အပြုအမူကောင်းသည် စိတ်သဘောထားအပြောင်းအလဲနှင့် မတူညီကျူး
၁ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ၊ ဘုရားသခင်၏အမှုမှာ လူတို့၏စိတ်သဘောထားများကို ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများမှာ လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့နာခံခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ဘုရားသခင်အား ပုံမှန်ကိုးကွယ်ခြင်းကို ရရှိစေရန်အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန်အတွက်သာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှုဆိုင်ရာ ရည်ရွယ်ချက်ဖြစ်သည်။
၂ ကောင်းမွန်စွာ ပြုမူခြင်းမှာ ဘုရားသခင်ကို နာခံခြင်းနှင့် မတူညီပေ၊ ၎င်းမှာ ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် သာ၍ပင် မတူပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့မှာ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေပြုရန်အကြောင်း သာ၍ပင်မရှိချေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း ဤသည်မှာ အသက်တာ၏ ဖော်ပြချက် မဟုတ်ပေ၊ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန်အကြောင်း သာ၍ပင် မရှိချေ၊ လူတစ်ဦး၏ အပြုအမူ မည်မျှပင်ကောင်းပါစေ ၎င်းတို့သည် ဘုရားသခင်ကို နာခံသည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။
၃ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခု ဖြစ်သည်၊ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်ဖြစ်ပြီး အသက်တာ၏ ဖော်ပြချက် မဟုတ်ပေ။ လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ လူတို့၏ စိတ်အားသန်မှုသည် ၎င်းတို့ကို သြဝါဒနှင့် စည်းမျဉ်းကို လိုက်နာ လက်ခံနိုင်စေရုံသာဖြစ်သည်၊ သမ္မာတရား မရှိသောလူများသည် အခြေအမြစ်ရှိသော ပြဿနာများကို ဖြေရှင်းရန် နည်းလမ်း မရှိကြဘဲ သမ္မာတရားကို သြဝါဒဖြင့် အစားမထိုနိုင်ပေ။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။