၁၇၃ နှိပ်စက်ညှဉ်းပန်းခြင်းမှတဆင့် ကျွန်ုပ်၏ ဆုံးဖြတ်ချက် အားကောင်းလာသည်

၁ စာတန်သည် အာဏာကို ကိုင်စွဲပြီး ကောင်းကင်ကို ဆန့်ကျင်သည်၊ ယင်းသည် မလျော်ကန်သကဲ့သို့၊ ဥပဒေမဲ့၊ဘုရားမဲ့ဖြစ်လေသည်။ ယင်းက ခရစ်တော်ကို မုန်းပြီး သမ္မာတရားကို ရှုတ်ချသည်၊ လူတို့ကို သွေးထွက်သံယိုဖြစ်အောင် ဖိနှိပ်ကာ မြေတစ်ခုလုံးကို တိမ်မဲများက ဖုံးသည်။ ခရစ်တော်နောက်လိုက်ခြင်းနှင့် အသက်ကို ရှာဖွေလိုက်စားခြင်းသည် အန္တရာယ်များနှင့် ဆင်းရဲဒုက္ခများစွာဖြင့် လိုက်လျှောက်ဖို့ ကြမ်းတမ်းသည့် လမ်းတစ်လမ်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များအပေါ် မိတ်သဟာယပြုဖို့ ဘယ်အချိန်များမှ ကျွန်ုပ်တို့ အန္တရာယ်ကင်းစွာ စုဝေးနိုင်ပြီး ပုန်းလျှိုးကွယ်လျှိုး မနေတော့မည်နည်း။ သူသျှိုများနှင့် အရပ်ဝတ်ရဲများကို သတိထားစရာမလိုဘဲ ကျွန်ုပ်တို့၏ တာဝန်ကို မည်သည့်အချိန်တွင် ကျွန်ုပ်တို့ ဆောင်ရွက်နိုင်လိမ့်မည်နည်း။ ဖမ်းဆီးခြင်းနှင့် ထောင်ချခြင်းတို့ကို ရင်ဆိုင်စရာမလိုဘဲ မည်သည့်အချိန်တွင် ဧဝံဂေလိတရားကို ကျွန်ုပ်တို့ ဖြန့်ဝေပြီး ဘုရားသခင်ကို သက်သေခံနိုင်လိမ့်မည်နည်း။ လိုက်လံဖမ်းဆီးခံရသည့် ညီအစ်ကို မောင်နှများသည် မည်သည့်အချိန်တွင် ဝရမ်းပြေးများအဖြစ် အသက်ရှင်စရာ မလိုဖြစ်လိမ့်မည်နည်း။ ထိုသို့သော မကျေမချမ်းမှုကို ကြိမ်ဖန်များစွာ ကျွန်ုပ် ခံစားခဲ့ရသည်မှာ ကျွန်ုပ် မအော်ဟစ်ဘဲ မနေနိုင်ပါ။ ကျွန်ုပ်တို့၏ လွတ်လပ်စွာ ယုံကြည်မှုကို ယင်းက အဘယ်ကြောင့် ပိတ်ပင်ပြီး ခရစ်ယာန်များအားလုံးကို မျိုးဖြုတ်ရသနည်း။ လောကီလူသားတို့ကို လှည့်ဖြားပြီး ကလိမ်ကျဖို့ ယင်းသည် အဘယ်ကြောင့် သမ္မာတရားကို ဖုံးကွယ်ပါသနည်း။ နာကျင်မှုတွင်၊ ယုံကြည်ခြင်းနှင့် ခွန်အားကို တောင်းခံရင်း ဘုရားသခင်ကို ကျွန်ုပ် အသနားခံပြီး၊ အားကိုးသည်။ နှိပ်စက်ညှင်းပန်းခြင်းနှင့် အတိဒုက္ခ မည်မျှ ကြီးမားပါစေ၊ စာတန်ကို ကျွန်ုပ် မည်သည့်အခါတွင်မှ အညံ့ခံမည်မဟုတ်။

၂ အကျဉ်းချခံရခြင်း၊ နှိပ်စက်ခြင်းနှင့် ညှင်းဆဲခြင်းတို့မှတဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို လမ်းပြပြီး၊ ကျွန်ုပ်၏ စိတ်နှလုံး မကြောက်ရွံ့တော့ပေ။ သမ္မာတရားကို ကျွန်ုပ် နားလည်ပြီး နတ်ဆိုး၏ အကျည်းတန်သော စရိုက်ကို ကျွန်ုပ် ထွင်းဖောက်မြင်ကာ၊ အဆင်းနီသော နဂါးကြီးကို သာ၍ပင် ကျွန်ုပ် မုန်းသည်။ နာကျင်မှုကို ကျွန်ုပ်ခံစားရသော်လည်း၊ ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အားပြည့်လာသည်။ ချစ်ရမည့်အရာနှင့် မုန်းရမည့်အရာ ကို ကျွန်ုပ်သိပြီး ဘုရားသခင် မည်မျှ ချစ်ဖွယ်ကောင်းသည်ကို ကျွန်ုပ် ပို၍ပင် ခံစားရသည်။ နှိပ်စက်မှုနှင့် ညှင်းပန်းမှုတို့ကို ကျွန်ုပ် မခံနိုင်တော့သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်၏ ယုံကြည်ခြင်းကို အားပေးသည်။ ကျွန်ုပ်၏ ဘဝ အန္တရာယ်ကျရောက်ချိန်တွင်၊ အန္တရာယ်မှ ကျွန်ုပ်ကို ဘုရားသခင် တိတ်တဆိတ် ကွယ်ကာသည်။ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများအားဖြင့် ကျွန်ုပ် ဝိုင်းရံခံရချိန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သတ္တိနှင့် ဉာဏ်ပညာကို ပေးသည်။ ကျွန်ုပ်ဘေးတွင် ဘုရားသခင်နှင့်အတူ၊ ရှည်ကြာကာ မှောင်မိုက်သည့် ညတစ်လျှောက် ကျွန်ုပ်၏ စိတ်နှလုံးက နွေးထွေးမှုဖြင့် ပြည့်သည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကွယ်ကာမှုနှင့် လမ်းပြမှုတို့ဖြင့်၊ နတ်ဆိုး၏ ဆိုးရွားသော စော်ကားမှုကို ကျွန်ုပ် အောင်မြင်ကျော်လွှားသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ကြီးမြတ်သော သြဇာအာဏာနှင့် အားလုံးအပေါ် ထိုနှုတ်ကပတ်တော်များ၏ ကြီးစိုးသာလွန်မှုကို ကျွန်ုပ် တွေ့ကြုံပြီးလေပြီ။ အတိဒုက္ခထဲတွင်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ကျွန်ုပ်ခံစားရ။ ကျွန်ုပ်၏ ခန္ဓာ ဒုက္ခခံစားရသော်လည်း၊ ကျွန်ုပ်၏ စိတ်နှလုံးတွင် အင်မတန် ချိုမြိန်မှု ရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်နှင့်အတူရှိကာ ကျွန်ုပ်ကို လမ်းပြသည်။ နောက်ဆုံး တိုက်ပွဲတွင် စာတန်အား အဆုံးထိ တိုက်ရန် ကျွန်ုပ်၏ ဘဝကို ကျွန်ုပ် ကတိပြုသည်။ ဘုရားသခင်ကို ဘုန်းထင်ရှားစေရန် ထူးကဲသော သက်သေကို ခံဖို့ ကျွန်ုပ် စိတ်ဆုံးဖြတ်သည်။

အရှေ့သို့- ၁၇၂ ကျွန်ုပ်တို့ သာသနာကို ကျွန်ုပ်တို့ ပြီးမြောက်အောင်ဆောင်ရွက်သည်

နောက်တစ်ခုသို့- ၁၇၄ နီးကပ်စွာ ဘုရားသခင်နောက်လိုက်ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။