ဘုရားခံစားခဲ့သည့် ကြီးသောဝေဒနာမှာ အဘယ်နည်းကျူး
၁ သမ္မာကျမ်းစာထဲမှာ ဤကဲ့သို့ပြောထားသော ကျမ်းတစ်ပိုဒ်ကြောင့် ခရစ်တော်၏ ဒုက္ခကို မကြာခဏသနားကြသော လူတစ်ချို့ရှိကြသည်။ “ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိဟု မိန့်တော်မူ၏။” လူတို့က ဤသည်ကို ကြားသောအခါ လေးလေးနက်နက်ခံယူပြီး ၎င်းသည် ဘုရားသခင်ခံယူရသော အကြီးမားဆုံး ဒုက္ခခံစားရခြင်းပင်၊ ခရစ်တော်ခံယူရသော အကြီးဆုံး ဒုက္ခခံရခြင်းပင်ဟု ယုံကြည်ကြသည်။ ယခု အမှန်တရား၏ ရှုထောင့်မှ ကြည့်သောအခါ ဤကဲ့သို့ဟုတ်ပါသလော။ ဤအခက်အခဲတို့က ဒုက္ခခံစားရခြင်းပင်ဟု ဘုရားသခင်က မမြင်ပေ။ လူ့ဇာတိ၏ အခက်အခဲတို့အတွက် တရားမမျှတမှုအတွက် ဘယ်သောအခါမျှ ငိုယိုအော်ဟစ်ခြင်းမရှိပေ။ တဖန် သူသည် လူသားတို့ကို ပြန်လည်ပေးဆပ်ရန် သို့မဟုတ် သူ့ကို တစ်ခုခုနှင့် ဆုချရန် တစ်ခါမျှ မလုပ်ဖူးချေ။ သို့သော်လည်း ဖောက်ပြန်ပျက်စီးသော ဘဝတို့နှင့် အကျင့်ပျက်စီးသော လူသားတို့၏ ဆိုးယုတ်ခြင်းဖြစ်သော လူသားမျိုးနွယ်၏ အရာရာတိုင်းကို သူမျက်မြင် ကြုံတွေ့ရသောအခါ၊ လူသားမျိုးနွယ်သည် စာတန်၏ လက်ထဲ၌ရှိပြီး စာတန်၏ အကျဉ်းချခြင်းကို ခံထားရပြီး မလွတ်မြောက်နိုင်ဘူးဆိုသည်ကို မျက်မြင်ကြုံတွေ့ရသောအခါ၊ အပြစ်တရား၌ နေထိုင်နေသော လူတို့သည် သမ္မာတရားက အဘယ်နည်းဆိုသည်ကို မသိဘူးဆိုခြင်းကို မျက်မြင်ကြုံတွေ့ရသောအခါ ဤအပြစ်တရားတို့အားလုံးကို သူသည်းညည်းမခံနိုင်တော့ပေ။ လူသားတို့အပေါ် သူ၏ စက်ဆုပ်ရွံရှာခြင်းက တစ်နေ့တခြား တိုးပွားလာနေသည်။ သို့သော်လည်း ဤအရာအားလုံးကို သူတောင့်ခံရသည်။ ၎င်းက ဘုရားသခင်၏ ကြီးမားသော ဒုက္ခခံစားခြင်းပင်။
၂ ဘုရားသခင်သည် သူ့နောက်လိုက်တို့ကြားမှာ သူ့နှလုံးသား သို့မဟုတ် သူ့ခံစားချက်တို့၏ အသံကိုပင်တောင်မှ အပြည့်အဝ မဖော်ပြနိုင်ပေ။ တဖန် သူ၏ ဒုက္ခခံစားရခြင်းကို သူ၏နောက်လိုက်တို့ထဲက ဘယ်သူကမျှ အမှန်တကယ် နားမလည်နိုင်ပေ။ မည်သူကမျှသူ့နှလုံးသားကို နှစ်သိမ့်မှုပေးရန် သို့မဟုတ် နားလည်ရန်ပင် မကြိုးစားကြပေ။ သူ့နှလုံးသားသည် ဤဒုက္ခခံစားရခြင်းတို့ကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ခါပြီးနောက်တစ်ခါ ခံစားရပါသည်။ ဤအရာအားလုံးထဲ၌ သင်တို့ ဘာကိုမြင်ပါသနည်း။ ဘုရားသခင်က သူပေးခဲ့သောအရာအတွက် လူသားတို့ဆီမှ အပြန်အလှန်အနေနှင့် ဘာကိုမျှ မလိုအပ်ခဲ့ပေ။ သို့သော်လည်း ဘုရားသခင်၏ အနှစ်သာရကြောင့် လူသား၏ ဆိုးယုတ်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်တရားကို လုံးဝ သည်းမခံနိုင်ဘဲ စက်ဆုပ်ရွံရှာမှုနှင့် မုန်းတီးမှုကို အတော်ကလေးခံစားရပြီး ဘုရားသခင်၏ နှလုံးသားနှင့် သူ၏လူ့ဇာတိသည် အဆုံးမရှိသော ဒုက္ခခံစားရခြင်းတို့ကို တောင့်ခံရခြင်းကို ဖြစ်စေပါသည်။ ၎င်းတို့အားလုံးကို သင်မြင်နိုင်ပါသလော။ သင်တို့ထဲက မည်သူကမျှ ဤသည်ကို မမြင်နိုင်ရန်က များပါသည်။ အဘယ့်ကြောင့်ဆိုသော် သင်တို့ထဲက မည်သူမျှ ဘုရားသခင်ကို အမှန်တကယ် နားမလည်နိုင်သောကြောင့်ပင်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ သင်တို့ဘာသာ ဤသည်ကို တဖြည်းဖြည်းနှင့် တွေ့ကြုံခံစားနိုင်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။