၃၆၈ ခေတ်ချို့ အမုန်းတရားကို မေ့လျော့သွားပြီလောကျူး

၁ ဤမှောင်မိုက်သော လူ့အဖွဲ့အစည်းထဲတွင် ကံခေခြင်း တစ်ခုပြီးနောက်တစ်ခု ခံစားရလေသည်၊ သို့သော် သူသည် ယင်းကို လုံးဝ သတိမပြုမိသေးပေ။ သူသည် ကိုယ့်ကိုယ်ကိုယ် ညှာတာခြင်းနှင့် ကျွန်သဘောဆန်သော စိတ်သဘောထားမှ မိမိကိုယ်ကိုယ် မည်သည့်အချိန်တွင် ဖယ်ရှားလိမ့်မည်နည်း။ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ နှလုံးသားအား အလွန် ဂရုမစိုက်ရသနည်း။ သူသည် ဤဖိနှိပ်မှုနှင့် ဒုက္ခဆင်းရဲကို တိတ်တဆိတ် လျစ်လျူရှုသလော။ အမှောင်မှ အလင်းသို့ သူပြောင်းလဲနိုင်သည့် နေ့ရက်ကို သူသည် မတောင့်တသလော။ ဖြောင့်မတ်ခြင်းနှင့် သမ္မာတရားတို့အပေါ် မတရားမှုများကို နောက်တစ်ဖန် ကုစားရန် သူသည် ဆန္ဒမရှိသလော။ လူတို့သည် သမ္မာတရားအား စွန့်ပယ်ကာ အမှန်တရားများအား ပြောင်းလဲပစ်သည်ကို သူသည် ကြည့်ရှုပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဖို့ လိုလားနေသလော။ ဤညှဉ်းပန်းနှိပ်စက်မှုကို ကြံ့ကြံ့ခံမြဲ ကြံ့ကြံ့ခံရသည်ကို သူပျော်လေသလော။ သူသည် ကျွန်ဖြစ်ရန် လိုလားနေသလော။ သူသည် ဤကျရှုံးသော ပြည်ကြီး၏ ကျွန်များနှင့် အတူတကွ ဘုရားသခင်၏ လက်ထဲတွင် ပျက်စီးဆုံးရှုံးရန် လိုလားနေသလော။ သင်၏ စိတ်ဆုံးဖြတ်ချက်ကား အဘယ်မှာနည်း။ သင်၏ ရည်မှန်းချက်ကား အဘယ်မှာနည်း။ သင်၏ ဂုဏ်သိက္ခာကား အဘယ်မှာနည်း။ သင်၏ သမာဓိကား အဘယ်မှာနည်း။ သင်၏ လွတ်လပ်ခြင်းကား အဘယ်မှာနည်း။ သင်သည် နတ်ဆိုးတို့၏ ရှင်ဘုရင်၊ အဆင်းနီသော နဂါးကြီးအဖို့ သင်၏ဘဝ တစ်ခုလုံးကို စွန့်လွှတ်ရန် သင် လိုလားနေသလော။ ၎င်းအား သင့်ကို သေသည်တိုင်အောင် ညှဉ်းဆဲခွင့်ပေးရသည်ကို သင် ပျော်ရွှင်သလော။

၂ နက်နဲရာ၏ မျက်နှာပြင်သည် ပရမ်းပတာဖြစ်ကာ မှောင်မိုက်စဉ်တွင်၊ ထိုသို့သော ဒုက္ခဝေဒနာကို ခံစားနေရသော အများပြည်သူများသည် ကောင်းကင်ဘုံသို့ ဟစ်ကြွေးကြကာ ကမ္ဘာမြေကြီးကို တိုင်တန်းကြလေသည်။ မည်သည့်အချိန်တွင် လူသားသည် သူ၏ ဦးခေါင်းကို မြင့်မြင့် မော့နိုင်လိမ့်မည်နည်း။ လူသားသည် ပိန်လှီကာ ပိန်ချုံးချည့်နဲ့လေသည်၊ သူသည် ဤရက်စက်ပြီး ဖိနှိပ်ညှဉ်းပန်းသော နတ်ဆိုးနှင့် မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ သူသည် တတ်နိုင်သည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အား အဘယ်ကြောင့် သူ၏ အသက်တာကို မပေးရသနည်း။ အဘယ်ကြောင့် လူသားသည် ချီတုံချတုံဖြစ်သေးသနည်း။ ဘုရားသခင်၏ အမှုကို သူသည် မည်သည့် အချိန်တွင် ပြီးစီးနိုင်မည်နည်း။ ထိုသို့ဖြင့် ရောက်တတ်ရာရာ နှိပ်စက်ခံရာ ဖိနှိပ်ခံရလျက်၊ သူ၏ ဘဝ တစ်ခုလုံးသည် နောက်ဆုံးတွင် အချည်းနှီး ကုန်ဆုံးပြီးဖြစ်လိမ့်မည်။ အဘယ်ကြောင့် သူသည် ရောက်လာရန် ထိုသို့ အလောတကြီး ဖြစ်ပြီး၊ ထွက်ခွာသွားရန် ထိုသို့ အလျင်လိုရသနည်း။ ဘုရားသခင်အား ပေးရန် သူသည် အဘယ်ကြောင့် တန်ဖိုးရှိသောအရာ တစ်စုံတစ်ခုကို မသိမ်းထားရသနည်း။ နှစ်ထောင်ချီ မုန်းတီးခြင်းကို သူသည် မေ့လျော့လေပြီလော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၆၇ ငရဲရှိအသက်တာမှ လူကို ဘုရားကယ်တင်လို၏ကျူး

နောက်တစ်ခုသို့- ၃၆၉ အမှောင်ထဲမှလူတို့ ထကြလော့ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား

၁ ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊အခွင့်တန်ခိုးနဲ့...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။