၇၁၈ စိတ်သဘောထားပြောင်းလဲမှုအပေါ် ယုံကြည်ခြင်းရှိလော့

၁ စိတ်သဘောထားပြောင်းလဲမှုတစ်ခုမှာ နေ့ချင်းညချင်း မဖြစ်ပေ၊ ဤသည်မှာ အမှန်တရားတစ်ခုပင် ဖြစ်သည်။ ဤသို့ဖြစ်ရသည့် အကြောင်းရင်းမှာ စိတ်သဘောထားပြောင်းလဲမှုသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခြင်းမှ ရရှိသည့် ပြောင်းလဲမှုမျိုးပင် ဖြစ်၍ဖြစ်သည်။ ဤဖြစ်စဉ်အတွင်း၌ အမှုအရာများစွာ ကြုံရပြီးနောက်တွင် သင်သည် သမ္မာတရား၏ ကဏ္ဍတစ်ခုတည်းကိုသာ နားလည်ကောင်းနားလည်လိမ့်မည် ဖြစ်ပြီး၊ ထို့နောက်တွင်မှ သင့်စိတ်သဘောထား အပြောင်းအလဲ၏ ကဏ္ဍတစ်ခုကို ရရှိလိမ့်မည် ဖြစ်သည်။ သို့မဟုတ် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ခြားနားသော ပတ်ဝန်းကျင်များစွာကို ကြုံတွေ့ရပြီးနောက်နှင့် ကွေ့ကောက်သောလမ်းများစွာကို လျှောက်ရပြီးနောက်မှသာ ပြောင်းလဲခြင်း အနည်းငယ်မျှကိုသာ ရရှိနိုင်ကောင်း ရရှိလိမ့်မည်ဖြစ်သည်။ သင့်ပြောင်းလဲမှု၏ ပမာဏ မည်မျှရှိလင့်ကစား ယင်းမှာ ဘုရားသခင်၏ အမြင်တွင် အဖိုးတန်ပေသည်။ သင်သည် လွန်စွာ ဒုက္ခခံပြီး ကြီးမားသော အဖိုးအခ ပေးခဲ့ရသောကြောင့် သူသည် ယင်းကို တန်ဖိုးထားပြီး အောက်မေ့သည်။ ဘုရားသခင်သည် လူတို့၏စိတ်နှလုံး နက်ရှိုင်းသည့်အတွင်းပိုင်းကို ကြည့်မြင်ပြီး၊ သင်၏ စိတ်ဆန္ဒများ အဘယ်အရာဖြစ်သည်ကို သူသိနားလည်သည်။ သူသည် သင်၏ အားနည်းချက်များ အဘယ်အရာဖြစ်သည်ကိုလည်း သိရှိပြီး၊ ထို့ထက်ပို၍ပင် သင်လိုအပ်သည့်အရာကို သိနားလည်သည်။

၂ သမ္မာကျမ်းစာထဲတွင် ပျောက်သောသား ပြန်လာခြင်းနှင့် စပ်ဆိုင်သော ပုံပြင်တစ်ခုရှိသည်။ ထိုကဲ့သို့သော ပုံဥပမာတစ်ခုကို အဘယ့်ကြောင့် ဖန်တီးရသနည်း။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အလိုတော်မှာ စစ်မှန်သည်။ သူသည် လူတို့အား နောင်တရရန်နှင့် ပြောင်းလဲရန် အခွင့်အရေးများကို ပေးပြီး ဤဖြစ်စဉ် အတောအတွင်း သူသည် လူတို့ကို နားလည်ပြီး ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာအပေါ် လေးနက်သော အသိပညာရှိသည်။ ၎င်းတို့ ထိမိ၍လဲကြမည်ကို သူ သိသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းနှလုံးသားကို မြင်တော်မူ၏ဟု ဆိုထားခြင်းဖြစ်သည်။ သင် မည်မျှ အားနည်ပါစေ၊ ဘုရားသခင်၏ နာမကို မစွန့်သရွေ့၊ ဘုရားသခင် သို့မဟုတ် ဤလမ်းကို သင်ကျောခိုင်းခြင်း မပြုသရွေ့ သင်သည် စိတ်သဘောထား ပြောင်းလဲမှုကိုရရန် အခွင့်အရေးတစ်ခု အမြဲ ရှိလိမ့်မည်။ စိတ်သဘောထား ပြောင်းလဲမှုမှာ အဘယ်အရာဖြစ်ကြောင်း ကျွန်ုပ်တို့ သိရသည့်အခါနှင့် စိတ်သဘောထား ပြောင်းလဲမှုကို တွေ့ကြုံဖို့ ကျွန်ုပ်တို့ ကြုံရမည့် ဖြစ်စဉ်မျိုးကို ကျွန်ုပ်တို့ နားလည်သောအခါတွင် စိုးရိမ်စရာမလိုပေ။ ထို့ထက် ကျွန်ုပ်တို့ မိမိကိုယ်ကိုယ်ယုံကြည်မှု ရှိသင့်သည်။ စိတ်သဘောထားပြောင်းလဲမှု ရရှိခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလုပ်မှာ ယထာဘူတရော၊ လက်တွေ့ပါကျကြောင်း၊ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း အနှစ်သာရမှ လူသားများကို ကယ်တင်ရန်နှင့် စာတန်၏လက်မှ သူတို့ကို ပြန်လုယူရန် တန်ခိုးအာဏာရှိကြောင်းကို ကျွန်ုပ်တို့ မြင်တွေ့နိုင်သည်။ သူသည် လူတို့ကို စိတ်သဘောထားပြောင်းလဲမှု ရရှိခွင့်ပြုရန်အတွက် တန်ခိုးအာဏာနှင့် ဉာဏ်ပညာလည်း ရှိသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၁၇ ဘုရားသခင်၏ သက်သေများသည် စိတ်နေသဘောထားပြောင်းလဲခြင်းရှိရမည်

နောက်တစ်ခုသို့- ၇၁၉ ဘုရား၏အမှုကို ဧကန်အမှန် နာခံသူတို့သည် သူ၏ရယူခြင်းကို ခံရနိုင်၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။