို့ ရှိသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်နှင့် အမြဲရှိပေ။
ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့နှင့်ဆိုင်သော အသိပညာအချို့ ကျွန်ုပ် ရလေပြီ၊ ကိုယ်တော့်အတွက် ကြောက်ရွံ့မှု ကျွန်ုပ်၏ စိတ်နှလုံးထဲ ကြီးထွားပြီ။
သွေးသားပျော်မွေ့မှုတို့ကို တပ်မက်ခြင်းအတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် မုန်းမိပေ၊ ဘုရားသခင်၏ ခံစားချက်များကို အရေးထားဖို့နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ပေ။
အတိတ်ကို တွေးရင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို သတိရရင်း၊ ဘုရားသခင်သာ ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်ုပ်မြင်ပေ။
တစ်ချိန်လုံး ကျွန်ုပ်နှင့်အတူရှိသည့် စဉ်ဆက်မပြတ် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုတို့ကြောင့်သာ ကျွန်ုပ် ပြောင်းလဲပေပြီ။
ဘုရားသခင်၏ အလွန်ကြီးမားသော ကျေးဇူးတော်ကို ကျွန်ုပ် ပြန်မပေးဆပ်ခဲ့၊ အပြစ်ရှိခြင်းနှင့် ကျွန်ုပ် ပြည့်ကာ ကိုယ်တော်၏ မျက်နှာတော်ကို မြင်ရဖို့ မသင့်တော်ပေ။
ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိရင်း၊ ကျွန်ုပ် စိတ်နှလုံးထဲ ကျေးဇူးတင်ရှိမိ။ ကျွန်ုပ်၏ ကျန်ရှိသော နေ့ရက်များကို များစွာသာ၍ ကျွန်ုပ် တန်ဖိုးထားမည်။
ဤတစ်ကြိမ် ဘုရားသခင်အတွက် အသက်ရှင်ဖို့၊ ဘုရားသခင်ကို ဘုန်းထင်ရှားစေကာ သက်သေခံသော ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့ ကျွန်ုပ် ဆန္ဒရှိပေ။
ကျွန်ုပ်၏ ရိုးသားသော စိတ်နှလုံးကို ဘုရားသခင်အား ကျွန်ုပ် ပေးသည်၊ ဘုရားသခင်၏ ချစ်မေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ဖြည့်ဆည်းပါမည်။