၂၅၅ အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူကျူး

၁ စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။

၂ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။

၃ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။

၄ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ပေ။ ယင်းသည် မရပ်မနား တိုးတက်နေသည်။ သူသည် လူသားမျိုးနွယ်အား သူ၏ တည်ရှိခြင်းကို သိစေလိမ့်မည်၊ သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ကိုးစားစေလိမ့်မည်၊ သူ၏လုပ်ဆောင်ချက်များကို ရှုမြင်စေလိမ့်မည်ဖြစ်ပြီး သူ၏နိုင်ငံတော်သို့ ပြန်လာစေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်ပြီး နှစ်ထောင်ချီကြာ သူ စီမံခန့်ခွဲနေပြီးဖြစ်သည့် အမှု ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၅၄ ယေရှုပြန်လာခြင်းကို သင်မည်သို့ကြိုဆိုမည်နည်းကျူး

နောက်တစ်ခုသို့- ၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၄ ဘုရားသည် လူတို့ရဲ့စစ်မှန်သော ယုံကြည်မှုနှင့်မေတ္တာကို လိုလားသည်

၁ဘုရားမျှော် လင့်တာကသင်သူ့သဘောထားအမှန်ကိုသိချိန် သင် ဘုရားနဲ့ပိုနီးစပ်လာမယ်သူ့မေတ္တာနဲ့ လူတို့အတွက် ပူပန်မှုကို...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။